MGMM
Open in Telegram
ခိုးပီးသားဂိမ်းအစုံအလင်ကို တစ်နေရာထဲမှာဒေါင်းနိုင်ပါပီ မြန်မာလိုသေချာ Review ရေးပေးထားလို့ တော်တော်အဆင်ပြေမှာသေချာပါတယ်
Show more3 176
Subscribers
+124 hours
-57 days
-1830 days
Posts Archive
3 176
Dead effect 2
***
Size_ 1.4gb
Genre _ action
Requirement _ android 5.1
Type _ offline
Dead Effect 2 ဂိမ်းလေးက Graphic အရမ်းကောင်းတဲ့ Shooter ဂိမ်းလေးဖြစ်ပြီး ဇာတ်လမ်းသွားနဲ့ပါ ဆော့ကစားရမှာပါ။ Ark အနေနဲ့ Spaceship ကြီးထဲမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကျပြီး သက်ရှိတွေကို ဖန်တီးနိုင်ရုံတင်မကပဲ မကောင်းဆိုးဝါး အနေနဲ့ပါ ပြောင်းလဲနိုင်တဲ့ထိ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မတော်တဆမှုကြောင့် အဲဒီစမ်းသပ်မှုဟာ ပျက်ဆီးသွားခဲ့ပြီး ဦးဆောင်သူဖြစ်တဲ့ Professor Wagner သေဆုံးသွားချိန်မှာတော့ Spaceship တစ်ခုလုံးဟာ Virus တွေနဲ့ ပြည့်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာမြေကနေ အထူးစစ်သားတွေကို စေလွှတ်ခဲ့ပြီး ဒီဖြစ်ပွားမှုနဲ့ပတ်သတ်တဲ့ သက်သေတွေကို အကုန်လိုက်ရှင်းပေးရမှာပါ။
ကစားရမယ့် ပုံစံဟာလည်း သိပ္ပံ Action ဂိမ်းတစ်ခုလို ကြုံတွေ့ရမှာဖြစ်ပြီး Spaceship ထဲမှာ Zombie တွေကို First Person အနေနဲ့ လိုက်သတ်ရမှာပါ။ လုံခြုံရေးတင်းကြပ်တဲ့ ယာဉ်တစ်ခုဖြစ်တာကြောင့် Virus ဝင်နေတဲ့ Robot တွေကိုပါ ရင်ဆိုင်ရမှာပါ။ ဇာတ်လမ်းနဲ့ကစားရမှာမလို့ တဖြည်းဖြည်းနဲ့ Boss အခန်းတွေထိပါ ပိုပိုခက်လာမှာဖြစ်ပြီး လက်နက်တွေပါ တစ်ဖြည်းဖြည်းနဲ့ Unlock ရမှာပါ။ လျှပ်စစ်သေနတ်တွေ ၊ Assault Rifle တွေအပြင် Sword နဲ့ လွှစက်ကြီးတွေကိုပါ အသုံးပြုလို့ရပါတယ်။ Zombie ပိုင်းမှာလည်း Dog Zombie တွေထိ Species စုံတာကြောင့် Zombie Action ဂိမ်းကို Offline အနေနဲ့ ကစားချင်တဲ့သူတွေအတွက် Recommend အပေးချင်ဆုံး ဂိမ်းတစ်ခုပါ။ Graphic ပိုင်းမှာလည်း PC ဂိမ်းတစ်ခုကို ကစားနေရသလိုထိ အရမ်းမိုက်ပါတယ်။
****
Download link
https://modgamesmm.com/games/Dead_Effect_2
Facebook link
https://www.facebook.com/100064025654123/posts/pfbid0KV4BLoVPADNrcvXpPszA1FmNCMnP5dtSJj1ZistkMT9mkvYyzi1EQJ18Tgp6BVmjl/
3 176
Bladeslinger HD
******
Size_ 440mb
Genre _ action, adventure
Requirement _ android 5 and up
Type _ offline
Mod features _ unlimited money
ဒီတစ်ခေါက်တော့ old but gold ထဲက ကောင်းဘွိုင်ဂိမ်းကောင်းလေးပါ ဂိမ်းဟောင်းလေးကို HD graphic remastered လုပ်ထားတာဖြစ်လို့ android version 11 အထိဆော့လို့ရပါမယ်
Gameplay ပိုင်းကတော့ story mode နဲ့ Arena mode ဆိုပီးနှစ်ခုပါပါတယ်။story ကတော့ စစ်ပွဲကြီးပီးလို့ အိမ်ကိုပြန်လာတဲ့ နာမည်ကျော်သူရဲကောင်းကြီး William...သူပြန်ရောက်လာချိန်မှာ သူ့ဇာတိရပ်မြေက အရင်လိုမဟုတ်တော့ပါဘူး။ မကောင်းဆိုးဝါး မှော်မိစ္ဆာတွေက အုပ်စိုးထားပြီး ဒီမိစ္ဆာတွေရန်ကနေ သူ့မြို့ကြီးကို ဘယ်လိုကယ်တင်မလဲ အောင်မြင်မလားကျဆုံးမလားဆိုတာ....
