Encrypted Adam
Open in Telegram
Technology နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ပြောဆို ဆွေးနွေးနိုင်ပါတယ်။
Show more751
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Malware ဆိုတာဘာလဲ
Malware ဆိုတဲ့စကားလုံးက Malicious Software ဆိုတဲ့ စကားစုကနေလာတာဖြစ်ပြီးတော့ အန္တရာယ်ရှိတဲ့ software လို့ အဓိပ္ပာယ်ရပါတယ်။ Malware ဆိုတာ ကျွန်တော်တို့လိုသုံးစွဲသူတွေရဲ့ computers, phones စတဲ့ devices တွေကို အန္တရာယ်ပြုဖို့အတွက် Cyber criminals လို့ခေါ်တဲ့ Internet ပေါ်ကနေ တရားမဝင်တဲ့အလုပ်တွေကိုလုပ်တဲ့လူတွေက ဖန်တီးထားကြတာပဲဖြစ်ပါတယ်။
Malware တွေ ပြုလုပ်ဖန်တီးကြတဲ့ ရည်ရွက်ချက်တွေအများကြီးရှိပါတယ်။ အဲ့ထဲကမှ အဖြစ်အများဆုံးကတော့ ပိုက်ဆံလိမ်လည်ရယူဖို့အတွက်နဲ့ လူတစ်ယောက်(သို့)အဖွဲ့အစည်းတစ်ခုရဲ့ ဒေတာအချက်အလက်တွေကို ခိုးယူဖျက်ဆီးဖို့အတွက်ပဲဖြစ်ပါတယ်။
Malware အမျိုးအစားတွေဟာ ယေဘုယျအားဖြင့် အောက်ပါအတိုင်း 8 မျိုးရှိပါတယ်။
1. Adware
2. Bot
3. Ransomware
4. Rootkits
5. Spyware
6. Trojan Horse
7. Virus
8. Worms
Domain Name တွေကို ဝယ်ရတာဖြစ်ပါတယ်။ သာမာန်အားဖြင့် Domain Name တစ်ခုကို တစ်နှစ်စာအတွက်ကျငွေ 10 - 20 dollars , မြန်မာငွေ ၂၀၀၀၀ ကနေ ၄၅၀၀၀ ကျပ် ကြားမှာရှိပါတယ်။
Domain name တွေထဲကမှ "CarInsurance.com" ဆိုတဲ့ domain name ကို လူတစ်ယောက်က ဒေါ်လာ 49.7 million ပေးကာဝယ်ယူခဲ့ပြီးတော့ ယနေ့အထိ တန်ဖိုးအကြီးဆုံး domain name အဖြစ်ရပ်တည်နေပါတယ်။
Domain Name ဆိုတာဘာလဲ
"google.com" "youtube.com" "usa.gov" စတာတွေဟာ domain name တွေဖြစ်ပါတယ်။ Domain Name ဆိုတာကတော့ ပုံမှန်အားဖြင့် အင်တာနက်ပေါ်မှာရှိတဲ့ website တွေနဲ့ တခြားအရင်းအမြစ်တွေကို ရှာဖွေဖို့အတွက် အသုံးပြုရလွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ Domain name ဟာ website တစ်ခုအတွက် လူတွေဖတ်ရလွယ်တဲ့ လိပ်စာတစ်ခုဖြစ်ပြီးတော့ မှတ်ရလွယ်ပြီးရှာဖွေရ ပိုမိုလွယ်ကူစေပါတယ်။
YouTube ပေါ်မှာ videos ပေါင်း ဘနှပုဒ်ရှိလဲ
ယခု 2024 ခုနှစ်စာရင်းအရ YouTube ပေါ်မှာ videos ပေါင်း 3.9 ဘီလီယံရှိပါတယ်။ 2023 ခုနှစ်မှာ ပျမ်းမျှအားဖြင့် တစ်နေ့ကို videos ပေါင်း 2.4 သန်းခန့်လောက် တင်ခဲ့ကြပါတယ်။ ဒီနှုန်းဟာဆိုရင် တစ်နာရီကို video အပုဒ် 100,000 နှုန်း၊ တစ်မိနစ်ကို 1750 ပုဒ်နှုန်းနဲ့ တစ်စက္ကန့်ကို 29 ပုဒ် နှုန်းနဲ့တူညီပါတယ်။ 🤯
Applications တွေ Games တွေမှာ Easter eggs ဆိုတာကတော့ ထုတ်လုပ်သူတွေဘက်က သုံးသူတွေမသိအောင် ထည့်ထားတဲ့ ထူးခြားချက်၊ ဒါမှမဟုတ် ဟာသတွေပဲဖြစ်ပါတယ်။ Google Search Engine မှာလဲ Easter eggs လေးတွေရှိပါတယ်။ အဲ့ထဲကတစ်ခုကတော့ Google မှာ "askew" လို့ရှာကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ result page က ပုံထဲကလို ညာဘက်ကို အနဲငယ်စောင်းနေမှာပဲဖြစ်ပါတယ်။ Phone မှာပဲဖြစ်ဖြစ် computer မှာဖြစ်ဖြစ် စမ်းကြည့်လို့ရပါတယ်။
