en
Feedback
THE DIFFERENT NORMIES

THE DIFFERENT NORMIES

Open in Telegram

Admin Account - @pthenextgen

Show more

📈 Analytical overview of Telegram channel THE DIFFERENT NORMIES

Channel THE DIFFERENT NORMIES (@moralepatch) in the Burmese language segment is an active participant. Currently, the community unites 15 200 subscribers, ranking 13 721 in the Education category and 7 622 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 200 subscribers.

According to the latest data from 01 January, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -208 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.68%. Within the first 24 hours after publication, content typically collects 3.24% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 776 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 62.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Admin Account - @pthenextgen”

Thanks to the high frequency of updates (latest data received on 18 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

15 200
Subscribers
No data24 hours
-417 days
-20830 days
Posts Archive
ဘ၀မှာ အရေးကြီးဆုံးက သူငယ်ချင်းတွေအများကြီး ရဖို့မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းတွေ ရဖို့ပါ။
ဘ၀မှာ အရေးကြီးဆုံးက သူငယ်ချင်းတွေအများကြီး ရဖို့မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းတွေ ရဖို့ပါ။

For those 63 votes
For those 63 votes

အားလား
Anonymous voting

MLBB ---------------------- Weekly pass - 5700 Twilight pass - 30500 💎 Dia 50 2x - 3000 💎 Dia 150 2x - 9000 💎 Dia 250 2x 1
MLBB ---------------------- Weekly pass  - 5700 Twilight pass - 30500 💎 Dia 50 2x - 3000 💎 Dia 150 2x - 9000 💎 Dia 250 2x  14100 💎 Dia 500 2x  30000 💎 Dia 5- 500 💎 Dia 11 - 900 💎 Dia 22 - 1800 💎 Dia 56 - 3800 💎 Dia 86 - 4800 💎 Dia 112 -  8000 💎 Dia 172 - 9200 💎 Dia 257 - 13700 💎 Dia 343 - 18100 💎 Dia 429 - 22800 💎 Dia 514 - 27000 💎 Dia 600 - 31600 ----------------- Pubg Uc MagicChessGogo- Diamond HOK - Token Free Fire- Diamond များကိုလည်း အသက်သာဆုံးဈေးနှုန်း ဖြင့် အမြန်ဆုံး ရရှိနိုင်ပါသည်။ မြန်မြန်လဲလိုချင်၊ စျေးချိုချိုသာသာနဲ့လဲ လိုချင်၊ စိတ်ချရတဲ့ Sellerဆီကလဲ လိုချင်ရင် SUS Dia & Uc ကို အမြန်ဆုံးလာအားပေးကြတော့နော်။Channel လေးနဲ့ Gp လေးလဲ joinပေးထားဉီးနော်။ Wp give awayတွေ အများကြီး ပေးတော့မှာမလို့ အခုဘဲ လာ joinလိုက်ပါတော့ရှင်။ Channel link https://t.me/susdiamond110 Gp link https://t.me/+gdLtzgZ3a781ZDI1

မာယာပညာ📚 https://t.me/steventdn/340 တကယ်တင်ပေးလိုက်ပီနော်။ သူမလို မျှော်လင့်ချက်တွေပေးပြီးမှ ထားသွားတာမျိုးမလုပ်ဘူး။
မာယာပညာ📚 https://t.me/steventdn/340 တကယ်တင်ပေးလိုက်ပီနော်။ သူမလို မျှော်လင့်ချက်တွေပေးပြီးမှ ထားသွားတာမျိုးမလုပ်ဘူး။

ဒါလေးတင်ပေးရမလား
ဒါလေးတင်ပေးရမလား

ကိုယ်က သူ့ကို ဘာမှမလုပ်ဘဲနဲ့ ဘလိုင်းကြီး ဒီလိုမျိုးလာရမ်းသွားတယ်ဆိုတာဟာ ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ကိုယ့်ကြောင့်မဟုတ်ဘဲ သူ့အတွင်းကရ
ကိုယ်က သူ့ကို ဘာမှမလုပ်ဘဲနဲ့ ဘလိုင်းကြီး ဒီလိုမျိုးလာရမ်းသွားတယ်ဆိုတာဟာ ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ကိုယ့်ကြောင့်မဟုတ်ဘဲ သူ့အတွင်းကရှိနေတဲ့စိတ်အတိုင်း သူ့အမှိုက်ကို သူများပေါ်မှာလာတင်လိုက်တာမျိုးပဲဖြစ်ပါတယ်။ အတွင်းရန်ရှိနေတာမျိုးပေါ့။ ကိုယ်တိုင်လည်း လောင်နေတယ်။ သူများကိုလည်း ဆက်လောင်တယ်။ တချို့လူတွေကစိတ်ထဲမှာ အမှိုက်တွေသိပ်များနေကြတယ်။ အဲဒီအမှိုက်တွေပြည့်လျှံလာတဲ့အခါမှာ သူများအပေါ်ကို နေရင်းထိုင်ရင်းသွားသွန်မိတာမျိုးလုပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် ဒေါသလို အမှိုက်မျိုးပါပဲ။ အဲဒီဒေါသကိုသိမ်းဆည်းထားရင်း၊ ဖိနှိပ်ထားရင်း သူများအပေါ်မှာ Spill လုပ်မိတတ်ကြတယ်။ ဆိုလိုရင်းကတော့ ကျွန်မတို့ရင်ထဲမှာ ပျော်ရွှင်ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ အများကြီးပြည့်လျှံလာတဲ့အခါမှာ ဒီအရာတွေကလည်း တခြားသူအပေါ်မှာ Spill ဖြစ်တတ်ကြပါတယ်။ ဖိတ်စင်ကျလာတတ်ကြပါတယ်။ အဲဒီလိုလူတွေကကျတော့ အပျော်ကိုဝေမျှပေးတဲ့သူ၊ အကြည်ဓာတ်တွေကို ပေးနိုင်တဲ့သူ၊ ကျွန်မတို့ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့သူတွေဖြစ်လာတတ်ကြပါတယ်။ #monhalsey

