en
Feedback
THE DIFFERENT NORMIES

THE DIFFERENT NORMIES

Open in Telegram

Admin Account - @pthenextgen

Show more

📈 Analytical overview of Telegram channel THE DIFFERENT NORMIES

Channel THE DIFFERENT NORMIES (@moralepatch) in the Burmese language segment is an active participant. Currently, the community unites 15 200 subscribers, ranking 13 721 in the Education category and 7 622 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 200 subscribers.

According to the latest data from 01 January, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -208 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.68%. Within the first 24 hours after publication, content typically collects 3.24% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 776 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 62.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Admin Account - @pthenextgen”

Thanks to the high frequency of updates (latest data received on 18 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

15 200
Subscribers
No data24 hours
-417 days
-20830 days
Posts Archive
Are there still any old members in this channel? 👀

လမ်းခွဲမှုတိုင်းက ကိုယ့်ကိုနာကျင်စေမှာ မဟုတ်ပါဘူး။ တစ်ချို့သောလမ်းခွဲမှုတွေက ကိုယ့်ကိုလွတ်မြောက်သွားစေတာပါ။ နှစ်ရှည်လများခံစားခဲ့ရတဲ့ နာကျင်စရာတွေ၊ စိတ်ပင်ပန်းစရာတွေကနေ လွတ်မြောက်သွားတာပါ၊ ပြီးဆုံးသွားတာပါ။ ဘယ်လောက်ပဲနာကျင်ရ သံယောဇဉ်တွေကြောင့် ဆွဲထားမိတတ်ကြတယ်။ ဘယ်လောက်ပဲစိတ်ပင်ပန်းရ အမှတ်တရတွေကြောင့် ရှေ့ဆက်ဖို့ကြိုးစားမိကြတယ်။ ဒါပေမယ့် ဘယ်လောက်ပဲကိုယ်ကြိုးစားပါစေ အဆင်မပြေ၊ ပြောင်းလဲမှုမရှိရင်တော့ အဲ့ဒီဆက်ဆံရေးက ပြီးဆုံးသွားခဲ့ပါပြီ။ လမ်းခွဲလို့နာကျင်ရမှာကို မကြောက်ပါနဲ့။ တစ်ချို့သောလမ်းခွဲမှုတွေက ကိုယ်အခုလက်ရှိနာကျင်နေရတာထက်ပိုပြီး ကိုယ့်ကိုနာကျင်စေမှာ မဟုတ်တာမို့ပါ။

သိက္ခာရှိရှိ move on ပါ။ Move on တယ်ဆိုတာ အစားထိုးတာမဟုတ်ပါဘူး။ ဘာလို့ဒါပြောရလဲ ဆိုတော့ “ရည်းစားအသစ်ရသွားတိုင်း Move on လုပ်နိုင်ပြီ လို့ သတ်မှတ်လို့မရပါဘူး”။ ရည်းစားအသစ်ရသွားတာတစ်ခုနဲ့ သူ Move on နိုင်သွားပြီလို့ မထင်ပါနဲ့။ ဟိုလူနဲ့ပြတ်သွားပြီ၊ အခုကိုယ်နဲ့တွဲနေတယ် ချစ်နေတယ် ဆိုပြီး အချစ်ခံရတယ်ဆိုပြီး ဝမ်းသာမစောပါနဲ့။ လောလောလတ်လတ်ဒဏ်ရာကို ရတဲ့နည်းတဲ့ ကုစားတာလည်း ဖြစ်နိုင်ပါတယ်။ Move on တယ်ဆိုတာက အစားထိုးတာမဟုတ်ပါဘူး။ Move on နိုင်ဖို့ အသစ်နဲ့ အစားထိုးတယ် ဆိုရင် အရမ်းမှားပါတယ်။ ဒါကြောင့်မို့ “အရင်လူပြန်လာ” တာတို့၊ “အစကတည်းက မချစ်ခဲ့တာတို့” “အရင်လူဆီကိုပဲ ပြန်သွားတာတို့” ဆိုတာမျိုးတွေ ရှိကြတာပေါ့။ အဲ့ဒီအခါ ကစားခံရတဲ့သူ အစားထိုးခံရတဲ့သူဘက်က အရမ်း နာကျင်ရပါတယ်။ Move on မနိုင်သေးဘဲ ခဏတာသက်သာဖို့ လူတစ်ယောက်ရဲ့ နှလုံးသားကို မကစားပါနဲ့။ ကိုယ်တိုင် အဆင်သင့်ပြန်ဖြစ်မှ၊ နေသားကျမှ လူအသစ်တစ်ယောက်ကို ဆက်ကြိုးစားပါ။ ငါနေနိုင်သွားပြီ Move onနိုင်ပြီဆိုတာ ပြဖို့ ရတဲ့လူနဲ့ ကောက်မတွဲပါနဲ့။ နောက်ထပ်လူတစ်ယောက်ကို ထပ်ချစ်ဖို့ အဆင်သင့်မဖြစ်သေးရင် တစ်ယောက်တည်းနေထိုင်ပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ ဒါဟာ အသန့်ဆုံး Move on တာပါ။ တကယ်တော့ Move on တယ်ဆိုတာ အတိတ်က ခံစားချက်တွေကို ထားခဲ့နိုင်ခြင်း၊ ဖြတ်တောက်နိုင်ခြင်း ဖြစ်ပါတယ်။ တိုက်ဆိုင်လို့ သတိရရင်‌တောင် ဘာခံစားချက်မှ မရှိတော့ခြင်းပါ။ တစ်စုံတစ်ယောက်ကို မသိစိတ်က မျှော်နေတယ်၊ ပြန်လိုချင်သေးတယ် ဆိုရင် သင်ဟာ Move on မနိုင်သေးပါဘူးလို့ ယူဆလို့ရပါတယ်။ KNP #Crd

