KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Takkar (2023)
IMDb.......8.0
(Action Drama Romance)
လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့
ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့
စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန်
ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း
သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့
တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ
မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။
သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Breaking In (2018)
IMDb......5.0
(Action, Crime, Drama)
Breaking In ဆိုတဲ့ကားလေးကတော့ ရဲရင့်တဲ့ အမေ တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါရှောင်ကတော့ နာမည်ကျော် စီးပွားရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပါတယ်ဒါပေမဲ့ သူ့အဖေနဲ့ စကားမပြောဖြစ်တာလည်း အတော်ကြာခဲ့ပါပြီသူ့အဖေကလည်း အခွန်ရှောင်မှု့ငွေခဝါချမှု့တွေကြောင့် အစွပ်စွဲခံနေရတာပါဒီလို အစွပ်စွဲ အစစ်ဆေးခံနေရချိန်မှာပဲ ရှောင်ရဲ့အဖေကသေဆုံးသွားပါတယ်
ဒီတော့ရှောင်က သူ့အဖေဆီကနေ မြို့ပြင်က အိမ်တစ်လုံးကို အမွေဆက်ခံရတာပေါ့အဲ့အိမ်မှာပဲ သူကြီးပြင်းခဲ့ရသလို အဲ့အိမ်မှာပဲ သူနာကြည်းရတဲ့ သူ့အဖေကို မုန်းရတဲ့ အငွေ့အသက်တွေက ကျန်ရှိနေသေးတာမို့ သူက အဲ့အိမ်ကို ရောင်းဖို့ ပြင်ပါတယ်ဒါကြောင့် ပိတ်ရက်တစ်ရက်မှာ သူ့သားသမီး နှစ်ယောက်နဲ့ အတူ ရောင်းဖို့ ပြောင်းရွှေ့ဖို့သွားတာပေါ့သူတို့ အဲ့အိမ်ကို ရောက်မှ သိရတာက အဲ့အိမ်ကြီးက အဆင့်မြင့် ဒိုင်းကာတွေ အပူအာရုံခံ ကိရိယာတွေ လှုပ်ရှားမှု့အာရုံခံကိရိယာတွေတပ်ဆင်ထားတယ် ဆိုတာပါပဲအဲ့အချိန်မှာပဲ သူတို့အိမ်ကို လူတစ်သိုက်က ဖောက်ဝင်ပြီး သူ့ကလေးတွေကို ထိန်းသိမ်းထားပါတော့တယ်လူဆိုးတစ်သိုက်က ရှောင်ရဲ့ အဖေ သိမ်းထားရစ်ခဲ့တဲ့ ပိုက်ဆံတွေကို လိုချင်တာဆိုပါတော့ ဒါပေမဲ့လည်း ရောက်နေတဲ့ ခလေးနှစ်ယောက်က မျက်မြင်သက်သေဖြစ်နေတဲ့ အပြင် အဖိုးကြီးရဲ့မြေးတွေလည်းဖြစ်နေလို့ ထိန်းသိမ်းထားရတာပေါ့ဒီလို အပြင်ကနေဖောက်ဝင်ဖို့ မလွယ်တဲ့ အိမ်ထဲကို မိန်းမသားဖြစ်တဲ့ ရှောင်တစ်ယောက် ဘယ်လို ဝင်ပြီး လူဆိုးတွေလက်ထဲကဘယ်လိုကယ်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
movie request❓
https://t.me/ktmovierequest12904 650
River Runs Red (2018)
IMDb......5.8
( Action, Crime, Thriller)
ကျွန်တော်တို့အားလုံးရဲတွေရဲ့ လုပ်ငန်းတာဝန်ကိုသိကြပါတယ်လူဆိုးတွေဖမ်းမယ် ပစ်သင့်ရင်ပစ်မယ်..ရဲတွေကလူဆိုးတွေကိုပစ်တာ ခတ်တာကျွန်တော်တို့အများကြီး ကြည့်ဖူးကြပါပြီတကယ်လို့ရဲတွေက လူဆိုးမဟုတ်တဲ့သူတွေကို ပစ်မိရင်ရော
ဒီမေးခွန်းကိုဒီကားမှာမေးပြထားပါတယ်ချားလ်ကိုးမန်းက သူတို့မြို့ရဲ့ပထမဆုံးလူမည်းတရားသူကြီးတစ်ယောက်ပါတရားသူကြီးဖြစ်လာဖို့သူကြိုးစားခဲ့သလို့တစ်ဖက်မှာလဲသူ့ရဲ ဇနီးချောတရုတ်မလေးနဲ့ သူ့သားစီဂျေကိုးမန်းဂျူနီယာလေးကလဲသူရဲ့ ကြိုးစားရတဲ့အားဆေးတွေပါပဲငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျကလေးမွေးခဲ့တဲ့ ချားလ်ကသူ့ဘဝကိုသူပြန်တည်ဆောက်ပြီးတရားသူကြီးဖြစ်လာသည်အထိကြိုးစားခဲ့တဲ့သူတစ်ယောက်ဒီလိုနဲ့ သားလေးကသူ့ရဲ့ အကယ်ဒမီပထမဆုံးသွားရတဲ့နေ့မှာပဲရဲဝန်ထမ်း၂ယောက်ရဲ့ မှားယွင်းပစ်ခတ်မှုကိုခံရပြီးသေဆုံးသွားခဲ့ပါတယ်..မှားယွင်းပစ်ခတ်ခဲ့တဲ့ရဲ၂ယောက်ကလဲသူတို့အမှားကိုတာဝန်မယူဘဲ စီဂျေကပဲသူတို့ကိုသေနတ်နဲ့ပစ်မလိုလုပ်လို့ပြန်ပစ်ရတာပါဆိုပြီး လုပ်ကြံထွက်ဆို အကွက်ပြန်ဆင်လိုက်ပါတယ်ဥပဒေအကြောင်းသိတဲ့ရဲရဲ့ အကွက်စေ့တဲ့ လုပ်ကြံမှုကိုတရားဥပဒေကမဖြေရှင်းပေးနိုင်တဲ့အခါ ကိုးမန်းတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ..ဒီမြို့မှာသားကိုရဲသတ်တာခံရတဲ့ သူကတစ်ယောက်ထဲရောဟုတ်ရဲ့လား..ဆိုတာကိုတော့ ဇတ်ကားကိုကြည့်ရှုပြီးခံစားလိုက်ပါ..
movie request❓
https://t.me/ktmovierequest12904 650
Wolf (2021)
IMDb.....6.2
(Drama, Mystery, Thriller)
ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို
ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။
သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။
ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့
ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ)စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ်
တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။
တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ
အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့်
တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး
ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ
စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ
ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။
ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။
ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ
လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။
ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့
သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို အခြေအနေတိုးတက်သူတွေလည်း
ရှိပါတယ်။ ဒါပေမဲ့ ဝံပုလွေဂျေကော့ကတော့ အခြေအနေ ကောင်းပုံမရ။
ထိန်းမရတဲ့နောက် အကြမ်းနည်းတွေဘက် လှည့်လာတဲ့ ဒေါက်တာတွေကတစ်ဖက်၊
ဝံပုလွေလေးကိုမှ ချစ်လှပါချည်ရဲ့ဆိုပြီး ကြား၀င်၀င်ရှုပ်တဲ့ ကြောင်မလေးနဲ့ တွေ့တဲ့အခါ
အခြေအနေက ဆိုးသည်ထက်ဆိုးပါတော့တယ် ….
movie request❓
https://t.me/ktmovierequest12904 650
Kahaani (2012)
IMDb.....8.1
(Drama Mystery Thriller)
Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအဝင် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။သည်းထိတ်ရင်ဖို အမှုလိုက်ခန်းတွေမှာ ဒရမ်မာလေး နည်းနည်းပါးပါးဖောက်ထားရုံလောက်ပါပဲ။နောက်ပြီး ထကတဲ့ဇာတ်ဝင်ခန်းတွေမပါတာကြောင့် တခြားအိန္ဒိယဇာတ်လမ်းတွေထက် ပိုထူးခြားတယ်လို့ ဆိုရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
The Attacks Of 26/11 (2013)
IMDb.....6.9
(Action Crime History)
The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး
2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို
အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့
ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။
အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့
အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး
လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး
အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို
ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ
သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့
လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။
movie request❓
https://t.me/ktmovierequest12904 650
Dark Shadows (2012)
IMDb......6.2
(Comedy Horror Fantasy)
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘဝကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။ကြည့်လိုက်ရအောင်….။
movie request❓
https://t.me/ktmovierequest12904 650
Atlas (2024)
IMDb......5.6
(Action Adventure Drama)
လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
The Fable (2019)
IMDb......6.5
(Action Comedy)
အဲလိုကြေးစားတွေကြားမှာ အခု တယောက်ကတော့ ဒဏ္ဍာရီ တပုဒ်ပဲ။တယောက်တည်းနဲ့ ဂိုဏ်း တွေအကုန်လုံးကို ရှင်းလင်းနိုင်တယ်။အဲဒါတင်မကဘူး။
