en
Feedback
ALL in ONE

ALL in ONE

Open in Telegram

Welcome to my world

Show more
6 297
Subscribers
No data24 hours
-337 days
-16530 days
Posts Archive
Bh.....ool Bhu.....lai.....yaa 3 (2024) HD အကြည်ရပါပီ

Bh.....ool Bhu.....lai.....yaa 3 (2024) HD အကြည်ရပါပီ အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမ
Bh.....ool Bhu.....lai.....yaa 3 (2024) HD အကြည်ရပါပီ အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။ အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာ သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။

Gan.....apath (2023)

Gan......apath (2023) Genre: Action, Thriller တိုက်ဂါးမင်းသားကြီးရဲ့ အသစ်ထွက်လာတဲ့ သိုင်းအက်ရှင်ကားကြီးကို မြန်မာစာတန်းထိုး တ
Gan......apath (2023) Genre: Action, Thriller တိုက်ဂါးမင်းသားကြီးရဲ့ အသစ်ထွက်လာတဲ့ သိုင်းအက်ရှင်ကားကြီးကို မြန်မာစာတန်းထိုး တင်ပေးလိုက်ပါတယ်။ Review အနေနဲ့ အရမ်းကောင်းကောင်းရမထားဘဲ ကိုယ်ချစ်တဲ့ မင်းသားကြီးမို့ အားပေးကြရမှာပါပဲ။ ဇာတ်လမ်းကတော့ ရှေးအခါက ဒစ်စတိုပီယံမြို့ကို မညှာမတာ ရက်စက်အုပ်စိုး‌ သော အင်ပါယာကြီးကို ဖြုတ်ချဖို့ တိုက်ဂါးကြီး Ganapath ဟာ မစ်ရှင်တစ်ခုကိုစ စတင်ခဲ့ပါတော့တယ်။ အင်ပါယာကြီးကို ဆန့်ကျင်ရင်း သိုင်းကွက်နင်းပြီး ဖိုက်တင်ခင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Ganapath ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။ ဒီတော်လှန်ရေးအတွင်း ဇာတ်ကောင်အများစုနဲ့တွေ့ပြီး စိတ်၀င်တစားကြည့်ရမှာမို့ အများကြီးမညွှန်းတော့ပါဘူး။ တိုက်ဂါးကြီးရဲ့ကားမို့ ကြည့်လိုက်ကြပါဦး

The Twilight Saga: Breaking Dawn ~2 (2012) ====================

The Twilight Saga: Breaking Dawn-Part(2 )2012 Twilight Franchise ရဲ့နောက်ဆုံးကားဖြစ်တဲ့ Breaking Down Part 2 ကတော့ ရှေ့ကားတွေ
The Twilight Saga: Breaking Dawn-Part(2 )2012 Twilight Franchise ရဲ့နောက်ဆုံးကားဖြစ်တဲ့ Breaking Down Part 2 ကတော့ ရှေ့ကားတွေမှာတစ်ချိန်လုံး အစပျိုးလာခဲ့တဲ့ ကာလန်မိသားစုနဲ့ ဗော်လ်တာရီရဲ့ကြားကတိုက်ပွဲပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ရန်နက်စမီလေးကိုမွေးဖွားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဘယ်လာဟာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြန်လည်ရှင်သန်လာခဲ့ပြီး ကာလန်မိသားစုရဲ့ တရားဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ပြဿနာရဲ့အစကတော့ ရန်နက်စမီရဲ့တည်ရှိမှုကို ဗော်လ်တာရီကသိသွားခဲ့တာဖြစ်ပြီး သမိုင်းမှာတစ်ခါမှမရှိဖူးတဲ့ တည်ရှိမှုတစ်ခုအနေနဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို အန္တရာယ်ပေးလာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတူ ကာလန်မိသားစုကိုရှင်းပစ်ဖို့ရောက်လာပါတော့တယ် ဒီစစ်ပွဲက ဒီဇာတ်ကားရဲ့အနှစ်ပဲမို့ စစ်ပွဲအကြောင်းကိုတော့ ဘာမှမပြောတော့ပါဘူးဗျာ နာမည်ကြီး Franchise တစ်ခု ဘယ်လိုလှလှပပအဆုံးသတ်သွားမလဲဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦးနော်

