1 906
Subscribers
No data24 hours
-37 days
-3330 days
Posts Archive
1 906
လူငယ်တွေ အနေနဲ့ ကိုယ်ရဲ့ အချိန် တွေကို ဒီ G သုံးခုမှာ ကုန်ဆုံးမခံပါနဲ့ ....
အဲ့ G တွေက ဘာတွေလဲ ?
Games , Girls , Gambling ဖြစ်ပါတယ်။
ဒီ G သုံးခုလုံးက G = Good Feeling ကို ပေးစွမ်းနိုင်ပါတယ်။ ဒီ Good Feelings ကြောင့် စွဲလမ်းမှုဖြစ်သွားပြီး ဘ၀ပြတ်သွားတဲ့လူတွေ အများကြီးပါ။
ကိုယ်အနေနဲ့ အချိန် တွေ မပေါနေဘူး ဆိုရင် ၊ ပိုက်ဆံ တွေမပေါနေဘူးဆိုရင် ဒီ G သုံးခုကို လုံး၀ ရှောင်စေချင်ပါတယ်။ ခံစားချက်ကို ကုစားပေးတယ်ဆိုပေ့မယ့် ဒါတွေက စွဲလမ်းမှုဖြစ်လာတဲ့အခါ ကိုယ်ရဲ့ ခန္ဓာ ၊ အချိန် ၊ ငွေကို ရင်းလိုက်ရမှာ ဖြစ်လို့ အကောင်ဖြစ်ချင်တဲ့ လူတွေ အနေနဲ့ ဒီအရာတွေကို ရှောင် နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ဒီ G သုံးခုမှာကော ကိုယ်အနေနဲ့ ဘယ် G တွေမှာ အချိန် တွေ အများကြီးကုန်ဆုံးဖြစ်နေလဲ ? စွဲလန်းမှု အဆင့်ကို ရောက်နေကြပြီးလား?
1 906
ကိုယ်ရဲ့ ခံစာချက် တွေကို တကယ်ပဲ ထိန်းချုပ်နိုင်ပြီးလား?
ယခုခေတ်ကြီးမှာ လူငယ်တွေဟာ အတော်လေး ခံစားချက် နောက်ကို ဦးတည်လာကြပါတယ်ဗျ။ ကိုယ်ရဲ့ ခံစားချက် နောက် ၊ လိုအင်ဆန္ဒနောက်တွေလိုက်လာတဲ့အခါ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း Self Control မရှိတော့ပါဘူး။
ကိုယ်အနေနဲ့ Self Control အားနည်းလာပြီးဆိုရင် ကျန်တဲ့ Impulse Control , Emotional Control , Movement Control ပါ weak လာပါတယ်။
ဒါဆို ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်မလဲ?
ခံစားချက်တွေက မြန်ဆန်ပါတယ်။ ကိုယ်မသိလိုက်ချိန်မှာဘဲ ဗိုက်ဆာလာပြီ ဒေါသထွက်လာတာမျိုးပါ။ ဒီလိုအခြေအနေတွေမှာ ကိုယ်က ဘာခံစားနေရတာလဲဆိုတာကို သိဖို့လိုပါတယ် ၊ ငါဒေါသထွက်နေတာလား? စိတ်အလိုမကျဖြစ်နေပြီးလား?
