en
Feedback
THE DIFFERENT NORMIES

THE DIFFERENT NORMIES

Open in Telegram

Admin Account - @pthenextgen

Show more

📈 Analytical overview of Telegram channel THE DIFFERENT NORMIES

Channel THE DIFFERENT NORMIES (@moralepatch) in the Burmese language segment is an active participant. Currently, the community unites 15 200 subscribers, ranking 13 721 in the Education category and 7 622 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 200 subscribers.

According to the latest data from 01 January, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -208 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.68%. Within the first 24 hours after publication, content typically collects 3.24% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 776 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 62.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Admin Account - @pthenextgen”

Thanks to the high frequency of updates (latest data received on 18 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

15 200
Subscribers
No data24 hours
-417 days
-20830 days
Posts Archive
ကိုယ်ထိန်းချုပ်လို့မရတဲ့ Factor နဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ Factor ကွဲကွဲပြားပြားသိပါစေ လူအများစုက ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်မှာပဲ စိတ်ညစ်ပြီး ကိုယ်ထိန်းချုပ်လို့ရတဲ့အရာတွေကို မေ့လျော့သွားတတ်ကြတယ်။ တကယ်ကကိုယ်က အရာရာတိုင်း၊ ဖြစ်ရပ်တိုင်းကို ထိန်းချုပ်လို့မရပါဘူး။ တစ်ချို့အရာတွေကိုက ဖြစ်ခွင့်ပေးလိုက်ပြီး ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာသာ အာရုံစိုက်သင့်ပါတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာများ (Uncontrollable) တစ်ခြားသူများ - သူများရဲ့စိတ်နေစိတ်ထား၊ အပြုအမူ၊ ခံယူချက်တွေ။ မွေးရာပါအခြေအနေများ - မိသားစု၊ ပတ်ဝန်းကျင်၊ မျိုးရိုးဗီဇ။ ဈေးကွက်အခြေအနေ၊ ရာသီဥတု၊ နိုင်ငံရေး ၊ပြင်ပက ဖြစ်ရပ်ကြီးတွေ။ ဒါတွေက ကိုယ်ထိန်းချုပ်လို့မရတဲ့ Factor တွေပါ။ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာများ (Controllable) ကိုယ့်ရဲ့စိတ်ထား (Mindset) နဲ့ကိုယ့်ရဲ့ခံယူချက် (Attitude) - အခက်အခဲကို စိန်ခေါ်မှုအဖြစ် မြင်တတ်တာ၊ အကောင်းမြင်တာ၊ သည်းခံနိုင်စွမ်း၊ စိတ်ဓာတ်ကြံ့ခိုင်မှု စသဖြင့်။ အားထုတ်မှု (Effort) နဲ့ လုံ့လ (Hard Work) - တစ်ခုခုကိုရယူဖို့ဘယ်လောက် ကြိုးစားအားထုတ်မလဲဆိုတာ ကိုယ့်အပေါ်မူတည်တယ်။ အချိန်စီမံခန့်ခွဲမှု (Time Management) - ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုစီမံမလဲ၊ ဘာအတွက်သုံးမလဲဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ကျန်းမာရေး (Health) - စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ အိပ်ရေးဝဝအိပ်တာတို့ကို ရွေးချယ်ထိန်းချုပ်နိုင်တယ်။
ကိုယ်မထိန်းချုပ်နိုင်တာတွေကို လက်ခံပြီး ကိုယ်ထိန်းချုပ်နိုင်တာတွေအပေါ်မှာ အာရုံစိုက်ကြိုးစားပါ။