Graphic ကို HD remastered လုပ်ထားတဲ့အတွက်ကြည်တောက်ရှင်းနေမှာဖြစ်ပီး ခိုးပြီးသားဖြစ်တဲ့အတွက် ဓါးသေနတ် တွေနဲ့ skill တွေ ဆေးဗူးတွေ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ် apk only ဖြစ်တဲ့ အတွက် zip ဘာညာဖြည်စရာမလိုပဲ install တင်ပီးဆော့ရုံပါ
**
Download link
https://modgamesmm.com/games/Bladeslinger_HD
Facebook link
https://www.facebook.com/100072256027663/posts/pfbid02iKzRBsko2brMwGTzgm9LXVVpLmsMuTsxZswdrAcTDheEmhasWZ2SnkAfgm9rMjFsl/
3 176
Trial Boss MBX
*****
Size_ 350mb
Genre _ racing
Requirement _ android 6 and up
Type _ offline
ဒီဂိမ်းလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စက်ဘီးစတန့်ပြရမယ်ဂိမ်းလေးပါ တောတောင်ဆင်ခြေလျောတွေ တံတားအပျက်တွေကို tricks စတန့်စတိုင်မျိုးစုံနဲ့ ခုန်ကျော်ပြီးအထာကျကျကစားရမှာပါ
အရင်တင်ပေးထားတဲ့စက်ဘီးဂိမ်းက ဖုန်းအမြင့်တွေပဲဆော့လို့ရတာမို့ အခုဂိမ်းလေးကတော့ ဖုန်းအနိမ့်ရော အမြင့်ရော ကစားလို့ရပါတယ်
Gameplay ကလဲ control button တွေရှုပ်ယှက်နေတာမျိုးမရှိပဲ ရိုးရိုးလေးနဲ့ဆော့လို့ကောင်းပါတယ် graphicကောင်းကောင်းနဲ့ environment design ကလဲ 2d ပန်းချီကားလေးတွေချိတ်ထားသလိုကြည့်ကောင်းပြီး ခိုးပီးသားဖြစ်တဲ့အတွက် စက်ဘီးကိုလဲကြိုက်တဲ့အရောင် ပြောင်းလို့ရပါတယ် အခန်းတွေအားလုံးကလဲ unlocked ဖွင့်ပီးသားဖြစ်လို့ ကြိုက်တဲ့အခန်းဆော့လို့ရပါတယ်
-installationပိုင်းကတော့apk installerဖြစ်တာကြောင့် အခု apk ကို install တင်ပီးဝင်လိုက်ရင် ဂိမ်းကို auto install ထပ်ပီးတော့တင်ပေးပါလိမ့်မယ်
**
Download link
https://modgamesmm.com/games/Trial_Boss_BMX
Facebook link
https://www.facebook.com/100064025654123/posts/pfbid0fCp39dukTR7oV4DMegFd8mv621McnUNUm4hzfU2qTvhznaZ8QG1edS9ryMJWrvF7l/
3 176
Occupation 2.5
*****
Size_ 190mb
Genre _ action, horror
Requirement _ android 7.0 and up
Type _ offline