ဟုတ်ပြီ ကိုယ်က အသက် ခဏရှုပြီးတော့ ကိုယ်အခုဖြစ်နေတဲ့ ခံစားချက်ကို လက်ခံလိုက်ပြီးတော့ အချိန်လေး 1 မိနစ်ကနေပြီး 3 မိနစ်ထိ သေချာလေး ဖြေးဖြေးစဉ်းစားပြီး တော့ ကိုယ်ရဲ့ Emotional အနိမ့်အမြှင့်ကို ထိန်းသွား ပေးရမယ်။ ငါအလုပ်တွေရှုပ်ပြီး ဗိုက်ဆာနေတာဘဲ .. ဒါက ဒေါသထွက်စရာဟုတ်ရဲ့လား ? ငါအခုမစားရရင် သေသွားမှာလား ? ဖြေးဖြေးနဲ့ နှေးနှေးလေး အတွေးတွေကို တွေးပြီး ဆုံးဖြတ်ချက် တစ်ခုချလိုက်ပါ။ ကိုယ် ခံစားနေရတဲ့ အရာကို သိရင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာလဲ သိပါ့မယ် ။
ဒီကလူတွေကော Emotional Control အားနည်းကြလား? ( ကျွန်တော်တို့နောက်လ လာမယ့် သင်တန်းမှာဆိုရင်လဲ Self Control နဲ့ ပက်သက်ပြီး တကယ်ကိုယ်ကို ဘယ်လိုထိန်းချုပ်ရမလဲနဲ့ ကိုယ်ရဲ့ Personal Self improvement Journey တစ်ခုဘယ်လိုဖြတ်သန်းမလဲဆိုတဲ့ သင်ခန်းစာလေးတစ်ခုပါမှာဖြစ်ပါတယ် )
1 906
အချိန် ဆွဲခြင်းကို ရပ်တန့်စေဖို့ Pomodoro Technique
အချိန်ဆွဲဝာာက ကျွန်တော်တို့သွားချင်တဲ့ Goals ကို သွားဖို့အတွက် ခရီးမရောက် အောင် တားဆီးနေတဲ့ တစ်ခုထဲသော အဟန့်အတားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဒီအရာကို ဘယ်လို အနိုင်ယူရမလဲ?
ပထမဦးဆုံးဂျပန်တွေ ဒုတိယ ကမ္ဘာစစ်အပြီး သူတို့လူမျိုးတွေ စိတ်ဓာတ် တက်ကြွဖို့သုံးခဲ့တဲ့ Kaien ..
အဓိပ္ပာယ် နေ့စဉ် မပြတ် တိုးတက်နေခြင်း လို့အဓိပ္ပာယ်ရတယ်။ ဂျပန်လူမျိုးတွေ ဒီနည်းကို ဘယ်လို ကျင့်သုံးကြလဲဆိုရင် တစ်နေ့ ကို ကိုယ်လုပ်ရမယ့် အရာတစ်ခု ကို ပျင်းသည် ဖြစ်စေ ၊ မပျင်းသည်ဖြစ်စေ ၊ အချိန်မရသည်ဖြစ်စေ ၊ အချိန် 1 မိနစ် ၊ 5 မိနစ် ၊ 20 မိနစ် လုပ်တယ်။ အဓိကက လုပ်ဖို့ ဘဲလိုတယ်လို့ သူတို့ က ခံယူထားလို့ဖြစ်ပါတယ်။
ကိုယ်အနေနဲ့ ဒီ Kaizen နည်းပညာကို မိနစ် 20 အထက်ရသွားရင် 1980 က အထက်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ Francesca Cirilloဆိုတဲ့ လူရဲ့ တီထွင်လိုက်တဲ့ Pomodoro Technique လေးကို အသုံးပြုလို့ရပါပြီ။
Pomodoro Technique
အချိန် 25 မိနစ် မှတ်ပြီး အဲ့အချိန် 5 မိနစ် အတွင်းကိုယ် Self study လုပ်ရမယ့်ကိစ္စ ၊ ကိုယ်လုပ်ရမယ့်ကိစ္စကို အားရုံစူးစိုက်မှုအပြည့် နဲ့ Notification တွေမ၀င်နိုင်အောင်ပိတ်ပြီး ဖုန်းတွေကို အဝေးမှာထားပြီး အားသုံးလုပ်ဆောင် ခြင်းဖြစ်ပါတယ်။ ပြီးရင် 5 မိနစ် ခဏ နားပြီး ဒီလိုမျိုး နောက်ထပ် သုံးကြိမ် စုစုပေါင်း လေးကြိမ် လုပ်ပြီး နားလိုက်ပါ။ ( ကြာချိန် - 2 နာရီ )
ဒီ Kaizen Technique + Pomodoro Technique = Habits Building လုပ်တဲ့အခါမှာဖြစ်စေ ၊ Self Discipline တည်ဆောက်တဲ့အခါ မှာ အသုံးပြုနိုင်ပါတယ်။
1 906
အချိန် ဆွဲခြင်းကို ရပ်တန့်စေဖို့ Pomodoro Technique
အချိန်ဆွဲဝာာက ကျွန်တော်တို့သွားချင်တဲ့ Goals ကို သွားဖို့အတွက် ခရီးမရောက် အောင် တားဆီးနေတဲ့ တစ်ခုထဲသော အဟန့်အတားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဒီအရာကို ဘယ်လို အနိုင်ယူရမလဲ?
