en
Feedback
🐼

🐼

Open in Telegram
1 465
Subscribers
-324 hours
-157 days
-5930 days

Data loading in progress...

Attracting Subscribers
September '26
September '26
+3
in 0 channels
August '26
+21
in 0 channels
Get PRO
July '26
+11
in 0 channels
Get PRO
June '26
+4
in 0 channels
Get PRO
May '26
+14
in 1 channels
Get PRO
April '26
+32
in 0 channels
Get PRO
March '260
in 0 channels
Get PRO
February '26
+4
in 0 channels
Get PRO
January '26
+2
in 1 channels
Get PRO
December '25
+9
in 1 channels
Get PRO
November '250
in 0 channels
Get PRO
October '25
+5
in 1 channels
Get PRO
September '25
+6
in 0 channels
Get PRO
August '25
+7
in 0 channels
Get PRO
July '25
+81
in 5 channels
Get PRO
June '25
+16
in 1 channels
Get PRO
May '25
+25
in 4 channels
Get PRO
April '25
+11
in 0 channels
Get PRO
March '25
+33
in 2 channels
Get PRO
February '25
+12
in 3 channels
Get PRO
January '25
+30
in 4 channels
Get PRO
December '24
+124
in 3 channels
Get PRO
November '24
+384
in 3 channels
Get PRO
October '24
+400
in 3 channels
Get PRO
September '24
+626
in 7 channels
Get PRO
August '24
+888
in 6 channels
Get PRO
July '24
+306
in 14 channels
Get PRO
June '24
+296
in 7 channels
Get PRO
May '24
+396
in 5 channels
Get PRO
April '24
+241
in 0 channels
Get PRO
March '24
+2 854
in 0 channels
Get PRO
February '24
+634
in 3 channels
Get PRO
January '24
+54
in 0 channels
Get PRO
December '23
+1 057
in 0 channels
Date
Subscriber Growth
Mentions
Channels
07 September+1
06 September0
05 September0
04 September0
03 September+2
02 September0
01 September0
Channel Posts
Crying on my birthday.

2
တစ်ခါလေကျတော့လည်းလေ Online Friends တွေကသိပ်တန်ဖိုးရှိတာ ကိုယ့်မိသားစုကမေ့နေတဲ့အရာတွေကိုတောင်မှတ်မိရှာတယ် ဂရုစိုက်ပေးကြတယ် သိပ်ကိုကျေးဇူးတင်မိပါရဲ့။🫶
1
3
HAPPY BIRTHDAY TO ME. {16+1}🫶🩷
226
4
Just a moment. (ခဏလေးအတွင်းမှာ)
7
5
