KT ဇာတ်ညွှန်း 📃
Open in Telegram
Disclaimer : Credit to original uploader copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just reupload. All the contents in the video belong to the rightful owner! No Copyright Infringement.
Show more4 650
Subscribers
No data24 hours
+17 days
+1630 days
Posts Archive
4 650
Into the Ashes (2019)
IMDb......6.2
(Crime, Drama, Mystery)
နစ်ဘရင်နာ ဟာ အရင်ကတုန်းက မကောင်းမှုပေါင်းစုံ . မှုခင်းဖြစ်ရပ်မျိုးစုံကို ကျူးလွန်တဲ့အဖွဲ့အစည်းမှာ ကျင်လည်ခဲ့ပြီး
နောက်ပိုင်း အဲ့ပတ်ဝန်းကျင်ကနေရှောင်ထွက်လာခဲ့သူပါ။ လက်ရှိမှာ ရိုးရိုးသားအလုပ်အကိုင်တစ်ခုကိုလုပ်နေပြီး ချစ်ရတဲ့ဇနီးသည်နဲ့အေးချမ်းနေ့ရက်တွေကိုဖြတ်သန်းနေပါတယ်။ ဒါပေမယ့် ပြဿနာဆိုတဲ့အမျိုးက မီးခွက်ထွန်းရှာပြီး လာတတ်တာမျိုးဆိုတော့ အရင်တုန်းက သူ့ကြောင့်အထိနာခဲ့တဲ့ ရာဇဝတ်ကောင်တွေက သူ့ကိုပြန်လည်ခြေရာခံပြီး လက်စားခြေတဲ့ဖြစ်စဥ◌်ကို ခပ်ကြမ်းကြမ်း ခန်လန်းလန်းတွေ့မြင်ရမယ့် ကားမျိုးပါ။ ဒီလက်စားခြေမှုကလည်း နစ်ကို အရင်လိုဘဝကြမ်းကြမ်းထဲကို ပြန်လည်ဆွဲခေါ်သွားတော့တာပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
End of the Rope (2023)
IMDb.......4.5
(Crime Mystery)
စီအေဂျေကော့ဆန်ကတော့ တစ်မြို့လုံးရဲ့ အထင်ကြီးလေးစားမှုကို ခံနေရတဲ့ မြောက်ဒက်ကိုတာပြည်နယ်၊ Schaferမြို့က ရဲမှူးတစ်ဦးဖြစ်ပါတယ်။တဖက်မှာလည်း ချာလ်းစ်ဘန်နွန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ စီအေနဲ့မတူဘဲ တစ်မြို့လုံးရဲ့ မုန်းတီးခြင်းခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဘဝလေးက ဇာတ်ကြောင်းတော့ မလှရှာပါဘူး သူ့ဖခင်ကိုယ်တိုင်က သူ့ကိုထားခဲ့ပြီး သူ့မိခင်ကလည်း သူ့ကိုအိမ်ပေါ်ကနေ နှင်ချထားတာပါ။ ဒီလိုကြုံရာကျပန်း လယ်အလုပ်တွေမှာ ဝင်လုပ်ရင်းနဲ့ နေထိုင်နေသူပါ။ ဘဝပေးကုသိုလ်ကံမကောင်းလှတဲ့ ချာလ်းစ်ကို တမြို့လုံးက သူ့ကို အကုသိုလ်ကောင်လေးလို့ သတ်မှတ်ကာ မုန်းတီးနေကြပါသေးတယ်။ဒီလို အမုန်းခံနေရတဲ့ ချာလ်းစ်အတွက် ပိုမိုဆိုးရွားတဲ့အဖြစ်ပျက်တစ်ခုက စောင့်ကြိုနေပါတယ်။ ထိုအရာကတော့ ရဲမှူး စီအေရဲ့သမီးတွေ ရှိနေတဲ့ အိမ်ကို မတော်တဆ မီးရှို့ပြီး သတ်လိုက်မိသွားပါတယ်။ စီအေတစ်ယောက်လည်း ဆုံးသွားတဲ့သမီးတွေအတွက် ပူဆွေးသောက ရောက်ရင်းနဲ့ ရဲမှူးအလုပ်ကနေ အနားယူသွားပါတော့တယ်။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက် ထောင်ကျသွားပြီး ပြန်လွတ်လာတော့ စီအေရဲ့မိတ်ဆွေဖြစ်သူ ကောင်တီကော်မရှင်နာ အဲလ်ဘတ်တို့မိသားစုလယ်မှာ ဝင်အလုပ်လုပ်ပါတယ်။
