cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Snow Queen🇲🇲🇲🇲🇲🇲

သတင်းစုံတွေဖတ်ရှုနိုင်ဖို့ #SQ🇲🇲ကို Joinထားကြပါစို့။

Show more
Advertising posts
53 488
Subscribers
+8524 hours
+4317 days
+1 86530 days
Posting time distributions

Data loading in progress...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Publication analysis
PostsViews
Shares
Views dynamics
01
Jun 3 Good ည😴😴😴
4 8060Loading...
02
Jun 3 - နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအား များဖမ်းဆီး၊ နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသူ ၁၁ ဦး ထွက်ပြေးတိမ်းရှောင်လျက်ရှိဟုဆို ++++++++++++++++++++++++++++++++++++++++++++++++ နေပြည်တော် ၊ ဇွန်လ ၃ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအား များဖမ်းဆီးထားပြီး နောက်ကွယ်က ဆောင် ရွက်လျက်ရှိသူ ၁၁ ဦး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အနှောင့်အယှက်အဟန့် အတား ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များကိုချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသည့် တရား မဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း ၁၄ ဦး အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။ ၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် နောက် ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့ သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက် လျက်ရှိသည့် ဖမ်းဆီးရမိ း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင် လျက်ရှိ သည့် ၁၁ ဦးကို လည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး တရားခံများ အား သိရှိပါက သက်ဆိုင်ရာ လုံခြုံ ရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများ ကိုလည်း တရားဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ထား သည်။
5 1323Loading...
03
Jun 3 စစ်ကိုဖိတ်ခေါ်တဲ့... အကျိုးဆက် နောက်ဆက်တွဲ ဒီလိုဖြစ်လာမယ်ဆိူတာ သိသိကြီးနဲ့ အော်လည်းအလကားပဲ ကြိတ်ခံကြ။
5 0152Loading...
04
Jun 3 တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှု ယနေ့ကစ၍ ယာယီရပ်ဆိုင်း ====================================================== ၃.၆.၂၀၂၄ Written By Zun တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုအား ထပ်မံ၍ ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရကြောင်း သံတွဲမြို့ခံများ ပြောဆိုမှုနှင့် MT News စုံစမ်းမှုအရ သိရသည်။ “ဒီနေ့ ပဲ ရပ်တာ။ တိုက်ပွဲက လေယာဉ်ကွင်းနားမှာ ဖြစ်နေတာ။ မဇင်ရွာ၊ စပါးကြီးရွာ၊ ဂေါ့ အဲဒီအနားမှာ ဖြစ်တာဆိုတော့ လေယာဉ် ပျံသန်းဖို့က မဖြစ်နိုင်ဘူးလေ။ အခု ကျွန်တော်တို့လည်း အိမ်မှာတော့နေတယ်။ ကြောက်တော့ ကြောက်တာပေါ့။ တပ်ဖက်က လေယာဉ်နဲ့ ချတာ။ AA တွေ မလွယ်လောက်ဘူး”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့တပ်မတော်က မဇင်လေဆိပ်အနီး ဂေါ့ကျေးရွာအနီးတွင် အခြေချနေသော AA လက်နက်ကိုင်အဖွဲ့ကို လေကြောင်းဖြင့် ချေမှုန်းလျက်ရှိပြီး AA အဖွဲ့များ အထိအခိုက်များ... ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=68731 #AA #သံတွဲ #ငပလီ #တိုက်ပွဲ #MT #mtnews
5 2922Loading...
05
Jun 3 ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း။ နေပြည်တော်၊ ဇွန်လ ၃ ရက်
5 3554Loading...
06
Jun 3 ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း။ နေပြည်တော်၊ ဇွန်လ ၃ ရက်
7 2693Loading...
07
Jun 3 အမျိုးသမီးများကို အတင်းအကျပ် စစ်မှုထမ်းဆောင်ရန် စတင်စုဆောင်းနေသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ။ နေပြည်တော်၊ ဇွန် ၃
8 1252Loading...
08
Jun 3 AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းများထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်။
4 9801Loading...
09
Jun 3 ရွှေကျင်မြို့နယ်၊ ခြေတော်ယာကျေးရွာအတွင်းသို့ KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီး၊ လူထိခိုက်မှုမရှိ ============================================================= NOM ဇွန်လ ၃၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ယာကျေးရွာအတွင်းသို့ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်၌ KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်တစ်လုံးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
5 2540Loading...