Hard Skill နဲ့ Soft Skill ဘယ်လိုကွာခြားသလဲ အလုပ်နဲ့ ဘဝမှာ တိုးတက်အဆင်ပြေဖို့ဆို Hard Skill နဲ့ Soft Skill (၂)မျိုးလုံးက အရေးကြီးပါတယ်။ ဒီနှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကို ရှင်းပြပေးပါမယ်။ 1. Hard Skills - သင်ယူရသော - တိုင်းတာနိုင်သော ကျွမ်းကျင်မှုများ ဖြစ်တယ်။ ဥပမာ အင်္ဂလိပ်စာ (IELTS 7.0) Programming (Python, Java) စာရင်းကိုင် (CPA) စက်ပစ္စည်းပြုပြင်တာ သင်ကြားပေးနိုင် (ကျောင်း၊ အွန်လိုင်းသင်တန်း)၊ တိုင်းတာနိုင် (အဆင့်၊ လက်မှတ်)၊ အလုပ်လျှောက်တဲ့အခါမှာ အခြေခံလိုအပ်ချက်အဖြစ် အမြဲပါ၀င်တယ်။ 2. Soft Skills - လူမှုဆက်ဆံရေး - စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဖြစ်တယ်။ ဥပမာ ခေါင်းဆောင်စီမံနိုင်မှု ပြဿနာဖြေရှင်းနိုင်မှု အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု လိုက်လျောညီထွေဖြစ်မှု ပင်ကိုယ်စရိုက်နဲ့ဆိုင်တယ် (ဖြည်းဖြည်းချင်းတည်ဆောက်ရ) တိုင်းတာရခက် (အဆင့်သေချာ မသတ်မှတ်နိုင်)၊ အလုပ်နဲ့ လူမှုဘဝအောင်မြင်မှုအတွက် အဓိကကျတယ်။
ဘာကြောင့်နှစ်မျိုးလုံး လိုအပ်သလဲဆိုတော့
Hard Skill ကအလုပ်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး Soft Skill ကလူတွေနဲ့ ပိုပြီးအဆင်ပြေပြေ လက်တွဲလုပ်ကိုင်နိုင်ဖို့၊ ပတ်၀န်းကျင်မှာပိုပြီး အဆင်ပြေဖို့ အထောက်အကူဖြစ်တယ်။ ဒီဇိုင်နာတစ်ယောက်အတွက် Photoshop (Hard Skill) + ဖောက်သည်နဲ့ဆက်ဆံရေး (Soft Skill) ဆရာဝန်တစ်ယောက်အတွက် ဆေးပညာ (Hard Skill) + လူနာအပေါ်စာနာမှု (Soft Skill) အကျဉ်းချုံးအနေနဲ့ဆို Hard Skill မရှိရင် အလုပ်မရ Soft Skill မရှိရင် အလုပ်မတိုး နှစ်ခုပေါင်းမှ အပြည့်အဝအောင်မြင်နိုင်ပါမယ်။

Good Morning Everyone... သာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဗျ...

Real

လူငယ်များသို့... 📖_စာဖတ်ပါ_📖 📚ကမ္ဘာပါတ်စရာမလိုဘူး စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်.... 📚ပညာတက်ပြီး စာမဖတ်ရင် သင်တက်ထားတဲ့ပညာက အလကားပါပဲ..... 📚စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်.... 📚စာဖတ်ခြင်းဖြင့် အကောင်းအဆိုး အကြေားင်အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည်... 📚စာဖတ်ခြင်းသည် ဗဟုသုတရသကဲ့သို့ လူစိတ်ကိုလည်းပြောင်းလဲစေနိုင်သည်.... 📚စာအုပ်စာပေ လူမိတ်ဆွေတဲ့ မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ "စာပေ''ပါပဲ.... 📚ဗဟုသုတ၊ ရသ ၊ကဗျာ ၊ဟာသ စတဲ့စာပေ အားလုံးသည် ကဏ္ဍတစ်ခုချင်းစီတွင် စာဖတ်သူအားလုံးကို အကျိုးပြုပါသည်.... 📚ထို့ကြောင့်... စာများများဖတ်ပါ... စာဖတ်ခြင်းသည် ညဏ်အလင်းကိုရစေပါသည်... 📚ထမင်းမစားလျှင် တစ်ရက်ပဲငတ်ပါမည်.... 📚 စာမဖတ်လျှင်တော့ တစ်သက်လုံးငတ်လ်ိမ့်မည်.... #Crd #Eric

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail)
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen

ခေါင်းဆောင်မှုပုံစံ 10 မျိုး
1. Autocratic Leadership အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှုပုံစံ
“ငါပြောသလိုလုပ်” ဆိုတဲ့ခံယူချက်နဲ့ အရာအားလုံးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
2. Democratic Leadership ပွင့်လင်းမြင်သာတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေ၊ လက်အောက်ငယ်သားတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပြီး ဆုံးဖြတ်ချက်ချရာမှာ သူတို့ကို ပါဝင်စေတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
3. Laissez-Faire Leadership လွတ်လပ်စွာထားရှိတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ခွင့်ပေးထားတယ်။ ခေါင်းဆောင်က လိုအပ်တဲ့အခါမှသာ ၀င်ပါပံ့ပိုးတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
4. Transformational Leadership လမ်းညွှန်တတ်သော ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က အဖွဲ့ဝင်တွေကို စေ့ဆော်အား‌ပေးပြီး ကိုယ်တိုင်နဲ့အဖွဲ့၀င်တွေကို အောင်မြင်မှုဆီ ဦးတည်ခေါ်သွားတတ်တဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
5. Transactional Leadership လက်တွေ့ကျတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က စည်းမျဉ်းစည်းကမ်းနဲ့ ရလဒ်တွေကို အခြေခံပြီး အဖွဲ့ဝင်တွေကို စီမံခန့်ခွဲတယ်။ ကောင်းကောင်းလုပ်ရင် ဆုချီးမြှင့်မယ်၊ ညံ့ဖျင်းရင် အပြစ်ဒဏ်ပေးခံရမယ် ဆိုတဲ့ခေါင်းဆောင်မှုပုံစံမျိုး ဖြစ်တယ်။
6. Servant Leadership အနစ်နာခံတဲ့ ခေါင်းဆောင်မှုပုံစံ
ဦးဆောင်မှုထက် ၀န်ဆောင်မှု၊ အနစ်နာခံမှုကို ကျင့်သုံးတယ်။ ခေါင်းဆောင်က ကိုယ့်ရဲ့လိုအပ်ချက်ထက် အဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်ကိုပဲ ဦးစားပေးတယ်။ အဖွဲ့၀င်တွေရဲ့ ကြီးထွားမှုက အောင်မြင်မှုကိုရစေမယ် ဆိုတဲ့ခေါင်းဆောင်မှုပုံစံမျိုး ဖြစ်တယ်။
7. Coaching Leadership ပံ့ပိုးပေးတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က တစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြားသိမြင်ပြီး သူတို့ရဲ့အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ပံ့ပိုးကူညီပေးတယ်။
8. Charismatic Leadership ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွဲဆောင်မှု (Charisma) နဲ့ အဖွဲ့ဝင်တွေကို စေ့ဆော်အားပေးပြီး သူ့နောက်ကိုလိုက်စေတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။ ခေါင်းဆောင်က စကားပြောကောင်းတယ်၊ စိတ်အားထက်သန်မှုရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ လူတွေကိုစိတ်ပါတက်ကြွလာအောင် စွမ်းဆောင်နိုင်တယ်။
9. Bureaucratic Leadership စည်းကမ်းကျတဲ့ ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို တင်းကျပ်စွာ လိုက်နာစေတယ်။ ဆုံးဖြတ်ချက်အားလုံးက မူဝါဒအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။
10. Situational Leadership အခြေအနေအလိုက် ခေါင်းဆောင်မှုပုံစံ
ခေါင်းဆောင်က ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ခေါင်းဆောင်မှုပုံစံကို ပြောင်းလဲအသုံးပြုတဲ့ ခေါင်းဆောင်မှုပုံစံ ဖြစ်တယ်။

Jealousy နဲ့ Envy ကိုရောထွေးတတ်ကြလို့ ရှင်းပြပေးပါမယ်။ Jealousy ဆိုတာက - ကိုယ့်မှာရှိတဲ့အရာတစ်ခုခုကို ဆုံးရှုံးရမှာကြောက်တာ၊ သူများလုသွားမှာကိုကြောက်တာ ဖြစ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ကောင်လေးကို တစ်ခြားချောမောတဲ့ မိန်းကလေးတစ်ယောက်က စကားလာပြောတာကို မကြိုက်တာ၊ စိတ်ပူတာက Jealous ဖြစ်တာပါ။ Envy ကကျ - ကိုယ့်မှာမရှိတဲ့အရာတစ်ခုခု၊ မရနိုင်တဲ့အရာတစ်ခုခုက တစ်ဖက်လူမှာရှိနေတဲ့အခါ၊ ဖြစ်နေတဲ့အခါမှာ လိုချင်တာ၊ မကြိုက်တာမျိုးပါ။ ဥပမာ တစ်ဖက်လူကကိုယ်မရနိုင်တာကို ရသွားတဲ့အခါမျိုးမှာ ဖြစ်တတ်တာ၊ ခံစားရတာက Envy ပါ။ နှစ်ခုလုံးကိုတော့ မနာလိုတာလို့ သိထားကြပါတယ်။ Negative ဘက်ရောက်တယ်ဆိုပေမယ့် ကောင်းတဲ့နည်းနဲ့ အသုံးချမယ်ဆိုရင်တော့ Positive ဖြစ်နိုင်ပါတယ်။

