en
Feedback
Teacher Htet Zaw Htoo's English for All

Teacher Htet Zaw Htoo's English for All

Open in Telegram

May I be a part of your English journey!

Show more

📈 Analytical overview of Telegram channel Teacher Htet Zaw Htoo's English for All

Channel Teacher Htet Zaw Htoo's English for All (@englishforallsharedbyhzh) in the Burmese language segment is an active participant. Currently, the community unites 12 323 subscribers, ranking 16 231 in the Education category and 10 147 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 323 subscribers.

According to the latest data from 14 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 505 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 21.85%. Within the first 24 hours after publication, content typically collects 6.53% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 693 views. Within the first day, a publication typically gains 805 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
May I be a part of your English journey!

Thanks to the high frequency of updates (latest data received on 15 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

12 323
Subscribers
+324 hours
+17 days
+50530 days
Posts Archive
Gemini ကို အသုံးပြုပြီး Powerpoint အမြန်လုပ်နည်း၊ Google slides ဖြင့် ချိတ်နည်း (ဖုန်းဖြင့် နမူနာ လုပ်ပြထားပါတယ်ခင်ဗျ) အဆင်ပြေရင် YouTube channel လေးကိုလည်း subscribe လုပ်ပေးဦးနော်။ ❤️ https://youtu.be/n0NgS46dPz0?si=Yq6vtCbLWF3msYIE

English Grammar မှာ Tenses တွေဟာလည်း အများစု အခက်တွေ့တတ်တဲ့ အရာဖြစ်ပါတယ်။ Tenses တွေကို လေ့လာဖို့ စာအုပ်ပါးပါးလေး တအုပ်တွေ့လိ
English Grammar မှာ Tenses တွေဟာလည်း အများစု အခက်တွေ့တတ်တဲ့ အရာဖြစ်ပါတယ်။ Tenses တွေကို လေ့လာဖို့ စာအုပ်ပါးပါးလေး တအုပ်တွေ့လို့ တင်ပေးလိုက်ပါတယ်။ စာအုပ်ထဲမှာ content ကို စီထားတဲ့ ပုံစံနဲ့ ရှင်းပြထားတဲ့ပုံစံက တော်တော်ကောင်းပါတယ်။ စာအုပ်ဖိုင်ကို drive ထဲမှာ ထည့်ပေးထားပါတယ်။ အဲ့ဒီ drive link ကနေတဆင့် အင်္ဂလိပ်စာလေ့လာရေး၊ သင်ကြားရေးအတွက် စာအုပ်ကောင်းအချို့ကိုလည်း ကျွန်တော် တင်ပေးထားပါတယ်။ လိုအပ်ရင် link ကို သိမ်းထားပါ။ အမြဲဝင်ကြည့်ပြီး အသစ်တွေ ရယူနိုင်ပါတယ်။ comment box မှာ ပေးထားတဲ့ တယ်လီဂရမ် link မှတဆင့်လည်း download ရယူနိုင်ပါတယ်ခင်ဗျာ။ ဒီ link ကိုလည်း သိမ်းထားနိုင်ပါတယ် - https://drive.google.com/drive/folders/1mcVYev5YEait-Du58-bSn0mVXr89vFbn?usp=drive_link တယ်လီဂရမ်မှ ယူရန် - https://t.me/englishforallsharedbyhzh/1969 အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ မေတ္တာဖြင့် ဆရာထက်ဇော်ထူး

