en
Feedback
Ever Learn Private School (Rainbow)

Ever Learn Private School (Rainbow)

Open in Telegram
334
Subscribers
No data24 hours
+27 days
+1230 days
Posts Archive
KG မှ သားသားမီးမီးတို့ရဲ့ "အာစရိယပူဇော်ပွဲ"နေ့သည် အောက်တိုဘာလ ၂၁ရက် (စနေနေ့) ဖြစ်ပါသည်။ ကျောင်းသား/သူများသည် မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်လာရမည် ဖြစ်ပါသည်။ ကျောင်းသား /သူများနံနက်(၈) နာရီအရောက်လာရပါမည်။ နံနက် (၁၁)နာရီတွင် လာရောက်ကြိုရပါမည်။ ကျောင်းသားများ ဝတ်ဆင်လာရန်-မြန်မာဝတ်စုံ ကျောင်းသူများ ဝတ်ဆင်လာရန်-မြန်မာဝတ်စုံ

သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဖြစ်ပါ၍ ကျောင်းလခပေးသွင်းရန် ကျန်ရှိသူများအနေဖြင့် (၁၉)ရက်နေ့နောက်ဆုံးထားပေးသွင်းကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်

သက်ဆိုင်ရာ အတန်းများအလိုက်စာမေးပွဲ အချိန်စာရင်းများကို October (3)ရက်နေ့ကတည်းက ပြောကြားထားပြီးသားဖြစ်ပါတယ် ။

အခမ်းအနားပြောင်းရွှေ့စီစဉ်ရမည်ဖြစ်၍ 8နာရီအတိမှသာ ပို့ပေးကြပါရန် ပန်ကြားအပ်ပါသည်

ဆရာကန်တော့ပွဲကို မူလအစီအစဉ်အတိုင်း စက်မှုဗိမ္မန်တွင် ကျင်းပမည်ဖြစ်ပါသည် ။ သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူများ 8နာရီတွင် စက်မှုဗိမ္မန်သို့ပို့ပေးကြပါရန် နှင့် 11နာရီမှာ ပြန်ကြိုပေးကြရမည်ဖြစ်ပါသည်

သီတင်းကျွတ် အာစရိယပူဇော်ပွဲကျင်းပခြင်း" ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက် (သောကြာနေ့)တွင် "ပထမတန်း မှ ပဥ္စမတန်း"အထိ အာစရိယပူဇော်ပွဲ ပြုလုပ်မည်ဖြစ်ပါသည််။ ကျောင်းသား/သူများသည် မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့်အညီဝတ်စားဆင်ယင်လာရမည်ဖြစ်ပါသည်။ ကျောင်းသား /သူများနံနက် (၈)နာရီအရောက်လာရပါမည်။ နေ့လည် (၁၂)နာရီတွင် လာရောက်ကြိုရပါမည်။ ကျောင်းသားများ ဝတ်ဆင်လာရန် - မြန်မာဝတ်စုံ ကျောင်းသူများ ဝတ်ဆင်လာရန် -မြန်မာဝတ်စုံ ထိုနေ့တွင် KG အတန်းများ(၁)ရက်ပိတ်ပါသည်။

တိုက်တွန်းအပ်ပါသည်

စာမေးပွဲနီးနေတဲ့အတွက် ကလေးတို့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးကြဖို့

