KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Memorial Day (2012)
IMDb......6.1
(Action Drama History)
ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာ
ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
အီရတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။
ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။ စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက အတူတူပါပဲ။ စစ်ပွဲကတော့ စစ်ပွဲပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
Downton Abbey (2019)
IMDb.......7.7
(Drama Romance)
Englandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်းဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာ
တစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ်အထူးသဖြင့်လာလည်ရင်းတည်းမယ့်ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေကဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီးအလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်းစိတ်တွေလှူပ်ရှားနေခဲ့ကြတယ်ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံတွေအိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီးသူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုတုန့်ပြန်မလဲဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲအဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားကအထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲမိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့်သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့်
movie request❓
https://t.me/ktmovierequest12904 650
Keys to the Heart (2018)
IMDb......7.9
( Asian, Comedy, Drama, Family)
ဂျိုဟာ ဆိုတဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်ဟာ ဆင်းရဲစွာနဲ့ ကြုံရာကျပန်းအလုပ်လုပ်စားပြီး ဘဝကို ကျောင်းနေရတဲ့လူတစ်ယောက်ပါ…လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေရင်း…လက်ဝှေ့အကူလိုက်ထိုးရင်းနဲ့ ကြုံသလို ဘဝကိုဖြတ်သန်းနေတာပေါ့ …
ဂျိုဟာရဲ့အမေဟာ သူ့ကိုငယ်စဉ်တည်းကစွန့်ပစ်သွားတာဖြစ်ပြီး ဂျိုဟာ က တစ်ယောက်တည်းကြီးပြင်းလာခဲ့ရပါတယ်…တစ်နေ့တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားရင်း စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ မမျှော်လင့်ဘဲပြန်တွေ့ခဲ့ပါတယ်…ဇာတ်လမ်းလေးကို ပေါ့ပါးရွှင်မြူးစွာရိုက်ကူးထားပြီး ရယ်မောမှုနဲ့ ကြေကွဲမှု နှစ်မျိုးလုံးကို ရရှခံစားစေမယ့်ကားလေးတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ဘဲ ရွှေပွဲလာပရိတ်သက်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူလိုက်ပါဦး..၊
movie request❓
https://t.me/ktmovierequest12904 650
Parijatha Parvam (2024)
IMDb.......7.5
(Comedy, Crime)
နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က
ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း
ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ်အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက်
နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ်ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင်
ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ်
ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ….
နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ
movie request❓
https://t.me/ktmovierequest12904 650
The Condemned (2007)
IMDb.....6.0
(Action Crime Thriller)
ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်
လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ…အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်…
movie request❓
https://t.me/ktmovierequest12904 650
Killed My Wife (2019)
IMDb......7.0
(Action Crime Thriller)
မိန်းမနဲ့အဆင်မပြေ အလုပ်လဲအဆင်မပြေဖြစ်နေတဲ့ ချွဲဂျင်းဟိုဆိုတဲ့သူဟာ တရက် သူငယ်ချင်းနဲ့အရက်သောက်ပြီးတော့မနက်နိုးလာတဲ့အချိန်မှာ သူ့အိမ်ရှေ့တံခါးဝမှာ ရဲဝန်ထမ်းတစ်ယောက်ရောက်နေတာကို သိလိုက်ရပါတယ်။
