en
Feedback
THE DIFFERENT NORMIES

THE DIFFERENT NORMIES

Open in Telegram

Admin Account - @pthenextgen

Show more

📈 Analytical overview of Telegram channel THE DIFFERENT NORMIES

Channel THE DIFFERENT NORMIES (@moralepatch) in the Burmese language segment is an active participant. Currently, the community unites 15 200 subscribers, ranking 13 721 in the Education category and 7 622 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 200 subscribers.

According to the latest data from 01 January, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -208 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.68%. Within the first 24 hours after publication, content typically collects 3.24% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 776 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 62.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Admin Account - @pthenextgen”

Thanks to the high frequency of updates (latest data received on 18 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

15 200
Subscribers
No data24 hours
-417 days
-20830 days
Posts Archive
တစ်ရက်ကို တစ်ထောင်စု တစ်လဆို သုံးသောင်း တစ်နှစ်ဆို ၃သိန်း ၆သောင်း ထားလိုက် နောက်နှစ်နည်းနည်းဆိုရင် သူလဲသူ့ဘဝနဲ့သူ ဖြစ်နေလောက်ရောပေါ့

ပထမဆုံးတွေ့ဆုံမှုက ဘာလို့အရေးကြီးတာလဲ လူမှုဆက်ဆံရေးနဲ့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပထမဆုံးတွေ့ဆုံမှု (First Impression) က အလွန်အရေးကြီးပါတယ်။ လူသားတွေရဲ့ဦးနှောက်က မျက်စိထဲကို ၀င်လာတဲ့ အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း ဆင်ခြင်ပိုင်းခြားပြီး သဘောထားအမြင်တစ်ခု ချမှတ်လိုက်ပါတယ်။ ဒီလို ခဏတာအတွေ့အကြုံကနေ တစ်စုံတစ်ယောက်အကြောင်း ယေဘုယျ ကောက်ချက်ချတဲ့ သဘောကို Thin-Slicing လို့ ခေါ်ပါတယ်။ ဒါကလူသားတွေရဲ့ ဆင်ခြင်တုံတရားထက် အလိုအလျောက် ခံစားချက်ကို အသုံးချတဲ့ ဖြစ်စဉ်တစ်ခုပါ။ အထူးသဖြင့် တစ်ယောက်အကြောင်း တစ်ယောက်မသိကြသေးတဲ့ အချိန်တွေမှာ ဒီလိုမျိုး ကောက်ချက်ချတတ်လေ့ရှိကြပါတယ်။ ပထမဆုံးအကြိမ် တွေ့ရာမှာ ကောင်းတဲ့ပုံစံနဲ့ တွေ့မိရင် နောက်ပိုင်းမှာပါ ထိုလူရဲ့ တစ်ခြားသော အရာတွေ၊ အရည်အချင်းတွေကိုပါ ကောင်းတယ်လို့ ဆက်ပြီးယူဆတတ်ကြတယ်။ ဥပမာ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုမှု၊ ရုပ်ရည်သန့်ရှင်းမှုတွေက သူ့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ စရိုက်တွေအထိ အကုန်လုံးကောင်းတယ်လို့ မှတ်ယူတတ်ကြတာမျိုးပါ။ ဒါကို Halo Effect လို့ ခေါ်ပါတယ်။ ရုပ်ချောရင် ဘာလုပ်လုပ်ကောင်းတယ်ဆိုတာလဲ Halo Effect ပါပဲ။ လူသားတွေရဲ့ဦးနှောက်က ပထမဆုံးရရှိလိုက်တဲ့ အချက်အလက်ကို Anchor (ကျောက်ချရာ) အဖြစ် သတ်မှတ်ပြီး နောက်ထပ်ရရှိလာတဲ့ အချက်အလက်အသစ်တွေကို ဒီ Anchor နဲ့ ယှဉ်ပြီးမှ ချိန်ဆတတ်ပါတယ်။ ဒါကြောင့် ပထမအမြင်က မကောင်းခဲ့ရင် နောက်ပိုင်းမှာ ကောင်းအောင် ပြင်ဆင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပထမဆုံးတွေ့ဆုံမှု (First Impression) က ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့တွေ့ကြမှာပါ။ ပထမဆုံးအထင်က အရေးကြီးတယ်ဆိုပေမယ့် ဆက်ဆံရေးတစ်ခုလုံးရဲ့ အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ နောက်ပိုင်း ဆက်တွေ့ရတဲ့အခါ ပြုမူပြောဆိုမှုတွေက ပထမအထင်ထက် ပိုပြီး အရေးပါနိုင်ပါသေးတယ်။ ဒါကြောင့် ပထမဆုံးတွေ့ဆုံမှုကို သိပ်ကြီး စိတ်ဖိစီးမနေဘဲ သဘာ၀ကျကျနဲ့ လွတ်လပ်စွာ ပြုမူပြောဆိုဖို့လဲ အကြံပြုချင်လိုပါတယ်။ Manipu Paid Channel ၀င်လိုပါက @pthenextgen ကိုဆက်သွယ်ပေးပါဗျ။