Occupation 2.5 ဆိုတဲ့ ဒီဂိမ်းလေးဟာ Open World ကြီးထဲမှာ ကစားရမယ့် Zombie Apocalypse Action Shooter ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ဇာတ်လမ်းသွားနဲ့ပါ ကစားရမှာမလို့ အရမ်းသဘောကျကြမှာပါ။ သူငယ်ချင်းတွေနဲ့ စာကြည့်တိုက်ကနေ အိမ်ကို အသီးသီး ပြန်ကျရင်း လမ်းမှာတင် ကပ်ဘေးဟာ ရုတ်တရက်ကျရောက်ခဲ့တာကြောင့် Zombie တွေပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး Chaos ဖြစ်ကုန်တာပါ။ အဲဒါကြောင့် သင်ဟာ နီးစပ်ရာ Gun Shop ထဲက သေနတ်ကို ဝင်ယူပြီး လူတွေကို မထိခိုက်အောင် ကာကွယ်ရင်းကနေ ဘာကြောင့် ဒီ Apocalypse စတင်ခဲ့တယ်ဆိုတာကို စုံစမ်းပေးရမှာပါ။ ကစားတဲ့နေရာမှာ သူငယ်ချင်းနေရာကနေပါ ပြောင်းသွားသေးတာကြောင့် Character မတူဘဲ တစ်နေရာစီကစားလို့ရအုံးမှာပါ။
Open World ဖြစ်တာကြောင့် Map အကျယ်ကြီးထဲမှာ နေ့ညပြောင်းရင်း Zombie အမျိုးစား စုံနေအောင် အကောင်ကြီးကနေ အသေးလေးတွေထိ တွေ့မြင်ရမှာပါ။ First Person ကော Third Person အနေနဲ့ပါ ကစားလို့ရပြီး သေနတ်တွေကစ လက်နက်ရောင်းတဲ့သူစီကနေ မျိုးစုံ ဝယ်ယူလို့ရပါတယ်။ Survival အမျိုးစားမလို့ အစားသောက်တွေပါ စုဆောင်းရမှာဖြစ်ပြီး Main Quest ဖြစ်တဲ့ တာဝန်တွေကိုလည်း စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကစားရမှာပါ။ ကလေးတွေကို လိုက်ကယ်ရတာတွေအပြင် ကြေးစားအနေနဲ့ အဖော်တွေကိုပါ ခေါ်ဆောင်ပြီး အုပ်စုလိုက် Mission လုပ်လို့ရပါတယ်။ Graphic ပိုင်းမှာပါ အရမ်းကြည့်ကောင်းတာကြောင့် ကစားရတာ အရမ်းမိုက်တာပါ။ Open World ဖြစ်တဲ့အပြင် ပါဝင်တဲ့ Features တွေကပါ အရမ်းစုံတာကြောင့် ကစားကြည့်ကျဖို့ရာ Recommend ပေးပါတယ်။
***
Download link
https://modgamesmm.com/games/Occupation_2.5
Facebook link https://www.facebook.com/100072256027663/posts/pfbid02c8aZWReJ5qsnjExL8WsHXKnducnaf2ppege4dk5MYiGbRaXH2nduqhKNU2248a24l/
3 176
Sniper 3D Assassin
******
Size_ 176mb
Genre _ action, shooting
Requirement _ android 4.4
Type _ offline