The Twilight Saga: Breaking Dawn ~1 (2011) ===================

The Twilight Saga: Breaking Dawn–Part(1)2011 Twilight:Breaking Down Part 1 ကတော့ ဇာတ်ကားအားလုံးထဲမှာ Action ခန်းအနည်းဆုံးဆိုပ
The Twilight Saga: Breaking Dawn–Part(1)2011 Twilight:Breaking Down Part 1 ကတော့ ဇာတ်ကားအားလုံးထဲမှာ Action ခန်းအနည်းဆုံးဆိုပေမဲ့ Drama အများဆုံးလို့ပြောရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာဆို‌ရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အက်ဒ်ဝက်နဲ့ ဘယ်လာရဲ့ မင်္ဂလာပွဲနဲ့ ဇာတ်လမ်းကိုအစချီထားပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို အများကြီးတွေ့ရမှာပါ မင်္ဂလာပွဲအပြီး ဟန်းနီးမွန်းမှာပဲ ဘယ်လာ့မှာကိုယ်ဝန်လွယ်ထားရတာကို သိလိုက်ရပြီး ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အတွက် အားလုံးခေါင်းခြောက်ရပါတော့တယ် တစ်ဖက်မှာလည်း ဘယ်လာ့အတွက် အရာအားလုံးနဲ့ရင်ဆိုင်မယ်ဆိုတဲ့ ဂျေကော့ဗ်အနေနဲ့ သူ့ဝံပုလွေအုပ်နဲ့ ပြဿနာတွေတက်၊ လမ်းခွဲတွေရောက်လာပါတော့တယ် ဘယ်လာ့ ဗိုက်ထဲကကလေးလေးက အသက်ရှင်ပါ့မလား… လူသားလေးလားဗန်ပိုင်းယားလေးလား ဘယ်လာကိုယ်တိုင်ရောအသက်ရှင် နိုင်ပါ့မလား…? တစ်ဖက်မှာ ဂျေကော့ဗ်နဲ့သူ့အဖွဲ့ရဲ့ အနာဂတ်ကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ

The Twilight Saga: Eclipse (2010) ===============

The Twilight Saga: Eclipse (3)2010 The Twilight Saga:Eclipse ကိုတော့ မြန်မာလိုမပြီးဆုံးသေးတဲ့ရန်ကြွေးလို့ပဲ နာမည်တပ်ရမယ်ထင်ပါ
The Twilight Saga: Eclipse (3)2010 The Twilight Saga:Eclipse ကိုတော့ မြန်မာလိုမပြီးဆုံးသေးတဲ့ရန်ကြွေးလို့ပဲ နာမည်တပ်ရမယ်ထင်ပါတယ်။ Twilight Franchise မှာ တတိယမြောက်ထွက်ရှိလာတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ဆောင်တွေလည်းမပြောင်းမလဲပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကကျောရိုးအနေနဲ့ ဆီရာတယ်က မြင့်တက်လာတဲ့လူ Thayမှု၊လူပျောက်မှုတွေနဲ့အတူ သွေးစုပ်ဖုတ်ကောင်လက်သစ်တပ် တစ်တပ် ပေါ်ထွန်းလာတာကိုမြင်ရမှာဖြစ်ပြီးသူတို့ရဲ့အဓိကပစ်မှတ်ကတော့ ကာလန်မိသားစုပဲဖြစ်ပါတယ်။ ဘာကြောင့် သူတို့က ကာလန်မိသားစုကို တိုက်ခိုက်ချင်ရတာလဲ ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲရဲ့အဆုံးသတ်က ဘာလဲဆိုတာ‌ကိုတော့ ဇာတ်ကားထဲမှာပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Loveline အနေနဲ့ကတော့ အက်ဒ်ဝက်နဲ့ ဂျေကော့ဗ်ကြားမှာ ဗျာများပြီးစိတ်နှစ်ခွဖြစ်နေတဲ့ ဘယ်လာကိုမြင်ရမှာဖြစ်ပြီး Symbolism အနေနဲ့Fire And Ice ဆိုတဲ့ အင်္ဂလိပ်ကဗျာလေးကို ဇာတ်လမ်းအစမှာ ဘယ်လာ ကရွတ်နေတာကို တွေ့ရမှာပါ ဒီကားကိုကြည့်မဲ့သူတွေအနေနဲ့ အရှေ့ကားတွေလည်း ကြည့်ပြီး ကြလောက်ပြီမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။ ပြောစရာမလိုလောက်အောင်လည်း ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားမို့ ဇာတ်ကားလေးကြည့်ပြီး အပန်းဖြေအနားယူလိုက်ကြပါဦးခင်ဗျာ....