အရင် Adm တစ်ယောက် ထောက်လှမ်းရေးသမားနဲ့တိုးပြီး သတိနဲ့ စကားပြောကောင်းလို့ အသက် အန္တရာယ်ကနေ လွတ်သွားရတယ်။ အခုနောက်ပိုင်း လူငယ်တွေ အပြင်သွားလို့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် အစစအရာရာ ဂရုစိုက်ကြပါဗျ။

ကောင်းသောအထင်ကို ဖြစ်စေနည်း ကိုယ်ကကိုယ့်ကိုယ်ကို ဘယ်လိုဆက်ဆံလဲဆိုတာအပေါ် မူတည်ပြီး တစ်ခြားသူတွေကလဲ ကိုယ့်ကို ထိုပုံစံအတိုင်း ဆက်ဆံတတ်ကြတယ်။ ကိုယ့်အပေါ် ကောင်းတဲ့အထင်ဖြစ်စေလိုရင် ကိုယ့်ကိုယ်ကို ထိုက်တန်ရာအားလုံးကို ပေးဖို့က အရမ်းအရေးကြီးပါတယ်။ တစ်ခြားသူတွေက ကိုယ့်ကို တန်ဖိုးထားလာစေချင်ရင်၊ ကိုယ့်အကြောင်း ကောင်းကောင်းတွေးလာစေချင်ရင်၊ ကိုယ့်ကိုလေးစားလာစေချင်ရင် ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို အရင်ဆုံး တန်ဖိုးထားရမယ်။ ကောင်းကောင်းတွေးရမယ်။ လေးစားရမယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို မယုံကြည်ဘူးဆို အခြားသူတွေကလဲ ကိုယ့်ကိုယုံကြည်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ ကိုယ်ဘယ်သူလဲဆိုတာ၊ ကိုယ်ဘယ်ကလာလဲဆိုတာ တန်ဖိုးထားပါ။ ကိုယ်အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်နေတဲ့အလုပ်ကို ဂုဏ်ယူလိုက်ပါ။ ညွန့်ကျိုးပြီး နေဖို့မလိုပါဘူး။ ဒါပေမယ့် မောက်မာစွာနေရမယ်လို့လဲ မဆိုလိုပါဘူး။ ကျွန်တော်ပြောချင်တာက ကျန်းမာတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) အကြောင်းပါ။ ကိုယ်ဘယ်သူလဲဆိုတာကို သိရမယ်၊ ကိုယ့်ရဲ့အားသာချက်တွေကို သိရမယ်။ ကိုယ်ကဘယ်သူ့ထက်မှ သာမနေဘူးဆိုတာ သိဖို့လိုသလို ဘယ်သူကမှလဲ ကိုယ့်ထက်သာမနေပါဘူး။ ကိုယ်ကကိုယ်။ သူတို့ကသူတို့ပါပဲ။

ထင်ရှားကျော်ကြားလူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိစာအုပ်များ📚⬇️ https://t.me/peacebypatrick/13