မိမိကိုယ်ကို Psychopath လို့ ခံယူတဲ့ လူတွေဟာ အသုံးချခံရနိုင်ချေ ပိုများတယ်ဆိုတာ သိပါသလား? အခြေအနေကို နားလည်​ဖို့ အချက်နှစ်ခုနဲ့ ခွဲခြမ်း စိတ်ဖြာကြည့်ရအောင်။ တကယ် Psychopaths အဖြစ် သတ်မှတ်ခံရသူများ (Clinically Diagnosed Psychopaths) ဒါက လူဦးရေရဲ့ ၁% လောက်သာရှိတဲ့ Lack of Empathy (ကိုယ်ချင်းစာတရားကင်းမဲ့ခြင်း), Manipulativeness (လှည့်ဖြားကြိုးကိုင်ခြင်း) စတဲ့ လက္ခဏာတွေ ပြည့်စုံနေသူတွေပါ။ ကိုယ့်ကိုယ်ကို စိတ်ကူးဖြင့် သတ်မှတ်သူများ (Self-identified/Romanticizers): ဒါက ပိုအဖြစ်များတဲ့အုပ်စုပါ။ ရုပ်ရှင်တွေ၊ စာအုပ်တွေထဲက ဇာတ်ကောင်တွေကို အားကျပြီး၊ သူတို့ရဲ့ အေးစက်တင်းမာတဲ့ပုံစံကို "Cool" ဖြစ်တယ်၊ "Power" ရှိတယ်လို့ထင်ပြီး ကိုယ့်ကိုယ်ကို Psychopath လို့ သတ်မှတ်လိုက်သူတွေ ဖြစ်ပါတယ်။ ဒါဆို ကိုယ့်ကိုယ်ကို Psychopath လို့ ခံယူသူတွေ ဘာကြောင့် အသုံးချခံရနိုင်ခြေ ပိုများသလဲ။ ၁။ အတ္တကြီးမှုနှင့် အထင်ကြီးခံလိုစိတ် (Grandiosity and Need for Ego Stroking) ကိုယ့်ကိုယ်ကို Psychopath လို့ ခံယူသူတွေဟာ သူတို့ကိုယ်သူတို့ သာမန်လူတွေထက် ပိုထက်မြက်တယ်၊ ပိုကလိမ်ကျကျ တွေးခေါ်နိုင်တယ်၊ ဘယ်သူမှ သူတို့ကို လှည့်စားလို့မရဘူးလို့ အပြည့်အဝ ယုံကြည်ထားတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာပါတယ်။ တကယ့် ကြိုးကိုင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်က သူတို့ရဲ့ အတ္တကို ပူးကပ်မြှောက်ပင့်ပေးလိုက်ရုံပါပဲ။ "မင်းလိုမျိုး ထက်မြက်ပြီး စိတ်ဓာတ်မာကျောတဲ့သူမှ ဒီအလုပ်ကို လုပ်နိုင်မှာ"၊ "တခြားလူတွေကတော့ ကြောက်ကြလိမ့်မယ်၊ မင်းကတော့ မကြောက်ဘူးဆိုတာ ငါသိတယ်" ဆိုတဲ့ စကားလုံးတွေနဲ့ သူတို့ရဲ့ အတ္တကို ကျေနပ်စေပြီး မိမိလိုချင်တဲ့နေရာကို အလွယ်တကူ ဆွဲခေါ်အသုံးချသွားနိုင်ပါတယ်။ ၂။ မိမိကိုယ်ကို အထင်အမြင်မှားခြင်း (Lack of True Self-Awareness) သူတို့ဟာ Psychopath တစ်ယောက်ရဲ့ အားသာချက်လို့ ထင်တဲ့ "အေးစက်မှု"၊ "ရက်စက်မှု" တွေကိုပဲ မွေးစားထားကြတာပါ။ ဒါပေမဲ့ သူတို့အတွင်းမှာ တကယ်ရှိနေတဲ့ အားငယ်မှု၊ အသိအမှတ်ပြုခံချင်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သူတို့ကိုယ်တိုင် သတိမထားမိပါဘူး။ လိမ်လည်လှည့်ဖြားသူက သူတို့ မသိစိတ်က လိုအပ်နေတဲ့ အသိအမှတ်ပြုမှုကို ပေးခြင်း၊ သူတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြမယ့်အစား သူတို့ဖြစ်ချင်တဲ့ ပုံစံအတိုင်း ဆက်ဆံပေးခြင်းအားဖြင့် ယုံကြည်မှုကို အလွယ်တကူ တည်ဆောက်ပြီး အသုံးချသွားကျပါတယ်။ ၃။ လူမှုရေးအရ အထီးကျန်ခြင်း (Social Isolation) ဒီလို "ငါက Psychopath" ဆိုတဲ့ ပုံစံကို ခံယူလိုက်ခြင်းအားဖြင့် သူတို့ဟာ စစ်မှန်တဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ဝေးကွာသွားတတ်ပါတယ်။ ဘယ်သူကမှ သူတို့ကို နားမလည်ဘူးလို့ ခံစားလာရပြီး အထီးကျန်လာကြပါတယ်။ အထီးကျန်နေသူတစ်ယောက်အတွက် "ငါ မင်းကို နားလည်တယ်"၊ "ငါတို့က တစ်သားတည်းပဲ" လို့ ပြောလာတဲ့ လူတစ်ယောက်ဟာ အလွန်တန်ဖိုးရှိတဲ့သူ ဖြစ်လာပါတယ်။ အသုံးချလိုသူက ဒီအခွင့်အရေးကိုယူပြီး သူတို့ရဲ့ တစ်ဦးတည်းသော အားကိုးရာ၊ ယုံကြည်ရာလူအဖြစ် ပုံဖမ်းကာ ခြယ်လှယ်သွားနိုင်ပါတယ်။ ၄။ စွန့်စားလိုစိတ်နှင့် မဆင်မခြင်ပြုလုပ်ခြင်း (Thrill-Seeking and Impulsivity) ဒီလိုခံယူသူတွေဟာ ငြီးငွေ့လွယ်ပြီး စိတ်လှုပ်ရှားစရာ၊ စွန့်စားရတဲ့ အရာတွေကို တောင့်တတတ်ကြပါတယ်။ သမားရိုးကျ နည်းလမ်းတွေကို မနှစ်မြို့ကြပါဘူး။ ရာဇဝတ်မှုဆန်တဲ့ ကျားဖျန်လို ငွေလိမ်လုပ်ငန်းတွေ၊ အန္တရာယ်များတဲ့ အစီအစဉ်တွေကို "စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှု" တစ်ခုအဖြစ် ပုံဖော်ပြီး သူတို့ကို ပါဝင်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ သူတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းထက် စိတ်လှုပ်ရှားလိုစိတ်က ရှေ့ရောက်သွားပြီး ထောင်ချောက်ထဲကို အလွယ်တကူ ဝင်သွားနိုင်ပါတယ်။ တကယ့် Clinical Psychopath တစ်ယောက်ဟာ သူ့ရဲ့ အားနည်းချက်တွေကို အတိုင်းအတာတစ်ခုအထိ သိရှိပြီး သူ့ရဲ့ ရည်မှန်းချက်အတွက် ဘယ်သူ့ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ပိုပြီး စနစ်တကျ တွေးခေါ်နိုင်စွမ်း ရှိနိုင်ပါတယ်။ သို့သော်၊ ကိုယ့်ကိုယ်ကို Psychopath လို့ ခံယူထားသူ ကတော့ သူတစ်ပါးကို အသုံးချနိုင်စွမ်းရှိတယ်လို့ ထင်နေတဲ့ မာန နဲ့ အတ္တ က သူတို့မျက်စိကို ကွယ်သွားစေပြီး၊ ပိုပြီးကလိမ်ကျကျ တွေးခေါ်နိုင်တဲ့ လူတစ်ယောက်အတွက် အလွယ်ကူဆုံးနဲ့ အသုံးချလို့ အကောင်းဆုံး သားကောင် ဖြစ်သွားစေနိုင်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကာကွယ်ထားတယ်လို့ ထင်လေလေ၊ တကယ်တမ်းမှာ ပိုပြီး အကာအကွယ်မဲ့လေလေ ဖြစ်တတ်ကြပါတယ်။ #Vann

