4 598
Subscribers
-724 hours
-377 days
-15730 days
Posts Archive
4 598
ငယ်ဘ၀မှာ အထီးကျန်ကြသူတွေဟာ
ပုံမှန်လူတွေထက် "နှစ်ဆ" သန်မာကြတယ် --"
ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတွေဟာ
သန်မာခြင်းရဲ့ ပထမဆုံး သင်ခန်းစာပဲ --"
ခံစားချက်တွေထက် ခံယူချက်တွေကို
ဦးစားပေးတတ်လာရင်
တစ်ယောက်တည်းလည်း
မပြိုမလဲ ရှင်သန်နိုင်ပါတယ် --"
အထီးကျန်ခြင်းတွေဟာလည်း
လူတစ်ယောက်ကို ပိုပြီးသန်မာစေပါတယ် --"
ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ဟာ
ကိုယ့်ခံယူချက်အပေါ်မှာပဲ မူတည်တာမို့
ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်
ထုဆစ်ပုံဖော်ဖို့ပဲ အရေးကြီးတာပါ --"
ကိုယ့်ကိုကိုယ် --
ကိုယ့်စိတ်ကို --
ကိုယ့်ဘ၀ကို --
ကိုယ့်ရှင်သန်ခြင်းကို --
ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့
ထင်ကြေးတွေ စကားလုံးတွေနဲ့
မတည်ဆောက်မိဖို့ဟာ ဘ၀မှာ အရေးအကြီးဆုံးပဲ --"
ကိုယ့်ကိုကိုယ်ပဲ ပိုင်တယ်ဆိုတာ
နားလည်သွားရင်
တစ်စုံတစ်ယောက်မရှိလည်း
ဘ၀ဟာ ရှင်သန်နိုင်ပါတယ် --"
တစ်လုံးတည်းသာရှိတဲ့ ကြယ်တွေဟာ
ကောင်းကင်မှာ အတောက်ပဆုံးပဲ --"
သတိုးနွယ်
Notesforyou, Dec,2
4 598
ဖြစ်နိုင်ရင် အတွေးမလွန်တတ်တဲ့သူပဲ
ဖြစ်ချင်တော့တယ် နာကျင်ရလွန်းလို့။
သတိုးနွယ်
Notesforyou, Dec,1
4 598
ခုပိုစ့်ရဲ့ အောက်မှာ Comments လာမန့်တဲ့ ဖုန်းနံပါတ် ကို အမှတ်စဉ်မှတ်ပြီး ဖုန်းဘေလ် 1000 Ks ကို အယောက် သုံးဆယ်တိတိ ပေးမှာပါဗျ -
မင်မင် မအားလပ်တဲ့ကြားမှာ Channel မှာရှိနေပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် -
သတိုးနွယ်
Admin 1
4 598
တခါတလေ
ပိုင်ဆိုင်ဖို့ ကြိုးစားရတာထက်
စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာက
ကိုယ့်အတွက်
ပိုသက်သာမလား ဆိုတဲ့
ခံစားချက် နဲ့ တွေးဖူးတယ်...
#khon
4 598
ငါ ချစ်တဲ့ မင်းကို ငါစွန့်လွှတ်လိုက်ရတယ်
မင်းချစ်တဲ့သူကို မင်းပိုင်ဆိုင်ခွင့် ရတယ်
ဒါကြောင့် ငါပျော်ပါတယ် ဟာ....