ကိုယ့်သမီးတွေကို သတ်သွားတဲ့ ချာလ်းစ်ကို အလုပ်ပေးထားတော့ အဲလ်ဘတ်ကို စီအေကတော့ မကျေနပ်ဘူးပေါ့လေ။ ဒါပေမဲ့ နှောင့်ယှက်ခြင်းတစ်စုံတစ်ရာတော့ မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက်အလုပ်ဝင်လုပ်ရင်း ၂လအကြာမှာတော့ အဲလ်ဘတ်မိသားစုတစ်စုလုံး အစနမရှိဘဲ ပျောက်သွားပါတော့တယ်။ ထိုအကြောင်းကို သိသွားတဲ့ စီအေက ရဲမှူးနေရာမှာ ယာယီပြန်လုပ်ရင်း အဲလ်ဘတ်တို့မိသားစုပျောက်ဆုံးရခြင်းနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းပါတော့တယ်။အဲလ်ဘတ်တို့မိသားစုလိုက် ပျောက်ဆုံးသွားတာနဲ့ ချာလ်းစ်ဘန်နွန်နဲ့ ဘာများပတ်သက်နေမလဲ။ ဘန်နွန်က အဲလ်ဘတ်တို့ကို မိသားစုလိုက်သတ်လိုက်တာလား။ ဘန်နွန်ကို ဖမ်းဖို့ သက်သေတွေကို ဘယ်လိုရှာကြမလဲ။ တစ်မြို့လုံးရဲ့မုန်းတီးခြင်းကို ခံနေရတဲ့ ဘန်နွန်ရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲ။ တရားဥပဒေရဲ့ဘက်တော်သားဖြစ်ခဲ့တဲ့ စီအေကလည်း သူ့သမီးတွေရဲ့အသက်တွေကို နှုတ်ယူခဲ့တဲ့ ဘန်နွန်ကို တရားကျကျနဲ့ စီရင်နိုင်ပါ့မလားဆိုတာကို အဆုံးထိစိတ်ဝင်တစားနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်ခင်ဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Naadu(2023)
IMDb.......8.7
(Drama)
နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့
တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။
တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။
ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။
ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး
ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က
မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ
အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။
သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့်
ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး
အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ဒီဆရာဝန်ကို ဒီရွာမှာ ဆက်နေအောင်လုပ်နိုင်ဖို့ကိုတော့ ရွာသားတွေက တာဝန်ယူရမှာပါ။ ကဲ ဒီတော့ အာဏာကြောက်လို့ ရွာကိုလွင့်လာတဲ့
ဆရာဝန်ပေါက်စကြိုးကြာမလေးရယ် လိုအပ်ချက်တွေများနေတဲ့ဒီရွာလေးရယ် ဆရာမလေးကို ပြန်မပြေးအောင်
အမိအရဆွဲထားရမယ့်ရွာသားတွေရယ် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ရှုစားကြပါဦး။ဒီကားလေးဟာ ယနေ့ခေတ်ထိအောင် ပညာရေး ကျန်းမာရေး အသိပညာပိုင်းမှာ နှောင့်နှေးနောက်ကျနေတဲ့
