en
Feedback
Encrypted Adam

Encrypted Adam

Open in Telegram

Technology နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ပြောဆို ဆွေးနွေးနိုင်ပါတယ်။

Show more
751
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Common Computer Words BIOS - Basic Input/Output System CD - Compact Disk CPU - Central Processing Unit DVD - Digital Versatile Disk GUI - Graphical User Interface HDD - Hard Disk Drive HDMI - High-Definition Multimedia Interface HLL - High-Level Language (Programming Language) HTML - Hypertext Markup Language HTTP - Hypertext Transfer Protocol I/O - Input/Output IP - Internet Protocol ISP - Internet Service Provider LAN - Local Area Network LCD - Liquid-Crystal Display LED - Light-Emitting Diode LLL - Low-Level Language (Programming Language) RAM - Random Access Memory ROM - Read-Only Memory SMS - Short Message Service SSD - Solid State Drive TCP - Transmission Control Protocol URL - Uniform Resource Locator USB - Universal Serial Bus WWW - World Wide Web #computer_words

photo content

World Fastest Internet Speed Japan နိုင်ငံက engineers တို့က အမြန်ဆုံး Internet Speed ရဲ့ ကမ္ဘာ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပါတယ်။
World Fastest Internet Speed Japan နိုင်ငံက engineers တို့က အမြန်ဆုံး Internet Speed ရဲ့ ကမ္ဘာ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပါတယ်။ ထို Internet Speed ကတော့ 319 terabits per second (Tbps) ပဲဖြစ်ပါတယ်။ ထို Internet Speed နဲ့ဆို သင်ဟာ ရုပ်ရှင်ပေါင်း 80000 လောက်ကို တစ်စက္ကန့်အတွင်း download လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကတော့ Japan နိုင်ငံရဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ။ Japan နိုင်ငံရဲ့ ပျမ်းမျှ Internet speed ကတော့ 252.34 Mbps ဖြစ်ပြီးတော့ ကမ္ဘာမှာအမြန်ဆုံး နံပါတ် 13 အနေနဲ့ရပ်တည်နေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပျမ်းမျှ Internet speed ကတော့ 26.8 Mbps ဖြစ်ပြီး ကမ္ဘာမှာ နံပါတ် 139 အနေနဲ့ရှိပါတယ်။ #internet

Firewall Firewall ဆိုတာကတော့ device မှာ network အသွားအလာကို စောင့်ကြည့်စစ်ဆေးပြီးတော့ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းများတွေအလိုက် အသွားအလာကို ခွင့်ပြုပေးခြင်း (သို့) ပိတ်ဆို့ခြင်းတို့ကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ပေးတဲ့ Network လုံခြုံရေးကိရိယာတစ်ခုဖြစ်ပါတယ်။ Firewall ဟာ hardware၊ software၊ software ကဲ့သို့ ဝန်ဆောင်မှု၊ public cloud (သို့) private cloud ဖြစ်နိုင်ပါတယ်။ Firewall အမျိုးအစားများ 1. Proxy firewall 2. State inspection firewall 3. Unified threat management firewall (UTM) 4. Next-generation firewall (NGFW) 5. Threat-focused NGFW 6. Virtual firewall (Private cloud) 7. Cloud Native Firewall #firewall

Trojan Horse(Trojan malware) Trojan Horse ဆိုတာကတော့ သူ့ကိုယ်သူ တရားဝင်သော program (သို့) တရားဝင် software အဖြစ် အသွင်ပြောင်းထားတဲ့ malware အမျိုးအစားဖြစ်တယ်။ ထိုသို့ အသွင်ပြောင်းထားတာကြောင့် အသုံးပြုသူဘက်မှ သတိမထားမိဘဲ active လုပ်လိုက်နိုင်ပြီး ထို malware ကိုပြုလုပ်သူများက တရားဝင် program (သို့) software များလုပ်ဆောင်နိုင်တဲ့ file များကိုထုတ်ယူခြင်း၊ data များကိုပြင်ခြင်း၊ file များကိုဖျက်ခြင်း၊ computer ရဲ့အကြောင်းအရာများကိုပြောင်းလဲခြင်းတို့ကို လုပ်နိုင်ပါတယ်။ ကိုယ်သုံးတဲ့ device ကသုံးရတာ သာမာန်ထက်ပိုပြီးနှေးလာတာ ပုံမှန်ထက်ထက် crash ဖြစ်တာများလာပြီဆိုရင် သတိထားသင့်ပါတယ်။ Trojan horse(Trojan malware) (သို့) အခြားသော malware များကြောင့်ဖြစ်နိုင်ပါတယ်။ Trojan Horse(Trojan malware) ကိုကာကွယ်ဖို့အတွက်ကတော့ 1. မသိတဲ့ address ကပို့တဲ့ email attachment file ကိုမဖွင့်ပါနဲ့။ 2. ကိုယ့် device မှာရှိတဲ့ software တိုင်းကို system update မှန်မှန်တင်ပါ။ 3. Firewall ကို active ဖြစ်အောင်ထားပါ။ 4. Publisher မသိရတဲ့ software တို့ကို download လုပ်ခြင်းရှောင်ပါ။ 5. ကောင်းတဲ့ antivirus တစ်ခု install လုပ်ထားပါ။ 6. Ad blocker နဲ့ လုံခြုံတဲ့ browser ကိုအသုံးပြုပါ။ 7. မသိ၊ မလုံခြုံဘူးထင်ရတဲ့ URL များကို မ click ပါနဲ့။ (အချို့ malware ပြုလုပ်သူများက Trojan Horse များကို auto install လုပ်မိစေရန် website များကိုဖန်တီးကြတယ်) 8. ဖြားယောင်းသော ads များနဲ့ ကိုယ့်ရဲ့ password တွေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို သတိထားပါ။ #trojan_horse