English verb tenses at a glance.pdf4.66 MB

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အင်္ဂလိပ်ဘာသာစကားကို လေ့လာနေကြတဲ့၊ ချစ်မြတ်နိုးကြတဲ့သူတွေကြားမှာ ရေပန်းစားတဲ့ မဂ္ဂဇင်းတွ
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အင်္ဂလိပ်ဘာသာစကားကို လေ့လာနေကြတဲ့၊ ချစ်မြတ်နိုးကြတဲ့သူတွေကြားမှာ ရေပန်းစားတဲ့ မဂ္ဂဇင်းတွေ ရှိပါတယ်။ The Best တို့ English for All စသဖြင့် အများကြီးပါ။ The Best မှာ ဘာသာပြန်စာမူလေးတွေ တလတခါ ထည့်၊ နာမည်ပါ၊ မပါ ရင်ခုန်စွာ စောင့်မျှော် ဖတ်ရှုခဲ့ရပါတယ်။ The Best English Magazine ရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ပထမဆုံးနာမည်ပါတုန်းကဆို အိပ်လို့ တောင်မပျော်ခဲ့ဘူး။ ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ပထမနှစ်မှာ The Best ရဲ့ ရွှေခေတ်တခုနဲ့ ဆုံခဲ့ရတာလည်း အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာစကားကို ပိုပြီးချစ်မြတ်နိုးလာခြင်းရဲ့ အကြောင်းရင်းတခု လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုတော့ the Best တို့၊ English for All တို့လို မဂ္ဂဇင်းစာအုပ်တွေလည်း ပျောက်ကုန်ပါပြီ။ ဆက်မထုတ်ကြတော့ဘူး။ Learn Hot English magazine က ကျွန်တော်တို့ လိုအပ်နေတဲ့ အင်္ဂလိပ်စာလေ့လာရေး မဂ္ဂဇင်း ဖြစ်ပါတယ်။ လေ့လာရေးဖက်ကို အဓိက ဦးစားပေးထားလို့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာစကားကို လေ့လာနေကြတဲ့သူတွေ၊ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ အားလုံး မဖြစ်မနေ ဖတ်သင့်တယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး။ တလကို တခါထွက်တဲ့ လစဉ်ထုတ်မဂ္ဂဇင်း ဖြစ်ပါတယ်။ ရနိုင်တဲ့ နေရာလေးတွေကနေ ရှာဖွေပြီး လစဉ် ကြိုးစားတင်ပေးနေပါတယ်။ comment box မှာ ပေးထားတဲ့ link မှတဆင့် တစုတစည်းတည်းဖြစ်စေ၊ တယ်လီဂရမ်ချန်နယ်မှာ ဖြစ်စေ ရယူနိုင်ပါတယ်။ ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေခင်ဗျာ။ မိတ်ဆွေတို့ရော မြန်မာပြည်ရဲ့ တချိန်က လူကြိုက်များတဲ့ အင်္ဂလိပ်စာလေ့လာရေး မဂ္ဂဇင်းတွေ ဖြစ်တဲ့ THE BEST, LIGHT, ENGLISH FOR ALL စတဲ့ မဂ္ဂဇင်းတွေနဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိဖူးလား၊ ရှိရင် comment box မှာ အမှတ်တရ ဖောက်သည်ချပါဦး။ Nostalgia ပြန်ခံစား၊ လွမ်းဆွတ်ကြတာပေါ့ခင်ဗျာ။ အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ မေတ္တာဖြင့် ဆရာထက်ဇော်ထူး #HZH #English#booksbooksbooks မေလထုတ်- https://t.me/englishforallsharedbyhzh/1889 ရှေ့လေးလစာယူရန် - https://t.me/englishforallsharedbyhzh/1867

ကျွန်တော် တင်ပေးနေတဲ့ phrasal verbs တွေကို စာအုပ်နဲ့ လေ့လာချင်တဲ့သူများက ဒီစာအုပ်များကို လေ့လာပါ။ https://t.me/c/2148524024/2
ကျွန်တော် တင်ပေးနေတဲ့ phrasal verbs တွေကို စာအုပ်နဲ့ လေ့လာချင်တဲ့သူများက ဒီစာအုပ်များကို လေ့လာပါ။ https://t.me/c/2148524024/2999 https://t.me/c/2148524024/3000

Learn Hot English Magazine ကို January, February, March, April, May ၅ လစာအတွက် စုစည်းပေးထားပါတယ်ခင်ဗျာ။ မေလထုတ်- https://t.me
Learn Hot English Magazine ကို January, February, March, April, May ၅ လစာအတွက် စုစည်းပေးထားပါတယ်ခင်ဗျာ။ မေလထုတ်- https://t.me/englishforallsharedbyhzh/1889 ရှေ့လေးလစာယူရန် - https://t.me/englishforallsharedbyhzh/1867