Ykyk
Ykyk

Psychotic ဖြစ်တယ်ဆိုတာဘာလဲ Psychotic ဖြစ်တယ်ဆိုတာ “Break from reality လက်တွေ့မှကွဲထွက်သွားခြင်း” လို့အရှင်းဆုံးပြောနိုင်ပါတယ်။ လူတစ်ယောက်က ဘယ်အရာကအစစ်အမှန်လဲ၊ ဘယ်အရာကလက်တွေ့လဲ၊ ဘယ်အရာကစိတ်ကူးလဲဆိုတာ ခွဲခြားလို့မရနိုင်တော့တာ ဖြစ်တယ်။
Psychotic ဖြစ်တာရဲ့အဓိကလက္ခဏာနှစ်ခုကတော့
1 - ထင်ယောင်ထင်မှားများ (Hallucinations) အကြားအာရုံ ထင်ယောင်ထင်မှား ဘယ်သူမှမပြောတဲ့ အသံတွေကို ကြားရတာ (အများဆုံးအဖြစ်များသော လက္ခဏာ)၊ ဘယ်ကမှန်းမသိတဲ့ စကားသံတွေကိုကြားရတာ၊ ကြားရတဲ့အသံတွေက ကိုယ့်ကိုချီးမွမ်းတာ၊ ဝေဖန်တာ၊ ညှဉ်းပန်းတာ (သို့) ညွှန်ကြားတာတွေ ဖြစ်နိုင်ပါတယ်။ အမြင်အာရုံ ထင်ယောင်ထင်မှား တကယ်မရှိပဲနဲ့ လူ၊ သတ္တဝါ (သို့) ပုံရိပ်တွေကို မြင်ရတာ။ အနံ့အရသာ ထင်ယောင်ထင်မှား ပတ်ဝန်းကျင်မှာမရှိတဲ့ အနံ့ဆိုးတွေ (ဥပမာ - အပုပ်နံ့) ရတာ (သို့) အစားအသောက်ထဲမှာ ထူးဆန်းတဲ့အရသာတွေ ခံစားရတာ။ 2 - ယုံမှားမှုများ (Delusions) ဖြစ်နေတာနဲ့ လုံးဝမကိုက်ညီတဲ့ ယုံကြည်ချက်တွေ၊ စိတ်ကူးတွေကို ခိုင်မာစွာ စွဲကိုင်ထားတတ်တာ။ သက်သေတွေ၊ အကြောင်းပြချက်တွေနဲ့ ရှင်းပြနေရင်တောင် လက်မခံပဲ ကိုယ်ထင်တာကိုသာ ဆုပ်ကိုင်ထားတတ်တယ်။ ဥပမာ ကိုယ့်အပေါ် လူတွေ၊ ပတ်၀န်းကျင်က ညှဉ်းပန်းနေတယ်လို့ သံယယများတာ၊ ယုံကြည်နေတာ။ ကိုယ့်ကိုယ်ကို အလွန်အရေးပါတဲ့လူ ဖြစ်တယ်လို့ ယုံကြည်နေတာ။ (ဥပမာ - ဘုရင်၊ သမ္မတ၊ ဘုရားသခင်) ဖြစ်နေတယ်လို့ ယုံကြည်နေတာ။) ကိုယ့်ရဲ့အတွေးတွေ၊ အပြုအမူတွေကို ပြင်ပက မသိနိုင်တဲ့အရာတွေ (သို့) နည်းပညာတွေက ထိန်းချုပ်နေတယ်လို့ ယုံကြည်နေတာ။ ဒီလက္ခဏာတွေကြောင့်ဖြစ်တဲ့သူက - အာရုံစူးစိုက်ရခက်ခဲတာ - စကားပြောဆိုမှု မပီသတာ၊ မတည်ငြိမ်တာ - လူမှုရေးတွေကို ရှောင်ဖယ်လာတာ - ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလုပ်တာ (ဥပမာ ကိုယ့်ကိုယ်ကိုယ် စကားပြောနေတာ၊ မရှိတာကို ကြည့်နေတာ) - ကိုယ့်ကိုယ်ကို (သို့) သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေ ပြုလုပ်တတ်တာ Psychotic ဖြစ်တာက ရောဂါတစ်ခုရယ်မဟုတ်ပဲ “symptom လက္ခဏာ” တစ်ခုလို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

