ဘောလုံး သတင်းတင်မယ်
Open in Telegram
3 280
Subscribers
-424 hours
-297 days
-15030 days
Posts Archive
3 280
✅အစ်ပ်ဆွစ်ချ်ကို အနိုင်ရခဲ့တဲ့ပွဲမှာသွင်းယူခဲ့တဲ့ Bryan Mbeumo ရဲ့သွင်းဂိုးဟာ အသင်းကပေးအပ်ချီးမြှင့်တဲ့ August တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့ပါတယ်။
#MUFC #ManchesterUnited
3 280
+1
🗣️ M Enzo Fernandez မန်ချက်စတာစီးတီးကို ပြောင်းရွှေ့သွားတာနဲ့ ပက်သတ်ပြီး မေဆန်မောင့်က
“ဒီသတင်းကို မြင်တော့ ကျွန်တော် ပြုံးမိတယ်။ Chelsea မှာ အတူကစားတုန်းက ကျွန်တော် Chelsea ကနေ ထွက်ပြီး United ကို ပြောင်းလာတာကြောင့် Enzo က ကျွန်တော့်ကို အမြဲတမ်း စနောက်တတ်တယ်။ ပွဲတိုင်းမှာ ကျွန်တော့်ကို ရှာပြီး တစ်ခုခု ပြောတတ်တယ်။
အခုတော့ သူကိုယ်တိုင် Chelsea ကနေ ထွက်ပြီး သူတို့ရဲ့ ပြိုင်ဘက်အသင်းတစ်သင်းကို ပြောင်းသွားတယ်။ ပြီးတော့ တစ်နည်းနည်းနဲ့ မန်ချက်စတာကိုပါ ရောက်လာခဲ့တယ်။
ဒါနဲ့ သူ့ကို စာပို့ပြီး ‘ဒီလောက်အထိ ဖြစ်ပြီးမှ မင်းက ငါ့နောက်ကို ဒီအထိ လိုက်လာတာလား?’ လို့ ပြောလိုက်တယ်။
သူက ‘City က မန်ချက်စတာရဲ့ တခြားတစ်ဖက်မှာလေ’ လို့ ပြန်ပြောတယ်။ ကျွန်တော်က ‘အဲဒါဆိုလည်း ကောင်းတယ်၊ ဒါဘီပွဲမှာ တွေ့မယ်’ လို့ ပြန်ပြောလိုက်တယ်။
တကယ်တော့ ရယ်စရာကောင်းပါတယ်။ Chelsea ကနေ ကျွန်တော်ထွက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နှစ်လောက် ကျွန်တော်တို့နှစ်ယောက် ငြင်းခုံခဲ့ကြတယ်။ အခုတော့ အဲဒီအငြင်းအခုံကို မိုင် ၂၀၀ မြောက်ဘက်ကို ရွှေ့လိုက်ကြသလို ဖြစ်သွားပြီ။”
3 280
မန်ယူနိုက်တက်အသင်းနည်းပြမိုက်ကယ်ကာရစ်က အေစီမီလန်အသင်းကို (၂-၄)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအပြီးမှာ အသင်းဟာ ဒီပွဲမှာ ကောင်းမွန်စွာကစားနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းကို နှစ်ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြဟောင်းအာမိုရင်ကိုင်တွယ်နေတဲ့ အေစီမီလန်အသင်းဟာ ဒီပွဲမှာ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး မန်ယူနိုက်တက်အသင်းကို အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်တွေမကောင်းဖြစ်နေတဲ့ အေစီမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းနဲ့အတွေ့မှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြမိုက်ကယ်ကာရစ်က ဒီပွဲအတွက် စိတ်ပျက်မိပြီး ဆင်ခြေပေးစရာမရှိဘူးလို့ဆိုပါတယ်။ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းနဲ့ (၁၈)လကြာဝေးကွာနေတဲ့ တောင်ပံကစားသမား ရပ်ရှ်ဖိုဒ့်ဟာ ဒုတိယပိုင်းမှာ လူစားဝင်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
3 280
