en
Feedback
𝗙𝗢𝗥𝗘𝗜𝗚𝗡 𝗠𝗢𝗩𝗜𝗘𝗦

𝗙𝗢𝗥𝗘𝗜𝗚𝗡 𝗠𝗢𝗩𝗜𝗘𝗦

Open in Telegram

ကြော်ငြာအတွက်ဆက်သွယ်ရန် Owner Acc 👉 @mgwailynnnaung

Show more

📈 Analytical overview of Telegram channel 𝗙𝗢𝗥𝗘𝗜𝗚𝗡 𝗠𝗢𝗩𝗜𝗘𝗦

Channel 𝗙𝗢𝗥𝗘𝗜𝗚𝗡 𝗠𝗢𝗩𝗜𝗘𝗦 (@foreignmoviles) in the Burmese language segment is an active participant. Currently, the community unites 91 118 subscribers, ranking 2 357 in the Movies category and 1 294 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 91 118 subscribers.

According to the latest data from 29 August, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 1 452 over the last 30 days and by 36 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 3.65%. Within the first 24 hours after publication, content typically collects 1.63% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 331 views. Within the first day, a publication typically gains 1 487 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ကြော်ငြာအတွက်ဆက်သွယ်ရန် Owner Acc 👉 @mgwailynnnaung

Thanks to the high frequency of updates (latest data received on 30 August, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

91 118
Subscribers
+3624 hours
+4857 days
+1 45230 days
Posts Archive
Repost from N/a
အယ်ဖာ [၂၀၂၆] ရှယ်ကြမ်း YRF Spy Universe ရဲ့ ပထမဆုံး မင်းသမီးဦးဆောင် စပိုင်အက်ရှင်ကားကြီး 😡😡

အသံမပါလို့ ပြန်တင်ပေးတာ

Repost from N/a
အယ်ဖာ [၂၀၂၆] 1080p

ကျောင်းသားတွေကအစ Gun တွေနဲ့ရှယ်ကြမ်းမယ့် 🔥 Trigger 💔 စ-ဆုံး အက်ရှင်အကြမ်းစားနဲ့ မှုခင်းဇာတ်ကားတွေကိုမှ စောင့်မျှော်နေကြတဲ့
+3
ကျောင်းသားတွေကအစ Gun တွေနဲ့ရှယ်ကြမ်းမယ့် 🔥 Trigger 💔 စ-ဆုံး အက်ရှင်အကြမ်းစားနဲ့ မှုခင်းဇာတ်ကားတွေကိုမှ စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသား Kim Nam Gil နဲ့ Kim Young Kwang တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးတစ်ခု ထွက်ရှိလို့လာပါပြီ။ တောင်ကိုးရီးယားနိုင်ငံမှာ သေနတ်ကိုင်ဆောင်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်းတို့ကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားတာကြောင့် နိုင်ငံတွင်း လက်နက်ကြောင့် မှုခင်းဖြစ်ပွားမှုများဟာလည်း မရှိသလောက်ပါ။ သို့သော်လည်း အချိန်ကြာမြင့်လာတာနဲ့အမျှ အခြေအနေတွေလည်း ပြောင်းလဲလာပါတော့တယ်။ အမည်မသိနေရာတစ်ခုကနေ နိုင်ငံတွင်းသို့ တရားမဝင်လက်နက်တင်သွင်းမှုတွေ များပြားလာပြီး သေနတ် ပါဝင်ပတ်သတ်တဲ့အမှုများ​ ရုတ်ချည်းတိုးမြှင့်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ စုံထောက် အီဒိုတစ်ယောက်ဟာ မှုခင်းတွေကို တားဆီးဖို့အတွက် လက်နက်လာရာ တရားမဝင်လမ်းကြောင်းကို မွှေနှောက်ရှာဖွေပါတော့တယ်။ တစ်ဖက်မှာလည်း မှောင်ခိုလက်နက်နယ်ပယ်မှာ သြဇာညောင်းတဲ့ဆရာကြီးဖြစ်တဲ့ မွန်ဘဲ့ဟာ အပြင်လောကမှာ မျက်နှာဖုံးတပ်ကာ သူ့ရဲ့အကြံအစည်တွေကို အောင်မြင်အောင်အကောင်အထည်ဖော်နေသူဖြစ်ပါတယ်။ စစ်တပ်မှာ စနိုက်ပါအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမှန်တရားအတွက် ရပ်တည်ရန်အတွက် သေနတ်ကိုင်ဆောင်ထားတဲ့ စုံထောက်အီဒို နဲ့ ဝိသမလောဘအတွက် သေနတ်ကိုင်ဆောင်ထားတဲ့ မွန်းဘဲ့ ယောက်ျားသားနှစ်ယောက် ဆုံပြီး အားပြိုင်ကြချိန်မှာတော့..... ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ ရင်ခုန်စွာနဲ့ ခံစားကြည့်ရှုလိုက်ပါတော့နော်... ချန်နယ်ကို အရင် join ပါ🔽🔽🔽 https://t.me/+HtZEEIUFMdJmMzc1 ကြည့်ရန်⬇️⬇️⬇️ https://t.me/c/3726477633/27