Compound Adjectives Compound adjective ဆိုတာ စကားလုံး နှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ adjectives တွေကို ပြောတာပါ။ ဥပမာ - a well-dressed man, a part-time job, a first-class train ticket စသဖြင့်ပေါ့။ Compound adjectives တွေရဲ့ ကြားမှာ (hyphen -) ခံပြီး ရေးရပါတယ်။ Number + Noun ပုံစံ Noun တခုရဲ့ရှေ့မှာ Number နဲ့ Noun ကို တွဲပြီး compound adjective အနေနဲ့ အသုံးပြုလို့ရပါတယ်။ ဒီပုံစံကို အတိုင်းအတာတွေပြတဲ့ unit တွေဖြစ်တဲ့ foot, metre, mile, pound, kilogram, second, minute, hour, dollar စတဲ့ စကားလုံးတွေနဲ့ အများဆုံး တွဲသုံးလေ့ရှိတယ်။ ဒီလို (Number + Noun) ပုံစံကို သုံးတော့မယ်ဆိုရင် အရေးကြီးတဲ့ အချက် နှစ်ချက်ကို မှတ်ထားရပါမယ်။ ၁။ Noun ကို singular ပဲ သုံးရပါမယ်။ English မှာ Adjective တွေအတွက် plural ပုံစံ မရှိပါ။ • ❌ A two-days journey • ✅ A two-day journey ၂။ Number နဲ့ သူ့နောက်က Noun ကို hyphen ခံပြီး ဆက်ပေးရပါမယ်။ • A 30-minute show • A two-day journey • A 50-metre pool • An eight-core processor • A two-bedroom apartment တခါတလေ Compound adjective တွေက စကားလုံး နှစ်လုံးထက်မကဘဲ ပိုများတတ်ပါတယ်။ ဥပမာ - A 10-million-dollar house, A seven-year-old child. Number + part of the body+ -ed ပုံစံ နောက်ထပ် မှတ်ထားရမယ့် ပုံစံတခုကတော့ Number + Noun တွဲသုံးတဲ့နေရာမှာ အဲဒီ Noun က ခန္ဓာကိုယ်အစိတ်အပိုင်း (part of the body) တခုခု ဖြစ်နေမယ်ဆိုရင် သူ့ရဲ့အနောက်မှာ '-ed' ထည့်ပေးရပါမယ်။ • A three-legged table • A seven-headed dragon • A one-eyed alien • A four-armed robot အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ မေတ္တာဖြင့် ဆရာထက်ဇော်ထူး Ref: Test English

ကြိုက်ရာကို လေ့လာနိုင်ပါတယ်။ BASIC GRAMMAR - https://t.me/englishforallsharedbyhzh/546 ESSENTAIL GRAMMAR -https://t.me/c/2148
ကြိုက်ရာကို လေ့လာနိုင်ပါတယ်။ BASIC GRAMMAR - https://t.me/englishforallsharedbyhzh/546 ESSENTAIL GRAMMAR -https://t.me/c/2148524024/3889

𝕀𝔼𝕃𝕋𝕊 𝟚𝟙 စာအုပ်ဖိုင်နဲ့ အသံဖိုင်တွေပါ ဒီ LINK ကနေလည်း တစုတစည်းတည်း ယူနိုင်သလို တယ်လီဂရမ်မှာပဲ အလွယ်တကူယူနိုင်ပါတယ်။ ht
𝕀𝔼𝕃𝕋𝕊 𝟚𝟙 စာအုပ်ဖိုင်နဲ့ အသံဖိုင်တွေပါ ဒီ LINK ကနေလည်း တစုတစည်းတည်း ယူနိုင်သလို တယ်လီဂရမ်မှာပဲ အလွယ်တကူယူနိုင်ပါတယ်။ https://drive.google.com/drive/folders/1CL9_fS3dNk9QxSOui6_2lsWLOvYtL9Op?usp=drive_link

+1
21 Test 4 Listening.mp325.62 MB

+1
21 Test 2 Listening.mp326.87 MB

21.pdf7.53 MB

Online class တွေမှာ ကျွန်တော် အသုံးပြုနေတဲ့ စာအုပ်တွေထဲက အချို့ဖြစ်တဲ့ Oxford University Press က publish လုပ်ထားတဲ့ solution
Online class တွေမှာ ကျွန်တော် အသုံးပြုနေတဲ့ စာအုပ်တွေထဲက အချို့ဖြစ်တဲ့ Oxford University Press က publish လုပ်ထားတဲ့ solution series ထဲကအချို့ကို တင်ပေးလိုက်ပါတယ်။ link လေးကို သိမ်းထားပါ။ အသစ်တွေ ထပ်ဖြည့်ပေးထားပါမယ်။ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ စာအုပ်ကောင်းလေးတွေ လေ့လာလေ့ကျင့်နိုင်ကြပါစေခင်ဗျာ။ အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ မေတ္တာဖြင့် ဆရာထက်ဇော်ထူး Link ကို comment box မှာ ပေးထားတဲ့ link မှတဆင့် ယူနိုင်ပါတယ်ခင်ဗျာ။ တယ်လီဂရမ်ကိုလည်း ဝင်ထားနော်။ #English #onlinelearning #englishlearning https://drive.google.com/drive/folders/1E25YtqntAPu4w5qvPtstNamxI2SQDa0x?usp=sharing