မြီရှင်ဟောင်း ပုဗ္ဗေ အာဒိန္နကံ မြီရှင်၊ ဣဒါနိ ပဋိဒါတုကာမော။ မေတ္တာမုခေန ဥပသင်္ကမိတွာ၊ သဗ္ဗံ သုခံ အာဒါယ ဂစ္ဆတိ။ အဓိပ္ပာယ် အတိတ်ဘဝ (ပုဗ္ဗေ) က အကြွေးရှင် (မြီရှင်) သည်၊ ယခုဘဝ (ဣဒါနိ) ၌ အကြွေးကို ပြန်တောင်းယူလို၏ (ပဋိဒါတုကာမော)။ မေတ္တာတရား (မေတ္တာ) ကို မျက်နှာဖုံး (မုခေန) ဖြင့် ချဉ်းကပ်လာပြီးနောက် (ဥပသင်္ကမိတွာ)၊ မိမိ၏ ချမ်းသာသုခအားလုံး (သဗ္ဗံ သုခံ) ကို ယူဆောင်၍ (အာဒါယ) ထွက်သွားလေ၏ (ဂစ္ဆတိ)။ မမြင်နိုင်သော လှံ ဒိဿတိ မာနုသော ကာယော၊ န ဒိဿတိ တဿ ပုညကမ္မံ။ ကမ္မနိယာမော အစိန္တေယျော၊ ယံ ပီယံ၊ တံ ဝိယောဂါယေဝ။" အဓိပ္ပာယ် ထိုလူ၏ ကိုယ်ခန္ဓာ (မာနုသော ကာယော) ကိုကား မြင်နိုင်၏ (ဒိဿတိ)။ သူ၏ (နောက်ကွယ်မှ) ကံတရား (ပုညကမ္မံ) ကိုကား မမြင်နိုင် (န ဒိဿတိ)။ ကံတရား၏ စီရင်မှု (ကမ္မနိယာမော) သည် အလွန် နက်နဲလှ၏ (အစိန္တေယျော)။ အကြင်သူသည် အလွန်ချစ်မြတ်နိုးရ၏ (ယံ ပီယံ)၊ ထိုသူသည် (ကံကုန်လျှင်) ကွေကွင်းရန် (တံ ဝိယောဂါယေဝ) သက်သက်သာဖြစ်တော့သည်။ #Vann

ရာသီခွင် ဆယ့်နှစ်မျိုးမှာ ဘယ်ရာသီခွင်တွေက အချစ်တတ်ဆုံးလဲ? #Vann

App Premium တွေ Pro Version တွေကို ယုံကြည်စိတ်ချစွာလာ၀ယ်ယူလို့ရပါတယ်။ Telegram Premium Telegram Stars Express Vpn Chatgpt Plu
App Premium တွေ Pro Version တွေကို ယုံကြည်စိတ်ချစွာလာ၀ယ်ယူလို့ရပါတယ်။ Telegram Premium Telegram Stars Express Vpn Chatgpt Plus Google Gemini Alight Motion Premium Capcut Pro Canva Pro Wink Pro Meitu Pro Piscart Netflix Spotify Jump Jump Vpn Outline Vpn Social Boosting Service Mobile Legends Diamond ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick

လူတိုင်းကြိုက်ဖို့မလိုဘူး📚 ဖတ်ရန်⬇️ https://t.me/steventdn/361
လူတိုင်းကြိုက်ဖို့မလိုဘူး📚 ဖတ်ရန်⬇️ https://t.me/steventdn/361

ဘဲမှာ နောက်ကောင်မလေးရှိမရှိ စမ်းသပ်နည်း ကိုကိုနော် နောက်ရည်းစားရနေတာလား လို့မေးကြည့်ပါ။ မင်းက ငါ့ကိုဘယ်လိုကောင်စားမျိုးထင်လို့လဲဆိုပြီး ဝူးဝါးဝူးဝါးလုပ်နေရင် သေချာပေါက် နောက်ရည်းစားရနေပါပြီ။ မိသွားလို့ ဒေါသထွက်နေတာပါ။ ပြဿနာလာရှာနေပြန်ပြီလို့ စိတ်ပျက်တဲ့အသံနဲ့ ပြောရင်တော့ နောက်ရည်းစားနဲ့ပါ။ သင့်ကို ဖြတ်ချင်လို့ ရန်ဖြစ်အောင် ဥာဏ်ဆင်နေတာပါ။ ဟား...ရစရာလား သဲကိုပဲချစ်တာလို့ ဖြေရင်တော့ နောက်ရည်းစားရတာ မကြာသေးပါဘူး။ သင်သိသွားမှာစိုးလို့ အချိုသပ်နေတာပါ။ ဘာမှပြန်မဖြေရင်တော့ ကွန်ဂရက်ကျူလေးရှင်းပါ သင့်ဘဲမှာ နောက်ရည်းစားမရှိသေးပါဘူး။ ဘာလို့ဆို သင့်မှာ မေးစရာဘဲကို မရှိလို့ပါ" #credit

မကောင်းတဲ့စိတ်ရှိတာနဲ့ မကောင်းတဲ့စိတ်အတိုင်း လိုက်လုပ်တာနဲ့ကမတူပါဘူး။ မကောင်းတဲ့စိတ်ဆိုတာ လူတိုင်းနီးပါးမှာ ရှိကြတဲ့စိတ်ပါ။ လူသားတိုင်းမှာ မကောင်းတဲ့အတွေးတွေ၊ မနာလိုစိတ်တွေစသဖြင့် ပေါ်လာတတ်ပါတယ်။ ဒါက သဘာဝကျပါတယ်။ တစ်ခုစဉ်းစားရမှာက ဒီအတွေးတွေကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါပဲ။ အဓိကကွာခြားချက်က - စိတ်ထဲမှာ အတွေးပေါ်လာခြင်း - ဒါက လူ့သဘာဝပါ အဲဒီအတွေးကို လက်တွေ့လုပ်ဆောင်ခြင်း - ဒါကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပါ လူကောင်းတွေတောင် မကောင်းတဲ့အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒါပေမယ့် သူတို့က ဒီအတွေးတွေကို သတိထားမိပြီး ထိန်းချုပ်ရွေးချယ်နိုင်ကြတာကြောင့်ပါ။ ဘာကအဓိကကျသွားလဲဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု၊ သတိတရားနဲ့ ကိုယ်ကျင့်တရား ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ကို မကောင်းတဲ့အတိုင်းလုပ်တတ်ကြသူတွေမှာ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှု၊ သတိတရား၊ ကိုယ်ကျင့်တရားဆိုတာ မရှိကြပါဘူး။

ယောက်ျားတိုင်းရဲ့ဘ၀မှာ ဒီလိုတစ်ယောက်လောက်တော့ ရှိခဲ့ကြဖူးမှာပါ။
ယောက်ျားတိုင်းရဲ့ဘ၀မှာ ဒီလိုတစ်ယောက်လောက်တော့ ရှိခဲ့ကြဖူးမှာပါ။