လွန်ခဲ့တဲ့ ၂ပတ်ကစပြီး ရန်ကုန်မှာ အဖြစ်များခဲ့ပေမဲ့ ကွမ်းခြံကုန်းမှာ သိပ်မတွေရဘူး။ ဒီအပတ်မှာ တွေ့ရများလာလို့ #မျက်စိနာ တဲ့အကြောင်းလေး ရေးပေးလိုက်ပါတယ်။ #ဘာလို့ဖြစ်လဲ ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှို၊ ကပ်ပါးကောင် စတဲ့ အကောင်တွေကူးစက်လို့ဖြစ်စေ၊ ဓာတ်မတည့်သောအရာ၊ ဖုန်၊ အငွေ့၊ ထိခိုက်မိရင်လည်း မျက်စိနာတတ်ပါတယ်။ #ဘယ်လိုလက္ခဏာတွေဖြစ်မလဲ မျက်စိနာဆိုတဲ့အတိုင်း မျက်လုံးရဲပါမယ်၊ နာပါမယ်၊ မျက်ဝတ်ထွက်တာလည်းရှိတတ်တယ်။ မျက်လုံးထဲမှာလည်း ခိုးလိုးခုလုဖြစ်နေတတ်တယ်။ #ဘယ်လိုကုသမလဲ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ မျက်စိနာခြင်းဟာ အချိန်တခုအကြာမှာ ပျောက်သွားတတ်ပါတယ်။ ပိုးဝင်ခဲ့ရင်တော့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေးကို ကလေးဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ခပ်ပေးရပါမယ်။ ကလေးငွေ့ငွေ့ဖျားနေရင်တော့ အဖျားကျဆေး လိုပါလိမ့်မယ်။ #ကာကွယ်လို့ရလား ကူးစက်နည်းသိရင် ကာကွယ်လို့ရပါတယ်ရပါတယ်။ ဒီပိုးတွေက အသက်ရှုလမ်းကြောင်း ဒါမှမဟုတ် တိုက်ရိုက်ထိတွေ့ခြင်းနဲ့ ကူးစက်တတ်ပါတယ်။ ကလေးပတ်ဝန်းကျင်မှာ မျက်စိ‌နာနေသူရှိနေရင် ကလေးကို လက်သေချာဆေးပေးရပါမယ်။ မျက်လုံးကို ပွတ်ခြင်းမလုပ်စေရပါ။ အခြားအိမ်သားများ မျက်စိနာနေပါက တဘက်မျှသုံးခြင်း၊ ပန်းကန်ခွက်ယောက်များ မျှသုံးခြင်းကိုရှောင်ကြဉ်ရပါမယ်။ ဖေဖေ မေမေတို့ သောကကင်းဝေးကြပါစေ။ #DrPhyoe #မျက်စိနာခြင်း

ရာသီဥတုအခြေအနေကြောင့် မနက်ဖြန် (9.10.2023) တနင်္လာနေ့ ကျောင်းတစ်ရက်ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

10လပိုင်းကျောင်းလခများကို 10လပိုင်း10ရက်နေ့ နောက်ဆုံးထား၍ပေးသွင်းပေးပါရန် လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်

စာမေးပွဲနီးနေပြီဖြစ်ပါ၍ နှစ်စမှ သင်ပြီးသည်ထိ သင်ခန်းစာများကို ပြန်လည်လေ့လာကျက်မှတ်ရန် တိုက်တွန်းပေးစေလိုပါသည်

KGများစာမေးပွဲမရှိပါ

G1 သိပ္ပံ နှင့် လူမှုရေးမှာ နှုတ်မေးနှုတ်ဖြေ ဖြစ်ပါသည်

G4 မနက်     9နာရီမှ 9နာရီ45မိနစ်ထိ

G1 မနက် 9နာရီမှ 9နာရီ45မိနစ်ထိ G2 နေ့လည် 1နာရီမှ 1နာရီ45မိနစ်ထိ G3   နေ့လည် 1နာရီမှ 1နာရီ45မိနစ်ထိ G5   မနက်     9နာရီမှ 10နာရီထိ

16.10.2023 မြန်မာစာ 17.10.2023. အင်္ဂလိပ်စာ 18.10.2023 သင်္ချာ 19.19.2023. သိပ္ပံ 20.10.2013 လူမှုရေး

21,22က စနေ တနင်္ဂနွေဖြစ်လို့ စုစုပေါင်း 10ရက်ပိတ်ပါတယ်