If you're a fan of movies, you might find this really interesting. 👆👆👆👆👆

for GRAMAMR 👆

grammar အတွက်👆

ကြော်ငြာ post လေးတွေဆက်နေတာ အားနာပါတယ်ခင်ဗျာ။ အတန်းအသစ်များ ဖွင့်ခါနီးမို့ပါ။ နောက်နေ့ စာအုပ်များ၊ အသုံးဝင် website များ ဆက်တိုက်တင်ပေးပါမယ်ခင်ဗျာ။

ကျွန်တော့်ဆီမှာ သင်တန်းစုံစမ်းနေကြတဲ့သူများအတွက် ဇူလိုင်လမှာ အသစ်စမယ့် online အတန်းများကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး အသက်
+3
ကျွန်တော့်ဆီမှာ သင်တန်းစုံစမ်းနေကြတဲ့သူများအတွက် ဇူလိုင်လမှာ အသစ်စမယ့် online အတန်းများကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး အသက် ၉ နှစ်မှ ၁၇ နှစ်အထိ ကလေးများအတွက် အသက်အရွယ်အလိုက် တက်နိုင်သော အတန်းများကို ဖော်ပြပေးလိုက်ပါတယ်။ မိမိရဲ့ သား၊ သမီး၊ တူ၊ တူမ၊ ညီ၊ ညီမများရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုပါက ကျောင်းချိန်လွတ်ပြီး ကျောင်းစာအထောက်အကူပြု 4-skill သင်တန်းများကို တက်ရောက်နိုင်ပါပြီခင်ဗျာ။ သင်တန်းအကြောင်း စုံစမ်းလိုပါက ၀၉၂၆၈၁၂၈၇၄၇ သို့ ဖုန်းဆက်၍ ဖြစ်စေ၊ Viber မှဖြစ်စေ၊ @hzhenglish သို့ တယ်လီဂရမ်မှ ဖြစ်စေ၊ Facebook messenger မှ ဖြစ်စေ စုံစမ်း၍ အပ်နှံနိုင်ပါတယ်ခင်ဗျာ။ (လူကြီးများအတွက် ဖွင့်မည့်အတန်းအသစ်များကိုလည်း မကြာခင် ကြေညာပေးပါ့မယ်ခင်ဗျာ့) အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ လိုအပ်သူများတွေ့နိုင်အောင် Share ပေးလို့ ရပါတယ်ခင်ဗျာ။ ဆရာထက်ဇော်ထူး 📔အသက် (၉) နှစ်မှ အသက် (၁၁) နှစ်အထိတက်ရောက်နိုင်သည့်အတန်း စတင်မည့်ရက် - ဇူလိုင် (၄) ရက်၊ စနေနေ့ • သင်တန်းရက်များ - ဗုဒ္ဓဟူး၊ ကြာသပတေး (၆-၇ ညနေ)၊ စနေ၊ တနင်္ဂနွေ (၉-၁၀ မနက်) • သင်တန်းကာလ - ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ • သင်တန်းကြေး - ၂၇၀, ၀၀၀ (နှစ်သိန်းခုနှစ်သောင်းကျပ်) (၁လချင်း ခွဲ၍ သွင်းနိုင်ပါသည်) 📔အသက် (၁၂) နှစ်မှ အသက် (၁၅) နှစ်အထိတက်ရောက်နိုင်သည့်အတန်း • စတင်မည့်ရက် - ဇူလိုင် (၃) ရက်၊ သောကြာနေ့ • သင်တန်းရက်များ - ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ (၇-၈ ညနေ) • သင်တန်းကာလ - ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ • သင်တန်းကြေး - ၂၇၀, ၀၀၀ (နှစ်သိန်းခုနှစ်သောင်းကျပ်) (၁လချင်း ခွဲ၍ သွင်းနိုင်ပါသည်) 📔 အသက် (၁၂) နှစ်မှ အသက် (၁၅) နှစ်အထိတက်ရောက်နိုင်သည့်အတန်း • စတင်မည့်ရက် - ဇူလိုင် (၃) ရက်၊ သောကြာနေ့ • သင်တန်းရက်များ - ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ (၇-၈ ညနေ) • သင်တန်းကာလ - ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ • သင်တန်းကြေး - ၂၇၀, ၀၀၀ (နှစ်သိန်းခုနှစ်သောင်းကျပ်) (၁လချင်း ခွဲ၍ သွင်းနိုင်ပါသည်) 📔 အသက် (၁၅) နှစ်မှ အသက် (၁၇) နှစ်အထိတက်ရောက်နိုင်သည့်အတန်း • စတင်မည့်ရက် - ဇူလိုင် (၆) ရက်၊ တနင်္လာနေ့ • သင်တန်းရက်များ - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (၅-၆ ညနေ) • သင်တန်းကာလ - ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ • သင်တန်းကြေး - ၂၇၀, ၀၀၀ (နှစ်သိန်းခုနှစ်သောင်းကျပ်) (၁လချင်း ခွဲ၍ သွင်းနိုင်ပါသည်) 📔 အသက် (၁၅) နှစ်မှ အသက် (၁၇) နှစ်အထိတက်ရောက်နိုင်သည့် Advanced English အတန်း (level test ဖြေဖို့ လိုပါသည်) • စတင်မည့်ရက် - ဇူလိုင် (၆) ရက်၊ တနင်္လာနေ့ • သင်တန်းရက်များ - တနင်္လာ၊ အင်္ဂါ၊ စနေ၊ တနင်္ဂနွေ (၉-၁၀ ည) • သင်တန်းကာလ - ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ • သင်တန်းကြေး - ၃၀၀, ၀၀၀ (သုံးသိန်းကျပ်) (၁လချင်း ခွဲ၍ သွင်းနိုင်ပါသည်) #HZH #English #englishlearning #englishteacher #OnlineClasses

