en
Feedback
Thant Htut Tin

Thant Htut Tin

Open in Telegram

Music Channel

Show more
1 366
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ကျနော်က လူ့အခွင့်အရေးဆိုတာကို ၁၀၀% ယုံကြည်လက်ခံသူ တန်ဖိုးထားသူဖြစ်ပါတယ်။ သို့သော် ဒီတစ်ခုတည်းကိစ္စ စဉ်းစားပြီး အစွန်းရောက်နေတဲ့ ပေါကြောင်ကြောင်ကောင်တော့မဟုတ်။ လူတိုင်းဟာ မွေးရာပါအခွင့်အရေးတွေ ရကိုရရပါလိမ့်မယ်။ ဒီအခွင့်အရေးတွေကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ နိုင်ငံတွေပဲ ငြိမ်းချမ်းဖို့ သာယာဖို့ အာမခံချက်ရှိပါတယ်။ သို့သော် လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်း ရဲ့အကျိုးစီးပွားကြားက မျှချေကို တည်ဆောက်ကြဖို့ မဖြစ်မနေလိုပါတယ်။ လူ့အခွင့်အရေးအတွက်ဆိုတာနဲ့ လူ့အဖွဲ့အစည်း အကျိုးစီးပွားကို မျက်ကွယ်ပြုလို့မရသလို လူ့အဖွဲ့အစည်း အကျိုးစီးပွား ဆိုတာနဲ့ လူ့အခွင့်အရေးကို ပစ်ပယ်လို့ လုံးဝမရပါ။ လူ့အဖွဲ့အစည်း က မာမာချာချာမရှိဘဲ လူ့အခွင့်အရေးအပြည့်အဝရမယ်ထင်ရင်လည်း ရူးနှမ်းခြင်းသက်သက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ငြင်းဆန်နေရင် အဲဒီလူ့အဖွဲ့အစည်းဟာ စံနှုန်းပျက် ဂုဏ်ငယ်နေရမှာဖြစ်သလို လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဝပြောဖို့ မလုပ်နိုင်ရင်လည်း အောက်တန်းနောက်တန်းကျနေမှာပါပဲ။ လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်း အကျိုး ဒီနှစ်ခုကြားမျှချေကို ဟန်ချက်ညီအောင် ထိန်းပေးထားနိုင်တာကတော့ လူကျင့်ဝတ်များ စည်းကမ်းများ ဥပဒေများ နဲ့ တရားဥပဒေစိုးမိုးရေး တို့ပဲဖြစ်ပါတယ်။ ဒါတွေ ခိုင်မာနေသ၍ လူ့အခွင့်အရေးအတွက်ရော လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက်ပါ အာမခံချက် ရှိနေပါလိမ့်မယ်။ ဒါတွေယိုယွင်းနေသ၍ လူ့အခွင့်အရေးကိစ္စလည်း အငြင်းပွားနေကြရအုံးမှာဖြစ်သလို လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက်လည်း အာမခံချက်ရှိဖို့ ရုန်းကန်နေကြရလိမ့်အုံးမှာပါပဲ။ လူ့အခွင့်အရေးကိုပဲ ဦးစားပေးလို့မရသလို လူ့အဖွဲ့အစည်းအကျိုးစီးပွားကိုပဲ ဦးစားပေးလို့မရပါ။ အစွန်းနှစ်ပါး လွတ်ဖို့အတွက် ကျင့်ဝတ်စည်းကမ်းတွေတန်ဖိုးထားတတ်ကြရန် တရားဥပဒေစိုးမိုးရန်အစွမ်းကုန် ကြိုးစားကြရုံမှတပါး အခြားမရှိပါ။ crd PiteTin

ကိုယ့် လူ မဟုတ်လို့ အမှားတွေကို စစ်စစ်ပေါက်ပေါက်ရှာ အမှားမတွေ့လည်း ကြံဖန်စွပ်စွဲ တိုက်ခိုက် သိက္ခာချ။ ကိုယ့်လူမို့ ဘယ်လောက်မှားမှား ထင်တိုင်းကြဲ ထင်ရာစိုင်းနေလည်း ထောက်ခံ ကာကွယ်ရုံမက မြှောက်ပင့် အားပေး။ ဆိုရင် ဒါ နိုင်ငံတည်ဆောက်ရေးဖြစ်မလား။ အုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးရေးဖြစ်မလား။ စဉ်စားကြဖို့လိုပါတယ်။ အမှားကို အမှားမှန်းသိသိနဲ့ ဖုံးဖိကာကွယ် မြှောက်ပင့်ပေးတာဟာ ကိုယ်တိုင်အမှားကျူးလွန်တာနဲ့အတူတူပါပဲ။ မိမိရဲ့ဘဝစာမျက်နှာမှာ ဘယ်လိုခြေရာ ချန်ခဲ့ချင်လဲ?။ ဘယ်လိုသမိုင်းထားခဲ့ချင်လဲ?။ ဆင်ခြင်တွေးဆကြည့်ဖို့လိုအပ်ပါတယ်။ crd PiteTin

