en
Feedback
Encrypted Adam

Encrypted Adam

Open in Telegram

Technology နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ပြောဆို ဆွေးနွေးနိုင်ပါတယ်။

Show more
751
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ကမ္ဘာ့ ပထမဆုံး real-time online game ဟာ 2000 ခုနှစ် မတိုင်ခင်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထို game ကတော့ Sega Dreamcast ဖြစ်ပြီး
ကမ္ဘာ့ ပထမဆုံး real-time online game ဟာ 2000 ခုနှစ် မတိုင်ခင်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထို game ကတော့ Sega Dreamcast ဖြစ်ပြီး 1999 ခုနှစ်မှာ console အနေနဲ့ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထို game ဟာ ခုခေတ် online game တွေလိုကစားနိုင်ပေမဲ့ ထိုအချိန်အခါတုန်းက internet သုံးစွဲမှုကသိပ်မများသေးတာကြောင့် ထွက်တာစောသွားတယ်လို့ပဲပြောရမှာပါ။ #game

ထိုသို့ဖြစ်ရခြင်းကတော့ camera ရဲ့အာရုံခံကိရိယာများ (သို့) film ဘောင်အများစုက စတုရန်း(သို့)ထောင့်မှန်စတုဂံပုံရှိတာကြောင့်ဖြစ်ပါတယ်။ စက်ဝိုင်းပုံဖြစ်တဲ့ camera lens တွေက ပုံရိပ်ကိုဖမ်းယူပြီးတော့ အာရုံခံကိရိယာများ (သို့) film ဘောင်နဲ့ချိန်ညှိပြီးတော့ ထောင့်မှန်စတုဂံပုံတွေဖြစ်လာတာပဲဖြစ်ပါတယ်။ #fun_facts

Camera တွေရဲ့ ပုံရိုက်တဲ့ camera lens တွေဟာ အဝိုင်းတွေဖြစ်ကြပြီး ပုံထွက်လာတော့ ဘာလို့ ထောင့်မှန်စတုဂံပုံထွက်လာတာလဲ။ 🧐
Camera တွေရဲ့ ပုံရိုက်တဲ့ camera lens တွေဟာ အဝိုင်းတွေဖြစ်ကြပြီး ပုံထွက်လာတော့ ဘာလို့ ထောင့်မှန်စတုဂံပုံထွက်လာတာလဲ။ 🧐

97% သောလူတွေဟာ Google ကို စာလုံးပေါင်းစစ်ဖို့သုံးကြပါတယ်။ လူတိုင်းနီးပါးဟာ Google မှာစာလုံးတွေရိုက်ထည့်ပြီး စာလုံးပေါင်းမှန်မ
97% သောလူတွေဟာ Google ကို စာလုံးပေါင်းစစ်ဖို့သုံးကြပါတယ်။ လူတိုင်းနီးပါးဟာ Google မှာစာလုံးတွေရိုက်ထည့်ပြီး စာလုံးပေါင်းမှန်မမှန်စစ်ကြပါတယ်တဲ့။ 😁 #fun_facts

Samsung ဟာ Apple ထက် 38နှစ်နဲ့တစ်လ ပိုပီးအသက်ကြီးပါတယ်။ Samsung ကို Lee Byung-Chull က March 1 , 1938 ခုနှစ်မှာ ကုန်စုံဆိုင် တ
Samsung ဟာ Apple ထက် 38နှစ်နဲ့တစ်လ ပိုပီးအသက်ကြီးပါတယ်။ Samsung ကို Lee Byung-Chull က March 1 , 1938 ခုနှစ်မှာ ကုန်စုံဆိုင် တစ်ခုအနေနဲ့စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Apple ရဲ့တည်ထောင်သူတွေဖြစ်တဲ့ Steve Jobs နဲ့ Steve Wozniak တို့က Apple Computer Inc. ကို April 1, 1976 ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ #fun_facts

sticker.webp0.16 KB

အပေါ်ကပုံဟာဆိုရင် ပထမဆုံး Apple Company Logo ပဲဖြစ်ပါတယ်။ ထို Logo ဟာ ပန်းသီးတစ်လုံးကြွေကြခါနီးသစ်ပင်အောက်မှာ Sir Isaac Newto
အပေါ်ကပုံဟာဆိုရင် ပထမဆုံး Apple Company Logo ပဲဖြစ်ပါတယ်။ ထို Logo ဟာ ပန်းသီးတစ်လုံးကြွေကြခါနီးသစ်ပင်အောက်မှာ Sir Isaac Newton ထိုင်နေတဲ့ပုံပဲဖြစ်ပါတယ်။ #fun_facts