Repost from N/a
အမှန်တရား ဘက်တော်သား [ ၂၀၂၆ ]

Harudu (2026) အများပြည်သူအတွက်ဆို ရှေ့တန်းကနေမားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ လွှတ်တော်အမတ် ဗာရာဒါ၊ တရားမျှတပြီး မလျှော့သောစိတ်ရှ
Harudu (2026) အများပြည်သူအတွက်ဆို ရှေ့တန်းကနေမားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ လွှတ်တော်အမတ် ဗာရာဒါ၊ တရားမျှတပြီး မလျှော့သောစိတ်ရှိသူ ရဲအရာရှိ DCP ရှန်ကာ တို့ဟာ တစ်ယောက်နဲ့တစ်ယောက်က ဆုံတွေ့လိုက်တိုင်း အထေ့အငေါ့လေးတွေပါတတ်တာပေါ့။ တစ်နေ့တော့ DCP ရှန်ကာဟာ လူသ_တ်မှုတစ်ခုအတွင်း မမျှော်လင့်ဘဲ ပါဝင်ပတ်သက်သွားမိတဲ့ သူခိုးတစ်စု၊သူတို့နဲ့အတူ လာဘ်ပေးလာဘ်ယူမှုလက်စားချေမှုနဲ့ တရားမျှတမှုတို့ကြားက ရှုပ်ထွေးလှတဲ့အမှုကြီး ကို ဖော်ထုတ်ဖို့ဖြစ်လာခဲ့တဲ့ အခါမှာတော့... လွှတ်တော်အမတ် ဗာရာဒါနဲ့ ဘယ်လိုတွေ ပတ်သက်ပြီး သူတို့နှစ်ဦး ထိပ်တိုက်တွေ့ကြမလဲဆိုတာ.....။

Repost from N/a
အမှန်တရားနောက်ကွယ် [ ၂၀၂၆ ]

Babita-Singh-Reporting (aka) ASI Babita Singh Reporting (2026) လူတိုင်းက ဘေဘီလို့ အတိုကောက်ခေါ်ကြပြီး ကွင်းဆင်းတာဝန်ကျဖို့မျှ
Babita-Singh-Reporting (aka) ASI Babita Singh Reporting (2026) လူတိုင်းက ဘေဘီလို့ အတိုကောက်ခေါ်ကြပြီး ကွင်းဆင်းတာဝန်ကျဖို့မျှော်လင့်နေခဲ့တဲ့ ရဲမေ ဘာဘီတာဆင်းဂ်။ ကွင်းဆင်းတာဝန်ကျဖို့အရေးစောင့်နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူမိသားစုဘက်က ပွဲလုပ်မှာမို့မဖြစ်မနေ ခွင့်ယူပြီး ဇာတိမြို့လေးဆီ ပြန်လာခဲ့ရပါတယ်။. မြို့ကို ရောက်ရောက်ချင်း ငယ်သူငယ်ချင်း ဘန်စီနဲ့ တွေ့ခဲ့ပြီးအဲဒီညမှာပဲ ဘန်စီ အသ-တ်ခံလိုက်ရပါတယ်။ ငယ်သူငယ်ချင်းဖြစ်သူ ဘန်စီ အသ-တ်ခံရမှုမှာ ဖုံးကွယ်မှုတွေ သံသယဖြစ်စရာတွေအများကြီးကို သိလိုက်ရပြီး အိမ်ကလူတွေရဲ့ လျစ်လျူရှုမှု၊ ခင်ပွန်းဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့အရာတွေနဲ့ ဒေသခံရဲတွေရဲ့ စိတ်မဝင်စားမှုတွေကို အံတုပြီး ရဲမေ ဘာဘီတာဆင်းဂ်တစ်ယောက် အမှုကို လျှို့ဝှက်စုံစမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့...။