ကလေးတွေကို ငယ်စဉ်ကတည်းက ဘယ်လိုပြုစုပျိုးထောင်နေကြသလဲဆိုတဲ့ 'ဓလေ့' က ကလေးတစ်ယောက်ချင်းဘဝကိုတင်မကဘူး လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ယဉ်ကျေးမှု တန်ဖိုးတွေ (ပညာရပ်စကားနဲ့ပြောရင် value of informal (cultural) institution တွေ)အပေါ်ကိုပါ ပြင်းပြင်းရှရှသက်ရောက်တယ်။ နိုင်ငံတစ်ခုမှာ အေးချမ်းသာယာမှုရှိရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေး၊ ဂုဏ်ကျက်သရေမြင့်မားရေး အားလုံး ပြည့်စုံမပြည့်စုံကို ကလေးသူငယ်နဲ့ လူငယ် ပြုစုပျိုးထောင်ပုံက သွယ်ဝိုက်ပြဌာန်းပါတယ်။ ကလေးဘဝကတည်းက လူပီသတဲ့စိတ်နေသဘောထား အမြစ်တွယ်အောင်၊ အတွေးအခေါ်နဲ့ ယုံကြည်မှု တည့်မတ်မှန်ကန်အောင် ပြုစုပျိုးထောင်ပေးနိုင်ကြဖို့လိုတယ်။ ဥပမာ ကလေးတွေကို အခါကြီးရက်ကြီး ဘုရားကျောင်းကန်ပို့တာ ဘုရားရှိခိုးသင်တာ ကောင်းမွန်လှသလိုပဲ တရားရဲ့အနှစ်သာရဖြစ်တဲ့ တန်ဖိုးအစစ်တွေကိုလည်း ရင်ထဲထည့်ပေးနိုင်ဖို့လိုတယ်။ ကိုယ်ချင်းစာတတ်ဖို့၊ မာန်မာနဖယ်ရှားဖို့၊ မတရားမလုပ်ဖို့၊ ကောင်းတဲ့အသက်မွေးမှုကို မြတ်နိုးဖို့၊ မတော်လောဘကိုမုန်းတတ်ဖို့၊ အသိပညာကို တန်ဖိုးထားဖို့၊ မိတ်ကောင်းဆွေကောင်းဖြစ်တတ်ဖို့ စတဲ့ အကာမဟုတ်တဲ့အနှစ်တွေကို ဖြည်းဖြည်းချင်း လမ်းပြသင်ကြားပေးနိုင်ကြဖို့လိုတယ်။ ဒါမှသာ ကလေးတွေ လူလားမြောက်တဲ့အခါ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်လာကြမယ်။ လူအချင်းချင်း သရော်လှောင်ပြောင်တာ နှိပ်စက်တာ နှိမ်ချတာ စော်ကားတာ ကို ရှက်စရာလို့ ခံယူတတ်လာကြမယ်။ မတရားတဲ့ မဟုတ်မှန်တဲ့ အသက်မွေးမှုနဲ့ နေထိုင်ဖို့ ရှက်ရွံ့တတ်လာကြမယ်။ ပညာဗဟုသုတကို အမြဲရှာမှီးလိုစိတ်ရှိလာကြမယ်။ ကျင့်ဝတ်တွေ စည်းကမ်းတွေကို တန်ဖိုး ထား လိုက်နာမှ လူတစ်ယောက်ရဲ့ ဂုဏ်ပုဒ် ပြည့်စုံတယ်ဆိုတာ နားလည်တတ်လာကြမယ်။ အဲသလိုလူတွေ စုဝေးနေထိုင်တဲ့ လူ့ဘောင်တစ်ခုရဲ့ မြင့်မြတ်ခြင်းကို နည်းနည်းတွေးကြည့်ကြစမ်းပါ။ ဒါတွေဖြစ်လာဖို့က မိဘတွေရဲ့ တန်ဖိုးထားမှုတွေ စိတ်ဓာတ်တွေ သဘောထားတွေ တော်တည့်မှန်ကန်မှသာ ဖြစ်လာမှာမို့ လွယ်သလား ခက်သလား တွေးကြည့်လို့ရပါတယ်။(မိဘအများစုရဲ့ ပြုစုပျိုးထောင်ပုံက ကြောက်စရာအင်မတန်ကောင်းတဲ့အတ္တပေါ် လုံးလုံး အခြေခံထားတာဖြစ်ပါတယ်။ ကလေးတွေအတွက် အဆိပ်ပြင်းပြင်းကို နေ့စဉ်တိုက်ကျွေးနေကြခြင်းသာ။) ဒီလိုပြသနာတွေကိုအလေးမထားကြဘဲနဲ့ လောကနိဗ္ဗာန်ကို မျှော်နေကြတယ်ဆိုရင် ဒါ ဆောင်းအိပ်မက်တစ်ခုထက် မပိုနိုင်ပါဘူး။ ဒါမလုပ်နိုင်ကြသေးသ၍ကတော့ ဘယ်စနစ်နဲ့သွားသွား ဘယ်သူအုပ်ချုပ်အုပ်ချုပ် ငြိမ်းချမ်းသာယာပြီးတော့ တန်ဖိုးတွေ ပြည့်ဝတဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာ အိပ်မက်လို့ပဲ ရနေပါလိမ့်အုံးမယ်။ လက်တွေ့မှာ နိုးပါ။ crd PiteTin

