en
Feedback
MGMM

MGMM

Open in Telegram

ခိုးပီးသားဂိမ်းအစုံအလင်ကို တစ်နေရာထဲမှာဒေါင်းနိုင်ပါပီ မြန်မာလိုသေချာ Review ရေးပေးထားလို့ တော်တော်အဆင်ပြေမှာသေချာပါတယ်

Show more
3 176
Subscribers
+124 hours
-57 days
-1830 days
Posts Archive
MGMM
3 176
Hello... ပိုကောင်းတဲ့ updateနဲ့ MGMM အကြောင်းပြောပြချင်လို့ဗျ... ဒီတစ်ခေါက်update မှာတော့ gamer တို့အတွက် အမိုက်စား feature အသစ်လေးထပ်တိုးထားတယ်ဗျ... ဒီနောက်ပိုင်း MGMM မှာ mod gameတွေအပြင် online offline gameတွေ၊ ငယ်ဘဝအမှတ်တရဂိမ်းလေးတွေ ရယ် requestလုပ်ကြတဲ့ ဂိမ်းလေးတွေပါ တင်ပေးနေတာ သတိထားမိမှာပါ... အခုတစ်ခါမှာတော့ ပြည်တွင်းမှာ လူကြိုက်အများဆုံးစာရင်းဝင်တဲ့ ML, PUBG,LOL,Freefire,Genshin Impact စတဲ့ဂိမ်းအကောင့်တွေ အပြင် ဂိမ်းနဲ့ပက်သက်တဲ့ ပစ္စည်းတွေကို အရောင်းအဝယ်လုပ်ချင်တဲ့ gamerတို့အတွက် MGMMက စျေးကွက်တစ်ခု ဖန်တီးပေးမှာဖြစ်ပါတယ်...✅ ပုံမှန်ဆိုရင်ဗျာ ဝယ်သူဘက်က ဂိမ်းအကောင့်ဝယ်ချင်တယ် အလိမ်ခံရမှာလဲကြောက်တယ် ၊ စျေးကရောတန်ရဲ့လား ဘယ်မှာသွားရှာရမလည်း စတဲ့ ပြဿနာလေးတွေရှိပါတယ်...😢 ရောင်းတဲ့သူဘက်ကလည်းရောင်းချင်တယ် စျေးနှိမ်ခံရမှာလဲကြောက်တယ် ၊ sellerတွေကနေတဆင့်ရောင်းတဲ့အခါ လိုချင်တဲ့စျေးမရတာမျိုးတွေဖြစ်တတ်တယ် ကိုယ်တိုင် ဂရုတွေမှာတင်ရောင်းတဲ့အခါ လာမဝယ်ကြဘူး ဝယ်တဲ့သူရှိလာရင်လည်း အကောင့်အရင်ပေးရမလား ငွေအရင်လွှဲမှာလား ဆိုတဲ့ပြဿနာတွေ အများဆုံးကြုံရပါတယ်... #စျေးကွက်က ဘယ်လိုမျိုးလဲ??🤔 ဒီလိုအခြေနေမျိုးတွေမဖြစ်လာဖို့ နှစ်ဖက်လုံးအတွက် MGMMက ကြားခံစျေးဆိုင်ဝန်ဆောင်မှုအနေနဲ့ ရှိနေပေးမှာဖြစ်ပါတယ်... အဓိကကတော့ မိမိရောင်းချင်တဲ့အကောင့် / မိမိရောင်းချင်တဲ့ ဂိမ်းနဲ့ပက်သက်တဲ့ပစ္စည်းတွေကို ကို မိမိလိုချင်တဲ့စျေးနဲ့ ကျွန်တော်တို့ရဲ့ MGMM စျေးဆိုင်မှာ တင်ပေးမယ်... စျေးဆိုင်မှာတင်ထားတဲ့ မိမိရဲ့အကောင့် / Item ကို လာဝယ်တဲ့သူရှိရင် ဆက်သွယ်အကြောင်းကြားပေးပြီး အရောင်းအဝယ်ဖြစ်တဲ့အထိ ကြားခံအနေနဲ့ အခမဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်... ဝယ်သူတွေအတွက်ကလဲ ရောင်းတဲ့စျေးကိုကြိုက်ရင် စိတ်ချလက်ချဝယ်လို့ရမယ် အလွယ်တကူ တစ်နေရာထဲမှာဝယ်လို့ရမယ်ဆိုတဲ့ player to player စျေးကွက်ကို ကို ဖန်တီးပေးသွားမှာပါ... ❌Reseller လုံးဝမဟုတ်ပါဘူး❌ ကျွန်တော်တို့က စျေးဖြတ်ပေးမှာမဟုတ်သလို ကြားကနေလဲစျေးတင်ပြီး ဖြတ်စားမှာလုံးဝမဟုတ်ပါဘူး ရောင်းသူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့စျေးနဲ့တင်ရောင်းခိုင်းထားတဲ့ အကောင့်နဲ့စျေးနှုန်းကို MGMM စျေးဆိုင် မှာ ပြန်စစ်ဆေးနိုင်ပါတယ်... ရောင်းသူဝယ်သူနှစ်ဖက်စလုံးအတွက် ယုံကြည်စိတ်ချရအောင်လို့ ရောင်းသူရဲ့ ကိုယ်ရေးအချက်လက်တချို့ကို ယုံကြည်စိတ်ချရတဲ့အထိတောင်းထားတာကိုတော့ MGMMကို ပေးဖို့လိုလိမ့်မယ်ဗျ... ဥပမာ (မှတ်ပုံတင်ဓာတ်ပုံ၊ video call record၊ ...၊ ... ) ရောင်းသူရဲ့ Reliability ပိုအဆင့်မြှင့်ဖို့အတွက် website မှာ ဘယ်နှကြိမ်အရောင်းအဝယ်လုပ်ဖူးတယ်ဆိုတဲ့အပေါ်မူတည်ပြီး rating နဲ့ user levelကို Silver, Gold နဲ့ Platinum, Diamond စတဲ့အဆင့်တွေနဲ့ ဖော်ပြပေးသွားမှာပါ...⭐️⭐️⭐️ ဝယ်သူတွေအနေနဲ့ ရောင်းသူရဲ့ levelကိုကြည့်လို့ရတဲ့အတွက် စိတ်ချရလားဆုံးဖြတ်နိုင်ပြီး သံသယကင်းကင်းနဲ့ ဝယ်နိုင်တာပေါ့ဗျာ...😌 ကြားခံလုပ်ပေးတာတော့ဟုတ်ပါပြီ commission ခ ကရော ပေးရမှာလား?? Freeပါ ခင်ဗျာ... ဟုတ်ပါတယ် အခမဲ့ပါ ဘာfeesမှာ ကောက်ခံသွားမှာမဟုတ်ပါဘူး... MGMMကို စလုပ်ဖြစ်ခဲ့တာလဲ ဝါသနာအရပဲမလို့ ဝါသနာတူ broတို့ အတွက် အဆင်ပြေဖို့ပဲအဓိကပါ... ဒါကြောင့် အကောင့်တွေအပြင် ဂိမ်းနဲ့ပက်သက်တာဘာမဆိုရောင်းချင်တယ်ဆိုရင် MGMMမှ welcomeပါဗျာ...🥰 မိမိရောင်းချင်တာရှိရင် အက်မင်ရဲ့ မက်ဆင်ဂျာမှာ လာပို့ထားလို့ရပါပီ Update က ဒီနေ့ စမှာဖြစ်ပါတယ် App ရှိပီးသားသူတွေကထပ်ဒေါင်းဖို့မလိုတော့ပါဘူး မရှိသေးတဲ့လူတွေက ဒီမှာဒေါင်းလို့ရပါတယ်... MGMM Update Apk Download From Google Drive https://drive.google.com/u/0/uc?id=19fh7MLXwkhnU0eYJDb3u7cQQQxgUK8bf&export=download Download From Mediafire https://www.mediafire.com/file/so1l5prv67z650p/MGMM_Update.apk/file Download From Pcloud https://u.pcloud.link/publink/show?code=XZPvTGVZatouNwVlBryRbQNeLrDQ1Vap5XvX