တောင်ပေါ်ရွာတွေရဲ့တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တာကြောင့်
ခြေနေသိပ်မကွာခြားလှတဲ့ဒီနိုင်ငံက တချို့နေရာတွေအတွက်ပါ တွေးစရာတစ်ခုရလာစေမှာပါ။
movie request❓
https://t.me/ktmovierequest12904 650
Pawn Sacrifice (2014)
IMDb......7.0
(Biography Drama Sport)
ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။
ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။
အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး အဓိက အဆုံးအဖြတ်ဖြစ်တဲ့ ၆ ပွဲမြောက် စစ်တုရင်ပွဲဟာ သူ့ သက်တမ်းရဲ့ အရေးအကြီးဆုံးပြိုင်ပွဲအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ဇာတ်လမ်းနာမည်ဖြစ်တဲ့ နယ်ရုပ် စတေးခြင်းဆိုတာဟာ သူ့ရဲ့ ရွှေ့ကွက်ကို ပြောခဲ့တာဖြစ်သလို အမေရိကန်က ဘော်ဘီဖစ်ရှာကို အသုံးချခဲ့တယ်ဆိုတာကိုလည်း ပြောချင်တာဖြစ်ပါလိမ့်မယ်။ ဘော်ဘီဟာ ချန်ပီယံမဖြစ်ခင်ကတည်းက စိတ်မူမမှန်တာတွေ အစိုးရိမ်လွန်ကဲတာတွေဖြစ်နေခဲ့ပြီး
ရုရှားတွေက သူ့ဖုန်းကို ခိုးနားထောင်တယ်၊ တီဗီကနေ ခိုးကြည့်တယ်၊ အစာထဲကိုအဆိပ်ခတ်တယ်၊ သွားပေါက်ထဲကို ဖြည့်တဲ့ဟာတွေကပါ ခိုးနားထောင်တယ်ဆိုတဲ့အထိ စွပ်စွဲခဲ့တာဖြစ်ပါတယ်။စစ်တုရင်ပါရမီရှင် ပေါလ်မာဖီ တုန်းကလို ငယ်ငယ်ရွယ်ရွယ်နဲ့ သတ်သေသွားမှာကိုပါ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိခဲ့တာပါ။စစ်တုရင်ဟာ အဖွင့်-၄ ကွက်ရွှေ့အပြီးမှာ ရွေးချယ်စရာ အကွက်ပေါင်း ၃၀၀ ဘီလီယံလောက်ရှိတယ်လို့ ဆိုတဲ့အတွက် အပျော်ကစားတာမဟုတ်ဘဲ တကယ် အစအဆုံး ကျွမ်းကျင်ချင်ရင်တော့ ဦးဏှောက်ကို အစွမ်းကုန်သုံးရမယ့် ကစားနည်းမျိုးပါ။ဒီရုပ်ရှင်မှာတော့ ဘော်ဘီဖစ်ရှာရဲ့ ဘဝနဲ့ စိတ်ဝင်စားစရာ ဖြတ်သန်းမှုတွကို ကျွန်တော်တို့ အချစ်တော် စပိုက်ဒါမန်းမင်းသား တိုဘီ မက်ဂွိုင်းရားက ဉာဏ်ကြီးရှင်ဆိုက်ကို ပုံစံ ပီပီပြင်ပြင် သရုပ်ဆောင်ပြထားတာကြောင့် စစ်တုရင်သမားတွေရော သမိုင်းဒရာမာ ချစ်သူတွေပါ ကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ဖြစ်လို့ တင်ပေးထားလိုက်ပါတယ် ။
movie request❓
https://t.me/ktmovierequest12904 650
Midnight (2021)
IMDb.....6.9
(Action Drama Thriller)
သန်းခေါင်ယံမှာ ဘာတွေ ဖြစ်ကြမလဲ????ညဆိုတာကတော့ မကောင်းမှုတွေ စိုးမိုးတတ်တဲ့အချိန်ပါ။
ဒီညကတော့ ထူးဆန်းပါတယ်။ကွင်းဆက်လူသတ်သမားတစ်ယောက်က
အမျိုးသမီးငယ်တစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါပဲ။
ဘာလို့ သတ်ဖြတ်နေရလဲ ဆိုတာကတော့ …..