ကိုယ့် လူ မဟုတ်လို့ အမှားတွေကို စစ်စစ်ပေါက်ပေါက်ရှာ အမှားမတွေ့လည်း ကြံဖန်စွပ်စွဲ တိုက်ခိုက် သိက္ခာချ။ ကိုယ့်လူမို့ ဘယ်လောက်မှားမှား ထင်တိုင်းကြဲ ထင်ရာစိုင်းနေလည်း ထောက်ခံ ကာကွယ်ရုံမက မြှောက်ပင့် အားပေး။ ဆိုရင် ဒါ နိုင်ငံတည်ဆောက်ရေးဖြစ်မလား။ အုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးရေးဖြစ်မလား။ စဉ်စားကြဖို့လိုပါတယ်။ အမှားကို အမှားမှန်းသိသိနဲ့ ဖုံးဖိကာကွယ် မြှောက်ပင့်ပေးတာဟာ ကိုယ်တိုင်အမှားကျူးလွန်တာနဲ့အတူတူပါပဲ။ မိမိရဲ့ဘဝစာမျက်နှာမှာ ဘယ်လိုခြေရာ ချန်ခဲ့ချင်လဲ?။ ဘယ်လိုသမိုင်းထားခဲ့ချင်လဲ?။ ဆင်ခြင်တွေးဆကြည့်ဖို့လိုအပ်ပါတယ်။ crd PiteTin

နိုင်ငံသားတွေခမျာ နိုင်ငံရေး လောက က လူတွေ မြင်စေချင်သမျှ ကြားစေချင်သမျှကို မြင်ခွင့်ကြားခွင့်ရကြပြီး ကန့်လန့်ကာနောက်ကွယ်က ဖြစ်ပျက်နေတာ ရှိနေတာတွေ မြင်ခွင့်သိခွင့်မရကြဘူး။ ဘယ်လောက်ညံ့တဲ့ နိုင်ငံရေး သမားမဆို အများမမြင်စေချင် မသိစေချင်သမျှကို ဖုံးဖိထားတဲ့ကိစ္စမှာတော့ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြတာပဲ။ နိုင်ငံရေး လောက က လူတွေက ပျော်စေချင်ရင် ပျော် ဝမ်းနည်းစေချင်ရင် ဝမ်းနည်း ကျေနပ်စေချင် ကျေနပ် ဒေါသထွက်စေချင်ဒေါသထွက်။ အဲဒါ ပြည်သူပြည်သူနဲ့ နာမည်လှလှလေးအပေးခံထားရတဲ့ သာမန်အရပ်သားတွေ ဘဝပဲ။ တစ်ကယ့်ကို စိတ်စေတနာမှန်တဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးတွေ ကံကောင်းထောက်မလို့ ရခဲ့ကြမှပဲ နိုင်ငံသားတွေဟာ နိုင်ငံရေး ရဲ့ အသီးအပွင့်တွေကို စားသုံးခံစားခွင့်ရှိကြတယ်။ ဘယ်တိုင်းပြည် ဘယ်စနစ်မှာမဆို ဒီသဘောအတိုင်းပါ။ အဲဒါ နိုင်ငံရေး ပါ။ crd PiteTin