10
အမျိုးသမီးများကို အတင်းအကျပ် စစ်မှုထမ်းဆောင်ရန် စတင်စုဆောင်းနေသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်။(ဇွန်လ ၃)
5 4921Loading...
11
Jun 3 **စိတ်မကောင်းလိုက်တာ ညီမလေးရယ် RIP ပါ။** ==================== ညောင်လေးပင်ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအုပ်တင်သီခိုင်(မ)သည် စစ်သွေးကြွ PDF များ၏ လက်ချက်နဲ့ ကျဆုံး ပဲခူး၊ဇွန်-၃ ယနေ့ နံနက် ၉:၁၅ အချိန်က ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအုပ်တင်သီခိုင်(မ)သည် စစ်သွေးကြွ PDF များ၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ် အပေါ် ဒေသခံတစ်ဦးက "ပြွန်တန်ဆာမြို့၊ဂျို့ပင်အုပ်စု၊သမကျေးရွာ‌ က သူရဲ့နေအိမ်ကနေ ခရိုင်ရုံးကို ဆိုင်ကယ်နဲ့အသွား လမ်းမှ ပစ်ခတ်ခံရတာ"လို့ ပြောဆိုသည်။ #PeopleMedia
11 27124Loading...
12
Jun 3 မြစ်ကြီးနားမြို့နယ်မှာ နာရီရောင်းဝယ် ပြုပြင်သူတစ်ဦးကို စစ်သွေးကြွ KIA/PDF အဖွဲ့က လုပ်ကြံသတ်ဖြတ် ==================================================== မြစ်ကြီးနား၊ဇွန်-၃ ယနေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊နောင်နန်းကျေးရွာအတွင်း၌ Super cup အစိမ်းရောင်ယာဉ်ဖြင့် လှည့်လည်၍ နာရီရောင်းဝယ် ပြုပြင်သူတစ်ဦးကို စစ်သွေးကြွ KIA/PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်လိုက်သည်။ လုပ်ကြံခံရ၍ သေဆုံးသူသည် ဦးအေးနိုင် ၄၃ နှစ် ဖြစ်ပြီး မြစ်ကြီးနားမြို့၊နယ်မြေ(၁)၊ ကြက်ပေါင်ခြံရပ်ကွက်နေထိုင်သူဖြစ်သည်။ #PeopleMedia
6 1462Loading...
13
Jun 3 ခုချိန် ဘာသွားသတိရသလဲဆိုတော့.... မဟာဗောဓိမြိုင်ဆရာတော်ကြီး အဖူး‌မျှော်အကြည်ညိုခံထွက်တော့ အိမ်ကဘုရားကရော တန်ခိုးမကြီးဘူးလား။ လမ်းမှာ PDF တွေ မိုင်းထောင်လို့ ထိခိုက်မိရင် တာဝန်မယူဘူးနော်။ ဘာမှမဖြစ်ချင်ရင် ကိုယ့်အိမ်မှာ ကိုယ်နေကြပါ့လား ဘာလာ ဘလာ ဆိုတဲ့ စကားတွေပဲ ပြန်ကြားယောင်မိတယ်။ အိန်း။ မင်းတို့မှာလည်း တိုက်ပွဲဖြစ်နေတဲ့ကာလကြီးမှာ ဒီတော်လှန်ရေးကြီး ပြီးအောင်တောင် မစောင့်နိုင်ကြတာကိုး။ ခံပေါ့ကွာလို့ပဲ ပြောရမလိုပဲ။ ဒါတောင် အမေရိကားရောက် တယောက်သောသူက ပြောတဲ့ "နင်တို့ ပစ္စည်းတွေက Expired ပါနေလို့လား" ဆိုတဲ့ စကား ယူမသုံးရသေးဘူး။ (နရီမိုး)
7 8371Loading...