အာဆင်နယ်⚽️အသင်း နည်းပြဖြစ်သူ မာခေးလ် အာတေတာက ယခုရာသီတွင် ပါဝင်ယှဉ်ပြိုင်ရမည့် ဆုဖလားတိုင်းကို အရယူနိုင်ရန် စိန်ခေါ်သွားမည်ဟုကြုံး ဝါး
"ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့်ဖလားတိုင်းကိုအရယူနိုင်ဖို့ စိန်ခေါ်သွားမှာပါ၊အဲ့တာကကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ဒီနွေရာသီမှာ ကျွန်တော်ပြင်ဆင်ခဲ့တဲ့အရာအားလုံးဟာ အောင်မြင်မှူ့ရေရှည်တည်တံ့ဖို့ "မင်းဆက်တခု"လိုအုပ်စိုးဖို့ ဘာတွေလိုအပ်လဲဆိုတာကိုနားလည်ဖို့ပါပဲ"
3 280
JJ Gabriel ဟာ Atletico Madrid နဲ့ပွဲမှာ ယူနိုက်တက်စီနီယာအသင်းကြီးရဲ့ အ၀တ်လဲခန်းအတွင်း ကိုယ်ပိုင်နေရာလေး တစ်ခု ရရှိခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ JJ Gabriel ရဲ့အသက်အရွယ်ကြောင့် ကျန်တဲ့အသင်းသားတွေနဲ့ တူညီတဲ့အဝတ်လဲခန်းထဲမှာ သူ့ကိုအဝတ်လဲခွင့်မပြုပဲ သီးသန့်နေရာတစ်ခု ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အရွယ်မှာတင် အ၀တ်လဲခန်းအတွင်း နေရာတစ်ခုရရှိခဲ့တာက စီနီယာအသင်းကြီးမှာ JJ Gabriel တစ်ယောက်ကို ကျနော်တို့ မြင်တွေ့ရတော့မှာပါ။👏🏽🔴
3 280
ရီးရဲလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ကို စာချုပ်သစ်ချုပ်နိုင်ဖို့အတွက် ဒီရက်သတ္တပတ်ထဲမှာ သူ့ရဲ့အေးဂျင့်တွေနဲ့ ဆွေးနွေးမှုပြုလုပ်သွားဖို့ရှိနေပါတယ်။
ရီးရဲလ်အသင်းနဲ့ ဗင်နီစီယပ်စ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး(၁၂)လထဲကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အာဆင်နယ်အသင်းဟာ ဒီအခြေအနေကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ ရီးရဲလ်အသင်းနည်းပြမော်ရင်ဟိုက ဗင်နီစီယပ်စ်ကို အသင်းမှာဆက်ရှိစေချင်သလို အသင်းကလည်း သူ့ကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ အစီအစဉ်မရှိတာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ ဗင်နီစီယပ်စ်ကို ဒီနွေရာသီမှာ ရောင်းချဖို့ အစီအစဉ်မရှိသလို စာချုပ်သစ်လည်း မချုပ်နိုင်ရင် လာမယ့်ရာသီကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရနိုင်တာကြောင့် စာချုပ်သစ်အတွက် သဘောတူညီမှုရရှိဖို့ ဆွေးနွေးမှုတွေပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
3 280
+1
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋!
ဂိုးသမား Elyh Harrison ဟာ Scottish ကလပ် Greenock Morton အသင်းဆီ တရာသီ အငှားနဲ့ ပြောင်းရွှေ့သွားပါပြီ..
3 280
+1
Happy birthday, Michael Carrick! 🎉🔴
ဒီနေ့ကတော့ ယူနိုက်တက်နဲ့ ဆုဖလားအားလုံး ရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကစားသမားလည်းဖြစ်.. လက်ရှိနည်းပြလည်းဖြစ်တဲ့ ကာရစ် ရဲ့ 45 နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်...