စံတန်ဖိုးတွေဟာ နိုင်ငံရေးမှာ ပဓာနအကျဆုံးအရေးကြီးဆုံးပါ။ စံတန်ဖိုးတွေ ရနိုင်သလောက် ရာနှုန်းများများရဖို့ အားလုံး(အားလုံး) က ဦးတည်ပြီးဝိုင်ဝန်း တည်ဆောက်ကြမှအောင်မြင်မှာပါ။ ကျနော်တို့နိုင်ငံသားအားလုံး စိတ်တူကိုယ်တူရည်ရွယ်ချက်တူဖြင့် စံတန်ဖိုးတွေ တည်ဆောက်နိုင်ရေး တာဝန်ထမ်းဆောင်ကြဖို့လိုပါတယ်။ လူပုဂ္ဂိုလ်စွဲ ပါတီအဖွဲ့အစည်းစွဲးနှင့် ထောက်ခံ/ကန့်ကွက်နေကြသလို ကိုယ်ကျိုးစီးပွားကြည့်ပြီးလုပ်ဆောင်နေကြလျှင့်စံတန်ဖိုးတွေယခုထက်ပို၍နိမ့်ကျနေဦးမှာဖြစ်ပါတယ်။ လူတစ်ယောက်ချင်းဆီမှစ၍နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်ယူဆပြီးစံတန်ဖိုးမြင့်မားလာရန်တာဝန်ထမ်းဆောင်ကြဖို့လိုပါတယ်။ တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်၊ အေးချမ်းသာယာစွာ အားလုံးအတူတကွ ယှဉ်တွဲနေထိုင်ခွင့်၊ နိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးနဲ့ ရပိုင်ခွင့်များ စသည်တို့ကိုအပြည့်ဝမရရှိ့နိုင်သော်လဲရာနှုံးတော်တော်များများရဖို့လူထုတရပ်လုံးရဲ့တာဝန်ဟုယူဆပါတယ်။ ငယ်ငယ်တုန်းကတော့ ငယ်စိတ်နဲ့ ဒီစံတန်ဖိုးတွေဟာ အပြည့်အဝရကိုရရမယ်ဆိုတဲ့ စိတ်ရှိ့ခဲ့သော်လဲ အခု သိလာချိန်မှာတော့ ဘယ်လူ့အဖွဲ့အစည်းမှာမှ စံတန်ဖိုးတွေ ၁၀၀% အပြည့်အဝမရနိုင်တာ နားလည်လာပါတယ်။ သို့သော် ခုဏပြောသလိုပဲ စံတန်ဖိုးတွေ ဆီကိုအားလုံးက ဦးတည်လုပ်ကိုင်ကြဖို့လဲတာဝန်ရှိတယ်။ ဒါမလုပ်နိုင်ရင် စံတန်ဖိုးတွေ နဲ့ တဖြည်းဖြည်း ပိုဝေးလာလို့ လူ့အဖွဲ့အစည်း နိုင်ငံ နိမ့်ကျမယ် တန်ဖိုးကျမယ် အုပ်ချုပ်တဲ့အစိုးရတွေ ဖိအားပေးခံရမယ်။ ဘာမှ မကောင်းပါဘူး။ နိုင်ငံရေး မှာ ဘယ်တော့မှ သတိလက်လွတ်လုပ်လို့မရတဲ့ ကိစ္စကြီးတခုရှိ့ပါတယ်။ အာဏာမရခင်မှာစံတန်ဖိုးအကြောင်းကိုရွန်းရွန်းဝေအောင်ပြောခဲ့ကြသော်လဲလက်တွေအာဏာရလာတဲ့အခါစံတန်းဖိုးတွေကိုမျက်ကွယ်ပြု၍ချိုးဖောက်ခဲ့ကြတာအားလုံးအသိပါ။ နိုင်ငံသားတွေအနေနဲ့လည်း စံတန်ဖိုးတွေ ကို ချိုးဖျက်နေတဲ့ အုပ်စုတွေကို ကိုယ့်နောင်မျိုးဆက်တွေရဲ့အကျိုးစီးပွားအတွက် ဆန်ကျင်သင့်ပါတယ်။ ဝေဖန်သင့်ပါတယ်။ လူတိုင်းမှာလဲတာဝန်ရှိပါတယ်။ ဒါကချစ်ခြင်းမုန်းခြင်းကိစ္စမဟုတ်ပါ။ အားလုံးက လမ်းမှန်မှသာဒီမိုကရေစီက ခရီးတွင်မှာဖြစ်ပါတယ်။ စံတန်ဖိုးတွေ ဆိုတာ လက်ရှိရေခံမြေခံနဲ့က ဖြည်းဖြည်းချင်းတည်ဆောက်ယူကြရင်တောင် ဆယ်စုနှစ်တွေချီကြာပါလိမ့်မယ်။ အခုလို လူအများအားကိုးတဲ့ အုပ်စုတွေက ဖျက်လိုဖျက်ဆီးလုပ်နေကြရင် တားဆီးမယ့်သူမရှိ ဘုမသိဘမသိ မြှောက်ပင့်ပေးနေမိကြရင် ခင်ဗျားတို့ကျနော်တို့တွေဘယ်လိုအနာဂတ်မျိုး မျှော်လင့်လို့ရမှာလဲ?။ လေးလေးနက်နက်တွေးခေါ်ဆုံးဖြတ်ပြီး တာဝန်ကျေကြပါတိုက်တွန်းလိုက်ပါတယ်ခင်များ။ Crd Pitetin