သူကတော့ ပြန်မလာခဲ့ပေမဲ့ လိုင်းကတော့ သေချာပေါက် ပြန်လာမှာပါ။

ဂျပန်စကားပုံတစ်ခုရှိတယ် - လူတိုင်းမှာ မျက်နှာသုံးမျိုး ရှိကြသတဲ့။ ပထမမျက်နှာက လူအများကို ပြတဲ့မျက်နှာ။ ပြုံးရယ်နေတာ။ ထွေရာလေး
ဂျပန်စကားပုံတစ်ခုရှိတယ် - လူတိုင်းမှာ မျက်နှာသုံးမျိုး ရှိကြသတဲ့။ ပထမမျက်နှာက လူအများကို ပြတဲ့မျက်နှာ။ ပြုံးရယ်နေတာ။ ထွေရာလေးပါး စကားလေးပြောတာ။ ဘဝကို ပိုမိုလွယ်ကူစေမယ့် မျက်နှာ။ ဒုတိယမျက်နှာက ရင်းနှီးသူတွေနဲ့ မိသားစုက မြင်ကြရတဲ့မျက်နှာ။ အားနည်းချက်လေးတွေ။ စစ်မှန်တဲ့ ရယ်မောခြင်း။ ယုံကြည်ရသူတွေနဲ့ပဲ မျှဝေတဲ့ ရိုးသားမှု။ တတိယမျက်နှာကတော့ သင်တစ်ယောက်တည်းသာ ပိုင်တဲ့မျက်နှာ။ ဘယ်တော့မှ ထုတ်မပြောဖြစ်တဲ့ အတွေးတွေ။ တိတ်ဆိတ်စွာ ရှိနေတဲ့ ခံစားချက်တွေ။ သူများ ကြည့်နေပြီဆိုတာနဲ့ ပျောက်သွားတဲ့ မျက်နှာ။ #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း

I'll leave the rest to you soldiers...
I'll leave the rest to you soldiers...

လူငယ်တိုင်း သိထားသင့်တဲ့ အချက်များ (၁) ပိုင်ရှင်ရှိတဲ့သူကို ရှောင်ပါ။ (၂) ကိုယ့်တန်ဖိုးကို နားလည်တဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ။ (၃) ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားအောင် အထူးဂရုစိုက်ပါ။ (၄) ကံနိမ့်သလို ခံစားရတဲ့အခါ ကောင်းမှုကုသိုလ်တွေနဲ့ ပြန်လည် မြှင့်တင်ပါ။ (၅) လူတစ်ယောက်ကို သတိရတဲ့အခါ တိမ်တွေကိုသာ ငေးကြည့် ပါ။ (၆) အတုအယောင်တွေ ပေါတဲ့ခေတ်မှာ ကိုယ့်အပေါ် အများကြီး ကောင်းပေးနေတဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားပါ။ (၇) လူတစ်ယောက်ကို တစ်ခါ Blameမယ့်အစား အားပေးစကား တစ်ခါ ပြောပေးပါ။ သော်တာမင်း #credit