တစ်ယောက်ယောက်မှာ ကိုယ်နဲ့ (သို့မဟုတ်) တစ်ခြားသူတွေနဲ့ မတူညီ၊ ကွဲပြားတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါ လူတစ်ချို့က “ဒီလူကထူးခြားတယ်” လို့တွေးမိတတ်ကြသလို တစ်ချို့ကျ “ဒီလူကထူးဆန်းတယ်”လို့တွေးမိတတ်ကြတယ်။ ဒါတွေက လူတွေသူတို့ ခံယူထားတဲ့စံနှုန်း၊ သတ်မှတ်ချက်တွေကို တစ်ယောက်ယောက်က ကျော်လွန်သွားတဲ့အခါမှာ သဘာ၀ကျကျတွေးမိတတ်ကြတာတွေပါ။ တွေးမိတာတွေကိုမှ ခံယူချက် (Perception) လက်ခံမှု (Acceptance) နားလည်မှု (Understanding) အပေါ် မူတည်ပြီး “ဒီလူကထူးခြားတယ်” (Positive) “ဒီလူကထူးဆန်းတယ်” (Negative/Natural) ဆိုပြီး အမြင်တွေကလဲ ကွဲသွားကြတယ်။ တကယ်တမ်းက ဒါတွေကတကယ်ကော ထူးဆန်းတာလား၊ ထူးခြားတာလား၊ ဒီတိုင်းကိုယ်နဲ့မတူလို့၊ စံနှုန်း သတ်မှတ်ချက်တွေနဲ့မကိုက်လို့ ဒီလိုပဲမြင်နေတာလား။ တစ်ခါကကျွန်တော် Variety Show တစ်ခုမှာ တွေ့မိတာတစ်ခုပေါ့။ ကောင်မလေးတစ်ယောက်ကသူ Classical Music တွေကို နားထောင်ကြောင်း ပြောပြခဲ့တယ်။ Classical Music ဆိုတာက လူတစ်ရာမှာ တစ်ယောက်တောင် နားမထောင်ဖြစ်တဲ့ Music အမျိုးအစားပါ။ အဲ့ဒီတော့ Variety Show ကလူတွေက ဘယ်လိုမျိုးမှတ်ချက်ပေးခဲ့လဲဆိုတော့ “နင်ကတကယ်ထူးဆန်းတယ်” ဆိုပြီး ပေးခဲ့တယ်။ တကယ်တမ်းက သူနဲ့သူတို့နဲ့က အကြိုက်မတူကြရုံပါပဲ။
လူတွေကဘာလို့ ထူးဆန်းတယ်လို့ မြင်ကြရတာလဲ။
နားမလည်လို့ (Fear of unknown) လူ့သဘောသဘာ၀အရ လူသားနီးပါးတိုင်းက မသိတာ၊ မရင်းနှီးတာ၊ နားမလည်နိုင်တဲ့အရာတွေကို စတင်တွေ့ရှိရင် သံသယစိတ်၊ စိုးရိမ်စိတ်၊ တင်းမာစိတ်တွေ ဖြစ်တတ်ကြတယ်။ ဒါတွေက “ထူးဆန်းတယ်” ဆိုတဲ့အတွေးကို ဖြစ်စေတယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ မတူလို့ ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လုံးဝကွဲပြားနေတဲ့ အရာတစ်ခုကိုတွေ့ရင် “ပုံမှန်မဟုတ်ဘူး” “မှားယွင်းနေတယ်” လို့ အလိုလိုသတ်မှတ်မိတတ်ပြီး “ထူးဆန်းတယ်” လို့ခံစားရတတ်တယ်။ အတွေ့အကြုံနည်းလို့ ကမ္ဘာကြီးအကြောင်း၊ လူသားတွေရဲ့ စိတ်ပညာအကြောင်း အတွေ့အကြုံနည်းသူ၊ ဗဟုသုတနည်းသူတစ်ယောက်ဟာ သူ့ထက်ကွဲပြားခြားနားသူတွေကို “ထူးဆန်းတယ်” လို့အလွယ်တကူ သတ်မှတ်တတ်ကြတယ်။ အဆိုးမြင်စိတ်ရှိလို့ မတူညီတာကို ခြိမ်းခြောက်မှုအဖြစ် (သို့) ပြဿနာအဖြစ် ရှုမြင်တတ်တဲ့သူတွေက “ထူးဆန်းတယ်” လို့တွေးဖို့ ပိုနီးစပ်တတ်တယ်။ - တကယ်တမ်း ထူးဆန်းတယ်လို့ ထင်ရတဲ့အရာတွေက ကျွန်တော်တို့နားလည်အောင် မကြိုးစားရသေးလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ကော မတူညီတာကိုလုပ်ရင်း ထူးဆန်းတယ်လို့ လူတွေဆီက အမြင်ခံရတဲ့အခါ ဆက်လုပ်မလား၊ ရပ်မလား။ ‌ကိုယ့်ကိုယ်ကိုမေးကြည့်ကြည့်ပါ။

