en
Feedback
ကုလားကား 2023 (မြန်မာစာတန်းထိုး) 2023

ကုလားကား 2023 (မြန်မာစာတန်းထိုး) 2023

Open in Telegram

မင်္ဂလာပါ👉👉👉🎥🎥🎥

Show more
1 293
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from N/a
LEO (2023) ==🔷🔻🔷==

Repost from N/a
LEO (2023) ==🔷🔻🔷==
+2
LEO (2023) ==🔷🔻🔷==

Repost from N/a
Iraivan (2023) ဇာတ်ကားသစ်

Repost from N/a
psychopath ဇာတ်ကားတွေကို ကြိုက်တဲ့ဘော်ဒါတို့အတွက် အသစ်ထွက်ထားတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးမယ်ဗျာ psychopath နဲ့ serial killerကို တချို့တူတယ်လို့ထင်ကြပေမဲ့ နည်းနည်းတော့ ကွဲကြတယ် ။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်းတစ်ခုထားပြီးလူသတ်တယ်၊ စိတ္တဇကောင်တွေကတော့ သူတို့ရဲ့စိတ်ကိုကျေနပ်အားရစေဖို့သတ်တယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အန်ဒရူးနဲ့အာဂျန်တို့က ရဲတပ်ဖွဲ့မှာ အလုပ်တွဲလုပ်နေကျ တွဲဖက်တွေပါ အာဂျန်က တော်ရုံတန်ရုံအမိန့်ကို နာခံတတ်တဲ့သူမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြေရှင်းတတ်တဲ့ ခပ်မိုက်မိုက်ဘဲကြီးပေါ့။ ဒီတော့ ရဲဌာနက လူတွေက ဒီဘဲကို ခြေငြိမ်သွားအောင် အိမ်ထောင်ပြုဖို့ပြောကြတော့ အန်ဒရူးက သူ့ညီမပရီယာနဲ့လက်ထပ်ဖို့ လမ်းခင်းပေးတယ်(ဟီးဟီး...အာဂျန်တော့ ပွပြီ)ဒါပေမဲ့ ဆရာကြီးအာဂျန်က အိမ်ထောင်မပြုချင်ဘူး ရာဇဝတ်သားတွေက သူ့ကိုပစ်မှတ်ထားလာရင် သူလက်ထပ်ယူလိုက်တဲ့မိန်းကလေးအပေါ် အန္တရာယ်ကျလာမှာကို စိုးရိမ်ပါတယ်ပေါ့ ဒီလိုနဲ့ ဘဲကြီးအာဂျန်က မဒီလေးပရီယာကိုငြင်းလိုက်ရော...ဆော်ငြင်းခံရတာပေါ့။ ကဲ ကဲ ဇာတ်လမ်းပြန်စမယ် တစ်ရက်တော့ ပျောက်ဆုံးသွားတဲ့မိန်းကလေးတစ်ယောက် ကမ်းခြေမှာ အဝတ်ဗလာနဲ့မျက်လုံးတွေဖောက်ခံရ၊ပါးစပ်တွေဖြဲခံရပြီး ရက်ရက်စက်စက်အသတ်ခံထားရတယ် ဒီလိုနဲ့ဗီလိန်ကြီးအပြုံးလူသတ်သမား ပေါ်လာပါပြီ တခြားကားတွေလိုမျိုး လူသတ်သမားကို ဖွက်ထားတာမဟုတ်ဘူးနော် ပွဲအစမှာတင်ထုတ်ပြထားတော့ ပွဲကြည့်သူတွေကို ဘာတွေထုတ်ပြဦးမှာလဲ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတာ ၁၂ယောက်မြောက်ကျမှ လူသတ်သမားကိုမိတယ်။ ဖြစ်ချင်တော့ လူသတ်သမားကိုဖမ်းရင်း အန်ဒရူးအကြိတ်ခံလိုက်ရပြီး ရှောသွား‌ရော လူသတ်သမားက အာဂျန်ကို ရန်စပြီး အဖမ်းခံတယ် အန်ဒရူးကြီးက မသေခင် သူ့ညီမလေးကို စောင့်ရှောက်ဖို့မှာသွားပါတယ်(ဟီးဟီး...အာဂျန်တော့ ပွပြီ) ဒီထက်ပိုပြီးဇာတ်လမ်းကို အတွင်းကျကျသိချင်ရင်တော့ Winter Channelမှာ အပြေးလေးဒေါင်းလုဒ်လုပ်ပြီး ကြည့်လိုက်တော့နော်