MGMM
3 176
Archer hunter
+3
Archer hunter

MGMM
3 176
Archer Hunter ***** Size_ 169mb Genre _ shooting, action Requirement _ android 6.0 Type _ offline ငယ်ငယ်ကရှယ်ဆော့ခဲ့တဲ့ Archero ဂိမ်းနဲ့အတူတူပါပဲ။ မြှားပစ်သမားနေရာကနေပြီးကစားရမှာပါ.. နယ်မြေတစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီး တိုက်ခိုက်ရမှာပါ ရေခဲမြှား/မီးမြှား/အဆိပ်မြှား... စတဲ့မြှားအမျိုးအစားအစုံအလင်ပါတဲ့အပြင် မိမိ character ကို ဝတ်စုံတွေ equipment တွေစိတ်ကြိုက်ဆင်လို့ရပါတယ်... character အမျိုးအစားလည်းအများကြီးပါပါတယ်... ကိုယ်ရွေးချယ်လိုက်တဲ့ character တွေ equipment တွေအပေါ်မူတည်ပီးSpell အသစ်တွေလည်းရနိုင်ပါသေးတယ်... ထူးထူးဆန်းဆန်း magic spell တွေလည်းပါတာမို့ ဆော့ရတာမိုက်ပါတယ်... Offline ဆော့လို့ရတဲ့အပြင် ခိုးပီးသား စိတ်ကြိုက်သုံးလို့ရတာမို့ အပျင်းပြေ ပြန်ဆော့ချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်... ****Download link https://modgamesmm.com/games/Archer_Hunter Facebook link https://www.facebook.com/100064025654123/posts/pfbid024gXhHEoEoL4C3mthYqNDNcD6GTBzuAqYQ9ceCJqrj5zihnmWb64gca1PJLXoskRUl/

MGMM
3 176
Lumber Inc
+3
Lumber Inc

MGMM
3 176
Lumber Inc *** Size_ 150mb Genre _ Simulation Requirement _ requirement 4.4 Type _ online Lumber Inc ဆိုတဲ့ ဒီဂိမ်းလေးဟာ သစ်ခုတ်တဲ့ လုပ်ငန်းကို Casual အနေနဲ့ ဆော့ကစားချင်တဲ့သူတွေအတွက် ဂိမ်းကောင်းလေးဖြစ်စေမှာပါ။ သင်က ဦးလေးဖြစ်သူ မလုပ်နိုင်တော့တဲ့ စက်ရုံကို ဆက်လက်လည်‌ပတ်အောင် ကြိုးစားပေးရမှာဖြစ်ပြီး လက်ထောက်ဖြစ်တဲ့ Lisa ရဲ့ အကူညီနဲ့ တဖြည်းဖြည်း လုပ်သားတွေကော ၊ လုပ်ငန်းတွေပါ တိုးချဲ့သွားရမှာပါ။ သစ်ခုတ်တယ်ဆိုတဲ့နေရာမှာ သစ်ပင်တွေကြီး ဆက်တိုက်ခုတ်နေရတာမျိုးမဟုတ်ဘဲ ပြန်စိုက်တဲ့သူတွေအနေနဲ့ပါ တစ်ခုနဲ့ တစ်ခု သံယံဇာတ လည်ပတ်အောင် ကစားပေးရမှာပါ။ တစ်ဖက်ခုတ်ရင် တစ်ဖက်က စိုက်ပျိုးရမှာဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတဲ့ အသွင်ကိုလည်း မရောက်စေပါဘူး။ ရလာတဲ့ သစ်သားတွေကို အချောသတ်တဲ့ နေရာကော ၊ ဖြတ်တောက်ပေးတဲ့နေရာတွေမှာပါ ဆက်လက် ထုတ်လုပ်ပေးရမှာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက်လည်း လုပ်သားတွေရဲ့ အရည်အတွက်ကော ၊ လုပ်ဆောင်နိုင်စွမ်းတွေကိုပါ တိုးမြှင့်ပေးရမှာပါ။ ထူးခြားတာက ဒီဂိမ်းမှာဆိုရင် Camera mode အနေနဲ့ ကိုယ်တိုင် လုပ်ငန်းတွေကို First Person View နဲ့ လိုက်ကြည့်လို့ရပါတယ်။ ဒါ့အပြင် လုပ်သားတွေဟာ တစ်ခါတစ်ရံ အိပ်ငိုက်တတ်သေးတာကြောင့် လိုက်သတိပေးရတဲ့ စနစ်တွေကိုလည်း သဘာဝကျအောင် ထည့်ပေးထားတာပါ။ Casual Game ကောင်းလေးမလို့ သစ်လုပ်ငန်းနဲ့ ပတ်သက်တာတွေကို အပျင်းပြေကစားချင်တဲ့သူတွေအတွက် သဘောကျစေမှာပါ။ ** Download link https://modgamesmm.com/games/Lumber_Inc Facebook link https://www.facebook.com/100072256027663/posts/pfbid02ZuuaWDfSyEqmKRKrgeGTaEj4sTrRAHpprWg6gYiATmcVTbN8XrfWkYZxrbq4u3E2l/

