Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)
Open in Telegram
Aim at Japanese knowledge Sharing 🇯🇵 Non-professional BUT Still learning
Show more894
Subscribers
+324 hours
+417 days
+12030 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+57
in 0 channels
November '24
+89
in 0 channels
Get PRO
October '24
+70
in 0 channels
Get PRO
September '24
+165
in 0 channels
Get PRO
August '24
+817
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 21 December | +2 | |||
| 20 December | +2 | |||
| 19 December | +2 | |||
| 18 December | +1 | |||
| 17 December | +2 | |||
| 16 December | +2 | |||
| 15 December | +3 | |||
| 14 December | +4 | |||
| 13 December | +2 | |||
| 12 December | 0 | |||
| 11 December | +9 | |||
| 10 December | +1 | |||
| 09 December | 0 | |||
| 08 December | +9 | |||
| 07 December | 0 | |||
| 06 December | +2 | |||
| 05 December | +9 | |||
| 04 December | 0 | |||
| 03 December | +4 | |||
| 02 December | +1 | |||
| 01 December | +2 |
Channel Posts
ဒီနေ့ ことわざ ရက် ၃၀ challenge လေးပြီးသွားပါပြီ။ အဆုံးထိလိုက်ပါပေးတဲ့ မိနစံတို့ ပင်ပန်းသွားကြပြီ N1 ရဲ့ စကားပုံ တစ်ချို့ကို သိသွားကြပါပြီ မိနစံက 💜
မကျက်ရသေးတဲ့သူတွေကလည်း pin ထောက်ပြီး တစ်ခုချင်းစီ မှတ်သွားပါနော်
နောက်နေ့တွေမှာ ဘယ်လိုအကြောင်းရာတွေ တင်ပေးစေချင်တယ်ဆိုပြီး ကိုယ်သိချင်တဲ့ဟာလေးတွေကို comment မှာ မန့်ခဲ့လို့ရပါတယ် 🥰
おやすみなさい
みんな🌌✨
| 2 | 🎌 ဂျပန် to ဂျပန် ရှင်းပြချက်လေးတွေနဲ့ အဓိကမှတ်ပေးပါ မိန
1.胸に刻む(むねにきざむ) / 心に刻む(こころにきざむ)=ရင်ထဲစွဲနေအောင်မှတ်ထားသည်
胸(むね) = ရင်ဘတ်
心(こころ) = နှလုံးသား
刻む(きざむ) =ထွင်းထုသည်
意味-しっかりと記憶にとどめて、忘れまいとする。
今日の 悔しい思い(くやしいおもい)を、しっかりと胸に刻んだ。
ဒီနေ့မခံချိမခံသာဖြစ်သွားတဲ့ခံစားချက်ကို သေချာလေးမှတ်ထားသည်။
