en
Feedback
𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱

𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱

Open in Telegram

𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 𝗆𝗒 𝗭𝗼𝗱𝗶𝗮𝗰 𝗪𝗼𝗿𝗹𝗱 . 𝖨 𝗁𝗈𝗉𝖾 𝗒𝗈𝗎’𝗅𝗅 𝖿𝗂𝗇𝖽 𝗉𝖾𝖺𝖼𝖾 𝖺𝗇𝖽 𝖼𝗈𝗆𝖿𝗈𝗋𝗍 𝗂𝗇 𝗆𝗒 𝗅𝗂𝗍𝗍𝗅𝖾 𝗎𝗇𝗂𝗏𝖾𝗋𝗌𝖾. 𝖮𝗐𝗇 - @GDan_Koe 𝗌𝖾𝖼 𝖼𝗁 - @nightspireWKoe

Show more
1 587
Subscribers
+124 hours
+47 days
+630 days

Data loading in progress...

Attracting Subscribers
September '26
September '26
+20
in 1 channels
August '26
+51
in 0 channels
Get PRO
July '26
+52
in 0 channels
Get PRO
June '26
+31
in 0 channels
Get PRO
May '26
+31
in 0 channels
Get PRO
April '26
+26
in 1 channels
Get PRO
March '26
+34
in 0 channels
Get PRO
February '26
+74
in 1 channels
Get PRO
January '26
+61
in 1 channels
Get PRO
December '25
+49
in 1 channels
Get PRO
November '25
+48
in 1 channels
Get PRO
October '25
+61
in 1 channels
Get PRO
September '25
+65
in 2 channels
Get PRO
August '25
+87
in 1 channels
Get PRO
July '25
+81
in 1 channels
Get PRO
June '25
+62
in 0 channels
Get PRO
May '25
+128
in 0 channels
Get PRO
April '25
+79
in 2 channels
Get PRO
March '25
+117
in 1 channels
Get PRO
February '25
+82
in 0 channels
Get PRO
January '25
+110
in 2 channels
Get PRO
December '24
+143
in 2 channels
Get PRO
November '24
+86
in 1 channels
Get PRO
October '24
+156
in 2 channels
Get PRO
September '24
+228
in 2 channels
Get PRO
August '24
+167
in 3 channels
Get PRO
July '24
+151
in 3 channels
Get PRO
June '24
+66
in 3 channels
Get PRO
May '24
+5
in 17 channels
Get PRO
April '24
+59
in 26 channels
Get PRO
March '24
+96
in 21 channels
Get PRO
February '24
+75
in 17 channels
Get PRO
January '24
+394
in 21 channels
Date
Subscriber Growth
Mentions
Channels
08 September+2
07 September+3
06 September+2
05 September+1
04 September0
03 September+4
02 September+4
01 September+4
Channel Posts
Gw ပါထားတဲ့သူလေးတေ Knowledge Universe ကိုပဲလာခဲ့နော် f cm လုပ်ပီးပေးတော့မယ် ခုဟာကပါတဲ့သူနည်းတော့ ဘယ်ချိန်မပေးရမှန်းမသိ စိတ်ကမရှည်လို့ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝

2
Gift 💝 × 3 𝗚𝘄 • @Moonlight2521 • @linnhtzk • @KoezodiacW Ch join ss Post rec ( no တပ်စရာမလို ) Stop time မသိသေးဘူး #𝗞𝗼𝗲
228
3
ဘာတွေတင်ပြီး ဘာတွေရေးရမလဲစဉ်းစားမရဘူး ခေါင်းထဲဗလာဖြစ်နေရော #𝗞𝗼𝗲
376
4
" Zodiac Sign ၁၂ ခုရဲ့ ထူးခြားတဲ့အချက် " Aries ♈ လူအများ မလုပ်ရဲတဲ့အရာကို အရင်ဆုံး စလုပ်ရဲတတ်တယ်။ စိတ်မြန်ပေမယ့် စိတ်ထဲမှာ ဘယ်အရာမှအကြာကြီးမထားတတ်ကြဘူး။ Taurus ♉ တစ်ခါဆုံးဖြတ်ပြီးရင် အလွယ်တကူ မပြောင်းတတ်ဘူး။ ချစ်တဲ့သူတွေ၊ ကြိုက်တဲ့အရာတွေကို သစ္စာရှိရှိ စွဲစွဲမြဲမြဲ ချစ်တတ်ကြတယ်။ Gemini ♊ လူတစ်ယောက်တည်းထဲမှာ personality အမျိုးမျိုးရှိသလို ခံစားရတတ်တယ်။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေစွာ ပြောဆိုတတ်တာ သူတို့ရဲ့ထူးခြားမှုတစ်ခု။ Cancer ♋ အပြင်ပန်းမှာ အေးဆေးနေတတ်ပေမယ့် အတွင်းစိတ်က အရမ်းနူးညံ့တယ်။ အသေးစိတ်လေးတွေ၊ အမှတ်တရလေးတွေကိုတောင် မမေ့တတ်ကြဘူး။ Leo ♌ ကိုယ့်လူကို ကိုယ်ကာကွယ်ပေးချင်တဲ့စိတ် အရမ်းပြင်းတယ်။ Attention ကြိုက်ပေမယ့် ချစ်တဲ့သူအတွက်တော့ အများကြီးပေးဆပ်တတ်ကြတယ်။ Virgo ♍ လူတွေ သတိမထားမိတဲ့ အသေးစိတ်လေးတွေကိုတောင် သတိထားမိတတ်ကြတယ်။ အပြစ်ပြောတာများသလိုထင်ရပေမယ့် အမှန်တကယ်က ကောင်းစေချင်လို့ပါ။ Libra ♎ လူတွေရဲ့အမြင်၊ ခံစားချက်တွေကို နားလည်ပေးနိုင်တတ်တယ်။ အရာအားလုံးကို balance ဖြစ်အောင် ကြိုးစားတတ်တာ သူတို့ရဲ့ထူးခြားချက်ပါ။ Scorpio ♏ လူတစ်ယောက်ရဲ့ စိတ်ရင်းကို အလွယ်တကူ ရိပ်မိတတ်တယ်။ မချစ်ရင် အေးအေးဆေးဆေးနေပေမယ့် ချစ်မိရင်တော့ အရမ်းနက်နက်ရှိုင်းရှိုင်းချစ်ကြတယ်။ Sagittarius ♐ ဘဝကို လွတ်လပ်စွာ ပျော်ပျော်နေချင်တတ်ကြတယ်။ ဘယ်လောက်ပဲခက်ခဲနေပါစေ ဟာသနဲ့ ဖြတ်ကျော်နိုင်အောင် ကြိုးစားကြတယ်။ Capricorn ♑ စကားနည်းနည်းနဲ့ အလုပ်များများလုပ်တတ်တယ်။ တစ်ခြားသူတွေမမြင်တဲ့နေရာမှာ ကိုယ့်အနာဂတ်အတွက် တိတ်တိတ်လေး ကြိုးစားနေတတ်တယ်။ Aquarius ♒ အတွေးအခေါ်က တခြားသူတွေနဲ့ မတူတတ်ကြဘူး။ လူတွေကြားထဲမှာနေရင်းတောင် ကိုယ့်ကမ္ဘာလေးထဲ ကိုယ်နေတတ်တာ သူတို့ရဲ့ထူးခြားချက်ပါ။ Pisces ♓ စိတ်ကူးယဉ်ကမ္ဘာ အရမ်းကြီးတယ်။ လူတစ်ယောက်ရဲ့ နာကျင်မှုကို ကိုယ်တိုင်ခံစားရသလို empathy အရမ်းရှိတတ်ကြတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #forward_only #writing_by_Koe #inspired_by_originalidea
756
5
#𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #forward_only #writing_by_Koe #inspired_by_originalidea
686
6
#𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #writing_by_Koe #forward_only #do_not_copy #inspired_by_originalidea
1
7
" Zodiac Sign ၁၂ ခုရဲ့ Dark Side " ♈ Aries Aries တွေရဲ့ Dark Side က ဒေါသထွက်လွယ်တာနဲ့ စိတ်အလျင်လိုတာပါ။ သူတို့က စိတ်ထဲမှာရှိတာကို ချက်ချင်းတုံ့ပြန်တတ်ပြီး မကြိုက်တာရှိရင် ဖုံးကွယ်ထားတာထက် တိုက်ရိုက်ပြောတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တာမဖြစ်တဲ့အခါ၊ စောင့်ဆိုင်းရတာများတဲ့အခါ ဒါမှမဟုတ် မတရားဘူးလို့ခံစားရတဲ့အခါ ဒေါသမြန်မြန်ထွက်လာတတ်ပါတယ်။ ဒါပေမယ့် စိတ်အမြန်ပြေသွားတတ်ပြီး အငြိုးအတေးကို အကြာကြီးမထားတတ်ကြပါဘူး။ ♉ Taurus Taurus တွေရဲ့ Dark Side က ခေါင်းမာတာနဲ့ မလွှတ်တမ်းစွဲကိုင်တတ်တာပါ။ သူတို့က တည်ငြိမ်မှုနဲ့ လုံခြုံမှုကို အရမ်းလိုချင်တတ်တဲ့အတွက် ပြောင်းလဲမှုတွေကို လွယ်လွယ်နဲ့ လက်မခံနိုင်ကြပါဘူး။ တစ်ခုခုကို ကိုယ်ပိုင်တယ်၊ ကိုယ်ယုံကြည်တယ်ဆိုရင်အဆုံးထိမလွှတ်ချင်တတ်ကြပါဘူး။ ဒါကြောင့် စိတ်နာစရာဖြစ်လာရင်လည်း မေ့ပစ်ဖို့ အချိန်ယူရပါတယ်။ ♊ Gemini Gemini တွေရဲ့ Dark Side က စိတ်ပြောင်းလွယ်ပြီး မတည်ငြိမ်သလို ဖြစ်တတ်တာ။ သူတို့ရဲ့စိတ်က အတွေးအခေါ်အသစ်တွေ အမြဲပေါ်နေပြီး အရာတစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်ကြတယ်။ ဒါကြောင့် ဒီနေ့ဆုံးဖြတ်ထားတာကို မနက်ဖြန်ပြောင်းသွားနိုင်ပြီး တခြားသူတွေက သူတို့ကို နားလည်ရခက်‌ကြပါတယ်။ ♋ Cancer Cancer တွေရဲ့ Dark Side က စိတ်ထိခိုက်လွယ်ပြီး ခံစားချက်ကို စိတ်ထဲမှာ သိမ်းထားတတ်တာပါ။ သူတို့က ချစ်တဲ့သူတွေနဲ့ ပတ်သက်ရင် အရမ်းဂရုစိုက်တတ်တဲ့အတွက် စကားလေးတစ်ခွန်းကအစ နာကျင်သွားနိုင်ပါတယ်။ ဒါပေမယ့် ခံစားရတယ်ဆိုတာကို တိုက်ရိုက်မပြောဘဲ တိတ်ဆိတ်သွားတာ၊ ဝေးဝေးနေသွားတာမျိုး ဖြစ်တတ်ပါတယ်။ ♌ Leo Leo တွေရဲ့ Dark Side က မာနကြီးတာနဲ့ Ego ထိခိုက်လွယ်တာပါ။ သူတို့က ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ပြီး ကိုယ်လုပ်တာကို အသိအမှတ်ပြုခံချင်တတ်ပါတယ်။ ဒါကြောင့် လျစ်လျူရှုခံရတာ၊ မလေးစားခံရတာမျိုးကြုံရရင် အပြင်ပန်းမှာ မပြသပေမယ့် အတွင်းစိတ်မှာ အရမ်းထိခိုက်တတ်ပါတယ်။ တစ်ခါတလေ မာနကြောင့် ကိုယ်မှားနေတာကိုတောင် ဝန်မခံချင်တတ်ကြပါဘူး။ ♍ Virgo Virgo တွေရဲ့ Dark Side က အတွေးများတာနဲ့ အပြစ်ရှာတတ်တာပါ။ သူတို့က အရာအားလုံးကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်ပြီး အသေးစိတ်ကအစ ဂရုစိုက်တတ်ပါတယ်။ ဒါကြောင့် အားနည်းချက်တွေကို အလွယ်တကူမြင်မိပြီး ကိုယ့်ကိုယ်ကိုရော သူများကိုပါ ဝေဖန်မိတတ်ပါတယ်။ တစ်ခါတလေ ပြီးပြည့်စုံချင်စိတ်က သူတို့ကိုယ်သူတို့ ပင်ပန်းစေတတ်ပါတယ်။ ♎ Libra Libra တွေရဲ့ Dark Side က ဆုံးဖြတ်ချက်မချနိုင်တာနဲ့ လူတိုင်းကျေနပ်အောင် ကြိုးစားလွန်းတာပါ။ သူတို့က ပြဿနာနဲ့ အငြင်းပွားမှုတွေကို မကြိုက်ဘဲ အေးချမ်းမှုကို လိုချင်တတ်ပါတယ်။ ဒါကြောင့် ဘယ်သူမှ စိတ်မဆိုးအောင် စဉ်းစားရင်း ကိုယ်တကယ်လိုချင်တာကိုတောင် မပြောနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ♏ Scorpio Scorpio တွေရဲ့ Dark Side က မနာလိုစိတ်ပြင်းတာနဲ့ ခံစားရတာကို အလွယ်တကူမ‌မေ့ကြတာ။ သူတို့က လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူတတ်ပေမယ့် ယုံကြည်ပြီးသွားရင် အရမ်းနက်နက်ရှိုင်းရှိုင်း ဆက်ဆံတတ်ပါတယ်။ ဒါကြောင့် သစ္စာဖောက်ခံရတာ၊ လိမ်ညာခံရတာမျိုးက သူတို့အတွက် အရမ်းနာကျင်စရာဖြစ်ပြီး အဲဒီနာကျင်မှုကို အကြာကြီး စိတ်ထဲမှာ သိမ်းထားတတ်ပါတယ်။ ♐ Sagittarius Sagittarius တွေရဲ့ Dark Side က စကားကို တိုက်ရိုက်ပြောလွန်းတာနဲ့ တာဝန်ကနေ ရှောင်ချင်တတ်တာပါ။ သူတို့က လွတ်လပ်မှုကို အရမ်းတန်ဖိုးထားပြီး အမှန်အတိုင်းပြောတာကို ပိုကြိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ပြောတဲ့စကားက သူများကို နာကျင်စေနိုင်တယ်ဆိုတာ မစဉ်းစားမိဘဲ ပြောတတ်ကြပါတယ်။ ချုပ်ချယ်ခံရတယ်လို့ ခံစားရတဲ့အခါမှာလည်း အရာရာကနေ ထွက်ပြေးချင်တတ်ပါတယ်။ ♑ Capricorn Capricorn တွေရဲ့ Dark Side က အေးစက်သလိုဖြစ်တတ်တာနဲ့ အလုပ်ကို အလွန်အကျွံဦးစားပေးတာပါ။ သူတို့က အောင်မြင်မှုနဲ့ အနာဂတ်လုံခြုံမှုကို အရမ်းအရေးကြီးတယ်လို့ ယူဆတတ်ပါတယ်။ ဒါကြောင့် ခံစားချက်ကို ဖော်ပြဖို့ထက် ကိုယ့်တာဝန်နဲ့ ရည်မှန်းချက်ကို အရင်လုပ်တတ်ကြတယ်။ တစ်ခါတလေ ချစ်တဲ့သူတွေက သူတို့ကို စိတ်မဝင်စားဘူးလို့တောင် ထင်မိနိုင်ပါတယ်။ ♒ Aquarius Aquarius တွေရဲ့ Dark Side က ခံစားချက်ပိုင်းမှာ ဝေးကွာသလို ဖြစ်တတ်တာပါ။ သူတို့က ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်နေရာကို အရေးကြီးတယ်လို့ သတ်မှတ်တတ်ပါတယ်။ စိတ်ရှုပ်ထွေးလာတဲ့အခါ ခံစားချက်ကို ထိုင်ပြီးပြောပြတာထက် တစ်ယောက်တည်းနေဖို့ ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ suddenly အေးသွားတယ်၊ ဝေးသွားတယ်လို့ တခြားသူတွေက ခံစားရနိုင်ပါတယ်။ ♓ Pisces Pisces တွေရဲ့ Dark Side က Reality ကနေ ထွက်ပြေးချင်တတ်တာနဲ့ ခံစားချက်ထဲ နစ်မြုပ်လွယ်တာပါ။ သူတို့က အရမ်း Sensitive ဖြစ်ပြီး ပတ်ဝန်းကျင်က စိတ်ခံစားချက်တွေကိုပါ ကိုယ်တိုင်ခံစားမိတတ်ပါတယ်။ ဒါကြောင့် နာကျင်မှုများလာတဲ့အခါ ပြဿနာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ကူးကမ္ဘာထဲ ဝင်နေချင်တာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ခံစားချက်လွန်ကဲပြီး ကိုယ့်ကိုယ်ကိုပဲ ပိုနာကျင်အောင် လုပ်မိတတ်ပါတယ်။
728
8
" Zodiac Sign × color " Aries — ❤️ အနီရောင် ရဲရင့်ပြီး စိတ်အားထက်သန်ကြတယ်။ ကိုယ်လုပ်ချင်တာကို မကြောက်မရွံ့လုပ်တတ်လို့ အားအင်နဲ့ passion ကို ကိုယ်စားပြုတဲ့ အနီရောင်နဲ့တူတယ်။ Taurus — 💚 အစိမ်းရောင် တည်ငြိမ်ပြီး အေးဆေးကြတယ်။ သဘာဝ၊ အေးချမ်းမှုနဲ့ သက်တောင့်သက်သာရှိမှုကို ကြိုက်တတ်လို့ အစိမ်းရောင်နဲ့လိုက်ဖက်တယ်။ Gemini — 💛 အဝါရောင် တက်ကြွပြီး စကားပြောကောင်းကြတယ်။ စိတ်ဝင်စားစရာအသစ်တွေကို အမြဲရှာဖွေတတ်လို့ ပျော်ရွှင်တက်ကြွတဲ့ အဝါရောင်နဲ့ဆင်တူပါတယ်။ Cancer — 🤍 အဖြူရောင် နူးညံ့ပြီး ခံစားချက်နုတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပေးတတ်လို့ သန့်ရှင်းနူးညံ့တဲ့ အဖြူရောင်နဲ့ဆင်တူပါတယ်။ Leo — 🧡 ရွှေရောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး spotlight ကို သဘောကျတတ်တယ်။ တောက်ပပြီး royal ဆန်တဲ့ vibe ရှိလို့ ရွှေရောင်က Leo နဲ့အရမ်းလိုက်ဖက်ပါတယ်။ Virgo — 🤎 အညိုဖျော့ရောင် လက်တွေ့ကျပြီး စနစ်တကျနေတတ်ကြတယ်။ ရိုးရှင်းပြီး သဘာဝဆန်တဲ့ vibe ရှိလို့ အညိုဖျော့ရောင်နဲ့တူပါတယ်။ Libra — 🩷 ပန်းရောင် ချစ်စရာကောင်းပြီး အလှအပကို တန်ဖိုးထားတတ်ကြတယ်။ Relationship တွေမှာ harmony ကို ကြိုက်တတ်လို့ နူးညံ့တဲ့ ပန်းရောင်နဲ့တူပါတယ်။ Scorpio — 🖤 အနက်ရောင် နက်ရှိုင်းပြီး mysterious ဖြစ်တတ်တယ်။ ကိုယ့်အကြောင်းကို လူတိုင်းကို မပြတတ်လို့ လျှို့ဝှက်ဆန်တဲ့ အနက်ရောင်နဲ့တူပါတယ်။ Sagittarius — 💜 ခရမ်းရောင် လွတ်လပ်ပြီး adventure ကိုကြိုက်နှစ်သက်ကြတယ်။ သာမန်ထက် ထူးခြားတဲ့အရာတွေကို စိတ်ဝင်စားတတ်လို့ ခရမ်းရောင်လို unique vibe ရှိပါတယ်။ Capricorn — 🩶 မီးခိုးရောင် တည်ငြိမ်ပြီး serious ဖြစ်တတ်ကြတယ်။ အလုပ်နဲ့ရည်မှန်းချက်ကို အာရုံစိုက်တတ်လို့ ရိုးရှင်းပြီး mature ဖြစ်တဲ့ မီးခိုးရောင်နဲ့လိုက်ဖက်ပါတယ်။ Aquarius — 💙 အပြာရောင် လွတ်လပ်တဲ့အတွေးအခေါ်ရှိပြီး သူများနဲ့မတူတဲ့အမြင်တွေရှိတတ်ကြတယ်။ အေးဆေးပြီး futuristic vibe ရှိလို့ အပြာရောင်နဲ့တူပါတယ်။ Pisces — 🩵 အပြာနုရောင် စိတ်ကူးယဉ်တတ်ပြီး ခံစားချက်နူးညံ့တတ်ကြတယ်။ Dreamy နဲ့ romantic vibe ရှိလို့ တိမ်ပြာကောင်းကင်လို အပြာနုရောင်နဲ့တူပါတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #writing_by_myself #do_not_copy #forward_only
950
9
“ Zodiac Signsတွေမနာလိုတဲ့အချိန် ” ♈ Aries “ဘယ်သူနဲ့ပြောနေတာလဲ?” မနာလိုတာမဟုတ်ဘူး၊ သိချင်တာပါတဲ့။ ♉ Taurus ဘာမှမပြောဘူး။ ဒါပေမယ့် မျက်နှာက အကုန်ပြောနေပြီ။ ♊ Gemini မနာလိုဘူးလို့ပြောရင်း မေးခွန်း ၁၀ ခုလောက်မေးပြီးပြီ။ ♋ Cancer မပြောဘူး တိတ်တိတ်လေး ဝမ်းနည်းနေမယ်။ ♌ Leo “အဲ့လူက ငါ့ထက်ဘာပိုကောင်းလို့လဲ?” ♍ Virgo မနာလိုဘူး။ အခြေအနေကိုပဲ analysis လုပ်နေတာ။ ♎ Libra ပြုံးပြုံးလေးနဲ့ နေမယ်။ အိမ်ရောက်မှ overthink မယ်။ ♏ Scorpio မမေးဘူး။ မပြောဘူး။ အကုန်သိအောင် စောင့်ကြည့်မယ်။ ♐ Sagittarius “သွားလေ၊ ငါဂရုမစိုက်ဘူး” ဒါပေမယ့် ဘယ်သူလဲတော့ သိချင်တယ်။ ♑ Capricorn မနာလိုတာအတွက် အချိန်မပေးဘူး။ ဒါပေမယ့် စိတ်ထဲမှာမှတ်ထားတယ်။ ♒ Aquarius မနာလိုဘူး။ အရင်လိုတော့စကားမပြောတော့ဘူး။ ♓ Pisces သူဘာမှမလုပ်သေးဘူး။ ကိုယ်ကတော့ ဖြစ်နိုင်သမျှအခြေအနေအားလုံးကို စိတ်ထဲမှာ ဖြစ်ပြီးသွားပြီ။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #writing_by_myself #do_not_copy #forward_only
1 085
10
♈ Aries Aries တွေက ဒေါသထွက်လွယ်ပေမယ့် အငြိုးအတေးတော့ အကြာကြီးမထားတတ်ကြပါဘူး။ စိတ်ဆိုးနေတဲ့အချိန်မှာ စကားပြောပုံ နည်းနည်းကြမ်းသွားနိုင်ပေမယ့် စိတ်ပြေသွားရင် ဘာမှမဖြစ်ခဲ့သလို ပြန်ရယ်မောပြီး ဆက်ဆံတတ်ကြပါတယ်။ သူတို့က ပြဿနာကို ရှောင်နေမယ့်အစား မျက်နှာချင်းဆိုင် ဖြေရှင်းရတာကို ပိုသဘောကျတဲ့သူတွေပါ။ နောက်ကွယ်မှာ အတင်းပြောတာ၊ အကွက်ချတာထက် ရှိတာကို ရှိတဲ့အတိုင်း တိုက်ရိုက်ပြောဖို့ပဲ ရွေးချယ်တတ်ကြပါတယ်။ ♉ Taurus Taurus တွေက စိတ်ရှည်ပြီး သည်းခံနိုင်စွမ်းကောင်းတဲ့ ရာသီခွင်တွေထဲက တစ်ခုပါ။ ဒါပေမယ့် သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားရင်တော့ အရင်က အေးဆေးနေခဲ့တဲ့သူဆိုတာ မယုံနိုင်လောက်အောင် စိတ်ပြတ်တတ်ကြပါတယ်။ တစ်ခါ ယုံကြည်မှု ပျက်သွားပြီ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခု ချပြီးပြီဆိုရင် နောက်ပြန်လှည့်ဖို့ မလွယ်တော့ပါဘူး။ အခွင့်အရေးပေးနိုင်ပေမယ့် တစ်ခါတလေ အဲ့ဒီအခွင့်အရေးက တစ်ကြိမ်တည်းသာ ဖြစ်တတ်တာက Taurus တွေရဲ့ ထူးခြားချက်ပါ။ ♊ Gemini Gemini တွေက စကားပြောကောင်းပြီး လူအများနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်ကြပါတယ်။ စိတ်ဝင်စားစရာအသစ်တွေကို အမြဲရှာဖွေနေပြီး တစ်နေရာတည်းမှာ အကြာကြီးနေရတာကို သိပ်မကြိုက်ကြပါဘူး။ Mood အပြောင်းအလဲ မြန်တတ်လို့ တစ်ခါတလေ နားလည်ရခက်ပေမယ့် သူတို့အတွက်တော့ အဲဒါက ပုံမှန်ပါပဲ။ ပျော်ရွှင်မှုကို မျှဝေပေးတတ်သလို စိတ်ညစ်စရာတွေကိုလည်း ရယ်မောပြီး ကျော်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ♋ Cancer Cancer တွေက အပြင်ပန်းမှာ အေးဆေးနေပေမယ့် အတွင်းစိတ်က အရမ်းနူးညံ့တဲ့သူတွေပါ။ ကိုယ့်ချစ်တဲ့လူတွေကို ဂရုစိုက်ပေးရတာကို သဘောကျပြီး သံယောဇဉ်ကိုလည်း တန်ဖိုးထားကြပါတယ်။ စိတ်ထိခိုက်သွားရင် အပြင်မပြဘဲ တိတ်တိတ်လေး ခံစားနေတတ်ပြီး မေ့သွားသလို နေတတ်ပေမယ့် ဖြစ်ခဲ့တာတွေကိုတော့ အလွယ်တကူ မမေ့တတ်ကြပါဘူး။ ♌ Leo Leo တွေက ယုံကြည်မှုရှိပြီး ဘယ်နေရာရောက်ရောက် ကိုယ့်တန်ဖိုးကို ပြသနိုင်တဲ့သူတွေပါ။ ခေါင်းဆောင်တာဝန်ယူရတာကို သဘောကျပြီး ကိုယ့်လူတွေကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။ တစ်ခါတလေ ဂုဏ်ယူစိတ်ကြီးသလို ထင်ရပေမယ့် အသိအမှတ်ပြုခံရတာကို လိုချင်တဲ့စိတ်ကြောင့် ဖြစ်တတ်ပါတယ်။ ချစ်တဲ့သူတွေကိုတော့ အချိန်ရော စိတ်ရော အပြည့်ပေးတတ်ကြပါတယ်။ ♍ Virgo Virgo တွေက အသေးစိတ်ကို ဂရုစိုက်တတ်ပြီး အလုပ်တစ်ခုကို သေသေချာချာ လုပ်ချင်တဲ့သူတွေပါ။ အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားတတ်လို့ တစ်ခါတလေ Overthinking ဖြစ်တတ်ကြပါတယ်။ အချစ်ရေးမှာလည်း စကားထက် အပြုအမူနဲ့ ဂရုစိုက်တာကို ပိုပြတတ်ပြီး ကိုယ့်ချစ်တဲ့သူ ကောင်းဖို့အတွက် အမြဲစဉ်းစားပေးနေတတ်ပါတယ်။ ♎ Libra Libra တွေက လူတိုင်းနဲ့ အဆင်ပြေချင်တဲ့ စိတ်ရှိပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို နှစ်သက်ကြပါတယ်။ ဆုံးဖြတ်ချက်ချရတဲ့အချိန်မှာ ရွေးချယ်စရာနှစ်ခုလုံးကို စဉ်းစားလွန်းလို့ အချိန်ကြာတတ်ပါတယ်။ Relationship တစ်ခုမှာလည်း တစ်ဖက်လူရဲ့ ခံစားချက်ကို ဦးစားပေးတတ်ပြီး မလိုအပ်တဲ့ ရန်ဖြစ်မှုတွေကို ရှောင်ချင်ကြပါတယ်။ ♏ Scorpio Scorpio တွေက ကိုယ့်ခံစားချက်ကို လွယ်လွယ်နဲ့ မဖော်ပြတတ်ကြပါဘူး။ လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူပေမယ့် ယုံကြည်သွားပြီဆိုရင် အပြည့်အဝ ရပ်တည်ပေးတတ်ကြပါတယ်။ သစ္စာဖောက်ခံရတာကိုတော့ အရမ်းနာကျင်တတ်ပြီး တစ်ခါစိတ်ပြတ်သွားရင် အရင်လို ပြန်ဖြစ်ဖို့ ခက်တတ်ပါတယ်။ ♐ Sagittarius Sagittarius တွေက လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတဲ့သူတွေပါ။ အသစ်အသစ်သော နေရာတွေ၊ အတွေ့အကြုံတွေကို ရှာဖွေရတာ သဘောကျပြီး ချုပ်ချယ်ခံရတာကို မကြိုက်ကြပါဘူး။ စကားပြောတဲ့အခါလည်း ရိုးရိုးသားသားနဲ့ တိုက်ရိုက်ပြောတတ်လို့ တစ်ခါတလေ တခြားသူတွေ စိတ်ထိခိုက်သွားနိုင်ပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်တော့ မရှိတတ်ပါဘူး။ ♑ Capricorn Capricorn တွေက တာဝန်ယူစိတ်ရှိပြီး ကိုယ့်ရည်မှန်းချက်ကို မရမချင်း ကြိုးစားတတ်ကြပါတယ်။ အောင်မြင်မှုအတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးနိုင်ပြီး အခက်အခဲတွေကိုလည်း အလွယ်တကူ အရှုံးမပေးတတ်ကြပါဘူး။ အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် ကိုယ့်လူတွေအပေါ်တော့ အရမ်းတာဝန်ယူတတ်ကြပါတယ်။ ♒ Aquarius Aquarius တွေက ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး လူအများနဲ့ မတူတဲ့အမြင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ လွတ်လပ်မှုကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ခံရတာ မကြိုက်ကြပါဘူး။ စိတ်ခံစားချက်ကို ထုတ်မပြတတ်လို့ အေးစက်သလို ထင်ရပေမယ့် ယုံကြည်ရတဲ့သူတွေနဲ့ဆို အရမ်းပွင့်လင်းတတ်ကြပါတယ်။ ♓ Pisces Pisces တွေက စိတ်ကူးယဉ်ဆန်ပြီး စာနာစိတ်အရမ်းရှိတဲ့သူတွေပါ။ တခြားသူတွေရဲ့ ခံစားချက်ကို ကိုယ့်ခံစားချက်လို နားလည်ပေးနိုင်ပြီး လိုအပ်ရင် အားပေးကူညီပေးတတ်ကြပါတယ်။ ချစ်မိသွားရင် အပြည့်အဝ ပေးဆပ်တတ်ပေမယ့် စိတ်ထိခိုက်လွယ်တာကြောင့် တစ်ခါတလေ တိတ်တိတ်လေး ဝမ်းနည်းနေတတ်ကြပါတယ်။ #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #do_not_copy #writing_by_myself #forward_only
1 204
11
ဓမ္မစကြာအခါတော်နေ့ ဝါဆိုလပြည့်နေ့ -မြတ်စွာဘုရားရှင် သန္ဓေယူသောနေ့ -တောထွက်တော်မူသောနေ့ -တရားဦး ဓမ္မစကြာကို စတင်ဟောကြားတော်မူသောနေ့ -သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ ရ နေ့ထူနေ့မြတ်အခါသမယ၌ ပြုလုပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုအပေါင်းတို့ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲများ ကင်းဝေးကြပါစေ။ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #𝙲𝚁𝙳
886
12
" ရာသီခွင်အလိုက် ငွေသုံးပုံ၊ ငွေစုတတ်ပုံ " ♈ Aries – ရလာတာမြန်သလို သုံးတာလည်းမြန်တယ်။ စိတ်ပါရင် ချက်ချင်းဝယ်တတ်ပြီး ငွေစုဖို့ စည်းကမ်းတကျထားတတ်ကြတယ်။ ♉ Taurus – ငွေစုတတ်တဲ့ရာသီခွင်တွေထဲက တစ်ခု။ အရည်အသွေးကောင်းတာအတွက်တော့ ဈေးကြီးလည်း ပေးဝယ်ရဲတယ်။ ♊ Gemini – စိတ်ပြောင်းလွယ်လို့ အသစ်အဆန်းတွေဝယ်တတ်တယ်။ ငွေဝင်ပေါက်ရှာတတ်ပေမယ့် ငွေစုဖို့အတော်ခက်ခဲကြတယ်။ ♋ Cancer – မိသားစုနဲ့ အိမ်အတွက် ငွေသုံးတတ်တယ်။ မလိုအပ်ရင် မသုံးဘဲ အရေးပေါ်အတွက် စုထားတတ်ကြတယ်။ ♌ Leo – ကိုယ်နဲ့ချစ်တဲ့သူတွေအတွက် ရက်ရောတတ်တယ်။ Brand ကောင်းတာ၊ အရည်အသွေးကောင်းတာကို သဘောကျတတ်ကြတယ်။ ♍ Virgo – ဘတ်ဂျက်ဆွဲပြီး သုံးတတ်ကြတယ်။ အသုံးစရိတ်ကို စနစ်တကျထိန်းနိုင်တဲ့သူတွေ။ ♎ Libra – လှပတဲ့ပစ္စည်းတွေ၊ Fashion တွေအတွက် သုံးတတ်ကြတယ်။ Balanceလုပ်နိုင်ပြီး ငွေစီမံခန့်ခွဲတာတော်ကြတယ်။ ♏ Scorpio – ငွေကိစ္စကို လျှို့ဝှက်ထားတတ်ကြတယ်။ ရင်းနှီးမြှုပ်နှံဖို့ ငွေရှာဖို့ စိတ်ဝင်စားပြီး အနာဂတ်အတွက်စုဆောင်းတတ်ကြတယ်။ ♐ Sagittarius – ခရီးသွားတာ၊ အတွေ့အကြုံအသစ်တွေအတွက် အသုံး‌များကြတယ်။ ငွေစုတာထက် ဘဝကို ပျော်ပျော်ကြီးခံစားရတာနှစ်သက်ကြတယ်။ ♑ Capricorn – ငွေစီမံခန့်ခွဲရာမှာ အတော်ကောင်းမွန်တဲ့လူမျိုးတွေ။ ရေရှည်အတွက် ရည်မှန်းချက်ထားပြီး စုဆောင်းတတ်တယ်။ ♒ Aquarius – နည်းပညာ၊ ဝါသနာနဲ့ ဆန်းသစ်တဲ့အရာတွေအတွက် သုံးတတ်ကြတယ်။ စိတ်ဝင်စားရာပေါ်မူတည်ပြီး သုံးစွဲပုံလည်းပြောင်းတတ်ကြတယ်။ ♓ Pisces – စိတ်ခံစားချက်အလိုက် သုံးမိတတ်ကြတယ်။ တခြားသူတွေကို ကူညီဖို့လည်းငွေသုံးတတ်ပြီး ငွေစုဖို့အတွက်နည်းလမ်းလေးတော့ရှိဖို့လိုအပ်တယ်။ * It may not be 100% accurate * #𝗞𝗼𝗲 #zodiac_sign@KoezodiacW #Zodiac_World #forward_only #writing_by_myself #do_not_copy
1 060
13
No text...
0
14
12တန်းဆိုတာကိုမေ့ပြီး Ttမှာသာယာနေမိသူတစ်ဦး #𝗞𝗼𝗲
1 183
15
" အချစ်အကြောင်းadviceပေးခြင်း " ♈ Aries – "ကြိုက်ရင်သွားပြောလိုက်လေ။ Waiting လုပ်နေလို့ ဘာထူးမှာလဲ" ♎ Libra – "ခဏ... သူ့ကိုချစ်လား၊ မချစ်လား စဉ်းစားအုံးမယ်" ♈ Aries – "နင်ဆုံးဖြတ်ပြီးရင် သူက ကလေးနှစ်ယောက်အဖေဖြစ်နေပြီ" ♋ Cancer – "သူ 'စားပြီးပြီလား' လို့မမေးတာနဲ့တင် စိတ်မကောင်းဖြစ်နေပြီ..." ♊ Gemini – "သူ Busy ဖြစ်နေတာပါဟ... နင်က ဇာတ်လမ်းတွဲကို Season 3 ထိ ရေးနေပြီ" ♌ Leo – "သူက ငါ့ကိုမချစ်ရင် သူကအရှုံးသမားပဲ" ♏ Scorpio – "အေး... Ego ကတော့ NASA ထိရောက်နေတယ်" ♍ Virgo – "သူ Reply