အကြွေးတွေပတ်လည်ဝိုင်းနေလို့ မိန်းမဖြစ်သူ ဂျောင်းမီယောင်းနဲ့ အဆင်မပြေဖြစ်ပြီးခွဲနေနေရတဲ့ ချွဲဂျင်းဟို အရက်သောက်ထားတဲ့ညကတင်သူ့မိန်းမနဲ့တွေ့ပြီးပြန်လာခဲ့ပေမယ့် မနက်ရောက်တဲ့အခါမှာတော့ သူ့မိန်းမဖြစ်သူအသတ်ခံရကြောင်း ကြားသိလိုက်ရတဲ့အခါ အရမ်းတုန်လှုပ်သွားခဲ့ပါတယ်။နောက်ထပ်မထင်မှတ်ထားတာတစ်ခုက သူ့မိန်းမကို သတ်တဲ့သူက တခြားသူမဟုတ်ပဲ သူကိုယ်တိုင်ဖြစ်နေကြောင်းရဲဝန်ထမ်းကနေတစ်ဆင့် ကြားသိလိုက်ရသောအခါ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာရယ်လူသတ်တရားခံက တကယ်ပဲ ချွဲဂျင်းဆူလားဒါမှမဟုတ် အခြားတစ်ယောက်လားဆိုတာ တွေးစရာလေးတွေလှည့်ကွက်လေးတွေလည်းမြှုပ်ထားတာမလို့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ဒီဇာတ်ကားလေးကိုကြည့်ရင်း စီးမျောခံစားကြည့်လိုက်ကြပါ။
movie request❓
https://t.me/ktmovierequest12904 650
Hell or High Water (2016)
IMDb.......7.8
(Crime Drama)
ဒီဇာတ်ကားကိုတော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ညွန်းရမယ်။ ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony တို့ညီအကို လာတိုက်မယ်လို့ တွက်ထားတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ဘဏ်တစ်ခုနားကနေ စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ Marcus တို့ စောင့်နေတဲ့ နေရာကို Tony တို့ညီအကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာမလား ဆိုတာကိုတော့ …….။
ပြသချိန် ၂ နာရီကြာမြင်ြ့ပီး အစမှအဆုံး ရုပ်ရှင်ကြည့်ပရိတ်သတ်ကို စဉ်ဆက်မပြတ် ဆွဲခေါ်သွားနိင်တဲ့ ဇတ်ကားကောင်းပါ။ အထူးသဖြင့် ဇာတ်အိမ်တည်ထားတဲ့ အမေရိကန် Texas ပြည်နယ်ရဲ့ သဘာဝအလှတွေ ပြည်နယ်သားတွေ ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်တွေကို ပေါ်လွင်အောင် ရိုက်ကူးတင်ပြနိင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
movie request❓
https://t.me/ktmovierequest12904 650
Purple Hearts (2022)
IMDb.....7.2
(Drama Musice Romance)
မရိန်းတပ်သားလေးတစ်ယောက်ရှိတယ်။ အစက သူက ဆေးသမား နောက်မှဆေးပြတ်ပြီး တပ်သားဖြစ်လာတာ။ သူတိုအိမ်က မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေ။ သူ့အဖေဆို စစ်တပ်ကပေးတဲ့ Purple Heartsဆုကိုရထားတယ်။ တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာတို သေတာတိုဖြစ်ရင်ပေးတဲ့ဆုပေါ့။ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်ပစ်မိရင်တော့ မပေးဘူးပေါ့။ ကံဆိုးချင်တော့ ငနဲက စစ်တပ်ထဲသာဝင်တယ် အကြွေးကမကြေသေးဘူး။ ဒီတော့ဆေးရောင်းတဲ့ကောင်က သူ့ဆီက ငွေလာကောက်တယ်။ သူ့မိသားစုကိုရန်ရှာမှာစိုးလို ပေးပေမဲ့ ငွေကမလောက်နေဘူး။
တစ်ဖက်ကလည်း ဂီတကိုဝါသနာထုံပြီး ဆီးချိုရှိတာမို အင်ဆူလင်ဖိုးနဲ့တင် မွဲတေနေတဲ့ အဆိုတော်မလေးရှိတယ်။ သူ့ကျန်းမာရေးအာမခံက သူလိုတဲ့ အင်ဆူလင်ပမာဏအတွက် မကာမိတော့ ၊ အိတ်စိုက်ဝယ်စရာလည်းမရှိနဲ့ ဒုက္ခများနေတာ။ တစ်ည မရိန်းတပ်သားတွေ သူအလုပ်လုပ်တဲ့ ဘားမှာ ပွဲလာလုပ်ရင်း မရိန်းတပ်သားမယားဆို ကျန်းမာရေးအာမခံအပြည့်ရတယ်ဆိုလို မရိန်းတပ်သားကို ရှာကြံလက်ထပ်ဖိုလုပ်တယ်။အကြွေးဆပ်ဖို ငွေလိုနေတဲ့စစ်သားရယ် ဆေးဖိုးငွေလိုနေတဲ့ကောင်မလေးရယ်ပေါင်းပြီး လက်ထပ်ပွဲအတုလုပ်လိုက်ကြတယ်။ ကောင်မလေးလည်း ဆေးဖိုးရ စစ်သားလည်း ထောက်ပံ့ကြေးရပေါ့။ အဲဒီကနေမှ သူတိုရဲ့ လွမ်းမောဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးဆီ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ သီချင်းလေးတအေးအေးနဲ့ တငြိမ့်ငြိမ့်ချင်း ခံစားကြည့်လိုက်ကြပါတော့။
movie request❓
https://t.me/ktmovierequest12904 650
The Visitor from the Future (2022)
IMDb.....6
(Action Adventure Comedy)
အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA လို အဖွဲ့အစည်းတစ်ခုရှိနေပါတယ်။ အချိန်ခရီးသွားပြီး ရှုပ်ထွေးအောင်လုပ်တဲ့လူတွေကို လိုက်ဖမ်းတဲ့အဖွဲ့၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့အဖွဲ့၊ အချိန်ကို သူ့အတိုင်း ထိန်းသိမ်းထားချင်တဲ့အဖွဲ့ အဲဒီလို အဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အချိန်ကစားပွဲကြီး စတင်လာခဲ့တော့တယ်။
movie request❓
https://t.me/ktmovierequest12904 650
Under Paris (2024)
IMDb......5.5
(Action, Drama, Horror)
၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ
ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်….