❗胸にきざむ နဲ့ တူတဲ့စကားပုံလေးတစ်ခုရှိပါတယ် ။ မိနစံတို့သိပြီးသားပါဘယ်စကားပုံပါလိမ့် comment မှာ ဖြေပေးသွားပါနော် 🤔
2.胸をなでおろす = စိတ်အေးသွားသည်
မိနစံ ဒါလေးရော ဘယ်စကားပုံနဲ့ တူတာပါလိမ့်နော် 🤔
意味-心配することが終わったりなくなったりして、ほっとする。
やっと娘の就職(しゅうしょく)が決まって胸をなで下ろしました。
နောက်ဆုံးတော့ သမီးလေးရဲ့ အလုပ်ကသတ်မှတ်ပြီးတဲ့အတွက် စိတ်အေးသွားသည်။
3.胸を張る(むねをはる) = ယုံကြည်ချက်ရှိသွားသည်
意味-自信を持って 得意になる。
優勝(ゆうしょう)したので胸を張って帰ることができます
အနိုင်ရခဲ့တဲ့အတွက် ယုံကြည်ချက်ရှိရှိနဲ့ အိမ်ပြန်နိုင်ခဲ့တယ်။
4.胸騒ぎ(むなさわぎ)=စိတ်လေးသည်
騒ぎ(さわぎ) = ဆူညံခြင်း
ရင်ဘတ်ကြီးတစ်ခုလုံး ဆူပွတ်လောရိုက်နေတာဆိုတော့ စိတ်လေးတာပါ။
意味-よくないことが起こるような感じがして心が穏やかでないこと。
胸騒ぎがしたので、 母に電話をかけた。
မကောင်းတာတစ်ခုခုဖြစ်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေတဲ့အတွက် အမေ့ဆီကိုဖုန်းဆက်ခဲ့တယ်။
お疲れ様💚✨ | 1 793 |
| 3 | Channel ထဲက မိနစံတို့ လက်ရှိသင်ယူနေတဲ့ lvl လေးတွေသိပါရစေ | 440 |
| 4 | 1.腹を決める(はらをきめる) = အခိုင်အမာဆုံးဖြတ်သည်
အလွယ်မှတ်မိဖို့ ဗိုက်(はら) ဆာလို့ မတွေဝေဘဲ ဟော့ပေါ့စားဖို့ ဆုံးဖြတ်လိုက်တယ်(決める)
意味-こうするしかないと、固く決心する。
ついに 社長も腹を決めたようだ。
နောက်ဆုံးမှာ သူဌေးလည်း အခိုင်မာဆုံးဖြတ်လိုက်တဲ့ပုံပဲ။
2.腹を割る(はらをわる) = စိတ်ရင်းအတိုင်းအမှန်ကို ဖွင့်ဟပြောသည်
အလွယ်မှတ်ချင်ရင် ဗိုက်ကြီးကိုခွဲပြီး စိတ်ရင်းအတိုင်းပြောတော့မယ်။
意味-本当の気持ち。考えを話す。
腹を割って話し合おう。
စိတ်ရင်းအတိုင်း ပြောဆိုကြရအောင်။
お疲れ様💚✨ | 2 307 |
| 5 | 1.肩を持つ(かたをもつ) = သူ့ဘက်လိုက်သည်၊သူ့ဘက်ပါသည်
ပုခုံးလေးကို သူ့ဘက်ရွေ့လိုက်တဲ့အတွက် ဘက်လိုက်တာကို ပြောတာပါ။
意味-片方の見方をする。
肩を持つつもりはないけど,彼の言っていることは正しいよ。
ဘက်လိုက်ဖို့ စိတ်ကူးမရှိပေမဲ့ သူပြောတာက မှန်တယ်လေ။
2.肩の荷が下りる(かたのにがおりる) = စိတ်ပေါ့ပါးသွားသည်
ပုခုံးပေါ်က အထုပ်ကြီးကျသွားတော့ စိတ်ပေါ့ပါးသွားတာပေါ့။
意味-責任などから解放されて、安心する。 楽になる。
やっと スピーチも終わって肩の荷が下りた。
နောက်ဆုံး speech လည်းပြီးသွားတော့ စိတ်ပေါ့ပါးသွားပြီ။
お疲れ様💚✨ | 1 587 |
| 6 | 1.首を傾げる(くびをかしげる)=မရှင်းသလိုဖြစ်သည်၊နားမလည်သလိုဖြစ်သည်၊သံသယ၀င်သည်