Google ရဲ့အမည်က စာလုံးပေါင်းအမှားတစ်ခုကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။
1998 ခုနှစ် Google ကိုစတင်တည်ထောင်ချိန်က မူလနာမည်က "googol" ဖြစ်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ သင်္ချာမှာ googol ဆိုတာ 1 ရဲ့နောက်မှာ သုညပေါင်းအလုံး 100 ရှိတဲ့ဂဏန်းပဲဖြစ်ပါတယ်။
တည်ထောင်ပြီးမကြာခင်မှာပင် စာလုံးပေါင်းရလွယ်ပြီး ပိုမိုလိုက်ဖက်စေဖို့အတွက် "Google" လို့ပြန်ပြောင်းခဲ့ပါတယ်။ ထိုကနေတစ်ဆင့် လူအများကြားမှာ ရေပန်းစားတဲ့ အမည်တစ်ခုလဲဖြစ်လာခဲ့ပါတယ်။
Fun Fact
ကမ္ဘာတစ်ဝှမ်းရှိ အွန်လိုင်းပေါ်ရှာဖွေမေးမြန်းမှုစုစုပေါင်းရဲ့ 70% က Google Search Engine ကနေလုပ်ဆောင်တာပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး Laptop ဟာ ဒေါ်လာ ၃.၅ သန်းတန် MJ's Swarovski & Diamond Studded Notebook ဖြစ်ပါတယ်။ သူ့ကို ရာနှင့်ချီတဲ့ အဖြူရောင်နဲ့ အနက်ရောင်စိန်တွေနဲ့ ဖုံးအုပ်ထားပြီး 17 လက်မ LED မျက်နှာပြင်ပါရှိပါတယ်။
ဒီ channel ထဲမှာ Brand New laptop ဝယ်ချင်တဲ့လူ ဝယ်ဖို့ရှိတဲ့လူများရှိရင် တစ်ချက်လောက် comment မှာပြောပေးပါလားဗျ။
1999 ခုနှစ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပြူတာတွေအားလုံးရဲ့ ကွန်ပြူတာစွမ်းအင်ကို လူသားရဲ့ ဦးနှောက်တစ်ခုတည်းနဲ့ နှိုင်းယှဥ်ခဲ့ပါတယ်။ အံ့သြစရာတစ်ခုက လူသားဦးနှောက်ရဲ့ တစ်စက္ကန့်အတွင်း လုပ်ဆောင်နိုင်တဲ့တွက်ချက်မှုအတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် ပေါင်းစပ်ထားတဲ့ကွန်ပြူတာအားလုံးရဲ့ စွမ်းအင်နဲ့ဆိုရင် ၆ နှစ်ခန့်လောက် အချိန်ယူရမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။
Emoji
Emoji ကို Japan Mobile phone များအတွက် Shigetaka Kurita က 1999 ခုနှစ်မှာ ပထမဆုံး ဖန်တီးခဲ့တာဖြစ်ပြီးတော့ ခုချိန်မှာတော့ ကမ္ဘာတစ်ဝန်း အသုံးပြုလာကြတာပဲဖြစ်ပါတယ်။ Emoji က e ဟာ ဂျပန်လို (picture) ရုပ်ပုံနဲ့ moji ဟာ ဂျပန်လို (character) အက္ခရာ လို့အဓိပ္ပာယ်ရပါတယ်။
The first VCR (Video Camera Recorder) ပထမဆုံး Video record ယူနိုင်တဲ့ ကင်မရာကို 1956 ခုနှစ်မှာ ဖန်တီးခဲ့ပြီးတော့ သူ့ရဲ့ အရွယ်အစားဟာ စန္ဒရားတစ်လုံးရဲ့ အရွယ်အစား ရှိပါတယ်။
Phantom Vibration Syndrome ဆိုတဲ့ ဖြစ်စဉ်တစ်ခုဟာဆိုရင် လူတွေက သူတို့ရဲ့ဖုန်း (Vibrate)တုန်နေတာမဟုတ်ပေမဲ့ တုန်နေတယ်ဆိုပီးထင်ကြတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ အထူးသဖြင့်ဖုန်းနဲ့နီးနီးကပ်ကပ်နေကြတဲ့ လူတော်တော်များများမှာအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို သုတေသီတွေကလဲ ရှာဖွေတွေ့ရှိထားပြီးတော့ Oxford English Dictionary မှာတောင် ထိုဖြစ်စဉ်ရဲ့အဓိပ္ပာယ်ကိုထည့်သွင်းထားပါတယ်။