သူ လူသတ်မှုကျူးလွန်နေတာကို
အမျိုးသမီးငယ်တစ်ယောက် က မြင်တွေ့သွားလို့
နှုတ်ပိတ်ဖို့အတွက် လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားတာပါ။အဲဒီအမျိူးသမီးငယ်ကတော့ ဆွံ့အနားမကြားဖြစ်နေတဲ့ ဂျောင်မီ ပါပဲ။ဆွံ့အနားမကြား ဖြစ်နေတဲ့ ဂျောင်းမီက ဆွံ့အနားမကြားသူတွေအတွက်
ဝန်ဆောင်မှုပေးဖို့ Call Center မှာ အလုပ်လုပ်ရပါတယ်။လူကောင်းသူကောင်းတွေကြားမှာ တစ်ယောက်ထဲ ကင်းကွာနေတတ်တဲ့ သူမ
တစ်ချိန်မှာတော့ ကွင်းဆက်လူသတ်သမားတစ်ယောက် လူသတ်မှု ကျူးလွန်တာကို မြင်ရပြီးတဲ့နောက်မှာတော့ ……လူသတ်သမားရဲ့လက်ကနေ သူမ ထွက်ပြေးလွတ်မြောက်နိုင်မလား ဆိုတာကို
အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်
Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Eternal Beauty (2019)
IMDb.......6.2
(Comedy, Drama, Romance)
စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးပုံဖော်ထားပြီးလူတစ်ယောက်မှာရှိတဲ့ သူ့ရဲ့ အမှောင်ဘက်ခြမ်း အားကြီးသွားတဲ့အခါ အဲ့လူဟာ ဘယ်လိုပုံစံဖြစ်လာပြီး ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့အကြံပေးပါရစေ…ဇာတ်ကား ကောင်းတစ်ကားကို မြုပ်ကွက်တွေဖေါ်ပြီး ပြောပြလိုက်ရင် ကြည့်ရတာ အရသာမရှိတော့မှာစိုးလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူတွေနဲ့ Dark side အကြောင်းစိတ်ဝင်စားသူတွေအနေနဲ့ မလွတ်တမ်းကြည့်ရမဲ့ ကားတစ်ကားလို့ပဲ ညွှန်းဆိုချင်ပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Azhagiya Kanne (2023)
IMDb.....6.7
(Drama)
စီရူမာလိုင်ရွာလေးက နွားနိုသည်ရဲ့သားအဖြစ်နဲ့ မွေးဖွားလာပေမဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေရဲ့
ဒါရိုက်တာကိုအားကျပြီး နာမည်ကြီးဒါရိုက်တာဖြစ်ချင်သူ အင်ဘာ ။ ဖုန်းတွေ အင်တာနက်တွေကမဟုတ်ဘဲ
ဒါရိုက်တာကြီးတွေဆီ စာပိုသမား စာတိုက်ကတစ်ဆင့် စာတွေနေ့စဉ်ပိုပြီး ဒါရိုက်တာအိပ်မက်အတွက် ဇွဲကြီးလွန်းသူ။
ကောလိပ်က ဇာတ်လမ်းအညွှန်းပြိုင်ပွဲတစ်ခုအတွက် ပါရမီရှိပြီးသားအင်ဘာဆီကို အကူအညီလာတောင်းတဲ့ ပုဏ္ဏားမျိုးရိုးက
ကာ့စ်သူရီတို ဇာတ်လမ်းအကြောင်းပြ တီတီတာတာဖြစ်နေကြတာကို ပတ်ဝန်းကျင်ကတစ်ဆင့် ကာ့စ်သူရီတိုအုပ်ထိန်းသူတွေရဲ့ နား
ပေါက်သွားတော့တယ် ။အင်ဘာ့ဆီ နာမည်ကြီးဒါရိုက်တာကြီးဆီက ပြန်စာလည်းရောက်လာပြီဆိုတော့ မျိုးရိုးအဆင့်အတန်းကွာခြားမှုတွေနဲ့
