en
Feedback
𝑱𝒂𝒚 シ︎

𝑱𝒂𝒚 シ︎

Open in Telegram

တွယ်ငြိရာသာဆုံးရှုံးမှာ

Show more
1 658
Subscribers
No data24 hours
-87 days
-2530 days
Posts Archive
ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင် မင်း စောင့်နေတဲ့လူကလည်း မင်းကိုစောင့်နေတာဖြစ်ပြီး မင်း သတိရနေတဲ့လူကလည်း မင်းကိုသတိရနေမယ် ။ မင်း ချစ်နေတဲ့လူကလည်း မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ် ။

မက်မက်မောမော ဖြစ်ခဲ့ရသမျှတွေ အကုန် လွှ၊တ်ချ ပြီးတဲ့နောက် အရာရာဟာ မခက်ခဲတော့ဘူး ပေါ့ပါးသွားတာလား အဓိပ္ပာယ်မဲ့သွားတာလား မသဲကွဲပေမယ့် ဘာကိုမှ မဖမ်းဆု၊ပ်နိုင်မှန်း သိတဲ့အခါ လွှ၊တ်ချခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာပဲ မဟုတ်ဘူးလား သေချာတာကတော့ တစ်ကယ်ပင်ပန်းခဲ့ပါတယ်။🍂🍀

ကမ္ဘာမှာ အချစ်သာမစစ်ရင် ပန်းတွေဘယ်ပွင့်ပါ့မလဲ။ ပန်းတွေမပွင့်ရင် အချစ်ဟာ ဘယ်စစ်ပါ့မလဲ။ - အင်ဖလော်ရီ

ပျော်ရွှင်စေချင်ပါတယ် ဘယ်လိုရာသီဥတုမှာမဆို ခလုတ်မထိ ဆူးမငြိဘဲ စိတ်ပင်ပန်းခြင်းတွေ ကင်းစေချင်ပါတယ်။ ပြီးတော့ သိပ်ချစ်တာကိုလည်း သိစေချင်ပါတယ်...။

ဘယ်လက်မှတ်ကို ဖြတ်ပြီး ဘယ်ဘူတာမှာ ဆင်းမှ မင်းနဲ့ ဆုံခွင့်ရမှာလဲကွယ် ကိုယ်လွမ်းလှပြီ အချစ်ရယ် ။ - နေညိုရောင်ခြည်

'ဆရာအောင်ချိမ့်' ပြောဖူးတယ်..!! အသက်ရှင်တယ်ဆိုတာ ရင်ခုန်တာပါပဲတဲ့..။ ဒါဆို..ကျွန်တော်တို့ ရင်ခုန်သံမှာ..!! တရားရှိဖို့ လိုတာပေါ့..။ "ဒါမှ..အသက်ရှင်ရတာ အဓိပ္ပါယ်ရှိမှာ" #ရွှေစွန်ညို - (DaIsy Poetry)

တစ်ချိန်တစ်ခုရောက်လာရင် ဝမ်းနည်းစရာအတိတ်တွေကို ဟာသအနေနဲ့ ပြန်ပြောနိုင်လာကြတယ် ခင်ဗျားနဲ့ပတ်သတ်ခဲ့ဖူးတဲ့ ပျော်ရွှင်စရာ အမှတ်တရတွေကျတော့ ကျနော့်နောင်တနဲ့ ဝမ်းနည်းစရာတွေအဖြစ် မှတ်ညဏ်ထဲမှာ ပြန်ပေါ်လာတယ် သိပ်သတိရတာပဲ #kira