တစ်ယောက်ယောက်မှာ ကိုယ်နဲ့ (သို့မဟုတ်) တစ်ခြားလူတွေနဲ့ မတူညီ၊ ကွဲပြားတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါ သင်ဘယ်လိုတွေးမိမလဲ
Anonymous voting

ပြိုင်မငြင်းပါနဲ့ ဘဝမှာ တစ်ခါတလေ ကိုယ်နဲ့ ဉာဏ်ရည်မတူ၊ အမြင်မတူ၊ စိတ်ကူးမတူတဲ့လူတွေနဲ့ တွေ့ရှိရတတ်ပါတယ်။ သူတို့ပြောတာတွေက မှားယွင်းနေတယ်ဆိုတာ ကိုယ်ကသိနေတယ်။ သူတို့ရဲ့အပြုအမူက ကျိုးကြောင်းမဆီလျော်ဘူးဆိုတာ ကိုယ်ကမြင်နေတယ်။ ဒီလိုအချိန်မှာ ကိုယ်ကမှန်တယ်ဆိုပြီး သူတို့နဲ့ အငြင်းအခုံလုပ်ဖို့၊ သူတို့ကို ဆင်ခြင်တုံတရားရှိလာအောင် ရှင်းပြဖို့ ကြိုးစားမိတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ မငြင်းမိခြင်းကသာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ ကိုယ်နဲ့ဉာဏ်ရည်မတူ၊ အဆင့်အတန်းမတူတဲ့သူတစ်ယောက်နဲ့ ငြင်းခုံခြင်းဟာ သူ့အတွက်ရော ကိုယ့်အတွက်ပါ အချိန်ကုန်၊ စိတ်ကုန်ရုံသာမက ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့်... ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ်နဲ့မတူတဲ့သူတွေနဲ့ ငြင်းခုံဖို့ အလဟဿမကုန်ဆုံးမိပါစေနဲ့။ ကိုယ့်ရဲ့စွမ်းအင်တွေကို ကိုယ့်ကိုမနာလိုတဲ့သူတွေအပေါ် အာရုံစိုက်ဖို့ မသုံးမိပါစေနဲ့။ မှားယွင်းနေတာတွေကို မှန်ကန်အောင်ပြောဆိုဖို့ မတတ်နိုင်တဲ့အခါ တိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်သိပါစေ။ ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကို ဘယ်သူ့ကိုမှ မပေးပါနဲ့။
“ပြောပြလို့မရတဲ့သူတွေနဲ့ မငြင်းမိခြင်းဟာ အနိုင်ယူတာထက်ပိုပြီး ကြီးမြတ်တဲ့အောင်ပွဲတစ်ခုပါပဲ”

