en
Feedback
ကျောက်စိမ်းပညာ (Channel )

ကျောက်စိမ်းပညာ (Channel )

Open in Telegram

ပို့စ်ပ်ုင်ရှင်ဆရာများအားလုံးကို လေးစား ဦးညွှတ် ဂါဝရပြုပါတယ်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Show more
2 705
Subscribers
-324 hours
-97 days
-2030 days
Posts Archive
"ကျောက်စိမ်းပညာ'' ဆိုတာ ကျောက်စိမ်းရဲ့ သဘာဝ၊ အမျိုးအစား၊ အရည်အသွေး ခွဲခြားမှု၊ တူးဖော်မှုနဲ့ ပြုပြင်မွမ်းမံမှုတွေကို စနစ်တကျ လေ့လာရတဲ့ နက်နဲပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ​ကျောက်စိမ်းအကြောင်း လေ့လာရာမှာ အခြေခံအကျဆုံးနဲ့ သိထားသင့်တဲ့ အဓိကအချက်တွေကို အောက်ပါအတိုင်း တင်ပြပေးလိုက်ပါတယ်။⚡ ​၁။ ကျောက်စိမ်း အမျိုးအစား (၂) မျိုး ​လောကမှာ ကျောက်စိမ်းလို့ ခေါ်ဝေါ်ကြပေမယ့် သိပ္ပံနည်းကျ ဓာတ်သတ္တုဖွဲ့စည်းပုံအရ အဓိက (၂) မျိုး ကွဲပြားပါတယ်။ ​ဂျေဒိုက်... ဒါကတော့ မြန်မာနိုင်ငံမှာ အဓိကထွက်ရှိတဲ့ ကျောက်စိမ်းအစစ် ဖြစ်ပါတယ်။ မာဆင့် 6.5 - 7 ရှိပြီး အရောင်အသွေး ပိုမိုစုံလင်ကာ တန်ဖိုးအလွန်ကြီးမားပါတယ်။ ​နက်ဖရိုက်....ဒါကတော့ ဆော့ဖ်ဂျိတ်လို့ ခေါ်ပြီး တရုတ်နိုင်ငံ၊ နယူးဇီလန်နဲ့ ကနေဒါတို့မှာ အဓိကထွက်ပါတယ်။ မာဆင့် 6 - 6.5 ရှိပြီး အဆီအနှစ်ဆန်ကာ အဖြူနဲ့ အစိမ်းရင့်ရောင် အများဆုံးတွေ့ရပါတယ်။ ​၂။ ကျောက်စိမ်း အရည်အသွေး ဖြတ်တောက်ခြင်း🤍 ​ကျောက်စိမ်းရဲ့ တန်ဖိုးကို သတ်မှတ်တဲ့နေရာမှာ အောက်ပါအချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ ​အရောင် ​ကျောက်စိမ်းမှာ အစိမ်း၊ အော်ဂဲနစ် (ပန်းရောင်)၊ အဝါ၊ အနက်၊ အဖြူ၊ မော်ကွန်း (ခရမ်း) စသဖြင့် အရောင်စုံရှိပါတယ်။ ဒီထဲကမှ မြရောင် ဟာ တန်ဖိုးအမြင့်ဆုံး ဖြစ်ပါတယ်။ အရောင်ဟာ စိုပြေရမယ်၊ ညီညာရမယ်၊ မှိုင်းမနေရပါဘူး။ ​အတွင်းသားကြည်လင်မှု ​ကျောက်စိမ်းပညာမှာ "ရေ" လို့ ခေါ်လေ့ရှိပါတယ်။ ကျောက်စိမ်းသား ဘယ်လောက် ကြည်လင်လဲ ဆိုတာကို ကြည့်တာပါ။ မှန်သားလို ကြည်လင်တဲ့ ဖန်သားဟာ တန်ဖိုးအရှိဆုံး ဖြစ်ပါတယ်။ ​အသားအဆီအနှစ် ​ကျောက်စိမ်းရဲ့ အတွင်းသား ဖွဲ့စည်းမှု ဘယ်လောက် နုညံလဲဆိုတာ ဖြစ်ပါတယ်။ အသားညှက်ပြီး အဆီအနှစ်ပါတဲ့ ကျောက်စိမ်းဟာ ပြောင်လက်နေပြီး တန်ဖိုးမြင့်ပါတယ်။ ​ဖြတ်တောက်မှုနှင့် အနာအဆာ ​ကျောက်စိမ်းမှာ အက်ကြောင်း၊ အမည်းစက်တွေ ကင်းစင်လေ ကောင်းလေ ဖြစ်ပါတယ်။ တကယ်လို့ အနာအဆာပါရင်လည်း ပညာသားပါပါနဲ့ လက်ရာမြောက်စွာ ထုဆစ်နိုင်မှုအပေါ် မူတည်ပြီး တန်ဖိုးတက်လာတတ်ပါတယ်။ ​၃။ ကျောက်စိမ်းကို အဆင့်ခွဲခြားခြင်း💚 ​ဈေးကွက်ထဲမှာ အတုအပနဲ့ ပြုပြင်ထားတဲ့ ကျောက်စိမ်းတွေ ရှိတာကြောင့် ဒါကို ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ အဆင့် သတ်မှတ်ချက် အဓိပ္ပာယ် A Jade သဘာဝစစ်စစ် မည်သည့်ဓာတုဆေးဝါး၊ အရောင်ဆိုးခြင်းမှ မလုပ်ထားသော သဘာဝအတိုင်း ကျောက်စိမ်းစစ်။ B Jade ဆေးလျှော်ကျောက် အက်ဆစ်ဖြင့် ဆေးလျှော်ပြီး အတွင်းထဲသို့ ပိုလီမာဂျယ် (Resin) သွင်းကာ ကြည်လင်အောင် လုပ်ထားသောအဆင့်။ C Jade အရောင်ဆိုးကျောက် အရောင်ဖျော့သော ကျောက်စိမ်းကို ဓာတုဆိုးဆေးဖြင့် အစိမ်းရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်အောင် ဆိုးထားသောအဆင့်။ B+C Jade ဆေးလျှော်အရောင်ဆိုး အက်ဆစ်ဖြင့်လည်း လျှော်၊ အရောင်လည်းဆိုး၊ ကော်လည်းသွင်းထားသော ကျောက်စိမ်းအတုအပ။🖤 ကျောက်စိမ်းပညာသည် အလွန်နက်နဲပြီး "ကျောက်မျက်ရတနာအမြင် ရှိဖို့ လိုအပ်သလို၊ ခေတ်မီဓာတ်ခွဲခန်းသုံး ကိရိယာများဖြင့် စစ်ဆေးခြင်းကသာ အသေချာဆုံး ဖြစ်ပါတယ်။💥💥 #ကျောက်ပညာ #ကျောက်စိမ်းဗဟုသုတ မူရင်းရေးသားသူကိုcredit ပေးပါတယ်

*#ခန္တီးကျောက်အားသာချက်/အားနည်းချက်များ* ခန္တီးကျောက် အားသာချက်များ ခန္တီးကျောက်ရဲ့ အားသာချက်ကတော့ အသားရလျှင် *ကျောက်ဆီပြည့်ဝခြင်း* ကျောက်ဆီကောင်းတဲ့ကျောက်တွေဟာ မှတ်နှုတ်ပီးတာနဲ့ အရေအသွေးတိုးတက်လာပါတယ်... မှတ်တင်ရင် တရည်တက်တယ်ဆိုတဲ့စကားက ခန္တီးနဲ့ဝေခါကျောက်တွေကိုရည်ညွှန်းပြောဆိုတာများပါတယ်... * အရည်ကျောက်ကောင်းထွက်ရှိခြင်း* ခန္တီးပဲလှော်အရွယ်ထဲက ထွက်ရှိတဲ့အရည်ကျောက်လေးတွေတောင်မှ အသားရလျှင် အရည်သွေးအလွန်ကောင်းမွန်ပြီး ကျောက်ရဲ့အလှတရားနဲ့ တန်ဖိုးကြီးပါတယ်... *ယမ်းလင်းအားကောင်းခြင်း* ခန္တီးကျောက်တော်တော်များများဟာ ယမ်းကြမ်းသည်ဖြစ်စေ/ညက်သည်ဖြစ်စေ ယမ်းလုံးသည်ဖြစ်စေ/ပြားသည်ဖြစ်စေ ကျောက်ဆီရှိသည့်အတွက် တော်တော်များများမှာ ယမ်းလင်းအားကောင်းပါတယ်... *အသားဆန်းနှင့်ဘော်လီကျောက်များထွက်ရှိခြင်း* ခန္တီးကျောက်တွေမှာ အသားဆန်းတတ်ပြီး ဘော်လီ(ပေါ်လီ/ပေါလိ) သားကျောက်များ တော်တော်များများရနိုင်ပါတယ်... ခန္တီးကျောက် အားနည်းချက်များ ခန္တီးကျောက်အားနည်းချက်ကတော့ တော်တော်များပါတယ်😥... *အနာများခြင်း* ခန္တီးကျောက်နဲ့ အနာ အနာနဲ့ခန္တီးကျောက် ခွဲမရတာ အဓိကအားနည်းချက်ပါပဲ... အမြင်မှာ အနာရှင်းလင်းနေတဲ့ ခန္တီးကျောက်တလုံးကို ဝယ်ယူခဲ့ရင်တောင် ဖြတ်တဲ့အချိန်မှာ အနာတွေပေါ်လာတတ်တာပါ... တချို့ခန္တီးကျောက် အရွယ်ကြီး အနာသပ်ရပ်တဲ့အလုံးကိုရွေးဝယ်ခဲ့ရင်တောင် ဖြတ်တဲ့အချိန် အပွင့်သေးလေး တပွင့်တောင်မရလောက်အောင်လွင့်ပစ်လိုက်ရတာတွေ ဒုနဲ့ဒေးပါ... *ကျောက်သားနုခြင်း* ကျောက်သားနုခြင်းဟာ မှော်တိုင်းမှာဖြစ်ပေမယ့် ခန္တီးမှာခေါင်းစဥ်တပ်ရပါလိမ့်မယ်...