Repost from N/a
ချစ်ရသူ [ ၂၀၂၆ ]

Anbe Diana (2026) IMDb - 7.6/10 နေရာဒေသအသီးသီးက လူတွေ ရွှေ့ပြောင်းအခြေချရာ ဒေသတခုဖြစ်တဲ့ပီရန်ဘူရ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင
Anbe Diana (2026) IMDb - 7.6/10 နေရာဒေသအသီးသီးက လူတွေ ရွှေ့ပြောင်းအခြေချရာ ဒေသတခုဖြစ်တဲ့ပီရန်ဘူရ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အမျိုးဇာတ်တူတဲ့ အမျိုးအချင်းချင်းထဲကပဲ သားသမီးတွေကို လက်ထပ်ပေးချင်တဲ့ ခရစ်ရှ်နားရဲ့မိခင်။ အင်္ဂလိပ်-အိန္ဒိယကပြားမလေး မက်ဂျစ်ကိုမှ တဖက်သတ်တန်းတန်းစွဲချစ်မိတဲ့ ခရစ်ရှ်နားတယောက်ကတော့ မိသားစုမှာ တသွေးတသံတမိန့်ဖြစ်တဲ့ မိခင်ဖြစ်သူဆန္ဒကို မလွန်ဆန်နိုင်ပြန်။ မလွန်ဆန်နိုင်တဲ့ကြားကပဲ ချစ်သူဆီက အဖြေရဖို့အရေးကတဖက်၊ မိခင် သဘောတူကြည်ဖြူဖို့ကတဖက်နဲ့ ကြားကနေ အဆင်ပြေအောင်ကြိုးစားရင်း ဗျာများရတဲ့ ခရစ်ရှ်နားရဲ့ ဖြစ်အင်ကိုရယ်ရခက် ငိုရခက် ကြည့်ရှုကြရမှာပါ။

Repost from N/a
Newton's-3rd-Law (2026)

Newton's-3rd-Law (2026) မှုခင်း သည်းထိတ်ရင်ဖိုုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် တေလေဂူးစကားပြော ရုပ်ရှင်လေးကို တင်ဆက်ပေ
Newton's-3rd-Law (2026) မှုခင်း သည်းထိတ်ရင်ဖိုုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် တေလေဂူးစကားပြော ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်ရဲ့ တတိယမြောက်နိယာမကို တော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ဟု ၁၉၉၀ ကျော်ကာလတွေမှာဇာတ်အိမ်တည်ထားပါတယ်။ မြို့လေးတစ်မြို့မှာ ဖြစ်ခဲ့တဲ့ မတူညီတဲ့ မတော်တဆမှုနှစ်ခု။ မတော်တဆမှုလို့ထင်ခဲ့ရတဲ့ အဲဒီအမှုလေးတွေက လူသ-တ်မှုဖြစ်နိုင်စရာအကြောင်းတွေ ရှာတွေ့လာတဲ့အခါ။ စုံထောက်ပညာမှာ ကျွမ်းကျင်တဲ့ ဗာဆူဒေ့ဗ်ဆိုတဲ့ရဲအရာရှိက အဲဒီအမှုနှစ်ခုကြားက ဆက်စပ်မှုတွေကိုစုံစမ်းရင်း မထင်ထားတာတွေ သိလာရတဲ့အခါမှာတော့...။

Repost from N/a
T-h-e O-d-y-s-s-e-y (2026)

