en
Feedback
🇲🇲 Truth Zone Online 🇲🇲

🇲🇲 Truth Zone Online 🇲🇲

Open in Telegram

"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"

Show more

📈 Analytical overview of Telegram channel 🇲🇲 Truth Zone Online 🇲🇲

Channel 🇲🇲 Truth Zone Online 🇲🇲 (@truthzoneonline) in the Burmese language segment is an active participant. Currently, the community unites 15 151 subscribers, ranking 5 609 in the Religion & Spirituality category and 8 794 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 151 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by -14 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.21%. Within the first 24 hours after publication, content typically collects 6.58% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 092 views. Within the first day, a publication typically gains 997 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 44.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Religion & Spirituality category.

15 151
Subscribers
-1424 hours
-407 days
+7930 days
Posts Archive
မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical School မှ နှလုံးနှင့် သွေးကြောခွဲစိ
မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical School မှ နှလုံးနှင့် သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများ ပူးပေါင်းဆောင်ရွက်   စက်တင်ဘာ ၈   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ Dr. Feng Wan (Chairman and Professor, Department of Cardiovascular Surgery Center) ဦးဆောင်သော အဖွဲ့ဝင်ငါးဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့်ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ရက်အထိ နှလုံးသွေးကြောပိတ်လူနာခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော် ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ရာ ၎င်းလူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်း မွန်လျက်ရှိကြောင်း သိရသည်။   ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး နှလုံးခွဲစိတ်ကုသမှုများနှင့် နှလုံးနှင့် သွေးကြောခွဲစိတ်ပညာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။   မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြော ပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု ၁၅ ခုနှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု ၄၀ တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ TruthZoneOnline

ပျဥ်းမနားမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး နေပြည်တော်၊ ပျဥ်းမနားမြို
ပျဥ်းမနားမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး နေပြည်တော်၊ ပျဥ်းမနားမြိုနယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသိုသွယ်တန်းထားသော 11kv ဓာတ် အားလိုင်းတိုင်များလဲကျပျက်စီးခဲ့သဖြင့် ဖလောင်းကျေးရွာတွင်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ထိုသို လဲကျပျက်စီးမှုအား ပျဉ်မနားမြိုနယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှဓာတ်အားလိုင်းတိုင်များကိုပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ TruthZoneOnline

တနင်္သာရီတိုင်း အမျိုးသမီးရေးရာအဖွဲ့က ထားဝယ် အထက(၆)ရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ အာဟာရကျွေးမွေး
+9
တနင်္သာရီတိုင်း အမျိုးသမီးရေးရာအဖွဲ့က ထားဝယ် အထက(၆)ရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ အာဟာရကျွေးမွေး စက်တင်ဘာ ၈ တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးသန့်ရှင်းရေးပစ္စည်းများနှင့် ဗလာစာအုပ်များကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်အစားအစာများဖြစ်သည့် နွားနို့၊ ငှက်ပျောသီးနှင့် ကြက်ဥပြုတ်များကို ကျွေးမွေးခဲ့ကြောင်း သိရသည်။ TruthZoneOnline

🙏 မင်္ဂလာနံနက်ခင်းပါ 🙏 🌺 သတ္တဝါအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာကင်းဝေးပါစေ🌺🌺 🌺ချမ်းသာကြွယ်ဝမှုနဲ့ မေတ္တာတရား
  🙏 မင်္ဂလာနံနက်ခင်းပါ 🙏    🌺 သတ္တဝါအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာကင်းဝေးပါစေ🌺🌺    🌺ချမ်းသာကြွယ်ဝမှုနဲ့ မေတ္တာတရားတွေ ပြည့်ဝပါစေ 🌺🌺🌺🌺🌺

Truth Zon Online Media ရဲ့ သတင်းများကို နေ့စဥ်စောင့်ကြည့်နေသော မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းဘေလ်များ ခဲခြစ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင်...... ။ ကြုံကြိုက်သလို လှူဒါန်းပေးသွားမှာဖြစ်လို့ Join ထားပြီး သတင်းများ ဝင်ရောက်ဖတ်ရှုရင်း ဖုန်းဘေလ်များ ရရှိနိုင်ကြပါစေရှင်....🙏 https://t.me/TruthZoneOnline

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြိုနယ်တွင် ပုဂ္ဂလိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးမှုပြုလုပ် စက်တင်ဘာ ၈ ရက် စစ်ကိုင်းတိုင်
+3
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြိုနယ်တွင် ပုဂ္ဂလိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးမှုပြုလုပ် စက်တင်ဘာ ၈ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြိုနယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဖောင်းပြင်မြိုနယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲများနှင့်အတူ ဖောင်းပြင်မြိုနယ်အတွင်းရှိ ပုဂ္ဂလိဆေးဆိုင်များတွင် Expire ဆေးများရောင်းချခြင်း၊ Date များပြင်ဆင်ရောင်းချခြင်းရှိ/ မရှိ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။ TruthZoneOnline