Sniper ဂိမ်းတွေကို အရမ်းသဘောကျတဲ့သူတွေအတွက် အခု Sniper 3D ဆိုတဲ့ ဂိမ်းလေးက ကျေနပ်မှုတွေ အများကြီးပေးနိုင်မှာပါ။ သဘာဝကျကျ ပစ်ခတ်ရမယ့် Sniper ဂိမ်းအမျိုးစားတစ်ခုဖြစ်ပြီး အစပိုင်းမှာ Target Point အတိုင်း ပစ်ရင် တန်းထိတာဆိုပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ Target ချိန်တာ ပိုပြီး ပညာသားပါလာပါတယ်။ အကွာဝေး ၊ လေတိုက်နှုန်းတွေကို တွက်ချက်ပြီးတော့မှ ပစ်ခတ်ရတာမျိုးဖြစ်တာကြောင့် အရင်လို Scope က အလယ်အမှတ်လေးအတိုင်း ချိန်ပစ်လို့မရတော့ပါဘူး။ Scope မှာပါဝင်တဲ့ meter လေးတွေကို တွက်ချက်ပြီးတော့မှ ပစ်ရတော့မှာပါ။ Mission ပိုင်းမှာလည်း Sniper သမားတွေ သဘောကျတဲ့ တိုက်အမြှင့်တွေကနေ ပစ်ခတ်လို့ရရုံတင်မကဘဲ Helicopter ပေါ်ကနေပါ ပစ်ခတ်ရတဲ့ Action ဆန်ဆန် အခန်းတွေကိုပါ တွေ့မြင်ရမှာပါ။
Sniper နဲ့ ပတ်သက်တဲ့ သေနတ်အမျိုးစားပေါင်း 60 ဝန်းကျင်ထိ ပါဝင်ပြီး တခြား Shotgun, Assault Rifle တွေကိုပါ Close Range အနေနဲ့ ထည့်ပေးထားတာပါ။ Sniper အမျိုးစား အများကြီး ပါဝင်တဲ့အပြင် Upgrade အနေနဲ့ သေနတ်ရဲ့ Scope တွေ၊ Reload Time တွေအပြင် Silencer ဖြစ်တဲ့ အသံတိတ်ပြောင်း၀တွေထိ တပ်ဆင်လို့ရပါတယ်။ Location မတူတဲ့ Chapter ပေါင်း 13 ခန်းထိ ပါဝင်ပြီး တစ်ခုချင်းစီတိုင်းမှာလည်း Mission ပေါင်းများစွာထည့်ပေးထားတာပါ။ အဲ့ဒီထဲမှာ Prime Mission အပြင် Side Mission တွေဖြစ်တဲ့ အလိုရှိဆုံး Criminal တွေကို ဖမ်းတာတွေထိ ပါဝင်ပါတယ်။ Mission တိုင်းဟာ ပစ်ရမယ့် ရန်သူကို Marker Point ပြပေးမှာမဟုတ်ဘဲ လူပုံစံဘယ်လိုမျိုးလဲဆိုတာကိုသာ အင်္ကျီကာလာ အမျိုးစားတွေနဲ့ ဖော်ပြပေးထားတာပါ။ အဲ့ဒါကြောင့် Mission မစခင် Instructions ကို သေချာဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။ Slow Motion Effect တွေပါ ထည့်ပေးထားတာကြောင့် Sniper သမားတွေအတွက် Recommend ပေးချင်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ
**
Download link
https://modgamesmm.com/games/Sniper_3D_Assassin_Mod_Apk
Facebook link https://www.facebook.com/100064025654123/posts/pfbid0tzLYMfQVXezD3HcUTWVEv7UxwYtN4cw1szNWbMor37BQRqSkE74Hci39XBihfgcgl/
3 176