3 280
မန်ချက်စတာယူနိုက်တက်အသင်းသည် အသင်းရဲ့ အသက်၂၅နှစ်အရွယ် တိုက်စစ်မှူး ဂျိုရှူအာ ဇာက်ဇီသာ ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာသွားပါက အက်စတွန်ဗီလာအသင်းရဲ့ အသက်၃၀အရွယ် အဂ်လန်တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကို ခေါ်ယူသွားရန် အသင့်ရှိနေကြောင်း သိရှိရပါသည်။
အက်စ်တွန်ဗီလာ အသင်းကလည်း ဝက်ကင်စ်အတွက် ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့်ကမ်းလှမ်းလာပါက ရောင်းချသွားရန် စဥ်းစားနေကြောင်းသိရှိရပါသည်။
3 280
ကမ္ဘာ့ဖလားကစားနေချိန်ကတည်းက ကလပ်အသင်းတွေဟာ ရာသီသစ်အတွက်ပြင်ဆင်မှုတွေ ၊ ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်နေကြပါပြီ ။ ဒါကြောင့်ဘောလုံးဝါသနာရှင်တွေ သတိမပြုမိတဲ့ ထိပ်တန်းအသင်းတွေရဲ့ အပြောင်းအရွှေ့တွေကို စုစည်းပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါတယ် ။
ပရီးမီးယားလိဂ်အသင်းတွေထဲမှာ တော့တင်ဟမ်ဟော့စပါးက ကစားသမားခေါ်ယူမှုအများဆုံးပြုလုပ်ထားပါတယ် ။ လီဗာပူးကနေထွက်ခွာလာတဲ့ ဝါရင့်ဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန် ၊ ဘုန်းမောက်နောက်ခံလူ မားကိုစ့် ဆန်ဆီတို့အပါအဝင် ဘုန်းမောက်က ဗန်ဟက်ကီ ၊ ဝက်စ်ဟမ်းက မက်သီးယပ်စ် ဖာနန်ဒက်စ် ၊ နယူးကာဆယ်က ဆန်ဒရိုတိုနယ်လီတို့ကို ခေါ်ယူထားပြီးပါပြီ ။
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကတော့ လေဗာကူဆင်ကနေ အငှားခေါ်ယူခဲ့တဲ့ ဟင်ကာပီယေကို အပြီးခေါ်ယူခဲ့တယ် ။ အရန်ဂိုးသမား နေရာအတွက် လိဒ်ယူနိုက်တက်ဂိုးသမား မက်စလီယာကို ခေါ်ယူထားခဲ့ပါတယ် ။ တောင်ပံကစားသမား ထရော့ဆက်ကတော့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ ။
မန်ယူက ချဲလ်ဆီးကွင်းလယ်လူ အန်ဒရီ ဆန်းတိုစ့် ၊ အက်စတွန်ဗီလာက တီလေမန်းစ်တို့ကို ခေါ်ယူထားသလို အရန်ဂိုးသမားနေရာအတွက် ကားလ် ဒါလိုကိုလည်း အလွတ်နဲ့ခေါ်ယူခဲ့ပါတယ် ။ ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဗီလာတောင်ပံကစားသမား မော်ဂန်ရော်ဂျာစ်ကို ယူရို သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူသွားခဲ့ပါပြီ ။ ဒါ့အပြင် အတ္တလန်တာကစားသမား မာကို ပယ်လီစထရာကိုလည်း ခေါ်ယူထားခဲ့ပါတယ် ။
မန်စီးတီးက အီလီယော့ အန်ဒါဆင်တယောက်ကိုသာ အဓိကခေါ်ယူမှုအဖြစ်ပြုလုပ်ထားပါတယ် ။ လီဗာပူးအသင်းကလည်း မီဂွယ်မူနော့ဇ်ကို အိုဆာဆူနာအသင်းကနေ ခေါ်ယူထားသလို ရင်းနစ်နောက်ခံလူ ဂျာရမီ ဂျာကွက်ကိုလည်း ခေါ်ယူထားခဲ့ပါတယ် ။
ပရီးမီးယားလိဂ်ပြင်ပမှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြသစ် မော်ရင်ညိုအပါအဝင် ဒမ်ဖရိုင်းစ် ၊ ဘာနာဒို ဆေးလ်ဗား ၊ ကူကူရီယာ ၊ ကိုနာတေးတို့ကို ခေါ်ယူအားဖြည့်ထားပြီးပါပြီ ။ ဘာစီလိုနာကတော့ နယူးကာဆယ်က အန်တိုနီ ဂေါ်ဒွန်ကို ခေါ်ယူထားပါတယ် ။ ဘိုင်ယန်ကတော့ ကမ္ဘာ့ဖလားမှာ မော်ရိုကိုနဲ့ ပုံစံကောင်းပြခဲ့တဲ့ အစ္စမေးလ် ဆိုင်ဘာရီကို ခေါ်ယူထားခဲ့ပါပြီ ။
မာဆေးလ်ရဲ့ ဂိုးသွင်းရှင် မေဆင်ဂရင်းဝုဒ်ဟာ တူရကီထိပ်သီး ဖီနာဘာချီအသင်းဆီ ရောက်ရှိသွားခဲ့ပါတယ် ။ ဗီလာမှာ အဆင်ပြေနေလျက်ကနေ စိတ်ကူးမှာမိလို့ အသင်းစုံသွားတဲ့ ဂျွန်ဒူရမ်ကတော့ ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ် ။ ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းနဲ့ ပုံစံကောင်းအချို့ပြသခဲ့တဲ့ ကွင်းလယ်လူ ဟွမ်မြောင်ဘိုကတော့ ဖီယင်နော့ဒ်အသင်းကနေ ပေါ်တိုအသင်းဆီ ပြောင်းရွှေ့လာခဲ့တယ်လို့ သိရပါတယ် ။
လီဝန်ဒေါ့စကီး ၊ ကက်စမဲရိုးနဲ့ ဂရစ်ဇ်မန်းတို့ကတော့ မေဂျာလိဂ်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ် ။ ဂရစ်ဇ်မန်းဆိုရင် အသင်းသစ်နဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားပြီး ဂိုးတောင်သွင်းယူပေးနေပါပြီ ။ နောက်ထပ် ဘယ်အသင်းတွေက ဘယ်ကစားသမားတွေကို ထပ်မံခေါ်ယူဦးမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီ။
3 280
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋!