傾げる = တိမ်းစောင်းသည်
နားမလည်တဲ့အခါမှာ ခေါင်းကိုတစ်ဖက်စောင်းသလို ပုံစံမျိုးဖြစ်တာကြောင့် ဘာသာပြန်အတိုင်းမှတ်ရုံပါပဲ
意味-疑問に思う。
不思議そうに、彼女は首をかしげた。
ထူးဆန်းတဲ့ပုံစံမျိုးနဲ့ သူမကနားမလည်သလိုဖြစ်ခဲ့တယ်။
2.首を横に振る(くびをよこにふる) =သဘောမတူ၊ငြင်းဆန်သည်
လည်ပင်းလေးကို ဘေးနှစ်ဖက်ရမ်းလိုက်တဲ့ပုံစံလေးက ငြင်းတယ်ဆိုတဲ့အတွက် ဘာသာပြန်လေးအတိုင်းမှတ်ရုံပါပဲ။❗ 聴解မှာ ပါတတ်လို့သေချာလေမှတ်ထားပါ။ သူ့ရဲ့ဆန့်ကျင်ဘက်က首を縦に振る(くびをたてにふる)ပါ။ လည်ပင်းလေးကို ဒေါင်လိုက်ရွှေ့တော့ သဘောတူသည် ဆိုတဲ့အဓိပ္ပာယ်ပါ။
意味-賛成しない 納得できない。広く 否定の意味を表す。
空いてる席がないか、 彼が見に行ったけどすぐに首を横に振った。
လွတ်နေတဲ့ထိုင်ခုံရှိလားဆိုပြီး သူကသွားကြည့်ခဲ့ပေမယ့်ချက်ချင်းပဲငြင်းခဲ့သည်။
3.首を突っ込む(くびをつっこむ) = စိတ်၀င်တစားလုပ်ဆောင်သည်/၀င်ပါသည်
突っ込む = တစ်ခုခုထဲကိုအရှိန်နဲ့ထည့်သည်
လည်ပင်းလေးကို အရှိန်နဲ့လာထည့်တော့ မဆိုင်တဲ့ကိစ္စမှာ၀င်ပါသည်ဆိုတဲ့ マイナスအဓိပ္ပါယ်ရှိသလို စိတ်၀င်တစားလုပ်ဆောင်သည် ဆိုတဲ့ プラス အဓိပ္ပါယ်လည်းရှိပါတယ်။
意味-関心を持ち、その話や出来事に関係する。
彼はどんな話にでも首を突っ込もうとする。
သူကဘာအကြောင်းပဲဖြစ်ဖြစ် စိတ်၀င်တစားလုပ်ဆောင်ဖို့လုပ်တယ်။
お疲れ様💚✨ | 1 153 |
| 7 | New Video💚
"てるてる坊主"について知りたい方以下のリンクをクリックしてご覧ください✨
https://youtu.be/OkZH5Yjs7hU?si=Rscsz7PaWDvckGSv | 239 |
| 8 | 1.口が重い = စကားသိပ်မပြောသော၊စကားပြောဖို့၀န်လေးသော
ပါးစပ်က လေးတယ်ဆိုမှတော့ စကားပြောဖို့၀န်လေးသွားတာ
意味-あまり話さない、 話そうとしない。
彼は、その話になると口が重くなる。
သူက အဲ့အကြောင်းရောက်လာရင် စကားသိပ်မပြောတော့ဘူး။
2.口が滑る(くちがすべる) = နှုတ်မလုံခြင်း
တမင်မရည်ရွယ်ဘဲ ပြောထွက်တာတို့၊ လျှို့ဝှက်ချက်ကို မရည်ရွယ်ဘဲ ပြောထွက်သွားတဲ့အခါမျိုးမှာ သုံးပါတယ်။
❗つい = အမှတ်မထင်
つい နဲ့ အတူတူသုံးလေ့ရှိပါတယ်။
意味-不注意で言ってはいけないことを言う。
つい口が滑って、 原さん(はらさん)が結婚することを言ってしまった。
အမှတ်မထင် ဟရဆန်လက်ထက်မှာကိုပြောထွက်သွားတယ်။
3.口を挟む(はさむ) = ၀င်ပြောသည်၊၀င်ပါသည်
ပါးစပ်ကလေး ကြားညှပ်လိုက်တာဆိုတော့ ၀င်ပြောတာ။❗口を挟むလုပ်တာက တစ်ဖက်သူကို စိတ်မသက်မသာဖြစ်စေလို့ သတိထားပါ။
