MGMM
Open in Telegram
ခိုးပီးသားဂိမ်းအစုံအလင်ကို တစ်နေရာထဲမှာဒေါင်းနိုင်ပါပီ မြန်မာလိုသေချာ Review ရေးပေးထားလို့ တော်တော်အဆင်ပြေမှာသေချာပါတယ်
Show more3 176
Subscribers
+124 hours
-57 days
-1830 days
Posts Archive
3 176
Survivalist Invasion Pro
******
Size_ 568mb
Genre _ action, openworld
Requirement _ android 6.0
Type _ offline
Story ဆန်ဆန် survival game ကောင်းလေး တစ်ခုကို တင်ပေးမယ်ဗျာ။ Graphic ကတော့ ပုံထဲသာ ကြည့်တော့။
ကျနော်တော့ ကြိုက်တယ်။ သူ့ရဲ့ control ပိုင်းရော၊ graphic ပိုင်းရော၊ story ပိုင်းရောပဲ အကုန်အပြစ်ပြောစရာမရှိပါဘူး။
ကျနော်တို့က စစ်ပြန် တစ်ယောက်ရဲ့နေရာကနေဆော့ကစားရမှာပါ။ စစ်ပြန်ကြီးက လေယာဥ်နဲ့ နိုင်ငံတစ်ခုကိုသွားပါတယ်။
ထိုလေယာဥ်ကို ပြန်ပေးသမားတွေက သိမ်းပိုက်ဖို့ကြံပါတော့တယ်။ လေယာဥ်မှူး pilot ကိုလဲ ပြန်ပေးသမားတွေက သတ်မိလိုက်တဲ့အခါမှာတော့ လေယာဥ်ဟာ ထိန်းချုပ်မရနိုင်ဘဲ သမုဒ္ဒရာ အလယ်ခေါင်က အမည်မသိတဲ့ကျွန်းကြီးတစ်ကျွန်းပေါ်ကို ပျက်ကျသွားပါတော့တယ်။ ကံကောင်းတာက အကုန်လုံး သေကုန်ကြပြီး စစ်ပြန်ကြီးတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်တာပါ။ ကံဆိုးတာကတော့ ထိုကျွန်းကြီးဟာ ဖုတ်ကောင်တွေ တောကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းကြီးပါ။ ဒီလို ဒုက္ခတွေများနေတဲ့ ကျွန်းပေါ်မှာ ဖုတ်ကောင်တွေနဲ့ တောကောင်တွေကို ကာကွယ်ပြီး လက်နက်၊ အဝတ်အစား၊ နေထိုင်စရာအတွက် အိမ်တွေ ဆောက်ကာ အသက်ရှင်သန်ဖို့ ရုန်းကန် လှုပ်ရှားရမယ့် survival game ကောင်းလေးတစ်ခုဖြစ်ပါတယ်
******
Download link
https://modgamesmm.com/games/Survivalist_Invasion_Pro
Facebook link
https://www.facebook.com/100072256027663/posts/pfbid0dLvQWaJdhKVe1rnvZyxTCwv5UGtYNsfcVm1eauJBB9tKAPYbcZLvkVVs6wdt16WKl/
3 176
Ayo:A Rain Tale
*****
Size_ 13+352mb
Genre _ adventure, storyline
Requirement _ android 5 and up
Type _ offline
ဒီဂိမ်းလေးကတော့ အာဖရိကဒေသတွေရဲ့ ရေခြားပါးမှုကို အခြေတည်ပြီး ရေရှာစွန့်စားခန်းထွက်ရမယ့် ဂိမ်းကောင်းလေးပါ
Game story ကတော့ Ayo လို့ခေါ်တဲ့ကလေးမလေးက သူတို့မိသားစုအတွက် ခက်ခက်ခဲခဲစွန့်စားခန်းထွက်ပြီး ရေရှာခက်ရပုံကို သူတို့အာဖရိကမှာရှိတဲ့ကလေးတွေကို သူတို့မိဘတွေက ပြန်ပြောပြပြီး ကလေးတွေကြားမှာ စံနမူနာယူစရာတစ်ယောက်ပေါ့ ယောင်္ကျားသားတွေက အမဲလိုက်တာဝန်ယူပြီး ပေါင်လေးဆယ်လောက်လေးတဲ့ပုံးကိုထမ်းပြီးရေရှာထွက်ရတာက မိန်းမတွေနဲ့ ကလေးတွေရဲ့အလုပ်ဗျ