ပထမဦးဆုံးဂျပန်တွေ ဒုတိယ ကမ္ဘာစစ်အပြီး သူတို့လူမျိုးတွေ စိတ်ဓာတ် တက်ကြွဖို့သုံးခဲ့တဲ့ Kaien ..
အဓိပ္ပာယ် နေ့စဉ် မပြတ် တိုးတက်နေခြင်း လို့အဓိပ္ပာယ်ရတယ်။ ဂျပန်လူမျိုးတွေ ဒီနည်းကို ဘယ်လို ကျင့်သုံးကြလဲဆိုရင် တစ်နေ့ ကို ကိုယ်လုပ်ရမယ့် အရာတစ်ခု ကို ပျင်းသည် ဖြစ်စေ ၊ မပျင်းသည်ဖြစ်စေ ၊ အချိန်မရသည်ဖြစ်စေ ၊ အချိန် 1 မိနစ် ၊ 5 မိနစ် ၊ 20 မိနစ် လုပ်တယ်။ အဓိကက လုပ်ဖို့ ဘဲလိုတယ်လို့ သူတို့ က ခံယူထားလို့ဖြစ်ပါတယ်။
ကိုယ်အနေနဲ့ ဒီ Kaizen နည်းပညာကို မိနစ် 20 အထက်ရသွားရင် 1980 က အထက်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ Francesca Cirilloဆိုတဲ့ လူရဲ့ တီထွင်လိုက်တဲ့ Pomodoro Technique လေးကို အသုံးပြုလို့ရပါပြီ။
Pomodoro Technique
အချိန် 25 မိနစ် မှတ်ပြီး အဲ့အချိန် 5 မိနစ် အတွင်းကိုယ် Self study လုပ်ရမယ့်ကိစ္စ ၊ ကိုယ်လုပ်ရမယ့်ကိစ္စကို အားရုံစူးစိုက်မှုအပြည့် နဲ့ Notification တွေမ၀င်နိုင်အောင်ပိတ်ပြီး ဖုန်းတွေကို အဝေးမှာထားပြီး အားသုံးလုပ်ဆောင် ခြင်းဖြစ်ပါတယ်။ ပြီးရင် 5 မိနစ် ခဏ နားပြီး ဒီလိုမျိုး နောက်ထပ် သုံးကြိမ် စုစုပေါင်း လေးကြိမ် လုပ်ပြီး နားလိုက်ပါ။ ( ကြာချိန် - 2 နာရီ )
ဒီ Kaizen Technique + Pomodoro Technique = Habits Building လုပ်တဲ့အခါမှာဖြစ်စေ ၊ Self Discipline တည်ဆောက်တဲ့အခါ မှာ အသုံးပြုနိုင်ပါတယ်။
1 906
စိတ်ဖြင့်အားသာဖြေခြင်း ( သို့မဟုတ် ) ကိုယ်ရဲ့ စိတ်ကို အချိန်ခဏအတွင်း Hack နည်း
ကျွန်တော်အခုပြောမယ့် အကြောင်းအရာလေးကတော့ Feb လမှာလာမယ့် လူငယ်တွေအတွက် Rookie Development မှာပါတဲ့ သင်တန်းစာတစ်ခုဖြစ်ပါတယ်။
Imagination ( စိတ်ကူးယှဉ်ခြင်း ) ဟာ ကျွန်တော်တို့ တွေးထားတာထက်ကိုနက်နဲလှပါတယ်။ ခင်ဗျားအနေနဲ့ တစ်ခါတစ်လေ ကိစ္စတစ်ခုကို အကြီးကြီးတွေ တွေးပြီး လုပ်ရမယ့် ဟာတွေက ၀န်ကြီးလာတဲ့အခါ ခင်ဗျားအဲ့ ကိစ္စတစ်ခုကို Start up မလုပ်နိုင်တော့ တဲ့အခါမျိုး ဖြစ်နိုင်သလို ဒီ စိတ်ကူးယှဉ်ခြင်းကြောင့်ဘဲ တစ်ခါတစ်လေ အခုဘဲ ထလုပ်ချင်စိတ် ပေါက်သွားတာမျိုးဖြစ်နိုင်ပါတယ်။
ဟုတ်ပြီ ဒါဘာကြောင့်လဲ ?