Into The Dead 2
******
Size_ 1619.5mb
Genre _ action, storyline
Requirement_ android 4.4+
Type_ offline
Graphic ကောင်းကောင်းနဲ့ Zombie Action ဂိမ်းတစ်ခုကို ကစားချင်ရင်တော့ အခု Into The Dead 2 ဆိုတဲ့ ဂိမ်းလေးဟာ Storyline ကစ အရမ်းသဘောကျသွားစေမှာပါ။ James ဆိုတဲ့ Truck ကားမောင်းတဲ့ လူတစ်ယောက်နေရာကနေ ပါဝင်ရမှာဖြစ်ပြီး မိသားစုဆီကို အပြန်လမ်းမှာ ယာဉ်မတော်တဆဖြစ်ရင်းကနေ ဇာတ်လမ်းကို စတင်ထားတာပါ။ တစ်မြို့လုံးအနှံ့ ရောဂါပိုး ကူးစက်နှုန်းဟာလည်း အရမ်းကိုမြန်နေတာကြောင့် James မတော်တဆဖြစ်တဲ့ နေရာမှာပါ Zombie တွေ အများကြီးရောက်နေခဲ့ပြီး Truck ကား ကလည်း ပျက်ဆီးသွားပြီဆိုတော့ James တစ်ယောက် သူ့မိသားစုဆီကို ရောက်ဖို့အရေး လမ်းတစ်လျှောက်လုံးမှာ အသက်နဲ့ရင်းပြီး ပြေးရတော့မှာပါ။
သစ်ပင်ထူထပ်တဲ့ တောအုပ်ကြီးတွေထဲမှာပါ ညဘက်ကို First Person View နဲ့ ကစားရမှာဆိုတော့ Horror ဆန်ဆန်လေးလည်း ခံစားရမှာပါ။ ကစားရမယ့် ဂိမ်းပုံစံက Runner အမျိုးစားဖြစ်ပြီး First Person View နဲ့ ရှေ့မှာ တားဆီးနေသမျှ Zombie တွေအကုန်လုံးကို သေနတ်နဲ့ လိုက်ပစ်ရမှာပါ။ Runner Game ဆိုပေမယ့် Endless ပုံစံမျိုးမဟုတ်ဘဲ Story Mode ကို အခြေခံထားတာကြောင့် Location တွေ ၊ Check Point တည်နေရာတွေကစ သတ်မှတ်ပေးထားပါတယ်။ Mission တစ်ခုအောင်မြင်တိုင်း ဇာတ်လမ်းသွား Cutscene ဝင်လာမှာဖြစ်တာကြောင့် ကစားရင်းနဲ့ကို Storyline က ဆွဲဆောင်သွားစေမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
လက်နက်တွေအနေနဲ့ အစုံထည့်ပေးထားပြီး လက်နက်နှစ်လက်ထိ ကစားပွဲထဲမှာ ကိုင်ဆောင်လို့ရသလို အများစုဟာလည်း item card တွေအနေနဲ့ မဲဖောက်ပြီး စုပေးရတာမျိုး ဖန်တီးပေးထားတာပါ။ လက်နက်ကောင်းရချင်ရင် တန်းဝယ်လို့ရတာမျိုးမဟုတ်တာကြောင့် အတော်လေးလည်း ခက်ပါတယ်။ သေနတ်တွေအပြင် နောက်ထပ် သက်တော်စောင့် ခွေးတွေပါ မွေးလို့ရသေးပြီး ကစားတဲ့အခါမှာလည်း သခင်ကို Zombie တွေ မကိုက်အောင် ဝင်ဆွဲပေးတာကြောင့် အရမ်းကို အသုံးဝင်တာပါ။ Graphic အရမ်းကောင်းတဲ့ ဂိမ်းမလို့ Ultra ထိ မြှင့်တင်ရင်တောင် PC Game တစ်ခုလိုထိ ခံစားရစေမယ့် Zombie Action Game ကောင်းလေးတစ်ခုပါ။