Graphicကလေးတော်တော်လေးကောင်းပီး background environmentကြီးကလဲ လှလှပပနဲ့ ဆိုတော့ Ayo ဆိုတဲ့ခလေးမလေးရဲ့ ရေရှာစွန့်စားခန်းခရီးမှာ ထိလိုက်တာနဲ့ ဂွိသွားမယ့် ကန္တာရဆူးပင်တွေ လူပါလွင့်ထွက်အောင်ပြင်းထန်တဲ့ သဲမုန်တိုင်းတွေ ကင်းမှီးကောက်ကြီးတွေရဲ့ ရန်ကနေ လွတ်အောင်ရှောင်ပြီး ရေလိုက်ရှာလိုက်ရအောင်ဗျာ
*****
Download link
https://modgamesmm.com/games/Ayo:_A_Rain_Tale
Facebook link
https://www.facebook.com/100064025654123/posts/pfbid02tSEpnVy1JoTBeSJPD5oR3ShZAjEz3ZTm7wEnMTYZ2mii1LQpBDSN8Uuvuf6Y6zhDl/
3 176
Anti-Terrorist Shooting Mission
********
Size_ 80mb
Genre _ shooting, openworld
Requirement _ android 6.0
Type _ offline
"anti-terrorist combet mission "game ဟာ first person shooting gameအမျိုးအစားဖြစ်ပြီး graphicနဲ့qualityကတော်တော်လေး မိုက်ပြီးတော့ သူ့levelတန်းဂိမ်းတွေထဲမှာ တော်တော်လေး ဆော့လို့ကောင်းတဲ့ အထဲပါပါတယ် Gameကတော့ levelအလိုက် missionတွေ ဖြေရှင်းရတဲ့ စတိုင်ဆိုပေမယ့် game modeက city , tank ,zombie , multiplayer, survival,diffuse, snow castle , airport hijackဆိုပြီး ၈ခု တောင်ပါတော့ တော်တော်မိုက်တယ်.. တစ်ခုနဲ့တစ်ခုကလည်း မတူတဲ့vibeတွေရတယ် ... offline ဆော့လို့ရပြီး multiplayer ကစားချင်ရင်တော့ internetလိုပါတယ်
Controlက လည်း တော်တော်လေး ရိုးရှင်းပေမယ့် pubgတို့ free fireတို့ vibeမျိုးရတာတော့ မိုက်တယ်
ပစ်တဲ့ခလုတ်က ဟိုဘက်ဒီဘက် နှစ်ခုပါပြီး အချို့modeတွေမှာတော့ တစ်ဘက်ပဲပါတယ်
ကျန်တာက ပြေးတာရယ် scopeချိန်တာရယ် သေနတ်ချိန်းတာရယ် ခုန်တာရယ် ဗုံးခလုပ်ရယ် ဒဲဒါပဲပါတယ် ခလုတ်အစီအစဥ်က ရိုးရှင်းတော့ ဆော့နေရင်း ခတ်တယ်လို့ မခံစားရဘူး ပေါ့ပါးပါးပါးပဲ
Game playက graphicကို highထားပြီး ဆော့ရင်တောင် ဆော့ရတာ တော်တော်လေးsmoothဖြစ်တယ် သွေးကျနေတဲ့အချိန် ဆေးပုံးကောက်လိုက် သေနတ်တွေကောက်ပြီး ပြောင်းပစ်လိုက် လုပ်ရတာက တော်တော်လေး မိုက်တယ် .. အမြင့်က လေယာဥ်တွေ machine gun bossတွေကို တစ်ဆင့်ခြင်းဖျက်စီးပြီး အကုန်ပျက်စီးသွားတဲ့အခါ coinတွေ ကြဲကျသွားတာလေးက တော်တော်လေး ကြည့်လို့ ကောင်းပါတယ်