ခန္တီးကျောက်ဟာ ယမ်းလင်းအားကောင်းခြင်း ကျောက်ဆီပြည့်ခြင်းတို့ကြောင်း မီးထိုးပေါက်တာ လူတိုင်းသိပါတယ်... ဒါကြောင့်ခန္တီးကျောက်ကို onlineပေါ်မှာမဝယ်သင့်ပါ...ကျောက်သားနုခြင်း ကျောက်သားသုံးမရခြင်း တွေပဲကြုံရပါမယ်... *အရည်အယောင်ဆောင်ခြင်း* ခန္တီးကျောက်မှာ တခြားမှော်တွေထက်ထူးခြားတဲ့အချက်က အရည်အရောင်ဆောင်တတ်တာပါ...ဘယ်လောက်ထိဆိုးရွားစွာအယောင်ဆောင်တတ်လဲ? ခန္တီးကျောက်မှာပါတဲ့ အညှိတွေဟာ အစိမ်းရောင် ချွမ်ရောင် ခုံ့အရောင်တွေရှိပါတယ်... ကျောက်ဆီရှိပီးကျောက်သားကျဲတဲ့ကျောက်မှာအညှိပါရင် စိတ်ထဲမှာ တန်ဖိုးရှိတယ်ထင်ပီးအာရုံတက်တက်ပါတယ်...တကယ်တန်းဖြတ်ကြည့်ချိန်မှာ ကျောက်သားသက်သက် အညှိသက်သက်ဖြစ်တတ်ပါတယ်... သေချာမျက်မြင်ခွဲခြားဝယ်ယူသင့်ပါတယ်... * မှတ်ကျွမ်းခြင်း* အရေးကြီးပါတယ် ကျောက်တအားလှတယ်ဆိုပီးဝယ်ယူလိုက်တဲ့ကျောက် အရောင်တင်တော့မှတ်ကျွမ်းသွားတယ်... ဘာကြောင့်လဲ? အဓိကက အသားခံရိပ်ပီး အညှိတွေမစင်တာကြောင့်ပါ... ခန္တီးဟာကျောက်ဆီပြည့်တဲ့အတွက် အသားခံရိပ်တဲ့ကျောက်တွေမှတ်ကျွမ်းတတ်ပါတယ်.အညှိကန်အားကြောင့်မှတ်ကျွမ်းတတ်ပါတယ်... အညှိကြောင့်မှတ်ကျွမ်းရင် အရွယ်ကျမှာကြောက်မနေပဲ ရှင်းထုတ်သင့်ပါတယ် Crd#

FB_IMG_1782599725503.jpg0.31 KB

#အဓိကအချက်လေးတွေ နဲနဲရေးမယ်.. ကျောက်စိမ်းမှာ... မှော် မသိလဲ ရပါတယ်... အဓိကဖွဲ့စည်းပုံက ယမ်း... ယမ်းကို သိကိုသိရမယ်... တရုတ်လို ယမ်း/ (မြန်မာလို ဆားပွင့် သကြားပွင့်လို အလုံးလေးတွေ) ညက်ရမယ်၊လုံးရမယ်၊ညီရမယ်၊သေးရမယ်။(ပြားကပ်မနေရ၊မကြဲရ၊စုပြုံပြည့်ကြပ်မနေရ၊ယမ်းလုံးမကြီးရ)။ ယမ်းညက် ကျောက်သားညက်မယ်... ယမ်းကြမ်းရင် ကျောက်သားကြမ်းမယ်.. ယမ်းကြဲရင် ကျောက်သားကြဲမယ်... အဲ့လောက်တော့သိရမယ်... ချော်အကြာင်း..မသိလဲရပါတယ်... ချော်မပါ/ချော်ပါးကျောက်ကို ရှာပါ... မောက် မသိလဲရပါတယ်... မောက်မပါတာ ရှာပါ... ရှင်း မသိလဲရပါတယ်... ရှင်းမပါတာရှာပါ... ယမ်းပြား၊မာယား၊ခွေးရိုး သေချာမသိရင် ရှောင်လိုက်ပါ။ ဒါက ချော်၊ဒါကမောက်၊ဒါကရှင်း၊ဒါက မာယား...စတဲ့ အခေါ်လေးတွေနဲ့ မျက်မှန်းတမ်းမိဖို့တော့လိုပါတယ်။ ကျွန်တော် အခုပြောတဲ့ ချော်၊မောက်၊ရှင်း၊မာယား စတာတွေက... ကောင်းကျိုးထက် မကြည့်တတ်ရင် ဆိုးကျိုးတွေပဲ ပေးတတ်တာများပါတယ်။(သေချာမသိသေးရင် ရှောင်လိုက်ပါ) များများစားစားမသိသေးရင်တောင်.... အဓိက ကျောက်ဆီကျောက်သား ကြည့်တတ် အောင်လေ့လာပါ။ ကျောက်ဆီဆိုတာက... လျှံတက်လာတဲ အရောင်ကို ဆိုလိုပါတယ်။(ဥပမာ)မဲညို့နေတယ်၊ဝင်းအိနေတယ်၊မဲပြောင်နေတယ် လို့ပြောရင် ညို့တာ အိတာ ပြောင်တာ လျှံတက်လာတာကို အဆီလို့ ခေါ်ပါတယ်။ ကျောက်သား ဆိုတာကတော့.. ကြည်လင်နေရင် ကောင်းတာပါပဲ..ဘယ်လောက်ထိကြည်ရမလဲဆိုရင် ဖန်သား၊မှန်သား၊ပေါလိသားအထိပေါ့။ ဖြူကြည်၊ဝါကြည်၊ပြာကြည် လို့ ပြောရင် ရှေ့က အရောင် အမျိုးမျိုးဖြစ်နိုင်ပါတယ်၊ဒါပေမဲ့ နောက်က ကြည်ဆိုတာက အသားတန်းကို ပြောခြင်းဖြစ်ပါတယ်။ အဓိက ကျောက်ဆီကျောက်သားနိုင်ရင် လုပ်ငန်းစလို့ရပါပြီ။ (တိုရှင်းလိုရင်းပြောတာပါဗျ ) KZ Jade./Original writer! လေးစာစွာဖြင့် Crd KZ Jade