တိတ်ဆိတ်ခြင်းကို ရွေးချယ်မိတယ် ဘာဖြစ်ချင်လဲလို့ မေးရင်… ဒီထက်ပိုပြီးတိတ်ဆိတ်သွားချင်တယ် မလိုအပ်တဲ့စကားတွေကို အများကြီးမပြောချင်တော့သလို ဘဝထဲမှာ လူတွေအများကြီးလည်း မထားချင်တော့ဘူး။ လုံခြုံနွေးထွေးတဲ့ ကိုယ့်အသိုက်အဝန်း သေးသေးလေးထဲမှာ စိတ်ချရတဲ့ လူနည်းနည်းလေးနဲ့ပဲ အေးအေးချမ်းချမ်း နေချင်တယ်။ အရာအားလုံးကို လိုက်ရှင်းပြနေဖို့မလိုတော့ဘူး။ နားလည်ပေးမယ့်သူတွေက ရှင်းပြစရာမလိုဘဲ နားလည်ကြသလို၊ နားမလည်ချင်တဲ့လူတွေကလည်း အတင်းနားလည်အောင်လုပ်စရာမလိုတော့ဘူး။ ဒီနေ့ကစပြီး… ဆူညံသံတွေထက် ငြိမ်သက်မှုကို၊ လူများတာထက် စိတ်ချမ်းသာမှုကို၊ အနိုင်ရတာထက် အေးချမ်းမှုကို ပိုရွေးချယ်ချင်တယ်။ သေချာတယ်… ဒီထက်ပိုပြီး တိတ်ဆိတ်သွားဖို့ပဲ ရွေးချယ်ဖြစ်တော့မယ်။ အဲ့ဒါဟာ… လောကကို ကျောခိုင်းတာ မဟုတ်ဘူး ကိုယ့်နှလုံးသားရဲ့ငြိမ်းချမ်းမှုကို တန်ဖိုးထားတက်လာတာဘဲ။
277
6
အတွေးလွန်တယ်ဆိုတာ ဘာမဟုတ်တဲ့အရာလေးပါ" လို့ တချို့က လွယ်လွယ်လေး ပြောနိုင်ကြတာပေါ့။ သူတို့က အတွေးလွန်တယ်ဆိုတဲ့ ခံစားချက်ရဲ့ ခါးသီး မှုကိုမှ ကိုယ်တိုင်မခံစားဖူးတာ။ အတွေးလွန်တတ်တဲ့ သူတွေကို ကျွန်တော် တကယ်ကိုယ်ချင်းစာတယ်၊ ဘာ လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအဆုံး မရှိတဲ့ အတွေးစက်ဝန်းထဲမှာ ရှင်သန်နေရတဲ့သူတစ် ယောက် ဖြစ်လို့ပါ။ Family ကိစ္စတွေ၊ Friendship ကိစ္စတွေမှာတင် မကဘူး... အဆိုးဆုံးနဲ့ အနာကျင်ရ ဆုံးက Relationship ကိစ္စတွေမှာ အတွေးလွန်ရတာ ပါပဲ။ ချစ်ရသူရဲ့ စာပြန်တာလေး တစ်မိနစ်လောက် နောက်ကျသွားရင်တောင် "ငါ ဘာမှားသွားလို့လဲ" ဆို တဲ့ မေးခွန်းပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ညှဉ်း ဆဲမိတယ်၊ စကားပြောရင်း ရိုက်ခတ်လိုက်တဲ့ လေသံ အေးအေးလေး တစ်ချက်၊ စာရိုက်ရင်း မပါလာတော့ တဲ့ Emoji လေးတစ်ခုကအစ ကျွန်တော့်အတွက်တော့ သူ "ငါ့ကို ငြီးငွေ့နေပြီလား" ဆိုတဲ့ အသိက ရင်ဘတ် ကို အရင်ဆုံး လာဆောင့်ကာ တစ်ညလုံး အိပ်မပျော် နိုင်အောင် စဉ်းစားစရာတွေဖြစ်လာတတ်တယ်။ တစ် ဖက်လူကတော့ ပုံမှန်ပဲလို့ ပြောလိမ့်မယ်။ ဒါပေမဲ့ အတွေးလွန်တဲ့သူ့အတွက်တော့ အဲ့ဒီ "ပုံမှန်" ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ အဓိပ္ပာယ် ပေါင်း တစ်ထောင်လောက်ကို လိုက်ရှာနေမိတော့တာပဲ။ ကိုယ်ကတော့ မဖြစ်လာသေးတဲ့ အနာဂတ်တွေ၊ ဆုံးရှုံး သွားနိုင်တဲ့ အခြေအနေတွေကို ပုံဖော်ရင်းနဲ့တင် ရင် ဘတ်ထဲမှာ ဓားနဲ့ အမွှန်းခံထားရသလို တကယ် နာ ကျင်နေရပြီ။ "ငါ အရေးမပါတော့ဘူးလား"၊ "ငါ့ထက် သာတဲ့သူနဲ့ တွေ့သွားပြီလား" ဆိုတဲ့ အတွေးတွေက ညတိုင်းလိုလို အသက်ရှူရ ကြပ်စေတယ်။ ဒီစိတ်ကို ရပ်တန့်ချင်ပေမယ့်လည်း မရဘူး။ အချစ်ကြီးလွန်း တော့လည်း အဆုံးရှုံးခံရမှာကို ကြောက်တဲ့စိတ်က အတွေးတွေအဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုကိုယ် ပြန် သတ်နေသလိုမျိုး။ တကယ်တော့ အတွေးလွန်တယ် ဆိုတာ စိတ်ကစားတာမဟုတ်ပါဘူး... တစ်ဖက်လူကို အရမ်းတန်ဖိုးထားလွန်းလို့ ကိုယ့်ရဲ့ ပျော်ရွှင်မှုအားလုံး ကို သူ့လက်ထဲ ပုံအပ်ထားမိလို့ ဖြစ်ပေါ်လာတဲ့ခံစား ချက်ပါ။ တစ်ခါတလေများဆို... ဒီလိုတွေ မတွေး မိအောင် စိတ်ကို ပိတ်ထားလို့ရရင် သိပ်ကောင်းမှာပဲဗျာ။
256
7
ချီးထုပ်ကုလားကား ကြည့်ရင်းငိုပါငိုမိတယ် တစ်နေ့တစ်နေ့ ဇတ်ကားတွေကြီးထိုင်ကြည့်နေရတယ်။
42
8
ဒီနေ့ ကျမသေသွားပြီဆိုပါတော့ အရင်ဆုံးကျမအလောင်းကို ရင်ခွဲရုံပို့မယ်၊ ဗိုက်ထဲက အူတွေကလီစာ ဘာညာတွေကို နှုတ်ပြီး ပြန်ချုပ်ပစ်လိုက်မယ်။ အထားခံအောင်လို့ မြို့ပေါ်မှာလုပ်လေ့ရှိတာမျိုးပေါ့။ အဲ့သလိုမှမဟုတ်လည်း ကျမအလောင်းကို အထားခံအောင်ဆေးထိုးမယ်။ ကျမအသားတွေက သွေးဆုတ်ပြီး ဝါတာတာ ဖြစ်နေမယ်၊ နမ်းကြည့်ရင် ညှီစို့စို့အနံ့ထွက်နေမယ်။ အရိယာမဟုတ်တဲ့အတွက် အလောင်းကောင်က တောင့်တင်းအေးစက်ဖို့များနေတယ်။ မိသားစုဝင်တွေက သိပ်မဖက်ချင်တော့ပါဘူး။ ကြည့်ပြီးတော့သာ ဝမ်းနည်းပူဆွေးနေကြလိမ့်မယ်။ ကျမအလောင်းက လက်မနဲ့ခြေမတွေကို ကြိုးချည်လိမ့်မယ်၊ ကျမအိတ်ထဲဖြစ်ဖြစ် ပါးစပ်ထဲဖြစ်ဖြစ် ကူးတို့ခကို ထည့်ပေးထားကြမယ်။ ကျမအပေါ်မှာ ကျမဝတ်ခဲ့တဲ့အဝတ်စားတွေ လွှမ်းပေးထားကြမယ်။ ကျမအလောင်းကို မီးရှို့ရင်ရှို့မယ်၊ မြေမြှုပ်ရင်မြှုပ်မယ်။ သေချာပေါက်တော့ ရွံစရာကြီးဖြစ်မလာခင် ဖျက်စီးပစ်ဖို့မဖြစ်မနေလုပ်ကြရတော့မယ်။ အဲ့ဒီခန္ဓာကိုယ်ကြီးကောင်းစားရေးအတွက် အတတ်ပညာတွေသင်ယူခဲ့တယ်၊ အဲ့ဒီခန္ဓာကိုယ်ကြီးသက်သက်သာသာနေရေး အတွက်စီးပွားရေးတွေရှာခဲ့တယ်၊ နောက်ဆုံးအချိန်ကျ အဲ့ဒါတွေက ဘာမှ အရေးမပါတော့ပါဘူး၊ ရွံစရာခန္ဓာကိုယ်ကြီးကို ဘယ်လို ဖျက်စီးပစ်ရမလဲဆိုတာပဲအရေးပါလာမှာပါ။ ကျမအင်္ကျီအဝတ်စားတွေကို ခွဲဝေယူကြမယ်၊ ကျမပိုင်တဲ့အရာတွေကို ခွဲဝေယူကြမယ်။ တကယ်တမ်းတော့ ဘယ်ရုပ်ဝတ္ထုကိုမှ ကျမ မပိုင်ပါဘူး၊ ပိုင်တယ်လို့အမှတ်မှား ခဲ့တာပါ။ မိသားစုတွေက ၃ရက်လောက်တော့ငိုကြမယ်၊ နောက်တော့ သတိရမိတဲ့အခါမှ ဝမ်းနည်းကြမယ်။ နောက်တော့ ပုံမှန်ပြန်ဖြစ်သွားကြမယ်။ ကျမအလောင်းကို သင်္ချိုင်းမှာ ဖျက်စီးခဲ့ပြီးတော့ ကျမရဲ့ ဝိညာဉ်အကောင်ကို သစ်ခက်နဲ့ ခေါ်တာတွေဘာတွေလုပ်လိမ့်မယ်။ လူတစ်ယောက်က သေပြီးရင် ဝိညာဉ်ကောင်အဖြစ် ကြားခံဘဝနဲ့ နေရမယ်လို့ထင်ကြတဲ့ သဿတဒိဋ္ဌိ အစွဲနဲ့ လျှောက်လုပ်ကြမှာပါ။ ကျမအဝတ်အစားကို ဖြန့်ခင်းထားပြီး ကျမအဝတ်စားဘေးမှာ ထမင်းနဲ့ရေကို ချထားပေးမယ်၊ ပိုးကောင်တွေလည်း ကျနေမယ် အဲ့ဒီအထဲကို။ ကျမက အဲ့ဒါတွေကို ဝိညာဉ်အကောင်အနေနဲ့ စားလိမ့်မယ်လို့ ယူဆကြတယ်။ ကျနော်က ၇ ရက်လောက် ဝိညာဉ်ကောင်အဖြစ်နဲ့ အိမ်မှာနေပြီးတော့ (၇)ရက်ပြည့်ရင် အိမ်မှာမနေနိုင်တော့ဘူးလို့ ယုံနေကြလိမ့်မယ်။ တကယ်တမ်း ကျမရဲ့ လားရာဂတိနိမိတ်ကို သေခါနီးမှာမြင်ပြီးတော့ ရုပ်နာမ်နှစ်ပါးပျက်ပြီး စုတိစိတ်ကနေ တစ်ဖက်မှာတန်းပဋိသန္ဓေစိတ် ဖြစ်မယ်ဆိုတာ သိချင်မှသိကြမှာပါ။ အဲ့ဒီတော့ ဓလေ့ထုံးစံအတိုင်း လျှောက်လုပ်ကြမယ်။ ကျမဟာ အပါယ်လေးဘုံရောက်ရင်ရောက်မယ်။ လူနတ် စသဖြင့် ပဋိသန္ဓေတည်ရင်တည်နေမယ်။ ကျမဟာ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘုံသားဖြစ် ရင်၊ သာဓုခေါ်နိုင်မယ်၊ မခေါ်နိုင်မယ့် ပြိတ္တာနဲ့ ငရဲတိရိစ္ဆာန် ဖြစ်ရင် သာဓုမခေါ်နိုင်ဘူး။ လူ/နတ် ဘဝတွေကို
212
9
တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ထောင်ချောက်တွေနဲ့ ကစားတာပါပဲ ငါတို့ပိတ်မိသွားရင်လည်း နာတယ် ငါတို့ ထွက်ပြေးနိုင်ပြန်တော့လည်း ပိုနာရတယ် ။ - ပြည့်စုံဝင်း
182
10
အသက် 14လောက်တုန်းက ဖုန်းထဲမှာ Contact ၁၀၀ ကျော်တယ်။ Birthday ဆိုရင် Notification တန်းစီနေတာ။ ညဘက် အပြင်ထွက်ရင် တစ်ဖွဲ့ကြီး။ အသက် 16 ကျော်လာတော့ ဖုန်းထဲက နာမည်တွေ တစ်ဖြည်းဖြည်း မှိန်လာတယ်။ Group ထဲမှာ Seen ဖြစ်ပေမယ့် Reply မလာတော့ဘူး။ Birthday ကျရင် အရင်းဆုံး ၃-၄ ယောက်ပဲ "ပျော်ရွှင်ပါစေ" လို့ ပို့လာတယ်။ အစက ဝမ်းနည်းတယ်။ "ငါ့ကို မေ့သွားကြပြီလား" ပေါ့။ "ငါ တစ်ခုခုမှားနေလို့လား" ပေါ့။ နောက်တော့ နားလည်လာတယ်။ ဒါ သစ္စာဖောက်တာမဟုတ်ဘူး။ ဒါ သဘာဝပဲ။ လူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေရပြီ။ အိမ်ထောင်ကျတဲ့လူကျတယ်။ နိုင်ငံခြားထွက်တဲ့လူထွက်တယ်။ အလုပ်နဲ့နပန်းလုံးနေတဲ့လူလုံးတယ်။ အချိန်မရှိတော့တာ မဟုတ်ဘူး။ "အရေးကြီးတဲ့လူ" ကို ပေးဖို့ပဲ အချိန်ရှိတော့တာ။ အခု ငါ့မှာ သူငယ်ချင်း အနည်းငယ်ပဲကျန်တယ်။ ဒါပေမယ့် ဒီအနည်းငယ်က ငါ ညသန်းခေါင်ငိုရင်လည်း ဖုန်းကိုင်တယ်။ ငါ ဒုက္ခရောက်ရင် ဘာမှမမေးဘဲ ပိုက်ဆံလွှဲပေးတယ်။ ငါ အောင်မြင်ရင် တကယ်ဝမ်းသာပေးတယ်။ အရင်က သူငယ်ချင်း ၅၀ ရှိတုန်းက တစ်ယောက်မှ မလုပ်ပေးနိုင်တဲ့အရာတွေ။ ဒါကြောင့် သူငယ်ချင်းနည်းသွားလို့ စိတ်မကောင်းမဖြစ်နဲ့။ မင်း အပေါ်ယံတွေ ရှင်းထုတ်ပြီးတာ။ ရွှေစစ်တွေပဲ ကျန်တာ။ Quantity မဟုတ်တော့ဘူး။ Quality ဖြစ်သွားတာ။ ဒီနေ့ မင်းဖုန်းထဲမှာ စကားမပြောဖြစ်တာ နှစ်ချီနေပေမယ့် ဒုက္ခရောက်ရင် ပထမဆုံးပြေးသတိရမယ့် နာမည် တစ်လုံး ရှိတယ်ဆိုရင် မင်း ချမ်းသာနေပြီ။ လူအများကြီးမလိုဘူး။ "ငါ့ဘက်မှာရှိတယ်" ဆိုတဲ့ လူတစ်ယောက်ရှိရင်ကို လုံလောက်ပြီ။
223
11
လွမ်းနေမိတယ်။
217
12
တချို့လူတွေ ဘဝထဲဝင်လာတာ အတူရှိနေဖို့ မဟုတ်ဘူး မှတ်မိနေဖို့ပါ။ ▪️အောင်ချိမ့်
262
13
စာအပ်ရ https://www.tiktok.com/@fellingsfromheart
206
14
ဆရာမဂျူး ပြောဖူးတဲ့ စာသားလေးတစ်ခွန်းရှိတယ်... "အချစ်ဆိုတာ ကိုယ့်ဘက်က ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ တစ်ဖက်လူမှာ 'အသိတရား' မရှိရင် အချည်းနှီးပါပဲ" တဲ့။ ဒီဘက်ခေတ် Relationship တွေမှာ အားလုံးပဲ ကြုံဖူးကြမှာပါ။ ကိုယ်ကတော့ သူ့ကို စိတ်ချမ်းသာစေချင်လို့၊ အဆင်ပြေစေချင်လို့ ကိုယ့် Ego တွေကို ချိုးနှိမ်ပြီး တစ်ဖက်သတ် Effort တွေ အပတ်တကုတ် ပေးခဲ့မိတာပဲ။ သူက ကလေးဆိုးရင်လည်း ကိုယ်ကပဲ လူကြီးလုပ်ပြီး ခွင့်လွှတ်ပေးခဲ့တယ်။ သူ အဆင်မပြေဖြစ်တိုင်းလည်း ကိုယ့်ကိစ္စတွေအသာထားပြီး သူ့အနားမှာ အမြဲရှိပေးခဲ့တာပဲ မဟုတ်လား။ ဒါပေမဲ့... အဆိုးဆုံးက ဘာလဲသိလား? တစ်ဖက်လူမှာ ကိုယ့်ရဲ့ပေးဆပ်မှုကို မြင်နိုင်တဲ့၊ တန်ဖိုးထားရကောင်းမှန်းသိတဲ့ 'အသိတရား' မရှိတဲ့အခါ... ကိုယ်လုပ်ပေးသမျှ အရာအားလုံးက သူ့အတွက်တော့ "ဝတ္တရား" တစ်ခုလို၊ "အလိုအလျောက် ဖြစ်နေရမယ့်အရာ" တစ်ခုလိုပဲ ထင်မှတ်သွားကြတာ။ ကိုယ့်ဘက်က ပေးဆပ်ခြင်းအနုပညာနဲ့ ချစ်ပြနေချိန်မှာ သူ့ဘက်က လျစ်လျူရှုခြင်းအတတ်ပညာနဲ့ တုံ့ပြန်နေရင် အဲ့ဒီအချစ်က ဘယ်တော့မှ ရေရှည်မသွားနိုင်ဘူး။ အချစ်ဆိုတာ နှစ်ယောက်အတူတူ တည်ဆောက်ရတဲ့ တံတားတစ်စင်းလိုပဲ။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ခိုင်ခံ့အောင် ဆောက်ဆောက်၊ သူ့ဘက်က ဖျက်ဆီးနေရင် ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရင် အဲ့ဒီတံတားက တစ်နေ့ကျိုးကျမှာပဲ။ ခေတ်လူငယ်တစ်ယောက်အနေနဲ့ ချစ်တတ်ဖို့လိုသလို၊ ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာကိုလည်း သိဖို့လိုတယ်။ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်မှုတွေကို တန်ဖိုးမသိတဲ့သူဆီမှာ သွားပြီး အကုန်အကျမခံပါနဲ့တော့။ ပေးဆပ်ရတာ မောလှပြီဆိုရင်တော့... ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ချစ်ပေးလိုက်ပါတော့ဗျာ။ အသိတရားမရှိတဲ့သူကို သင်ခန်းစာပေးဖို့ အကောင်းဆုံးနည်းလမ်းက "ကိုယ့်ရဲ့မရှိခြင်း" နဲ့ ထားခဲ့လိုက်တာပါပဲ။
295
15
ဒုတိယလူအဖြစ်နဲ့ပြီဆုံးသွား... နှမြောတယ်ကွာ နောက်ဆုံးပွဲကြီးအတော်မျှော်လင့်ထားတာကို ဘာပဲဖြစ်"အကောင်းဆုံးကြိုးစားပေးခဲ့တယ်ygအဖွဲ့ဝင်တွေကိုကျေးဇူးပါ
239
16
ဒီမြို့ကြီးထဲမှာအမှတ်တရတွေတအားများတာပဲကွယ် ထွက်‌သွားလိုက်ချင်တယ်။
55
17
တစ်ချိန်က ကိုယ်တွေလည်းအများကြိး အောက်ကျခံခဲ့ရတယ် သဘောကျခဲ့မိတာတွေကြောင့်ပေါ့ နောက်ပိုင်းမှာ သူ့မှာပိုင်ရှင်ရှိတယ်ဆိုတာသိခဲ့ရတော့လည်းရှောင်ခဲ့ပါသေးတယ် ကံအကုန်သေးလို့လားတော့မသိပေမဲ့ သူတို့တွေဘာဖြစ်သွားလည်းမလိုက်ရဘူး ဒါပေမဲ့ သူနဲ့ကိုယ်အဆက်သွယ်ပျက်ခဲ့ပေမဲ့ ပြန်ပြီးဆက်သွယ်ဖြစ်ခဲ့ကြတယ် အခုတော့ တစ်နှစ်ထက်မက သဘောကျခဲ့မိရုံကလွဲပြီး ဘာမှအထူးဆန်းသွားပါဘူး။ ပိုင်ဆိုင်ရမယ်လို့လည်းမထင်သလို အရင်ကလိုပဲအောက်ကျခံမိနေတုန်းပဲဒါပေမဲ့လည်း နောက်ဆုံးကျအခြားသူလက်‌ထဲပါသွားမှာကိုလည်းသိနေတယ် ။
26
18
Life Is Better Without Anyone Besides You Cause Everyone Will Step On You And Acts Like They Are The Champions Without Giving
Life Is Better Without Anyone Besides You Cause Everyone Will Step On You And Acts Like They Are The Champions Without Giving You Your Credits.
