en
Feedback
[ THS ] Cartoon Channel

[ THS ] Cartoon Channel

Open in Telegram

For My (Kg Ma Lay)❤

Show more
5 058
Subscribers
No data24 hours
No data7 days
-4230 days
Posts Archive
Stopmotion (2023)

Stop-motion အန်နီမေးရှင်းဆိုတာကတော့ ပုံမှန်အန်နီမေးရှင်းကားတွေနဲ့မတူပဲ အပြင်မှာအရုပ်ကလေးတွေကိုဖန်တီးပြီး သူတိုရဲ့လှုပ်ရှားမှုပုံစံလေးတွေကို တစ်ဆင့်ချင်းရွှေ့ပြီး တစ်ပုံချင်းဓါတ်ပုံရိုက်ကာ စိတ်ရှည်လက်ရှည်ပုံဖော်ရတဲ့ အန်နီမေးရှင်းရုပ်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ stop-motion ဖန်တီးသူလေးအယ်လာဟာ မိခင်ဖြစ်သူကိုကူညီရင်း ရောဂါအခြေအနေကြောင့်မိခင်ဖြစ်သူရဲ့တာဝန်တွေတစ်ခုလုံး သူ့ရဲ့ပုခုံးပေါ်ကိုကျရောက်လာပါတော့တယ်။ ရုပ်ရှင်အတွက်အိုင်ဒီယာတွေမထွက်နေတုန်း အိမ်နီးချင်းကောင်မလေးရဲ့အိုင်ဒီယာတွေလွှမ်းမိုးခံရကာ မလုပ်သင့်တဲ့ဖန်တီးမှုတွေကိုလုပ်မိပြီး အခြေအနေတွေဟာထိန်းမနိုင်သိမ်းမရဖြစ်လာတာကိုရှုစားရမှာပါ။ အနုပညာရှင်တစ်ယောက်ရဲ့အနုပညာအပေါ်ရူးသွပ်စွဲလန်းမှုအကြောင်းကိုပုံဖော်ထားပြီး ဘယ်လောက်ထိကြောက်မက်ဖွယ်ရာကောင်းကြောင်းကိုလည်း သွေးသံတရဲရဲနဲ့ရက်ရက်စက်စက်သရုပ်ဖော်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Rating အနေနဲ့ IMDb 5.8 နဲ့ Rotten Tomatoes 88% ရထားတာကြောင့် အတော်အသင့်ကောင်းမွန်တဲ့ horror ကားတစ်ကား‌ဖြစ်လို ကြည့်ရှုခံစားလိုက်ကြပါဦး။

Stopmotion (2023)
Stopmotion (2023)

LEGO Jurassic Park: The Unofficial Retelling (2023) ဒီ Lego Short Movie လေးကတော့ ၁၉၉၃ တုန်းက ထွက်ရှိခဲ့တဲ့ Jurassic Park ကို
LEGO Jurassic Park: The Unofficial Retelling (2023)
ဒီ Lego Short Movie လေးကတော့ ၁၉၉၃ တုန်းက ထွက်ရှိခဲ့တဲ့ Jurassic Park ကို Lego Version နဲ့ ပြန်လည်ရိုက်ကူးတာဖြစ်ပါတယ် Leog Version ပေမဲ့ IMDB Rating 6.2 တောင်ရရှိထားတာမလို မဆိုးဘူးလို ဆိုရမှာပါ ဇာတ်လမ်းမှာ ဇာတ်ကြောင်းပြောပြတဲ့သူအနေနဲ့ကတော့ အီရန် မလ်ကွန် ကို ထည့်သွင်းထားတာဖြစ်ပါတယ် မူရင်း Version နဲ့ ယှဉ်ကြည့်ရင် မဆိုးလှတဲ့ကားလေးမို ကလေးတွေကိုပြဖို သင့်တော်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ် 

Earwig and the Witch (2020)

Earwig and the Witch (2020) Anime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီးHayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါ Howl’s Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမDiana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကိုရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါOriginal Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ်2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာတမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ်အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ်ဇာတ်လမ်းလေးကတော့1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာအခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီးထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ်‌ဒီကလေး ၁၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ သူဟာဂေဟာတခုလုံးကို သူ့အလိုကျ စီမံနေနိုင်ပြီးတော့အမွေးစားခံချင်တဲ့ဆန္ဒမရှိဘဲ ဒီတိုင်းပဲ နေရတာ ပျော်ရွှင်နေပါတယ်တရက်မှာတော့ ကလေးမွေးစားဖို့လာတဲ့ စုံတွဲတတွဲကသူ့ကိုမှ မျက်စိကျပြီး မွေးစားဖို့ ရွေးလိုက်ပါတယ် ဖြစ်ချင်တော့မွေးစားတဲ့သူတွေက စုန်းစုံတွဲဖြစ်နေတာပါပဲဒီလိုနဲ့ earwig တယောက် မွေးစားမိဘအိမ်လိုက်သွားရပြီးအဲ့အိမ်မှာ သူဗိုလ်ကျနိုင်အောင် ဘယ်လိုကြံစည်ကြိုးစားမလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ

Earwig and the Witch (2020)
Earwig and the Witch (2020)

The Bad Guys: A Very Bad Holiday (2023)

The Bad Guys: A Very Bad Holiday (2023) ဇာတ်ကားလေးကတော့ ခရစ်စမတ် မနက်ခင်းမှာ ဓားပြမှုကြီးကျူးလွန်ကြမဲ့ လူဆိုးကြီးများအကြောင်း ဟာသလေးနှောပြီးရိုက်ပြထားတဲ့ Animation ဇာတ်လမ်းတိုလေးပါပဲ……ဝံပုလွေကြီးရယ်၊ ငါးမန်းကြီးရယ်၊ မြွေကြီးရယ်၊ ပုတ်သင်ညိုကြီးရယ်၊ ပင့်ကူလေးရယ် ၅ယောက်သား ခရစ်စမတ်နေ့ တမြို့လုံး ပွဲတော်လုပ် နားကြမဲ့အချိန်မှာ ဓားပြမှုကြီးကျူးလွန်ကြမယ်လို့ တိုင်ပင်ထားကြရင်း အဲဒီနေ့မတိုင်ခင်မှာပဲ တမြို့လုံးက စွဲလန်းနေကြတဲ့ ဘစ်နစ်ဆိုတဲ့ ဆန်တာကလော့ မိုးပျံပူဖောင်းကြီးကို မထင်မှတ်ဘဲ ဖျက်ဆီးလိုက်မိတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးလို့……

The Bad Guys: A Very Bad Holiday (2023)
The Bad Guys: A Very Bad Holiday (2023)

Kung Fu Panda 4 (2024)

ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Kung Fu Panda 4 (2024)
Kung Fu Panda 4 (2024)

Kung Fu Panda 4 (2024)

Kung Fu Panda 4 (2024) လူတိုင်းသိကြတဲ့ ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရာအသစ်ဖြစ
Kung Fu Panda 4 (2024) လူတိုင်းသိကြတဲ့ ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရာအသစ်ဖြစ်လာမှာဖြစ်ပြီး ဆရာအသစ်မဖြစ်ခင်မှာ သူ့ရဲ့နဂါးသူရဲကောင်းနေရာကိုဆက်ခံဖို့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးရမှာမလို့ တပည့်ရှာရင်း အရည်အချင်းရှိတဲ့ မြေခွေး​လေး ဂျန် ကိုတွေ့ပေမဲ့ အဲ့ဒီမြေခွေးလေးက ပိုကို သူ့ဆရာအဖြစ်မသတ်မှတ်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ... မှော်အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ The Chameleon ဆိုတဲ့ ပုတ်သင်ညိုတစ်ကောင်က အတိတ်က Tai Lung, Lord Shen နဲ့ Kai တို့လို လူဆိုးကြီးတွေကို ပြန်ခေါ်နိုင်တဲ့ထိစွမ်းအား​ကြီးလာတဲ့အခါ သူ့ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုအရေးတကြီးလိုအပ်လာတာကြောင့် ပိုနဲ့ ဂျန် တို့ဟာ တောင်ကြားမြို့ကနေစွန့်ခွာပြီး ပထမဆုံးအကြိမ် ဒုစရိုက်မြို့တော်ဆီကို အတူထွက်လာတဲ့အခါ ဘာတွေနဲ့ကြုံလာရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှူသွားရမှာဖြစ်ပါတယ်။

Chhota Bheem Mahashaitaan Ka Mahayudh (2023)

Chhota Bheem Mahashaitaan Ka Mahayudh (2023) မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက
Chhota Bheem Mahashaitaan Ka Mahayudh (2023) မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…….. ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

The Magic Roundabout (2005)

The Magic Roundabout (2005) ကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout :The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချိုအရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကိုဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီကသကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီးသွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်းခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီးဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီးထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကိုသူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကိုဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေကဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကာတွန်းကားလေးပဲဖြစ်ပါတယ်။

The Magic Roundabout (2005)
The Magic Roundabout (2005)