Mental Masturbating လို့ခေါ်တဲ့ စိတ်ဖြင့်အားသာဖြေခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ သုံးနေတဲ့ Social Media Platform တွေမှာ Motivation Viedo တွေ အခုဘဲ ထလုပ်ရမယ့် ပုံစံ မျိုးတွေ ၊ ဇတ်ကားကြည့်ရင်း ကျွန်တော်တို့စိတ်ထဲ လုံး၀ အထွတ်အထိပ်ရောက်သွားတာမျိုးတွေ ၊ Business Idea တစ်ခုတွေးရင်း တွေးနေရင်း သူဌေး ဖြစ်သွားသလို ဖြစ်တာ မျိုးတွေ ဒါက စိတ်ကူးယဉ်အားသာဖြေခြင်း ( Mental Masturbating ) လို့ခေါ်ပါတယ်။ တစ်နည်းအာခြင်း Dopamine ကို အလွယ်ရတဲ့ နည်းနဲ့ယူလိုက်တာ ဖြစ်ပါတယ်။ ( Dopamine = ပျော်ရွှင်စေသော Chemical Hormones)
ဆိုတော့ ဒီခို Dopamine Unit တွေအများကြီးရတဲ့အခါ ကျွန်တော်တို့ ကို ကျွန်တော် သွားပေါင်းပြီး ထပ်တူ တွေးမိပြီးဆိုရင် ... Motivation ဆိုတဲ့အရာကြီးက လုံး၀ နောက်က လိုက်လာပါတယ်။ အဲ့အချိန် မှာ ဆင်ခြေတွေ မပေးဘဲ အခုဘဲ ထလုပ်တတ်ပါတယ်။ ကောက်ရိုးမီးလို ပါဘဲ ခဏလေးအတွင်း လောင်ကျွမ်းမှုကို မှန်းစမရအောင်ပါဘဲ။ ဒါမဲ့လောင်စာကုန်ရင် တော့ သူတို့ လုံး၀ ကျပါပြီ။ ဒီအချိန်မှာ ကျွန်တော်ရှေ့က ပြောတဲ့ Dopamine ကို အလွယ်ရယူလို့ရတဲ့ Imagination ( စိတ်ဖြင့်အားသာဖြေ ) ကြပါတယ်။
ဒါက မြန်မာနိုင်ငံရဲ့လူငယ်တွေမှာဖြစ်နေရတဲ့ အိမ်မက်ဘဲ မက်ပြီး တကယ့် ပထမ ခြေလှမ်းကို မလျှောက်ရဲတဲ့ပြသာနာတစ်ခုဖြစ်ပါတယ်။
ဒါမဲ့ ဒီနည်းလမ်းကို Discipline နဲ့ပေါင်းလိုက်ရင် တော့ ကိုယ်သွားချင်တဲ့ အိမ်မက်တွေက တကယ်ကို သွားနိုင်မှာဖြစ်ပါတယ်။ သင်ကော ကျွန်တော်ပြောသလို စိတ်ဖြင့် အားသာဖြေဖူးရဲ့လား?
ဒါကတော့ သင်တန်းအကြောင်း အပြည့်အစုံ
https://t.me/mindxflames
1 906
သင်တန်းအကြောင်း Details သိချင်နေတဲ့လူတွေအတွက် Annoment Channel လေးလုပ်ပေးထားပါတယ်။
https://t.me/mindxflames
1 906
Rookie တစ်ယောက်ဖြစ်နေပြီးလား?
Rookie ဆိုတာဘယ်လိုမျိုးလဲ?
Rookie ဆိုတာကကျတော့ အခုမှ အသင်းတစ်သင်း ၊ အဖွဲ့တစ်ခု ၊ အလုပ်တစ်ခု မှာ စ၀င်တဲ့ လူသစ်တွေ ၊ Beginners တွေကို Rookie တွေလို့ခေါ်ပါတယ်။
သင်ကော Personal Development မှာ Rookie တစ်ယောက်ဖြစ်နေပြီလား? ဒီ Personal Development နဲ့ပက်သက်ပြီး Professional Development ကိုမကူနိုင်ဖြစ်နေလား?
