en
Feedback
BOLLYWOOD (MV LOVER)

BOLLYWOOD (MV LOVER)

Open in Telegram

ကြော်ငြာများအပ်လိုပါက @Darkworldnobita ကို Hi ပေးပါ

Show more
4 829
Subscribers
No data24 hours
+1497 days
+51130 days
Posts Archive
Welcome to my Channel https://t.me/Moelone

Drama, Thriller IMDb 7.6/10 (6.1K) ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲက မင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကို လက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ် ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်း တစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။ အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကို ရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန် အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ…။ အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား…။ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။

Mili (2022)
Mili (2022)

Ghajini (2008)

Ghajini [2008] IMDb rating (7.3/10) Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည
Ghajini [2008] IMDb rating (7.3/10) Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။ အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Sanak [2021]

Sanak [2021] ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ V
Sanak [2021] ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ် ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။ အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။ မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။ လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆက်ဖြစ်ကြမလဲ၊ လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ

3 idiots မြန်မာစကားပြော

ဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မ
ဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့ သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာ၀န်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မ၀င်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ၀န်ထမ်း ဆရာ၀န် အင်ဂျင်နီယာ ရှေ့နေတွေ အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ အရည်အချင်းတွေ ရှိနေခဲ့တယ်

Chaari 111 (2024) အေးဂျင့်ချာရီ ဇာတ်ကားသစ်ကြီး ===============

IMDb 8.2/10 ဒါရိုက်တာတစ်ဖြစ်လဲ ဟာသသရုပ်ဆောင်မင်းသားကြီး Vennela Kishore ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်စုံထောက်အေးဂျင့်ကားလေး ထွက်ရှိလို့လာပါပြီ IMDb အရလည်းမဆိုးသလို ဇာတ်လမ်းသဘောအရလည်း ဟာသလေးတွေနှောထားတာဖြစ်လို့ အပျင်းပြေကြည့်ရှူဖို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကားပါပဲ အစိုးရဌာနတွေဆိုတာ စည်းမျဉ်းတွေအတိုင်း စာအုပ်ကြီးအတိုင်းလိုက်နာရတဲ့ အဖွဲ့အစည်းတွေပါ အမှုတစ်ခုအဆုံးသတ်ဖို့ဆို လိုအပ်တာထက် ကြာရှည်နေတော့ဝန်ကြီးချုပ်ကနေ တစ်နိုင်ငံလုံးမှာ ၃ယောက်ပဲသိတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ် ဒီအဖွဲ့ရဲ့တာဝန်ရှိသူကတော့ ဗိုလ်မှူးပရာဆပ်ရောင်ဝ် .. စာအုပ်ကြီးတိုင်းလုပ်ဖို့မလိုဘဲ တိကျမှန်ကန် မြန်ဆန်တဲ့နည်းနဲ့ တိတ်တဆိတ်ဖြေရှင်းကြတဲ့ အတော်ဆုံးတွေစုပေါင်းထားတဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုပေါ့ ဒီလိုနဲ့တစ်နေ့ ဈေးဝယ်စင်တာတစ်ခုမှာဗုံးပေါက်ခဲ့တယ် ဒဏ်ရာရသူအများအပြားနဲ့ သေဆုံးသူတွေရှိနေပေမဲ့ ဗုံးအစအနမတွေ့ရလို့ အကျပ်ရိုက်နေကြတာပေါ့ ဆိုတော့ထုံးစံအတိုင်းလျှို့ဝှက်အေးဂျင့်အဖွဲ့အစည်း ရူရမ်နီတရာခေါင်းပေါ်ကျလာပါလေရော ဖြစ်ချင်တော့ ရှိတဲ့အေးဂျင့်တိုင်းက ကိုယ်စီအမှုတစ်ခုဆီကိုင်ထားလို့ မအားမလပ်ဖြစ်နေပြီး ရာထူးဆိုင်းငံ့ထားတဲ့ ချာရီဆိုတဲ့အေးဂျင့်ပဲကျန်ပါတော့တယ် ချာရီဆိုတာက အဆုံးသတ်မှာအမှုကိုဖြေရှင်းနိုင်ပေမဲ့ ဖြေရှင်းနေစဉ်မှာတော့ အရှုပ်အထွေး အပျက်အစီးတွေများလို့ အထက်လူကြီးတွေနှလုံးရောဂါရရတဲ့လူတစ်ယောက်ပါ သူ့လက်ထဲဒီလိုပြည်သူစိတ်ဝင်စားနေတဲ့အမှုထည့်ဖို့ဖြစ်လာချိန်မှာတော့ ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ Yunni မှရေးသားထားပြီး CM Bollywood Team ကဘာသာပြန်ဆိုထားပါတယ်) #Credit

photo content

Shaandaar 2015 BluRay 720p Hindi YK(CM).mp4

Shaandaar 2015 (ဖူးစာ) Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး အကောင်းဆုံး
Shaandaar 2015 (ဖူးစာ) Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။ ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။ မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။ ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့ အာလီယားလေးကိုမြင်တော့....

နောက်ထပ် ကစားသမားအသစ်တွေနဲ့ - ပိုမိုကြမ်းတမ်းရက်စက်လာတဲ့ ကစားပွဲတွေပါဝင်လာတဲ့ - စကွစ်ဂိမ်း ၂ (၂၀၂၄) အစအဆုံး ကြည့်လို့ရပါပြီ က
နောက်ထပ် ကစားသမားအသစ်တွေနဲ့ - ပိုမိုကြမ်းတမ်းရက်စက်လာတဲ့ ကစားပွဲတွေပါဝင်လာတဲ့ - စကွစ်ဂိမ်း ၂ (၂၀၂၄) အစအဆုံး ကြည့်လို့ရပါပြီ ကြည့်ရန်လင့် 👇 https://t.me/mmmovie107830/8119

Vedaa (2024)

အကြည်စစ်စစ်မျှော်နေသူများ_စဆုံး_ရပါပီနော် V-E-D-A-A (2024) “ ဗေဒါပျံအံကိုခဲ ” ========================== မင်းသားကြီး John Abr
အကြည်စစ်စစ်မျှော်နေသူများ_စဆုံး_ရပါပီနော် V-E-D-A-A (2024) “ ဗေဒါပျံအံကိုခဲ ” ========================== မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။

HAPPY NEW YEAR နှစ်ဟောင်းမှာရှိတဲ့ အဆင်မပြေမှုတွေကျန်ခဲ့ပြီး အဆင်ပြေမှုများစွာနဲ့နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ အခက်အခဲပြသာနာတွေရှိလာခဲ့ရင်လည်း အလွယ်တကူရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ အားလုံးဘဲ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ကျနော်တို့ Admin Team က ညီကိုများအားလုံး ဆုတောင်းပေးလိုက်ပါတယ်ခမျာ

T-h-e W-h-i-t-e T-i-g-e-r (2021)

1912/ The White Tiger (2021) https://t.me/c/1569167873/924 ⚠️ Join Channel First https://t.me/+nCSoLUQO1WU2OWZl 🍿 IMDb: 7.1/
1912/ The White Tiger (2021) https://t.me/c/1569167873/924 ⚠️ Join Channel First https://t.me/+nCSoLUQO1WU2OWZl 🍿 IMDb: 7.1/10 🍅 Rotten Tomatoes: 91% 📬 Review In Comment #Mauve_International