အလှမ်းကွာကြဦးမလား ဒါရိုက်တာလောင်းကြီးဆိုတာနဲ့ ကြည်ဖြူသွားကြမလားဘောလိဝုဒ်ကားတိုပီပီ နိုင်ငံရေးအလှည့်အပြောင်းတွေရော ပါလာဦးမလားဆိုတာတော့ ရှုစားကြည့်ပါဦး
movie request❓
https://t.me/ktmovierequest12904 650
Youngju (2018)
IMDb......6.5
(Drama)
မှတ်မိကြလား Along with the Gods ရုပ်ရှင်ကားထဲကသေပြီးတဲ့ လူတွေကို လမ်းပြတဲ့ အထဲ စိတ်ကောင်းရှိတဲ့
ပုပု လုံးလုံး ကောင်မလေးကို <3သူမ နာမည် က Kim Hyang Gi ပါတဲ့Kim ဟာ လက်ရှိအချိန်မှာ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ငယ်ရွယ်တောက်ပတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါသူမ ပါဝင် သရုပ်ဆောင်ထားတဲ့ Witness (2019) ဆိုတဲ့ရုပ်ရှင်ကားကိုလဲ သိပ်မကြာသေးခင်က ကြည့်ထားကြတယ်ဟုတ်ဒီလောက် သရုပ်ဆောင် ကောင်းတဲ့ Kim ပါဝင်ထားတဲ့YoungJu ဆိုတဲ့ ဒီကားလေး မှာရောသူမ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲ ?ယောင်းဂျူ နဲ့ ယောင်းအင် ဆိုတဲ့ မောင်နှမ ၂ ယောက်ရှိတယ် ယောင်းဂျူ က အသက် ၂၀ မပြည့်တပြည့့်ပဲ ရှိသေးတယ်သူ့မောင်လေး ယောင်းအင်ကတော့ ၁၇ နှစ် ဝန်းကျင်ပေါ့မောင်နှမ တစ်ယောက်ဟာ ဆင်ခြေဖုံး ရပ်ကွက်က အိမ်တစ်ခုမှာအတူနေထိုင်ကြတယ် ချို့တဲ့ ဆင်းရဲစွာပေါ့….ဒီလို ဘာကြောင့် နှစ်ယောက်ထဲ ဖြစ်နေရတာလဲ ဆိုတော့သိပ်မကြာသေးခင် နှစ်အချို့ က ယောင်းဂျူ ကိုယ်တိုင်အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ အချိန်မိဘ ၂ ပါးဟာ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်မိဘ တွေ ဟာ ကုန်တင်ကား တစ်စီး တိုက်တာ ခံရပြီးပွဲချင်းပြီး သေခဲ့ကြတယ်….တစ်ချို့ကလဲ မတော်တဆ လို့ ပြောကြတယ်တစ်ချို့ကလဲ အကြွေးရှင်တွေကသတ်ခိုင်းတယ်လို့ပြောကြတယ်လူသေမှု အတွက် ၃ နှစ်ဝန်းကျင်လောက်သာလူသတ်သမားကထောင်ထဲမှာ နေလိုက်ရတယ်တရားဥပဒေ က မျက်နှာသာမပေးခဲ့ပါဘူးဘယ်လိုပဲ ဖြစ်နေပါစေ မိဘ မရှိ ဆွေမျိုးမရှိတော့တဲ့ယောာင်းဂျူ တို့ မောင်နှမ၂ ယောက် က ကမ္ဘာပေါ်မှာသူတို့ ၂ ယောက်ပဲ ရှိနေသလား ထင်ရအောင်ချို့တဲ့ ဆင်းရဲစွာ နေရတယ် စားဝတ်နေရေးအတွက် ကျပန်း အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာရတယ်အသက် ၂၀ အရွယ် နဲ့ မလိုက်အောင်ယောင်းဂျူ ဟာ ပင်ပန်း ဆင်းရဲနေရတာပေါ့….တစ်ရက်မှာတော့ မောင်ဖြစ်သူ ယောင်းအင်ရန်ဖြစ်လို့ အချုပ်ထဲ ရောက်ပါလေရောပြန်ရွေးရဖို့ ပိုက်ဆံလဲ မရှိ အလုပ်လဲ မရှိတဲ့ယောင်းဂျူလေး မှာ ကမ္ဘာပျက်နေခဲ့တာပေါ့သူ မလုပ်သင့် မလုပ်ထိုက်တဲ့ လမ်းကိုရွေးချယ်ခဲ့သော အခါ….