The Odyssey (2026) ++++++++++++++++ ( ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy Ac
The Odyssey (2026) ++++++++++++++++ ( ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy Action ကားတစ်ကားသာ ဖြစ်ပြီး ဒါရိုက်တာ Christopher Nolan ရိုက်ကူးနေတဲ့ ကမ္ဘာကျော် The Odyssey ရုပ်ရှင်မဟုတ်ပါ‌ကြောင်း ) ဒီကားက ရှေးဟောင်းဂရိကဗျာဆရာဟိုးမားရဲ့ ကမ္ဘာကျော်မဟာဗျူဟာမြောက်စာပေ "The Odyssey" ကို အခြေခံထားပြီး ခေတ်မီရုပ်ရှင်အတတ်ပညာတွေနဲ့ဖန်တီးထားတဲ့ စွန့်စားခန်းဒရမ်မာ (Epic Fantasy / Action Adventure) ရုပ်ရှင်ဖြစ်ပါတယ်။ ထရိုဂျန်စစ်ပွဲအပြီးမှာ အစ်သကာ (Ithaca) နိုင်ငံရဲ့ ဘုရင် အိုဒီးစီးယပ်စ်(Odysseus) ဟာ သူ့ရဲ့ ဇနီး ပန်နယ်လိုပီ (Penelope) နဲ့ သားဖြစ်သူ တယ်လီမာကပ်စ် (Telemachus) တို့ဆီ ပြန်ဖို့ ပင်လယ်ပြင် ခရီးစတင်ခဲ့ပါတယ်။ ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) ရဲ့ အမျက်ဒေါသကြောင့် ခရီးစဉ်ဟာ ၁၀ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ရပါတယ်။ လမ်းခုလတ်မှာ မျက်လုံးတစ်လုံးတည်းပါတဲ့ ဆိုက်ကလော့ပ် (Cyclops) ဘီလူးကြီး၊ မှော်ဆရာမ စာစီ (Circe)၊ သီချင်းသံနဲ့ မျှားခေါ်တတ်တဲ့ဆိုက်ရင်းတွေ (Sirens) စတဲ့ အန္တရာယ်ပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ ဘုရင်ပျောက်ဆုံးနေချိန်မှာ အစ်သကာနန်းတော်ကို သိမ်းပိုက်ပြီး မိဖုရားကို အတင်းအကျပ်လက်ထပ်ဖို့ ကြိုးစားနေကြသူတွေကို အိုဒီးစီးယပ်စ်တစ်ယောက် အသွင်ပြောင်းပုန်းကွယ်ကာ နန်းတော်ဆီ ပြန်လည်ဝင်ရောက်ပြီး တော်လှန်တိုက်ခိုက်ပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီစွန့်စားခန်းတွေကို နှစ်သက်သူတွေ၊ Troy နဲ့ Gladiator လို Epic ကားကြီးတွေကို သဘောကျသူတွေအတွက် ကြည့်ရှုသင့်တဲ့ကားကြီးပါ။

Repost from N/a
A-d-o-r-a-b-l-e H-u-m-a-n-s (2025)

