en
Feedback
Encrypted Adam

Encrypted Adam

Open in Telegram

Technology နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ပြောဆို ဆွေးနွေးနိုင်ပါတယ်။

Show more
751
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Mp4 video ကို Mp3 ပြောင်းချင်တာတို့ Images တွေကို .png ကနေ .jpg ပြောင်းချင်တာတို့ အသံ record ယူထားတဲ့ .aac file ကို Mp3 ပြောင
+1
Mp4 video ကို Mp3 ပြောင်းချင်တာတို့ Images တွေကို .png ကနေ .jpg ပြောင်းချင်တာတို့ အသံ record ယူထားတဲ့ .aac file ကို Mp3 ပြောင်းချင်တာတို့ စတဲ့ file type တေကိုလွယ်လွယ်ကူကူပြောင်းလို့ရတဲ့ website တစ်ခုရှိပါတယ်။ အ့ကတော့ https://cloudconvert.com ပဲဖြစ်ပါတယ်။ file type တွေအများကြီးပြောင်းနိုင်ပီးတော့ စိတ်ချရတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် အရင်ဆုံး ဘယ်file type ကနေ ဘယ်file type ကိုပြောင်းမယ်ဆိုတာ ရွေးပေးရပါတယ်။ ပီးရင်တော့ select file ကိုနှိပ်ပီး ကိုယ်ပြောင်းချင်တဲ့ file ကိုထည့်ပီး convert လုပ်ရုံပါပဲ။ #cloud_convert

Useful Window Shortcuts Ctrl + A - Items တွေအားလုံးကို select လုပ်ရန် Ctrl + C - Copy ယူရန် Ctrl + V - Paste ချရန် Ctrl + X - Cut ရန် Ctrl + Z - Undo Ctrl + Y - Redo Alt + F4 - လက်တလောဖွင့်ထားတဲ့ app/window ပိတ်ရန် Alt + Tab - သုံးနေတဲ့ app/window တွေကြား သွားရန် Shift + Delete - ဖျက်ရန် (Recycle Bin ထဲမကျန်ပါ) Window or Ctrl + Escape - Start Menu Window key + X - Secret Menu Window key + [Number] - Taskbar မှာ ထားထားတဲ့ app တွေကိုဖွင့်ရန်(ဥပမာ: Chrome ကို Taskbar ရဲ့ ဘယ်ဘက်ထောင့်ဆုံးမှာထားထားရင် {Window key + 1}) Window key + D - Show or hide desktop PrtScn - Screen တစ်ခုလုံးကို screenshot ယူပြီး clipboard ထဲမှာ save ပါတယ်။ Window key + PrtScn - Screen တစ်ခုလုံးကို screenshot ယူပြီး computer ထဲက Folder တစ်ခုထဲမှာ save ပါတယ်။ Window key + Shift + S - Snipping Tool ဖြစ်ပြီးတော့ ကိုယ်လိုချင်တဲ့ Area ပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ Window တစ်ခုပဲဖြစ်ဖြစ် ယူလို့ရပါတယ်။ သူက clipboard ထဲမှာ save ပါတယ်။ Window key + E - Open File Explorer Window key + G - Open Xbox Game bar Window key + I - Open Setting Menu Window key + L - Lock your Computer F5 - Refresh your active window #window_shortcuts