အကာမျိုး_ဖြတ်ချင်တိုင်းဖြတ်_မြတ်တယ် " အကာ " ဆိုတာလေး ကျွန်ုပ် သိသလောက်လေး ပေးပါရစေဗျာ။ မှတ်ချက်။ ကျွန်ုပ် အမြင်သက်သက်ပါ လွတ်လွတ်လပ်လပ် သဘောထား ကွဲလွဲနိုင်ပါတယ်။ အကာ ကို မပြောခင် လျှို ပဲ့တွေ အကြောင်း အရင် ပြောပါရစေ လျှိ ု ပဲ့ တွေမှာ သဘာဝ တရားရဲ့ ပြင်ပ လေဟာနယ် ထိတွေ့ မှူ့ တွေခံရပါတယ် ။ အဲ့ မှာ အရောင်တွေ ပြောင်းကုန်တယ် ကျွန်ုပ် သိသလောက် လျို ပဲ့တွေ မှာ အဖြူ ရောင် အမည်း ရောင် မြေမှန် အရောင် တွေ တွေ့ဖူးပါတယ်။ အဲ့လို လျို ပဲ့တွေ မှာ အဖြူ ရောင်သာလျှင် အသား ကောင်းတာများပါတယ်။ မှော်စီဇာ ဖက်က ကျောက်တွေမှာ အတွေ့ရများတယ် ။ တခြား မှော်တွေ မှာလည်း ရှိပါတယ် နည်းတယ်။ ကျောက်စိမ်းတုံး တခုက မြေကြီးထဲ မှာ နှစ်သန်းပေါင်းများစွာ နေရတာပါ။ အနာရှိရင် အနာအတိုင်း စိမ့်ဝင် ကုန်တာပါ။ ယမ်းတွေ စုစည်း ကျစ်လစ်တဲ့ ကျောက်တွေမှာ စိမ့်ဝင်နိုင်မှူ့ နည်းပါတယ်။ အကာ ကို ဆက်ပြောမယ် အဲ့လို ပြင်ပ သဘာဝ တရားရဲ့ ထိတွေ့ မှူ့ ကြောင့် ဓာတ်ပြု ခြင်းတွေ ဖြစ်ကြတယ် ။ ဥပမာ ... ခိ ပေါ့ ဖြတ်ခါစမှာ နည်းတယ် ကြာလာ များလာတာ ပါ။ အဲ့လို ပင်မ မြေကြီးထဲ နေတဲ့ ကျောက်က အပြင် ရောက်လာရင် ပြောင်းလည်းတာတွေဖြစ်ကုန်ပါတယ်။ မူလ ကိုက ကျောက်က ကောင်းနေရင်ကို အပြင်မှာ ချထားရင် အစိုဓာတ်ရှိနေတယ် မခြောက်ဖူး။ အကာ ဆိုတာ ကလည်း ယမ်း နဲ့ ကမ္ဘာ မြေကြီး တို့ရဲ့ ကြားက ဖြစ်ပေါ်လာတဲ့ တုန့်ပြန်ချက် တခုလို့ ယူဆပါတယ် ။ အကာ ပါ ရင် ကျောက် က ကောင်း တာများတယ် ။ အကာ ပါ ရင် အကောင်း ဖက်ကို အဖြစ်များတယ် ။ အကာ ကို ဘယ်လို သိနိုင်မလည်း ဆို ရင် လျို ပဲ့ အဖြူ ပါရင် အကာ ပါဖို့များတယ် အသား ကောင်းတယ် လျိုပဲ့ နေရာမှာ ဖြစ်ပေါ် နေတဲ့ အရောင်တွေ ကို ကျောက်အခေါ်မှာ ဝလုတက်တာ လို့ ခေါ်ကြတယ်။ အကာ ပါ ရင် ယမ်းတွေ က ကြည်လင်ပြီး သန့်နေတယ်။ အကာ ခံ နေရင် မီး ပေါက်အား ပြောင်းလဲတယ်။ မီး ပေါက်အား ကို ကြည့်တာ အတွေ့အကြုံ နဲ့ ဆိုင်ပါတယ် ။ လက်တွေ့ မို့ စာလို မရှင်းတတ်တာ နားလည်ပေးပါ ။ အကာ မှန် သမျှ အဖြူ ရောင်ပဲ ရှိပါတယ်။ ကျွန်ုပ် သိသမျှ အကာ ကို အတွေ့အကြုံ အတိုင်း မျှ ဝေ လိုက်ပါတယ်။ လိုအပ်ချက်တွေ ရှိရင် နားလည်ပေးပါ ။အကာ ပုံတွေ ပါ မူရင်းရေးသားသူကိုcredit ပေးပါတယ်

အခေါက်၊အကာ၊အဆီကျောက်တစ်လုံးမှာ မီးမပေါက်မီးအားကိုးလို့မရတဲ့ အခြေနေတွေလဲများစွာရှိပါတယ်။မျက်စိနဲ့တိုက်ရိုက်ကြည့်လက်နဲ့ချိန်ဆပြီး အတွေ့ကြုံအတွေးအခေါ်နဲ့ဆုံးဖြတ်ရတာမျိုး.....အခေါက်ခွံဆိုတာမီးလုံးဝမပေါက်ပါဘူး။ဆင်သရေခွံ၊အဂ်ဒေခွံစသည်ပုံံစံမျိုးတွေကိုဆိုလိုပါတယ်။အခေါက်ခွံရဲ့အနေထားကကြမ်တမ်းပါတယ်။သစ်ပွေးသစ်ခေါက်လိုပါပဲ။မြောင်းထနေတဲ့အပွေးတွေကို စိတ်ရှည်စွာခေါက်ထုတ်ရပါတယ်။ကြည့်ကောင်းအောင်ခက်ခက်ခဲခဲဆေးရတာမျိုးပါ။ဖြတ်မယ်ဆိုရင်တော့ များသောအားဖြင့်လစ်တာပါပဲ။ကျောက်ကောင်းမှန်ဆေးရမခက်ပါဘူး။အကာခံကျောက်သည်လဲမီးလုံးဝမပေါက်ပါဘူး။ဒါပေမဲ့အခေါက်ခွံနဲ့တော့မတူပါဘူး။ချော်ဲနဲ့ယမ်းကိုတွေ့မြင်နိုင်ပါတယ်။အခွံနဲ့အသားကြားမှာ အကာခြားထားလို့ မီးမပေါက်ရခြင်းဖြစ်ပါတယ်။ကြက်ဥလိုပါပဲ။ချော်ပါးယမ်းညီပြီးအထိုင်ရနေရင်သော်လည်းကာင်း ပွတ်ရာခြစ်ရာမှ ဖြူညစ်ညစ် သို့မဟုတ် ဝါညစ်ညစ်အစအနသော်လည်းကောင်းတွေ့မြင်ရလျှင် အကာခံနိုင်ကြောင်းခန့်မှန်းနိုင်ပါတယ်။(အထိုင်အဓိက)နောက်တစ်မျိုးကတော့ ကျောက်ဆီပါ။သူသည်လည်းမီးထောက်ရန်မလိုပါ။မီးမပေါက်ပဲ အတွင်းလန်တဲ့ကျောက်တွေမှာလည်း ကျောက်ဆီဝင်းအိနေအောင်ပါတတ်လို့ပါ။အဓိကအားဖြင့် အခွံရဲ့စိုစွတ်မှု့နဲ့ဝိတ်ရဲ့စေးပိုင်မှု့တို့ကိုချိန်ဆ ကြည့်ရမှာဖြစ်ပါတယ်။လင်းနေတဲ့မီးသီးနဲ့ မလင်းတဲ့မီးသီးလိုပါပဲ။အတွင်းကအဆီအနှစ်ရဲ့တောက်ပကြည်လင်မှု့က အခွံနဲ့ဝိတ်အပေါ်မှာသက်ရောက်တဲ့သဘောပါ။ဒါတွေကမျက်စိနိုင်သွားရင်လွယ်လွယ်လေးပါဗျာ။အဆင်ပြေကြပါစေ...ကွဲလွဲနိုင်ပါသည်။ Credit ပိုစ့်တင်သူ

ကျောက်ရည်ကျောက်သား ဆိုသည်မှာ 💤 ဂျိတ်ဒိုက် (Jadeite) လောကတွင် အရည်အသွေးကို ဆုံးဖြတ်သည့် အဓိကအချက် (၂) ချက်ဖြစ်သော "ကျောက်ရည်" (Transparency/Water Content) နှင့် "ကျောက်သား" (Texture/Grain) တို့ကို ပေါင်းစပ်ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။✅ ​အဆိုပါအချက်များကို အောက်ပါအတိုင်း အသေးစိတ် ခွဲခြားကြည့်နိုင်ပါသည် - ​၁။ ကျောက်ရည် (Transparency/Water)💤 ​ကျောက်ရည် ဆိုသည်မှာ ကျောက်၏ အလင်းပေါက်မှု နှင့် စိုပြည်မှု ကို ဆိုလိုပါသည်။ ​ကျောက်ရည်ကောင်းခြင်း: အလင်းဖြတ်သန်းမှု အားကောင်းပြီး ကျောက်အတွင်းပိုင်း၌ ရေလှိုင်းလေးများ ရှိနေသကဲ့သို့ စိုဝင်းတောက်ပနေခြင်းကို "ကျောက်ရည်ပြည့်သည်" ဟု ခေါ်ပါသည်။ ​အဆင့်သတ်မှတ်ချက်: ဖန်သားပြင်ကဲ့သို့ ကြည်လင်သည့် Glassy (မှန်သား)၊ ဖယောင်းကဲ့သို့ အလင်းဝေဝါးသည့် Icy (ရေခဲသား) နှင့် အလင်းမပေါက်သည့် Opaque (အသားပိတ်) ဟူ၍ အမျိုးမျိုး ရှိပါသည်။✅ ​၂။ ကျောက်သား (Texture/Grain)💤 ​ကျောက်သား ဆိုသည်မှာ ကျောက်ကို ဖွဲ့စည်းထားသည့် ခရစ္စတယ်အမှုန်အမွှားများ၏ နုညက်မှု ကို ဆိုလိုပါသည်။ ​ကျောက်သားနုခြင်း: ကျောက်သားထဲရှိ အမှုန်အမွှားလေးများမှာ အလွန်သေးငယ်ပြီး စိပ်နေပါက "အသားနုသည်" ဟု ခေါ်ပါသည်။ အသားနုသော ကျောက်သည် တောက်ပြောင်မှု (Lustre) ပိုကောင်းပြီး အချိန်ကြာလာသည်နှင့်အမျှ အရောင်ပြောင်းလဲခြင်း မရှိပါ။ ​ကျောက်သားကြမ်းခြင်း: အမှုန်အမွှားများမှာ မျက်စိဖြင့် မြင်သာလောက်အောင် ကြမ်းတမ်းနေပါက "အသားကြမ်းသည်" ဟု ခေါ်ပြီး တောက်ပြောင်မှု လျော့နည်းတတ်ပါသည်။✅ ​ကျောက်ရည်ကျောက်သားကို အကဲဖြတ်ရာတွင် အရေးကြီးသောအချက်များ ​ကြည်လင်မှုနှင့် စိပ်နှုန်း: ကျောက်သားကလည်း စိပ်စိပ်လေးဖြစ်ပြီး ကျောက်ရည်ကလည်း အလင်းပေါက်နေပါက ထိုကျောက်ကို "ရည်သားကောင်းသည်" ဟု သတ်မှတ်ပြီး တန်ဖိုးအလွန် မြင့်မားပါသည်။ ​အလင်းပြန်နှုန်း (Fluorescence): ကျောက်ရည်ကောင်းသော ကျောက်များသည် အလင်းနှင့် ထိတွေ့သောအခါ အတွင်းပိုင်းမှ အလင်းပြန်ဟပ်မှု (Glow) တစ်မျိုး ထွက်ပေါ်လေ့ရှိပါသည်။✅ ​အနာအဆာ: ကျောက်ရည်ကြည်လင်လေလေ ကျောက်အတွင်းပိုင်းရှိ အက်ကြောင်း၊ အစက်အပြောက် (Flaws) များမှာ ပိုမိုထင်ရှားလေလေ ဖြစ်သဖြင့် အနာအဆာ ကင်းစင်မှုသည်လည်း အရေးကြီးပါသည်။✅ #ကျောက်စိမ်း ပိုစ်ပိုင်ရှင်အားလေးစားစွာ Crd ပေးပါတယ်။

🔴​ကျောက်စိမ်းဖြတ်သားကြည့်ရန် အ​ခြေခံ အကြံ​ပေးချက် ..... ၁။ ယမ်းလုံးနဲ့ဖွဲ့စည်းတဲ့​ကျောက်လား ၊ ယမ်းညက်နဲ့ ဖွဲ့စည်းတဲ့​ကျောက်လား ကြည့်ပါ။ - ယမ်းလုံး အားသာချက် - ယမ်းအရွယ်အစားကြီးတာ​ကြောင့် အလင်းဝင်မှု ပို​ကောင်းတတ်ပါတယ် ။ အားနည်းချက် - ကျောက်သားမှာ အကျဲခံရှိတတ် ၊ ​ကျောက်ဆီ​ကျောက်သားမြင့်​သော်လည်း အမြှုပ်အဆံရှိတာမျိုး ၊ ​ခေါင်းမရှင်းတာမျိုးဖြစ်တတ်ပါတယ် ။ - ယမ်းညက် အားသာချက် - ယမ်းအရွယ်အစား​သေးငယ်တာ​ကြောင့် ​ကျောက်သား ပိုညက်​ညောပါတယ် ။ အားနည်းချက် - ​ကျောက်သားပိုညက်​သော်လည်း အလင်းဝင်မှုအားနည်းတတ် ၊ ​ကျောက်ဆီ​ကျောက်သား​မြင့်​သော်လည်း အချွဲခံ ရှိတတ် ၊ ယမ်းလုံးနဲ့ဖွဲ့စည်းထားတဲ့​ကျောက်သား​လောက် အလင်းမပွင့်ဟု ထင်ရတတ်ပါတယ် ။ ................... ၂။ ​​​မြေမှန်​ကြောလား ၊ အမဲ​ကြောလား ခွဲခြား သိ​အောင်လုပ်ပါ။ - ​မြေမှန်​ကြော အဆီအသား အသင့်အတင့်သာ ရှိတတ်​သော အ​ခြေအ​နေမှာ အ​ရောင်တင်ပြီးပါက ​ဖွေးသွားတတ်ပါတယ် ။ ​မြေမှန်​ကြောရဲ့ အ​ခြေခံ အသားခံဟာ အဖြူဖြစ်ပါတယ် ။ အမြင့်ဆုံး ​ပေါလိဖြစ်​ပေမယ့် အနိမ့်ဆုံးဟာ ပိန်းဥ ဖြစ်ပါတယ်။ ​ပြောချင်တာက ​မြေမှန်​ကြောရဲ့ ​ပေါလိဟာ အသားခံအဖြူ က​နေ ကြည်လင်လာရတာဖြစ်ပါတယ်။ - အမဲ​ကြော အဆီအသား အသင့်အတင့်သာရှိတတ်​သော အ​ခြေအ​နေတွင် အ​ရောင်တင်ပြီးပါက ရိပ်သွားတတ်ပါတယ်။ အမဲ​ကြောရဲ့ အ​ခြေခံ အသားခံဟာ အမဲ(အရိပ်) ဖြစ်ပါတယ်။ အမြင့်ဆုံး ​ပေါလိဖြစ်​ပေမယ့် အနိမ့်ဆုံးဟာ ကျီးကန်းဖြစ်ပါတယ်။ ​ပြောချင်တာက အမဲ​ကြောရဲ့ ​ပေါလိဟာ အသားခံ အမဲ(အရိပ်) က​နေ ကြည်လင်လာရတာဖြစ်ပါတယ်။ .................... အ​ပေါ်က ​ပြောခဲ့တဲ့ အချက် ၂ချက်ဟာ အခုမှ ​လေ့လာ​နေတဲ့ ဝါသနာရှင်​တွေအတွက် ကျောက်စိမ်းဖြတ်သားကြည့်ဖို့ အ​ခြေခံ အကြံ​ပေးချက် ဖြစ်တယ်။ ကကြီး​ရေ " က " တဲ့ အဆင့်ဖြစ်ပါတယ်။ အဲဒါ​တွေကို သိလာပြီဆိုမှ ​ကျောက်ဆီ​ ​ကျောက်သား၊ ကာလာ ၊ ပန်း ၊ အနာ၊ အဖျက်၊ လုပ်ချက် ၊ ​စျေးကွက် စတာ​တွေကို တဆင့်ချင်း ထပ်ဆင့်​လေ့လာသင့်ပါတယ်။ ကျ​နော်​ရေးပြတဲ့ အချက်​တွေဟာ ​လေ့လာ​နေတဲ့ ဝါသနာရှင်​တွေအတွက် ရည်ရွယ်တာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်​အောင်မြင်​နေတဲ့ မိတ်​ဆွေ​တွေအ​နေနဲ့ ဒီစာပုဒ်ကို ​ကျော်သွားဖို့ပါပဲ။ ဓါတ်မီး​လေး​တွေ တဝင့်ဝင့်နဲ့ ​လေ့လာ​နေရဆဲ မိတ်​ဆွေ​တွေအ​နေနဲ့ ​​ကျောက်ပညာကို အ​ခြေခံခိုင်မှသာ ​​ကျောက်ဝယ် လုပ်ကိုင်ကြဖို့ အကြံ​ပေးရပါတယ်။ ​ကျောက်​အောင်နိုးနိုး နဲ့ ဝယ်လိုက် ဖြတ်လိုက် အိမ်မှာပုံထားလိုက် ၊ ​ငွေ​တွေကုန်လိုက်၊ ​ကျောက်​လောကကို စိတ်နာလိုက်၊ မီးခဲ​ပေါ် ယင်နားသလို ​ကျောက်​လောက က ထွက်သွားလိုက်၊ ပြန်ဝယ်လိုက် ၊ ထပ်ရှုံးလိုက်နဲ့ အိမ်မှာ ဘာမှလုပ်မရတဲ့ ​ကျောက်ပုံကြီး ဖင်ခုထိုင်​နေရတဲ့ အဖြစ်မျိုး​တွေ မ​ရောက်​စေချင်တာ ကျ​​နော့်စိတ်ရင်းပါ။ ​ကျောက်​တွေ​တော့ အိမ်မှာ ပုံ​နေတာပဲ ဘာလုပ်ရမှန်းမသိဘူး ဆိုတာဟာ " အပင်ကြီးလို့သာ နတ်ကွန်းရှိတာ ၊ ပြစရာ တန်ခိုးမရှိ " ဆိုတဲ့ စကားပုံလို ဖြစ်​နေတာပဲ မဟုတ်လား။ ​ကျောက်စိမ်း​လောကသားများ ​ဘေးရန်ကင်းကြပါ​စေ။ ကို​နေ (NAK) ပိုစ်ပိုင်ရှင်အားလေးစားစွာ Crd ပေးပါတယ်။

ဟိုနေ့က ညီအကိုတစ်ယောက်မေးထားတဲ့ အမဲကြောကလာတဲ့ ကျောက်စိမ်းမှာ အရည်ရိပ်လား မရိပ်ဘူးလား ဆိုတာရယ် မောက်ရည်နဲ့ အရည်ဘယ်လိုခွဲရမလဲ ဆိုတာရယ် မေးထားတယ် တကယ်က အမဲကြောအကြောင်းသိရင် ဘာမှမခက်ပါဘူးဗျ အမဲကြောအများစုမှာ အရည်ပါမယ်ဆိုရင် ပြချက်သေချာပါတယ် ဥပမာ အရည်နဲ့ပြတာမျိုး မန်းနဲ့ပြတာမျိုးပေါ့ ဘာပြချက်မှ မပါပဲ စိမ်းနေတာမျိုးဆိုရင် မောက်စိမ်းပါပဲဗျ အရည်မဟုတ်ပါဘူး သူ့ကာလာက အစကတည်းက မှိုင်းစိမ်းစိမ်းဆိုတော့အရည် ရိပ်သလိုဖြစ်နေတတ်ပါတယ် နားလည်လွယ်အောင်ပြောရရင် မောက်စိမ်းကိုအရည်လို့မသတ်မှတ်ပါဘူး သူက ကာလာပါ နောက်ပြီးတော့ အပေါ်မှာပြောခဲ့သလို သူက ဘာပြချက်မှ မပါဘူး အခွံအရောင်တိုင်းဖြစ်တည်ပါတယ် အရည်ဆိုရင်တော့ ပြချက်သေချာပေါက်ပါတယ် အရည်ရိပ်တာကို သိနိုင်တဲ့ အဓိက အကြောင်းတရားကတော့ မီးနဲ့ထောက်ကြည့်တဲ့အခါ မျက်ရစ်အတွင်းမှာ အပြာရစ်တွေ့နေရင် သေချာပေါက်ရိပ်ပါတယ် မီးဝါနဲ့ ကြည့်ရပါတယ် ဒါဆိုရင် မောက်ကာလာနဲ့ အရည်ဘယ်လိုကွဲလဲ သိထားရပါမယ် ကျောက်ကိုမီးနဲ့ ကြည့်တဲ့အချိန် အရည်ဟာ မျက်ရစ်ပေါ်ပြီး ကာလာဖြစ်တဲ့ မောက်စိမ်းက မျက်ရစ်မပါပါဘူး ဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ်ဗျ အောင်ကြိုင် ( ခေတ္တ လူ့ပြည်) ပို့စ်ပိုင်ရှင် ဆရာအား လေးစားစွာ ခရက်ဒစ်ပေးပါတယ်။