တစ်ခုကိုရွေးရမယ်ဆိုသင်ဘာကိုရွေးမလဲ
Anonymous voting

🕯️သီတင်းကျွတ်လပြည့်နေ့ 🕯️ 🪷 ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ အချိန်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စရာအားလပ်ရက်လေးပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ✨✨

"Intellectual Humility" 🔳 သတင်းအချက်အလက်တွေနဲ့ သဘောတရားရေးရာတွေ ကွဲထွက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ လူတိုင်းဟာ ကိစ္စတိုင်းအပေါ်မှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခု ရှိထားရမယ်လို့ ထင်နေကြတယ်။ Facebook ပေါ်က နိုင်ငံရေးအခြေအနေ သုံးသပ်ချက်ကနေစလို့၊ လက်ဖက်ရည်ဆိုင်ထဲက ဘောလုံးပွဲဝေဖန်ချက်အထိ၊ ကျွန်တော်တို့ဟာ အရာရာကို သိတယ်၊ နားလည်တယ်ဆိုတဲ့ ပုံစံကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ တစ်စုံတစ်ယောက်က ကိုယ့်အမြင်ကို လာစိန်ခေါ်တဲ့အခါ၊ ကိုယ်မှားနေတယ်လို့ ဝန်ခံရမှာကို သေမလောက်ကြောက်ရွံ့တတ်ကြတယ်။ ဒီလို “အမြဲတမ်းမှန်နေရမယ်” ဆိုတဲ့ ဖိအားတွေကြားထဲမှာ ကျွန်တော်တို့ မေ့လျော့ထားခဲ့တဲ့ အစွမ်းထက်ဆုံး အရည်အသွေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု” (Intellectual Humility) လို့ခေါ်တဲ့ “ကျွန်တော်ဒီအကြောင်းကို သေသေချာချာမသိပါဘူး” ဒါမှမဟုတ် “ကျွန်တော်မှားကောင်း မှားနိုင်ပါတယ်” လို့ ရိုးရိုးသားသား ဝန်ခံနိုင်တဲ့ စွမ်းရည်ပါပဲ။ 🔳 “ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု” ဆိုတာ ကိုယ့်မှာ ပညာမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကိုလည်း မဆိုလိုပါဘူး။ တကယ့်အဓိပ္ပာယ်က “လောကမှာ ငါသိတာထက် မသိတာတွေက အများကြီးပိုကျယ်ပြန့်တယ်၊ ငါယုံကြည်ထားတဲ့အရာတွေဟာ အမြဲတမ်း အမှန်တရားချည်းပဲ ဖြစ်ချင်မှဖြစ်မယ်” ဆိုတာကို လက်ခံအသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့အသိဉာဏ်မှာ အကန့်အသတ်ရှိတယ်ဆိုတာကို နားလည်ပြီး၊ အသိပညာအသစ်တွေအတွက် ကိုယ့်ရဲ့စိတ်တံခါးကို အမြဲတမ်းဖွင့်လှစ်ထားခြင်းပါပဲ။ ပညာမပြည့်တဲ့အိုးဟာ ဘောင်ဘင်ခတ်တယ်ဆိုသလိုပါပဲ။ တကယ်သိတဲ့ ပညာရှိတွေဟာ သူတို့ ဘယ်လောက်ထိ မသိသေးဘူးဆိုတာကို ပိုပြီးနားလည်လာလေလေ၊ ပိုပြီးနှိမ့်ချလာလေလေပါပဲ။ 🔳 ဒီအရည်အသွေးဟာ ဘာကြောင့် အရေးကြီးတာလဲ။ ပထမဆုံးအနေနဲ့၊ ဒါဟာ တိုးတက်သင်ယူမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။ ကိုယ်အရာအားလုံးကို သိပြီးသားလို့ ထင်နေတဲ့သူတစ်ယောက်အတွက် အသစ်သင်ယူစရာ ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။ “ငါမသိသေးဘူး” ဆိုတဲ့ အတွေးကသာ ကျွန်တော်တို့ကို စာအုပ်တွေဖတ်စေတယ်၊ မေးခွန်းတွေမေးစေတယ်၊ သူများပြောတာကို နားထောင်စေတယ်။ ကိုယ့်အမှားကို ဝန်ခံလိုက်တဲ့အခါတိုင်း၊ အမှန်တရားနဲ့ တစ်လှမ်းပိုနီးစပ်သွားပြီး ကိုယ်ရည်ကိုယ်သွေးလည်း ပိုရင့်ကျက်လာပါတယ်။ ဒုတိယအချက်က၊လူမှုဆက်ဆံရေးတွေကို ပိုကောင်းမွန်စေပါတယ်။ ကိုယ့်အမြင်ကသာ အမြဲမှန်တယ်လို့ တစ်ထစ်ချစွဲကိုင်ထားသူတွေနဲ့ ဘယ်သူမှ စကားမပြောချင်ကြပါဘူး။ သူတို့ဟာ အနိုင်ယူဖို့ပဲ စကားပြောကြပြီး၊ နားလည်ဖို့ နားမထောင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်အမြင် မှားနိုင်ကြောင်း လက်ခံထားသူတစ်ယောက်ဟာ တခြားသူရဲ့အမြင်ကို ပိုပြီးလေးလေးစားစား နားထောင်တတ်တယ်။ အပြန်အလှန်လေးစားမှုရှိတဲ့ ဆွေးနွေးပွဲတွေ ဖန်တီးနိုင်ပြီး ပိုခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပါတယ်။ 🔳 လူတစ်ယောက်မှာ ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု ရှိ၊ မရှိကို သူစကားပြောပုံနဲ့ ခွဲခြားသိနိုင်ပါတယ်။ ပညာမောက်မာနေသူတစ်ယောက်ဟာ “ဒါကတော့ ဒီလိုပဲရှိတယ်”၊ “ခင်ဗျားတို့ ဘာမှနားမလည်ပါဘူး” ဆိုတဲ့ စကားလုံးတွေကို သုံးလေ့ရှိတယ်။ သူနဲ့အမြင်မတူသူကို အသိဉာဏ်နိမ့်ကျသူအဖြစ် ရှုမြင်တတ်တယ်။ ပညာဉာဏ်နှိမ့်ချမှုရှိသူကတော့ “ကျွန်တော်နားလည်သလောက်တော့…”၊ “ဒီအချက်ကရော ဘယ်လိုဖြစ်နိုင်မလဲ”၊ “ခင်ဗျားအမြင်ကို ကျွန်တော်ပိုနားလည်အောင် ရှင်းပြပေးလို့ရမလား” ဆိုတဲ့ စကားလုံးတွေကို သုံးပါတယ်။ သူဟာ အမြင်မတူတာကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအဖြစ် မမြင်ဘဲ၊ သင်ယူခွင့်ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါတယ်။ 🔳 ဒီအရည်အသွေးကို မွေးမြူဖို့အတွက် ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လေ့ကျင့်နိုင်တဲ့အရာတွေ ရှိပါတယ်။ “ကျွန်တော် မသိဘူး” လို့ ပြောကြည့်ပါ - မသိတဲ့ကိစ္စကို သိချင်ယောင်ဆောင်နေတာထက်၊ ရိုးသားစွာဝန်ခံလိုက်ခြင်းက သင့်ကို ပိုပြီးလေးစားမှုရစေပါတယ်။ ကိုယ့်အမြင်နဲ့ ဆန့်ကျင်တဲ့အရာတွေကို တမင် ရှာဖွေဖတ်ရှုပါ - ကိုယ်ယုံကြည်ရာကိုပဲ ထပ်ခါထပ်ခါ အတည်ပြုပေးနေတဲ့ အသိုင်းအဝိုင်း (Echo Chamber) ထဲကနေ ရဲရဲဝံ့ဝံ့ထွက်ပါ။ နားထောင်ခြင်းကို လေ့ကျင့်ပါ - ပြန်ပြောဖို့အတွက် နားထောင်တာမဟုတ်ဘဲ၊ တကယ်နားလည်ဖို့အတွက် နားထောင်ကြည့်ပါ။ ကိုယ့်အထင်အမြင်နဲ့ ကိုယ့်ရဲ့တန်ဖိုးကို ခွဲခြားထားပါ - သင့်အမြင်တစ်ခုမှားသွားတာဟာ သင်ဟာလူညံ့တစ်ယောက်ဖြစ်သွားတာ မဟုတ်ပါဘူး။ သင်ဟာ အသိတစ်ခုတိုးသွားတဲ့ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်သွားတာပါ။ 🔳 အသိဉာဏ်နဲ့ပြည့်စုံခြင်းဆိုတာ အဖြေမှန်တွေအားလုံးကို သိနေခြင်းမဟုတ်ပါဘူး။ ကိုယ်မသိသေးတာတွေ အများကြီးရှိနေသေးကြောင်း လက်ခံပြီး၊ အမြဲတမ်း မေးခွန်းထုတ်သင်ယူလိုစိတ် ရှိနေခြင်းသာ ဖြစ်ပါတယ်။ “ငါမှန်တယ်” ဆိုတဲ့ မာနတရားကို ခဏဘေးဖယ်ပြီး “ငါဘာတွေ သင်ယူနိုင်သေးလဲ” ဆိုတဲ့ နှိမ့်ချတဲ့စိတ်ကို မွေးမြူနိုင်တဲ့အခါ၊ ကျွန်တော်တို့ဟာ ပိုပြီးပညာကြွယ်ဝတဲ့၊ ပိုပြီးစိတ်ဓာတ်ခိုင်မာတဲ့၊ ပိုပြီးလူသားဆန်တဲ့ လူတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ #သုခကျော်