Elon Musk VS Mark Zuckerberg Elon Musk နဲ့ Mark Zuckerberg တို့ရဲ့ ကြိုးဝိုင်းထဲမှာချနိုင်တယ်ဆိုတာ တကယ်ဖြစ်လာနိုင်ပါတယ်တဲ့။ E
Elon Musk VS Mark Zuckerberg Elon Musk နဲ့ Mark Zuckerberg တို့ရဲ့ ကြိုးဝိုင်းထဲမှာချနိုင်တယ်ဆိုတာ တကယ်ဖြစ်လာနိုင်ပါတယ်တဲ့။ Elon Musk က Meta CEO နဲ့ ကြိုးဝိုင်းထဲချဖို့စိန်ခေါ်ခဲ့ပါတယ်။ Zuckerberg ကလဲ သူ့ကို ပြိုင်မနေရာပို့ပေးဖို့ Elon Musk ကိုပြောကာ ထိုစကားဟာ နောက်ပြောင်ခြင်းမဟုတ်ကြောင်းလဲ Meta က ကိုယ်စားလှယ်တစ်ဦးကပြောခဲ့ပါတယ်။ UFC (Ultimate Fighting Championship) ရဲ့ CEO ကလဲ Elon Musk နဲ့ Zuckerberg တို့နဲ့ တစ်နာရီခွဲကြာ ဖုန်းပြောခဲ့ပြီးတော့ ထိုနှစ်ဦးရဲ့ တိုက်ပွဲဟာ အသေအချာဖြစ်တယ် လို့ပြောခဲ့ပါတယ်။ တကယ်ကြီးချကြတော့မယ်ထင်ပါတယ်။

Spyware Malware အမျိုးအစားထဲကတစ်မျိုးဖြစ်တဲ့ Spyware ဆိုတာကတော့ ကိုယ့်ရဲ့ device ရဲ့ firewall setting တွေကို လျှို့ဝှက်ပြောင်
Spyware Malware အမျိုးအစားထဲကတစ်မျိုးဖြစ်တဲ့ Spyware ဆိုတာကတော့ ကိုယ့်ရဲ့ device ရဲ့ firewall setting တွေကို လျှို့ဝှက်ပြောင်းလဲမှုတွေလုပ်နိုင်ပြီးတော့ အခြား security setting တွေကိုပြန်ပြင်နိုင်၊ ပြန်ဖွဲ့စည်းနိုင်ကာ အခြားသော malware များကိုပါဝင်လာအောင်လုပ်နိုင်တယ်။ တချို့ spyware တွေဟာဆိုရင် Window မှဖယ်ရှားဖို့ကြိုးပမ်းနေချိန်မှာပင် ထိုလုပ်ဆောင်မှုတို့ကို ကြားဖြတ်ကာ ပိတ်နိုင်ပါတယ်။ #malware #spyware

Repost from N/a
TOP MYANMAR CHANNELS 📓 အထွေထွေဗဟုသုတ 📔 ဗမာ့သမိုင်းနှင့်ကမ္ဘာ့သမိုင်း 👨‍💻 Computer 🎶 Learn Music 💑 BL lover လူကြီးမင်းတို့၏ channel များ ထည့်သွင်းချင်ပါက channel ၏ comment box တွင် လာရောက်မေးမြန်းနိုင်ပါသည်။ 👇👇👇👇👇 @KYAW_NGYAAR 👆👆👆👆👆