movie request❓
https://t.me/ktmovierequest12904 650
Toro (2016)
IMDb.......5.9
(Action Crime Drama)
တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီးမူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်…။
တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့်အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ…။တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်…။သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခုခိုင်းလိုက်ပါတော့တယ်….။ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ….။တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား….ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန်Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။
movie request❓
https://t.me/ktmovierequest12904 650
Skin Trade (2014)
IMDb.....5.7
(Action Crime Thriller)
ဗစ်တာ ဒရာဂိုဗစ် ဆိုတဲ့ ဆာ့ဗ် လူမျိုး တစ်ယောက်ရှိတယ် ။
အရင်တုန်းက သူက ဆားဗီးယားနိုင်ငံသား အခုတော့ သူက ရုရှားနိုင်ငံသား ဖြစ်နေပြီ ။ သူ့ကိုယ်ပိုင် စီးပွားရေးက အရှေ့ဥပရောပနဲ့ အာရှမှာ လောင်းကစားရုံနဲ့ ဟိုတယ်တွေ ပိုင်ဆိုင်တယ် ။
ဒါပေမယ့် နောက်ကွယ်က
သူ့အဓိက စီးပွားရေးက လူကုန်ကူးတာပဲဖြစ်တယ် ။ ဒရာဂိုဗစ်က အရှေ့တောင် အာရှက ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတယ် ။ ပြီးတော့ သူက အဲဒိမိန်းကလေးတွေကို ဥရောပကို သယ်လာပြီး ကမ္ဘ္ဘာအနှံ့ကို ရောင်းချတယ် ။ ဒရာဂိုဗစ်ဟာ အဲဒိလုပ်ငန်းကနေ တစ်နှစ်ကို ဒေါ်လာသန်းချီ ဝင်နေတယ် ။ဒီလို လူကုန်ကူးမှုကို အမေရီကန်ကလည်း တားဆီးချင်တယ် ။
ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားတို့ကလည်း တားဆီးချင်ကြတယ် ။ ထိုင်းရဲ အမေရီကန် FBI အေးဂျင့်တွေနဲ့ အက်ရှင် ဇာတ်ကြမ်းကားပါပဲ ။ တိုနီဂျား ဆိုတော့ ပြောနေစရာမလိုဘူး ထင်ပါတယ် ။ပရိတ်သတ်ကြီးပဲဆက်ကြည့်လိုက်ကြပါတော့ဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Self/less(2015)
IMDb......6.5
(Action Crime)
ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ နောက်ဆုံးအဆင့်ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ “အရေခွံလဲခြင်း” ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲဗျ။
movie request❓
https://t.me/ktmovierequest12904 650
The Blizzard ( 2018 )
IMDb......4.9
(Action Crime)
ဇာတ်လမ်းအကျဉ်းကစုန့်ချောင်နဲ့ ဟိုင်ယန်နဲ့မာထျန်းချိန်တို့ဟာရဲသင်တန်းကျောင်းမှာအရမ်းချစ်ကြတဲ့ဘော်ဒါတွေပါတစ်နေ့မှာဟိုင်ယန်ကသူ့ရဲ့အဖေသတ်ခံရတဲ့နေရာမှာ
