Hacking Movies စာတန်းထိုး သီးသန့်
Open in Telegram
https://www.facebook.com/darkwebburmes?mibextid=ZbWKwL
Show moreThe country is not specifiedThe category is not specified
396
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Sneakers(1992)
IMDb – 7.1 Rotten tomatoes – 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ကုဒ်တိုင်းကိုချိုးဖောက်နိုင်တဲ့အရာဖြစ်နေတဲ့အခါမှ သူတို့ဘယ်လိုဇာတ်ရှုပ်ထဲကိုဝင်ပါမိပြီးသားဖြစ်နေမလဲ၊ ဘယ်လိုအန္တရာယ်တွေကိုကျော်လွှားရမလဲ၊ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ အဲဒီခေတ်ကာလကအစိုးရအရှုပ်အရှင်းတွေကရော ဘယ်လိုတွေရှိနေမလဲ ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။
The Fifth Estate 2016၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။
The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။
WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World’s Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။
The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။
Daniel Domscheit Berg ဟာ Assange ရဲ့ အရမ်းအားကိုးရတဲ့ သူငယ်ချင်းပါ။
သူတို့နှစ်ယောက် စိတ်ဝမ်းကွဲပြီးတဲ့နောက် Daniel က စာအုပ်ရေးပြီး WikiLeaks ရဲ့အတွင်းရေးတွေကို ဖွင့်ချပြခဲ့တာပါ။
ဒီဇာတ်ကားကိုကြည့်ပြီးတဲ့နောက် ဟက်ကာတွေရဲ့ ဘဝကို နားလည်လာမှာပါ။
ဟက်ကာဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်။ ပိုက်ဆံတွေ ဘယ်လိုရှာခဲ့ရတယ်။ ကိုယ်ပိုင်ဆာဗာထောင်နိုင်အောင် ဘယ်လိုစုခဲ့ရတယ်။ အစိုးရမသိအောင် ဘယ်လိုပုန်းနေရတယ်။ အကယ်၍မိသွားရင်လည်း ကိုယ်အရမ်းချစ်ရတဲ့ကွန်ပျူတာနဲ့ အစိုးရတွေက အဝေးဆုံးမှာ ထားထားတာပါ။
ဒီဇာတ်ကားမှာ Assange က ဘယ်လိုရည်ရွယ်ချက်နဲ့ဒီဝက်ဘ်ဆိုဒ်ကိုထောင်ခဲ့တယ်ဆိုတာကို လေ့လာရမှာပါ။
နောက်ပြီး သူလုပ်လိုက်တဲ့အမှုက ဘယ်လောက်တောင် ကမ္ဘာကိုတုန်လှုပ်စေခဲ့တယ်ဆိုတာ သိရမှာပါ။ နောက်ပြီး သူဘာလို့ ခေါင်းတွေစွတ်စွတ်ဖြူနေတာလဲဆိုတာကိုလည်း တွေ့ရမှာပါ။
ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ညွှန်းလိုက်ရပါတယ်။
MR.Robot မြန်မာစာတန်းထိုး season 4 အပိုင်း 13 (ဇာတ်သိမ်းပိုင်း Part 2)
MR.Robot မြန်မာစာတန်းထိုး season 4 အပိုင်း 12 (ဇာတ်သိမ်းပိုင်း Part 1)
Available now! Telegram Research 2025 — the year's key insights 