Adorable Humans (2025) IMDb Rating (5.7) The Little Mermaid, The Ugly Duckling တို့လိုနာမည်ကျော် နတ်သမီးပုံပြင်တွေရဲ့ဖန်တီးရှ
Adorable Humans (2025) IMDb Rating (5.7) The Little Mermaid, The Ugly Duckling တို့လိုနာမည်ကျော် နတ်သမီးပုံပြင်တွေရဲ့ဖန်တီးရှင်စာရေးဆရာကြီးအိတ်ချ်စီ အန်ဒါဆင်ရဲ့ ပုံပြင် ၄ ပုဒ်ကို ခေတ်ပြိုင်ပုံစံ အိမ်မက်ဆိုးဗားရှင်းနဲ့ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ "The Dead Man" ဂျိုးနတ်စ်ဆိုတဲ့ လူနာစောင့်ကောင်လေးတစ်ယောက်ဟာ သေလုမျောပါးလူနာအဘိုးကြီးတစ်ယောက်ကိုစောင့်ရှောက်ရင်း ပရိုဖက်ရှင်နယ် စည်းကျော်မိရာကနေ ရာဂအမှောင်ထု အိမ်မက်ဆိုးတွေထဲသက်ဆင်းသွားရတဲ့ပုံပါ။ "The Story of a Mother" ကတော့ သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်၊နာကျင်မှုနဲ့စိတ်ပျက်အားငယ်မှုတွေက သူ့ကိုစိတ်ခြောက်ခြားစရာရွေးချယ်မှုတွေလုပ်မိအောင်တွန်းပို့သွားပုံကိုရှုစားရမှာဖြစ်ပါတယ်။ "The Snow Queen" ဘ၀သစ်စဖို့ နေရာသစ်တစ်ခုကိုပြောင်းလာတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘ၀တွေထူးဆန်းတဲ့ မှန်တစ်ချပ်နဲ့မျက်နှာဖုံးစွပ်လူတစ်ယောက်သူတို့ဘ၀ထဲကိုရောက်လာတဲ့အချိန်မှာ ကမောက်ကမဖြစ်ကြရပုံကိုဘော်ဒီဟော်ရာဆန်ဆန်တင်ဆက်ထားတာပါ။ "Auntie Toothache" နာမည်ကြီးချင်တဲ့ ဂီတပညာရှင်လူငယ်လေးတစ်ယောက် အရမ်းအရေးကြီးနေချိန်ကျမှ သီချင်းသစ်ရေးဖို့စိတ်ကူးဘယ်လိုမှ အသစ်ထွက်မလာချိန်မှာ သူ့ရဲ့ပဟေဠိဆန်ဆန်အဒေါ်ဖြစ်သူကို သွားအကူအညီတောင်းရာကနေ ကြောက်စရာလောကနဲ့ပတ်သက်မိပြီး အိမ်မက်ဆိုးတွေကိုလက်တွေ့ရင်ဆိုင်ရပုံကိုတွေ့မြင်ရမှာပါ။ ဝေဖန်သူတွေကတော့ ပုံပြင်တွေကိုအလှအပတွေနဲ့တန်ဆာမဆင်ပဲ ခေတ်ပြိုင်ပုံစံနဲ့ကိုစိတ်ခြောက်ခြားစရာမူရင်းပုံစံခွက်ထဲဆွဲခေါ်နိုင်တာကိုသဘောကျကြပါတယ်။ Jump Scares တွေထက် တစ်ဖြည်းဖြည်း မွန်းကျပ် ဖိစီးလာစေမယ့် ဝန်းကျင် အငွေ့အသက်တွေကိုစနစ်တကျဖန်တီးထားပြီးစိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေကိုအဓိက ဗဟိုပြုချဉ်းကပ်ထားတာပါ။ ဇာတ်လမ်းအချင်းချင်းလည်း အချိတ်အဆက်ပါးပါးလေးတွေရှိလို့ ဟော်ရာပရိသတ်တွေ သဘောကျကြမယ့် Horror Anthology ကားကောင်းတစ်ကားဖြစ်ပါတယ်။

Repost from N/a
T-h-e W-h-i-s-p-e-r M-a-n (2026)