Inventor of email
Ray Tomlinson(Raymond Samuel Tomlinson)
သူကတော့ American programmer တစ်ဦးဖြစ်ပြီးတော့ သူ့ကို April 23, 1941 ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Ray Tomlinson ဟာဆိုရင် 1971 ခုနှစ်တွင် Email ကို စတင်တီထွင်ခဲ့သူအဖြစ် ဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။ Email Address ကိုလည်း "@" အဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။
QWERTY Keyboard
English ဘာသာစကား လက်နှိပ်စက်နှင့် keyboard အများစုတွင် စံပုံစံဖြစ်တဲ့ QWERTY keyboard ရဲ့ အပြင်အဆင်(စာလုံးများထားပုံ) ဟာ စာရိုက်ခြင်းကို နှေးကွေးစေရန် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရိုက်ရတာအရမ်းမြန်လွန်းတဲ့အခါ လက်နှိပ်စက်နဲ့ keyboard တွေအမြန်ပျက်လွယ်တာကြောင့် နှေးအောင်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ QWERTY Keyboard ပုံစံကို 1870 ခုနှစ်များမှာ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။
လပေါ်ကို ပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ Apollo 11 အကာသယာဥ်ရဲ့ လမ်းညွှန် computer ဟာ ယခုခေတ်မီ smart phone တွေလောက်တောင် လုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။
Repost from N/a
Google Play store ပေါ်မှာ apps စုစုပေါင်း 3.5 million ကျော်ရှိပါတယ်။ ထိုထဲကမှ 3.4 million (96.9%) လောက်က free download နိုင်တာဖြစ်ပြီးတော့ ကျန်တဲ့ 110000 ကျော် (3.1%) ကတော့ ပိုက်ဆံနဲ့ဝယ်ရတာပဲဖြစ်ပါတယ်။
Repost from N/a
Operating System ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Software နဲ့ Hardware တွေကိုစီမံဖိုပဲဖြစ်ပါတယ်။ ထိုအပြင်သူ အသုံးပြုသူအတွက် အဆင်ပြေစေမဲ့ interface တစ်ခုပေးနိုင်ရန်၊ computer ရဲ့ resources တိုကို စီမံခန့်ခွဲရန်နဲ့ program တွေရဲ့လုပ်ဆောင်မှုတွေကို ပိုမိုလွယ်ကူချောမွေ့စေဖိုအတွက်ဖြစ်တယ်။
အသုံးများကြတဲ့ Operating System တွေကတော့
1. Window
2. macOS
3. Linux
4. Android
5. iOS
အခြားသော Operating System တွေလဲအများကြီးရှိပါသေးတယ်။
Repost from N/a
Operating System ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Software နဲ့ Hardware တွေကိုစီမံဖို့ပဲဖြစ်ပါတယ်။ ထို့အပြင်သူ အသုံးပြုသူအတွက် အဆင်ပြေစေမဲ့ interface တစ်ခုပေးနိုင်ရန်၊ computer ရဲ့ resources တိုကို စီမံခန့်ခွဲရန်နဲ့ program တွေရဲ့လုပ်ဆောင်မှုတွေကို ပိုမိုလွယ်ကူချောမွေ့စေဖိုအတွက်ဖြစ်တယ်။
အသုံးများကြတဲ့ Operating System တွေကတော့
1. Window
2. macOS
3. Linux
4. Android
5. iOS
အခြားသော Operating System တွေလဲအများကြီးရှိပါသေးတယ်။