ချစ်သူသက်တမ်းကြာလာတဲ့အခါမှ နားလည်လာနိုင်မယ့် လူသိနည်း လျှို့ဝှက်ချက် (၅) ခု လူ့အကြောင်း ပေါင်းကြည့်မှသိဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်ကွဲခါစမှာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိနိုင်ပါဘူး။ ဒါပေမယ့် တွဲလာတဲ့နှစ်တွေကြာလာပြီး ချစ်သူသက်တမ်းကြာလာတဲ့အခါမှာတော့ ကိုယ့်ရဲ့အကျင့်စရိုက်တွေအားလုံး ပေါ်လာတော့တာပါပဲ။ ဒီအခါလက်ခံနိုင်တဲ့သူတွေက ဆက်တွဲကြပေမယ့် လက်မခံနိုင်တဲ့သူတွေကတော့ လမ်းခွဲကြပါတယ်။ ဘာတွေလဲဆိုတာ ကျွန်တော်ပြောပြပေးမယ်။ (၁) ကိုယ်ထင်ထားသလောက်မဟုတ်ဘူး စချစ်တုန်းကချစ်တဲ့စိတ်ကြောင့် ချစ်သူကို ကမ္ဘာပေါ်မှာ အလှဆုံး၊ အတော်ဆုံး၊ အကောင်းဆုံးလို့ ထင်တတ်ကြပေမယ့် တွဲလာတဲ့ သက်တမ်းကြာလာတဲ့အခါ ချစ်သူဟာ ကိုယ်ထင်ထားသလောက်ကြီးလည်း မဟုတ်မှန်း သိလာရမှာပါ။ တချို့က ဒီအရာကိုလက်ခံပြီး ဆက်တွဲကြတယ်။ တချို့ကျတော့ အပြစ်မြင်လာပြီး လမ်းခွဲကြတယ်။ (၂) မပြည့်စုံဘူး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်လျှို့ဝှက်ချက်တွေ တစ်ယောက်က သိလာမယ်။ တစ်ယောက်အကြောင်း တစ်ယောက် ရှင်းရှင်းလင်းလင်း သိလာကြမယ်။ ဒီအခါမှာ ချစ်သူရဲ့ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို အများကြီး တွေ့မြင်လာရမယ်။ (၃) ပြင်လို့မရဘူး ချစ်သူကို စတွဲကတည်းက ပြုပြင်ဖို့ ကြိုးစားခဲ့တယ်။ တွဲတာ နှစ်တွေကြာသွားလည်း တချို့အကျင့်တွေကို ပြင်ပေးလို့ မရလို့ လက်မြှောက်ထားလိုက်တော့တယ်။ ကိုယ်မကြိုက်တဲ့ အရာတချို့ သူလုပ်နေတာသိလည်း ပြင်ပေးဖို့ မကြိုးစားနေတော့ဘူး။ အကြောင်းကတော့ ဘယ်လောက်ပြင်ပြင် တချို့အကျင့်တွေက ပြောင်းလဲမသွားနိုင်ဘူး ဆိုတာကို သဘောပေါက်သွားကြလို့ပါ။ (၄) စိတ်ကောက်ချိန်နည်းလာမယ် ရည်းစား စဖြစ်တုန်းကသာ ရန်ဖြစ်ပြီးရင် အကြာကြီးစိတ်ကောက်တာ၊ ချစ်သူသက်တမ်း ကြာလာတဲ့အခါ ရန်တော့ဖြစ်တယ်၊ ဒါပေမယ့် အကြာကြီး စိတ်ကောက်မနေတော့ဘူး။ အကြောင်းကတော့ စိတ်ကောက်နေလို့ ပြသနာက မပြေလည်သွားတဲ့အပြင် အရင်လို စိတ်ရှည်ရှည်နဲ့ အချော့မခံရတော့ဘူး ဆိုတာ ကောင်းကောင်းသိသွားပါပြီ။ အချစ်ပေါ့သွားတာတော့မဟုတ်ပေမယ့် စိတ်ကောက်တာကို ချော့ရတာ အရမ်းကို စိတ်ပျက်စရာကောင်းလို့ပါ။ (၅) လက်ခံနိုင်သွားတယ် ချစ်သူရဲ့ အကျင့်ဆိုးတွေကိုသိသွားတယ်၊ အတိတ်ကအကြောင်းတွေ သိတယ်၊ ကိုယ့်ကို အကြိမ်ကြိမ်နာကျင်စေလည်း လမ်းမခွဲကြဘူး။ အကြောင်းကတော့ သူ့ကို အရမ်းချစ်လို့ သူ့ရဲ့ မကောင်းတာတွေ အားလုံးကို လက်ခံနိုင်သွားတာပါ။ သူဟာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် သူမရှိရင် ကိုယ့်ဘဝ မပြည့်စုံနိုင်တော့မှန်း နားလည်သွားလို့ သူ့ကို အရှိအတိုင်းလက်ခံပေးနိုင် သွားတာဖြစ်တယ်။ #Crd

အိပ်ခံနီးလေး
အိပ်ခံနီးလေး

အာဂယောက်ျား📚 ဖတ်ရန် https://t.me/steventdn/353
အာဂယောက်ျား📚 ဖတ်ရန် https://t.me/steventdn/353