320
19
အနောက်ကို ခဏခဏ လှည့်မကြည့်ပါနဲ့ အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့ ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲ့ဒီလိုမလုပ်ခဲ့ရင်..."ဆိုပြီး တချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ သင့်ကိုယ်သင် နာကျင်စေတာပဲ အဖတ်တင်မယ်။ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲ မသွားစေပါဘူး။ ရှေ့ဆက် မမှားဖို့ပဲ ဂရုစိုက်ရပါမယ်။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ မှတ်ထားပါ မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ။ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။ နောက်ကို ပြန်လှည့်ကြည့်နေရင် တော်ရုံနဲ့ ရှေ့ရောက်မှာ မဟုတ်ဘူး။ လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့။ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ ဖေးမကြဖို့ပါ။ ဒီလိုမှမဟုတ်ရင် တစ်ယောက်တည်းနေတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ဘယ်အရာမှ တစ်သက်လုံး မတည်မြဲသလို ဘယ်သူမှလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်း ဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။ တချိန်ကျရင် ခွဲရမှာပဲလို့ အခိုင်အမာ လက်ခံထားရင် လုံလောက်ပါတယ်။ အတွေးလွန်ခြင်းကြောင့် လက်ရှိ စိတ်အခြေအနေကို အပျက်စီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ ပျက်ချိန်တန်ရင်လည်း ပျက်ရမှာပဲလေ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ။ အဲ့ဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာ မလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို မရပ်ပဲ ဆက်လုပ်သွားဖို့ပါပဲ။ လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်စရာရှိရင် ပျော်ပါ ပင်ပန်းရင် အိပ်ပါ။ ဝမ်းနည်းရင် အားတင်းထားပါ။ တချို့အခြေအနေတွေက သဘာဝအတိုင်း နေလိုက်တာက ပိုအဆင်ပြေပါတယ်။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။ စိတ်အဆင်မပြေတိုင်း စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ သင့်အတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
283
20