အသုံးများတဲ့ browser တွေထဲကတစ်ခုဖြစ်တဲ့ Firefox Browser ရဲ့ Logo မှာပါတဲ့အကောင်လေးဟာ မြေခွေးမဟုတ်ပါဘူးတဲ့။ နာမည်ကသာ Firefox ဖ
အသုံးများတဲ့ browser တွေထဲကတစ်ခုဖြစ်တဲ့ Firefox Browser ရဲ့ Logo မှာပါတဲ့အကောင်လေးဟာ မြေခွေးမဟုတ်ပါဘူးတဲ့။ နာမည်ကသာ Firefox ဖြစ်ပေမဲ့ အဲ့အကောင်လေးဟာ အစတုန်းက ပန်ဒါအနီလေးပါ။ နောက်ပိုင်းကြမှသာ Browser ရဲ့အဖွဲ့တွေက မြေခွေးလို့သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။ #fun_facts

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို 4နာရီဝန်းကျင်လောက် သူတို့ရဲ့ mobile device ‌တွေမှာအချိန်ကုန်ဆုံးကြပါတယ်။ (ကျွန်တော်လဲပါပါတယ်🥲) #fun_facts

Computer အမျိုးအစားများ - Super Computer - Mainframe Computer - Mini Computer - Workstation Computer - Personal Computer (PC) - Server Computer - Analog Computer - Digital Computer - Hybrid Computer - Tablets and Smartphone #types_of_computer

အောက်ဆုံးအလွှာဖြစ်တဲ့ LCD (သို့) OLED display LCD ရော OLED display တို့ဟာ quality ကောင်းတဲ့ပုံတွေထုတ်ပေးနိုင်ပါတယ်။ ဒါမဲ့နောက
အောက်ဆုံးအလွှာဖြစ်တဲ့ LCD (သို့) OLED display LCD ရော OLED display တို့ဟာ quality ကောင်းတဲ့ပုံတွေထုတ်ပေးနိုင်ပါတယ်။ ဒါမဲ့နောက်ပိုင်း smartphone တွေမှာတော့ OLED ကိုသုံးကြတာများပါတယ်။ ထို high-resolution OLED display ဟာ ကျွန်တော်တို့မြင်ရသမျှကို ထုတ်ပေးတာဖြစ်ပြီးတော့ သူဟာ သေးငယ်လွန်းတဲ့ လေးထောင့်ကွက်အသေးလေးတွေများစွာကနေ အနီ၊ အစိမ်း၊ အပြာ ထိုသုံးရောင်ကိုထုတ်ပေးပါတယ်။ ထိုသေးသေးလေးတွေကနေမှ ကျွန်တော်တို့ wallpaper ထားတာတို့ ရုပ်ရှင်ကြည့်တာတို့မှာပေါ်တဲ့ရုပ်ထွက်ကို ထုတ်ပေးနိုင်တာပါ။ 2018ခုနှစ်ရဲ့ ပျမ်းမျှ phone တွေရဲ့ OLED display မှာ လေးထောင့်အကွက်အသေးလေးတွေစုစုပေါင်း 3 million ကျော်ရှိပါတယ်။ ပုံမှာဆိုရင် အနီ၊ အစိမ်း၊ အပြာ သုံးရောင်ထုတ်ပေးတဲ့ လေးထောင့်ကွက်အသေးလေးတွေပါ။ #touch_screen #OLED_display