ကျွန်တော့ဆီမှာ App Premium တွေကိုလာ၀ယ်ယူလို့ပါတယ်။ Express Vpn Share (1 device ပဲရ) 1 month - 6000 6 months - 22000 1 year - 40000 2 years - 55000 3 years - 70000 Private (3-5 devices ထိသုံးလို့ရ) 1 month - 15000 6 months - 40000 1 year - 60000 2 years - 90000 3 years - 140000 Chatgpt Plus 1 month - 13000 (share) 1 month - 30000 (private) 1 year - 60000 (share) Google Gemini 1 year - 20000 (share) 1 year - 50000 (private) Alight Motion Premium 1year - 5000 (share) 1year - 8000 (private) Capcut Pro 1 month - 8000 (share) 6 months - 35000 (share) 1 month - 15000 (private) 6 months - 85000 (private) Canva Pro 1year - 4000 (Own Mail) Wink Pro 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Meitu Pro 1 month - 13000 (share) 1 month - 22000 (private) 1 year private - 150000 Piscart Share - 10000 (1 month) Private - 21000 (1 month) Netflix 1month - 15000 (share) Spotify Family Plan (share) 2 months - 16000 3 months - 22000 6 months - 35000 12 months - 60000 Jump Jump Vpn 1 month - 17000 (share) 1 month - 27000 (private) 6 months - 115000 (private) 12 months - 160000 (private) Outline Vpn 1 month - 8000 2 months - 13000 3 months - 17000 250 gb per month
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks 1000 - 85000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) တစ်ခြားရရှိနိုင်သောအရာများ Social Boosting Service Mobile Legends Diamond ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick

Marvel မန်ယူနဲ့ RRQ ကိုအားပေးတာ ကျပ်မပြည့်တဲ့ တောသားတွေကြီးပဲ။ ဒီစကားနဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားသလား၊ ထိခိုက်သလိုဖြစ်သွားသလား၊ မခံချင်ဖြစ်သွားသလား။ တကယ်လို့ဖြစ်သွားတယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင် Ragebait လုပ်တာခံလိုက်ရပါပြီ။ Ragebait ဆိုတာဘာလဲ.....? Social Media ပေါ်မှာ တော်တော်များများ တွေ့ဖူးကြလောက်တဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ တကယ်တမ်း Ragebait ဆိုတာကကော ဘာကိုဆိုတာလဲ။ ဘာအတွက် သုံးကြတာလဲ။ Ragebait မှာ Rage ဆိုတာ ဒေါသ၊ Bait ဆိုတာက ငါးစာ၊ ဆွဲဆောင်တာ၊ မြှားတာလို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ခုပေါင်းလိုက်ရင် ‌တစ်ဖက်ကို ဒေါသထွက်စေဖို့၊ မခံချင်ဖြစ်စေဖို့၊ မကျေနပ်ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိမြှားဖို့ ပြုလုပ်ထားတဲ့အရာလို့ ခေါ်နိုင်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တစ်ဖက်လူကို စိတ်ဆိုးဒေါသထွက်စေဖို့၊ မကျေမနပ်ဖြစ်စေဖို့၊ ဆူဆူပူပူတုံ့ပြန်စေဖို့ပဲ ဖြစ်တယ်။ များသောအားဖြင့်တော့ ဒါမျိုးကို Content Creator တွေအသုံးပြုကြတာများပါတယ်။ အငြင်းပွားဖွယ်ရာအကြောင်းအရာတွေ၊ တမင်တကာအမှားလုပ်တာတွေ၊ မမှန်တဲ့အချက်အလက်တွေ၊ Clickbait တွေ။ ဥပမာ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီး Blame Post တင်တာ၊ အမျိုးသားတွေကို ပုတ်ခတ်ပြီး Post တင်တာ။ ဒါမျိုးတွေကို Content တစ်ခု‌အနေနဲ့ အသုံးချတာက လူတွေကိုပိုပြီး ဆူပူစေ၊ တုံ့ပြန်စေပါတယ်။ ဒီလိုမျိုးတွေဖြစ်တော့ အဲ့ဒီ Content ကလဲ Engagement တွေ၊ View တွေပိုရတယ်။ Social Media Platform တွေရဲ့ Algorithm သဘောတရားကလဲ ဒီလိုမျိုး Engagement များတာတွေကို Viral ပိုဖြစ်စေတာကြောင့် Creator တွေအ‌နေနဲ့ ပိုက်ဆံပိုရတာပေါ့။ မြန်မာမှုဆို အဆဲတောင်းတာ‌ပေါ့။ ဒါကြောင့်မို့ Ragebait ကို Content Creator တွေက အများဆုံးသုံးတတ်ကြတယ်။ နောက်အချက်တွေကတော့ အာရုံစိုက်မှုရချင်တာနဲ့ စိတ်ကျေနပ်မှုရချင်တာပါ။ ဒါကတော့ သာမန်လူတွေရဲ့ Comment တွေ၊ Post တွေက အများဆုံးဖြစ်ပါတယ်။ ဥပမာ Celebrity တစ်ဦ့းအကြောင်း မကောင်းပြောပြီး သူရဲ့ Fan တွေကို တမင်ဒေါသထွက်အောင် စတာမျိုး။ ဘောလုံးအသင်းတစ်သင်းအကြောင်း မကောင်းပြောတာ၊ စတာမျိုးလုပ်ပြီး Fan တွေကို တမင်ဆူပူလာအောင် လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ Ragebait ရဲ့ဥပမာတွေပါ။ Ragebait ကိုက ဒီလိုမျိုးနယ်ပယ်တွေအပြင် အမျိုးမျိုးသော အရေးတွေမှာလဲ အသုံးပြုတတ်ကြပါတယ်။ အဓိကကတော့ ဆူပူစေ၊ တုံ့ပြန်စေ၊ အာရုံစိုက်မှုရချင်တာတွေကြောင့်ပါပဲ။ (တစ်ချို့ကျတော့လဲ Ragebait လုပ်တာမဟုတ်ပဲ တကယ်ကိုရူးနေတဲ့သူတွေလဲ ရှိကြပါတယ်။ နောက်ပြီး ဒေါသထွက်စေတဲ့အရာတိုင်းကိုလဲ Ragebait လို့မပြောနိုင်ပါဘူး။ လူသားတွေဖြစ်သည့်အလျောက် Ragebait မဟုတ်တဲ့အရာတွေအပေါ်မှာလဲ ဒေါသထွက်တတ်တာမို့ပါ) ဆိုတော့အားလုံးပဲ ရှင်းရှင်းလင်းလင်း သိလောက်ကြပြီမို့ Ragebait လုပ်တာကို သတိထားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Just for Knowledge