အယုံလွယ်တဲ့သူတွေက ရိုးသားတာပဲလား တုံးအတာပဲလား... ဒီမေးခွန်းကတော့ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို‌ မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ လူ့အသိုင်းအဝိုင်းထဲမှာ “အယုံလွယ်သူ” ဆိုတဲ့ လူတစ်မျိုးရှိပါတယ်။ သူတို့ကို လူအများစုက “သိပ်ရိုးသားလွန်းလို့” “စိတ်ထားကောင်းလွန်းလို့” ဆိုပြီး ချီးမွမ်းကြသလို တစ်ချို့ကျတော့လဲ “ဉာဏ်နိမ့်တယ်” “သေချာမတွေးဘူး” လို့ဆိုပြီး လျှော့တွက်လေ့ရှိပါတယ်။ အယုံလွယ်တာနဲ့ ရိုးသားတာက ဆက်စပ်မှုရှိသလား ရိုးသားမှုဆိုတာ မမှန်မကန် လှည့်စားခြင်းမရှိပဲ ပွင့်လင်းမြင်သာစွာ ပြောဆိုဆက်ဆံတတ်တဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အယုံလွယ်သူအများစုက ကိုယ်တိုင်က လှည့်စားတတ်သူမျိုး မဟုတ်တာကြောင့် သူများကိုလဲ လှည့်စားမယ်လို့ မထင်တတ်ကြပါဘူး။ ဒီနေရာမှာ “ရိုးသားမှု” က “အယုံလွယ်မှု” ကိုမွေးဖွားပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရိုးသားသူတိုင်း အယုံလွယ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အတွေ့အကြုံရင့်ကျက်ပြီး ရိုးသားသူအများစုဟာ လူကိုမယုံခင် စိစစ်တတ်ကြပါတယ်။ အယုံလွယ်တာနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဘယ်လိုဆက်စပ်လဲ လေ့လာမှုတွေအရ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသူတွေလဲ အယုံလွယ်တတ်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် “အယုံလွယ်လို့ ဉာဏ်နည်းတယ်” ဆိုတဲ့ ယူဆချက်က မှားယွင်းနိုင်ပါတယ်။ ဒါကြောင့် “အယုံလွယ်သူတွေက ရိုးသားတာလား တုံးအတာလား” ဆိုတဲ့ မေးခွန်းရဲ့အဖြေက... နှစ်ခုလုံးလဲဖြစ်နိုင်သလို၊ နှစ်ခုလုံးလဲမဟုတ်နိုင်ပါဘူး။ အယုံလွယ်ခြင်းက ရိုးသားမှုကြောင့်လဲ ဖြစ်နိုင်သလို၊ အတွေ့အကြုံမရှိခြင်း၊ အချက်အလက်များ မစိစစ်တတ်ခြင်း၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ပညာရေး၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအပေါ် မူတည်ပြီး အယုံလွယ်ခြင်းရဲ့ မူလအရင်းအမြစ်က ကွဲပြားသွားတာပါ။ ကျွန်တော့အတွက်ကတော့ တစ်ယောက်ယောက်ကို ယုံဖို့ဆိုတာအင်မတန်မှ ခက်ခဲပါတယ်။ သိုပေမယ့် ယုံကြည်မိရင်လဲ အဆုံးထိပါပဲ။ အဲ့လိုယုံကြည်ထားတာတောင်မှ ဖောက်လွဲဖောက်ပြန်လုပ်ခံရရင်လဲ ၀မ်းနည်းရတယ်ဆိုပေမယ့် ယူကြုံးမရတော့ မဖြစ်မိပါဘူး။ ဘာလို့လဲဆို “ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူက ကိုယ်နဲ့မထိုက်တန်ဘူး” လို့ပဲခံယူထားတာမို့ပါ။ တန်ဖိုးထားတဲ့သူတွေ၊ တန်ဖိုးရှိတဲ့သူတွေနဲ့ပဲ ဆက်ရှိသွားတာက ကိုယ့်အတွက်အကောင်းဆုံးဆိုပြီးပဲ နေထိုင်လေ့ရှိပါတယ်။ ဒါကတော့ကျွန်တော့ရဲ့ Opinion တစ်ခုသာဖြစ်ပြီး Fact မဟုတ်ကြောင်းကိုတော့ အသိပေးလိုပါတယ်။

အယုံလွယ်တဲ့သူတွေက ရိုးသားတာပဲလား တုံးအတာပဲလား
Anonymous voting

တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ ဆွဲမထားသင့်တော့ပဲ လက်လွှတ်ပေးလိုက်သင့်ပါတယ်။ တော်တော်များများက လက်လွှ
တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေက ဆွဲထားရတာ ပင်ပန်းလာတဲ့အခါ ဆွဲမထားသင့်တော့ပဲ လက်လွှတ်ပေးလိုက်သင့်ပါတယ်။ တော်တော်များများက လက်လွှတ်ပေးလိုက်လို့၊ ဆွဲမထားတော့လို့ နာကျင်ခံစားရမလား၊ ဖြစ်ပါ့မလားဆိုပြီး ကြောက်ရွံ့စိုးရိမ်မိတတ်ကြတယ်။ တကယ်တမ်းမှာ လက်လွှတ်ပေးလိုက်တာက ကိုယ့်အတွက် အဖြေဖြစ်နေနိုင်ပါတယ်။ အရာရာကို မသိမ်းထားနိုင်သလို အရာရာကို ဖြေရှင်းလို့လဲ မရနိုင်ပါဘူး။ ပြောစရာလဲ မလိုတော့တဲ့အချိန်၊ ပြောလို့လဲ မရတော့တဲ့ အချိန်တွေဆို တိတ်တဆိတ်နဲ့ လက်လွှတ်လိုက်ပါ။ ကိုယ့်အတွက် မဟုတ်တော့တဲ့ အရာတွေ၊ လူတွေကို ဆုပ်ကိုင်ထားရင်း ကိုယ့်ကိုယ်ကို မထိခိုက်စေပါနဲ့။ Let the things go. Let peace in.