History of AI AI အဖြစ် ပထမဆုံးအသိအမှတ်ပြုခံရတဲ့အရာကတော့ 1943 ခုနှစ်မှာ Warren McCulloch နဲ့ Walter pits တို့ကပြုလုပ်ခဲ့တာဖြစ်ပြီး ထိုအရာဟာ Artificial Neurons(အာရုံကြောအတု) ပုံစံတစ်ခုဟုသတ်မှတ်ခဲ့ကြတယ်။ 1949 ခုနှစ်မှာတော့ Donald Hebb က Neurons တွေကြား ချိတ်ဆက်မှုအားကောင်းမှုကို မွမ်းမံပြင်ဆင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ (rule) စည်းမျဥ်းတွေကိုပြသခဲ့တယ်။ ထိုစည်းမျဥ်းတွေကို ယခုမှာ Hebbian Learning လို့ခေါ်ပါတယ်။ 1950 ခုနှစ်မှာ အင်္ဂလိပ်သင်္ချာပညာရှင် Alan Turing ဟာ Machine Learning ကိုရှေ့ဆောင်ခဲ့သူဖြစ်တယ်။ သူဟာ "Computing Machinery and Intelligence" ကိုထုတ်ဝေခဲ့ပြီး စမ်းသပ်မှုတစ်ခုကိုလဲ အဆိုပြုခဲ့တယ်။ ထိုအရာကို Turing Test လို့ခေါ်ပြီးတော့ ထိုစမ်းသပ်မှုက လူသားဉာဏ်ရည်ဉာဏ်သွေးနှင့်ညီမျှတဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုပြသနိုင်တဲ့ စက်ရဲ့စွမ်းရည်ကို စစ်ဆေးနိုင်ပါတယ်။ 1955 ခုနှစ်မှာ Allen Newell နဲ့ Herbert A. Simon တို့က "Logic Theorist" ဟုအမည်ပေးထားတဲ့ ပထမဆုံး Artificial Intelligence(ဉာဏ်ရည်တု) Program ကိုဖန်တီးခဲ့ကြတယ်။ ထို Program ဟာ သင်္ချာသီအိုရီ 52 ခုအနက်မှ 38 ခုကို သက်သေပြနိုင်ခဲ့ပြီး အချို့သီအိုရီများတွက်လဲ အသစ်အဆန်းများနဲ့ ပိုမိုပြေပြစ်တဲ့ အထောက်အထားတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့တယ်။ 1956 ခုနှစ်တွင် "Artificial Intelligence" ဟူသောစကားလုံးကို Dartmouth ညီလာခံတွင် အမေရိကန် ကွန်ပျူတာပညာရှင် John McCarthy မှစတင်လက်ခံခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် AI ကို ပညာရပ်ဆိုင်ရာနယ်ပယ်တစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်။ ထိုအချိန်ဟာ FORTRAN, LISP, COBOL စတဲ့ High-level programming language တို့ကိုတီထွင်ခဲ့ပြီးဖြစ်ပြီး AI အတွက် စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုများ အလွန်မြင့်မားခဲ့တဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ #ai #history_of_ai

#ai #history_of_ai
#ai #history_of_ai

Artificial Intelligence (AI) Artificial Intelligence (AI) ဆိုတာကတော့ ကွန်ပြူတာသိပ္ပံပညာရဲ့ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီးတော့ စက်ကိရ
Artificial Intelligence (AI) Artificial Intelligence (AI) ဆိုတာကတော့ ကွန်ပြူတာသိပ္ပံပညာရဲ့ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီးတော့ စက်ကိရိယာတွေအတွက် လူလုပ်အသိဉာဏ်ဖြစ်ပါတယ်။ ထိုအရာဟာ သင်ယူနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်းရှိပြီးတော့ ယေဘုယျသဘောနဲ့ အဓိပ္ပာယ်ကိုခြုံငုံနိုင်စွမ်းတွေရှိပါတယ်။ ပတ်ဝန်းကျင်ကိုနားလည်နိုင်စွမ်းရှိတဲ့စနစ်တွေဖြစ်ပြီးတော့ အလုပ်ပြီးမြောက်စေမဲ့ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ဖို့အတွက် အသုံးပြုပါတယ်။ #ai

ပုံတစ်ပုံကို uncrop နဲ့လုပ်ထားတာလေးပါ။ ကိုယ်ကြိုက်တဲ့ပုံ size ကိုချဲ့ပီးလုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ landscape ကိုသုံးထားပါတယ်။ Sorry for video quality. #clipdrop #uncrop

Clipdrop Adobe Photoshop ရဲ့ alternatives တွေက လုပ်နိုင်စွမ်းကလဲ များသလို ai ကိုအသုံးပြုပီး ကိုယ်ကြိုက်သလိုလုပ်နိုင်တာကြောင့်
Clipdrop Adobe Photoshop ရဲ့ alternatives တွေက လုပ်နိုင်စွမ်းကလဲ များသလို ai ကိုအသုံးပြုပီး ကိုယ်ကြိုက်သလိုလုပ်နိုင်တာကြောင့် ခုတစ်လောမှာ နာမည်ကြီးနေပါတယ်။ ဒါပေမဲ့ Adobe Photoshop ကစျေးကြီးပါတယ်။ ဆိုတော့ Photoshop လိုမျိုးလုပ်နိုင်စွမ်းရှိပြီး free သုံးလို့ရတဲ့ website တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ အဲ့တာကတော့ clipdrop.co ပဲဖြစ်ပါတယ်။ website မှာဆိုရင် background remover, replace background, relight, uncrop နဲ့ text remover စသဖြင့် tool တွေရှိပါတယ်။ ထို website ရဲ့ uncrop ဟာဆိုရင် Photoshop ရဲ့ alternative fill လိုမျိုးစောက်ရမ်းမိုက်တာကြောင့် စမ်းသုံးကြည့်ဖို့အကြံပေးချင်ပါတယ်။ website ကိုဝင်ရင်တော့ VPN ခံပေးရပါတယ်။ #clipdrop