意味-人の会話に横から入ってきて 何か言う。
田中さんは関係ないのに、すぐ口を挟んでくる。
တနကဆန် ကမဆိုင်ဘဲနဲ့ ချက်ချင်း ကြားဖြတ်ပြောတာ။
4.口が悪い = အပေါက်ဆိုးတာ
ဘာသာပြန်နဲ့ မှန်းလို့ရပါတယ်။❗တဖက်သူစိတ်ထိခိုက်စေမဲ့ စကားတွေလွယ်လွယ်လေးနဲ့ပြောတာကြောင့် ရိုင်းတဲ့ပုံရိပ်ဖြစ်စေပါတယ်။
意味-言い方や 話す内容が粗い。人が嫌がるようなことを平気で言う。
彼は口が悪いからドキドキ きついことを言うけど、いい人ですよ。
သူက အပေါက်ဆိုးတော့ တခါတလေ ကြမ်းကြမ်းတမ်းတမ်းပြောပေမဲ့လူကောင်းပါ။
お疲れ様💜✨ | 947 |
| 9 | 1.息が合う(いきがあう)
အသက်ရှုတာတောင် တူညီလောက်တဲ့အထိကို အားကစားပြိုင်ပွဲမှာ အဖွဲ့သားတွေက စည်းလုံးကြတယ်မလား မိန။ ဒါကြောင့် တက်ညီလက်ညီ၊စိတ်တူကိုယ်တူကို "息が合う" လို့ပြောပါတယ်။
意味-何人かで 一つのことをするときに、気持ちや動きがよく合う。
例文
二人の息のあった見事な(みごとな)踊りに、大きな拍手(はくしゅ)が贈られた(おくられた)。
နှစ်ယောက်သားရဲ့ စည်းလုံးညီညွတ်စွာလုပ်ဆောင်နေတဲ့ စွဲမက်ဖွယ်ကောင်းတဲ့အကမှာသောင်းသောင်းဖြားဖြားလက်ခုပ်တီးအားပေးခဲ့ကြတယ်။
2.息が詰まる(いきがつまる)
တစ်ခုခုကြောင့် စိတ်လှုပ်ရှားတာ ၊ ကြောက်တာ ၊ စိတ်မတည်မငြိမ်ဖြစ်တာတွေကြောင့် အသက်ရှုရတာ တောင် မွန်းကြပ်တဲ့အချိန်တွေရှိတယ်မလားမိန။( ဥပမာ - JLPT ဖြေမဲ့မနက်ဆို )
မွန်းကြပ်သည်၊အသက်ရှုကြပ်တာကို "息が詰まる" လို့ပြောပါတယ်။
意味-緊張やがまんの状態が続いて、息が苦しくなる。
今朝の会議(かいぎ)は重いテーマで、しかも社長も同席(どうせき)したから息が詰まりそうになった。
ဒီမနက် အစည်းဝေးက အရေးကြီးတဲ့ခေါင်းစဉ်နဲ့ ဒါ့အပြင် သူဌေးနဲ့ အတူတူထိုင်ခဲ့ရတာကြောင့် အသက်ရှုရခက်သလိုကို ဖြစ်ခဲ့တယ်။
お疲れ様💜✨ | 917 |
| 10 | 1.鼻が高い
မိနစံတို့ တစ်ခုခုနဲ့ ပတ်သက်ပြီး ဂုဏ်ယူ၀င့်ကြွားတဲ့အခါ နှာခေါင်းလေးက မြင့်တက်နေတဲ့ပုံလေးကို မြင်ယောင်ကြည့်ပါ။ဟဲဟဲ ငါကွ Kizuna ဆိုပြီး(ဥပမာပြောတာ)😁။ ဂုဏ်ယူ၀င့်ကြွားတာကို 鼻が高い(はながたかい) လို့ပြောပါတယ်။ ❗positive အဓိပ္ပာယ်နဲ့ သုံးတာများပါတယ်။ negative ပုံစံနဲ့သုံးတဲ့နောက်တစ်ခုရှိသေးတာကြောင့် သေချာလေးမှတ်ထားပါ။
意味-誇らしく 自慢に思う
子供があんなに優秀だったら、親はさぞかし 鼻が高いだろう。
ကလေးက အဲ့လောက်တော်နေရင် မိဘကသေချာပေါက် ဂုဏ်ယူဝင့်ကြွားလိမ့်မယ်။
2.鼻にかける
