en
Feedback
𝖯𝗈𝖾𝗍𝗋𝗒

𝖯𝗈𝖾𝗍𝗋𝗒

Open in Telegram

Poem, Quotes, knowledges, motivation letter and memes are available. ဝင်လိုက်လို့ နောင်တရစရာမရှိပါဘူး။ Bot @Poetryschsbot

Show more
1 491
Subscribers
No data24 hours
No data7 days
-2630 days
Posts Archive
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ချစ်သူ မင်းကိုယ်မင်း ဂရုစိုက်တာဟာ ငါ့ကို ချစ်ရာရောက်ပါတယ် ။ - မင်းခိုက်စိုးစန်

ကိုယ်တွေရဲ့ နေထိုင်မှုက ငါးတွေလိုပဲ အသံမထွက်တတ်တော့ ဘယ်တော့မှ အသနားမခံရဘူး ရပါတယ် -ဘုန်းပြည့်စုံမင်း #Jelly

သတိရခြင်းဟာ နေ့စဉ် ပန်းလို ပွင့်ပါတယ် မနက်လင်းတိုင်း မင်္ဂလာနံနက်ခင်းပါ တနေ့တာ အထိအခိုက် နည်းပါစေ ညအိပ်ချိန်တိုင်း ကောင်းသောညပါ အိပ်မက်လှလှမက်ပါစေ အဲဒီထက်ပိုတဲ့ စကားလုံးတွေ ရှိနေလည်း ပြောလိုသော စကားများက အဲဒီထက်ပိုပြီးလည်း ရှိမနေခဲ့ပါ လုံခြုံစွာ ထုပ်ပိုးထားတဲ့ ပါဆယ်ထုပ်လှလှလေးလို ကျွန်မ သူ့ကို ချစ်ပါတယ် ။ -မြကျေး #Jelly

ခေါင်းလားပန်းလား မေးမနေပါနဲ့တော့ကွယ်။ ဘာပဲကျကျ ကိုယ်ပဲမှားပါတယ်။ - ယဉ်ဝယ်ထက်

3rd Anniversary btw. 😁
To my love, Love you so much, Bhone Pyae Kywal @evan. Today marks our very first 3rd anniversary, and I honestly can’t believe we’ve made it this far together. :3 I know we’re still in a LDR, but can’t wait for the day we finally get to meet each other in person. Until then, I’ll keep looking forward to that moment. TwT Happy 3rd Anniversary, my love. I love you so, so much. 🫶🏻❤️
 Hope y’all are jealous, lol. :3 #eri@kseriii

ကလေးမလေးကို ကလေးဆန်လိုက်တာလို့ တွေးမိတိုင်း ဒုက္ခရဲ့အစဟာ ကလေးမစိတ်ကောက်သွားတဲ့ညတွေ။ - ကြည်စိုး

တစ်ခုခု ရခဲ့ဖူးရင် ဒါကတော့ ငါ့အတွက် အမြဲတမ်းလို့ ထင်နေတဲ့ စိတ်ကလေးကို ပြင်ရမယ် မနေ့က မြင်ရတဲ့ ကောင်းကင်ပါပဲ ဒီနေ့ တိမ်တွေနဲ့ ။ - နွေသစ်ငြိမ်း

ဘယ်လောက်ပဲ အဆင်မပြေမှုတွေရှိရှိ “ချစ်လား”လို့မေးလိုက်တိုင်း “သိပ်ချစ်တာ မသိဘူးလား”လို့ ပြောမယ့်သူတစ်ယောက်သာရှိရင် ကျွန်တော်တို့ဟာ နာကျင်စရာတွေ ရှိနေရင်တောင် ရယ်မောနိုင်ကြဦးမှာ။ #crd