နောက်ကျတာ ၃ မိနစ် ၂၇ စက္ကန့်..." ♐ Sagittarius – "ဟယ်...Timer နဲ့များ စောင့်နေတာလား " ♓ Pisces – "သူ့ Smile လေးတစ်ခါလုပ်လိုက်တာနဲ့ မင်္ဂလာပွဲထိ စိတ်ကူးယဉ်ပြီးပြီ။" ♑ Capricorn – " Relationship မစခင် Wi-Fi Bill လေးအရင်ရှင်း" ♒ Aquarius – "Love ဆိုတာ Chemistry ပဲ..." ♊ Gemini – "Chemistry မဟုတ်ဘူး... နင့်ကိုနားလည်ဖို့ Dictionary လိုတာ" ♉ Taurus – "Date သွားမလို့ စားကောင်းတဲ့နေရာတွေရွေးရမယ်" ♈ Aries – "နင်က Partner ရှာတာလား... Buffet ရှာတာလား " Me : "နင်တို့ ၁၂ ယောက်က Love Advice ပေးတာထက် တစ်ယောက်ကိုတစ်ယောက်ဖဲ့တာက ပိုများနေတယ်" #𝗞𝗼𝗲 #do_not_copy #Zodiac_World #zodiac_sign@KoezodiacW #writing_by_myself #forward_only
1 415
16
"ကြည့်လို့မရတဲ့သူနဲ့ အမှတ်မထင်တွေ့မိတဲ့အချိန်" "ဪ... အသက်ရှင်နေသေးတာလား..ဆိုတဲ့မျက်နှာပေးနဲ့ကြည့်တဲ့အဖွဲ့" ♏ Scorpio ♒ Aquarius ♍ Virgo "အညစ်အကြေးတွေမနင်းချင်ဘူးဆိုပြီး ရှောင်သွားတဲ့အဖွဲ့" ♉ Taurus ♑ Capricorn ♎ Libra "ဒေါသထွက်နေပေမယ့် စိတ်ထိန်းထားတဲ့အဖွဲ့" ♈ Aries ♋ Cancer ♌ Leo "ဘာမှမဖြစ်ပါဘူး အေးဆေးပဲဆိုတဲ့ Face နဲ့ဖြတ်သွားတဲ့အဖွဲ့" ♐ Sagittarius ♊ Gemini ♓ Pisces #𝗞𝗼𝗲 #Zodiac_World #zodiac_sign@KoezodiacW #do_not_copy #writing_by_myself #forward_only
1 343
17
နောက်ရက်ကိုယ်လာတင်ပေးပါ့မယ် မျှော်နေတဲ့လူတွေရှိတာသိပေမယ့် ကိုယ်ကမအားတော့ ချန်နယ်ဘက်မလှည့်ဖြစ်ဘူးဖြစ်နေတာ #𝗞𝗼𝗲
1 083
18
ကိုယ့်ကလေးတွေလည်း ကိုယ်မရှိတဲ့အတောအတွင်းထွက်လိုက်ကြတာ #𝗞𝗼𝗲
998
19
ရာသီခွင်တွေရဲ့ Social အရည်အသွေး Aries ♈ လူမှုရေးမှာ အမြဲ Performance ကောင်းပြီး ထိပ်ဆုံးက ဦးဆောင်ချင်သူ။ Taurus ♉ မိတ်ဆွေဖွဲ့ရ ခက်ပေမဲ့ တစ်ခါရင်းနှီးသွားရင် ရေရှည် အားကိုးရဆုံးသူ။ Gemini ♊ ဘယ်သူနဲ့မဆို စကားလက်ဆုံကျနိုင်တဲ့ Social Queen/King အစစ်။ Cancer ♋ အပြင်ပန်း ဂရုစိုက်ပြပေမဲ့ တကယ်တမ်း စိတ်အချရဆုံး လူနည်းစုကိုပဲ အနားထားသူ။ Leo ♌ လူအများကြားထဲ ရောက်ရင် အလိုလို Aura ထွက်ပြီး အာရုံစိုက်ခံရသူ။ Virgo ♍ လူမှုရေးထက် အလုပ်ကိစ္စကိုပဲ စနစ်တကျ ပြောဆိုဆက်ဆံရတာ ပိုကြိုက်သူ။ Libra ♎ ရန်ပွဲတွေကို ပြေလည်အောင် ညှိနှိုင်းပေးနိုင်တဲ့ လူမှုရေး အကောင်းဆုံးပိုင်ရှင်။ Scorpio ♏ လူတကာနဲ့ ရောရောနှောနှော မနေတတ်ဘဲ လျှို့ဝှက်ချက် များလွန်းသူ။ Sagittarius ♐ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဉာဏ်ရွှင်လို့ ဘယ်အဖွဲ့ထဲရောက်ရောက် အမြဲမြိုင်ဆိုင်စေသူ။ Capricorn ♑ အကျိုးရှိမယ့် ပတ်သက်မှုမျိုး (Networking) ကိုပဲ ဦးစားပေး ပေါင်းသင်းသူ။ Aquarius ♒ သူငယ်ချင်း မိတ်ဆွေ အလွန်များပေမဲ့ ဘယ်သူ့ကိုမှ ရာနှုန်းပြည့် စိတ်မနှစ်သူ။ Pisces ♓ သူတစ်ပါး ခံစားချက်ကို စာနာနားလည်ပေးနိုင်စွမ်း အမြင့်မားဆုံး ဆက်ဆံရေးရှိသူ။ Zodiac signs များသည် 100% မမှန်ကန်နိုင်ပါ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #ZodiacSigns #SocialSkills #HoroscopeBurmese #𝐃𝐨_𝐍𝐨𝐭_𝐂𝐨𝐩𝐲 #𝑾𝒓𝒊𝒕𝒕𝒆𝒏_𝒃𝒚 myself #ShortContent
1 192
20
🌧 မိုးအေးအေးလေးမှာ ဖတ်ဖို့... Zodiac ဆိုင်းတွေရဲ့ "မိုးရွာရင် လုပ်တတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့်များ" ☕️ အပြင်မှာ မိုးတွေအေးပြီး ရွာနေပြီဆိုရင် စိတ်ကူးယဉ်တဲ့သူက ယဉ်၊ အိပ်တဲ့သူက အိပ်နဲ့... Zodiac တစ်ခုချင်းစီမှာ မိုးရွာတဲ့နေ့ဆို ထွက်ထွက်လာတတ်တဲ့ လုံးဝ (လုံးဝ) မတူညီတဲ့ အကျင့်ဆန်းလေးတွေ ရှိကြပါတယ်။ ကိုယ်တေရော ဘယ်လို အုပ်စုထဲပါလဲ ကြည့်လိုက်ရအောင်... ♈ Aries (မိဿရာသီဖွား) မိုးရွာလည်း သူတို့ရဲ့ Energy က ကျမသွားပါဘူး။ "မိုးရွာတာ အေးအေးလူလူ ရှိလှချည်လား" ဆိုပြီး အိမ်ထဲမှာ ပျင်းလာတာနဲ့ တက်ကြွလှုပ်ရှားပြီး အိမ်အလုပ်တွေ ထလုပ်တာ၊ ဒါမှမဟုတ် သီချင်းအကျယ်ကြီးဖွင့်ပြီး ကဲနေတတ်တဲ့ အုပ်စုပါ။ ♉ Taurus (ပြိဿရာသီဖွား) မိုးရာသီရဲ့ ဘုရင်/ဘုရင်မကြီးတွေပါ။ မိုးရွာပြီဆိုတာနဲ့ စောင်ပုံထဲကနေ လုံးဝမထတော့ပါဘူး။ အနားမှာ မုန့်ထုတ်တွေအပြည့်နဲ့ ဖုန်းကြည့်လိုက်၊ အိပ်လိုက်၊ မိုးအေးအေးလေးမှာ အနားယူရတာကို အပြည့်အဝ ဇိမ်ခံနေတတ်တဲ့သူတွေပေါ့။ ♊ Gemini (မေထုန်ရာသီဖွား) မိုးရွာရင် အိမ်ထဲမှာ ငြိမ်ငြိမ်မနေနိုင်ဘဲ Group Chat တွေထဲ သွားဆူတတ်ပါတယ်။ "မိုးရွာနေတယ်နော်၊ မင်းတို့ဆီရော ရွာလား" ဆိုပြီး သူငယ်ချင်းတွေဆီ လိုက်ဖုန်းဆက်၊ မန့်တွေလိုက်မန့်ပြီး အားလုံးကို လိုက်နှောက်ယှက်နေတဲ့ အလုပ်ရှုပ်သူလေးပါ။ ♋ Cancer (ကရကဋ်ရာသီဖွား) "မိုးအေးအေးလေးနဲ့ အကြော်ပူပူလေး စားချင်တယ်" လို့ အရင်ဆုံး အော်မယ့်သူပါ။ မီးဖိုချောင်ထဲဝင်ပြီး တစ်ခုခု ထချက်စားဖို့ စိတ်အားထက်သန်နေတတ်ပြီး အိမ်သားတွေကိုပါ မိုးရာသီ အစားအသောက်တွေနဲ့ ပြုစုရတာ သဘောကျတတ်ပါတယ်။ ♌ Leo (သိဟ်ရာသီဖွား) မိုးရွာတာကိုတောင် Aesthetic ဖြစ်ဖြစ် Content လုပ်ချင်တဲ့သူပါ။ ကော်ဖီခွက်လေးကို ကိုင်၊ မှန်ပြတင်းပေါက်က မိုးရေစက်တွေကို ရိုက်ပြီး "Rainy day vibes..." ဆိုပြီး လူမှုကွန်ရက်ပေါ် Story တင်ဖို့ စက္ကန့်မဆိုင်းတဲ့သူမျိုး ဖြစ်ပါတယ်။ ♍ Virgo (ကန်ရာသီဖွား) မိုးရွာရင် စိတ်အေးရမယ့်အစား "မိုးရေတွေ ဝရန်တာထဲ စင်ကုန်ပြီလား၊ အဝတ်လှန်းထားတာတွေ စိုကုန်ပြီလား" ဆိုပြီး စိုးရိမ်စိတ်တွေလွန်ကဲကာ အိမ်ပတ်ပတ်လည်ကို လိုက်စစ်ဆေးပြီး အလုပ်ရှုပ်နေတတ်တဲ့ စည်းကမ်းကြီးသူပါ။ ♎ Libra (တူရာသီဖွား) မိုးရွာတဲ့နေ့မှာ အိပ်ယာထဲက ထဖို့ တော်တော်လေး ဆုံးဖြတ်ချက် ခက်ခဲနေတတ်ပါတယ်။ "ထရင် ကောင်းမလား၊ ဆက်အိပ်ရင် ကောင်းမလား" ဆိုပြီး ပျင်းရိပျင်းတွဲနဲ့ စောင်ထဲမှာတင် အချိန်ကုန်သွားတတ်တဲ့ အလှပဂေးလေးတွေပေါ့။ ♏ Scorpio (ဗြိစ္ဆာရာသီဖွား) မိုးရွာပြီဆိုရင် အခန်းမီးမှိတ်၊ ပြတင်းပေါက်နားမှာ ထိုင်ပြီး မိုးရွာတာကို ငေးကြည့်နေတတ်ပါတယ်။ တကယ်က ဘာမှတွေးနေတာမဟုတ်ဘဲ ဇာတ်လမ်းတွဲထဲက မင်းသား/မင်းသမီးလိုမျိုး ခပ်မိုက်မိုက် ပုံစံ ဖမ်းနေတာပါ။ ♐ Sagittarius (ဓနုရာသီဖွား) "မိုးရွာတာ အပြင်မသွားရဘူး" ဆိုတဲ့ စည်းကမ်း သူတို့ဆီမှာ မရှိပါဘူး။ မိုးရွာထဲ ထီးလေးဆောင်းပြီးဖြစ်ဖြစ်၊ မိုးကာအကျီ ဝတ်ပြီးဖြစ်ဖြစ် အပြင်ထွက်လည်ဖို့၊ ဒါမှမဟုတ် မိုးရေထဲ လမ်းလျှောက်ဖို့ အခွင့်အရေး ရှာတတ်တဲ့ အလွတ်သမားလေးပါ။ ♑ Capricorn (မကာရရာသီဖွား ရာသီဥတုက ဘယ်လောက်ပဲ အိပ်လို့ကောင်းကောင်း သူတို့ကတော့ လက်ပ်တော့ပ်ကြီးဖွင့်ပြီး အလုပ်လုပ်နေတုန်း၊ စာဖတ်နေတုန်းပါပဲ။ "မိုးရွာရင် အာရုံစိုက်ရတာ ပိုကောင်းတယ်" ဆိုပြီး အလုပ်ထဲ စိတ်နှစ်ထားတတ်တဲ့ သွေးအေးလူသားကြီးပါ။ ♒ Aquarius (ကုံရာသီဖွား) မိုးရွာတဲ့နေ့တွေမှာ တခြားသူတွေနဲ့မတူဘဲ ဆန်းပြားတဲ့အရာတွေ လုပ်တတ်ပါတယ်။ ကွန်ပျူတာဂိမ်းကို အသေအလဲ ဆော့နေတာမျိုး၊ ဒါမှမဟုတ် သိပ္ပံကားတွေ၊ လျှို့ဝှက်ဆန်းပြားတဲ့ Documentary တွေကို အခန်းအောင်းပြီး မပြတ်တမ်း ကြည့်နေတတ်ပါတယ်။ ♓ Pisces (မိန်ရာသီဖွား) မိုးရေစက်တွေကို ကြည့်ပြီး ကိုယ်တိုင် Music Video (MV) ထဲက ဇာတ်လိုက်ဖြစ်နေသလိုမျိုး သီချင်းအေးအေးလေးတွေ နားထောင်ရင်း စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားတတ်တဲ့ ရိုမန်တစ်ဆန်လွန်းသူလေး ဖြစ်ပါတယ်နော်။ 💬 ရန်ကုန်မှာမိုးရွာနေလို့ လိုက်မလားတင်ပေးတာ ကြိုက်ကြလား 🌧 🔖 Zodiac signs များသည် 100% မမှန်ကန်နိုင်ပါ #𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝 #𝐃𝐨_𝐍𝐨𝐭_𝐂𝐨𝐩𝐲 #𝑾𝒓𝒊𝒕𝒕𝒆𝒏_𝒃𝒚 myself #𝑭𝒐𝒓𝒘𝒂𝒓𝒅 only #RainyDayLifestyle #ZodiacFunnies #HoroscopeBurmese #မိုးရွာရင်ဘာလုပ်လဲ
1 052