cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

India Movie

ကြော်ငြာထည့်သွင်းလိုပါက 👇👇👇 @MyatMoe99

Show more
Advertising posts
145 399
Subscribers
+1924 hours
+3627 days
+2 09930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from N/a
"နှင်းဆီဖြူ" ဇာတ်ကားသစ် နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့ မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကို သဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါ ဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ် အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာ‌ကြောင့် ကွင်းဆက်လူသတ်မှုလို့‌ရဲတွေက ကောက်ချက်ချထားပါတယ် တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင် နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့ မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန် လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့ အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့... သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) #Credit ဇာတ်ကားကြည့်ရန် လင့် 👇 https://t.me/moviestore1983/1242
Show all...
👍 7 1😁 1
Repost from N/a
Photo unavailable
👍 3
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
" လူရွေးမှန်ဖို့🙆 လိုသလို page ရွေးမှန်ဖို့လဲ လိုသေးတယ်နော် "😘 'အသွင်းအထုတ်💰 မှန်ကန်စိတ်ချရတဲ့ တိုက်ရိုက်ဝက်ဆိုဘ်လေးမှာ မှ ဆော့ချင်ရင် 'Luckymyanmar'မှာ ဆော့ဖို့ အကြံပြုပေးပါရစေရှင့်😘 ငွေထုတ် စည်းကမ်းချက်❌ တွေ မရှိတဲ့ပြင် 👍စောင့်ဆိုင်းစရာမလိုတဲ့ ကိုယ်တိုင်ငွေသွင်းငွေထုတ်စနစ်နဲ့ ၂၄နာရီ⏰ စိတ်ကြိုက် ဆော့ကစားလို့ရပါတယ်ရှင်။ (ထုတ်ငွေ) ထက် (သွင်းငွေ) 💰ရဲ့ ပမာဏက ပိုများနေလား?🤔 အဲ့လိုဆိုရင်👨 player တွေတွက် အနိုင်များတဲ့ page ကို ရွေးဆော့ဖို့ လိုသေးတယ်နော်🏃 ကဲ..ဂိမ်းလေးဆော့ရင်း ကံလဲ စမ်းဖို့ 'Luckymyanmar' 🍀မှာ မာန်ဘာဝင်စို့🏃🏃 viber link - http://shorturl.at/euBHT Telegram link - https://t.me/LuckyMyanmar Channel link - https://t.me/luckymyanmar7
Show all...
👍 4
Repost from N/a
Photo unavailable
"မဒီသုံးဖော်" IMDb - 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ... #Credit ဇာတ်ကားကြည့်ရန် လင့် 👇 https://t.me/moviestore1983/1237
Show all...
👍 11
Repost from N/a
Photo unavailable
👍 1
Repost from N/a
သမီးလေးအသက်ရှင်ဖို့အတွက်လူမိုက်ဂိုဏ်းနဲ့ရင်ဆိုင်ပွဲကြမ်းမည့် လူမိုက်ဟောင်းကြီးစိုင်းဒါ့ဗ် ဒိတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Saindhav ဆိုတဲ့အက်ရှင်ဒရမ်မာကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးဗန်းပြထားတဲ့ လူမိုက်ဂိုဏ်းအုပ်စုတစ်စုဟာလူငယ်တွေကို တရားမဝင်လက်နက်ကိုင်ဆောင်ခိုင်းပြီးအကြမ်းဖက်မှုတွေ လုပ်ဆောင်နေပါတယ်ဒီလူမိုက်ဂိုဏ်းကတော့ ဘယ်သူ့မှမထိရဲလောက်အောင် ကြောက်ဖို့ကောင်းတဲ့သူတွေဖြစ်ပြီး လူသတ်တာကို ကစားပွဲလုပ်သလိုလုပ်နေကြတဲ့သူတွေပါပဲ တစ်ဖက်မှာလည်း Saindhav ဆိုတဲ့ လူမိုက်ဟောင်းတစ်ယောက်က ဒီလောကကနေ အနားယူပြီး သမီးလေးနဲ့အေးအေးချမ်းချမ်းနေနေပါတယ် ကံဆိုးစွာနဲ့ပဲ သမီးလေးမှာ SMA လို့ခေါ်တဲ့ရှားပါးရောဂါတစ်မျိုးခံစားနေရပြီး ဒီရောဂါအတွက်ဆေးကလည်း ရူပီး ၁၇ ကုဋေလောက်ကုန်ကျမှာဖြစ်နေတော့ ပိုက်ဆံရဖို့အတွက် အရင်လောကထဲပြန်ဝင်ပြီး အလုပ်ရှင်ဟောင်းဆီမှာ အကူအညီတောင်းပါတော့တယ် အလုပ်ရှင်ရဲ့အပေးအယူကတော့ ကလေးတွေကိုအသုံးချပြီး လက်နက်မှောင်ခိုလုပ်နေတဲ့လူမိုက်ဂိုဏ်းကိုရှင်းပစ်ဖို့ပါပဲ အဲ့တော့ Saindhav တစ်ယောက် သမီးလေးအသက်ရှင်နိုင်ဖို့ တစ်မြို့လုံးကြောက်ရတဲ့လူမိုက်ဂိုဏ်းနဲ့ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် #Credit ချန်နယ်ကို အရင် Join ပါ ချန်နယ်လင့် 👇 https://t.me/+IO8yW0xh_F0yYjNl ဇာတ်ကားလင့် 👇 https://t.me/c/1967616239/5192