စုန့်ချောင်ကိုတွေ့လိုက်ပြီးလွတ်မြောက်သွားတဲ့အချိန်မှာ သူ့အဖေကိုသတ်သွားတဲ့သူအဖြစ်မုန်းတီးနေပါတော့တယ်…ဒါတွေအားလုံးကိုကြိုးကိုင်နေတဲ့ဟွမ့်ယွီလုပ်ငန်းစုရဲ့ပြစ်မှုတွေကိုဆက်ပြီးဖော်ထုတ်နိုင်ပါ့မလား..ဘယ်လိုလှည့်ကွက်မျိုးတွေရှိနေတာလဲ..ဆက်လက်ခံစားကြည့်ရှုပါ….အက်ရှင်ခန်းတွေလည်းပါတာမလို့အက်ရှင်ကြိုက်သူတွေအတွက်တော့ကြည့်ကောင်းမဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ
movie request❓
https://t.me/ktmovierequest12904 650
13 Assassins (2010)
IMDb......7.6
(Action Adventure Drama)
ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို’ရှိူဂန်’လို့ခေါ်ပါတယ် ‘ရှိူဂန်’ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့…
movie request❓
https://t.me/ktmovierequest12904 650
Tenacious D in The Pick of Destiny (2006)
IMDb......6.8
( Adventure, Comedy, Music)
မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် Dio ရဲ့လမ်းညွန်မှုနဲ့ အိမ်ကနေထွက်ပြေးပြီး ဟောလိဝုဒ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။အဲဒီမှာ လမ်းဘေးဖျော်ဖြေသူ KG ကို တွေ့ပြီး လက်သံကိုသဘောကျသွားတဲ့အတွက် ထူးချွန်တဲ့ Rocker ကြီးဖြစ်ဖို့တပည့်ပြေးခံပါတော့တယ်အဲဒီမှာ KG ရဲ့ သင်ခန်းစာတွေနဲ့အတူ Rocker ဖြစ်ဖို့ ကြိုးပမ်းရတော့တာပေါ့။တစ်ဖက်မှာလည်း အောင်မြင်တဲ့ Rocker တွေကို လေ့လာကြည့်မိတော့အသုံးပြုတဲ့ Guitar Pick က အတူတူပဲဆိုတာကို သိပြီးဒီ နတ်ဆိုး Guitar Pick ကိုလည်း ရအောင်လိုက်ရှာပြီးသူတို့ သီချင်းတွေ ဂန္ဒဝင်ဆန်ဖို့ လုပ်ကြတဲ့အခါ အောင်မြင်သွားမလားဘာတွေဆက်ဖြစ်မလဲ KG ရဲ့ သရုပ်မှန်ကရော ဘာလဲစသဖြင့် Musical ဆန်ဆန် ဟာသတွေနဲ့ Rock သီချင်းကောင်းကောင်းတွေနားဆင်ရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက Rock Musical ဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့စာသားတွေကိုတော့ ဘာသာပြန်ဆိုပေးထားပြီးသိပ်မဆိုင်တဲ့စာသားတွေကိုတော့ ဒီတိုင်းပဲ ထားပေးခဲ့ပါတယ်။နောက်ဆုံးအချက်အနေနဲ့ ဇာတ်ကားက R Ratedဖြစ်တဲ့အတွက် မဟားဒရားဆဲဆိုတာတွေအပြင်ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပါဝင်လို့ကလေးသူငယ်တွေကိုတော့ မပြဖို့အကြံပြုလိုက်ရပါတယ်ခင်ဗျ။
movie request❓
https://t.me/ktmovierequest12904 650
Black Water (2018)
IMDb......5.2
(Action Drama)
စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောၤထဲမှာ အကျဉ်းချခံလိုက်ရတယ်အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲ
သူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော
ဘာကြောင့်များအရေးကြီးနေရတာလဲဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ်
movie request❓
https://t.me/ktmovierequest12904 650
Airlift (2016)
IMDb......8.0
(Action Drama History)
၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ
အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့
မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။
၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ
လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။
movie request❓
https://t.me/ktmovierequest12904 650
Thank You for Your Service (2017)
IMDb......6.6
(Biography, Drama, War)
အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတာရဲ့Adamတစ်ယောက် တာဝန်တစ်နှစ်ကျော်ထမ်းဆောင်ပြီး ဇာတိ ကန်းဆက်ပြည်နယ်ကိုပြန်လာရပုံနဲ့စတင်ထားပါတယ်။ချစ်ဇနီး Saskia ရယ်၊ရင်သွေးနှစ်ယောက်ရယ်နဲ့ပျော်ရွှင်စရာဘဝလေးကိုတည်ဆောက်ဖို့ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့အဖျက်အမှောက်တစ်ခုနဲလ ကြုံလာရပါတော့တယ်။အဲ့တာကတော့ စစ်ပွဲအနိဠာရုံတွေကို ပြန်လည်အမှတ်ရနေတဲ့ စိတ်ရောဂါပါပဲ။
Adamကပဲ ဒီရောဂါကိုအနိုင်ပိုင်းနိုင်မလား။နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါလို့ပဲတိုက်တွန်းလိုက်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Werewolves Within (2021)
IMDb.....6
(Comedy Horror Mystery)
သဘောကောင်းလွန်းလို့ ရည်းစားဖြတ်ခံလိုက်ရတဲ့ ရိန်းဂျား ဖင်း တစ်ယောက် နယ်မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း ဒေသခံတွေက တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ကြတာပေါ့။ အတွင်းသိအစင်းသိတွေလို့ ပြောလို့ရပေမဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ ရှိတာပဲမလား။ ဒီမြို့လေးမှာ ပိုက်လိုင်းတူးဖော်ဖို့ ကိစ္စနဲ့ ထောက်ခံတဲ့သူ ကန့်ကွက်တဲ့သူ လူနှစ်စုကွဲနေတယ်။ ရွာပြင်မှာနေတဲ့ လူ့ဂွစာ မုဆိုးကြီးတစ်ယောက်လည်းရှိလေရဲ့။
မြို့မှာ နှင်းမုန်တိုင်းကျတဲ့အချိန် မီးစက်တွေကို တစ်ယောက်ယောက်က ဖျက်ဆီးသွားပါတယ်။ မြို့ရဲ့တစ်ခုတည်းသော နှင်းရှင်းစက်ကလည်း ပစ္စည်းမရှိလို့ နှိုးမရတာနဲ့ကြုံနေတော့ လူတွေအကုန်မြို့ထဲမှာပဲပိတ်မိနေပါတယ်။ အဲဒီအချိန်မှာပဲ ဒေသခံတစ်ယောက်ရဲ့ ခွေးသတ်ခံရမှုကို စုံစမ်းရာကနေ မြို့ကထွက်သွားပါတယ်လို့ သိထားကြတဲ့ လူရဲ့ အလောင်းကို တွေ့လိုက်ရပါတယ်။ ခွေးအမျိုးထဲက တစ်မျိုးမျိုး အနီးစပ်ဆုံး ဝံပုလွေလို့ ယူဆလို့ရတဲ့ ဒဏ်ရာတွေ အလောင်းပေါ်မှာ တွေ့ပြီး အလောင်းပေါ်က အမွှေးကို စစ်ဆေးကြည့်တဲ့အခါမှာ ဘယ်မျိုးစိတ်ဖြစ်မယ်လို့ အတိအကျမပြောနိုင်တဲ့ အခြေအနေကိုရောက်နေပါတယ်။ မီးစက်တွေကို ဖျက်စီးနိုင်ပြီး ဒီလိုဒဏ်ရာရအောင်လုပ်နိုင်တာ သမန်းဝံပုလွေပဲရှိတယ်လို့ ကောက်ချက်ချပြီး မြို့သူမြို့သားတွေ အကြောက်လွန်ကုန်ပါတယ်။ အဲဒီကနေ သူတို့တွေ တရားခံကိုရှာနိုင်ကြမလား။ သမန်းဝံပုလွေရဲ့ လက်ချက်လား ဒါမှမဟုတ် အတွင်းစိတ်ထဲက ဝံပုလွေဆိုး လွတ်ထွက်လာတာလားဆိုတာကို ဇာတ်ကားမှာ ကြည့်လိုက်ကြပါတော့…
movie request❓
https://t.me/ktmovierequest1290