ဇီးရိုင်းချောင်းတံတား ပျက်စီးမှုအား နေပြည်တော်ကောင်စီအဖွဲ့ ကွင်းဆင်းစစ်ဆေး စက်တင်ဘာ ၈ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့
+2
ဇီးရိုင်းချောင်းတံတား ပျက်စီးမှုအား နေပြည်တော်ကောင်စီအဖွဲ့ ကွင်းဆင်းစစ်ဆေး စက်တင်ဘာ ၈ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် သစ်တွန်အုပ်စုတွင် တောင်ကျချောင်းရေ ရုတ်တရက်စီးဆင်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဇီးရိုင်းချောင်းတံတားနှင့် ရေဝင်ရောက်ခဲ့သည့်နေရာများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် အဖွဲ့က စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လမ်းတံတားဆောက်လုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး တောင်ကျရေဝင်ရောက်မှုနှင့် တံတားပျက်စီးမှုအခြေအနေများကို စစ်ဆေးခဲ့ကြသည်။ TruthZoneOnline

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘို
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့  နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည် TruthZoneOnline

ပဲခူးတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနာ
+9
ပဲခူးတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ အထိမ်းအမှတ် Video Clip ပြသခဲ့သည်။ ထို့နောက် ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)တို့မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ TruthZoneOnline

မြိတ်တက္ကသိုလ်နှင့် တရုတ်တတိယအဏ္ဏဝါတက္ကသိုလ် ပင်လယ်ပြင်သုတေသန ပူးပေါင်းဆောင်ရွက် စက်တင်ဘာ ၈ ပင်လယ်နှင့်ကမ်းရိုးတန်း သယံဇာတမျာ
+1
မြိတ်တက္ကသိုလ်နှင့် တရုတ်တတိယအဏ္ဏဝါတက္ကသိုလ် ပင်လယ်ပြင်သုတေသန ပူးပေါင်းဆောင်ရွက် စက်တင်ဘာ ၈ ပင်လယ်နှင့်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရေးအတွက် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနနှင့် တရုတ်နိုင်ငံ ရှမန်မြို့ရှိ တတိယအဏ္ဏဝါတက္ကသိုလ်တို့ ပူးပေါင်း၍ ပင်လယ်ပြင်တိုင်းတာရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထော်ကျွန်းအနောက်ဘက်ကမ်းတွင် ပင်လယ်ရေအရည်အသွေးတိုင်းတာရေးစက် တပ်ဆင်၍ သန္တာကျောက်တန်းများအပါအဝင် ကမ်းရိုးတန်းသယံဇာတများအပေါ် ရာသီဥတုပူနွေးလာမှု၏ သက်ရောက်မှုများကို လေ့လာမည်ဖြစ်သည်။ ယင်းသုတေသနလုပ်ငန်းများအတွက် နှစ်ဖက်တက္ကသိုလ်များအကြား MoU လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ ကျင်းပခဲ့ပြီး မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိနှင့် တတိယအဏ္ဏဝါတက္ကသိုလ် ညွှန်ကြားရေးမှူးချုပ် Dr. Zhang Haifeng တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် စာချွန်လွှာများနှင့် အမှတ်တရလက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။ TruthZoneOnline

မန္တလေးမြို့ ၇ မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၄၉,၆၂၁ ပါးအား လှူဖွယ်ပစ္စည်းများ လှူဒါန်း စက်တင်ဘာ ၈ မန္တလေးတိုင်းဒေသကြီးအစိ
မန္တလေးမြို့ ၇ မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၄၉,၆၂၁ ပါးအား လှူဖွယ်ပစ္စည်းများ လှူဒါန်း စက်တင်ဘာ ၈ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မန္တလေးမြို့ပေါ် ၇ မြို့နယ်ရှိ ကျောင်းတိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉,၆၂၁ ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကုလားပဲများ လှူဒါန်းပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သံဃာတော် ၄၅ ပါးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။ လှူဒါန်းရာတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ ရဟန်း၊ သာမဏေ ၄၃,၇၄၇ ပါးနှင့် သီလရှင် ၅,၈၇၄ ပါးအတွက် ဆွမ်းဆန်တော် ၄,၁၃၅ အိတ်၊ ဆီ ၁၂,၄၀၆ ပိဿာ၊ ကြက်သွန်နီ ၁၂,၄၀၆ ပိဿာ၊ ကုလားပဲ ၁၂,၄၀၆ ပိဿာနှင့် ဆား ၅၀၀ ပိဿာ စုစုပေါင်းတန်ဖိုး ကျပ် ၈၃၂,၁၇၃,၀၀၀ ဖိုး လှူဒါန်းခဲ့ကြောင်း သိရသည်။ TruthZoneOnline