movie request❓
https://t.me/ktmovierequest12904 650
The Light of the Moon (2017)
IMDb.......6.3
(Drama)
မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး
အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။
ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့
တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး
သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ
သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့
စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။
movie request❓
https://t.me/ktmovierequest12904 650
Pamali (2022)
IMDb.......5.5
(Horror, Mystery)
အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့
ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ“Pamali”ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ…။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ…ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့….။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့….။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ…။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ…
movie request❓
https://t.me/ktmovierequest12904 650
Unbroken (2014)
IMDb.....7.2
(Biography, Drama, Sport)
စစ်ပြီးနောက် ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုတော့ slideshow နဲ့ဆက်ပြပါတယ်။ Louie က အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရပါတယ်။ Phil လည်း အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ Mutsuhiro “Bird” Watanabe က ထိပ်တန်းဂျပန်စစ်ရာဇဝတ်ကောင် ၄၀ စာရင်းမှာပါပေမယ့် ထွက်ပြေးပုန်းရှောင်နေခဲ့လို့ ဥပေဒေရှေ့မှာ တရားမျှတမှုနဲ့ ရင်မဆိုင်ခဲ့ရပါဘူး။ Louie ဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးခဲ့ပြီး အများစုနဲ့တွေ့ဆုံခဲ့ပါတယ်။ Watanabe ကတော့ Louie ကို အတွေ့မခံခဲ့ပါဘူး။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ဂျပန်နိုင်ငံ နာဂါနို မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မီးရှုးတိုင်ကို သယ်ဆောင်ပေးခဲ့ပါတယ်။ သူ့ပြေးခဲ့တဲ့နေရာက အရင်က သူနေခဲ့ရတဲ့ စစ်သုံ့ပန်းစခန်းတွေထဲက တစ်ခုရဲ့ အနီးမှာရှိပါတယ်။ အပိတ် title မှာတော့ Louis Zamperini ဟာ အသက် ၉၇ နှစ် ဇူလိုင်လ ၂ ရက် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကို ပြသသွားပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာတော့ ဘယ်သူမှချိုးဖျက်လို့မရတဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေအကြောင်းကို အတွေးနယ်ချဲ့နေမိပါတော့တယ်။
movie request❓
https://t.me/ktmovierequest12904 650
Lolita (1997)
IMDb......6.9
(Adult, Crime, Drama)
Lolita တို့ မုဆိုးမ သားအမိ အိမ်ကို Humbert က အိမ်ငှားအဖြစ် ရောက်လာခဲ့ပါတယ် ။ အဲ့အချိန်မှာ Humbert က အသက် ၃၆ နှစ်ဖြစ်ပြီး Lolita က ၁၂ နှစ်ပါ ။ ပြောရရင် Humbert က ဒီအိမ်ကိုငှား ဖြစ်ခဲ့တာ Lolita ကိုကြွေနေလို့ပါ ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Lolita ရဲ့ အမေဖြစ်သူ နဲ့ Humbert က လက်ထပ် ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် Humbert ရဲ့ စိတ်ရင်းအမှန်မှာ တကယ်ချစ်တာကတော့ Lolita ကိုပါပဲ ။ဒီရုပ်ရှင်ကတကယ်ဆို ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ ။ တကယ်ကို အပြောဆို ၊ အဝေဖန်ခံရမယ့် ဇာတ်ကားမျိုးပါ ။ ဒါပေမယ့် ပရိသတ် တော်တော်များများ သဘောကျရတဲ့ အချက်ကတော့ ဇာတ်အိမ် တည်ဆောက်ပုံနဲ့ Lolita နဲ့ Humbert တို့ရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှု တွေကြောင့်ပါပဲ ။Lolita ဟာ တကယ်ပဲ ကျွန်တော် တို့ လူ့အဖွဲ့အစည်းဆိုင်ရာ စံချိန်စံညွှန်းတွေကို သိသိသာသာ ဖောက်ထွက် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မကြည့်ဖြစ်သေးဘူး ဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ် ။
movie request❓
https://t.me/ktmovierequest12904 650
Rogue 2020
IMDb.....4.2
(Action)
မင်းသမီးချော မီဂန်ဖောက်စ် ရဲ့ ဇာတ်ကားအသစ်လေး ၂၀ ရက်နေ့က ထွက်လာပြီမို့ အားလုံးကြည့်ရအောင် တင်ဆက်လိုက်ပါတယ်ဗျာ။ ကြမ်းမှကြမ်း ရမ်းမှရမ်း ဆိုတဲ့ အက်ရှင်ကားစစ်စစ်ပါပဲဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဓားစာခံတစ်ယောက်ကို ကယ်တင်ဖို့ အာဖရိက တောတွင်းတစ်နေရာကို သွားကြတဲ့ တပ်ဖွဲ့တစ်ဖွဲ့က မမျှော်လင့်ဘဲ တောထဲမှာ အခက်အခဲတွေ ကြုံရတဲ့အကြောင်းပါ။ အပစ်အခတ်တွေကတော့ တစ်ကားလုံးအပြည့်ပါပဲ။ မီဂန်ဖောက်စ်က ဒီအဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ပါထားပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