#trojan_horse
#trojan_horse

Ransomware Ransomware ဆိုတာကတော့ အသုံးပြုသူရဲ့ data တွေအားလုံးကိုသူကထိန်းချုပ်ကာ ကုတ်ဝှက်ထားလိုက်ပြီး အသုံးပြုသူက သူ့ရဲ့ data တွေကို ပြန်လိုချင်ရင် ပိုက်ဆံပေးရပါတယ်။ Ransomware ကိုကာကွယ်ဖို့အတွက်ကတော့ 1. မလုံခြုတဲ့ link တွေကို မဝင်ပါနဲ့။ (အဲ့လိုဝင်ခြင်းဟာ Ransomware ကို download လုပ်မိနိုင်ပါတယ်) 2. သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို မယုံကြည်ရတဲ့အရာများက email, call, text message ကနေ့တစ်ဆင့် တောင်းလာလျှင်မပေးပါနဲ့။ 3. မသိတဲ့ email address တွေကပို့တဲ့ attachments file များကိုမဖွင့်ပါနဲ့။ (ထိုမှတစ်ဆင့် Ransomware ပါလာနိုင်ပါတယ်) 4. ကိုယ်သုံးနေကျမဟုတ်တဲ့ စိတ်မချရတဲ့ USB sticks များကိုမသုံးပါနဲ့။ 5. OS က malware တွေကနေကာကွယ်ပေးနိုင်တာကြောင့် ကိုယ်သုံးတဲ့ OS ကိုပုံမှန် update တင်ပေးသင့်ပါတယ်။ 6. Software နဲ့ media file များကို လုံခြုံတဲ့ website တွေကနေပဲ download လုပ်ပါ။ 7. Public Wi-Fi networks တို့ကိုသုံးရင် VPN အသုံးပြု၍သုံးပါ။ #ransomware

The most dangerous malware in 2022 (According to google) Clop Ransomware ခြိမ်းခြောက်မှုအသစ်တစ်ခုဖြစ်တဲ့ Clop Ransomware က Co
The most dangerous malware in 2022 (According to google) Clop Ransomware ခြိမ်းခြောက်မှုအသစ်တစ်ခုဖြစ်တဲ့ Clop Ransomware က Computer ရဲ့ windows defender နဲ့ Microsoft Security Essentials တို့အပါအဝင် windows တွေရဲ့ built-in security program တွေကိုပါ ပိတ်နိုင်ပြီး အခြားသော လုပ်ငန်းစဥ် 600 ကျော်ကိုပါ ရပ်တန့်နိုင်တယ်။ Cybercriminals တို့က ထို malware ကို ကုမ္ပဏီတစ်ခုရဲ့ network တစ်ခုလုံး သို့မဟုတ် သုံးတဲ့လူတစ်ဦးချင်းဆီကို ကူးစက်အောင်လုပ်နိုင်တယ်။ အခြားသော Ransomware တွေလိုပဲ Clop Ransomware က Computer မှာရှိတဲ့ အချက်အလက်တွေအားလုံးကို ကုတ်ဝှက်ထားလိုက်ပြီး ၎င်း အချက်အလက်များကို ပြန်ရရန် Cybercriminals များက အခကြေးငွေ‌တောင်းကြတယ်။ #ransomware