Repost from N/a
Iraivan (2023) ဇာတ်ကားသစ်
Iraivan (2023) ဇာတ်ကားသစ်

Repost from N/a
Thalainagaram 2 (2023) ဇာတ်ကားသစ်

Repost from N/a
Thalainagaram 2 (2023) ဇာတ်ကားသစ် ==================== ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် Thalainnagaram ဆိုတဲ့အိန္
Thalainagaram 2 (2023) ဇာတ်ကားသစ် ==================== ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် Thalainnagaram ဆိုတဲ့အိန္ဒိယအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ တမေးလ်နာဒူက ချန်နိုင်းမြို့ကြီးရဲ့တောင်ပိုင်း မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ နန်ဂျွန်ဒါ မာရန်နဲ့ ဗမ်စီဆိုတဲ့လူဆိုးကြီးသုံးယောက်အုပ်စိုးနေတာပါ။ ရာဇဝတ်မှုတွေ လက်မရွံ့တမ်းကျူးလွန်ကြတယ်။ငွေတုတွေထုတ်တယ်။ပြန်ပေးဆွဲကြ လူသတ်ကြပါတယ်။အဲ့ဒါကိုသိနေတဲ့ရဲအရာရှိတွေလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့လိုနဲ့ သူတို့သုံးယောက်ဟာ လောဘတွေတက်လာပြီးချန်နိုင်းတစ်မြို့လုံးကို အုပ်စိုးချင်လာတယ်။ကျန်တဲ့နှစ်ယောက်ကို ဖယ်ထုတ်ပစ်ချင်လာကြပါတယ်။အဲ့လိုနဲ့ အာဏာတွေပြိုင်ကြရင်း အမှန်တရားရဲ့လူဆိုးကြီး ရိုက်ဆိုသူနဲ့သွားရှုပ်မိပါတော့တယ်။ သူ့ကိုလာထိရင် လုံးဝငြိမ်မခံတတ်တဲ့ လက်မရွံ့လူဆိုးကြီးနဲ့ ဟိုအာဏာရူးဗီလိန်၃ယောက်ကြားက ပြိုင်ဆိုင်မူ တိုက်ခိုက်မှုတွေကို အားရပါးရကြည့်ရှုရမှာ ဖြစ်ပါတယ်။ကြည့်ရင်းကြည့်ရင်း သူချကိုယ်ချ အတော်အားရစရာကောင်းတဲ့ အက်ရှင်ကားကြီးဖြစ်လို့ လက်လွှတ်မခံကြဖို့ပြောချင်ပါတယ်။

Repost from N/a
Rider 2022 မြန်မာစာတန်းထိုး --------------------------------- ဒီတစ်ခေါက်မှာတော့အသစ်စက်စက် Romantic action အိန္ဒိယကားလေးကိုတင်
Rider 2022 မြန်မာစာတန်းထိုး --------------------------------- ဒီတစ်ခေါက်မှာတော့အသစ်စက်စက် Romantic action အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ချင်နူးဆိုတဲ့ကလေးမလေးဟာမိဘတွေနဲ့ကစားကွင်းသွားရင်းလမ်းပျောက်ပြီးလူစုကွဲသွားတဲ့အတွက် မိဘမဲ့ဂေဟာကိုရောက်လာပါတယ် မိဘမဲ့ဂေဟာလေးမှာနေစဉ်အတွင်း ကစ်တီဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ရင်းနှီးသွားခဲ့ပါတယ် ဒါပေမယ့်သိပ်ပြီးမကြာလိုက်ပါဘူးချင်နူးရဲ့မိဘတွေက သူ့သမီးကိုပြန်လာခေါ်သွားပါတော့တယ် အချိန်တိုလေးအတွင်းမှာသံယောဇဉ်တွယ်သွားကြတဲ့ သူတိုနှစ်ယောက်ဟာအရွယ်ရောက်ရင်အတူဖြတ်သန်းကြဖိုအထိပါကတိတွေပေးထားခဲ့ကြပါတယ် ခွဲခွာခဲ့ကြရတဲ့ချင်နူးနဲ့ကစ်တီတိုနှစ်ယောက်ပြန်လည်တွေ့ဆုံနိုင်ပါ့မလား သူတိုနှစ်ယောက်ဆုံတွေ့မယ့်လမ်းမှာဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး

Repost from N/a
BHEED [ 2023 ] -------------------- IMDb 7.7/10 ( Drama ) မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။
BHEED [ 2023 ] -------------------- IMDb 7.7/10 ( Drama ) မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။ 2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့ အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန် အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာ မွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အစိုးရက‌ အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာ‌ပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရော ပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ #Cardit

Repost from N/a
Missing: Search vs Revenge [2021] =============================

Repost from N/a
Missing: Search vs Revenge [2021] ============================ ဒီတစ်ခါမှာ "Missing (2021)"ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပျောက်ဆုံးသွားတဲ့ဇနီးကို ခင်ပွန်းဖြစ်သူမှ ရှာဖွေဖို့ကြိုးစားရာကနေ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ ဂေါ်သမ်နဲ့ရှရူသီတို့စုံတွဲဟာ ရှော့ပင်းမောလ်ကနေ ပြန်လာရာလမ်းမှာ ကားအက်ဆီးဒန့်ဖြစ်ခဲ့တယ်။ ဂေါ်သမ်ဟာ ဆေးရုံမှာ နှစ်ရက်ကြာ သတိလစ်နေရာကနေ ပြန်သတိရလာပြီးနောက် ဇနီးဖြစ်သူရှရူသီပျောက်ဆုံးနေကြောင်း သိလိုက်ရတော့တာပါပဲ။ ဒါကြောင့် ဂေါ်သမ်ဟာ ရှရူသီကို ရှာဖွေဖို့အတွက်ကြိုးစားရာက‌နေ မသင်္ကာဖွယ်ကောင်းတဲ့လူတစ်စုကိုပါတွေ့ရှိလိုက်ရပြီးနောက်....... အဲဒီလူတွေနဲ့ပတ်သက်ပြီး ဂေါ်သမ်ဘာတွေသိရှိလာမလဲ၊ ဂေါ်သမ်အတွက် သဲလွန်စတွေရလာနိုင်ပါ့မလား၊ ရှရူသီပျောက်ဆုံးရတာ အမှန်တကယ် ဘယ်သူ့ကြောင့်များဖြစ်မလဲ၊ ဂေါ်သမ်ဟာ ရှရူသီကို ပြန်လည်တွေ့ရှိသွားပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

Repost from N/a
Brahmotsavam 2016 -------------------------

Repost from N/a
Brahmotsavam (2016) ပရိတ်သတ်အချစ်တော် မင်းသားချော မာဟစ်ရှ်ဘာဘူရဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ် မင်းသမီးက သုံးလက် ဇာတ်ပို့ ဇာတ်ရ
Brahmotsavam (2016) ပရိတ်သတ်အချစ်တော် မင်းသားချော မာဟစ်ရှ်ဘာဘူရဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ် မင်းသမီးက သုံးလက် ဇာတ်ပို့ ဇာတ်ရံစုံစုံလင်လင်နဲ့ မိသားစုရေးရာအကြောင်းကို ရှုထောင့်အစုံကနေ ရိုက်ကူးထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားလေးပါ ကျေးလက်နေဘ၀နဲ့ အမွေကိစ္စတွေဟာ မိသားစုတိုင်း ဖြစ်နေကျ ပြဿနာတခုရယ်လိုပါပဲ ဒီကားလေးမှာလဲ အမွေကိစ္စကို ဇာတ်အိမ်သည် ရိုက်ကူးထားတာပါပဲ ကျေးရွာမှာ လူမိုက်တသိုက်ကိုလဲ မဟစ်ဘာဘူက ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆက်လက်ရှုးစားပေးပါအုံးဗျာ...........

Repost from N/a
This channel is unavailable due to copyright infringement.