KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Thadam (2019)
IMDb.......8.1
(Action Crime Drama)
အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး
ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန်
ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို
လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက်
မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့်
အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ်သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ …
movie request❓
https://t.me/ktmovierequest12904 650
An American Pickle (2020)
IMDb.....5.7
(Comedy Fantasy)
Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ
အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့
အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။
ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ
Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို
ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက်
Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို
အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက
ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို
လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက
အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့
စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း
သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး
Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။
အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေသေးမှန်းသိသွားပြီး
Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့
လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော
လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ
ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ
ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
Operation Nation(2022)
IMDb.....6.7
(Comedy Drama)
စတက်ရှ်ဟာ ညီမဖြစ်သူနဲ့အခန်းအတူတူနေထိုင်နေရပြီးကားပါကင်မှာအစောင့်လုပ်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။
ဒီလိုချို့ချို့တဲ့တဲ့နေရတာကိုစိတ်ကုန်ပြီး တိုးတက်အောင်လုပ်ချင်နေသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် တတိယအင်ပါယာကြီးကိုထောက်ခံသူလည်းဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအကိုဖြစ်သူရိုမန်က သူရဲ့အဖွဲ့ထဲကိုဝင်ဖို့စတက်ရှ်ကိုခေါ်ခဲ့ပါတယ်။စတက်ရှ်တစ်ယောက်လည်း လက်ရှိဘဝကနေပြောင်းလဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ပြီးအဲ့ဒီအဖွဲ့ထဲကိုဝင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်…
movie request❓
https://t.me/ktmovierequest12904 650
Attack of the Hollywood Clichés! (2022)
IMDb........6.1
(Comedy, Documentary)
လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက “ဒီကောင်မလေးက အနောက်က
လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း
ချွတ်ပြေးပါလား” တို့၊ “မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ
ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း” တို့ “အရေးဟဲ့
အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ” တို့ဆိုပြီး
မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ပြီးတော့ အချစ်ကားတွေမှာဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို
တစ်ယောက်ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ
နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ်
ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို
တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ်
မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ
ပြောတတ်ကြပါတယ်။ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင်
အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့
နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီးတော့ ဆွေးနွေး
ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း
ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ “Attack of the
Hollywood Clichés!” လေးကြည့်ရင်း အတူလိုက်ပါအာလူးဖုတ်လိုက်ကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
Nalla Nilavulla Rathri (2023)
IMDb......5.2
(Action Comedy Drama)
ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။
သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲ
အော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်း
ကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့
သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။
ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့
တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်း
အဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာ
တစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့
ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ…။
movie request❓
https://t.me/ktmovierequest12904 650
Corrective Measures (2022)
IMDb.....4.4
(Action Sci-Fi)
ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ကမ္ဘာပေါင်းစုံက ဟယ်ရီဆင်ဝဲလ် ဆယ်ယောက်လောက်နေရာက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတဲ့ Tom Cavanagh ကြီးရဲ့ အခန်းတွေလည်း တော်တော်ပါပါတယ်။ ဇာတ်လမ်းကတော့ ခပ်ဆန်းဆန်း စူပါဟီးရိုးထောင်ကားပါ။
movie request❓
https://t.me/ktmovierequest12904 650
Boomer Uncle (2024)
IMDb.......3.5
( Comedy, Drama)
နေဆမ်က သူ့ဇနီးချော လန်ဒန်က အဖြူမလေး အေမီနဲ့ မပျော်ပိုက်လို့
ကွာရှင်းခွင့်တောင်းတော့ ကောင်မလေးက ရွာကသူပိုင်တဲ့ စံအိမ်ကြီးကို
ခေါ်လာပေးမှ ကွာရှင်းပေးမယ် ပြောလာတော့သူ ဆယ်နှစ်ကြာ စွန့်ပစ်ထားတဲ့ ဇာတိရွာက စံအိမ်တော်ကြီးကို သူ့တို့လင်မယားရယ်
သူငယ်ချင်းတွေရယ် ရောက်လာတယ်… နေဆမ်က ဘာကြောင့်ရယ်မှန်းမသိ
အပေါ်ထပ်ကို ဘယ်သူမှ မသွားကြဖို့ စည်းကမ်းထုတ်ထားလေရဲ့
ဒါကို စပ်စုတတ်တဲ့ အေမီက ရအောင်တက်သွားပြီး နေဆမ့်ကို မကျေနပ်တဲ့
ရွာက သုံးယောက်ကပါ အိမ်ထဲကို ခိုးဝင်လာတဲ့အချိန်မှာတော့ ….ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ… ပေါ့ပေါ့ပါးပါး စူပါဟီးရိုး parody ဆန်ဆန်
ဒီဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦး
movie request❓
https://t.me/ktmovierequest12904 650
Buckskin (2021)
IMDb.....5.7
(Action Westrm)
“မြွေပါလည်းဆုံး သားလည်းဆုံး” ဆိုတဲ့စကားပုံတွေလိုပဲ အခုရုပ်ရှင်ကားကတော့ သားမွှေးကုမ္ပဏီပိုင်ရှင်အတွက် သားမွှေးလည်းဆုံးမြေးလည်းဆုံးဖြစ်နေပါပြီ။ ဇာတ်အိမ်ကို ၁၈၂၀ ခုနစ်လောက်မှာ တည်ထားပြီး အမေရိကန် အင်ဒီးယန်းနဲ့ နယ်မြေခံလူမျိုးစုအကြား
တင်းမာမှုတွေ မပြေလည်မှုတွေကိုတင်ဆက်ထားတာဖြစ်ပါတယ်။ကင်းစတွန်းအုပ်စုဆီပြန်လာကြတဲ့ အမေရိကန်တွေက ဘက်စကင်တောအုပ်ထဲအရောက်မှာ နယ်မြေခံလူမျိုးစုရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ထိုတိုက်ခိုက်ခြင်းခံရတဲ့အထဲ လူ ၁၇ ယောက်သေဆုံးသွားသလို ကုမ္ပဏီပိုင်ရှင်ရဲ့ မြေးလေးလည်းပျောက်ခြင်းမလှပျောက်နေခဲ့ပါတယ်။“ကျရှုံးမှုကို လက်ခံရတာထက်သေဆုံးရတာကို လက်ခံရတာပိုခက်ခဲတယ်” ဆိုကာ သားသေပြီး မြေးပျောက်လို့ ပူဆွေးနေတဲ့ကပ္ပတိန်ကတော့ မြေးပျောက်ရှာပုံတော်အတွက် မုဆိုးကြီးပေါ်တာကို အကူအညီတောင်းခဲ့ပါတယ် ။ဒါပေမဲ့ အဲ့ဒီ ဘက်စကင်တောအုပ်ကြီးဆိုတာက “ဝင်သူသာရှိ ထွက်သူမရှိ”ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့တောအုပ်။ နယ်မြေခံတွေအုပ်စိုးထားတဲ့ တောအုပ်လေးပါ။ အဲ့ဒီတောအုပ်ထဲမှာပျောက်နေတဲ့ မြေး နဲ့ မုဆိုးကြီးပေါ်တာ တို့ပြန်လည်တွေ့ဆုံနိုင်ပါ့မလား?နယ်မြေနှစ်ခုရဲ့တင်းမာမှုတွေရော ပြေလည်နိုင်ပါ့မလားဆိုတာတွေကို တောတွင်းစွန့်စားခန်းတွေအစုံအလင်နဲ့ကြည့်ရှုရမှာပါ။ Vintageဆန်ဆန် ခေတ်ဟောင်းပုံစံအင်္ဂလိပ်ကားကို သဘောကျတတ်တဲ့သူအတွက်တော့ အဆင်ပြေမယ့် ကားလေးတစ်ကားလို့ညွှန်းပေးချင်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Bramayugam (2024)
IMDb........8.4
(Horror Thriller)
ဝင်လာပြီးရင် ပြန်ထွက်လမ်းမရှိတဲ့စံအိမ်ကြီးတစ်ခု ..