ကောင်မလေးတွေ ကိုယ့်ကိုတကယ်မချစ်တဲ့အခါ ပြတတ်တဲ့အချက်များ ( 1 ) စကားပြောရင် စိတ်မပါသလိုဖြစ်တယ်။ ကိုယ်နဲ့အပြင်မှာတွေ့ရင် သူလုပ်ချင်တာသူလုပ်နေမယ် (ဖုန်းသုံးနေတာတို့ဘာတို့)၊ ကိုယ်စကားပြောရင်လဲ အဖက်မလုပ်ပဲနေမယ်၊ Text ရင်လဲ Reply တွေကြာမယ်၊ ခနပေါ်လာလိုက်၊ အကြာကြီးပျောက်သွားလိုက်ဖြစ်နေမယ်၊ စကားတွေကိုလဲ တအားတိုတိုတွေ ပြောလိမ့်မယ်( အမြဲကိုယ်ကမေးတာလောက်ကိုပဲ ပြန်ဖြေနေတာမျိုး) ( 2 ) ကိုယ့်ကိုပြဿနာရှာလိမ့်မယ်။ ပြဿနာရှာတယ်ဆိုတာ ကိုယ့်ကိုစိတ်ဆိုးတာတို့၊ စိတ်ပူတာတို့၊ ကိုယ်မှားတာတို့ကြောင့် မဟုတ်ပဲ ကိုယ့်ကိုအကြောင်းမဲ့ စိတ်မရှည်သလို၊ ကြည့်မရသလို အချိန်ပြည့် ပြဿနာရှာပြီး ဘာဖြစ်တာကိုလဲမပြော၊ ဖြေရှင်းဖို့ကိုလဲ မလိုလားပဲ “ထားလိုက်တော့” ဆိုတဲ့ပုံစံမျိုးဖြစ်တယ်။ တကယ်ကကိုယ့်ကို စိတ်ကုန်နေလို့ပါ။ ( 3 ) အမြဲတမ်းကိုယ်က သူ့အတွက် Optional ဖြစ်နေမယ်။ ဦးစားပေးတာတွေမှာ ကိုယ်ကအမြဲနောက်ရောက်နေတယ်။ ဘယ်သူနဲ့ယှဉ်ယှဉ် ကိုယ်ကသူ့အတွက် “မရှိလဲရတယ်၊ မဖြစ်လဲရတယ်၊ မသွားလဲရတယ်၊ မလာလဲရတယ်” ဆိုတဲ့ ပုံစံမျိုးဖြစ်နေမယ်။ ( 4 ) ကိုယ့်ကိုအလေးမထားတော့ဘူး။ ကိုယ်နဲ့ပတ်သတ်တဲ့အရာတွေ၊ ကိုယ်ပြောတဲ့အရာတွေကို အလေးမထား၊ မှတ်မထားတော့ဘူး၊ ကိုယ်ပြောတာတွေကို အရေးမလုပ်တော့ဘူး၊ နား‌မထောင်တော့ဘူး။ ( 5 ) ကိုယ်နဲ့ပတ်သတ်ပြီး ထုတ်မပြောချင်တော့ဘူး။ ကိုယ်ကသူ့ချစ်သူပါလို့ ဘယ်သူ့ကိုမှ ထုတ်မပြောချင်တာ (မိဘတွေ၊ လူကြီးတွေက လက်မခံတာမဟုတ်ပဲ သူကိုယ်တိုင်ကကို ထုတ်မပြောချင်တာဖြစ်တယ်)၊ ဖုံးကွယ်ထားတာ၊ ယောက်ျားလေးတွေနဲ့ ဆက်ဆံတဲ့အခါ သူ့ကိုယ်သူ Single အဖြစ်နဲ့ ဆက်ဆံတာ။ ( 6 ) ကိုယ်ကလွဲရင် တစ်ခြားသူတွေနဲ့ဆို အမြဲပျော်နေမယ်။ ကိုယ်နဲ့ဆိုအခုပြောထားတဲ့ အချက်တွေအကုန်ပြပြီး တစ်ခြားသူတွေနဲ့ကျ ဆန့်ကျင်ဘက်ဖြစ်နေတာမျိုး ဖြစ်တယ်။ In my opinion ဒီလိုမျိုးမိန်းကလေးတွေထက်ဆိုင်ရင် တကယ်မချစ်ပဲချစ်သလို ပြုမူတတ်တဲ့ မိန်းကလေးတွေ၊ ချိုချိုသာသာလေးနဲ့ လှည့်စားတတ်တဲ့ မိန်းကလေးတွေက ပိုဆိုးတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ နွားတွေကလဲ ဒါမျိုးကိုမှသာယာမိတတ်ကြပြီး Move on ရလဲ ပိုခက်စေတာမို့ပါ :D

ကိုယ့်ရဲ့အရှေ့လမ်းခရီးမှာရှိတဲ့ အနာဂတ်က ကိုယ့်ရဲ့အရင်ကအမှားတွေထက် ပိုအရေးကြီးပါတယ်။ ကျွန်‌တော်တို့လူသားတိုင်းရဲ့ ဘဝမှာ ဆုံးဖြတ်ချက်မှားတာ၊ လမ်းလွဲတာ၊ ရှုံးနိမ့်တာတွေက ရှိစမြဲဖြစ်ပါတယ်။ ဒီအရာတွေက နာကျင်ရမယ်၊ ဝန်လေးရမယ်ဆိုပေမယ့် ကိုယ့်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်မပေးပါဘူး။ လူအများစုက ‌တစ်ခုခုဖြစ်ရင် လက်ခံပီးရှေ့ဆက်ရမယ့်အစား နာကျင်စရာတွေကို စိတ်ထဲထားခံစားပြီး လက်ရှိအချိန်တွေကို ဖြုန်းပစ်တတ်ကြတယ်။ အမှားတွေဆိုတာ သင်ယူရမယ့် သင်ခန်းစာတွေပါ။ ကိုယ့်ကိုပိုပြီး ရင့်ကျက်သန်မာလာစေတာတွေပါ။ အတိတ်ကို ဆုပ်ကိုင်ထားတာက ကိုယ့်ကို အနာဂတ်အတွက် လွတ်လပ်စွာ တွေးခေါ်တတ်ဖို့၊ အာရုံစိုက်ဖို့ ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ အရင်က ဖြစ်ခဲ့တာတွေကို လက်ခံလိုက်ပါ၊ သင်ခန်းစာယူပါ။ နောက်ထပ်မဖြစ်ဖို့ ဂရုစိုက်ရင်း..... လက်ရှိနဲ့အနာဂတ်မှာ အကောင်းမွန်ဆုံး နေထိုင်ဖြတ်သန်းသွားလိုက်ပါ။

ကိုယ့်မှာကိုယ့်ကိုဒီလို ချစ်ပေးတဲ့ကောင်မလေးရှိရင်လဲ တန်ဖိုးထားကြဗျာ။ နောင်တဆိုတာ နောက်မှရတာ။ အခုလိုအရာရာက ပေါ့ပျက်ပျက်ဖြစ်လာတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ကိုလေးလေးနက်နက် ချစ်ပေးမယ့်သူဆိုတာ တော်တော်ကိုရှားနေပါပြီ။ နောက်တစ်ယောက်ချစ်ပေးမယ့်သူဆိုတာလဲ မရှိလာနိုင်တာမို့။ ရှိနေတုန်းမှာ အာရုံနောက်စရာတွေလို့မမြင်ပဲ တန်ဖိုးထားကြပါ ညီကိုတို့။ မရှိတဲ့ကောင်တွေကိုတော့ မပြောဘူး။