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားဖိုင်နယ်သက်တမ်းတလျောက် ပွဲချိန်အတွင်း ဂိုးပေါက်ကန်သွင်းမူ မရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်..
3 280
🚨 Here We Go
United ကတော့ Belgium နဲ့ Aston Villa ကွင်းလယ်လူ Tielemans ကို ပြောင်းရွေ့ကြေး Euro 41 သန်းနဲ့ ခေါ်ယူလိုက်ပါပြီ
3 280
ဒိုလေးနဲ့ မိုဒရစ် ပွဲပြီးမြင်ကွင်း...
ဒီပွဲဟာ မိုဒရစ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဥ် ဖြစ်ခဲ့ပါတယ်..
3 280
OFFICIAL!!!
ကိပ်ဗာဒီအသင်း ရှုံးထွက်အဆင့်တက်ပြီ
တကယ့်ကို ခမ်းနားကြီးကျယ်လှတဲ့အောင်မြင်မှုပါပဲ ။ အခုနှစ်မှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ကိပ်ဗာဒီအသင်းဟာ စပိန် ၊ Uruguay ၊ ဆော်ဒီအာရေဗျ ၃ သင်းစလုံးကို သရေရလဒ်တွေ ကစားခဲ့ပြီး အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
3 280
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆!
ရာသီသစ်အတွက် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အဖွင့် 10 ပွဲကို သိရပါပြီ..
Hull City Vs United
United Vs Ipswich Town
Everton Vs United
United Vs Man City
Fulham Vs United
United Vs Tottenham
Leeds Vs Man United
United Vs Bournemouth
Chelsea Vs United
United Vs Villa
3 280
Repost from GG GOAL Tips
စောင်းမတီး နဲ့ မောင်းတီးးး 💵
တစ်သင်းကျိုး အပြည့်ကျိုး ၆ သင်းမောင်းက စပေးပါတယ်
🙏ပြားနိုင်ပြားရှံး မပါရ
@GoatPout99
3 280
ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆုကို Bruno Fernandes က ရရှိသွားပါတယ်
3 280
မိုက်ကယ်ကာရစ်ကိုတော့ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် တရားဝင်ကြေငြာခဲ့ပါပြီ 💥
3 280
အာဆင်နယ် ၊ အက်စတွန်ဗီလာ ၊ အယ်လ်နက်ဆာ . . . နာမည်ဆင်တူတဲ့အသင်းတွေ အောင်ပွဲခံတဲ့ ရက်သတ္တပတ်တကယ်ဖြစ်လာခဲ့ပါပြီ
ဒီနေ့ည ကစားခဲ့တဲ့ ဆော်ဒီလိဂ် ရာသီကုန်ပွဲစဉ်မှာ အယ်လ်နက်ဆာအသင်းဟာ အိမ်ကွင်းမှာ ဒါးမက်အသင်းကို ၄-၁ နဲ့ အနိုင်ကစားပြီး ဆော်ဒီအမှတ်ပေးချန်ပီယံဆုကို ထိုက်တန်စွာ ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ ရိုနယ်ဒိုကိုယ်တိုင် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ချန်ပီယံဖြစ်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ် ။
ဒီဆုဖလားဟာ အယ်လ်နက်ဆာကို ရောက်လာပြီးနောက်ပိုင်းမှာ ရိုနယ်ဒိုအတွက် ပထမဆုံးသော အဓိကဆုဖလားဖြစ်လာခဲ့သလို အယ်လ်နက်ဆာအသင်းအနေနဲ့လည်း ၂၀၁၈-၁၉ ရာသီနောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဖလားကို ပြန်လည်ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
Congratulations!!