Coinတွေ စုပြီး gunတွေ ဝယ်လို့ ရသလို adsတွေ ကြည့်ပြီး အစမ်းသုံးကြည့်လို့လည်းရပါတယ်
Tank modeမှာ tankနေရာကနေ အခြား Tankတွေကိုပစ်ရတာ ဖြစ်ပြီး အမြှောက်ပစ်တာက တော်တော်လေး ကြည့်လို့ကောင်းပါတယ်
City modeကျတော့ မြို့ထဲက အခြားလက်နက်ကိုင်တွေကို ပစ်ရတာဖြစ်ပြီး အဝေးမှာ ရှိနေတာကို scopeနဲ့ ချိန်ပစ်ရတာက တော်တော်လေး မိုက်တယ်
လူတွေ ရှုပ်လာပြီး ထွက်ပြေးနေရရင် ဆော့ရတာaction vibeရပြီး တော်တော်လေးမိုက်ပါတယ်
Zombie modeမှာ zombieတွေကို ပစ်ရတာက လည်းdarkဖြစ်ပြီး horror vibeရတယ်
ပြီးတော့ survival modeမှာarcadeစတိုင် endless shootingပစ်ရတာကိုတော့ တော်တော်လေးသဘောကျမိတယ်
diffuse modeကကျတော့ လူတွေကိုပစ်ရတာချင်းတူပေမယ့် သူကကျတော့ ဗုံးတွေကို diffuse လိုက်လုပ်ပေးပြီး mission completeဖြစ်အောင်ဆော့ရပါတယ်
Multiplayerကလည်း 3 vs 3 တိုက်ရတာဖြစ်ပြီး map လည်းကျယ်တော့ ဆော့ရတာမိုက်ပါတယ်
Mapတွေလည်း အများကြီးပါပြီး ကြိုက်ရာmapကို ရွေးဆော့နိုင်သလို ramdom mapနှိပ်ပြီးလည်း ဆော့လို့ရပါတယ်
ကျန်တဲ့modeနှစ်ခုက levelမြှင့်လာမှ ပွင့်လာမှာပါ
တကယ်လို့ pubgလို gameမျိုးကို အချိန်အများကြီး မပေးချင်တဲ့အခါ တိုက်ရိုက်တော့ မတူနိုင်ပေမယ့် ဆော့ရတာ တော်တော်လေးအဆင်ပြေပြီး Qualityနဲ့game playနဲ့တင် relax ဖြစ်ပြီး အချိန်းဖြုန်းလို့ကောင်းတဲ့ ဂိမ်းလေးဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးမိုက်လို့ စမ်းဆော့ကြည့်သင့်ပါတယ်
***
Download link
https://modgamesmm.com/games/Anti-Terrorist_Shooting_Mission
Facebook link
https://www.facebook.com/100072256027663/posts/pfbid02HUrwXhndNgS1xVvR3rT8MGfNLysf9ci4w3cW2mCQ5SNDv5sbFp8fePwz5m2Pc7WMl/
3 176
Dead by Daylight
****
Size_ 1.7gb
Genre _ action, horror
Requirement _ android 5.0
Type _ online
Dead By Daylight Mobile ဟာ နာမည်ကြီး သရဲဂိမ်းတစ်ခုဖြစ်တာနဲ့အညီ သရဲနေရာကကရော ၊ ထွက်ပြေးရမယ့်သူ နေရာကနေပါ နှစ်မျိုးစလုံး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပါ။ ဒီဂိမ်းဟာဆိုရင် တခြားကမ္ဘာတစ်ခုကို ပုံဖော်ထားပြီး အဲဒီကမ္ဘာမှာ အမှောင်လောကသားတွေ တည်ရှိနေတာကြောင့် ရောက်ရှိသွားတဲ့ သင့်အတွက်ကတော့ ခြောက်ခြားစရာ အတွေ့ကြုံတွေကို အဆက်မပြတ်ကြုံတွေ့ရမှာပါ။ Hunter ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တည်ရှိနေကြတဲ့ လူသတ်သမားတွေ ၊ သရဲ ၊ တစ္ဆေ ၊ နာနာဘာဝ ၊ Witch အစရှိတဲ့ သဘာဝလွန်ရော ၊ Psycho ဆန်တဲ့ လူသတ်သမားတွေရဲ့ လိုက်ဖမ်းခြင်းကို ဒီဂိမ်းထဲမှာ ကြုံတွေ့ရမှာပါ။ ဖမ်းမိတဲ့အခါတိုင်း ရက်ရက်စက်စက် အစိမ်းလိုက် ချိတ်နဲ့ ထိုးဖောက်ခံရတာကြောင့် အူယားစရာကောင်းတဲ့ သွေးထွက်သံယို အော်သံမျိုးတွေကို သဘောကျရင် အခုဂိမ်းဟာ အကောင်းဆုံးပါပဲ။ လူသတ်သမားနေရာကနေ ကစားလို့ရသလို ထွက်ပြေးရမယ့် သူတွေအနေနဲ့လည်း နယ်ပယ်ပေါင်းစုံက လူမျိုးအစုံ ရောက်ရှိလာတာကြောင့် သူတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ အထူးကျွမ်းကျင်မှုကိုယ်စီကို အသုံးချနိုင်ပါတယ်။ တစ်ချို့က စက်ပြင်တော်တယ် ၊ တစ်ချို့ကလည်း ထွက်ပြေးတာတော်တဲ့အပြင် Skill အမျိုးမျိုးနဲ့ ဒီ Hunting Ground ကြီးထဲမှာ ဘက်စုံအသုံးဝင်အောင်လို့ အခွင့်ရေးကိုယ်စီရရှိမှာပါ။
ကစားပွဲဟာ Rank နဲ့ Classic နှစ်မျိုးပါဝင်ပြီး အသုံးပြုနိုင်တဲ့ Character တွေကတော့ Humans ရော Monster Demons တွေပါ အစုံပါဝင်ပါတယ်။ Humans တွေဟာ Skill ကိုယ်စီ ကျွမ်းကျင်မှုတွေပိုင်ဆိုင်ထားသလို Hunter တွေဖြစ်တဲ့ Monster Demons တွေဟာလည်း Ability တစ်မျိုးစီ ပိုင်ဆိုင်ထားကြပါတယ်။ ကစားပွဲမှာ Hunter က Humans တွေကို လိုက်ဖမ်းရမှာဖြစ်ပြီးတော့ Humans တွေက Hunter ရဲ့ လက်ထဲကနေ လွတ်မြောက်အောင်လို့ ဂိတ်ပေါက်တွေကို အသုံးပြုပြီး ထွက်ပြေးရမှာပါ။ ဒါကြောင့် ဂိတ်ကို ပိတ်ထားတဲ့ တံခါးကို ဖွင့်ဖို့အတွက် Generator မီးစက်တွေကို အကုန်လိုက် ပြင်ရမှာဖြစ်ပြီး Hunter ကလည်း မီးစက်တွေ ပြန်မကောင်းအောင် လိုက်လံဖျက်ဆီးပစ်ရမှာပါ။ Hunter က Humans အားလုံးကို ဖမ်းမိရင် အနိုင်ရမှာဖြစ်သလို Humans တွေကလည်း တစ်ယောက်ထွက်ပြေးလွတ်မြောက်နိုင်တာနဲ့ အနိုင်ရရှိမှာပါ။ ကစားပွဲဟာ သည်းထိတ်ရင်ဖိုဖွယ် ကောင်းတာကြောင့် ခြောက်ခြားစရာကောင်းတဲ့ ဂိမ်းတွေကို ဆော့ချင်ရင် အခုဂိမ်းကို Recommend ပေးပါတယ်။
***
Download link
https://modgamesmm.com/games/Dead_by_Daylight_Mobile_Mod_Apk
Facebook link
https://www.facebook.com/100064025654123/posts/pfbid0XECqz8j9A4MktNePaPqRorKkpqqN5mKsqfDnUPrZtPkAusTF5nRN4SJhKd3qdkh8l/
3 176
Racing Smash 3D
****
Size_ 144.9mb
Genre_ racing
Requirement_ android 5.0+
Type_ offline