ဒုတိယအလွှာဖြစ်တဲ့ Capacitive Touch screen သူကတော့ လူ့ခန္ဓာကိုယ်ရဲ့ လျှပ်စစ်ဂုဏ်သတ္တိတွေကို အသုံးပြုပြီးထိန်းချုပ်တဲ့မျက်နှာပြ
+1
ဒုတိယအလွှာဖြစ်တဲ့ Capacitive Touch screen သူကတော့ လူ့ခန္ဓာကိုယ်ရဲ့ လျှပ်စစ်ဂုဏ်သတ္တိတွေကို အသုံးပြုပြီးထိန်းချုပ်တဲ့မျက်နှာပြင်တွေဖြစ်ပါတယ်။ သူက ကျွန်တော်တို့တစ်နေရာကိုထိလိုက်ရင် သူ့ sensor လေးတွေကနေထုတ်လိုက်တဲ့ လျှပ်စစ်ဓာတ်လေးတွေဟာ လက်ထိပ်လေးတွေထဲကိုစီးဝင်ပြီးတော့ တစ်ဖက်မှာ ထိုစီးဝင်သွားတဲ့နေရာကို sensor တွေက အာရုံခံပြီးနေရာအတိအကျကိုထုတ်ပေးနိုင်ပါတယ်။ #touch_screen #capacitive_touch_screen

Touch screen display တွေဘလိုအလုပ်လုပ်သလဲ။ အပေါ်ဆုံးအလွှာဖြစ်တဲ့ Chemically Toughened Glass ကျွန်တော်တို့ ဖုန်းတွေခနခနပြုတ်ကျပေမဲ့ သာမာန်မှန်တွေလို ကွဲလွယ်တာမျိုးမဖြစ်ဘူးလို့သတိထားမိပါလိမ့်မယ်။ Touch screen မှာသုံးတဲ့ မှန်ဟာ သာမာန်မှန်တွေထက် 5ဆ ပိုပြီးမာပါတယ်။ ပထမဆုံး iPhone ကိုမထုတ်ခင် 2007 ခုနှစ်ဝန်းကျင်‌လောက်မှာ phone တွေရဲ့မှန်ကို ပလတ်စတစ်နဲ့ပြုလုပ်ကြပြီးတော့ အတော်လည်းကွဲလွယ်ခဲ့ပါတယ်။ ခုကျွန်တော်တို့သုံးနေကြတဲ့ phone တွေရဲ့ မှန်တွေဟာ သာမာန်မှန်တွေကို Potassium nitrate တွေထည့်ထားတဲ့ကန်ထဲမှာစိမ်ပါတယ်။ အဲ့လိုစိမ်လိုက်ခြင်းဟာ မှန်ထဲမှာရှိတဲ့ sodium အက်တမ်တွေထွက်သွားပြီးတော့ ထို sodium အက်တမ်တွေနေရာမှာ ပိုပြီးကြီးတဲ့ potassium အက်တမ်တွေက အစားဝင်လာပါတယ်။ ပိုကြီးတဲ့ အက်တမ်တွေအစားဝင်လာတာနဲ့အမျှ ထိုမှန်က ကွဲဖို့ကို ပိုပြီးအားစိုက်သုံးဖို့လိုသွားတာကြောင့် မှန်ဟာ ပိုပြီးမာကျောသွားတာပဲဖြစ်ပါတယ်။ #touch_screen #Chemically_Toughened_Glass

Touch Screen Display အကြောင်းအသေးစိတ်ကို မနက်ဖန်ကြ တင်ပေးပါ့မယ်ဗျ။ 😊

Touch Screen အကြောင်းအသေးစိတ်သိချင်ကြလား။ စာတော့နဲနဲရှည်ရှည်လေးဖတ်ရမယ်။ 🧐🧐
Anonymous voting