၈၈အ​ရေးခင်းကာလမှစ၍ယခုလက်​ရှိ့ကာလအထိ၊ နိုင်​ငံ​ရေးသမားအများစုရဲ့၊​ကောတ်​ကျစ်​ယုတ်​မာ​သော​သွေးထိုးမှု့ကိုမြန်​မာပြည်​သူလူထု၇၀%​ကျော်​လက်​ခံယုံကြည်​​နေကြပါတယ်​။ ကိုယ်​ကြိုးရှာနိုင်​ငံ​ရေးလုပ်​စားသူများက၊အ​နောက်​အုပ်​စုသြဇာခံ၊မီဒီယာများမှတဆင့်​အတုအ​ယောင်​အလိမ်​အညာသတင်းများဖြန့်​​ဝေကာကျ​နော်​တို့နိုင်​ငံ​ကိုဖျက်​ဆီးဖို့ကြံစည်​​နေကြပါတယ်​။ မြန်​မာနိုင်​ငံ​ရေးကိုမငြိမ်​မသက်​ဖြစ်​​အောင်​လုပ်​ကြံဇာတ်ခင်နေကြတဲ့အဓိကတရာခံများက​တော့"ဒီမိုက​ရေစီအမည်​ခံလုပ်​စားနိုင်​ငံ​ရေးသမား"မျာပါ။ နိုင်​ငံနဲလူမျိုးတိုးတက်​​ကောင်းမွန်​​ရန်​ဦး​ဆောင်လမ်းပြ​​ရမည်​အစား၊ပြည်​သူလူထုကိုအသုံးချ၍မိမိကိုယ်​ကြိုးစီးပွာတိုးတက်​ရန်​သာကြံစည်​​နေကြတာပါ​။ နိုင်​ငံ​ကောင်းကြိုးပြည်​သူ​ကောင်းကြိုလုပ်​​ဆောင်​ဖို့ထက်​> "လွယ်​အိပ်​တလုံး​ဘော့ပင်​တ​ချောင်းနိုင်​ငံကို​ရောင်းစားဖို့" ကြံ​နေကြတာကိုနားလည်သ​ဘော​ပေါက်​​ဖို့လိုပါတယ်​။ တကယ်​စစ်​မှန်​​သောနိုင်​ငံ​ရေးသမားမျာက၊ပြည်​သူလူထုကိုအသုံးမချ၊ရာထူးအာဏာမမက်၊ပြည်​သူအတွက်​အနစ်​နာခံ၍ကိုယ်​ကြိုးစွန့်​ကြသူများပါ။ ​လူ​လောကမှာ​ကြောတ်​စရာအ​ကောင်းဆုံးလူသားများက​တော့"လုပ်​စားနိုင်​ငံ​ရေးသမား"ဖြစ်​ပါတယ်​။ နိုင်​ငံ​ရေသြဇာကြီး​လေပို၍​ကြောတ်​စရာ​ကောင်း​လေမို့၊လူ​လောကမှာမရှိ့သင့်​​သော၊လူတန်း​စားတရပ်​ဟုသတ်​မှတ်​ရပါမည်​။ မြန်​မာပြည်​သူအများစုက၊လုပ်​စားနိုင်​ငံ​ရေးသမားများရဲအသုံးချခံဘဝကို​ရောက်​မှန်​မသိ​ရောက်​​နေကြပါတယ်​။ မြန်​မာလူမျိုးတို့ရဲ့အယုံလွယ်​​သောစိတ်​ကိုအသုံးချကာဆူပူအုံကြွမှု့ဖြစ်​​အောင်​လုပ်​ကြံဖန်​တီး​နေကြတာကိုနာလည်​သင့်​ပါပြီ။ ကမ္ဘာ​ပေါ်ရှိ့နိုင်​ငံအသီးသီး၌ပြည်​သူလူထုအကြိုးစီးပွားအား၊ကိုယ်ကြိုးစွန့်၍​​ထမ်းရွတ်​ခဲ့ကြ​သော၊နိုင်​ငံ​ရေးသမားစစ်​စစ်​မှာလက်​ချိုး​ရေလို့ရပါတယ်​။ ကျ​နော်​တို့မြန်​မာပြည်​မှာ​လဲမွေးဖွားသည်​မှ​သေဆုံးချိန်​အထိ၊ပြည်​သူလူထုအကြိုးကြည့်​ကာဦ​ဆောင်​လမ်းပြခဲ့​သော၊နိုင်​ငံ​ရေးသမားစစ်​စစ်​မှာ၊ငြိမ်းချမ်း​ရေးပိသုကာဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်​တဦးသာ​ရှိ့ခဲ့ပါတယ်​။ (ကျ​နော်​အယူအဆသာ) အချိန်​မတန်​ပဲ​ကြွေလွင့်​သွားခဲ့ရ​သောနိုင်​ငံ​ရေးသမားစစ်​စစ်​မျာရှိ့​ကောင်းရှိ့နိုင်​ပါသည်​။ မည်​သို့ပင်​ဆိုပါ​စေ၊လူထု​ကောင်းကြိုး၊တိုင်းပြည်​​ကောင်းကြိုးအာ၊အနစ်​နာခံကာဦး​ဆောင်​လမ်းပြ​ပေးကြမည်​၊နိုင်​ငံ​ရေးသမားစစ်​စစ်​များ​၊ပေါ်ထွက်​လာပါ​စေဟုဆန္ဒပြုလိုက်​ပါတယ်​ခင်​များ... KNT