မနာလိုမှု (Envy) ဖြစ်ပေါ်ပုံအဆင့်ဆင့် မနာလိုမှုဆိုတာ လူတိုင်းနီးပါးနဲ့ မကင်းတဲ့ခံစားချက်တစ်ခုပါ။ သူများရဲ့ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ အဆင်ပြေမှုတွေကို မကျေမနပ်ဖြစ်တာ၊ အားကျတာ၊ စိတ်မကောင်းဖြစ်တာ၊ မကြိုက်တာ စသဖြင့်ရှုပ်ထွေးတဲ့ ခံစားချက်တွေပါ၀င်တယ်။ ပထမဆုံးအနေနဲ့တော့ လူတိုင်းနီးပါးက အားကျခြင်း (Admiration) ပဲစတင်ခံစားရကြတာပါ။ သူများအဆင်ပြေတာ၊ အောင်မြင်‌တာ၊ ပျော်နေတာ မြင်ရရင် “ငါလဲသူ့လိုဖြစ်ရင်ကောင်းမှာ” “ငါသာသူ့လိုဖြစ်ခဲ့ရင်ရော” ဆိုပြီးပဲ စတင်တွေးတတ်ကြတာပါ။ ဒီလိုကနေမှ တဖြည်းဖြည်း အားကျတဲ့အဆင့်ကနေ မနာလိုတဲ့အဆင့်ကို ရောက်လာပြီး အစွန်းရောက်တွေ ဖြစ်ကုန်ကြတာပါ။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ -
ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းတာ၊ လူမှုရေးအဆင့်အတန်း၊ ဥစ္စာဓနနဲ့ ပတ်သက်ပြီး အရမ်းအလေးထားနေတာ၊ ကလေးဘဝက အာရုံစိုက်ခံရမှုနည်းခဲ့တာ (သို့) နှိုင်းယှဉ်ခံခဲ့ရတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
မနာလိုမှုကိုမှ နှစ်မျိုးလဲခွဲနိုင်ပါသေးတယ်။
ဖျက်လိုဖျက်စီးဖြစ်သော မနာလိုမှု (Malicious Envy) သူတစ်ပါးရဲ့ အောင်မြင်မှုကို ဖျက်ဆီးလိုစိတ်ဖြစ်ပေါ်တာ။ အားကျမှုအခြေပြု မနာလိုမှု (Benign Envy) အားကျတဲ့စိတ်ကနေ ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လှုံ့ဆော်မှုရတာ။ မနာလိုမှုကိုယ့်မှာ ဖြစ်တဲ့အခါ ကိုယ့်အနေနဲ့ တန်းသဘောပေါက်ပြီး ထိန်းချုပ်တတ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် Negative ဖြစ်တဲ့ဘက်ကနေ Positive ဖြစ်တဲ့ဘက်ကို ပြောင်းလဲနိုင်မှာပါ။

စိတ်၏အမှောင်ဘက်ခြမ်း📚 ဖတ်ရန် https://t.me/steventdn/234
စိတ်၏အမှောင်ဘက်ခြမ်း📚 ဖတ်ရန် https://t.me/steventdn/234

Goodnight Guys
Goodnight Guys

Fact နဲ့ Opinion ဘယ်လိုကွာလဲ Fact ဆိုတာက အချက်အလက် ဖြစ်ပါတယ်။ အမှန်တရားဖြစ်တယ် (သို့မဟုတ်) သက်သေပြနိုင်တယ်။ လေ့လာတိုင်းတာနိုင
Fact နဲ့ Opinion ဘယ်လိုကွာလဲ
Fact ဆိုတာက
အချက်အလက် ဖြစ်ပါတယ်။ အမှန်တရားဖြစ်တယ် (သို့မဟုတ်) သက်သေပြနိုင်တယ်။ လေ့လာတိုင်းတာနိုင်ပြီး အတည်ပြုလို့ရတယ်။ ဘာသာရပ်၊ ယဉ်ကျေးမှုတွေနဲ့ သက်ဆိုင်မှုမရှိပဲ အမြဲမှန်ကန်တယ်။
Opinion ဆိုတာက
ထင်မြင်ယူဆချက် ဖြစ်ပါတယ်။ လူတစ်ဦးချင်းရဲ့ ခံယူချက်၊ အမြင်သာဖြစ်ပြီး သက်သေပြနိုင်ခြင်းမရှိပါဘူး။ (မှန်ကန်ကြောင်း သက်သေပြကောင်းပြန်ိုင်ကြပါတယ်။ ဒါပေမယ့် လုံး၀ကြီးမှန်ကန်နေလို့မဟုတ်ပဲ လက်သင့်ခံလို့ရလို့ လက်ခံလိုက်ရတာမျိုးပါ။) ဘာသာရပ်၊ ယဉ်ကျေးမှု၊ အတွေ့အကြုံပေါ်မူတည်လဲ ကွဲပြားနိုင်ပါတယ်။ ဥပမာအနေနဲ့ - ကမ္ဘာ့အမြင့်ဆုံးတောင်က ဧ၀ရက်တောင်ဖြစ်တယ် - ၀က်တွေကမပျံဘူး - သူကမင်းကိုမချစ်ဘူး ဆိုတာတွေက Fact တွေပါ။ - ငါကတော့ဒီလိုလုပ်ရင်ကောင်းမယ်လို့ထင်တယ် - ထိုင်းအစားအစာက မြန်မာအစားအစာထက် ပိုကောင်းတယ် - သူကငါ့ကိုချစ်လောက်မှာပါ ဆိုတာတွေက Opinion တွေပါ။ လူတွေက Opinion နဲ့ Fact ကိုမကွဲပဲ ကိုယ့်အထင်အမြင် Opinion ကို Fact အဖြစ် လက်ကိုင်ထားပြီး “ဘူး” ခံငြင်းတတ်ကြပါတယ်။