ဘယ်လိုလူကို အမုန်းဆုံးလဲ😟 1. Argumentative : အငြင်းသန်သော။ He is so argumentative. 🤨 2. Slacker : ရေသာခိုတဲ့သူ။ (တစ်ခုခုလုပ်ဖို့ ခိုကပ်တဲ့သူ) 3. Sloppy : ဖြစ်ကတတ်ဆန်းနိုင်သော/ ပေါ့ပေါ့တန်တန်လုပ်သော။ 4. A sloppy worker : ဖြစ်ကတတ်ဆန်းလုပ်တတ်တဲ့ အလုပ်သမား။ 5. Shirker : ခေါင်းရှောင်တဲ့သူ (တာဝန်မယူတတ်သူ) 6. Layabout : လက်ကြောမတင်းသူ၊ ငပျင်း။ 7. Flake : တစ်ခုခုဆို အနီးကပ်မှ cancel တတ်သူ။ (လာမယ်ပြောပြီး အနီးကပ်မှ ပျောက်သွားသူ / လုပ်ပေးမယ်ပြောပြီး ဘယ်ရောက်သွားမှန်းမသိသူ) 8. Hardworking : အလုပ်ကြိုးစားသော။ 9. Diligent : လုံ့လ ဝီရိယရှိသော။ 10. A diligent student : ဝီရိယရှိသော ကျောင်းသား။ Crd - Learn English with Pandora