The Whisper Man (2026) ဒီဇာတ်ကားကတော့ Crime Mystery, Psychological Thriller နဲ့ Drama အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
The Whisper Man (2026) ဒီဇာတ်ကားကတော့ Crime Mystery, Psychological Thriller နဲ့ Drama အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ စာရေးဆရာ Alex North ရဲ့ နာမည်ကျော် အရောင်းရဆုံး ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ James Ashcroft က ရိုက်ကူးထားကာ Russo Brothers တို့ရဲ့ AGBO ကုမ္ပဏီက ထုတ်လုပ်ပြီး Netflix ကနေ ဖြန့်ချိတာပါ။ သရုပ်ဆောင်တွေအဖြစ် အော်စကာဆုရှင် မင်းသားကြီး Robert De Niro, Adam Scott, Michelle Monaghan, Michael Keaton နဲ့ Hamish Linklater တို့လို ထိပ်တန်းသရုပ်ဆောင်တွေ အပြိုင်အဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ၈ နှစ်အရွယ် သားလေး Jake နဲ့အတူ အစစအရာရာ အသစ်ကနေ ပြန်စဖို့ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာတဲ့ မှုခင်းဝတ္ထုရေးဆရာ Tom Kennedy ဆီကနေ စတာပါ။ ဒါပေမဲ့ အဲဒီမြို့လေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကလေးတွေကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ "The Whisper Man" (တီးတိုးလူ) ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နေရာဖြစ်နေပါတယ်။ တစ်နေ့မှာတော့ ကလေးတွေကို အိမ်ပြတင်းပေါက်ကနေ တိုးတိုးလေး လေသံနဲ့ ခေါ်ဆောင်သွားတတ်တဲ့ နည်းလမ်းဟောင်းအတိုင်း ကလေးငယ်တွေ ထပ်မံပျောက်ဆုံးလာပြီး Tom ရဲ့ သားလေးပါ ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရပါတော့တယ်။ သားဖြစ်သူကို အသည်းအသန် ရှာဖွေကယ်တင်ဖို့အတွက် Tom ဟာ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်ပြီး စိမ်းကားနေခဲ့တဲ့ သူ့ရဲ့ ဖခင်ဟောင်းဆီ အကူအညီတောင်းခံဖို့ ရောက်သွားခဲ့ပါတယ်။ အဲဒီဖခင်ဟာ အရင်က မူလ Whisper Man လူသတ်သမားကို ကိုယ်တိုင် ဖမ်းဆီးထောင်ချခဲ့တဲ့ အငြိမ်းစား စုံထောက်ကြီး ဖြစ်နေပါတယ်။ အရင် လူသတ်သမား ထောင်ထဲမှာ ရှိနေဆဲအချိန်မှာ အတုခိုး သတ်ဖြတ်တဲ့ နောက်ထပ် လူသတ်သမားတစ်ယောက် ပေါ်လာတာလား? ဒါမှမဟုတ် အရင်ကတည်းက ကြံရာပါ ရှိနေခဲ့တာလားဆိုတဲ့ သံသယတွေနဲ့အတူ စုံထောက်မလေး Amanda Beck နဲ့ ပူးပေါင်းပြီး အတိတ်က နာကျင်စရာ ဒဏ်ရာတွေ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း အချိန်မနှောင်းမီ ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်ဖို့ အပြင်းအထန် ကြိုးစားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဝတ္ထုကောင်းကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်လို့ ဇာတ်အိမ်ခိုင်မာမှု၊ စိတ်မသက်မသာဖြစ်စရာ မှုခင်းအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာပါ။ အထူးသဖြင့် Robert De Niro နဲ့ Adam Scott တို့ရဲ့ သားအဖကြားက စိတ်ဒဏ်ရာ အားပြိုင်မှု ပြည့်ဝတဲ့ သရုပ်ဆောင်ချက်တွေအပြင် Michael Keaton နဲ့ Michelle Monaghan တို့ရဲ့ ထိမိတဲ့ အခန်းကဏ္ဍတွေကြောင့် Serial Killer မှုခင်း Thriller ဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း စောင့်ကြည့်အားပေးရမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Villain ကလည်းအမိုက်စားဆိုတော့ ရှယ်မိုက်ဦးမယ့် 🔥🔥 Flex X Cop Season 2 (2026) ✨ အပိုင်း ၇ ရပါပြီ သူဌေးမျိုးရိုးကနေ မထင်မှတ်ဘ
+3
Villain ကလည်းအမိုက်စားဆိုတော့ ရှယ်မိုက်ဦးမယ့် 🔥🔥 Flex X Cop Season 2 (2026) အပိုင်း ၇ ရပါပြီ သူဌေးမျိုးရိုးကနေ မထင်မှတ်ဘဲ စုံထောက် ဖြစ်လာခဲ့တဲ့ ဂျင်အီဆူ (Ahn Bo-Hyun) ဟာ ဒီအလုပ်ကို လုပ်ရင်း သူ့ရဲ့ ဝါသနာမှန်း သိလာခဲ့သလို လုပ်ဖော်ကိုင်ဖက် ရဲအရာရှိတွေနဲ့လည်း ရဲဘော်ရဲဘက်စိတ်တွေ ပေါက်ဖွားလာခဲ့ပါတယ်…။ ရဲတက္ကသိုလ်မှာ တရားဝင် လေ့ကျင့်ရေး သင်တန်းဆင်းပြီးတဲ့နောက် အကြ၊မ်းဖ၊က်မှု နှိ၊မ်န၊င်းရေး အဖွဲ့ဆီ ပြန်လည်ရောက်ရှိလာချိန်မှာတော့… သင်တန်းဆင်းတုန်းက သူ့ကို အဆမတန် တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးခဲ့တဲ့ ဂျူဟယ်ရာ (Jung Eun-Chae) က သူတို့ အဖွဲ့ရဲ့ခေါင်းဆောင်သစ်အဖြစ် ရောက်ရှိလာပါတော့တယ်…။ သူတို့နှစ်ယောက်ကြား ဘယ်လို အဆင်မပြေမှုတွေ၊ ဘယ်လို မှု၊ခ၊င်းတွေကို ပူးပေါင်းဖြေရှင်းသွားကြမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်… ချန်နယ်ကို အရင် join ပါ🔽🔽🔽 https://t.me/+HtZEEIUFMdJmMzc1 ကြည့်ရန်⬇️⬇️⬇️ https://t.me/c/3726477633/10168

Repost from N/a
သုံးဦးဆိုင် [၂၀၂၆]