ကြော်ငြာလေး တင်ပါရစေခင်ဗျာ့ (အားပေးလို့ ရပါတယ်ခင်ဗျာ) အခုရက်ပိုင်း အသစ်ထွက်ရှိထားသော ဇာတ်ကားများ၊ နာမည်ကျော်စီးရီးများကို gen
ကြော်ငြာလေး တင်ပါရစေခင်ဗျာ့ (အားပေးလို့ ရပါတယ်ခင်ဗျာ) အခုရက်ပိုင်း အသစ်ထွက်ရှိထားသော ဇာတ်ကားများ၊ နာမည်ကျော်စီးရီးများကို genres အစုံ အသစ်ဖြည့်ပေးထားပါတယ်။ ဇာတ်ကားကြည့်ရင်း ကုန်မယ့်အချိန်ကို productive ဖြစ်အောင် အင်္ဂလိပ်စာပါ တွဲပြီး လေ့လာလိုက်ပါ။ အင်္ဂလိပ်စာတန်းထိုးဇာတ်ကားများကြည့်ရင်း အင်္ဂလိပ်စာတန်းထိုးဇာတ်ကားများကြည့်ရင်း တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ သူတို ပြောခဲ့တဲ့ စကားလေးတွေကို လိုက်ပြောကြည့်ပါ၊ အသုံးချကြည့်ပါ။ ကျွန်တော့်ရဲ့ Let's Learn English Through Movies channel မှာ နာမည်ကြီးဇာတ်ကားများကို အင်္ဂလိပ်စာတန်းထိုးသီးသန့်ဖြင့် ကြည့်နိုင်ရုံသာမက ထိုဇာတ်ကားများထဲမှာ အသုံးပြုထားပြီး စကားစုလေးများလေးကို တူရာတူရာစု၍ လေ့လာနိုင်အောင်လည်း တင်ပေးတာမို အင်္ဂလိပ်စာတန်းထိုးဇာတ်ကားများကြည့်ရင်း အင်္ဂလိပ်စာလေ့လာလိုပါက ရာသက်ပန်အတွက် ၂၀၀၀၀ ကျပ်ဖြင့် join နိုင်ပါတယ်ခင်ဗျာ။ ချန်နယ်သို့ ဝင်လိုပါက ဆက်သွယ်ရန် - @hzhenglish
ကြည့်ချင်တဲ့ဇာတ်ကားကိုလည်း တောင်းလို့ရပါတယ်ခင်ဗျ
အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။ မေတ္တာဖြင့် HZH