လူသားတစ်ဦးကို ရှာယူပါ။ ဘယ်လိုလူမျိုးလဲဆိုတော့ ဘဝမှာ မင်းနဲ့တွေ့ခွင့်ရတာ၊ မင်းကိုပိုင်ဆိုင်ခွင့်ရတာကို ပြုံးပြုံးကြီး ဂုဏ်ယူပြီးပြောတတ်တဲ့သူမျိုး။ လူတိုင်းဟာ သူ့ဟာနဲ့သူတန်ဖိုးရှိတယ်။ အချစ်ခံရဖို့ထိုက်တန်တယ်။ တခုပဲ ကိုယ့်တန်ဖိုးကို အသိအမှတ်မပြုတဲ့ လူသားနဲ့တွေ့ရင်တော့ ပျော်ရမှာထက် ဝမ်းနည်းမှု၊ နာကျင်မှု၊ သိမ်ငယ်မှုတွေ တသီတတန်းကြီး ခံစားရလိမ့်မယ်။ မင်းကိုဆုံးရှုံးရမှာ ကြောက်တဲ့သူကိုရွေးချယ်ပါ။ အဲ့လိုလူမျိုးကိုပဲ ချစ်ပါ၊ ရွေးချယ်ပါ၊ လက်တွဲပါ။ 💭 || 25.10.2024

ချစ်ခြင်းမေတ္တာ ဆိုတာလေ လွတ်လပ်ခြင်းပဲ ။ ဆွဲမထားချင်ဘူး နောက်ပြီး ချည်နှောင်မထားချင်ဘူး ။ ချစ်ခြင်း‌မေတ္တာတွေသာ ထပ်တူကြတဲ့အခါ ဆွဲထားစရာမလိုတဲ့ လက်လေးတစ်စုံ ချည်နှောင်စရာမလိုတဲ့ ကြိုးလေး‌တစ်ချောင်းကြောင့် ကိုယ့်စိတ်လေးနွေးနေမယ် ။ စိတ်အေးကြည်သာရှိနေမယ် ။ ဒါဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လိမ့်မယ် ။ 🌻🤍 -ခက်နှောင်

ချစ်ခြင်းမေတ္တာ ဆိုတာလေ လွတ်လပ်ခြင်းပဲ ။ ဆွဲမထားချင်ဘူး နောက်ပြီး ချည်နှောင်မထားချင်ဘူး ။ ချစ်ခြင်း‌မေတ္တာတွေသာ ထပ်တူကြတဲ့အခါ ဆွဲထားစရာမလိုတဲ့ လက်လေးတစ်စုံ ချည်နှောင်စရာမလိုတဲ့ ကြိုးလေး‌တစ်ချောင်းကြောင့် ကိုယ့်စိတ်လေးနွေးနေမယ် ။ စိတ်အေးကြည်သာရှိနေမယ် ။ ဒါဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လိမ့်မယ် ။ 🌻🤍 -ခက်နှောင်

တစ်စုံတစ်ယောက်နဲ့ ယှဥ်လာခဲ့ရင် အဲ့ဒါ ငါ့အပိုင် မင်းရရင် ယူသွားလို့ ပြောချင်တာပေါ့ ဒါပေမယ့် ကိုယ်က အဲ့လောက် ကံကောင်းတဲ့ လူသားမဟုတ်ဘူးလေ 💔😔 -လွမ်းနောင်အိမ်

မပြည့်စုံပဲ ကြီးပြင်းလာခဲ့ရလို့နဲ့တူတယ် ပိုင်ဆိုင်မိတဲ့အရာမှန်သမျှ ဆုံးရှုံးရမှာ အကြောက်ဆုံးပဲ။

စိတ်ကုန်သွားရင် သံယောဇဉ် တွေလဲ မကယ်နိုင်တော့ဘူး အမှတ်တရတွေလဲ မကယ်နိုင်တော့ဘူး နောက်ဆုံး တစ်လမ်းပဲ ရှိတယ် အဲ့တာ ဝေးဖို့ပဲ ..