ကောင်မလေးတွေ အရမ်းချစ်လာရင်လုပ်ပေးတဲ့ အရာ ( 5 ) ခု မိန်းကလေးတွေရဲ့စိတ်ဆိုတာ နားလည်ရခက်တာမို့ တော်ရုံအထာ မနပ်တဲ့ ကောင်လေးတွေက ကိုယ့်ချစ်သူမိန်းကလေး ကိုယ့်ကို တကယ်ချစ်လား မချစ်ဘူးလားဆိုတာ သံသယဝင်တတ်ကြပါ တယ် ကိုယ့်ကောင်မလေးက ကိုယ့်ကိုတကယ်ချစ်မချစ်သိချင်ရင်တော့ ဒီအချက်တွေနဲ့ စစ်ဆေးကြည့်ပါ ကောင်မလေးတွေအရမ်းချစ်လာရင် ဒီအရာတွေလုပ်တတ်ပါတယ် တဲ့ ( 1 ) စကားအရမ်းများလာမယ် မိန်းကလေးတွေက အရမ်းချစ်လာရင် အချိန်တိုင်း သင်နဲ့ စကားပြောချင်နေပါလိမ့်မယ် သူ့ရဲ့တနေ့တာကိစ္စတွေ ၊ သူ့မိသားစုအကြောင်းတွေနဲ့ ရောက်တတ်ရာရာ အကြောင်းတွေ နားငြီးအောင် သင့်ကိုပြောပြ လာပါလိမ့်မယ် ( 2 ) သင့်ကိုပြုံးရယ်စေလိမ့်မယ် ဟာသပုံလေးတွေနဲ့ ဟာသ video တွေကို လိုင်းပေါ်မှာတွေ့ရင် သ င့်ကိုပို့ပေးလာမယ် သင်နဲ့စကားပြောရင် ရယ်စရာတွေ ပေါတောတောတွေပြောတတ် လာမယ် အဲဒါကလည်း သင့်ကိုရယ်မောပျော်ရွှင်စေချင်လို့ပါ ဒါဆိုရင် သူမ သင့်ကိုအရမ်းချစ်နေလို့ပါပဲ ( 3 ) စိတ်ပူတတ်လာတယ် ကောင်မလေးတွေ အရမ်းချစ်လာရင် သငျအပေါ်မှာ မိခင်တစ် ယောက်လို အရမ်းစိတ်ပူတတ်လာမှာဖြစ်ပြီး သင့်ကိုစိတ်မချ ဖြစ်လာပါလိမ့်မယ် ( 4 ) သင့်အနာဂတ်အတွက် လမ်းပြပေးမယ် မိန်းကလေးတွေက အရမ်းချစ်လာရင် သူတို့ကိုယ်တိုင်က ဘာမှ မဟုတ်ရင်တောင် သင့်ကိုအောင်မြင်စေချင်လို့ လမ်းပြပေးလာ မယ် သင့်ဘဝတိုးတက်ဖို့အတွက် သူကသင့်ကိုတတ်နိုင်သမျှ ထောက်ပံ့ ပေးပြီး အမြဲ အားပေးနေပါမယ် သင်ကဆိုးနေရင် သူကအမေတယောက်လို ဆုံးမပေးလိမ့်မယ် ( 5 ) သူ့ရဲ့အနာဂတ်အိပ်မက်တွေထဲမှာ သင့်ကိုပါထည့်သွင်းလာမယ် ကောင်မလေးတွေက တကယ်ချစ်လာရင် သင်နဲ့စကားပြောတဲ့ အချိန်တွေမှာ သူ့ရဲ့အနာဂတ်အိပ်မက်တွေ စိတ်ကူးတွေကို သင့်ကို ပြောပြလာပါလိမ့်မယ် သူပြောပြတဲ့ သူ့ရဲ့အနာဂတ်စိတ်ကူးအိပ်မက်တွေထဲမှာ အမြဲတမ်း သင်ပါနေမှာပါ ဒါဆိုရင်တော့ ကောင်မလေးက သင့်ကိုအရမ်းချစ်ပြီး တစ်ဘဝလုံး စာအတွက်ရည်ရွယ်ထားလို့ပါ ဒီလိုမိန်းကလေးမျိုးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရင်လည်း တန်ဖိုးထားပါနော် ကောင်မလေးတောင်မရှိပဲ ဖတ်ကြပြန်ပြီ #Crd

Habits for better Vision.pdf6.03 MB

𝙃𝙖𝙗𝙞𝙩𝙨 𝙁𝙤𝙧 𝘽𝙚𝙩𝙩𝙚𝙧 𝙑𝙞𝙨𝙞𝙤𝙣📚
𝙃𝙖𝙗𝙞𝙩𝙨 𝙁𝙤𝙧 𝘽𝙚𝙩𝙩𝙚𝙧 𝙑𝙞𝙨𝙞𝙤𝙣📚

ဗဟုသုတတွေတင်လိုက် ပေါက်ကရတွေတင်လိုက်မို့ Admin ကိုစိတ်မနှံ့ဘူးလို့ မထင်ကြပါနဲ့ဗျာ။ ဟုတ်ပါတယ်။ စိတ်မနှံ့တာပါ။ နောက်လဲတင်အုံးမှာပါ။