14
သံတွဲ ရန်သူကို အထင်မသေးပါနဲ့ အမြဲသတိပေးတယ် ခဲဝါက တစ်ကောင်ထဲမဟုက်ဘူး အဖော်နဲ့ တစ်ကောင်ထိရင် ၃ကောင်တက်နေတယ် မြေပြင်မှာသွေးပျက်ဖွယ်... သံတွဲမှာ အပြင်းအထန်ချနေလည်း ဘေးနားကမြို့ကကောင်တွေက စီးပွားရှာ လွှတ်ပေးနေတုန်း ပိတ်ဆို့ထားမှ ပိုပြီးစီးပွားဖြစ်နေကြတယ်၊ ကုန်းပေါ်ရော ရေရော စီးပွားရှာကြမ်းချက် ရိက္ခာတင် ဘုက်လှေတစ်စီး သိန်း၈၀နော် ကိုယ်ကို့သိကြ..ရမ်းဗြဲတုန်းကလည်းသတိပေးတယ်..လမ်းကြောင်းကိုမပိတ်ဘူး သံတွဲကကောင်တွေက လေကိုမကြောက်ဘူး..လေလာတာနဲ့ ကျင်းတွေထဲပြန်ဝင်နေတာ လေပြန်တာနဲ့တက်တာပဲ..မပေါ့ကြပါနဲ့ ဘေးနားမြို့တွေကလည်း ကိုယ်မဖြစ်ဘူးဆိုပြီးပေါင်းစားမနေနဲ့ လုပ်သင့်တာထက်လုပ်ကြ မလုပ်ပဲနေနေရင် ကိုယ်အလှည့်လာလိမ့်မယ်။ လက်ဝဲသုန္ဒရ
5 9533Loading...
15
Jun4 to Jun9 အထိ သံတွဲလေဆိပ် ယာယီပိတ်ဟုသိရ...
5 7631Loading...
16
Jun 3 Update News ~~ ကချင်ပြည်နယ်၊၀ိုင်းမော်မြို့၊ခတ်ချိုကျေးရွာမှာ။တပ်မတော်နဲ့၊KIAတို့တိုက်ပွဲဖြစ်နေ​ပြီး ခလရ၅၈ တပ်က ပစ်ကူပေးလျက်ရှိကြောင်းသိရသည် #SittNweOo
7 7062Loading...
17
Media files
7 8992Loading...
18
Jun 3 မြစ်ကြီးနားမြို့ပေါ်မှ ရွှေမင်းသမီးရွှေဆိုင် ဓားပြတိုက်ခံရမှု ယနေ့ ဖြစ်ပွားပြီး ရွှေ ၄၀ သားခန့် လုယက်ခံရ ============================================================ ၃.၆.၂၀၂၄ Written By Zun ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှု ယနေ့ဇွန်လ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဓားပြတိုက်ခံရသည့် ရွှေဆိုင်တာဝန်ရှိသူက MT News ကို ဇွန်လ ၃ ရက် ညနေ ၄ နာရီကျော် အချိန်က အတည်ပြုပြောကြားသည်။ “ဓားပြတိုက်တာဟုတ်ပါတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာတာ။ ပစ္စည်းရောင်းမယ့် ပုံစံမျိုး ဝင်လာပြီးမှ လူ လေးယေက်က သေနတ် ၂ လက်နဲ့ ဆိုင်ခန်းထဲကို ဝင်စီးပြီး ဓားပြတိုက်သွားတယ်။ ကျွန်တော်တို့က ဆိုင် သေးတယ်။ ရှိသလောက် အားလုံး ပါသွားတယ်။ စုစုပေါင်း ရွှေ ကျပ်ချိန် ၄၀ သားလောက် ရှိမယ်ဗျ”ဟု ယင်း တာဝန်ရှိသူက ပြောပြသည်။ ယင်းရွှေဆိုင်သည် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် ၊ ဈေးအနီးရှိ ရွှေမင်းသမီးရွှေဆိုင် ဖြစ်ပြီး ဓားပြတိုက်သူများမှာ KIA/PDF များဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရမှု ဖြစ်စဉ်က ယခင်က မရှိခဲ့သောကြောင့် ယခုဖြစ်စဉ်မှာ ပထမဆုံး ဖြစ်ကြောင်း၊ လတ်တလောတွင် အဆိုပါ ကိစ္စကို လိုက်လံစုံစမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။ ◾ Website တွင် ဖတ်ရှုရန် https://www.mtnewstoday.com/?p=68721 #ရွှေဆိုင် #ဓားပြတိုက် #မြစ်ကြီးနား #MT #mtnews
7 9185Loading...
19
Media files
7 0642Loading...