Rating ကောင်းတဲ့ ဆိုင်ကယ်ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး အပျင်းလည်းပြေစေသလို ဆော့ရတာလည်း အရမ်းအားရစရာကောင်းပါတယ်။ Casual Racing အမျိုးစားမလို့ လက်တစ်ဖက်တည်းနဲ့တင် ကစားလို့ရပြီး Control ကစ လွယ်လွယ်ကူကူနဲ့ ထိန်းချုပ်လို့ရတာပါ။ ပန်းတိုင်ကိုရောက်အောင် ပြိုင်ရတာဆိုပေမယ့် တရားဝင်တော့ မဟုတ်ပါဘူး။ကိုယ်အရင်ဆုံး ပန်းဝင်ဖို့တွက် ပြိုင်ဘက်ကစားသမားတွေကို တိုက်ခိုက်လို့ရပါတယ်။ ယှဉ်မောင်းရင်း အနားကပ်လာတဲ့ သူတွေကို Auto ချတာဖြစ်တာကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်နဲ့ဘဲ ဖြစ်ဖြစ် ၊ ခြေထောက်နဲ့ စောင့်ကန်တာဘဲဖြစ်ဖြစ် အမျိုးမျိုး တိုက်ခိုက်လို့ရပါတယ်။
အကယ်၍ ပြိုင်ဘက်တွေ တစ်ယောက်မှ မရှိတော့ဘူးဆိုရင် ပန်းတိုင်ကို အေးအေးဆေးဆေးနဲ့ မောင်းသွားလို့ရမှာပါ။ ဆိုင်ကယ်တွေလည်း အမျိုးမျိုးပါဝင်ပြီး ယုန်တွေကစ Effect ကောင်းကောင်းနဲ့ စီးလို့ရပါတယ်။ လက်နက်ကိုတော့ တဖြည်းဖြည်း Level အလိုက် ဝယ်သွားရမှာဖြစ်ပြီး Upgrade လုပ်ရင်းနဲ့ပါ လက်နက်ကို အကြီးကြီးဖြစ်အောင် အဆင့်မြင့်တင်လို့ရပါတယ်။ Map တွေလည်း အစုံပါဝင်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကစားချင်တဲ့သူတွေအတွက် အကြိုက်ဖြစ်စေမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
**
Download link
https://modgamesmm.com/games/Racing_Smash_3D
Facebook link
https://www.facebook.com/100072256027663/posts/pfbid02gmF4AkXVJuoSkU3jGk6XRJq8YXz651gLT8veFE3KzA5yRnwMetSwKVTCrkPpkVg8l/
3 176
Little Nightmare ကတော့ Mobile ပေါ် ရောက်ရှိလာပါပီ pre register လုပ်ထားတဲ့သူတွေတော့သိပီးလောက်ကြမှာပါ မဝယ်နိုင်ဘူးဆော့ချင်တဲ့သူတွေ ဒီကဒေါင်းပါ ဝယ်နိုင်ရင်တော့ ဝယ်ဆော့တာကောင်းပါတယ် Visa ဘာညာနဲ့ဝယ်တဲ့အဆင့်တော့များပါတယ် ဝယ်နည်းမသိရင်လာမေးလို့ရပါတယ်
ဒီမှာဒေါင်းပါ
https://modgamesmm.com/games/Little_Nightmare_Mod_Apk
မသိတာမေးဖို့ဂရုဝင်ထားပါ
https://www.facebook.com/groups/mgmmusers
3 176
Hempire:Plant Growing Game
**********
Size_ 183mb
Genre _ simulation
Requirement _ android 6.0
Type _ online, offline
"တိမ်တွေပေါ်မှာ လွင့်နေတယ်လေ ငါနဲ့" ဒီတစ်ခါကတော့အရွက်သမားအကြိုက်တွေအတွက် game တစ်ခုပါ။ဘာလို့လဲဆိုတော့ စိုက်ပျိူးရေးဂိမ်းတစ်ခုဆိုပေမဲ့သူက ganja ပင်လေးတွေ စိုက်ပျိုးရင်းနဲ့ မြို့တော်ကို တိုးချဲ့ပီး လူသစ်တွေစုဆောင်းရမှာပါ။