Adaptability ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ Soft Skill တစ်ခုပါ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ ဘယ်အရာမှ မှန်းဆလို့မရအောင် အပြောင်းအလဲ မြန်နေပါပြီ။ နည်းပညာ၊ အလုပ်အကိုင်၊ လူမှုပတ်ဝန်းကျင်၊ စီးပွားရေး အခြေအနေတွေက တစ်ခဏအတွင်းကို ပြောင်းလဲနေတဲ့အခါ Adaptability (လိုက်လျောညီထွေရှိမှု) ဆိုတဲ့ Soft Skill ဟာကိုယ့်ရဲ့အောင်မြင်မှုအတွက် မရှိမဖြစ် အရေးပါလာပါတယ်။
Adaptability ဆိုတာဘာလဲ?
- အခြေအနေအသစ်တွေ၊ အခက်အခဲတွေ၊ အပြောင်းအလဲတွေကို အလွယ်တကူ သင့်တင့်စွာ လိုက်လျောညီထွေစွာ ရှာဖွေ ဖြေရှင်း နေထိုင် နိုင်စွမ်းပဲ ဖြစ်ပါတယ်။ - ဒီစွမ်းရည်ရှိသူတွေဟာ ပြဿနာတွေ၊ အခြေအနေတွေကို ဖန်တီးမှုရှိစွာ၊ အေးဆေးစွာ ဖြေရှင်းနိုင်ပြီး စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။
ဘာကြောင့် Adaptability ကအရေးကြီးတာလဲ?
✅ အလုပ်ခွင်မှာ – ကုမ္ပဏီတွေ၊ လုပ်ငန်းတွေဟာ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့အတွက် လိုက်လျောညီထွေရှိသူတွေကို ဦးစားပေးလာကြပါတယ်။ ဟိုဟာမကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူးပဲ လုပ်နေရင် အခုခေတ်ကြီးထဲမှာ နောက်ကျကျန်ခဲ့တော့မှာပါ။ ✅ ဘဝမှာ – အခြေအနေတွေ အမြဲပြောင်းလဲနေတဲ့အတွက် Adaptability ရှိမှသာ စိတ်ဖိစီးမှုနည်းပြီး အောင်မြင်မှုရနိုင်မှာပါ။ ✅ အနာဂတ်အတွက် – AI, Automation တို့ရဲ့ခေတ်မှာ လိုက်လျောညီထွေနေနိုင်စွမ်းရှိသူတွေသာ ရှင်သန်နိုင်မယ်။
Adaptability ကိုဘယ်လိုထားရှိရမလဲ?
🔹 Mindset ပြောင်းပါ – “အပြောင်းအလဲ” ကို “ကြောက်စရာ” အဖြစ် မဟုတ်ဘဲ “အခွင့်အလမ်းအသစ်” အဖြစ်သာမြင်ပါ။ 🔹 သင်ယူမှုကို မရပ်ပါနဲ့ – နည်းပညာ၊ လုပ်ငန်းစဉ်အသစ်တွေကို လေ့လာပါ။ 🔸 Flexible ဖြစ်ပါ – Plan A မအောင်မြင်ရင် Plan B, Plan C ကို အဆင်သင့်ရှိပါစေ။ 🔺 စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ – Comfort Zone ထဲကနေ ထွက်ပြီး စိန်‌ခေါ်မှုတွေလုပ်ပါ။ “အပြောင်းအလဲကို မရပ်တန့်နိုင်ပေမယ့် အပြောင်းအလဲကို ဘယ်လိုရင်ဆိုင်မလဲကိုတော့ ရွေးချယ်နိုင်ပါတယ်” - ဒီနေ့ခေတ်မှာ Adaptability ဟာ Skill တစ်ခုထက် Survival Tool တစ်ခုလိုဖြစ်‌နေပါပြီ။ ကိုယ့်ရဲ့ Career နဲ့ Life မှာ ပိုမိုတိုးတက်ဖို့ဆို Adaptability ကိုသေချာလေး ထိန်းကြောင်းထားဖို့ လိုအပ်ပါတယ်။ #SharingbyPatrick