What you believe is what you become... ကိုယ်ယုံကြည်ထားတဲ့အရာက ကိုယ်ဖြစ်လာမယ့်အရာပါပဲ။ ဒီနေ့ကိုယ်ဘာတွေ စဉ်းစားမိလဲ... ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ပြောမိတဲ့ စကားလုံးလေးတွေ၊ ခေါင်းထဲခုန်ပြေးနေတဲ့ အတွေးလေးတွေကို သတိထားကြည့်ပါ။ ဒါတွေဟာ ကိုယ့်ရဲ့အနာဂတ်ကို တည်ဆောက်နေတဲ့ အုတ်ခဲတွေပါပဲ။ ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ရဲ့ဘဝကို ဖန်တီးတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ ကြီးမားတဲ့ စွမ်းအားရှိတယ်။ ဒါပေမယ့်သူ့ကို ဘယ်လိုညွှန်ကြားသလဲ၊ ဘယ်လိုအတွေးတွေနဲ့ မွေးခဲ့သလဲဆိုတာပေါ် မူတည်ပြီး ရလဒ်ကွာခြားသွားတတ်တယ်။ ငါမဖြစ်နိုင်ဘူး လို့ စဉ်းစားမိတိုင်း ဦးနှောက်က မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေကိုပဲရှာပြီး ပြသဖို့ ကြိုးစားနေမှာ။ ငါလုပ်နိုင်တယ် လို့ စဉ်းစားမိတိုင်း ဦးနှောက်က ဘယ်လိုနည်းလမ်းနဲ့ လုပ်နိုင်မလဲဆိုတဲ့ အဖြေကိုပဲ ရှာနေတယ်။ ဒီတော့ ကိုယ့်ရဲ့အတွေးတွေဟာ ကိုယ့်ရဲ့စကားလုံးတွေဖြစ်လာမယ်။ ကိုယ့်ရဲ့ စကားလုံးတွေဟာ ကိုယ့်ရဲ့အပြုအမူတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့အပြုအမူတွေဟာ ကိုယ့်ရဲ့အလေ့အထတွေ ဖြစ်လာမယ်။ ကိုယ့်ရဲ့အလေ့အထတွေဟာ ကိုယ့်ရဲ့ကံကြမ္မာ ဖြစ်လာမယ်။ အရာရာကစိတ်မှာပဲ အခြေတည်ပါတယ်။ ဆုံးဖြတ်ချက်တွေ၊ အမြင်တွေ၊ လုပ်‌နိုင်စွမ်းတွေအကုန်ပါ။ ကိုယ်ကကိုယ့်ကိုယ်ကို မပြောင်းလဲနိုင်ဘူး လို့ယုံကြည်ထားသရွေ့ ဘယ်တော့မှပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူး လို့ယုံကြည်ထားသရွေ့ ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်အခုကစပြီး ကိုယ်ယုံကြည်တဲ့ပုံစံ၊ တွေးတဲ့ပုံစံကို ပြောင်းလဲလိုက်ပါ။ ကိုယ်ယုံကြည်ထားတဲ့အရာက ကိုယ်ဖြစ်လာမယ့်အရာပါပဲ...

Sad but true
Sad but true

လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ...
+2
လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ...