နာမည်ကြီး snopp dogg တို့ wiz Khalifa တို့လိုနာမည်ကြီး weed သမားတွေကိုလဲ ကာတွန်းဇတ်ဆောင်အဖြစ် မြင်တွေ့ရမှာပါ။ game ကတော့ အဆန်းအပြားကြီးမဟုတ်ပေမဲ့ တကယ့် weed ရောင်းဝယ်ရေး သမားတစ်ယောက်လို နယ်မြေသစ်တွေ ချဲ့ထွင်၊ လူသစ်တွေရှာပြီးအင်ပါယာကြီးကို တိုးချဲ့ရမယ့်ဂိမ်းပါ။အထဲမှာ gania ကို ဘယ်လို ထပ်ပီး သန့်စင်ရင်ဘယ်လို အမည်မျိုးနဲ့ အရသာကောင်းတဲ့ ဆေးမျိူး ထပ်ထွက်လာသလဲဆိုတာကအစ ပါပါတယ်။ဓာတ်ပေါင်းဖိုစက်တွေကို upgrade လုပ်ပြီး ganja တွေကိုအဆင့်မြင့်သထက် မြင့်ပြီး အမျိုး ၄၂၀ ကျော် ထုတ်လုပ်ပီး မြို့ထဲက နေ နေရာအသီးသီးမှာ မှာယူစောင့်ကြတဲ့သူတွေကို သွားရောက်ပို့ဆောင်ပြီး အင်ပါယာချဲ့ထွင်ရမှာပါ။တစ်ကယ့်အရွက်သမားတွေကတော့ ဆော့ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုလို့ ကျနော်ထင်တယ်ဗျ။ online လိုပါတယ် လိုင်းဖွင့်ပြီးတခြားသူတွေရဲ့အင်ပါယာကိုလဲ သွားရောက်လည်ပတ်နိုင်ပါတယ်။
***
Download link
https://modgamesmm.com/games/Hempire_-_Plant_Growing_Game
Facebook link
https://www.facebook.com/100064025654123/posts/pfbid0uEYHLqCQHvY58qjqzsPad5Z9HgunfxEBE6M8mqsoqZDmr9a6rbNPBpPfzqXWMmvWl/
3 176
Batman:the dark knight rises
*********
Size_ 18+895mb
Genre _ action, openworld
Requirement _ android 7 and up
Type _ offline
DC ရဲ့Super hero တွေများစွာထဲမှာ လူသိအများဆုံးနဲ့ လူကြိုက်အများဆုံးတစ်ယောက်ဖြစ်တဲ့ Batman ရဲ့ open world storyline ဂိမ်းလေးဖြစ်ပါတယ်။ graphic ကတော့ mobile game လို့ထင်ရက်စရာမရှ်ိလောက်အောင်တော်တော်လေးလှပါတယ် batmobile ကြီးစီးပြီးပတ်သွားမလား ဒါမှမဟုတ် တိုက်တွေတစ်ခုကနေတစ်ခုကို ကြိုးမျှားနဲ့ပစ်ပြီးခုန်ကူးမလား ကြိုက်သလိုဆော့ကစားနိုင်ပါတယ်
Android game ကောင်းတွေကိုခဏခဏ remove လုပ်နေကျ Play store ရဲ့ထုံးစံအတိုင်း ဒီဂိမ်းလေးကတော့ play store ပေါ်မှာမရှိတော့ပါဘူးခမျာ update လဲထပ်မထွက်တော့တာကြောင့် အရင်ကဆို android version 8 လောက်ဆိုရင်တောင်ဆော့မရဖို့များပါတယ် ဒါပေမဲ့ အခုတော့ ဝါသနာရှင် game developer အချို့ကဒီဂိမ်းလေးကို android version 11 အထိဆော့လို့ရအောင်ပြန်လည်ပြုပြင်ပေးထားလို့ အခုဆိုကျနော်တို့ဖုန်းအမြင့်တွေမှာလဲကောင်းကောင်းဆော့လို့ရပါပီ