General Human Psychology လူတွေကသူတို့အတွက် တစ်ခုခုက အပြည့်အ၀ စိတ်ချနေရပြီ၊ အဆင်ပြေနေပြီ၊ ပိုင်ဆိုင်နေရပြီဆိုရင် အဲ့ဒီအရာအပေါ်မှာ ပေါ့လျော့ပြီး မေ့မေ့လျော့လျော့ ဖြစ်လာတတ်တယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဲ့ဒီတစ်ခုခုက ရုတ်တရက် မသေချာတော့ဘူးဆိုရင် ပေါ့လျော့တာတွေ၊ မေ့လျော့တာတွေ မရှိတော့ပဲ အာရုံအလွန်စိုက်မိလာတယ်။ အတွေးတွေများလာတယ်။ စိုးရိမ်ပူပန်မိလာတယ်။ ဥပမာ ကိုယ့်ရဲ့ Partner က ကိုယ့်ကိုအရမ်းချစ်ပေး၊ ဂရုစိုက်ပေးတယ်။ ဒါနဲ့ပတ်သတ်လို့ ကိုယ်ကလဲစိတ်ချတယ်၊ သိပ်ပြီးလဲမတွေးဖြစ်ဘူး။ ဘာဖြစ်လဲဆိုတော့ သူကကိုယ့်ကိုချစ်တယ် ဆိုတဲ့အခြေအနေကို ရှိရင်းစွဲအဖြစ် ထားလိုက်တာမို့ပဲ။ ဒါကြောင့်မို့ သူနဲ့ပတ်သတ်ရင် စိုးရိမ်ပူပန်တာ၊ သံသယ၀င်တာမျိုးတွေ မရှိပဲ မေ့မေ့လျော့လျော့ပဲ နေတတ်တယ်။ ဒါပေမယ့် ရုတ်တရက်ကြီးဆိုသလို ကိုယ့်ကိုအရမ်းချစ်ပေး၊ ဂရုစိုက်ပေးပါတယ်ဆိုတဲ့ Partner က ပုံမှန်မဟုတ်တော့တာ၊ အေးစက်နေတာ၊ ပြောင်းလဲလာတာ။ ဒီလိုမျိုးတွေဖြစ်လာရင် မေ့မေ့ပျောက်ပျောက်ဖြစ်ရာကနေ ချက်ချင်းဆိုသလို သူနဲ့ပတ်သတ်တဲ့အတွေးတွေက များလာတယ်။ စိုးရိမ်လာတယ်။ သံသယတွေ၀င်လာတယ်။ နေရတာတစ်မျိုးကြီး ဖြစ်လာတော့တယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ
လူ့ဦးနှောက်က “ရှိရင်းစွဲအခြေအနေကို အလိုအလျောက် လက်ခံတတ်ပြီး ပြောင်းလဲမှုကိုသာ အာရုံစိုက်တတ်တယ်” ဥပမာ လေကောင်းလေသန့်ကို ဒီတိုင်းဆို သတိမထားမိကြပေမယ့် လေထုညစ်ညမ်းတာကို ကြုံရမှ လေကောင်းလေသန့်ရဲ့တန်ဖိုးကို သတိထားမိတာမျိုးပေါ့။ လုံခြုံစိတ်ချရတဲ့အခြေအနေ၊ မပြောင်းလဲတဲ့ဝင်ငွေ၊ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ဒါတွေကို ပုံမှန်ဖြစ်နေကျအလေ့အကျင့်တွေ၊ အရာတွေအဖြစ် ဦးနှောက်က အလိုအလျောက်စီမံပြီး သိမ်းထားလေ့ရှိတယ်။ Habit Loop ပေါ့။ ဒီလိုမျိုးဖြစ်နေကျအရာတွေကို ပုံမှန်အရာတွေ၊ ရှိရင်းစွဲအရာတွေအဖြစ် သိမ်းဆည်းပြီး - အမြဲတမ်း အဆင်ပြေနေမယ် - ဘယ်တော့မှ မပြောင်းလဲဘူး လို့ သတ်မှတ်တတ်ကြတယ်။ ဒါတွေကြောင့်ပဲ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ လက်ခံဖို့ ခက်ခဲသွားတာ။ ဒီလိုနဲ့ပဲ စိုးရိမ်ပူပန်တွေ၊ ဖိအားတွေ၊ စိတ်ဒဏ်ရာတွေ ရလာကြရတာပါ။ ဒီလိုမျိုးမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ဖြစ်နေတာတွေကို ဆင်ခြင်သုံးသပ်ရပါမယ်။ တန်ဖိုးထားရပါမယ်။ ရှိနေတာတွေ၊ ဖြစ်နေတာတွေနဲ့ ပျော်အောင်နေဖို့လိုသလို အပြောင်းအလဲတွေ၊ ဖြစ်လာမှာတွေအတွက်လဲ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ Manipulation Paid Channel အကြောင်း စုံစမ်းလိုပါက @pthenextgen