**
Download link
https://modgamesmm.com/games/Into_the_Dead_2_Mod_Apk
Facebook link https://www.facebook.com/100072256027663/posts/pfbid02SCVeueVqRFbwhwtJqqqJXdFXprXZ44JA8JMiyVp8WL7GjhvL4CGX8d2oTYTVxvwJl/
3 176
Suicide squad special ops
*********
Size_ 29+99mb
Genre _ action
Requirement _ android 4 and up
Type _ offline
Mod features _ unlimited ammo
ဒီဂိမ်းလေးကတော့ DC universe ရဲ့ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ super hero movie suicide Squad ကိုဂိမ်းအဖြစ်ပြန်လည်ရေးဆွဲထားတဲ့ဂိမ်းလေးဖြစ်ပါတယ်
Graphic ကတော်တော်လေးကောင်းပြီး cutscenes တွေကလည်း မိုက်လွန်းလို့ skip မလုပ်ပဲကိုပြီးအောင်ကြည့်လိုက်ရတယ်
Gameplay ပိုင်းကတော့ သင်က superhero သုံးယောက်နေရာကနေပြီးတော့ မကောင်းဆိုးဝါးနဲ့ လူဆိုးတွေကိုတိုက်ခိုက်ရမှာပါ။wave တစ်ခုပြီးတိုင်း super hero သုံးယောက်ထဲကကြိုက်တဲ့တစ်ယောက်ပြောင်းဆော့လို့ရပါတယ်။ ခိုးပြီးသားဖြစ်လို့အစွမ်းတွေကိုဆက်တိုက်သုံးလို့ရပါတယ်
***
Download link
https://modgamesmm.com/games/Suicide_Squad_Special_Ops
Facebook link
https://www.facebook.com/100064025654123/posts/pfbid0Tdw1QUNiHQd4UFsfLfUenpkzGdf1uYQ5Mh8QyztSdgRLreMMxjmQQP5CkdSwyQwgl/
3 176
Glory Ages-Samurais
********
Size_ 78mb
Genre _ action
Requirement _ android 4 and up
Type _ offline
Mod features _ unlimited money
ဒီတစ်ခေါက်ဂိမ်းလေးကတော့ ဆာမူရိုင်းဂိမ်းလေးပါ ဒီဂိမ်းလေးထဲမှာတော့သင်က အတိုက်အခိုက်ဓါးရေးကျွမ်းကျင်လှတဲ့ ဆာမူရိုင်းတစ်ယောက်နေရာကနေကစားရမှာပါ
Graphic ကတော့ ချစ်စရာကောင်းလောက်အောင်လှပါတယ် environment ကလဲ ခါးလောက်ရှိတဲ့မြက်ခင်း လေတိုက်တိုင်းယိမ်းနွဲ့နေတဲ့မြက်ခင်း နေရောင်ထိုးတဲ့အခါအရောင်လဲ့နေတဲ့မြက်ခင်းကြီးစတဲ့ လွမ်းမောဖွယ်နောက်ခံလေးတွေပါပါတယ်... မြက်ခင်းပြင်ကြီးထဲမှာ ဆာမူရိုင်းတစ်ယောက်နေရာကနေပြီး.. ရန်သူတွေနဲ့ဖိုက်ရမှာပါ...