မန္တလေးတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်လံအပ်နှင်းပွဲ ကျင်းပ စက်တင်ဘာ ၇ မန္တ
+1
မန္တလေးတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်လံအပ်နှင်းပွဲ ကျင်းပ စက်တင်ဘာ ၇ မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်လံအပ်နှင်းပွဲကို စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် ပထမဆုရရှိသူများက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ဗဟိုအဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံ အပ်နှင်းခဲ့ကြောင်း သိရသည်။ TruthZoneOnline

ရန်ကုန် – မန္တလေး အမြန်လမ်းမတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား ဖမ်းဆီးရမိ စက်တင်ဘာ ၈ ရက် ရန်ကုန
ရန်ကုန် – မန္တလေး အမြန်လမ်းမတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား ဖမ်းဆီးရမိ စက်တင်ဘာ ၈ ရက်   ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) မိုင်အနီးတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   ဖြစ်စဉ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ နေထိုင်သည့် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို (၃၄ နှစ်)ထံ အမျိုးသားတစ်ဦးက နေပြည်တော်မှ မိတ္တီလာသို့ ကားငှားခဲ့သဖြင့် သွားရောက်ပို့ဆောင်စဉ် စက်တင်ဘာ ၆ ရက် ညနေပိုင်း အချိန်တွင် မိဘများက ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားသူမှာ ၎င်းတို့၏ သားအသံ မဟုတ်ဘဲ အခြား အမျိုးသားတစ်ဦးမှ ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း၊ ထိုနောက် ဖုန်းအား စက်ပိတ်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိဘများမှ မိတ္တီလာမြို့ ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ထို့နောက် ညနေ ၅ နာရီခွဲကျော်တွင် အမြန်လမ်း မိုင်တိုင် (၂၇၉/၁) အနီး လမ်းဘေး ပေ ၃၀၀ ကျော်အကွာ၌ ဦးခေါင်းနှင့် မျက်လုံးတို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် (၃၀)ဝန်းကျင် အမျိုးသား အလောင်းအား နွားကျောင်းသားတစ်ဦးမှ တွေ့ရှိခဲ့ဖြင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဝင်းကို ၃၄ နှစ် ဖြစ်သူသည် အတည်ပြုနိုင်ကြောင်း သိရသည်။   သေဆုံးသူမှာ ဦးခေါင်းခွံ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ သေဆုံးသူ၏ 9Q/4825 Hyundai Accent ကားအဖြူရောင်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။   ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်သူမှာ အသက် (၂၀)ကျော် အရွယ်ရှိ ရဲရင့်အောင် ဆိုသူဖြစ်ပြီး နေပြည်တော်တွင် နေထိုင်သူဖြစ်ကြောင်း၊ လက်ရှိ မိတ္တီလာမြို့ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ TruthZoneOnline

ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေး
ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရ စက်တင်ဘာ၈ ရက် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ကြို့တန်းကျေးရွာတွင် ယ မန်နေ့(စက်တင်ဘာ၇ရက်)ည၁၁နာရီခွဲခန့်ကတောင်ကျရေစီဆင်းမှုကြောင့် လူနေအိမ်များ၊ ခြံစည်းရိုများ၊ လမ်းများပျက်စီးခဲ့သည့်အပြင်ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရသည့်ဟု လူမှုကရုဏရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ တောင်ပေါ်ဒေသတွင်မိုးများပြီးတောင်ကျရေစီးဆင်းမှုများလာပြီးရေတားကာထားသည့်တာဘောင်ပျက်စီးကါပျဥ်းမနားမြို့၊လှေခွင်းတောင်အရှေ့ဘက်၊ ကတို့ဆိပ်ကျေးရွာအုပ်စုကြို့တန်းကျေးရွာအတွင်းသို့ ရေစီးဆင်းမှုအရှိန်ဖြင့်ဝင်ရောက်ခဲ့သည့်တွက် ကျေးရွာအတွင်းလူထိခိုက်မှုမရှိသော်လည်းပျက်ဆီးမှုများပြားခဲ့ကြောင်းသိရသည်။ ကြို့တန်းကျေးရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့်ကျေးရွာအတွင်းရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းများကသွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ TruthZoneOnline

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြေ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။   ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက် ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံဖြိုး တိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ TruthZoneOnline