#khon
4 598
🚨"မချစ်ရ ကွဲတတ်သည်" ဆိုတာကြီးကို
မြင်ပါလျှက်နဲ့ သွားချစ်မိတော့
အခုတော့
ငါ့ အသဲကိုကွဲအောင် ခွဲသွားတာ
အထူးအဆန်းမဟုတ်တော့ပါဘူးလေ...🥺
#khon
4 598
မျှော်လင့်မိခြင်းဟာ ကြိုးကွင်း တစ်ခု ၊
ကံပါသလောက်သာ နမ်းခွင့်ရှိတဲ့ပန်း
သူလဲ နွမ်းချိန်နွမ်းမှာပေါ့ ၊
ငါတို့ကြိုးစားတိုင်း
မရတဲ့ စိတ္တဇက ရှိကို ရှိသည်မို့
ငါတို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တဲ့အခါ
အပြစ်မမြင်ဖို့ လိုတယ် ၊
အဲဒါသိပ်လှတဲ့ အချစ်ပဲ
ဒုက္ခသာမြင်တဲ့အခါ သုခဆိုတာရမှာ မဟုတ်ဘူး ။
#ဒဿ
4 598
အဆိုးဆုံးအချိန်တွေပြီးရင်
အကောင်းဆုံးတွေရောက်လာမှာပေါ့
တစ်နေ့တစ်နေ့ ကိုယ့်ကိုကိုနှစ်သိပ်ပြီး
ပြိုလဲမသွားအောင် ရပ်တည်နေရတာ ကြာခဲ့ပြီ။
🍀🍂
#ᗩᒪOᑎᗴ
4 598
လူတစ်ယောက်ကို မေးဖူးတယ်
ဘယ်အချိန်မှာ ပျော်ရွှင်ရမှာလဲလို့။
သူကပြောတယ်..
စိတ်ကိုပဲ ကောင်းကောင်းထားတဲ့။
ဒါမှမဟုတ် စိတ်ကိုကြည်အောင်ထားတဲ့။
အဲ့တည်းက စိတ်ကို ကြည်အောင်ထားတယ်။
Positive ပဲ ရအောင်တွေးတယ်။
နည်းနည်းလေး အနှောင့်အယှက်ဝင်လာတာနဲ့
ရအောင်ခြစ်ထုတ်တယ်။
သိသိသာသာ ကံကောင်းလာပြီး၊
သိသိသာသာ ပျော်ရွှင်လာပါတယ်။
သိသိသာသာပဲ အကောင်းတွေ ရောက်လာတယ်။
စစ်မှန်တဲ့လူတွေနဲ့ တွေ့လာတယ်။
ဆုံးရှုံးခဲ့တဲ့အရာတွေ တစ်စတစ်စပြန်ရလာတယ်။
ကံက ကိုယ်တိုင်ဖန်တီးရတာပဲ
ဒါကြောင့် ကံကို မယုံဘူး
ကိုယ့်ကိုယ်ကိုယ်ပဲ ယုံပါတယ်။
ပျော်ရွှင်ချင်ရင် စိတ်ကို positive thinking ပဲ
ရအောင်မွေးရပါမယ်။
positive energy ပဲ ဖြန့်ဝေရပါမယ်။
မင်းကိုယ်တိုင်က ပျော်အောင်မနေတတ်ရင်
ဘယ်ဘုရားမှ မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး။
အဆိုးတွေပဲ တွေးနေရင် အဆိုးတွေပဲ ရတယ်။
ကောင်းအောင်နေရင် ကောင်းတဲ့အရာတွေ ဖြစ်လာပါတယ်။
ဒါတကယ် လက်တွေ့ပါ။
ချုပ်ဆိုရရင် စိတ်ကို ကြည်နေအောင်ပဲထားပါ။။
ပျော်ရွှင်မှုတွေကို သိသိသာသာ ရှာတွေ့လာပါလိမ့်မယ်။ သိသိသာသာပဲ အကောင်းတွေ ရောက်လာပါလိမ့်မယ်။
🌻🦋
#နော်အိမ့်ခြူးမိုးမြင့်
4 598
အရင်ခေတ်ကလိုမဟုတ်တော့ဘူး
ခင်တာပဲဖြစ်ဖြစ် ချစ်တာပဲဖြစ်ဖြစ်
မြဲဖို့ဆိုရင် မမွဲဖို့လိုတယ်
မွဲရင်တော့ လွဲမှာပဲ
- စုဝေသင်း
4 598
တရားချဖို့ကလွယ်တယ်
တရား ရဖို့ပဲခက်တာ
ကိုယ့်ရင်ဘတ်မှတည့်တည့်မဆူးရင်
ဘယ်မြှားကိုမှ နာစရာလို့မမြင်ဘူးလေ ။
တကယ် ကိုယ့်လူရေ
တစ်ကိုယ်အရိပ်ရနေရုံနဲ့
နွေကိုပူတယ်မမှတ်တဲ့သူတွေ ဒီကမ္ဘာမှာ များသား ။
- ရိပ်ငြိမ်
4 598
အချိန်လွန်
...................