ရင့်ကျက်စွာချစ်ပါ လူတစ်ယောက်ကိုချစ်မိတာနဲ့ သူ့ရဲ့နေမှုထိုင်မှုတွေးခေါ်မှုတွေကို မထိန်းချုပ်ချင်ပါနဲ့ သင်နဲ့မတွေ့ခင်ထဲက သူ့မှာအသားကျနေပြီဖြစ်တဲ့ အမူအကျင့်တွေ ရှိပြီးသားဖြစ်ပါတယ် ဒါကိုချက်ချင်းပြင်ဖို့ဆိုတာ တော်ရုံမဖြစ်နိုင်တဲ့ကိစ္စပါ သင်ကရော သင့်အမူအကျင့်တွေ သင့်တွေးခေါ်ပုံတွေကိုပြင်ပြီးပြီလား? ပြင်မှာလား? ငါကပြင်စရာမလိုဘူးဆိုရင်တော့ သင်ဟာအတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ (●ကိုယ်ချင်းစာပြီးချစ်ပါ)🍁🍁 ကိုယ်ချင်းစာစိတ်ဟာ နေရာတိုင်းမှာအရေးကြီးပါတယ်။ 'နင့်ကမ္ဘာမှာ ငါပဲရှိရမယ်'ဆိုတဲ့အတွေးနဲ့ တဖက်သားလူရဲ့မိဘတွေ ဆွေမျိုးတွေ မိတ်ဆွေသူငယ်ချင်းတွေကို အကန်တွေ လိုက်လုပ်နေခြင်းဟာ သင့်ကိုပိုချစ်လာမှာမဟုတ်တဲ့အပြင် သူလည်းတဖြေးဖြေးစိတ်ညစ်လာမှာပါ။ 'နင့်မိဘတွေထက်ငါသာတယ်' 'နင့်သူငယ်ချင်းတွေထက်ငါသာတယ်'စတဲ့ ဥစ္စာရူးဆန်ဆန် အာဏာရှင်ဆန်ဆန် အတွေးတွေဟာ သူနဲ့သူ့ပတ်ဝန်းကျင်ကြားမှာ တကယ်ကို ကျဉ်းထဲကြပ်ထဲရောက်လာစေမှာပါ ရေရှည်မှာ သင့်ကိုစိတ်ပျက်လာစေမှာပါ။ (●သူ့ကိုပျော်ရွှင်ပါစေ)🍁🍁 တကယ်ချစ်မိလာတဲ့အခါ သူပျော်ရွှင်ဖို့ကိုပဲ သင်ကဖန်တီးပေးတော့မှာပါ ဒါဟာ အပေးအယူတစ်ခုလည်းမဟုတ်သလို တပါးသူစေခိုင်းလို့လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ 'ငါကဒါလုပ်ပေးရတယ်' 'နင်ကတော့ ဒါပြန်မလုပ်ပေးဘူး'စတဲ့ Give & Take ဆန်ဆန်အယူအဆတွေဟာ အချစ်မရှိတဲ့ အတ္တသမားမှာပဲ ရှိတတ်ကြတာမျိုးပါ။ တကယ်ချစ်မိသွားရင် ကိုယ့်ကိုကိုယ်ထက် သူပျော်ရွှင်စေဖို့ကိုပဲ ခေါင်းထဲရှိတော့တာပါ ဒါကြောင့် သူပျော်ရွင်စေဖို့ တာဝန်တစ်ခုအနေနဲ့ လုပ်နေရတယ် ဆိုကတည်းက သင်တကယ်မချစ်သေးလို့ပါ။ (●သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့)🍁🍁🍁 သင့်အနေနဲ့ မကြိုက်ခင်ထဲကသေချာစဉ်းစားပါ ကြိုက်ပြီးမှ သူ့ကိုတခြားသူများနဲ့ ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့။ သူများတွေက ခန္ဓာကိုယ်လှတယ် သူများတွေက ရာထူးမြင့်တယ် သူများတွေက ချမ်းသာတယ် သူများတွေက ရုပ်ရည်ချောမောတယ် သူများတွေက ပိုနားလည်မှုရှိကြတယ် စတဲ့ နှိုင်းယှဉ်မှုတွေနဲ့သူ့ကိုမနှိုင်းယှဉ်ပါနဲ့ လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ သင့်အနေနဲ့.... Gym မှာ body လှသူကိုသွားရှာနိုင်ပါတယ် ရာထူးကြီးသူကိုချဉ်းကပ်နိုင်တယ် ချမ်းသာတဲ့သူကို ပိုင်းလုံးဝင်လုပ်လို့ရပါတယ် ချောမောသူတွေကို fb ကနေရှာဖွေနိုင်ပါတယ် ဒါကသင့်အခွင့်အရေးပါ။ ဒါပေမယ့် သူ့ကိုရွေးချယ်ပြီးပြီဆိုရင်တော့ သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့ သင်ကရော အရာရာပြည့်စုံပြီလား? (●တကယ်ချစ်မှသာချစ်ပါ)🍁🍁 ပုံလေးမြင်ရုံနဲ့ချစ်တာ စာကြောင်းတွေနဲ့ chat ဖူးရုံနဲ့ချစ်မိတာ အပြင်မှာခဏတာမြင်ဖူးရုံနဲ့ချစ်မိတာ သူများတွေရဲ့ မှတ်ချက်ကောင်းတွေကြောင့် ချစ်မိတာ သင်လိုချင်တစ်ခုခုပိုင်ဆိုင်ထားလို့ ချစ်နေတာ...စတာတွေဟာ တကယ့်အချစ်မဟုတ်ပါဘူး။ ဒါတွေကို"အချစ်"လို့ယူဆပြီး Relationship တစ္ခုခုကို ခပ်မြန်မြန်တည်ဆောက်ခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်မှာပြဿနာတွေတက်လာနိုင်ပါတယ် ဒါကြောင့် မချစ်ခင်အရင်စဉ်းစားသင့်ပါတယ် ချစ်နေတုန်းမှာလည်း လေ့လာသင့်ပါတယ် (●ချစ်ရတာလွယ်ပါတယ် တည်ဆောက်ရတာခက်ခဲလွန်းတယ်)🍁🍁 မှန်ပါတယ် ဘယ်လိုပဲချစ်ချစ် ဘယ်သူ့ကိုပဲချစ်ချစ် ချစ်ရတာလွယ်ပါတယ် ဒါပေမယ့် အဲဒီအချစ်၆လသက်တမ်းရဖို့ တစ်နှစ်သက်တမ်းရဖို့ ၃နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ ပြဿနာပေါင်းမြောက်များစွာကို ကျော်ဖြတ်ပြီးမှ ရောက်ကြတာပါ ဒီလိုမှမဟုတ်ရင် သွေးပူတုန်းချစ်ကြပြီး သွေးအေးသွားတဲ့အခါ နောက်တစ်ယောက်ပေါ်လာတဲ့အခါ တည်ဆောက်ထားတဲ့အချစ်တွေဟာ မိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ် ဒါ့ကြောင့် ခဲယဉ်းစွာတည်ဆောက်ကြပါ အမြဲတမ်းလည်းချစ်နေနိုင်ကြပါစေ... ●တကယ်တော့ လူအားလုံးမှာအချစ်စိတ်ရှိကြပါတယ် ချစ်ပုံချစ်နည်းလွဲမှားနေတာရယ် အချစ်ကို ပုံမဖော်တက်ကြတာရယ် အချစ်အပေါ်မှာ အတ္တနဲ့မာနဖုံးနေကြတာရယ် အချစ်ဟာ ရလာဒ်တွေမတူညီကြတော့တာပါ။ အများကြီးပြင်ဆင်ပြီး အကြီးကြီးချစ်နိုင်ကြပါစေဗျာ...... Crd - Deeply Love

ဗေဒင်ပညာရပ်ဆိုတာ....
Anonymous voting