အောင်မြင်မှု့ ရချင်တာမှန်ရင်အတိတ်ဆီကနေလေ့လာသင်ယူပါလို့ အတွေးအခေါ် ပညာရှင် စပင်နိုဇာ ပြောဖူးတယ် လေ့လာသင်ယူရာမှာလည်းအမှားတွေဆီက
အောင်မြင်မှု့ ရချင်တာမှန်ရင်အတိတ်ဆီကနေလေ့လာသင်ယူပါလို့ အတွေးအခေါ် ပညာရှင် စပင်နိုဇာ ပြောဖူးတယ် လေ့လာသင်ယူရာမှာလည်းအမှားတွေဆီကနေ အထူးသဖြင့် သင်ခန်းစာယူတတ်ဖို့လိုပါတယ် If you want the present to be different from the past, study the past. BARUCH SPINOZA မြန်မာပြည်ရဲ့နိုင်ငံရေးသမား အများစုကတော့ အမှားကျော့သံသရာကိုသုံးလေးပြန် ထပ်လည်နေကြတာဖြစ်ပါတယ် ဒီတော့လည်း အတိတ်တွေကပဲပစ္စုပ္ပါန် ပြန်ပြန်ဖြစ်နေတာဆန်းသလား? အတိတ်နဲ့ကွဲပြားတာကို လုပ်နိုင်မှပစ္စုပ္ပါန်မှာ ထူးခြားပြီး အနာဂတ်ဘဝမှာ သာယာချမ်းမြေ့ရှိနိုင်မယ် crd

Esay to fool people, but it is almost impossible to convicne people that they have been fooled. (ElonMask) လူတွေကို အရူးလုပ်ဖို့ကလွယ်တယ် ဒါပမေဲ့ ... အရူးလုပ်ခံနေရသူတွေကိုသူတို့ အရူးလုပ်ခံနေရကြောင်း လက်ခံလာအောင်ရှင်းပြဖို့က မဖြစ်နိုင်သလောက်ပဲ (အီလွန်မတ်)

#မြင်​ခြင်​မိတဲ့ ဒီမိုကရေစီ​ခေတ်​# လူထုက​ရွေချယ်​တင်​​မြှောက်​ရတဲ့ ဒီစနစ်​မှာအားသာချက်​​တွေရှိပါတယ်​။ အကျိုး​ကျေးဇူလဲများပါတယ်​။ နိုင်​ငံအများစု ဒီမိုကရေစီနဲ့အသားမကျတဲပြသနာကတော့ အစိုးရ​တွေရဲ့အားနည်းချက်​​ကြောင့်ဘဲဖြစ်​ပါလိမ့်​မယ်​။ ကျ​နော်​က ဒီမိုကရေစီကိုဒီနိုင်​ငံမှာ ဒီလိုအုပ်​မြစ်​ချပြမယ်​။ စာသင်​​ကျောင်း​တွေမှာ မူလတန်းကစပြီး ဒီမိုကရေစီနဲ့သက်​ဆိုင်​တဲ့ ရွေးကောက်​ပွဲ၊မဲဆွယ်​စည်းရုံးခြင်း၊နိုင်​ငံ​ရေးပါတီတည်​​ထောင်​ခြင်း၊စတဲ့​ခေါင်​စဉ်​​တွေနဲ့ သင်​ရိုးညွန်းတမ်းထဲးမှာ ထည့်​သွင်းသင်​ကြာမယ်​။ ​ကျောင်းတွင်း ဒီမိုက​ရေစီ​ဖော်​​ဆောင်​ဖို့ ​ကျောင်းသား​တွေဟာ သူတို့ရဲ့အတန်း​ခေါင်း​ဆောင်​ကို မဲစနစ်​နဲ​ရွေချယ်​​ပေးပါမယ်​။ သူတို့ကိုအုပ်​ချုပ်​မဲ့ အတန်းပိုဆရာ/ဆရာမကိုလဲ ဒီမိုက​ရေစီနည်းကျ မဲစနစ်​နဲ့​ရွေချယ်​​စေပါမယ်​။ စာတတ်​ပြီးပညာမတတ်​တဲ့လူတန်းစား၊ပုံစံခွက်​ထဲးကလူတန်းစား​တွေကို ​မွေးထုပ်​တဲ့​ကျောင်းထက်​ထူးချွန်​မွန်​မြတ်​လွတ်​လပ်​တဲ့ အာဇာနည်​သူရဲး​ကောင်း​တွေ ​မွေးထုပ်​​ပေးတဲ့​ကျောင်း​တွေတည်​​ထောင်​ပါမယ်​။ ဒီမိုက​ရေစီကို စာသင်​​ကျောင်းကစတင်​ပြီး ရပ်​ကွတ်​ ​ကျေရွာ မြို့ပြအထိ ချဲ့ထွင်​ပြီး​တော့မှ နိုင်​ငံ​တော်​အဆင့်​ ဒီမိုက​ရေစီစနစ်​ကို အ​ကောင်​ထည်​​ဖော်​ပါမယ်​။ ကျ​နော်​၏အ​တွေးများသာ😜😜😜😛😛😛😝😝😝😀😀😀 crd