Gameplay ပိုင်းကတော့တော်တော်လေးအားရစရာကောင်းပါတယ် part mode နဲ့ endless mode ဆိုပီးနှစ်မျိုးထည့်ပေးထားပါတယ် ခိုးပီးသားဖြစ်တဲ့အတွက် ကြိုက်နှစ်သက်ရာ ဓါးကိုဝယ်နိုင်သလို ကြိုက်နှစ်သက်ရာ character ကိုရွေးပီးဆော့နိုင်ပါတယ် file size ကလဲနည်းနည်းလေးနဲ့ဆော့လို့ကောင်းတဲ့အတွက် mobile data သမားတွေလဲဆော့လို့ရအောင်တင်ပေးလိုက်ပါတယ်
***
Download link
https://modgamesmm.com/games/Glory_Ages_-_Samurais
Facebook link https://www.facebook.com/100072256027663/posts/pfbid0PdCnLt7gQoQz9fsDbpKhyK8A9rWLajyfLPqwdakKbAahWdx95JcTxdxTu1xXsYm2l/
3 176
Impostor Space Horror
******
Size_ 146mb
Genre _ horror, storyline
Requirement _ android 6.0
Type _ offline
အခု တင်ပေးမှာကတော့ ထူးထူးဆန်းဆန်း horror game လေးပါ။ horror game ပဲကွာ ဘာထူးဆန်းတာမှတ်လဲ ဆိုရင် အခုဂိမ်းက ကမ္ဘာမြေပေါ်မှာ ဆော့ရတဲ့ game မဟုတ်ပါဘူး။ Universal Space ထဲမှာ ဆော့ရမှာ ဖြစ်ပါတယ်။ ခိုးစရာ ဘာမှ မပါတာဖြစ်တဲ့အတွက် ဥာဏ်ကို လွှာသုံးပြီးဆော့ရမှာပါ။ ထွက်ထားတာတော့ ၃လ ကျော်ပဲ ရှိသေးတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဆော့ရမယ့် ဂိမ်းမျိုးလဲ ဖြစ်ပါတယ်။
တခြားဂြိုလ်ကိုသွားမယ့် အာကာသယာဥ်မှူး ၅ယောက်ဟာ လေ့လာရေးခရီးအတွက် ဂြိုလ်တု တစ်ခုကို ဂြိုလ်ပတ်လမ်းအတိုင်း မောင်းနှင်လာခဲ့ပါတယ်။ ဘယ်လိုမှ ထင်မထားတဲ့အခြေအနေ တစ်ခုကြောင့် ဥက္ကာခဲ တစ်ခုနှင့်တိုက်မိပြီး မိမိက သတိမေ့သွားခဲ့ပါတယ်။ အဖွဲ့ထဲမှ ကျန် အသင်းသားတွေနဲ့ ကွဲသွားခဲ့ပြီး မိမိက ပြန်သတိရလာတော့ ဘေးမှ ဘယ်သူမှမရှိတော့ တဲ့ အထိ သတိမေ့သွားခဲ့တာပါ။ ဒီလိုနဲ့ ကျန်အသင်းသားတွေကို ဆက်လက် ရှာဖွေရမှာပါ။ ဒီထဲက အမှောင်ရိပ်ထဲကနေ မိမိအသင်းသားအယောင်ဆောင်ပြီး သရဲများက ထွက်လာတတ်ပါတယ်။ သတိတော့ထားပါ။ သရဲတွေဆိုပေမဲ့ space ထဲမှာဆိုတော့ monster တွေဆိုရင်ပိုမှန်ပါလိမ့်မယ်။ အဲ့ဒီသရဲတွေကလဲ တွေ့ရင်တွေ့တဲ့သူကို အသေသတ်မှာပါ။ မိမိအသင်းသားတွေ အသတ်မခံရခင် မိမိက hero လုပ်ပြီး ကယ်ရမှာပါ။ မိမိကိုယ်တိုင်ကလဲ ဒီကောင်ကြီးတွေရဲ့လက်ကနေ အတတ်နိုင်ဆုံး ပြေးရမယ့် action ဂိမ်းမျိုးပါ။ horror ကို space ထဲမှာ ဆော့ရမှာဆိုတော့ စူးစမ်းချင်သူတွေအတွက်တော့ ဒီဂိမိးက ကွက်တိပဲဗျာ။
Graphic ပိုင်းပြောရရင်တော့ 3d graphic ကို offline ဆော့ရပါမယ်။ အလင်းနဲ့အမှောင်ကို အသားပေးတဲ့ game မျိူး ဖြစ်လို့ ဒီသရဲတွေက အမှောင်ထဲမှာ အယောင်ဆောင် နေတာတို့ ပုန်းနေတာမျိုးတွေလဲ ကြုံရမှာပါ။
**
Download link
https://modgamesmm.com/games/Impostor_Space_Horror
Facebook link
https://www.facebook.com/100064025654123/posts/pfbid02Yovrm3B3ixdgUffaLXU67Q3njbLHv195soa9QEXDAgQkVEZhiBFfU1AAa3PiBm5El/