Ad Astra (2019)
IMDb......7.0
( Adventure, Drama, Mystery)
လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။
movie request❓
https://t.me/ktmovierequest12904 650
Love Me If You Dare (2024)
IMDb.....5.4
(Romance)
အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။
သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲက
တစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီးအာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့
ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့်
အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ်ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေ
ယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်း
ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။
movie request❓
https://t.me/ktmovierequest12904 650
For the Emperor (2014)
IMDb......5.7
(Action, Crime)
အီဟွမ်ဟာ ဘေ့စ်ဘော ကစားသမားတစ်ယောက်ဖြစ်ပါတယ်
လက်ဒဏ်ရာကြောင့် အဆင့်ကျပြီး ကစားသမားဘဝက ထွက်ခဲ့ရသူပါဆန်းဟာကတော့ ငွေတိုးချေးစားတဲ့ လူမိုက်သူဌေးတစ်ယောက်ဖြစ်ပြီး လောင်းကစားဝိုင်းတွေလည်း ထောင်ထားပါတယ်အီဟွမ်နဲ့ သူဌေးဆန်းဟာ တို့ တွေ့ဆုံပြီးတဲ့နောက် လူမိုက်လောကမှာ အီဟွမ်ကို ဘယ်လိုလက်သတ်မွေးမလဲ…သူတို့ဖြစ်ချင်တဲ့ အတိုင်းဖြစ်လာပါ့မလားဆိုတာ အကြမ်းစား အလန်းစား ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြရအောင်..။*** 18+ ဇာတ်ဝင်ခန်းများပါဝင်တဲ့အတွက် မိသားစုနဲ့ တူတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ***
movie request❓
https://t.me/ktmovierequest12904 650
Civil War (2024)
IMDb...7.2
(Action Adventure Thriller)
A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။တစ်လမ်းလုံးမှာ စစ်ရဲ့ အနိဌာရုံတွေတွေ့၊ တိုက်ပွဲတွေကြားထဲရောက်၊ နှစ်ဘက်တပ်တွေ စည်းမရှိကမ်းမရှိ ရက်စက်နေတာတွေကို ကျော်ဖြတ်ပြီး ဝါရှင်တန်ဒီစီကို အရောက်နှင်ကြရမှာပါ။ ငွေဈေးတွေထိုးကြပြီး ဒေါ်လာ ၃၀၀ ပေးမှ ဆန်းဝှစ်တစ်လုံးပဲ ရတာတွေ၊ ကနေဒါ ဒေါ်လာဆိုမှ တန်ဖိုးရှိတာမျိုးတွေလည်း သဘာဝကျကျ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေကတော့ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု ဖြတ်လာရတာနဲ့တူပြီး တစ်ခန်းပြီးတိုင်း တွေးစရာတစ်ခုရတာမျိုးဖြစ်အောင်လည်း ပြထားပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ ရုပ်ရှင်ထဲမှာ ပါပါတယ်။
movie request❓
https://t.me/ktmovierequest12904 650
The Bad Seed (2018)
IMDb.......6.5
(Drama, Horror, Mystery)
ဒေးဗစ်ဂရိုစ့်မန်းဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမ မရှိတော့ဘဲနဲ့သူ့သမီးလေးဖြစ်သူ အမ်မာဂရိုစ့်မန်းကိုစောင့်ရှောက်ပြီးနေထိုင်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ အမ်မာ့ရဲ့ကျောင်းမှာကောင်လေးတစ်ယောက်ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်…
ထိုအဖြစ်အပျက်ကြောင့် ဒေးဗစ်ဟာ အမ်မာဝမ်းနည်းပူဆွေးနေမှာကိုစိုးရိမ်နေမိသော်လည်း အမ်မာမှာ သူထင်ထားသလိုမဟုတ်ဘဲနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်…ချောမောပြီးချစ်စဖွယ်ကောင်းလှတဲ့ အမ်မာဟာ တကယ်တော့ ဘယ်လိုလူမျိုးလဲ…သူ့ရဲ့အကျင့်စရိုက်အမှန်က ဘာလဲဆိုတာကိုဒီကားထဲမှာဆက်ပြီးကြည့်ရှုလိုက်ကြပါဦး….
movie request❓
https://t.me/ktmovierequest12904 650
Jananam 1947 Pranayam Thudarunnu (2024)
(Drama)
ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူ
အချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီး
ချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါအဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့
တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူ
ဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်…လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကို
ကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦး
movie request❓
https://t.me/ktmovierequest12904 650
Gangs of Godavari (2024)
IMDb........5.6
(Action Comedy)
တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီး
Hit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့
ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။
ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။
ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။
အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်ပေါက်ပါပဲ။
movie request❓
https://t.me/ktmovierequest1290