အိမ်ပြေးတွေ
အိမ်ပြန်ရောက်တော့
ခပ်ကြာကြာစွန့်ပစ်ခံရတယ့်
အိမ်ကတော့ဆွေးပြီ
Lavina
4 598
ရုပ်ဆိုးခြင်း အနုပညာ
ကျွန်တော် လူမဲပါ
ကျွန်တော် လူမွဲပါ
ကျွန်တော် ကွန်မြူနစ်ပါ
ကျွန်တော် ကဗျာဆရာပါ
- လွန်းနောင်
4 598
"တစ်နေ့တော့"
ကျွန်တော်တို့ဟာ လူရယ်လို့ ဖစ်လာရင်
လောကဓံရဲ့ ရိုက်ခတ်မှုကို ခံရမှာပဲ...
လောကဓံတရားက ဆင်းရဲ ချမ်းသာမရွေးဘူး
နိုင်ငံဒေသမရွေးဘူး လူမျိုးဘာသာရွေးမနေဘူး...
ဒါပေမယ့်
လောကဓံကို ဒူးနဲ့တိုက် ခေါင်းနဲ့တိုက်ပီး ရဲရဲရင်ဆိုင်ကြတဲ့
လူတော်တွေ ဒုနဲ့ဒေးရှိကြပါတယ်...
ငါတို့က လူငယ်တွေပါကွာ
ဘာကြီးပဲလာလာ ရဲရဲရင်ဆိုင်ကြရအောင် ...
အရင်ဆုံး
ငါတို့ စိတ်တွေကို အကောင်းမြင်နိုင်အောင် ကြိုးစားကြမယ်
negative အတွေးတွေကို လွှတ်ချထားခဲ့ပါ....
"တစ်နေ့တော့"
အားလုံးအဆင်ပြေသွားမှာပါ....
#K
4 598
ပိုက်ဆံရဖို့ လျှောက်တဲ့လမ်းမှာ
ပျော်ရွှင်ခြင်းတွေ မပါဘူးအမေ
အခန်းငယ်လေးကို ပြန်တဲ့အခါ
ကြိုနေသူမရှိဘူး အဖေ
အရသာရှိတဲ့ ထမင်းဝိုင်းလေးလည်း
ဝေးနေတာ ကြာလှပေါ့
လွမ်းရင် မငိုပါနဲ့အမေ
ပင်ပန်းရင် မငိုပါနဲ့အဖေ
တိုင်းတပါးက အမေ့သမီးအတွက်
ဟန်ဆောင်အပြုံးတွေနဲ့
ခွန်အားပေးရဦးမယ်လေ
အဖေ့အပြုံးတွေ အမေ့အပြုံးတွေ
တစ်နေ့
နေမင်းကြီးလိုတောက်ပစေရမယ်
H.M.K
4 598
အမုန်း
(ဟုတ်တယ်)
သူမရဲ့ အမုန်းတွေနဲ့ ဖျော်စပ်ထားတဲ့
ခါးသက်သက်ည
မရေရာတဲ့ ရှေးရေးကိုကြည့်ပြီး
မပိုင်ဆိုင်မှန်းသိတဲ့အခါ
ကျွန်တော်ဟာ အလွမ်းနဲ့သာ ပေါင်းဖက်ရပေါ့
အပိုင်းအစတစ်ခုစာလောက်သာ
ဆွဲမိခဲ့တဲ့လက်
မမြဲမှန်းသိရက်နဲ့ ဘာလို့များ
ဆက်ပြီးဆွဲချင်ခဲ့ပါလိမ့်
အချစ်
သူမနဲ့ ကျွန်တော့်ရဲ့အချစ်
ရင်ထည်းမှာ မိုင်တိုင်တွေခြား
မဖိတ်ခေါ်သူရင်ထည်းကို
ကျွန်တော် လှမ်းမလာဝံ့ပါဘူး
သူမ, မချစ်လည်း
ကျွန်တော်ချစ်နေခွင့် ရှိတယ်ဆိုရင်
ကျွန်တော်ဟာ အရှုံးသမားလား
ဟုတ်ကဲ့
အလွမ်းအဆွေးဆိုတာ
ကျွန်တော်နဲ့ နေသားကျခဲ့ပြီးပါပြီ
Linn