Show all...
👍 5
Repost from N/a
Photo unavailable
ရွှမ်ထျန်းနတ်ဓားဝိညာဉ် ================ ကောင်းကင်နဲ့မြေကြီးစတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ် ၂မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ် ။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီး နတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်း အနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကိုမွေးဖွားလာစေခဲ့ပါတယ် ။ နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နောတာကြောင့် ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီး သုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာ ရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန် နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ် ။ အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကလည်း လူပြည့်ကိုကျဆင်းသွားခဲ့ပါတော့တယ် ။ မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာ ... 👇👇👇 https://t.me/moviestore1983/1233
Show all...
👍 6 3
Repost from N/a
2024လေးကထွက်ရှိထားတဲ့အရမါးကောင်းတဲ့စစ်ကားလေးပါ ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ကိုလိုနီလက်အောက်ခံကာလက တော်လှန်ရေးဇာတ်လမ်းလေးပါ။   အီဆာတို့နေရတဲ့ရွာလေးဟာ ဘုရင်လည်းကြောက်ရ၊ ဆွေတော်မျိုးတော်တွေလည်းကြောက်ရ ၊ဗြိတိသျှစစ်သားတွေကိုလည်း ကြောက်ရတဲ့ ဘုရားကျောင်းထဲတောင် ၀င်ခွင့်မရတဲ့ ခွဲခြားခံရွာလေးက ရွာသားတစ်ယောက်ပါ။ လူမျိုးချင်းတူတဲ့ အိန္ဒိယဘုရင်ကလည်း နန်းတော်ဆောက်ဖို့ အာဏာပါ၀ါပြဖို့ကလွဲပြီး တခြားစိတ်မ၀င်စားတဲ့အနိုင်ကျင့်တတ်တဲ့ဘုရင်ပါ။   ဘုရင့်ရဲ့သမီးတောကို မြင်ချင်လို့ဘုရားကျောင်းထဲ ခိုး၀င်ခဲ့က ဘုရင့် တူမတော်ဗာမာသီကို မြင်မြင်ခြင်းသဘောကျမိပြီး ဘုရားကျော်ထဲအခွင့်မရှိဘဲခိုး၀င်ခဲ့လို့ ဘုရင့်ရဲ့ အမျက်ကိုခံရပါတယ်။ ချစ်ရတဲ့ ဗာမာသီမှာ သူမချစ်မြတ်နိုးရသူရှိနေတာကို သိလိုက်ရတဲ့နောက် လက်လျှော့ခဲ့ရပြီး... အနှိမ်ခံဘ၀မှာ ဆက်မနေနိုင်တော့တဲ့ အီဆာဟာ သူလိုချင်တဲ့တန်းတူညီမျှလေးစားမှုကိုရယူဖို့ ဗြိတိန်တပ်မတော်ထဲကို၀င်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပဲ  ဗြိတိသျှတွေကိုတော်လှန်နေတဲ့ အစ်ကိုဖြစ်သူနဲ့ပြဒါတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့ကြပါတယ်။ တစ်နေ့ သူ့တပ်ရင်းက ဗိုလ်ကြီးက လက်နက်မဲ့တဲ့ အဲဒီတော်လှန်ရေးသမားတွေကို အ​ကြောင်းမဲ့ပစ်သတ်ဖို့ အမိန့်ပေးစေခိုင်းလာချိန်မှာတော့......   အီဆာလိုချင်ခဲ့တဲ့ တန်းတူညီမျှမှုဟာ သူမျှော်လင့်ထသလိုဖြစ်ခဲ့ရဲ့လား.....။   သူ့အတွက် တန်းတူညီမျှမှု နဲ့ လွတ်လပ်ခြင်းဟာ ဘယ်တော့မှ ထပ်တူကျမလဲဆိုတာ..... IMDB 7 ရထားတဲ့ Action/Drama ကားလေးပါ။ ရှုစားကြပါဦး။ #Credit ချန်နယ်ကို အရင် Join ပါ ချန်နယ်လင့် 👇 https://t.me/+IO8yW0xh_F0yYjNl ဇာတ်ကားလင့် 👇 https://t.me/c/1967616239/5188
Show all...
👍 6 2
Repost from N/a
Photo unavailable
Repost from N/a
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အသစ်ထွက်ရှိထားတဲ့မိသားစုဒရမ်မာကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Guntur မြို့ရဲ့ မြေအောက်လောကဘုရင်ဖြစ်တဲ့ Ramana ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အလုပ်နဲ့ပဲအမြဲရှုပ်နေတတ်သူပါ တစ်နေ့မှာတော့ သူဟာ အကြောင်းတစ်ခုကြောင့် ဥပဒေနဲ့တရားရုံးကိစ္စနဲ့ညှိလာပါတယ် မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ Ramana တစ်ယောက် မိခင်ကိုပြန်ရဖို့ဘယ်လိုတွေလုပ်ဆောင်မလဲ တရားဥပဒေနဲ့ညှိစွန်းနေတာတွေကရော ဘာကြောင့်လဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် (Review ကို Rin ရေးပေးထားတာဖြစ်ပါတယ်) #Credit ဇာတ်ကားကြည့်ရန် လင့် 👇 https://t.me/moviestore1983/1229
Show all...
4👍 2