တစ်ဖက်သားထက်တော်တာကို ကြွားသည်၊လေလုံးထွားသည်ကို negative အနေနဲ့ကြ 鼻にかける လို့ ပြောပါတယ်။
意味-相手よりも優れていることを自慢し、 嫌な思いにさせる 。
例文
確かにきれいだけど、それを鼻にかけたところがあって、あまり好きじゃない。
သေချာပေါက် လှတယ်ဆိုပေမဲ့ အဲ့ဒါကိုကြွားလေ့ရှိတာကြောင့် သိပ်ပြီးတော့ မကြိုက်ဘူး။
お疲れ様✨💜 | 916 |
| 11 | 1.頭を抱える
မိနစံတို့ တစ်ခုခုကိုစဉ်းစားလို့ အကြပ်ရိုက်တဲ့အခါ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်တဲ့ပုံစံလေးကို ပုံဖော်ကြည့်ပါ။ အဲ့လို ခေါင်းခဲတာ၊ ခေါင်းစားတာကို ဂျပန်လို 頭を抱える(あたまをかかえる) လို့ပြောပါတယ်။ပိုနားလည်အောင် ဂျပန်လိုရှင်းပြချက်လေးပါ ဖတ်ပါနော်။
意味-問題の解決方法が思い浮かばす、 困る。
例文
どうしたらいいのか、頭を抱えているところです。
ဘယ်လိုလုပ်ရင်ကောင်းမလဲ ခေါင်းစားနေတယ်။
---------------------------------------------------
2.頭を冷やす(あたまをひやす)
ဒါလေးက ဘာသာပြန်နဲ့ မှန်းလို့ရပါတယ်။ခေါင်းကိုအအေးခံသည် ဆိုတော့ "ခေါင်းအေးအေးထားသည်" ကိုပြောတာပါ။ စိတ်လှုပ်ရှားတာတို့ ၊ ဒေါသထွက်တဲ့အခါမှာဆို ခေါင်းအေးအေးထားပြီးစဉ်းစားရတဲ့အတွက် 頭を冷やして考える ဆိုပြီးလည်းသုံးပါတယ်။
意味 -興奮した 気持ちを抑えて冷静になる。
例文
少し 頭を冷やした方がいいよ。
နည်းနည်းလောက် ခေါင်းအေးအေးထားတာပိုကောင်းတယ်။
お疲れ様✨💜 | 972 |
| 12 | မိနစံ ဘာလိုလိုနဲ့ challenge လေးပြီးဖို့ 8 ရက်ပဲကျန်ပါတော့တယ် 😱🥳
စာ ကျက်ရတာအဆင်ပြေကြရဲ့လား🙋
ဝါတာရှိ ရှင်းပြတာတွေကြောင့်ပဲ နားလည်ဖို့ ပိုရှုပ်သွားသလား (ဒီတိုင်းမြန်မာပြန်လေးပြောနေရင် ပြီးရောကို သူရှင်းပြလို့ပိုရှုပ်)😅
အဲ့လိုတွေဖြစ်သွားရင် ဝါတာရှိ 本当にすみません🙇
ဖတ်ရတာ အဆင်မပြေတာတို့၊နားမလည်တာတို့ရှိရင် မိန
遠慮なく教えてください💚
ကယ် မနက်ဖြန်ကစပြီး စကားပုံက အခုလို ၁ ခုတည်း မဟုတ်တော့ဘဲ အနည်းဆုံး ၂ ခုကနေ တစ်ချို့ရက်တွေကြ ဒီထက်များမှာကြောင့် ၈ ရက်လေးမှာ နည်းနည်းလေး အားထည့်ပြီး ကြိုးစားလိုက်ကြစို့ မိန😾 ။
どうぞよろしくお願いします🥰
最後まで読んでくれて本当にありがとうございます💜
おやすみなさい🌌✨🌌 | 312 |
| 13 | 23.မေတ္တာရပ်ခံခြင်း၊ပန်ကြားခြင်း
မိနစံကို အရင်ဆုံး မေးခွန်းမေးပါမယ်😁❔
အပင်တစ်ပင်ကို တစ်နေရာကနေတစ်နေရာရွေ့စိုက်တဲ့အခါ အရင်ဆုံး အပင်ကိုအမြစ်ကနေချက်ချင်းဆွဲနုတ်ပါသလား❔