ခရီးသွားတွေကိုဆွဲဆောင်ပြီးအန်စာတုံးဂိမ်းဆော့ခိုင်းတယ်
လောင်းကြေးကတော့ အချိန်ပါတဲ့ နိုင်ရင်ပြန်ထွက်ခွင့်ရှိမှာဖြစ်ပြီး
ရှုံးရင်တော့ထာဝရပိတ်လှောင်မိနေမဲ့ဂိမ်းမျိုးပေါ့ဒီစံအိမ်ထဲကို တောထဲသရဲခြောက်လို့ထွက်ပြေးလာတဲ့ ပါနန်လို့ခေါ်တဲ့သီချင်းဆိုတဲ့
ကောင်လေးတစ်ယောက်ရောက်သွားခဲ့တယ် လူမရှိဘူးမှတ်ပြီးတောထဲလည်း
ငတ်ပြတ်လာခဲ့တာဆိုတော့စားစရာတွေယူစားမိတယ်ပေါ့ ဒီလိုနဲ့စံအိမ်ရဲ့ထမင်းချက်ကတွေ့သွားပြီး
သူကတစ်ဆင့်စံအိမ်ရဲ့သခင်ဆီကိုရောက်သွားလေရဲ့ အဲဒီဆရာကြီးကဒီကောင်လေးရဲ့သီချင်းဆိုဟန်
အသံကိုသဘောကျသွားခဲ့ပြီးတော့သူ့အိမ်မှာညစာစားပြီးမှပြန်သွားဖို့စကားဆိုလာခဲ့တယ်
ကောင်လေးလည်း ငတ်လာတာတစ်ကြောင်းသွားဖို့မရှိတာတစ်ဖုံဆိုတော့တစ်ညတာတည်းခိုလိုက်မိတယ်ပေါ့ဗျာဒါပေမဲ့နောက်နေ့မနက်တွေမှာ သူဘာတွေတွေ့ကြုံရမယ်ဆိုတာကိုသာကြိုသိနေခဲ့ရင်သူဘာတွေများလုပ်လောက်မလဲ
ဒီဂိမ်းကိုသူအနိုင်ရပြီးထွက်သွားနိုင်ပါ့မလားဆိုတာကတော့….
movie request❓
https://t.me/ktmovierequest12904 650
Suite Francaise (2014)
IMDb.....7.0
(Drama, Romance, Thriller, War)
၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။
အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး
Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။
နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့
ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ
Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။
မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက်
ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။
ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊
ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။
movie request❓
https://t.me/ktmovierequest12904 650
The Last King (2016)
IMDb......6.1
(Action, Adventure, Drama, History)
၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကိုပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…
နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။
လုပ်ကြံသူတွေက…ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ
မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။
ဒါပေမယ့်…
ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက်
ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့
The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ…..ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။
movie request❓
https://t.me/ktmovierequest12904 650
Steel Rain (2017)
IMDb......7.1
(Action Drama)
တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ်ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ်နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား…….
အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ…….သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲမဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲတောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလားဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူူး
movie request❓
https://t.me/ktmovierequest12904 650
Jab Harry Met Sejal (2017)
IMDb.......5.1
(Comedy Drama Romance)
မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင် ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ ခံစားကြည့်ရှုရမှာပါ။ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။
ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး ဟယ်ရီလည်း သူ့အလုပ်သူ ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။ ဆီဂျယ်က အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ။
movie request❓
https://t.me/ktmovierequest12904 650
Blackout (2024)
IMDb......6.6
(Comedy, Thriller)
ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး
အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့
သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက်
တခြားသူတွေကိုဘယ်လိုပဲဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။
ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့်
စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့
အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း
လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့….
movie request❓
https://t.me/ktmovierequest12904 650
The Wolf’s Call (2019)
IMDb......7.6
(Action, Drama, Thriller)
ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigationလုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ…
ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
No Reservations (2007)
IMDb.....6.3
(Comedy Drama Romance)
စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီးသမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲအပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်ကသူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကိုခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီးအမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်းကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက်ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန်ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာမင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့်တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာပြောင်းလဲသွားမှာကို ခံစားရမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Believer 2 (2023)
IMDb.......8.8
(Action, Crime, Thriller)
စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ ..
ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။
ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က
Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို
Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။
သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ Han Hyo Joo ရဲ့ ကွဲပြားတဲ့ဇာတ်ရုပ်ကိုမြင်ရဦးမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Killer (2017)
IMDb......6.0
(Action)
အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ
အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီးပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီးမွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး
သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင်လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာမန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့်ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးကအတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေးရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမားကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကိုကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီးလောဘတွေတက်လာတဲ့အခါမှာတော့……
movie request❓
https://t.me/ktmovierequest12904 650
Collectors (2020)
IMDb......7.8
(Action Adventure Asian)
ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီးဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာအပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ…ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်းဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ်ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီးဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ်အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်းပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Bade Miyan Chote Miyan (2024)
IMDb.....5
(Action Sci-Fi Thriller)
နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့
မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ
ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။
လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့
စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့
မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။
ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။
အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။
အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။
movie request❓
https://t.me/ktmovierequest1290