Common Computer Words BIOS - Basic Input/Output System CD - Compact Disk CPU - Central Processing Unit DVD - Digital Versatile Disk GUI - Graphical User Interface HDD - Hard Disk Drive HDMI - High-Definition Multimedia Interface HLL - High-Level Language (Programming Language) HTML - Hypertext Markup Language HTTP - Hypertext Transfer Protocol I/O - Input/Output IP - Internet Protocol ISP - Internet Service Provider LAN - Local Area Network LCD - Liquid-Crystal Display LED - Light-Emitting Diode LLL - Low-Level Language (Programming Language) RAM - Random Access Memory ROM - Read-Only Memory SMS - Short Message Service SSD - Solid State Drive TCP - Transmission Control Protocol URL - Uniform Resource Locator USB - Universal Serial Bus WWW - World Wide Web #computer_words

photo content

World Fastest Internet Speed Japan နိုင်ငံက engineers တို့က အမြန်ဆုံး Internet Speed ရဲ့ ကမ္ဘာ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပါတယ်။
World Fastest Internet Speed Japan နိုင်ငံက engineers တို့က အမြန်ဆုံး Internet Speed ရဲ့ ကမ္ဘာ့စံချိန်သစ်ကိုတင်နိုင်ခဲ့ပါတယ်။ ထို Internet Speed ကတော့ 319 terabits per second (Tbps) ပဲဖြစ်ပါတယ်။ ထို Internet Speed နဲ့ဆို သင်ဟာ ရုပ်ရှင်ပေါင်း 80000 လောက်ကို တစ်စက္ကန့်အတွင်း download လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကတော့ Japan နိုင်ငံရဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါ။ Japan နိုင်ငံရဲ့ ပျမ်းမျှ Internet speed ကတော့ 252.34 Mbps ဖြစ်ပြီးတော့ ကမ္ဘာမှာအမြန်ဆုံး နံပါတ် 13 အနေနဲ့ရပ်တည်နေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပျမ်းမျှ Internet speed ကတော့ 26.8 Mbps ဖြစ်ပြီး ကမ္ဘာမှာ နံပါတ် 139 အနေနဲ့ရှိပါတယ်။ #internet

Firewall Firewall ဆိုတာကတော့ device မှာ network အသွားအလာကို စောင့်ကြည့်စစ်ဆေးပြီးတော့ သတ်မှတ်ထားတဲ့ လုံခြုံရေးစည်းများတွေအလိုက် အသွားအလာကို ခွင့်ပြုပေးခြင်း (သို့) ပိတ်ဆို့ခြင်းတို့ကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ပေးတဲ့ Network လုံခြုံရေးကိရိယာတစ်ခုဖြစ်ပါတယ်။ Firewall ဟာ hardware၊ software၊ software ကဲ့သို့ ဝန်ဆောင်မှု၊ public cloud (သို့) private cloud ဖြစ်နိုင်ပါတယ်။ Firewall အမျိုးအစားများ 1. Proxy firewall 2. State inspection firewall 3. Unified threat management firewall (UTM) 4. Next-generation firewall (NGFW) 5. Threat-focused NGFW 6. Virtual firewall (Private cloud) 7. Cloud Native Firewall #firewall