Web browser တွေဘယ်လို အလုပ်လုပ်လဲ ပထမဆုံးအနေနဲ့ ကျွန်‌တော်တို့ browser မှာမြင်ရတဲ့ အရာတွေ စာတွေ၊ ပုံတွေ၊ button တွေ စတဲ့အရာတွေက User Interface ဖြစ်တယ်။ အဲ့ကနေတစ်ဆင့် ကျွန်တော်တို့ link တစ်ခုကိုနှိပ်တာ button တစ်ခုကို နှိပ်တာ စတဲ့ဟာ‌တွေကို စီမံလုပ်ဆောင်ပေးတာကတော့ Browser Engine ပဲဖြစ်တယ်။ Data persistence ဆိုတာကတော့ ကျွန်တော်တို့ website တစ်ခုခုကို log in ဝင်တဲ့အခါ password တွေမှတ်ပေးထားဖို့ရယ် ကျွန်တော်တဲ့ရဲ့ browser history, search history တွေကိုသိမ်းထားပေးတာဖြစ်တယ်။ Web browser မှာ အဓိကအလုပ်လုပ်ပေးတာကတော့ Rendering engine ပဲဖြစ်ပီး သူက website တစ်ခုရဲ့ 90% လောက်ကို အလုပ်လုပ်ပေးရတာဖြစ်တယ်။ HTML စတဲ့ရေးထားတဲ့ code တွေကို ပုံတွေ၊ စာတွေ၊ button တွေအနေနဲ့ ပြသပေးနိုင်ဖို့ လုပ်ပေးတာဖြစ်တယ်။ Networking ကတော့ internet ပေါ်မှာရှိတဲ့ (ဥပမာ- ကိုယ်သွားချင်တဲ့ website တစ်ခုကိုဖြစ်ဖြစ် ရှာပီးတော့ သွားတာတွေ) ကိုထိန်းချုပ်ပေးထားဖြစ်တယ်။ JavaScript interpreter ကတော့ Browser က JavaScript code တွေကိုဖတ်ပီး အလုပ်လုပ်ပေးတာဖြစ်တယ်။ UI backend ကတော့ website တွေမှာပေါ်တဲ့ check box, input box အစရှိတဲ့ user interface ကိုပြသနိုင်ဖို့အတွက် စီမံခန့်ခွဲနိုင်တဲ့အရာဖြစ်ပီး သီးသန့်ဖြစ်မဟုတ်ဘဲ လုပ်ဆောင်ပေးတာဖြစ်တယ်။ #web_browser

#web_browser
#web_browser

OS (Operating System) Operating System ဟာ computer သို့မဟုတ် အခြားသော electronic ကိရိယာတွေပေါ်မှာ အခြား software application
OS (Operating System) Operating System ဟာ computer သို့မဟုတ် အခြားသော electronic ကိရိယာတွေပေါ်မှာ အခြား software application တို့ကို လုပ်ဆောင်ဖို့အတွက် အခြေခံအနေဖြင့်လုပ်ဆောင်ပေးတဲ့ software program တစ်ခုဖြစ်တယ်။ Operating System ဟာ စက်ပစ္စည်းတစ်ခုရဲ့ hardware device နဲ့ ထို hardware device ပေါ်မှာလုပ်ဆောင်တဲ့ software နဲ့ကြားထဲမှာ ကြားခံတစ်ခုအနေနဲ့ အလုပ်လုပ်ဆောင်တာဖြစ်တယ်။ Operating System ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အသုံးပြုသူအတွက် အဆင်ပြေစေမဲ့ interface တစ်ခုပေးနိုင်ရန်၊ computer ရဲ့ resources တို့ကို စီမံခန့်ခွဲရန်နဲ့ program တွေရဲ့လုပ်ဆောင်မှုတွေကို ပိုမိုလွယ်ကူချောမွေ့စေဖို့အတွက်ဖြစ်တယ်။ အသုံးများကြတဲ့ Operating System တွေကတော့ 1. Window 2. macOS 3. Linux 4. Android 5. iOS အခြားသော Operating System တွေလဲအများကြီးရှိပါသေးတယ်။ #os

Malware (Malicious Software) Malware ဆိုတာ သုံးစွဲသူများ၏ computer ကို အန္တရာယ်ပြုရန်အတွက် cyber criminals များက ဖန်တီးထားခြင်းဖြစ်တယ်။ အချို့ Malware များဟာ ပိုက်ဆံလိမ်လည်ရယူရန်အတွက်ဖြစ်ပြီး အချို့ကတော့ သုံးစွဲသူရဲ့ data တွေကို ဖျက်ဆီးဖို့ဖြစ်တယ်။ Malware အမျိုးအစားများ 1. Adware 2. Bot 3. Ransomware 4. Rootkits 5. Spyware 6. Trojan Horse 7. Virus 8. Worms #malware