အသိအမပြောတာလေး သဘောကျလို့ အမပြည့်စုံလာရင် အမကောင်လေးဖြစ်ချင်တာတွေကို ဘေးနားကနေ အကုန်ဖြည့်ဆည်းပေးမှာတဲ့ ဘာလို့လဲဆိုတော့ အမမရှိတုန်းကလည်း အမကိုဦးစားပေးပြီး အမအတွက်ပဲ တွေးပေးခဲ့တာတဲ့ ချစ်ခြင်းမေတ္တာတွေက တန်ဖိုးထားတတ်တဲ့သူတွေနဲ့ကျ တန်ဖိုးကြီးလိုက်တာနော် မရှိလည်း အတူ…ရှိလည်း အသစ်မမြင်ပဲ ဒီလူပဲ ဆိုတာမျိုးက အခုခေတ်မှာက ရှားနေပါပြီ… ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တဲ့သူတွေ အများကြီးရှိလာရင် ကောင်းမှာပဲ… 💭 || 25.10.2024

ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီး စိတ်ပျက်စရာကောင်းသွားမှာ။ ကျွန်တော် မချစ်တဲ့သူတွေအတွက်တော့ ကျွန်တော်က အရမ်းကောင်းတယ်။ ကျွန်
ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီး စိတ်ပျက်စရာကောင်းသွားမှာ။ ကျွန်တော် မချစ်တဲ့သူတွေအတွက်တော့ ကျွန်တော်က အရမ်းကောင်းတယ်။ ကျွန်တော်ချစ်တဲ့သူတွေ အတွက်တော့ ကျွန်တော်က ဆိုးပါတယ်။ ကျွန်တော်က အတ္တသိပ်ကြီးတယ်။ ဒေါသထွက် လွယ်တယ်။ သ၀န်အရမ်း တိုတယ်။ အရမ်းအတွေးလွန်တတ်တယ်။ တစ်ခုခုဆို သေးသေးမွှားမွှားလေးကအစ တွေးပြီး ၀မ်းနည်းတတ်သေးတယ်။ Nicknameလေးပြောင်းသွားတာမျိုး Emojiiလေးတစ်ခုပြောင်းသွားတာမျိုးဆိုရင်တောင် ဘာလို့ပြောင်းတာလဲ ဘာလ်ိုလဲဆိုတဲ့မေးခွန်းတွေနဲ့ တစ်ယောက်ထဲ စိတ်ပင်ပန်းနေတတ်တဲ့သူမျိုး။ တစ်ခါတစ်လေဆို ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်ဘူး။ Strong ဖြစ်ပါတယ်လို့ကိုယ်ကိုကိုယ်ခံယူထားလဲ ဟန်ဆောင်နေရုံသက်သက်ပဲ။ စိတ်ပျော့လွန်းတယ်။ အဲ့တာကြောင့်ပဲ မပျော်ရတာများတယ်။ တစ်ယောက်ထဲ ပင်ပန်းရတာများတယ်. . . . ။

ငွေကြေးဥစ္စာပြည့်စုံတဲ့ကောင်ဆီမှာ အချစ်ဟာဇိမ်ခံပစ္စည်းဖြစ်ပြီး ဆင်းရဲချို့တဲ့ တဲ့ ကောင်ဆီမှာတော့ အချစ်ဟာဒုက္ခပဲ ကိုယ့်လူရ။ 🌻🤍 - ရိပ်ငြိမ်

ဘဝမှာ မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ် အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ် ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။ 🤍🌻 #crd_to_owner

တစ်ဖက်လူက မချစ်နိုင်ကြောင်း အမှန်တိုင်း ဝန်ခံလာတဲ့အခါ ဘယ်နယ်ပယ်ထိ ရောက်သည်အထိ ချစ်ချစ် ရောက်ရာ အရပ်မှာ ရပ်နေခဲ့ဖို့ လိုပါတယ် ကျွန်တော်တို့ ကိုယ့်သေတွင်း ကိုယ်တူးခြင်းမှာ ဘယ်သူ့ကိုမှ တရားခံ ရှာဖို့မလိုပါဘူး ။ မင်းမချစ်ရင် သေ၊မှာပါဆိုတဲ့ စကားလုံးတွေက မင်းကိုချစ်တဲ့လူအတွက်ပဲ လှတာ ။ #ဒဿ 2024

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ်...။ အသိပေးချင်တယ်... မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်... ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။ အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို မင်းလည်း သိမယ် ထင်ပါတယ် ။ ။ #ခက်နှောင်

ပြက္ခဒိန်တွေကို နောက်ပြန်လှန်ချင်တယ် ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်မပျော်ဘူး မေမေ _ကိုကံကောင်း