ဆွဲမနုတ်ပါဘူး အပင်ရဲ့အမြစ် မနာအောင် ဘေးနားကမြေကြီးတွေဖယ်တာတို့ကိုကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်ပါတယ်။
ビジネス မှာလည်း အဲ့သလိုပါပဲ ကိစ္စတစ်ခုအဆင်ပြေပြေဖြစ်အောင် အရင်ဆုံး သက်ဆိုင်သူတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိအောင် ကြိုတင်အသိပေးတာတွေလုပ် ဆောင်ခြင်းကို
"根回しをする(ねまわしをする)" ဆိုပြီးသုံးပါတယ်။
ပိုနားလည်အောင် ဂျပန်လိုရှင်းပြချက်လေးပါ ဖတ်ပါနော်။
意味-事がうまく運ぶように事前に関係者の理解や協力を得ておくこと。
例文
その場で面倒なことにならないよう、ちゃんと 根回しをしておいてください。
အဲ့နေရာမှာ စိတ်ရှုပ်စရာတွေမဖြစ်ဖို့ သေချာလေး အသိပေးပန်ကြားတာလုပ်ထားပါ။
お疲れ様🍀✨ | 1 006 |
| 14 | 22.ဘယ်လိုပဲဖြစ်ဖြစ်၊မရမက
ဒါကိုဘယ်လိုပဲဖြစ်ဖြစ်ရအောင်လုပ်မှာ ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုဖော်ပြတဲ့အခါ
"何が何でも(なにがなんでも)"ဆိုပြီး သုံးပါတယ်။どうしても နဲ့ အတူတူပဲဖြစ်လို့ နောက်မှာ ~たい(~ချင်တယ်)ဆိုတဲ့ပုံစံနဲ့သုံးတာများပါတယ်။
例文
今回の試験では、何が何でも合格したい。
ဒီတစ်ခေါက်စာမေးပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲအောင်ချင်တယ်။
お疲れ様🍀✨ | 1 046 |
| 15 | 21.ဖားသည်
ကိုယ့်အကျိုးမြတ်ရဖို့ တဖက်သားကို မြှောက်ပင့်ပြောတာဆို၊ဖားတာကို "胡麻をする(ごまをする)" ဆိုပြီးပြောပါတယ်။
意味-相手に お世辞を言ったりして、自分の利益を得ようとする。
例文
彼は上司にごまをすってばかりで、同僚(
どうりょう)には嫌われている。
သူကအထက်လူကြီးကိုအမြဲတမ်းဖားနေပြီး လုပ်ဖော်ကိုင်ဖက်တွေဆီကမုန်းခံနေရတယ်။
❗ごまをする ကို て form ပြောင်းတဲ့အခါ
ごまをしてမဟုတ်ဘဲ ❌
ごまをすってပါနော် ✅
お疲れ様✨🍀 | 861 |
| 16 | 20.အရာမရောက်သော၊အသေးအဖွဲ့မျှသာ
စကားဝိုင်းမှာ ဒီအကြောင်းက ပြောဖို့တန်ဖိုးမရှိဘူး၊ မတန်ဘူး လို့ပြောချင်တဲ့အခါ "取るに足らない(とるにたらない)" ဆိုပြီးပြောပါတယ်။ပိုနားလည်အောင် ဂျပန်လိုလေးပါဖတ်ပါ။
意味-取り上げるだけの価値がない、つまらない。
例文
この人たちの苦労(くろう)に比べれば、私の苦労なんて、取るに足らないものだ。
ဒီလူတွေရဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းမှုနဲ့ယှဉ်ရင် ငါရဲ့ပင်ပန်းမှုက အသေးဖွဲ့လေးပါ။