Parkinson's Law လူတွေကအချိန်ရရင် ရသလောက်ကို အချိန်ဆွဲတတ်ကြတယ်။ အလုပ်တစ်ခုကို ၁ ရက်အချိန်ပေးထားရင် ၁ ရက်နဲ့ပြီးအောင် လုပ်ကြလိမ
Parkinson's Law လူတွေကအချိန်ရရင် ရသလောက်ကို အချိန်ဆွဲတတ်ကြတယ်။ အလုပ်တစ်ခုကို ၁ ရက်အချိန်ပေးထားရင် ၁ ရက်နဲ့ပြီးအောင် လုပ်ကြလိမ့်မယ်။ ဒါပေမယ့် အလုပ်တူတူကိုပဲ ၃ ရက် ပေးထားရင်တော့ အများစုက ၁ ရက်ထဲနဲ့ပြီးမယ့် အလုပ်ကိုတောင်မှ ၃ ရက်လုံး အချိန်ယူတတ်ကြတယ်။
ဘာကြောင့်လဲဆိုတော့
အချိန်ပိုရှိရင် အာရုံစိုက်မှု လျော့ကျတယ် - Deadline ဝေးရင်လူတွေက နှေးကွေးလာတတ်တယ်။ အလုပ်ကိုပိုရှုပ်အောင် လုပ်တတ်တယ် – အချိန်ပိုရှိရင် မလိုအပ်တဲ့ အသေးစိတ်တွေထိ လုပ်တတ်ကြတယ်။ ဖိအားနည်းရင် စွမ်းဆောင်ရည်ကျတယ် – အခုလုပ်ဖို့မလိုသေးဘူးဆိုရင် ပေါ့လျော့နေတတ်ကြတယ်။ Deadline ဝေးသေးတယ်ဆိုပြီး နည်းနည်းချင်းစီလုပ်တာ၊ ရှေ့ရက်တွေပေါ့နေပြီး နောက်ဆုံးရက်မှ အကုန်ထလုပ်တာမျိုးတွေပေါ့။ ဒီလိုမျိုး အချိန်ယူအချိန်ဆွဲတတ်တာက အကျင့်ကြီးတစ်ခုဖြစ်သွားရင် ရေရှည်မှာ ကိုယ့်ရဲ့ Productivity ကိုကျစေပြီး ပြန်ပြင်ဖို့လဲခက်တာမို့ သေချာလေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

The Puppeteer The Puppeteer ဆိုတာက တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေ၊ အတွေးအခေါ်တွေကို သွယ်ဝိုက်ပြီး လှည့်စားထိန်းချုပ်တဲ့ Manipulation Technique တစ်မျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုသူဟာ “ငါကိုယ်တိုင်ကတော့ ဘာမှမဟုတ်ဘူး၊ ဒါပေမယ့် မင်းကိုငါလိုချင်တဲ့အတိုင်း လှုပ်ရှားစေနိုင်တယ်” ဆိုတဲ့ အတွေး၊ ခံယူချက်နဲ့ အခြေခံပြီး အလုပ်လုပ်ပါတယ်။ ဒီနည်းလမ်းရဲ့ အဓိကလက္ခဏာက “ငါမင်းကို ထိန်းချုပ်နေတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး” ဆိုတဲ့ Hidden Control ပါပဲ။
The Puppeteer ကို ဘယ်လိုအသုံးပြုသလဲ
1. “ရွေးချယ်ခွင့်” ကို လှည့်စားခြင်း (Illusion of Choice) Puppeteer တစ်ယောက်ဟာ တစ်ဖက်လူကို “ငါကမင်းကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးထားတယ်” ဆိုတဲ့ ခံစားချက်ဖြစ်အောင် လုပ်ပေးပါတယ်။ တကယ်တော့ သူပေးထားတဲ့ ရွေးချယ်စရာတွေအားလုံးက သူလိုချင်တဲ့အဖြေဆီကိုပဲ ဦးတည်နေတာပါ။ ဥပမာ - “မင်းစားချင်တာ ဒီဟာလား၊ ဟိုဟာလား” (တကယ်တော့ နှစ်ခုလုံးက သူ့အတွက် အဆင်ပြေတဲ့ရွေးချယ်မှုပါပဲ) 2. သတင်းအချက်အလက် စီမံခန့်ခွဲခြင်း (Information Control) Puppeteer တွေဟာ တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို ဖုံးကွယ်ထားတတ်ပါတယ်။ ဒါမှမဟုတ် သူတို့လိုသလို ပြင်ဆင်ပြီး လှည့်စားတတ်ပါတယ်။ ဥပမာ - “ဒီလူနဲ့ပေါင်းရင် မင်းအတွက်မကောင်းဘူး” (တကယ်တော့ သူကိုယ်တိုင်က ဒီလူကိုမကြိုက်လို့) “ဒီအလုပ်က မင်းနဲ့မသင့်တော်ဘူး” (တကယ်က သူ့အတွက် အကျိုးမရှိလို့၊ သူမကြိုက်လို့) 3. လူအများရဲ့ ဖိအားကိုအသုံးချခြင်း (Social Pressure Manipulation) ဒီနည်းမှာ Puppeteer က " “လူအများက ဒီလိုပြောနေကြတယ်” ဆိုတဲ့ခြိမ်းခြောက်မှုမျိုးနဲ့ တစ်ဖက်လူကို သူလိုချင်တဲ့ဘက်ကို ဆွဲခေါ်တတ်ပါတယ်။ ဥပမာ - “အားလုံးက မင်းဒီလိုလုပ်နေတာကို ကြည့်ပြီးအံ့သြနေကြပြီ” “မင်းဒီလိုဆက်ပြောရင် လူတွေကမင်းကိုဘယ်လိုထင်မလဲ” 4. စိတ်ခံစားမှုကို အခြေခံသော ထိန်းချုပ်မှု (Emotional Anchoring) Puppeteer တွေဟာ တစ်ဖက်လူရဲ့ အားနည်းချက် (ဒါမှမဟုတ်) အတိတ်က အမှတ်တရတွေကို ဆွဲထုတ်ပြီး Manipulate လုပ်တတ်ပါတယ်။ ဥပမာ - “မင်းအရင်တုန်းကလည်း ဒီလိုမှားဖူးတယ်၊ အခုထပ်မှားချင်သေးလား”
ဘယ်လိုရှောင်ရမလဲ
“ရွေးချယ်ခွင့်” ဆိုတာကို သတိထားပါ။ တကယ်ကိုယ်ရွေးချယ်တာလား။ သတင်းအချက်အလက်တွေကို ပြန်စစ်ပါ။ တစ်ဖက်တည်းစကားကိုသာ မယုံပါနဲ့။ လူအများရဲ့ဖိအားကို လျစ်လျူရှုပါ။ “လူတွေဘယ်လိုပြောမလဲ” ဆိုတာထက် “ငါဘာလိုချင်လဲ” ကို ဦးစားပေးပါ။ အတိတ်ကိုအသုံးချတာကို သတိထားပါ။ “အရင်တုန်းက” ဆိုတဲ့စကားက Manipulator တွေရဲ့အကြိုက်ဆုံးလက်နက်ပါပဲ။ Manipulation နဲ့ပတ်သတ်တာတွေပဲ သီးသန့်တင်တဲ့ Paid Channel အကြောင်း စုံစမ်းလိုပါက @pthenextgen ဆီမှာ စုံစမ်းလို့ရပါတယ်။