Rookie တစ်ယောက်ဖြစ်နေတာ ရှက်စရာမဟုတ်ပါဘူး။ ဒါမဲ့ Rookie Lv ကနေမတက်တာ ကတော့ ပြဿနာ တစ်ခုရှိပါတယ်။
ဒါကြောင့် Rookie တွေအတွက် Personal Development တစ်ခု တိုးတက်ဖို့အတွက် ကျွန်တော်တို့ MXF အနေနဲ့ Program အကြီးကြီးဝာစ်ခုချပေးဖို့အစီအစဉ်ရှိပါတယ်။
Mental
Social
Spiritual
Emotional
Physical
ဒီ 5 ခုလုံးကို Upgrade လုပ်နိုင်ဖို့ Certificate Fitness Trainers တွေ Dark Psychology မှာ နာမည် တစ်လုံးရနေတဲ့ Drake နောက်ပြီး အခြား နယ်ပယ် ကလူတွေပေါင်းပြီး Training Camp တွေ ၊ Learning Center တွေ နဲ့ လူငယ်တွေအတွက် Zero to Hero ဖြစ်စေမယ့် Program တစ်ခုကို February လမှာ ရောက်လာဖို့ရှိပါတယ်။ ဒါကြောင့် Rookie Development တစ်ခုဖြစ်ဖို့ Training တွေကို ကျော်ဖြတ်ဖို့ အသင့်ဘဲလား?
သင်တန်းသား အယောက် 250 သာလက်ခံမှာဖြစ်ပါတယ်။ Details ကိုတော့ Jan 15 မှာ တင်ပေးပါ့မယ်။
အသေးစိတ် သိချင်တယ် 👇
t.me/mindxflamesupporterteam
သင်တန်းမတက်နိုင်တဲ့ မိတ်ဆွေ တွေ နဲ့ လဲ စိတ်ပူစရာမလိုပါဘူး ။ Telegram , YouTube , Facebook ကနေ ကိုယ် Audience တွေအတွက် အမြဲတင်ဆက်နေဖို့ရှိပါတယ်။
ဒါမဲ့ သင်တန်းက ဘယ်လိုလူတွေတက်သင့်လဲ?
– ခန္ဓာကိုယ် Fit ဖြစ်ချင်တဲ့လူတွေ
– Social Skills အားနည်းတဲ့လူတွေအတွက် Networking Event တွေ
– Self Discipline ကောင်းဖို့ Habit တွေ တည်ဆောက်နိုင် အောင် Morning Club တွေ
– Drake ရဲ့ Dark Psychology သင်ခန်းစာတွေ
– အားနည်းတဲ့ လူငယ် အသွင်ကနေ သားရဲအဆင့် ခုန်ကူးချင်တဲ့လူတွေအတွက် ရည်ရွယ်ပါတယ်ခင်ဗျ။
သင်တန်းက Feb စမှာဖြစ်ပြီး ဒီလ 31 နောက်ဆုံးသင်တန်းအပ်လို့ရမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ Telegram ကလူတွေကို ဘယ်မှာမှမပေးသေးတဲ့ Program Fees နဲ့လက်ခံပေးဖို့ရှိတာမို့ အစောဆုံးလာအသိပေးတာဖြစ်ပါတယ်။
1 906
Growth Mindset Vs Fixed Mindset
Growth Mindset = ကြီးထွားပြန်ကားလိုတဲ့ စိတ်ဓာတ်
Fixed Mindset = ထိန်းချုပ်ခံထားရတဲ့ စိတ်ဓာတ်
Mindset လို့ပြောလိုက်ရင် Sanford University က စိတ်ပညာရှင် Carol Dweck ရဲ့ သုတေတန အရ ထုတ်ထားတဲ့ Mindset: The New Psychology of Success ဆိုတဲ့စာအုပ်က Mindset နှစ်ခုကိုပြောရလေ့မယ်။
Fixed Mindset