20
မောင်တော လဘောဇားကျေးရွာတွင် စိတ်ဝေဒနာရှင်မွတ်ဆလင်ဘာသာဝင်တစ်ဦးကို အေအေက လူမဆန်စွာ ရိုက်နှက်နှိပ်စက် ဇွန်လ ၃ ရက်၊ ၂၀၂၄။ မောင်တောမြို့နယ်၊ လဘောဇားကျေးရွာတွင် ဇွန်လ ၁ ရက်နေ့မှာ အေအေလက်နက်ကိုင်အဖွဲ့က အပြစ်မဲ့အရပ်သားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ပစ်ထားကြောင်းသတင်းရရှိသည်။ လူမဆန်စွာ ရိုက်နှက်ခံရသူမှာ ဘောက်ရူးရွာသား အော်ဆီရာဟာမာန်၏သား ဆောယတ်အာမိန် (၃၅ နှစ်ခန့်)ဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ ဆောယတ်အာမိန်သည် ဇွန်လ ၁ နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် လဘောဇားကျေးရွာသို့ မိသားစု ဝမ်းရေးအတွက် ဆန်သွားရှာနေစဉ် လဘောဇားတွင် လှုပ်ရှားနေသော အေအေ တပ်ဖွဲ့ဝင်များက မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အေအေ တပ်ဖွဲ့ဝင်များက လူမျိုးရေးအငြိုးနှင့် လူမဆန်စွာ စိတ်ကြိုက်ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ " ဆောယတ်အမိန်ဟာ ရိုးရိုးသားသား သာမန်အရပ်သားတစ်ယောက်ဖြစ်တယ်။ စိတ်ဝေဒနာ ခံစားနေရတာလဲ ကြာပါပြီ။ သူက လဘောဇားမှာ ဆန်သွား ရှာနေတာဖြစ်တယ်။ အေအေက သူ့ကို မတရားဖမ်းဆီပြီးတော့ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေက စိုးရိမ်စရာ အနေအထားရှိတယ်" ဟု ဘောက်ရူးရွာသားတစ်ဦးက ပြောကြားသည်။ အေအေ အောက်ခြေတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ခံများသည် သူတို့ ထိန်းသိမ်းထားသော ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ဤသို့ ယုတ်မာမှုများကို လိုင်စင်ရထားသကဲ့သို့ မကြာခဏ ကျူးလွန်နေကြောင်း သိရှိရသည်။ ဒေသခံများသည် အေအေ၏ ကြမ်းကြုတ်ရက်စက်မှုများကို ကြောက်ရွံ့လွန်း၍ တိတ်တဆိတ် အောင့်ခံနေသည့်အမှုမှာလည်း မရေမတွက်နိုင်အောင်ရှိလာသည်။ အေအေ အောက်ခြေတပ်ဖွဲ့ဝင်များက တော်လှန်ရေးကို ခုတုံးလုပ်၍ အပြစ်မဲံအရပ်သားများအပေါ် ရာဇဝတ်မှု ကျူးလွန်နေခြင်းမှာ အလွန်အောက်တန်းကျဖွယ် လုပ်ရပ်ဖြစ်သည်။
7 2093Loading...
21
Jun 3 မျောက်အစိမ ငိုသံကြီးနက်။ 🤣🤣🤣
8 3105Loading...
22
CDM ဆရာမတွေ သစ္စာစူး‌နေကြပြီ
7 3907Loading...
23
Jun 3 ရတခတိုင်းရုံးအတွက်ပါ ====================== 1/လေးကေ့ကော်ရွာထိပ် 2/လေးကေ့ကော်စာသင်ကျောင်း 3/လေးကေ့ကော်နှင့်စွယ်တော်ကုန်း လမ်းတလျှောက် KNU. PDF အင်အား၈၀၀ ဝန်းကျင်အခြေပြုနေကြောင်းသတင်းပေးပို့လာပါတယ်၊မြေပြင်သတင်း ၁၀၀ % ဖြစ်တာမို့ သိမ်းငှက်အစာကောက်လို့ရတယ်လို့ မြေပြင်ကသတင်းပေးပို့လာပါတယ်။ အမဲလိုက်မုဆိုးကြီး #SQ🇲🇲
7 7353Loading...
24
Jun 3 တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊လောင်းလုံမြို့အဝင်တံတားကို မိုင်းထောင်ဖောက်ခွဲရန်စီစဥ်ခဲ့သော်လဲ၊မိုင်းမကွဲခဲ့ကြောင်းသိရပါတယ်၊ ပုံပါမိုင်းကိုင်ပီး၊မိုင်းထောင်သော အကြမ်းဖက်မှာ လောင်းလုံမြို့နယ် ဂေါ့အင်းရွာသား CDM ကျောင်းဆရာ ငြိမ်းချမ်းအောင် ( လက်ရှိ NUG ဝရမ်းပြေးကျောင်းဆရာ) ရဲ့ညီတော်စပ်သူ PDF ရှိုင်းကိုကိုထွန်း ( ခ) ကြက်ဥ ဖြစ်ကြောင်းသိရပါတယ်၊ CDM ကျောင်းဆရာငြိမ်းချမ်းအောင်ဦးဆောင်သောအဖွဲ့လို့ထပ်မံစုံစမ်းသိရှိရပါတယ်၊နောက်ထပ်တံတားချိုးဖျတ်ဆီးဖို့ ရှိသေးကြောင်းသိရှိရပါသည်။ အမဲလိုက်မုဆိုးကြီး #SQ🇲🇲
7 6695Loading...