ယောက်ကျားလေးတွေရဲ့အချစ်ကရိုးရှင်ရပါတယ် “ဘာကြောင့်လည်း” ဘာကြောင့်လည်းဆိုတော့ ယောက်ကျားလေးတစ်ယောက်က သူတို့တကယ်ချစ်တဲ့မြတ်နိုးတဲ့ ကောင်မလေးပေါ်မှာ ဘာမဆိုပြောင်းလည်းပေးနိုင်တယ် တစ်ဖက်သူကပြောပြနေစရာမလိုပဲ သူ့အလိုလိုပြောင်းလည်းပေးတတ်ကြတယ်။ ဥပမာ ကျုပ်အဖေပေါ့ ကျုပ်အဖေအမြဲပြောပြောနေကျစကားတစ်ခုရှိတယ် “ အပါးအရင်က အရမ်းဆိုးခဲ့တာ အပါးလူပျိုတုန်းကဆို ကွမ်းလည်းစားတယ်ဆေးလိပ်လည်းသောက်တယ် အရက်လည်းသောက်တယ် အကုန်နီးပါးလုပ်ဖူးတယ် မလုပ်ဖူးတာမရှိဘူး နောက်ပြီး တစ်ခုခုဆို အမြဲ အပါးရဲ့အမေ့အပေါ်အပူကပ်နေကျ ဒါပေမဲ့ နင်တို့အမေနဲ့ တွေ့ပြီးချိန်မှာ အပါးကိုယ်အပါးပြင်လိုက်တယ် မကောင်းတာတွေအပါးမလုပ်တဲ့အပြင် မိသားစုတစ်ခုတည်ထောင်ဖို့အတွက် အပါးအလုပ်တွေကြိုးစားတယ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လိုက်တယ်။ ” ကျုပ်ဘာသင်ခန်းစာရလိုက်လည်းဆိုတော့ ယောက်ကျားလေးတစ်ယောက်ကဘယ်လောက်ကြီးပဲဆိုးနေပါစေ ပျက်စီးနေပါစေ သူတို့တကယ်ချစ်မြတ်နိုးတဲ့ကောင်မလေး ရှိပြီဆိုရင် အလိုလိုနေရင်းပြုပြင်ပြောင်းလည်းလာကြတယ် “ငါဒါလုပ်ရင် သူ့အပေါ်ဘယ်လိုသက်ရောက်မလည်း။” ဆိုပြီးတွေးပြီး ရှေ့ရေးအတွက်စဉ်စားကြတယ် နောက်ပြီး ကျုပ်အဖေ ပြောဖူးတာတစ်ခုရှိတယ် “ လူတစ်ယောက်က မပြောင်းလည်းနိုင်ဘူးမပြုပြင်နိုင်ဘူးဆိုတာလုံးဝမရှိဘူး အေးတကယ်လို့အဲ့လူတစ်ယောက်ကအဲ့လိုပြောလာပြီဆိုရင် အဲ့တာ သူတို့စိတ်ထဲမှာအဲ့အရာကိုမစွန့်လွတ်ချင်လို့ နောက်ပြီးမပြောင်းလည်းချင်လို့ပဲ ဘယ်အရာမဆိုကိုယ့်ကိုကိုယ်နဲ့ပဲဆိုင်တယ် ကိုယ့်စိတ်နဲ့ပဲဆိုင်တယ်။ “ ဆိုပြီးပြောခဲ့တယ် နောက်တစ်ချက်က ဘယ်ယောက်ကျားလေးမဆို သူတို့ချစ်တဲ့ ကောင်မလေးကိုတွေ့ပြီဆို “ I Can Be Better For You” ဆိုတဲ့အတွေးထည့်တတ်ကြတယ် တကယ်မချစ်တဲ့သူတွေကတော့ “You Deserve Better” ဆိုပြီးပြောကြတယ် ဆိုတော့ ချစ်ပြီဆိုထဲက ဘယ်သူမဆိုပိုင်ဆိုင်ချင်ကြတာကြီးပဲလေ အဲ့လိုပဲယောက်ကျားလေးတွေတကယ်ချစ်ပြီဆို သူတို့ကိုယ်သူတို့ပြုပြင်ပြောင်းလည်းသင့်တာတွေပြောင်းလည်းပြီး မင်းကိုစိတ်လုံးခြုံအောင်ရယ် ပျော်ရွှင်အောင်ရယ်ထားကြမှာပဲ မင်းအတွက်သူကအကောင်းဆုံးယောက်ကျားကောင်း ဖြစ်နိုင်အောင်ကြိုးစားပြီးသက်သေပြကြမှာပဲ တကယ်လိုအဲ့လိုတွေမလုပ်ဘူးဆိုရင် ကောင်မလေးရေ မင်းကသူတို့အတွက်သူတို့ချစ်ရတဲ့အမျိုးသမီးမဟုတ်လို့ပဲ သူတို့လက်ထပ်ယူမဲ့သူမဟုတ်လို့ပဲ။ https://www.tiktok.com/@naw_elizabeth_aung
333