Touch screen display တွေဘလိုအလုပ်လုပ်သလဲ။ Touch screen Display ကို အလွှာ ၃ ခုနဲ့ပြုလုပ်ထားပါတယ်။ အပေါ်ဆုံးအလွှာကတော့ Chemical
Touch screen display တွေဘလိုအလုပ်လုပ်သလဲ။ Touch screen Display ကို အလွှာ ၃ ခုနဲ့ပြုလုပ်ထားပါတယ်။ အပေါ်ဆုံးအလွှာကတော့ Chemically Toughened Glass(ဓာတုဗေဒနည်းဖြင့် အကြမ်းခံအောင်ပြုလုပ်ထားသောမှန်) ဖြစ်ပါတယ်။ ဒုတိယအလွှာကတော့ Capacitive Touch screen ပါ။ သူကတော့ ကျွန်တော်တို့ လက်ထိပ်လေးနဲ့ထိလိုက်တဲ့နေရာကို အာရုံခံပေးတဲ့အရာပဲဖြစ်ပါတယ်။ အောက်ဆုံးအလွှာကတော့ LCD (သို့) OLED display ပဲဖြစ်ပါတယ်။ သူကတော့ ကျွန်တော်တို့မြင်ရမဲ့ display ကိုပြသပေးတာပဲဖြစ်ပါတယ်။ #touch_screen

သင်သိပါသလား။ အခန်းတစ်ခန်းကို Gaming PC တွေဟာ Heater(အပူပေးစက်) တွေထက် ပိုပြီးထိရောက်စွာအပူပေးနိုင်ပါတယ်။😁 #fun_facts
သင်သိပါသလား။ အခန်းတစ်ခန်းကို Gaming PC တွေဟာ Heater(အပူပေးစက်) တွေထက် ပိုပြီးထိရောက်စွာအပူပေးနိုင်ပါတယ်။😁 #fun_facts

Computer နဲ့ Social media platform များတွင် အသုံးအများဆုံး password ဟာ 123456 ဖြစ်ပါတယ်။😬 #fun_facts

Ada Lovelace အင်္ဂလိပ်အမျိုးသမီးသင်္ချာပညာရှင်တစ်ဦးဖြစ်တဲ့ Ada Lovelace ဟာ ပထမဆုံး computer programmer အဖြစ် 1800 အလယ်ပိုင်းလ
Ada Lovelace အင်္ဂလိပ်အမျိုးသမီးသင်္ချာပညာရှင်တစ်ဦးဖြစ်တဲ့ Ada Lovelace ဟာ ပထမဆုံး computer programmer အဖြစ် 1800 အလယ်ပိုင်းလောက်မှာသတ်မှတ်ခံခဲ့ရပါတယ်။ သူမဟာ နာမည်ကြီးအင်္ဂလိပ်ကဗျာဆရာ Lord Byron ၏သမီးလည်းဖြစ်ပါတယ်။ သူမကို December 10ရက်နေ့ 1815 ခုနှစ်မှာမွေးဖွားခဲ့ပြီး November 27ရက်နေ့ 1852ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ #first_programmer #fun_facts

Repost from Ads Burma 📢
Yo Yo!📝 『  The Ads Burma Channel မှာတော့ Telegram Channel ​ကြော်ငြာများကို Telegram User များ စိတ်ကြိုက်ရွေးပြီး ရှာနိုင်အောင် တစ်ခုတစ်စည်းတည်း ၁ ပတ် ၁ ခါ ကြော်ညာပေးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူငယ်ချင်းများအနေနဲ့ ပါဝင်ချင်ပါက @TheAdsBurmaBot မှာ မေးမြန်းနိုင်ပါတယ်။  』 - ဗမာ့သမိုင်း၊ ကမ္ဘာ့သမိုင်း🦚🇲🇲   https://t.me/MgThuTha -စာပေရေးရာ 📔🖋 https://t.me/weneedknowledge https://t.me/Moonlight252023 - Computer Science 💻🔬 https://t.me/encrypted_adam - General Knowledge 📙🖌 https://t.me/knowledgesharebyyulian - English Language  🇺🇸💭 https://t.me/StudywithFelix - PfP and Wallpaper 📸🖇   https://t.me/Black_Sky_Ch_l   https://t.me/Your_heaven12 https://t.me/flora_by_KLH @TheAdsBurma TAB1