MGMM
3 176
Jurassic world
+4
Jurassic world

MGMM
3 176
Jurassic world *** Size_ 48.1mb Genre _ Simulation, openworld Requirement _ android 5.1+ Type _ online Jurassic World ရုပ်ရှင်ကို အခြေခံထားတဲ့ Online Game ကောင်းလေးတစ်ခုဖြစ်ပြီး Pokemon Go ပုံစံအတိုင်း ကစားရမှာမလို့ အရမ်း သဘောကျကြမှာပါ။ Location-based technology ကြောင့် အပြင်မှာပါ တကယ်လျှောက်သွားပေးရမယ့် Adventure Game ပုံစံလေးဖြစ်ပြီး တစ်နည်းအားဖြင့် ကိုယ့်ဖုန်းရဲ့ GPS ကို အသုံးပြုကာ Google Map ရဲ့ အကူအညီနဲ့ အပြင်ကအတိုင်း Map ဒီဇိုင်းတွေကို ဖော်ပြပေးထားမှာပါ။ လမ်းတွေကစ ကိုယ်အပြင်မှာနေတဲ့ နေရာနဲ့ တစ်ပုံစံတည်းတူနေမှာဖြစ်ပြီး ဒိုင်နိုဆောမျိုးစိတ်တွေကိုပါ Random အလိုက် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း လိုက်ဖမ်းပေးရမှာမလို့ အပြင်တွေဘာတွေ လျှောက်လည်တတ်တဲ့သူတွေတွက် အတော်လေးကို အဆင်ပြေစေမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီ Game ဟာ တစ်နေရာတည်းမှာတင် ထိုင်ဆော့လို့မရပါဘူး ၊ မျိုးစိတ်အသစ်တွေကို ထပ်မံရရှိဖို့တွက် ဒိုင်နိုဆောတွေကို Drone နဲ့ မြို့ပတ်ပြီး DNA လိုက်ယူရမှာပါ။ ဒိုင်နိုဆောတွေကို လိုက်ရှာပြီး DNA ယူတယ်ဆိုတာက အမှန်တကယ်တော့ Battle မှာ အသာစီးရဖို့နဲ့ Upgrade လုပ်ဆောင်နိုင်ဖို့ ထည့်ပေးထားတာပါ။ တခြား Game တွေနဲ့ မတူတာက အပြင်မှာပါလိုက်ရှာပေးရမှာဖြစ်ပြီး Exercise တစ်ခုအနေနဲ့ပါ ဆော့ကစားတဲ့သူတွေရဲ့ ကျန်းမာရေးကို အထောက်ကူပြုစေတာပါ။ ဒီ Game မှာ ဒိုင်နိုဆောတွေကို လိုက်ဖမ်းရတာမျိုးတင်မကဘဲ နောက်ထပ် ကစားနိုင်တဲ့ Mode အမျိုးစားတွေရှိပါသေးတယ်။ Main အနေနဲ့ Campaign နဲ့ PvP Mode တွေဖြစ်ပြီး Strategy ဒီဇိုင်းနဲ့ Turn Based ပုံစံမျိုးကစားပေးရမှာပါ။ ကိုယ့်စီမှာ ရှိတဲ့ ဒိုင်နိုဆောတွေနဲ့ တစ်ဖက်က ဒိုင်နိုဆောတွေကို အနိုင်ရယူရမှာဖြစ်ပြီး Level တက်လာတာနဲ့အမျှ ပိုပိုပြီးအားကောင်းလာတဲ့ ရန်သူတွေကို ရင်ဆိုင်ရမှာပါ။ အဲဒါကြောင့် ကိုယ့်စီမှာ ရှိတဲ့ ဒိုင်နိုဆောတွေကို Upgrade လုပ်ဆောင်နိုင်ဖို့တွက် GPS