၈၈ Generation လို့ပြောတဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ကြသူ ကျနော်တို့မျိုးဆက် က အများစုဟာ အခုအချိန်မှာ လမ်းပျောက်နေကြ မျှော်လင့်ချက်နည်းနေကြ စိတ်ပျက်နေကြတယ် အထူးသဖြင့် စနစ်ကောင်းတစ်ခု ဖြစ်ထွန်းစေချင်လို့ ကိုယ်ကျိုးမဲ့ ပခုံးထမ်းခဲ့ကြသူတွေအဖို့ရာပေါ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲအပေါ် လူအများက ပုံအောယုံကြည် လောင်းကြေးထပ်ခဲ့ကြပြီးတော့ သူက ဆုံးဖြတ်ချက်မှားလုပ်ရပ်မှားတွေ လုပ်ခဲ့တာမို့ လောလောလတ်လတ်မှာတခြား ရွေးစရာနည်းလမ်း မရှိသေးတာကြောင့်ပါ (တခြားသူ တခြားနည်းလမ်း ဘယ်ဟာကိုမှ သူ့အပြင် လက်မခံ အစားမထိုးလိုကြခြင်းရဲ့အကျိုးဆက်) သူမှမဟုတ်ရင်ဘယ်လောက်တော် ဘယ်လောက်ကောင်း ဘယ်လောက်စွမ်းဆောင်နိုင်ပါစေ 'နိုးပါပဲ'' ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာအခုအတိုင်းဆက်ရှိနေသ၍ အပြောင်းအလဲ ဖြစ်မလာနိုင်သေးသ၍ အခုလိုပဲ လမ်းပျောက်နေကြအုံးမှာပါ ဆိုလိုတာက ဘယ်အစိုးရတက်လာလာ ဘယ်လောက်ကြာသွားသွား အဲ့ဒီ Political Mindset အတိုင်းပဲ ဆက်ရှိနေသေးသ၍ ဘယ်ခရီးမှ ဘယ်တော့မှမရောက်နောက်ပြန်လဲကျနေပါလိမ့်အုံးမယ် နိုင်ငံရေးအတွေးအခေါ်ကို အမှန်တစ်ကယ် ပိုင်နိုင်တတ်ကျွမ်းသူ၊ ''Art of Reform'' ဆိုတာဟာ Total Change ကို မလုပ်နိုင်သေးခင် အကောင်းဆုံးနည်းလမ်း ဆိုတာ နားလည်လက်ခံသူ၊ နိုင်ငံရေးမှာ ဖြောင့်မတ်သူ၊ ကိုယ်ကျိုးမကြည့်(လွန်း)သူများကို အဖွဲ့အစည်း မကြည့်၊ ဘယ်သူ့သားသမီးဆိုတာမကြည့်၊ ကိုယ်ရည်ကိုယ်သွေး ကိုသာကြည့်ရှု ရွေးချယ်၊ နေရာရစေဖို့ တွန်းတင်ရမယ် ဆိုတာကို လူအများက (အပြည့်အဝ) အကျေအလည် လက်ခံလာကြဖို့ ကျနော်တို့ ဘယ်နည်းလမ်းတွေနဲ့ နားချနိုင်သလဲ ထိထိရောက်ရောက် လုပ်နိုင်သလဲ ဆိုတဲ့အဖြေပေါ်မှာ အနာဂတ် အကောင်းအဆိုးက လုံးလုံး မူတည်နေပါကြောင်း (ကျနော်တော် တွေးလေ ၊လမ်းပျောက်လေ ၊ဝင်္ကပါ ထဲရောက်လေ ဖြစ်နေဆဲ) PiteTin