The Twilight Saga: New Moon (2009) ==============

The Twilight Saga: New Moon (2)2009 Twilight ရဲ့ဒုတိယဇာတ်ကားဖြစ်ပြီး ဒီကားမှာဆိုရင်တော့ အက်ဒ်ဝက်ထားသွားတာကြောင့်အသဲကွဲနေတဲ့ ဘ
The Twilight Saga: New Moon (2)2009 Twilight ရဲ့ဒုတိယဇာတ်ကားဖြစ်ပြီး ဒီကားမှာဆိုရင်တော့ အက်ဒ်ဝက်ထားသွားတာကြောင့်အသဲကွဲနေတဲ့ ဘယ်လာနဲ့ဘယ်လာ့ ကိုတစ်ဖက်သတ်ကြိတ်ချစ်နေတဲ့ သမန်းဝံပုလွေလေး ဂျေကော့ဗ်တို့ကြားက ပတ်သက်ဆက်နွယ်မှုတချို့နဲ့ ဂျေကော့ဗ်တို့မျိုးနွယ်အကြောင်း  ဒုတိယဇာတ်ဆောင်ဂျေကော့ဗ်အကြောင်း ရိုက်ပြထားတာဖြစ်ပြီး အက်ဒ်ဝက်ရဲ့အခန်းကတော့အများကြီးပါဝင်လာမှာမဟုတ်ပါဘူး ဂျေကော့ဗ်အဖြစ်သရုပ်ဆောင်သူ တေလာဆွစ်ဖ်ရဲ့ရည်းစားဟောင်း တေလာလော့တနာက Twilight ထွက်ထွက်ချင်းမှာလည်း မိန်းကလေးတွေအများကြီးရဲ့အသည်းကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပြီး Second Lead Syndrome တောင်ရစေခဲ့တဲ့သူမို့ ဂျေကော့ဗ် အခန်းတွေအများကြီးပါတဲ့ ဒီဇာတ်ကားကကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ

Twilight (2008) =============

Twilight (1)2008 ၂၀၀၈ ခုနှစ်မှာစထွက်ခဲ့တဲ့ Twilight ဇာတ်ကားတွဲတွေဟာ မင်းသားမင်းသမီးတွေရဲ့Visual ကြောင့်ရော Romantic ဖြစ်လွန်း
Twilight (1)2008 ၂၀၀၈ ခုနှစ်မှာစထွက်ခဲ့တဲ့ Twilight ဇာတ်ကားတွဲတွေဟာ မင်းသားမင်းသမီးတွေရဲ့Visual ကြောင့်ရော Romantic ဖြစ်လွန်းတဲ့ဇာတ်အိမ်ကြောင့်ရော သိပ်ကိုနာမည်ကြီးသွားခဲ့တဲ့Franchiseပဲ ဖြစ်ပါတယ် ကျွန်တော်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Memory Card လေးထဲကူးထည့်ပြီး သိမ်းထားခဲ့ရတဲ့ကားလေးပါ ဆယ်စုနှစ်တစ်ခုကြာမှ ပြန်ကြည့် ဖြစ်တဲ့အချိန်မှာလည်း ပျင်းစရာကောင်းတယ်၊ ကလေးဆန်လွန်းတယ်ဆိုတဲ့ ခံစားချက်မျိုးရမနေဘဲ ဇာတ်ကောင်နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ပိုပြီးမြင်လာရတာမို့ ဘာသာပြန်နေရင်းအမှတ်ပြည့်ပေးမိတဲ့ကားမျိုးပါပဲ ဇာတ်လမ်းလေးကတော့... ဖော့ခ်စ်လို့ခေါ်တဲ့ ရာသီဥတုအမြဲအုံ့မှိုင်းနေတဲ့ မြို့ငယ်လေးကိုပြောင်းလာတဲ့ ဘယ်လာ ဆိုတဲ့လူသားကောင်မလေးနဲ့ အက်ဒ်ဝက်ဆိုတဲ့ ဗန်ပိုင်းယား တစ်ကောင်ကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးပျင်းစရာကောင်းမသွားအောင် အတက်အကျ ဘဝချင်းမတူကြပေမဲ့ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ မြင်သာထင်သာရှိအောင်ရိုက်ကူးပြထားတာမို့ မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ရင်း၊ကြည့်ပြီးသားသူတွေလည်း တစ်ခေါက်ထပ်နွှေးရင်း ဒီRomantic Movieလေးကို ခံစားကြည့်ရှုလိုက်ကြပါဦးနော်

The Singer (2020)

The Singer (2020) ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီး ချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီ
+4
The Singer (2020) ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီး ချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီး အသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိသားစုလေးဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ် ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကို ပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီး ဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ ဇနီးဖြစ်သူကိုရော ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး ..

6/45 (2022)

6/45 (2022) 💥မြန်မာစာတန်းထိုး💥
6/45 (2022) 💥မြန်မာစာတန်းထိုး💥

စီးလာတဲ့လေယာဉ်ဟာ ပင်လယ်ထဲပြုတ်ကျရုံသာမက ငါးမန်းတိုက်ခိုက်တာပါခံရသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ No Way Up (2024) မြန်မာစာတန်းထိုး လတ
စီးလာတဲ့လေယာဉ်ဟာ ပင်လယ်ထဲပြုတ်ကျရုံသာမက ငါးမန်းတိုက်ခိုက်တာပါခံရသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ No Way Up (2024) မြန်မာစာတန်းထိုး လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။