ချစ်တယ် စံကားဝါ။ မင်းက မနက်မနက် မိုးလင်းတိုင်း၊ ကိုယ့်ကို အပြုံးနဲ့နိုးထစေတဲ့ အကြောင်းပြချက်ကလေး။ ဒီကမ္ဘာမှာ တစ်ခါသာရမယ့် ပြီးပြည့်စုံခြင်းမျိုးကို၊ ကိုယ်က လက်ဆုပ်လက်ကိုင်ရရှိထားတာပါပဲ။ ချည်နှောင်ပေးတဲ့ မေတ္တာကြိုးတွေအတွက်၊ မင်းကို ကျေးဇူးတင်ပါတယ်။ - သစ်ရိပ်ငြိမ်

စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ် ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ် ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။ - ကြည်ဇော်အေး

အဝေးမှ ညနေသည် အတောင်ပါသော အလွမ်းများပင်ဖြစ်သည် ။ ချစ်သူချင်း ပေါင်းရသော ကမ္ဘာ၌သာ လူအဖြစ်ကို ကျွန်တော် ရလိုပါသည်။ - မောင်သိန်းဇော်

ဂျူးခြောက်သန်း သေတဲ့အထိ ထိုင်ကြည့်နေခဲ့တဲ့ ကမ္ဘာကြီးဆီက ဘာတွေမျှော်လင့်နေတာလဲ... ။ - သုခမိန်လှိုင်

"သူ့လက်ဖဝါးလေး ဆုပ်ကိုင်ထားချင်တယ် " ဒီလောက်ပါပဲ ။ ဘုရားသခင်က ပိုကောင်းတဲ့အရာတွေ ပေးမယ်ဆိုရင်တောင် ၊ ဒီဆုတောင်းလေးပဲ ပြည့်ချင်ပါတယ် ။ - ခန့်သွယ်

မင်းအဆင်ပြေပါ့မလားတွေးရင်း ကိုယ့်အဆင်မပြေခြင်းတွေကို မေ့ထားခဲ့တယ်။ ။ - ဂန္ဓမာ

မနက်အစောကြီး ကြားနေရတဲ့ တရားရွတ်သံမှာ ငါတရားမရပဲ မင်းကိုသတိရနေမိတယ် မင်းဟာ ငါ့တရားပဲ ။ - ကြည်ဇော်အေး

ဘဝဆိုတာ အရူးမောင်းလာတဲ့ လေယာဉ်ပျံကို စီးလာရတာပဲ။ ပိုပြီးပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားတယ်၊ ပြန်ဆင်းလို့ မရတော့ဘူးကိုး။ -သုခမိန်လှိုင် #Jelly

အိပ်စရာမရှိတဲ့ ညတွေမှာ မိုးတွေသိပ်ရွာတာပဲ အမေရယ်။  - မောင်ချောနွယ်

မင်းဟာ ကိုယ့်အိပ်မက် ကောင်းကင်မှာ လွင့်မြောနေတဲ့ ညနေခင်းတိမ်တိုက်ပါကွယ်။ - ဂျူး

🎓 NEF Education Centre – Webinar “ After 16 ” Nexus Frontier Education Centre (NEF) မှ Host & Speaker Tr Maria ကနေ ဦးဆောင်ကျင်းပမယ့် “After 16” Webinar လေးကို တက်ရောက်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 💜 🗓️ Time - 7:00 PM 🔗 Zoom Meeting Link https://us06web.zoom.us/j/85206347258?pwd=akVGDbga1fjB6bzhnbNuBSPt7Xraaa.1 Meeting ID: 852 0634 7258 Passcode: 565092 အားလုံးပဲ အချိန်မီ Join ပေးကြပါဦးနော်။ See you there! 💜

ဘဝကတိုတိုလေးပါပဲ ရှည်လျားခဲ့ခြင်းက အချစ်တွေရဲ့ခရီးစဥ်ပါပဲ ဝအောင်ချစ်ခဲ့ပါရစေ ။ -သုခမိန်လှိုင် #Jelly