Fixed Mindset တွေကတော့ သူတို့ရဲ့ အတွေးအခေါ်တွေက သူတို့မိဘ တွေ နောက်ပြီး အခြား ပတ်၀န်းကျင် က လူတွေ က ငယ်ငယ်ကတည်းက Brainwash ထားသလို အတွေးအခေါ်တွေက ကျင်မြောင်းပြီးတော့ ပိတ်လှောင်နေတဲ့အတွေးအခေါ်တွေဖြစ်တယ်။ နောက်ပြီးတော့ သူတို့က မွေးရာပါ ပါရမီ အရည်အချင်းရှိမှ လောကကြီးမှာ ကောင်းကောင်းရှင်သန်လို့ရမယ် လို့ ယုံကြည်ထားသူတွေဖြစ်ပြီးတော့ Easy Life Style ကို သဘောကျကြတယ်။ အပူအပင်ကင်းတဲ့ လောကကြီးကို ကြိုက်ကြတဲ့ သူတို့အနေနဲ့ လောကဓံ ဆိုတဲ့အရာတွေ အခက်အခဲ တွေ အတားအဆီးတွေကို သူတို့ မနှစ်မြိုကြဘူး။ ကြုံလာရင် လဲ လုပ်နိုင်မယ်လို့မထင်ကြဘူး။
Fixed Mindset ရှိတဲ့ လူတစ်ယောက် ဖြစ်လာရတာက ကိုယ်ကြီးပြင်းလာတဲ့ Environment နဲ့ စိတ်ပညာအရဆို adjustment process ကြောင့်လို့ဘဲ ပြောကြတယ် ။ သူတွေက အရာတစ်ခုကို ဆုံးရှုံးတဲ့အခါ ၊ ကျရှုံးတဲ့အခါမျိုးမှာ ရလာတဲ့ Pain တွေက သဘောမကျကြဘူး ။ ဆိုတော့ နောက်တစ်ခါ ဒီလို မဖြစ်အောင် conflict ညှိယူရတယ်အထဲပါတယ်။ ညှိယူတဲ့အချိန် ငါက ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတဲ့အတွေးတွေ ၀င်လာပြီး ရှုံးနိမ့်မှုတွေနဲ့ ဆက်တိုက်ကြုံလာတဲ့အခါ Mindset က Change သွားတာဖြစ်တယ်။
နောက်ပြီး Fixed Mindset တွေရဲ့အမြင် ၊ သဘော ထားအများစုက မနာလိုမှုတွေ ၊ အပြစ်တင်မှုတွေ ၊ Negative thought တွေက အစ သူတို့ရဲ့ လုပ်ရပ်တွေက နေတစ်ဆင့် သူကိုသူတို့ Damage ပြန်ဖြစ်စေတယ်။ ကိစ္စတစ်ခုကို လွယ်လွယ်နဲ့အရှုံးပေးတတ်ပြီး အတိတ်ကို သွားပြီး နောက်ကြောင်းဖော်တတ်တယ်။ ငါက ဘယ်မိသားစုက နေမွေးဖွားလာလို့ ၊ ငါအမေတွေက ဆင်းရဲလို့ ၊ ဘာညာ မဆိုင်တဲ့လူတွေကို အပြစ် ပုံချတတ်တယ်။
Growth Mindset
Growth Mindset ရှိတဲ့လူတွေက ရိုရှင်းတယ်။ ငါတို့ နယ်ပယ်တစ်ခု အရာတစ်ခုမှာ လုံလောက်တဲ့ အား တစ်ခုနဲ့ အချိန်တစ်ခုပေးလိုက်ရင် ငါတို့သေချာတယ် ဒီအရာကို နှစ်အနည်းငယ်အတွင်း အဲ့နယ်ပယ် တစ်ခုမှာ အကောင်ဖြစ်လေ့မယ်။ ဒီအတွက် ငါ Hard work လုပ်ဖို့လိုတယ်။ me vs me လုပ်ဖို့လိုမယ် ။ အခက်အခဲတွေအတားအဆီးတွေ ကြမ်းတမ်းတဲ့ဟာတွေ လိုတယ်။ ငါသွားတဲ့ လမ်း က Challenge တွေ ပြည့်နေဖို့လိုတယ်။ ငါ စွန့်လွတ်သင့်တာကို စွန့်လွတ်ပြီးတော့ ကြီးထွားလာဖို့လိုတယ်။ မနေ့ကထက် ပိုကောင်းအောင်လုပ်မယ် ၊ အရင်နှစ်ထဲ ငါဘယ်လောက်တိုးတက်သွားပြီလဲ ? ဝေဖန်မှုတွေက အကြံဉာဏ်တွေဘဲ ။ သူတောင် လုပ်နိုင်သေးတာဘဲ ငါက လုပ်နိုင်ရမှာပေါ့ ။ အချိန်တစ်ခုဘဲ။
ဆိုတော့ Growth Mindset ကို ဘယ်လိုလုပ်ယူရမလဲ ?
