en
Feedback
PNLA News&Info

PNLA News&Info

Open in Telegram

PNLAသတင်းစဉ်

Show more
1 250
Subscribers
No data24 hours
-77 days
-2230 days
Posts Archive

ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ဆက်မီးရှို့နေ သြဂုတ်လ၂၀ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထို ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးဆက်ရှို့နေသဖြင့် မီးလောင်နေသည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က သြဂုတ်လ ၁၈ရက်နေ့ထိ မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိပြီး နေအိမ်၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့ သြဂုတ်လ၁၈ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော် ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

နောင်ထော်ကယန်းပိုင်းကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့ သြဂုတ်လ၁၇ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

photo content
+1

စစ်ကောင်စီနှင့် လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်ကာ ပအိုဝ်းရွာများကို မီးရှို့ဖျက်ဆီး သြဂုတ်လ ၁၃ ရက် ၂၀၂၅ ခုနှစ် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းသို့ ထိုးစစ်ဆင်လာမှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLAက တပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့သည်။ ထိုသို့ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းကြောင့် နောင်ထောဝ်ကျေးရွာအနီးနှင့်ကောင်ထိုကျေးရွာအနီးမှ ဆုတ်ခွာခဲ့ရပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်များဖြင့် ကျေးရွာများနှင့် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်များသည် သြဂုတ်လ ၉ရက်နေ့တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက် နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၂၄အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ဦးကိုလည်း PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်။ ထိုသို့ စကစနှင့်လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးခြင်း ကျေးရွာကိုမီးရှို့ခြင်း ဒေသခံကိုပစ်သတ်ခြင်းများကြောင့် ပြည်သူ့၂၀၀၀ ကျော်ခန့်သည် တောတောင်ထဲတွင်လည်းကောင်း အခြားကျေးရွာများသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခင်တွင်လည်း စကစလက်ပါးစေ PNOပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည်။ ထို့အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။ PNLAသတင်းစဥ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

photo content

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက PNLO ဌာနချုပ်ပတ်ဝန်းကျင်နှင့် ကျေးရွာများကို ဗုံးကျဲတိုက်ခိုက် ဇူလိုင် ၂၇ရက် ၂၀၂၅ခုနှစ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်ဧရိယာနှင့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဇူလိုင် ၂၆ရက်နေ့ ညနေခင်း ၃နာရီအချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် စစ်ကောင်စီသည် PNLOဌာနချုပ်ဧရိယာနှင့် နောင်ထောဝ်ကျေးရွာကို ပေါင် ၅၀၀ အပါအဝင် လေးကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထု၏ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်။ စစ်ကောင်စီသည် ယခင်တွင်လည်း PNLOဌာနချုပ်ဧရိယာနှင့် ဧရိယာအတွင်းရှိကျေးရွာများကို သုံးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူနေအိမ်များ ပြည်သူ့ဆေးပေးခန်းများ ပျက်စီးခဲ့ရသည်။ PNLAသတင်းစဥ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

photo content
+3

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNOက နောင်ဗိုကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခန်သဖြင့် ပြည်သူတဦးထိခိုက်ဒဏ်ရာရ ဇွန်လ ၂၆ရက် ၂၀၂၅ ခုနှစ် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ည ဇွန်လ ၂၅ ရက် ည ၈ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တောင်ရှေ့ကျေးရွာအုပ်စု နောင်ဗိုရွာကို ၆ဝမမလက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အိမ်ရှင်ဖြစ်သူ မွိုးဒုံး အသက် ၄၉ နှစ်၏ အိမ်မှာ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး အိမ်ရှင် မွိုးဒုံး သည်လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ မွိုးဒုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ကယ်ဆယ်ရေးတပ်ဖွဲ့မှ သွားရောက်ကယ်ထုတ်ကာ ကုသမှုပေးနေလျက်ရှိသည်။ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုများ တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူလူထု၏ နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နှင့် ၂၃ ရက်နေ့တွင်လည်း ၄င်းတို့တပ်စွဲထားသည့် ဆီဆိုင်မြို့နယ် တပူးထိုရွာတွင် နေအိမ်များကို မီးရှို့ခဲ့သည်။ PNLAသတင်းစဥ်