お疲れ様✨🍀 | 1 030 |
| 17 | 19.ရှေ့နောက်ညီသည်
ပြောနေတာတွေ ရှေ့နောက်ညီတယ်ဆို
" 辻褄が合う(つじつまがあう) "ဆိုပြီးသုံးပါတယ်။
辻(つじ) = လမ်းဆုံ
🌟 လမ်းစုံ = လမ်းက တစ်ဆယ်ပုံစံဖြစ်နေတာကြောင့် ခန်းဂျီးကို မှန်းလို့ရပါတယ်။
褄(つま)= အစွန်း(ကီမိုနိုရဲ့အောက်ဘက်အနား)
例文
一応(いちおう)辻褄が合っているので、嘘(うそ)をついているわけではないようだ。
လောလောဆယ်သူ့ရဲ့စကားက ရှေ့နောက်ညီနေတဲ့အတွက် လိမ်ပြောနေတာမဟုတ်တဲ့ပုံပဲ။
お疲れ様✨🍀 | 987 |
| 18 | 18.သံယောင်လိုက်သည်၊စကားလမ်းကြောင်းသည်
A နဲ့ B ဆိုတဲ့ လူနှစ်ယောက်စကားပြောနေကြတယ်။ A က စကားတွေပြောနေပြီး နားထောင်နေတဲ့ B ကတော့ ဘာမှလည်းပြန်မပြော တိတ်ဆိတ်နေမယ်ဆိုရင် A ရဲ့စိတ်ထဲမှာ Bကငါပြောတာလည်းစိတ်မ၀င်စားဘူး၊ ပြောနေတာကို နားမထောင်ဘူး ဆိုပြီး စကားဆက်မပြောချင်တော့ဘူး။ သို့ပေမဲ့ B က A ရဲ့ စကားကိုနားထောင်နေပြီး စကား၀ိုင်းလည်းရှေ့ဆက်လာအောင် "အယ် ဟုတ်လား ၊ အဲ့ဒီတော့ သူဘာဖြစ်သွားလဲ၊ သဘောပေါက်ပြီ၊ အဲ့လိုကိုး..." စသည်ဖြင့် ပြောတာကို "相槌を打つ(あいづちをうつ)" လို့ပြောပါတယ်။
例文
彼の話を聞きながら、ただあいづちをうっただけです。
သူပြောနေတာကိုနားထောင်ရင်းနဲ့ စကားလမ်းကြောင်းပေးရုံပါပဲ။
🎧あいづちをうつ ရဲ့ အသုံးနှုန်းလေးတွေကို ဂျပန်လိုပါသိအောင် ဝါတာရှိ အားတဲ့နေ့ကြ YouTube မှာ video တင်ပေးထားပါမယ်နော်။အဆုံးထိဖတ်လာပေးလို့ ありがとうね💌
お疲れ様🍀✨ | 995 |
| 19 | 17.ကုန်သွားသည်
ကိုယ်စုထားတဲ့ငွေတွေကုန်သွားတဲ့အခါ၊ စဉ်းစားစရာ idea ကုန်သွားတဲ့အခါ ၊ပစ္စည်းကုန်သွားတဲ့အခါ 底をつく(そこをつく) ဆိုပြီးသုံးပါတယ်။ なくなるဆိုပြီးမှတ်ထားလည်းရပါတယ်။
意味-使いきって、なくなる。
例文
貯金(ちょきん)も底をついて、電気代(でんきだい)も払えない(はらえない)。
စုထားတဲ့ငွေတွေကုန်သွားပြီး မီတာခတောင်မပေးနိုင်ဘူး။
お疲れ様✨🍀 | 933 |
| 20 | 16.ထင်ထားတဲ့အတိုင်းပဲ
ကိုယ်ထင်ထား၊တွေးထားတဲ့အတိုင်း တကယ့်လက်တွေ့မှာဖြစ်လာတဲ့အချိန် "案の定(あんのじょう)" ဆိုတာလေးကို သုံးပါနော်။
例文
案の定、彼は第一位になった。
ထင်ထားတဲ့အတိုင်းပဲ သူကအဆင့် ၁ ရခဲ့တယ်။
❗過去形 (အတိတ်ကိုဖော်ပြတဲ့ပုံစံ) နဲ့ တွဲသုံးတာများပါတယ်။ အသံထွက်လေး သတိထားပါ
あんのてい❌
あんのじょう✅
お疲れ様🍀✨ | 1 069 |