ကိုယ်ရဲ့အတွေးအခေါ်တွေ ခံယူချက်တွေကိုပြောင်းလဲပါ။ တစ်ဖက်ပိတ် 19 ရာစုက အတွေးအခေါ်တွေနဲ့ရှင်သန်နေလို့မရဘူး။ ကိုယ်မှာရှိတဲ့ အားနည်းချက် တွေကို လက်ခံနိုင်ရမယ်။ ရလဒ်တွေ မကောင်းတဲ့ အခါမှာ လဲ စိတ်ဓာတ်ကျစရာ ငါမှာ ဘာဖြစ်နေလို့ ဘာညာထက် ကိုယ်ကြိုးစားခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားဖို့လိုတယ်။ ထိန်းချုပ်ခံနေရတဲ့ လှောင်အိမ်ကိုဖျက်ပြီးတော့ပြန့်ကားနိုင်ရင် Growth Mindset ကိုရပြီ။
ကိုယ်မှာကော ဘယ်လို Mindset မျိုးပိုင်ဆိုင်ထားလဲ?
Self Motivation leads to Action .
Action leads to Discipline .
Discipline leads to habit .
Habit leads to consistency .
Consistency leads to growth .
1 906
Social Development တစ်ခု ရချင်တယ် ဆိုရင် ...
Networking ကောင်းဖို့လိုတယ်။
What's Network?
ကွန်ရက် လား ? ဟုတ်ပါတယ် ဒါမဲ့ လူမှုကွန်ရက်ကို ဆိုလိုချင်တာဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲ ?
Network= People Who Know Who you are ...
ကိုယ်ဘယ်သူလဲဆိုတာကို သိတဲ့ လူတိုင်းကို ကိုယ်ရဲ့ Network လို့ ခေါ်တယ်။ ဒီထဲမှာ ကိုယ်ရဲ့အသိမိတ်ဆွေ ၊ ရန်သူ ၊ အချစ်ဆုံးသူငယ်ချင်း ၊ ဆွေမျိုး ကအစပါတယ်။ ဒါကို Network လို့ခေါ်တယ်။
ဒါဆို Network က ဘယ်လိုအလုပ်လုပ် လဲ?
Network အကြောင်း အရင်မပြောခင် Social Network အကြောင်း ကျွန်တော် အရင်ရှင်းပြမယ်။
Social Network ဆိုတာက ခင်ဗျားအခုသုံးနေတဲ့ Social Media တွေကို ခေါ်တာဗျ။ ခင်ဗျားအနေနဲ့ ခင်ဗျားက ဘာကောင်လဲဆိုတာကို တစ်ကမ္ဘာလုံးကိုပြသလို့ရတယ်။ တစ်ကမ္ဘာလုံးနဲ့လဲ ချိတ်ဆက်လို့ရတယ်။ အလုပ်လိုချင်လား ? နိုင်ငံခြားသွားချင်လား ? ဒီ Social Network နဲ့ သွားလို့ရတယ်။
Network ဆိုတာမှာ Reality Network နဲ့ Social Media Network ဆိုပြီး နှစ်ခုရှိတယ်။ ဆိုတဲ့အခါ ကိုယ်အနေနဲ့ သူများတွေထက် အလုပ်ပိုတွင်ချင်ရင် အချိတ်ဆက် မိမိ နဲ့ ငါးများများရချင်ရင်... Network ကွန်ရက်တွေက Strong ဖြစ်နေဖို့လိုတယ်။
ဒီလို Strong ဖြစ်ဖို့ Networking ကို လေ့လာကြရမယ်။ Networking နဲ့ပက်သက်ပြီး လက်တွေ့ ဘ၀မှာ ငါးများများရဖို့ ကွန်ရက် တစ်ခု တည်ဆောက်ချင်တယ် ၊ ဒါနဲ့ပက်သက်ပြီး ဘယ်လိုကောင်းအောင် လုပ်ရမလဲ သိချင်ရင်တော့ Comment မှာ Yes လို့မန့်ခဲ့ပါ။ ဟုတ်ပါတယ် ၊ ကျွန်တော်ကတော့ Drake ဖြစ်ပါတယ်။
1 906
ကိုယ်ရဲ့ ခန္ဓာကိုယ်က ပြည့်စုံပြီးလား?