Trojan Horse(Trojan malware) Trojan Horse ဆိုတာကတော့ သူ့ကိုယ်သူ တရားဝင်သော program (သို့) တရားဝင် software အဖြစ် အသွင်ပြောင်းထားတဲ့ malware အမျိုးအစားဖြစ်တယ်။ ထိုသို့ အသွင်ပြောင်းထားတာကြောင့် အသုံးပြုသူဘက်မှ သတိမထားမိဘဲ active လုပ်လိုက်နိုင်ပြီး ထို malware ကိုပြုလုပ်သူများက တရားဝင် program (သို့) software များလုပ်ဆောင်နိုင်တဲ့ file များကိုထုတ်ယူခြင်း၊ data များကိုပြင်ခြင်း၊ file များကိုဖျက်ခြင်း၊ computer ရဲ့အကြောင်းအရာများကိုပြောင်းလဲခြင်းတို့ကို လုပ်နိုင်ပါတယ်။ ကိုယ်သုံးတဲ့ device ကသုံးရတာ သာမာန်ထက်ပိုပြီးနှေးလာတာ ပုံမှန်ထက်ထက် crash ဖြစ်တာများလာပြီဆိုရင် သတိထားသင့်ပါတယ်။ Trojan horse(Trojan malware) (သို့) အခြားသော malware များကြောင့်ဖြစ်နိုင်ပါတယ်။ Trojan Horse(Trojan malware) ကိုကာကွယ်ဖို့အတွက်ကတော့ 1. မသိတဲ့ address ကပို့တဲ့ email attachment file ကိုမဖွင့်ပါနဲ့။ 2. ကိုယ့် device မှာရှိတဲ့ software တိုင်းကို system update မှန်မှန်တင်ပါ။ 3. Firewall ကို active ဖြစ်အောင်ထားပါ။ 4. Publisher မသိရတဲ့ software တို့ကို download လုပ်ခြင်းရှောင်ပါ။ 5. ကောင်းတဲ့ antivirus တစ်ခု install လုပ်ထားပါ။ 6. Ad blocker နဲ့ လုံခြုံတဲ့ browser ကိုအသုံးပြုပါ။ 7. မသိ၊ မလုံခြုံဘူးထင်ရတဲ့ URL များကို မ click ပါနဲ့။ (အချို့ malware ပြုလုပ်သူများက Trojan Horse များကို auto install လုပ်မိစေရန် website များကိုဖန်တီးကြတယ်) 8. ဖြားယောင်းသော ads များနဲ့ ကိုယ့်ရဲ့ password တွေနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို သတိထားပါ။ #trojan_horse

#trojan_horse
#trojan_horse

Ransomware Ransomware ဆိုတာကတော့ အသုံးပြုသူရဲ့ data တွေအားလုံးကိုသူကထိန်းချုပ်ကာ ကုတ်ဝှက်ထားလိုက်ပြီး အသုံးပြုသူက သူ့ရဲ့ data တွေကို ပြန်လိုချင်ရင် ပိုက်ဆံပေးရပါတယ်။ Ransomware ကိုကာကွယ်ဖို့အတွက်ကတော့ 1. မလုံခြုတဲ့ link တွေကို မဝင်ပါနဲ့။ (အဲ့လိုဝင်ခြင်းဟာ Ransomware ကို download လုပ်မိနိုင်ပါတယ်) 2. သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို မယုံကြည်ရတဲ့အရာများက email, call, text message ကနေ့တစ်ဆင့် တောင်းလာလျှင်မပေးပါနဲ့။ 3. မသိတဲ့ email address တွေကပို့တဲ့ attachments file များကိုမဖွင့်ပါနဲ့။ (ထိုမှတစ်ဆင့် Ransomware ပါလာနိုင်ပါတယ်) 4. ကိုယ်သုံးနေကျမဟုတ်တဲ့ စိတ်မချရတဲ့ USB sticks များကိုမသုံးပါနဲ့။ 5. OS က malware တွေကနေကာကွယ်ပေးနိုင်တာကြောင့် ကိုယ်သုံးတဲ့ OS ကိုပုံမှန် update တင်ပေးသင့်ပါတယ်။ 6. Software နဲ့ media file များကို လုံခြုံတဲ့ website တွေကနေပဲ download လုပ်ပါ။ 7. Public Wi-Fi networks တို့ကိုသုံးရင် VPN အသုံးပြု၍သုံးပါ။ #ransomware