ဒီလို အမိန့်တွေ ကြော်ငြာစာတွေ ဟာခေတ်အဆက်ဆက် ဒီအတိုင်းပဲ အပြောင်းအလဲမရှိ ခြေကျင်လျှောက်တဲ့လူတွေရဲ့လူ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကို (ထည့်တွက်ပါတယ်ဆိုရင်တောင်)နောက်ဆုံးမှာထားတယ် အစိုးရတွေရဲ့အုပ်ချုပ်စီမံမှု အဆင်ပြေရေးကို priorityထားလေ့ရှိတယ် အဲဒီမှာစလွဲတာပဲ လူတွေရဲ့ တန်ဖိုးရှင်သန်ခွင့် ရပ်တည်ခွင့်တွေကိုကူညီစောင့်ရှောက်ဖို့ အစိုးရတွေဆိုတာ ရှိနေရတာလို့ အစိုးရတွေက တစ်ကယ်လက်ခံလာမှလက်တွေ့ကျကျကျင့်သုံးကြမှ လူတွေရဲ့ တန်ဖိုးတွေတက်လာနိုင်မယ် (ဒီကြေညာချက်ကလည်း အရင်ကထုတ်နေကျအတိုင်း ကော်ပီယူ အလွယ်တင်လိုက်တာ လူတွေ လိုက်နာဖို့ လွယ်မလွယ် စဉ်းစားချက် လုံးလုံးမပါ) ပလက်ဖောင်းတွေကောင်းဖို့အင်မတန်အရေးကြီးကြောင်း မကြာခဏဆောင်းပါးတွေရေးခဲ့ဖူးတယ် ဒီတစ်ချက်ကို ကျကျနနလုပ်နိုင်တဲ့အစိုးရများဟာအောက်ကစာမျိုးတွေ ထုတ်ဖို့မလိုတော့ဘူး ထုတ်ခဲ့ရရင်လည်းစကားလုံးအသုံးအနှုန်းတွေစည်းကမ်းချက်တွေ အခုလိုဖောင်းပွမနေတော့ဘူး 'ပလက်ဖောင်းပေါ်ကမလျှောက်ရင် ပြင်းထန်စွာအရေးယူမည်' တစ်ကြောင်းနဲ့ လုံလောက်ပြီ ဒီစာတစ်ကြောင်းဟာလူအများစည်းကမ်းရှိလာအောင် ထိန်းကျောင်းပေးရုံမကဘူး အစိုးရတွေက လူတွေကိုတန်ဖိုးထားကြောင်းစေတနာထားကြောင်းထိထိရောက်ရောက်ဖော်ပြရာလည်းရောက်တယ် လူတွေကို အမှန်တစ်ကယ် တန်ဖိုးထားကြောင်း လက်တွေ့ပြသရာရောက်တဲ့ ပလက်ဖောင်းကောင်းကောင်းတွေတော့ နေရာတိုင်းမှာ အရင်ရှိဖို့လိုတာပေါ့ ပလက်ဖောင်းတွေဟာ အမှိုက်၊ဓာတ်တိုင်၊ဈေးဆိုင်၊အမိုးတွေ မရှိတဲ့ ပလက်ဖောင်းစစ်စစ်တွေဖြစ်အောင် စီမံနိုင်တဲ့အစိုးရတွေလည်း ဖြစ်အုံးမှ နိုင်ငံသားတွေ ဂုဏ်သိက္ခာမြင့်မလာဘဲ ၊ တန်ဖိုးမရှိဘဲ နိုင်ငံလည်း ဂုဏ်မြင့်လာဖို့မရှိသလိုအစိုးရတွေလည်း ဂုဏ်နိမ့်နေလိမ့်အုံးမှာပဲ (ဒီမိုကရေစီလို့တွင်တဲ့မစားရဝခမန်းစနစ်ကြီးမှာ အစိုးရလုပ်ချင်ကြသူများအားလုံးသို့ ရည်ရွယ်၏) ဝါရင့်နိုင်ငံရေသမားသတင်းစာဆရာပိုက်တင်ရဲ့စာပါ

မြန်မာပြည်ဟာ ဉာဏ်အလင်းများဆိတ်သုဉ်းနေတဲ့ Dark Age လို့ခေါ်တဲ့ အမှောင်ခေတ် တစ်ခုထဲနစ်မြုပ်နေတယ်ဆိုတာကိုနားလည်သိမြင်ဖို့ကြိုးစားကြပါ။ ဉာဏ်အလင်းများထွန်းညှိပေးနိုင်သူ Renaissance သမားများ ရှိလာမှသာလွတ်မြောက်ပါလိမ့်မယ်။ မည်သည့်ခေါင်းဆောင်မဆို Renaissance တစ်ခေတ်ကို စတင်နိုင်ပါတယ်။ အတ္တနည်းအမြော်အမြင်ကြီးစိတ်သတ္တိ(moral courage)ကောင်းဖို့သာ လိုရင်းပါ။ (တခြားအဖြေမရှိ) ငြိမ်းချမ်းပါစေ။🙏