25
Jun 3 မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားတွင် ဇွန် (၂)ရက်နေ့မှစ၍ ယာဉ်ကြီးများပြန်လည် ဖြတ်သန်းခွင့်ပြု ================================================================ မေလ ၂၃ ရက်နေ့က မစောတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရကာ အကျယ် ၁၆ ပေ၊ အလျား ၅၀ ပေခန့် ပျက်စီးသွားရာ ယင်းပျက်စီးသည့် အပိုင်းအား ယာယီသံဘေလီတံတား တပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် ဇွန် (၂)ရက်နေ့ ညနေ ၆နာရီမှစ၍ ယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ မစောတံတားအား သံဘေလီတံတား တပ်ဆင်ခြင်းလုပ်ငန်းကို အမှတ်(၁၄)၊ လမ်းတံတား အထူးအဖွဲ့(မော်လမြိုင်)မှ တာဝန်ခံ ဦးကျော်စွာ ခေါင်းဆောင်သောအဖွဲ့က ဇွန်လ ၁ ရက်နေ့တွင် ကရိန်းယာဉ် ၁ စီး၊ ဘတ်ဟိုးယာဥ် ၁ စီးတို့ဖြင့် ပေ(၁၀၀) အရှည်ရှိ ယာယီဘေလီတံတားပေါ်တွင် ကြမ်းခင်းများခင်းခြင်း၊ ဘေလီတံတားချဉ်းကပ်လမ်းအား ကျောက်စီ၊ ကျောက်ခင်းခြင်း၊ ယာယီဘေလီတံတား ပေါ်တွင် ကြမ်းခင်းများအထိုင်ချခြင်း၊ လုပ်ငန်းအား အပြီးသတ်၍ ဘေလီတံတားချဉ်းကပ်လမ်းအား ကျောက်ခင်းခြင်း၊ လမ်းကြိတ်စက်ဖြင့် မြေညှိခြင်းများကို လုပ်ကိုင်ခဲ့ရာ ဇွန် ၂ ရက် ညနေပိုင်း တွင် ယာယီသံဘေလီတံတား တပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးသဖြင့် ညနေ ၆ နာရီအချိန်တွင် သံဘေလီတံတားပေါ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များကို စမ်းသပ်ဖြတ်သန်းစေခဲ့ရာ တံတားကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အား ထိခိုက်ခြင်းမရှိသဖြင့် ညနေ ၆ နာရီ ၃၀ မိနစ် အချိန်မှစ၍ ယာဉ်များအားလုံးကို သံဘေလီတံတားပေါ်မှ ပုံမှန်ဖြတ်သန်းစေလျက်ရှိကြောင်း သတင်းရရှိသည်။ မြို့နယ်(ပြန်/ဆက်) #myanmarfocus
7 3791Loading...
26
Jun 3 မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားတွင် ဇွန် (၂)ရက်နေ့မှစ၍ ယာဉ်ကြီးများပြန်လည် ဖြတ်သန်းခွင့်ပြု။
7 4225Loading...
27
မင်္ဂလာဒုံရဲစခန်းဝင် အိမ်ထောင်သည်လိုင်းခန်းနေရာအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Khit Thit Media မှ စိတ်ကူးယဉ်ရေးသား *************************** ဇွန်လ ၂ ရက်နေ့ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးရှိ မင်္ဂလာဒုံရဲစခန်းဝင်းတွင် ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ ဖြစ်စဉ်မရှိဘဲ ရဲစခန်းဝင်းရှိ အိမ်ထောင်သည်လိုင်းနေရာကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့တယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။ #FakeNews https://t.me/factcheckmm✅🇲🇲
6 7992Loading...
Jun 3 Good ည😴😴😴
Show all...