တန်ဖိုး📚 ကိုယ့် Crush ကကိုယ်ပဲဖြစ်ပါစေ... ဖတ်ရန် https://t.me/steventdn/207
တန်ဖိုး📚 ကိုယ့် Crush ကကိုယ်ပဲဖြစ်ပါစေ... ဖတ်ရန် https://t.me/steventdn/207

Stoicism Stoicism ဆိုတာ စိတ်ငြိမ်းချမ်းမှုနဲ့ ဘဝအတွက် ခိုင်မာတဲ့စိတ်ထားတည်ဆောက်ဖို့ အဓိကထားတဲ့ ရှေးဂရိ-ရောမ Philosophy အယူအဆတစ်ခုဖြစ်ပါတယ်။ Stoicism ရဲ့ ရည်ရွယ်ချက်ကတော့ •စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) တည်ဆောက်ဖို့ •အခြေအနေတိုင်းကို အကောင်းမြင်စိတ်နဲ့ ရှုမြင်နိုင်ဖို့ •ဘဝအတွက် Inner Peace ရှိဖို့ Stoicism ရဲ့အခြေခံအယူအဆများ
ထိန်းချုပ်နိုင်တာနဲ့ မထိန်းချုပ်နိုင်တာကို ခွဲခြားသိမြင်ခြင်း
ကိုယ်ပြုပြင်နိုင်တဲ့အရာကိုသာ အာရုံစိုက်ပြီး၊ မပြင်နိုင်တာကို လက်ခံရမယ်။
စိတ်ခံစားမှုကို အလိုမလိုက်ဘဲ ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်ခြင်း
ဒုက္ခ၊ ပျော်ရွှင်မှု အားလုံးကို ယုတ္တိရှိရှိသုံးသပ်ကာ တည်ငြိမ်စွာရင်ဆိုင်ရမယ်။
သဘာဝနဲ့အညီ နေထိုင်ခြင်း
လောကရဲ့ သဘောသဘာဝကို နားလည်ပြီး လိုက်နာရမယ်။
အတ္တကို ရှေ့တန်းမတင်ပဲ တာဝန်ကျေခြင်း
လူမှုအဖွဲ့အစည်း၊ မိသားစုနဲ့ ကိုယ်ကျင့်တရားအပေါ် တာဝန်ယူမှုရှိရမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုနှိမ်ပြောပုတ်ခတ်လာတဲ့အခါ “ဒီလူရဲ့စကားကို ငါထိန်းချုပ်လို့မရဘူး။ ဒါပေမယ့် ငါ့ရဲ့တုံ့ပြန်မှုကို ငါရွေးချယ်နိုင်တယ်။ ဒေါသထွက်မယ့်အစားအေးအေးဆေးဆေး ဖြေရှင်းမယ်” လို့တွေးပြီး ကိုယ့်တိုးတက်ရေးအတွက်ပဲ အာရုံစိုက်ကြိုးစားတာက Stoicism ရဲ့ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။

photo content

Real
Real