ညောင်တုန်း၌ ကားတစ်စီး ကုက္ကိုပင်ဝင်တိုက် နှစ်ဦးသေဆုံး စက်တင်ဘာ ၈ ရက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ ၇ ရ
ညောင်တုန်း၌ ကားတစ်စီး ကုက္ကိုပင်ဝင်တိုက် နှစ်ဦးသေဆုံး စက်တင်ဘာ ၈ ရက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ ၇ ရက် ညနေပိုင်းက အိမ်စီးကားတစ်စီး လမ်းချော်ပြီး ကုက္ကိုပင်ကို ဝင်တိုက်ခဲ့ရာ ကားပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ပုသိမ်ဘက်မှရန်ကုန်ဘက်ကို မောင်းနှင်လာသော TOYOTA MARK ll အဖြူရောင်ယာဉ်သည် လမ်းချော်ပြီး လမ်းဘေး ကုက္ကိုပင်ကို ဝင်တိုက်မိခဲ့ရာယာဉ်ပေါ်ပါ အမျိုးသားနှစ်ယောက် သေဆုံးခဲ့သည်။ သေဆုံးသူရုပ်အလောင်းများကို  သစ္စာရှင် လူမှုကယ်ဆယ်ရေးအသင်းကညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြာင်း သိရသည်။ TruthZoneOnline

တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ် မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တ
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ် မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ စက်တင်ဘာ၈ တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ဖိနပ်‌လိုက်ကောက်ရင်းရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။ ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ  စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။ TruthZoneOnline

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ကျေးရွာနေပြည်သူများအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ စက်တင်ဘာ (၈) ရက် စစ်ကို
+5
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ကျေးရွာနေပြည်သူများအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ စက်တင်ဘာ (၈) ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ‌ပန်းရံကျေးရွာ(ခွန်တောင်းကြီး RHC) အုပ်ချုပ်ရေးမှုး၏စီစဉ်မှုဖြင့် ခွန်တောင်းကြီး ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ကျအမျိုးသမီးကျန်းမာရေးဆရာမကြီးနှင့် သားဖွားဆရာမတို့သည် အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ(ပန်းရံ)တွင် ကျေးရွာနေပြည်သူများအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။ ထိုသို့ ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် အခြေခံပညာကျောင်းရှိ ဆရာ၊ ဆရာမများမှ စာရင်းရေးသွင်းခြင်း၊ ဆေးထိုးရာတွင်ကူညီခြင်းများဆောင်ရွက်‌ပေးခဲ့ပြီး အသစ်ထိုးနှံသူ(၂၀၀)ဦး၊ ထပ်ဆောင်းထိုးနှံသူ(၁,၃၀၀)ဦး၊ စုစုပေါင်း(၁,၅၀၀)ဦးအား ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။ TruthZoneOnline

ပဲခူးတိုင်းဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈/၂၀၂၆ ဖွင့်ပွဲတက်ရောက် စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြ
+2
ပဲခူးတိုင်းဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈/၂၀၂၆ ဖွင့်ပွဲတက်ရောက် စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်တို့က သင်တန်းသားများအား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့အပြင် တာဝန်ရှိသူများနှင့် သင်တန်းသားများအတူ နံနက်စာသုံးဆောင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။ TruthZoneOnline

အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ပုံမှန်ရေကျော်စီးဆင်း၊ ကျေးရွာအချို့တွင် ရေဝင် စက်တင်ဘာ ၈ စက်တင်ဘာ ၇ ရက် ည ၈ နာရီ တိုင်းတာချ
+3
အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ပုံမှန်ရေကျော်စီးဆင်း၊ ကျေးရွာအချို့တွင် ရေဝင် စက်တင်ဘာ ၈ စက်တင်ဘာ ၇ ရက် ည ၈ နာရီ တိုင်းတာချက်အရ အောက်ပေါင်းလောင်းတမံ ရေပိုလွှဲပေါ်ရှိ HED ၁၄ ချပ် လှဲထားပြီး ရေအမြင့် ၄ ဒသမ ၅၉ ပေဖြင့် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိကြောင်း သိရသည်။ နဝင်းချောင်းရေကြောင့် ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။ ကြို့တန်းကျေးရွာရှိ အနိမ့်ပိုင်းတွင် ၂ ပေခန့်၊ အမြင့်ပိုင်းတွင် ၁ ပေခန့်နှင့် သာယာစုကျေးရွာတွင် ၁ ပေခန့် ရေဝင်ရောက်နေသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပစ္စည်းများကို မြင့်မားသည့်နေရာများသို့ ရွှေ့ပြောင်းထားရှိခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။ TruthZoneOnline