❤ 72👍 33🙏 7
Jun 3 - နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအား များဖမ်းဆီး၊ နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသူ ၁၁ ဦး ထွက်ပြေးတိမ်းရှောင်လျက်ရှိဟုဆို ++++++++++++++++++++++++++++++++++++++++++++++++ နေပြည်တော် ၊ ဇွန်လ ၃ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအား များဖမ်းဆီးထားပြီး နောက်ကွယ်က ဆောင် ရွက်လျက်ရှိသူ ၁၁ ဦး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အနှောင့်အယှက်အဟန့် အတား ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များကိုချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသည့် တရား မဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း ၁၄ ဦး အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။ ၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် နောက် ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့ သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက် လျက်ရှိသည့် ဖမ်းဆီးရမိ း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင် လျက်ရှိ သည့် ၁၁ ဦးကို လည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး တရားခံများ အား သိရှိပါက သက်ဆိုင်ရာ လုံခြုံ ရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများ ကိုလည်း တရားဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ထား သည်။
Show all...
👍 91❤ 6👏 6🔥 1🤬 1
Photo unavailableShow in Telegram
Jun 3 စစ်ကိုဖိတ်ခေါ်တဲ့... အကျိုးဆက် နောက်ဆက်တွဲ ဒီလိုဖြစ်လာမယ်ဆိူတာ သိသိကြီးနဲ့ အော်လည်းအလကားပဲ ကြိတ်ခံကြ။
Show all...
👍 71👏 17❤ 3🤩 2
Photo unavailableShow in Telegram
Jun 3 တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှု ယနေ့ကစ၍ ယာယီရပ်ဆိုင်း ====================================================== ၃.၆.၂၀၂၄ Written By Zun တိုက်ပွဲဖြစ်ပွားနေသောကြောင့် သံတွဲ-ရန်ကုန်လေယာဉ်ပြေးဆွဲမှုအား ထပ်မံ၍ ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရကြောင်း သံတွဲမြို့ခံများ ပြောဆိုမှုနှင့် MT News စုံစမ်းမှုအရ သိရသည်။ “ဒီနေ့ ပဲ ရပ်တာ။ တိုက်ပွဲက လေယာဉ်ကွင်းနားမှာ ဖြစ်နေတာ။ မဇင်ရွာ၊ စပါးကြီးရွာ၊ ဂေါ့ အဲဒီအနားမှာ ဖြစ်တာဆိုတော့ လေယာဉ် ပျံသန်းဖို့က မဖြစ်နိုင်ဘူးလေ။ အခု ကျွန်တော်တို့လည်း အိမ်မှာတော့နေတယ်။ ကြောက်တော့ ကြောက်တာပေါ့။ တပ်ဖက်က လေယာဉ်နဲ့ ချတာ။ AA တွေ မလွယ်လောက်ဘူး”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့တပ်မတော်က မဇင်လေဆိပ်အနီး ဂေါ့ကျေးရွာအနီးတွင် အခြေချနေသော AA လက်နက်ကိုင်အဖွဲ့ကို လေကြောင်းဖြင့် ချေမှုန်းလျက်ရှိပြီး AA အဖွဲ့များ အထိအခိုက်များ... ◾ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/?p=68731 #AA #သံတွဲ #ငပလီ #တိုက်ပွဲ #MT #mtnews
Show all...
👍 76👏 4👎 2😢 2
Jun 3 ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း။ နေပြည်တော်၊ ဇွန်လ ၃ ရက်
Show all...
👍 68👏 12❤ 5
Jun 3 ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချနေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း။ နေပြည်တော်၊ ဇွန်လ ၃ ရက်
Show all...
👍 65👌 6❤ 1😢 1
Jun 3 အမျိုးသမီးများကို အတင်းအကျပ် စစ်မှုထမ်းဆောင်ရန် စတင်စုဆောင်းနေသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ။ နေပြည်တော်၊ ဇွန် ၃
Show all...
👍 41🤬 1
09:41
Video unavailableShow in Telegram
Jun 3 AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းများထုတ်လွှင့်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်။
Show all...
24.50 MB
👍 64😁 4😍 3❤ 2
Jun 3 ရွှေကျင်မြို့နယ်၊ ခြေတော်ယာကျေးရွာအတွင်းသို့ KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီး၊ လူထိခိုက်မှုမရှိ ============================================================= NOM ဇွန်လ ၃၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ယာကျေးရွာအတွင်းသို့ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်၌ KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်တစ်လုံးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM
Show all...
🤬 35👍 21😁 1
Repost from MWD News
01:11
Video unavailableShow in Telegram
အမျိုးသမီးများကို အတင်းအကျပ် စစ်မှုထမ်းဆောင်ရန် စတင်စုဆောင်းနေသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်။(ဇွန်လ ၃)
Show all...
၁၀.mp41.81 MB
👍 69🤬 5