⚠️ android version 12 နှင့် 13 များဆော့လို့မရပါခမျာ⚠️
-Apkကို install တင်ပီး
-data fileကိုzipဖြည်ပီး Android/data ထဲထည့်ဆော့ရမှာဖြစ်ပါတယ်
*****
Download link
https://modgamesmm.com/games/Batman_:_the_dark_knight_rises
Facebook link
https://www.facebook.com/100072256027663/posts/pfbid02DgoFxWKYdvMGicGCmUKK9C7NT529qWy1GmV5bSWuKJhXneiFXTibQQdAeBNJaDUgl/
3 176
Laya's Horizon
****
Size_ 453mb
Genre _ adventure, storyline
Requirement _ android 9 and up
Type _ offline
Mod features _ full unlocked
Netflix ကထုတ်ထားတဲ့ ဒီဂိမ်းလေးကတော့ Sci-fi game ကောင်းလေးကိုမှ role playing ပုံစံနဲ့ဆော့ရမှာပါ
ဒီဂိမ်းလေးထဲမှာတော့ သင်က LAYA ဆိုတဲ့ကောင်မလေးနေရာကနေပြီးတော့ သူ့ရဲ့ဇာတိမြေကို ကျူးကျော်သူတွေရဲ့ လက်ထဲကနေကယ်တင်ရမှာပါ
3D character နဲ့ graphic နဲ့အပြင် ဆန်းသစ်လှတဲ့ gameplay style နဲ့ background music, sound effects အလန်းစားတွေက ဂိမ်းလေးကို ပိုရုပ်ကြွလာအောင် ပံ့ပိုးပေးထားပါသေးတယ်။ Full unlocked version ဖြစ်လို့ Netflix account မလိုဘဲ offline ဆော့လို့ရပါတယ်
****
Download link
https://modgamesmm.com/games/LAYA%27S_Horizon
Facebook link
https://www.facebook.com/100064025654123/posts/pfbid024Grdt8m5swEdXPRmHKqmJhwtzmW9gone2HKNPrEqTzM9fY1SJ77r7MVFeLe7Ff2Dl/
3 176
Dude theft wars
******
Size_ 211mb
Genre _ simulation, openworld
Requirement _ android 5 and up
Type _ offline
ဒီဂိမ်းလေးကတော့ rockstar games ရဲ့ GTA ဂိမ်းတွေစတိုင်မျိုးကိုမှ polygon graphic နဲ့ ခပ်ပြောင်ပြောင်ကစားရမှာပါ
GTA ဆိုရင်ဂိမ်မာတိုင်းတွေးမိမှာက open world game ကောင်းကြီးတွေကိုမှ story အမိုက်စားနဲ့ဂိမ်းတွေလို့ တန်းတွေးမိမှာပါ။ ဒီဂိမ်းလေးဟာဆိုရင်လည်း ကားသူခိုးဂိမ်းတွေရဲ့ ဟန်ကိုယူပြီး ခပ်ပြောင်ပြောင် gameplay နဲ့ ဟာသဆန်ဆန်ကစားရမှာပါ။ open world map ကြီးထဲမှာ ကား လေယာဉ် နဲ့ လက်နက်ပေါင်းစုံကိုကိုင်ပီး ထင်တိုင်းကျဲလို့ရအောင် ခိုးပြီးသား version ကိုတင်ပေးလိုက်ပါတယ်
*****
Download link
https://modgamesmm.com/games/Dude_theft_Wars
Facebook link https://www.facebook.com/100072256027663/posts/pfbid02wFHKUrGiFaAar6voxM5PkEifpsRmNAWmjR56Nph2ob9XHfFhVM73qB8e1RFFaTeRl/