The most dangerous malware in 2022 (According to google) Clop Ransomware ခြိမ်းခြောက်မှုအသစ်တစ်ခုဖြစ်တဲ့ Clop Ransomware က Co
The most dangerous malware in 2022 (According to google) Clop Ransomware ခြိမ်းခြောက်မှုအသစ်တစ်ခုဖြစ်တဲ့ Clop Ransomware က Computer ရဲ့ windows defender နဲ့ Microsoft Security Essentials တို့အပါအဝင် windows တွေရဲ့ built-in security program တွေကိုပါ ပိတ်နိုင်ပြီး အခြားသော လုပ်ငန်းစဥ် 600 ကျော်ကိုပါ ရပ်တန့်နိုင်တယ်။ Cybercriminals တို့က ထို malware ကို ကုမ္ပဏီတစ်ခုရဲ့ network တစ်ခုလုံး သို့မဟုတ် သုံးတဲ့လူတစ်ဦးချင်းဆီကို ကူးစက်အောင်လုပ်နိုင်တယ်။ အခြားသော Ransomware တွေလိုပဲ Clop Ransomware က Computer မှာရှိတဲ့ အချက်အလက်တွေအားလုံးကို ကုတ်ဝှက်ထားလိုက်ပြီး ၎င်း အချက်အလက်များကို ပြန်ရရန် Cybercriminals များက အခကြေးငွေ‌တောင်းကြတယ်။ #ransomware

Web browser တွေဘယ်လို အလုပ်လုပ်လဲ ပထမဆုံးအနေနဲ့ ကျွန်‌တော်တို့ browser မှာမြင်ရတဲ့ အရာတွေ စာတွေ၊ ပုံတွေ၊ button တွေ စတဲ့အရာတွေက User Interface ဖြစ်တယ်။ အဲ့ကနေတစ်ဆင့် ကျွန်တော်တို့ link တစ်ခုကိုနှိပ်တာ button တစ်ခုကို နှိပ်တာ စတဲ့ဟာ‌တွေကို စီမံလုပ်ဆောင်ပေးတာကတော့ Browser Engine ပဲဖြစ်တယ်။ Data persistence ဆိုတာကတော့ ကျွန်တော်တို့ website တစ်ခုခုကို log in ဝင်တဲ့အခါ password တွေမှတ်ပေးထားဖို့ရယ် ကျွန်တော်တဲ့ရဲ့ browser history, search history တွေကိုသိမ်းထားပေးတာဖြစ်တယ်။ Web browser မှာ အဓိကအလုပ်လုပ်ပေးတာကတော့ Rendering engine ပဲဖြစ်ပီး သူက website တစ်ခုရဲ့ 90% လောက်ကို အလုပ်လုပ်ပေးရတာဖြစ်တယ်။ HTML စတဲ့ရေးထားတဲ့ code တွေကို ပုံတွေ၊ စာတွေ၊ button တွေအနေနဲ့ ပြသပေးနိုင်ဖို့ လုပ်ပေးတာဖြစ်တယ်။ Networking ကတော့ internet ပေါ်မှာရှိတဲ့ (ဥပမာ- ကိုယ်သွားချင်တဲ့ website တစ်ခုကိုဖြစ်ဖြစ် ရှာပီးတော့ သွားတာတွေ) ကိုထိန်းချုပ်ပေးထားဖြစ်တယ်။ JavaScript interpreter ကတော့ Browser က JavaScript code တွေကိုဖတ်ပီး အလုပ်လုပ်ပေးတာဖြစ်တယ်။ UI backend ကတော့ website တွေမှာပေါ်တဲ့ check box, input box အစရှိတဲ့ user interface ကိုပြသနိုင်ဖို့အတွက် စီမံခန့်ခွဲနိုင်တဲ့အရာဖြစ်ပီး သီးသန့်ဖြစ်မဟုတ်ဘဲ လုပ်ဆောင်ပေးတာဖြစ်တယ်။ #web_browser

#web_browser
#web_browser