ကိုယ်ရဲ့ အောက်ကို တစ်ချက်လောက်ကြည့်လိုက်ပါ။ ခါးပတ်ကြိုးကို မမြင်ရတော့ဘူးဆိုရင် ခင်ဗျားအ၀လွန်နေပြီ။
ခင်ဗျား ဘေးက ကောင်မလေး တွေနဲ့ ယှဉ်ကြည့် အတော်လေး သူတို့ထက် မထွားရင် ခင်ဗျားအတော်လေး ပိန်နေပြီ။
ဟုတ်ပြီ ... ဒီနေရာကိုယ်ကို ပြန်မေးကြည့်လိုက်ရအောင် ! တကယ်ဘဲ ငါအခုခန္ဓာကိုယ်ကို ချစ်ရဲ့လား? သဘောကျရဲ့လား ?
အခုခေတ်မှာ ကျောင်းသားတွေကော ၊ 9 to 5 Work လုပ်နေရတဲ့ လူတွေကော.. ကိုယ်ရဲ့ Body အတွက် အတော်လေး ဂရုစိုက်မှုကင်းကြပါတယ်။ Workout လုပ်ရမယ် ဆိုတဲ့ အသိလေး၀င်ပေ့မယ့် တစ်ရက် တစ်ပတ် ထက် ရှေ့မတက်ဖြစ်နေတဲ့လူတွေအများကြီးပါ။
ဆိုတော့ အဲလို လေ့ကျင့်ခန်း လေးတွေ ပုံမှန်မလုပ်တဲ့အတွက် ကိုယ်ရဲ့ Physical Ability Development က အတော်လေး ကျဆင်းလာပါတယ်။ ကိုယ် ရဲ့ သက်လုံ ၊ ခွန်အား တွေက ကိုယ်အသက်အရွယ်မှာ အတော်လေးကို အခြားသက်တူရွယ်တူတွေနဲ့ မတူ တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ လေ့ကျင့်ခန်း အတွက် မနက်ထပြေးလိုက်တာ ၊ ခြေလှမ်း ၁ သောင်းလှမ်းလျှောက်တာ ၊ Workout လေးတွေလုပ်တာက ကိုယ်ကို ဆေးရုံဆေးခန်းရောက်ဖို့ ခြေတစ်လှမ်းလွှဲစေပါတယ်။
မြန်မာနိုင်ငံက Fitness နဲ့ပက်သက်ပြီး အတော်လေးအာနည်းတဲ့အပြင် Fake Information တွေအပြည့်လွှမ်းမိုး နေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲ့ M × F Team မှာ တကယ့်အကောင်တွေထဲ တစ်ယောက်ဖြစ်တဲ့ 4T3 အနေနဲ့ Body × Flame ဆိုတဲ့ Page နဲ့လူငယ်တွေကြားလာဖို့ရှိပါတယ်။
ဒါနဲ့ ဒီက ကိုယ့်လူတွေအနေနဲ့ Body ပိုင်းမှာ Fit ဖြစ်ချင်တဲ့လူရှိလား ? ဝိတ်ချချင်တဲ့လူ ၊ ဝိတ်တိုးချင်တဲ့လူတွေရှိလား ? ရှ်ိရင် Yes လို့မန့်ပေးပါ ၊ ကျွန်တော်တို့ ဒီ Personal Development မှာ Physical ကလဲ အရေးပါတာမို့ တကယ့် Certificate Fitness Trainers တွေနဲ့ပေါင်းပြီး မှန်ကန်တဲ့ Content တွေလာဖို့ရှိပါ့မယ်။