တယောက်ကို ပစ်ရင် သေနိုင်လောက်တဲ့ နေရာတွေကိုပဲတချက်တည်းနဲ့ မှန်အောင် ပစ်နိုင်တဲ့အထိ ကျွမ်းကျင်တယ်။အဲလိုနဲ့ သူတို့အဖွဲ့က ကြေးစားတွေကြား နာမည်ကြီးလာတဲ့အခါခနလောက် ဇာတ်မြှုပ်နေဖို့ ဖြစ်လာခဲ့တယ်။သူတို့ ဇာတ်မြှုပ်နေမယ့် နေရာကလည်း ဂိုဏ်းတခုနဲ့ ပတ်သက်နေပြီးအဲဒီဂိုဏ်းမှာလည်း အရှုပ်အထွေးတွေ ရှိလာတဲ့အခါမှာရော သူတို့ အဆင်ပြေပါ့မလား။သူတို့ဆရာကရော နာမည်ကြီးလာတာ တခုတည်းအတွက်ဇာတ်မြှုပ်နေခိုင်းတာ ဟုတ်ပါ့မလား။ဒဏ္ဍာရီ ရဲ့ နောက်ကြောင်းကရော ဘယ်လို ရှိမှာလဲ။သူက ဘာလို့ အဲလောက် တော်နေရတာလဲ။သူက ပုံမှန်ဘဝမှာ တကယ်ရော နေနိုင်ပါ့မလား။သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်းသူ့နောက်ကို လိုက်နေတဲ့ ကြေးစားတွေရော ရှိလာတဲ့အခါမှာတော့……..ထွက်ခဲ့တာကြာပြီ ဆိုပေမယ့် အပန်းဖြေရင်းကြည့်လို့ အဆင်ပြေမယ့် ဂျပန်ကားလေးမင်းသား သေနတ်ပစ်တာတွေ တိုက်ခိုက်ခန်းတွေကလည်း ရှယ်တချက် တချက် ပြုံးစရာလေးတွေလည်းပါတယ်စကားမစပ် မင်းသမီးလေးကလည်း ချစ်စရာလေးနော်
movie request❓
https://t.me/ktmovierequest12904 650
Agent Vinod (2012)
IMDb.....5.2
(Action Adventure Thriller)
Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်…ခြေရာအားလုံးက “424” ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် “၄၂၄” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Joji (2021)
IMDb.....7.8
(Crime Drama)
မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သားဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ်တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့အလုပ်သမားတွေအများကြီးရှိကြတယ်.Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာအိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးကအဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်းဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiကအခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီးရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ..
movie request❓
https://t.me/ktmovierequest12904 650
Earth and Blood (2020)
IMDb.....5.2
(Action Crime Drama)
စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာသိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်းတွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာအလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကိုသိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက်ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Cliff Walkers ( 2021 )
IMDb.......7.0
(Crime Drama)
မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ဆက်လက်လျှောက်လှမ်းနေကြတဲ့ ရဲရင့်တဲ့သူရဲကောင်းတွေပဲဖြစ်ကြပါတယ်ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန်
တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်လောက်ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာလေးကတော့…တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့သေသေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ လျှို့ဝှက်အေးဂျင့် လေးယောက်ကိုဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Finch (2021)
IMDb......7.3
(Drama Sci-Fi)
အိုဇုန်းလွှာ ပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့
အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အဖော် အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်။ သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီးအဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်။ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့။ ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်။
movie request❓
https://t.me/ktmovierequest12904 650
Twenty Hacker (2021)
IMDb.......7.4
(Action, Comedy, Crime, Romance)
ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့်ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ်ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့်ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့
“ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက်သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ
movie request❓
https://t.me/ktmovierequest12904 650
Brick Mansions (2014)
IMDb......5.7