Love yourself ! ကိုယ့်ကိုယ်ကို ချစ်ပါ သူများကမှ မချစ်တာ #khine #crd

အခုဒီစာကိုဖတ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘယ်လက်နဲ့ဖုန်းကိုကိုင်ပြီး ဖတ်နေတယ်မလား။ တကယ်က ဘယ်လက်နဲ့ကိုင်ထားလား၊ မကိုင်ထားလား မသေချာပါဘူး။ ကျွန်တော်လဲမသိပါဘူး။ မှန်လဲမမှန်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စာဖတ်သူတွေက ကိုယ်ဖုန်းကိုကိုင်ထားတဲ့လက်က ဘယ်လား၊ ညာလား ဆိုတာကိုတော့ စစ်ကြည့်မိလိုက်ကြမှာပါ။ ဒီနည်းလမ်းကတော့ တစ်ဖက်လူကို သူမသိလိုက်ခင်မှာပဲ ကိုယ့်အကွက်ထဲ၀င်စေတဲ့ လှည့်စားမှုတစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်က “လက်” လို့ပြောလိုက်တဲ့အတွက် ကိုယ့်ရဲ့အာရုံစိုက်မှုက လက်အပေါ် အလိုလိုရောက်သွားတယ်။ “ဖတ်နေတယ်မလား” လို့တပ်အပ်လဲပြောလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို စစ်ဆေးရဖို့ဖြစ်သွားတယ်။ တစ်ဖက်လူက တစ်ခုခုကို လုပ်ခဲ့သလား ဆိုတဲ့ မေးခွန်းမျိုးမှာလဲ အသုံးပြုကြတယ်။ ဝါရင့်ရဲတွေ၊ စုံထောက်တွေက တရားခံကို စစ်ဆေးတဲ့အခါ “တရားခံဟုတ်လား၊ မဟုတ်လား” ဆိုတာထက် “မင်း A ကို Tat တုန်းက သူ့ရဲ့ရင်ဘတ်နဲ့ဗိုက်ကို ဓားနဲ့လေးချက်ထိုးပြီး Tat ခဲ့တယ်မလား” ဆိုတဲ့ အမှားတွေပါတဲ့ မေးခွန်းမျိုးကို သုံးတတ်ကြတယ်။ ဒီအချက်အလက်က မှန်လားဆိုတော့မမှန်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးပြောတာက တရားခံအတွက် သူ့ကိုယ်သူပြန်စစ်ကြည့်ရစေပါတယ်။ “ငါဓားကိုမသုံးခဲ့ပါဘူး” “လေးချက်မထိုးခဲ့ပါဘူး” “ရင်ဘတ်ကိုမထိုးခဲ့ပါဘူး” စတာမျိုးတွေပေါ့။ တကယ်မလုပ်ခဲ့တဲ့သူဆို ဒါတွေကပြန်စစ်ကြည့်ဖို့ မလိုပါဘူး။ အဓိကက - သိလား မသိလား - သေချာလား မသေချာလား - မှန်လား မမှန်လား ကအရေးမကြီးပါဘူး။ တစ်ဖက်လူကို သူမသိလိုက်ခင်မှာပဲ အငိုက်ဖမ်းရတဲ့ သဘောမျိုးပါ။ ကိုယ့်ရဲ့ကောင်လေးကိုညက 10 နာရီဆိုအိပ်ဖို့ မှာထားတယ်။ မနက်ကျတော့ သူတကယ်အိပ်မအိပ် သေချာဖို့အတွက် စစ်ဆေးဖို့လိုတယ်။ ဒီလိုအခြေအနေမှာဆို “ညက 11 ခွဲမှအိပ်တာမလား” ဆိုတာမျိုး မေးလိုက်မယ်။ ဒီလိုမေးလိုက်တာကိုမှ သူ့ဘက်ကပြန်စဉ်းစားနေရတယ်၊ စစ်ကြည့်နေရတယ်ဆို 10 မှာသူအိပ်ဖို့ဆိုတာက ရာခိုင်နှုန်းနည်းလာပါပြီ။ ဒါပေမယ့် သေချာပေါက် အထာနပ်တဲ့သူတွေ၊ သိသင့်သလောက်သိတဲ့သူတွေကတော့ ဒါမျိုးမှာအမိခံရမှာ မဟုတ်ပါဘူး။ နောက်ပြီးခြွင်းချက်တွေလဲ ရှိနိုင်တယ်ဆိုတာကိုတော့ စိတ်ထဲမှတ်သားထားဖို့ လိုပါတယ်။ Manipulation Paid Channel အကြောင်းစုံစမ်းလိုပါက @pthenextgen

မစပ်စုပါနဲ့ သူ့ရဲ့ account ကိုသွားသွားခိုးချောင်းနေလဲ သူကပြန်မလာတော့ပါဘူး

ကျွန်တော့ဆီမှာ App Premium တွေကိုဈေးသက်သာစွာနဲ့ လာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 5000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail) Netflix 1month - 15000 (share) Spotify Family Plan (US) 2months - 15000 3months - 25000 6months - 40000 12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (instock) ၀ယ်ယူလိုပါက - @pthenextgen