photo content
+1

PNO ပြည်သူ့စစ်က တပူးထိုကျေးရွာကို မီးရှို့ နေအိမ် ၆ အိမ်မီးလောင် ဇွန်လ ၁၆ ရက် ၂၀၂၅ ခုနှစ် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၂ ရက်နေ့ညတွင် တပူးထိုကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ညအထိ မီးလောင်ခဲ့ရာ နေအိမ် ၆ လုံးမှာ မီးလောင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းတပူးထိုရွာတွင် PNO ပြည်သူ့စစ်မှ တပ်စွဲနေထိုင်နေသည်မှာ ၄ လကျော်ရှိပြီဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် ဒေသခံရွာသူရွာသားများကို PNO ပြည်သူ့စစ်က ရွာအတွင်းမှ မောင်းထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ "အိမ်တွေကလည်း တအားကပ်ရပ်ကြီးတွေမဟုတ်လို့ရယ် ၊ မိုးရွာလို့ မီးတွေက ဆက်မကူးတာရယ်ကြောင့် တရွာလုံးမပါသွားတာ။ ရွာမှာ သူတို့(PNO ပြည်သူ့စစ်)ပဲရှိတယ်။ရွာသားတွေကိုလည်း သူတို့မောင်းထုတ်ထားတယ်”ဟု ဒေသခံတဦးကပြောပြသည်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၄ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု မောင်းထုတ်မှုပြုလုပ်ခဲ့သည်။ ကျေးရွာအတွင်းမှ ထွက်ခွါရန် PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်သည်။ ယင်းကျေးရွာရှိ ဒေသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့တွင် ကျေးရွာများသို့ စာပို့လာခြင်းဖြစ်သည်။ PNLAသတင်းစဥ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

photo content

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ရွာအတွင်းမှ မောင်းထုတ်နေ ဇွန်လ ၉ ရက် ၊ ၂၀၂၅ ခုနှစ် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု မောင်းထုတ်နေသည်။ ကျေးရွာအတွင်းမှ ထွက်ခွါရန် PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်သည်။ ယင်းကျေးရွာရှိ ဓဒသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့တွင် ကျေးရွာများသို့ စာပို့လာခြင်းဖြစ်သည်။ ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွါသည့်သူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန် နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO က ပို့လာသည့်စာတွင်တွေ့ရသည်။ "သူတို့ PNO ကလည်း စစတုန်းက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာခဲ့တာပါ ။ အခုလုပ်ရပ်က လူထုထောင်နဲ့ချီကို ဖမ်းလိုက်တဲ့သဘောပဲဗျ။ အခုတော့ စစ်တပ်ကို ကာကွယ်ရင်း ကိုယ်ကျိုးစီးပွါးအတွက်နဲ့ ပအိုဝ်းလူထုကို ပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီ။ လူထုကို ကျေးဇူးကန်းနေပြီ” လို့ ဒေသခံပြည်သူတဦးကပြောပါတယ်။ ယင်းကျေးရွာများတွင် ကျေးရွာအချို့သည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့်ကျေးရွာများဖြစ်သည်။ ယင်းသို့ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာ ပေးပို့ပြီးနောက် ကျေးရွာအချို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်။ PNLAသတင်းစဥ်

စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများမှန်းတမ်းရမ်းတမ်းပစ်ခတ်တိုက်ခိုက် ဇွန်လ ၃ရက် ၂၀၂၅ခုနှစ် စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးကို ဇွန်လ (၁)ရက်နေ့မှ (၃၀) ရက်နေအထိ တစ်လ သက်တမ်းတိုးထားကြောင်း ထုတ်ပြန်ကြေညာသော်လည်း ၎င်းတို့၏ အောက်ခြေ တိုင်း၊ ဗျူဟာများနှင့် အပေါင်းပါ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လိုက်နာဆောင်ရွက်ခြင်းမရှိတော့ပဲ ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ထော် ဒေသတွင်းသို့သော်လည်းကောင်း၊ ဇွန်လ (၂) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသတွင်း သို့တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် (၁၀) ကြိမ်ထက်မနည်း မှန်းတမ်းရမ်းတမ်းပစ်ခတ်ခဲ့သည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA

PNLA စစ်သုံ့ပန်းများကို စစ်ကောင်စီနှင့် PNO က ပစ်သတ်ခဲ့သည့် သက်သေများ ရရှိ ကရင်နီ၊ ဇွန် ၁ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် ဇန်နဝါရီလ (၁၃)ရက်နေ့က တိုက်ပွဲအတွင်းဖမ်းမိခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲဘော် (၅)ဦးအနက် (၄)ဦးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ပစ်သတ်ခဲ့သည့် သက်သေ ရုပ်သံ ရရှိထားကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ထို ရုပ်သံမှတ်တမ်းကို PNLA က ဖမ်းမိသည့် စစ်ကောင်စီ စစ်သုံ့ပန်း တပ်သား တစ်ဦး၏ ဖုန်းထဲတွင် တွေ့ရှိခဲ့​ပြီး အဆိုပါ စစ်သုံ့ပန်းများက သက်သေထွက်ဆိုထားသည်။ " သူတို့က ဖမ်းမိတဲ့ ၅ ယောက်ကို တပြိုင်နက်ထဲ သတ်တာမဟုတ်ဘူး။ ၁ ယောက်ကို တခြားနေရာမှသတ်တယ်။ ၄ ယောက်ကို အခု video ထဲမှာတွေ့ရတဲ့အတိုင်း ပစ်သတ်တယ်။ ကျနော်တို့အနေနဲ့က PNO ပြည်သူ့စစ်အဖွဲ့ဝင် ဗိုလ်မှူးအဆင့်အထိ ဖမ်းမိတာရှိတယ်။ ဒီလိုမျိုး ညှင်းပန်းနှိပ်စက်တာမျိုး၊ ပစ်သတ်တာမျိုးတခါမှ မလုပ်ခဲ့ဖူးဘူး။ စစ်သုံ့ပန်း ဥပဒေနှင့်အညီပဲ ထားတယ် " ဟု ခွန်ရိန်းယံက ဆိုသည်။ အဆိုပါ ရုပ်သံမှတ်တမ်းတွင် ဖမ်းမိထားသည့် PNLA စစ်သုံ့ပန်း (၄)ဦး၏ နောက်မှ နေ၍ စစ်ကောင်စီ ယူနီဖောင်းဖြင့် စစ်သားတစ်ဦးက ပစ်သတ်နေသည်ကို တွေ့မြင်ရပြီး စစ်ကောင်စီ၏ သုံ့ပန်းများ၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်သားအပြင် PNO ပြည်သူ့စစ်များကပါ ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ " ဒီဟာက သူတို့ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တယ်ပေါ့နော်။ ဒါက စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ဟာပဲ " ဟု ခွန်ရိန်းယံက မှတ်ချက်ပြုသည်။ အဆိုပါ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် စစ်ကောင်စီ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနှင့် PNLA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်​ကြောင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးခဲ့သည်။ ထို့ပြင် PNLA ဘက်ကလည်း ရဲဘော် (၁)ဦး ကျဆုံးကာ (၅)ဦးဖမ်းဆီးခံခဲ့ရပြီး ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၈)နာရီအထိ အသက်ရှင် လျက်ရှိနေသေးကြောင်း ပြောဆိုနေသော်လည်း PNO ဘက်က ညအချိန်တွင် PNLA ရဲဘော် (၅)ဦးအား သတ်ဖြတ်ခဲ့ပြီး သေဆုံးနေသည့် ရုပ် အလောင်းများထုတ်ပြန်လာခဲ့သည်။ ထိုသို့ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးအချင်းချင်းသတ်ဖြတ်ခြင်းသည် စစ်ကောင်စီ၏ အလိုကျ လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး PNO ခေါင်းဆောင် ခရိုနီ နေဝင်းထွန်းနှင့် စစ်ကောင်စီတို့တွင် တာဝန်အပြည့်ရှိကြောင်း PNLAက ဆိုထားသည်။ KPV News Video- PNLA #KarenniPeoplesVoice #PNO #စစ်ကောင်စီ #PNLA #စစ်သုံ့ပန်း #ပစ်သတ်

Pa-O Youth Academy ၊ပအိုဝ်းလူငယ်အကယ်ဒမီ၊ထုတ်ပြန်ကြေညာချက်။ ရက်စွဲ။ ။ ၃.၅.၂၀၂၅။ #Youth #Pa-O Youth #Pa-O Youth Academy #PNLO/P
+2
Pa-O Youth Academy ၊ပအိုဝ်းလူငယ်အကယ်ဒမီ၊ထုတ်ပြန်ကြေညာချက်။ ရက်စွဲ။ ။ ၃.၅.၂၀၂၅။ #Youth #Pa-O Youth #Pa-O Youth Academy #PNLO/PNLA