(Action Crime Thriller)
သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။
Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။
Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ကို တာဝန်ပေးလိုက်ပါတော့တယ်။ ပြန်ပေးဆွဲသွားသူကတော့ Temarine တို့အဖွဲ့လို့ဆိုပါတယ်။ Temarine တို့အခြေချရာအရပ်ဒေသဟာ သူ မရင်းနှီးတဲ့အတွက် နယ်မြေကျွမ်းတဲ့ Lino ကိုပါ တစ်ခါတည်းထည့်ပေးလိုက်ဖို့ စီစဉ်ထားပါတော့တယ်။တကယ်တော့ မြို့တော်ဝန်နဲ့အဖွဲ့တွေဟာ ထိုအရပ်ဒေသ ကို စီးပွားရေးနယ်မြေတစ်ခုလုပ်ချင်တဲ့အတွက်ကြောင့် ထိုအရပ်ဒေသရှိလူတွေကို ရှင်းလင်းချင်နေတာပါ။ Damien ရဲ့ဖခင်ဖြစ်သူဟာ Temarine တို့နဲ့ တိုက်ခိုက်ရင်းသေဆုံးသွားတာလို့ Damien သိထားတဲ့အတွက် သူကိုယ်တိုင်လည်း Temarine ကို ရှင်းလင်းချင်နေတာပါ။
Damien ကို Lino နဲ့ အတူ ထောက်ထွက်ပြေးတဲ့ပုံစံနဲ့ထည့်ပေးလိုက်ပေမယ့် Lino ဟာ Damien ကို ရဲမှန်း ရိပ်မိတဲ့အတွက် အစပိုင်းအဆင်မပြေခဲ့ပေမယ် သူတို့နှစ်ယောက်ရဲ့ အဓိက ပစ်မှတ်တူနေတဲ့အတွက်ကြောင့် အတူတူပူးပေါင်းဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီး Temarine ကိုတိုက်ခိုက်ကာ ဒုံးကျည်ရဲ့ ကုဒ်ကိုဖြေခါနီးကျမှ အဖြစ်မှန်ကို Damien တစ်ယောက်သိရှိသွားတဲ့အခါမှာတော့ . . . . .
movie request❓
https://t.me/ktmovierequest12904 650
American Sniper (2014)
IMDb......7.3
(Action Biography Drama)
စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။
အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို “ငါလည်းစစ်တိုက်ချင်လိုက်တာ” ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။
ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Mahaan (2022)
IMDb......8.5
(Action, Drama, Thriller)
ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့
မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
Bad Manners (2023)
IMDb......6
(Action Drama Thriller)
ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့်
ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်း
နာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါ
အလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊
ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့
အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။
ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက်
အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
The Shift (2023)
IMDb......6
(Sci-Fi)
ကယ်ဗင်ဟာ သူ့ဘဝခက်ခဲနေချိန်မှာ မော်လီဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့မှာ သားလေးပါရလာပြီး ပျော်ရွှင်နေခဲ့ရာကနေ တစ်နေ့မှာ သူတို့သားလေးပျောက်သွားပြီး တစ်စတစ်စနဲ့ သူတို့နှစ်ယောက်လည်း အဆင်မပြေတော့ပါဘူး။ တစ်ရက်မှာတော့ ကယ်ဗင် ကားထဲမှာ မော်လီနဲ့ ဖုန်းပြောနေတုန်းကားတိုက်ခံရပြီး ထူးဆန်းတဲ့နေရာကို ရောက်သွားပါတယ်။တကယ်တော့ အဲဒီကမ္ဘာကို Benefactor ဆိုတဲ့လူက ကယ်ဗင်ကို ပြန်ပေးဆွဲလာတာဖြစ်ပြီး ကယ်ဗင်ကို သူ့အလုပ်အတွက် ကမ်းလှမ်းချင်တာပါ။ သူက လူသားတွေကို ကိုယ်ပွား ကလုန်းတွေအများကြီးဖန်တီးပြီး Reality တစ်ခုကနေတစ်ခု လဲပေးနိုင်စွမ်းရှိပါတယ်။ အဲဒီလိုလုပ်ပေးဖို့ သူခိုင်းတဲ့ Shifter ဆိုတဲ့သူတွေခန့်ထားပြီး ကယ်ဗင်ကိုလည်း ခေါ်ချင်တာပါ။သူ့ကို နတ်ဆိုးလို့ တင်စားလို့ရပါတယ်။ God ကို အမြဲ အပုပ်ချ မကောင်းပြောပြီး ကယ်ဗင်ကို သိမ်းသွင်းတာပါ။ ကယ်ဗင်က God ကိုယုံကြည်ပြီး သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တဲ့အခါ… တခြားကမ္ဘာတစ်ခုဆီ ရောက်သွားပါတော့တယ်။
Benefactor အုပ်စိုးတဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကနေ ကယ်ဗင်တစ်ယောက် God အပေါ်ယုံကြည်မှုမပျက်ဘဲ သူ့ချစ်သူမော်လီနဲ့သားလေးဆီ ပြန်သွားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရုန်းထွက်နိုင်အောင် ကြိုးပမ်းတာကို ဆက်လက်ရှုစားပေးကြပါဦး။
movie request❓
https://t.me/ktmovierequest1290