နဲ့အပြင်မှာ လျှောက်သွားရင်း တွေ့သမျှ မျိုးစိတ်တွေကို Drone နဲ့ လိုက်ရှာဖမ်းပေးရမယ့် တာဝန်ဖြစ်လာခဲ့တာပါ။ ကံကောင်းရင် Epic အဆင့်ထိ ရှိတဲ့ မျိုးစိတ်တွေပါ ရှာတွေ့နိုင်ပြီး ဖမ်းတဲ့နေရာမှာလည်း Mini Game အနေနဲ့ ပြထားတဲ့ Target တွေကို သေချာ Aim လုပ်ပြီး လိုအပ်တဲ့ DNA ပြည့်အောင် ရယူပေးရမှာပါ။ Map တစ်ပြင်လုံးမှာ ဖမ်းနိုင်တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေကို ပြပေးထားရုံတင်မကဘဲ နောက်ထပ် Supply Drop နဲ့ Challenge Mode တွေကိုပါ ရှာတွေ့နိုင်ပါသေးတယ်။ ဒိုင်နိုဆောတွေကို မျိုးစိတ် သုံးမျိုးနဲ့ ခွဲခြားထားပြီး Fierce ဖြစ်တဲ့ အသားစားမျိုးစိတ်၊ Resilient ဖြစ်တဲ့ အပင်စားမျိုးစိတ်နဲ့ Cunning ဖြစ်တဲ့ အသိဉာဏ်မြင့် မျိုးစိတ်ဆိုပြီး အုပ်စု သုံးစုခွဲပေးထားတာပါ။ ဂေဟစနစ်ပုံစံနဲ့ လည်‌ပတ်နေပြီး အုပ်စုသုံးခုလုံးဟာ အပြန်အလှန် မှီခိုနေကြရပါတယ်။ Jurassic world ကို အခြေခံထားတာကြောင့် နဂိုသဘာဝအတိုင်းတည်ရှိနေတဲ့ ဒိုင်နိုဆောမျိုးစိတ်တွေအပြင် လူတွေဖန်တီးထားတဲ့ DNA Hybrid မျိုးစိတ်တွေပါ အများကြီး တွေ့မြင်ရမှာပါ။ Graphic လည်း အရမ်းမိုက်ပြီး ဒိုင်နိုဆောမျိုးစိတ်တွေကို ပုံသွင်းထားတာကစ တကယ်ကိုကြည့်ကောင်းတာပါ။ ဒီ Game ဟာ Movie ကို အခြေခံထားတယ်လို့ ဘာကြောင့်ပြောနိုင်ရသလဲဆိုရင် ဒီ Game မထွက်ခင် ပြသသွားတဲ့ Jurassic World ရုပ်ရှင်ဟာ နောက်ဆုံးမှာ ဒိုင်နိုဆောတွေအကုန်လုံး မြို့ထဲတွေထိ ဝင်ရောက်နေထိုင်လာတာဖြစ်တာကြောင့် အခု Game မှာလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဒိုင်နိုဆောတွေ ရှိနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အသက်သွင်းပေးထားတာပါ။ Jurassic World ကြိုက်နှစ်သက်တဲ့သူတွေတွက် သဘောကျစေမယ့် Game ကောင်းလေးတစ်ခုဖြစ်မှာပါ။ ** Download link https://modgamesmm.com/games/Jurassic_World%E2%84%A2:_The_Game_Mod_Apk Facebook link https://www.facebook.com/100064025654123/posts/pfbid036RsgkPNdNjdW7NyJ1UmB1GAHKRy2BGSRRg3eG8jPNv4WahufZtnUJPgR4gRqV7b8l/

MGMM
3 176
photo content
+1