ကျောက်စိမ်းဝါရှာ (Jade Lucky Coin) အတွက် အတိုင်းအတာနဲ့ အထူအရွယ်အစားတွေကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။ ကျောက်စိမ်းဝါရှာ (Jade Lucky Coin) ဆိုတာ ကျောက်စိမ်းဝါရှာ (或稱 Peace Buckle / Pi Xiu Coin) သည် အချင်းဝိုင်းပုံစံ၊ အလယ်တွင် အပေါက်ပါသော ကျောက်စိမ်းတုံးဖြစ်ပြီး ကံကောင်းခြင်း၊ စည်းစိမ်ဥစ္စာ၊ ငြိမ်းချမ်းခြင်း တို့ကို ဆောင်ကြဉ်းပေးသည်ဟု ယုံကြည်ကြသည်။ ဈေးကွက်အတွင်း အသုံးများသော အတိုင်းအတာများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။ ၁. သေးငယ်သော ဝါရှာ (ဆွဲကြိုး/လက်ကောက်တွင် တွဲသုံးရန်) အရွယ်အစား အချင်း (Diameter) အထူ (Thickness) အသုံးပြုပုံ အသေး 10 mm - 12 mm 2 mm - 4 mm လက်ကောက်တွင် ဆွဲကြိုးနဲ့တွဲဖက်သုံး အလတ်စား 12 mm - 15 mm 4 mm - 6 mm လည်ဆွဲကြိုး အသေးစားများ၊ ကလေးများအတွက် ဥပမာ - Karma and Luck အမှတ်တံဆိပ်၏ လက်ကောက်များတွင် 12 mm ရှိသော ဝါရှာကို တွေ့ရသည် ။ 12.4 mm ရှိသော မြန်မာကျောက်စိမ်းဝါရှာလည်း ရှိသည် ။ ၂. အလယ်အလတ် ဝါရှာ (လည်ဆွဲ/ဆွဲသီးတစ်ခုတည်းအဖြစ်) အရွယ်အစား အချင်း (Diameter) အထူ (Thickness) အလေးချိန် (ခန့်မှန်း) သေးသေး 18 mm - 25 mm 4 mm - 5 mm 7 g ဝန်းကျင် အလတ် 30 mm - 38 mm 6 mm - 8 mm 15 g - 23 g ဥပမာ - · 18.6 mm x 42.2 mm (ဘဲဥပုံ) ၊ အထူ 4.6 mm ၊ အလေးချိန် 7.1 g · 30.2 mm ရှိသော ဝိုင်းပုံဝါရှာ · 38 mm x 38 mm (စတုရန်းနီးပါး) ၊ အထူ 6.4 mm ၊ အလေးချိန် 22.6 g ၃. အကြီးစား ဝါရှာ (ထူးခြား/စုဆောင်းသူများအတွက်) အရွယ်အစား အချင်း (Diameter) အထူ (Thickness) အလေးချိန် (ခန့်မှန်း) အကြီး 40 mm - 56 mm 8 mm - 10 mm 22 g - 30 g ဥပမာ -· 56.3 mm x 26.3 mm (ဘဲဥပုံ) ၊ အထူ 8.1 mm ၊ အလေးချိန် 22.6 g အထူသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ ၁. အသုံးပြုမည့်ပုံစံ · လက်ကောက်သုံး → အထူ 2-4 mm (ပေါ့ပါးရန် လိုအပ်) · လည်ဆွဲသုံး → အထူ 4-8 mm (ကြာရှည်ခံရန် လိုအပ်) · ဆွဲသီးတစ်ခုတည်း → အထူ 5-8 mm (အလေးချိန်ရှိရန်) ၂. ကျောက်စိမ်းအရည်အသွေးနှင့် အထူဆက်စပ်မှု · ပွင့်လင်းမြင်သာသောကျောက် (Icy/Nature Type) → အထူ 3-4 mm ဖြင့် ပွင့်လင်းမှုကို ပေါ်လွင်စေသည် · အရောင်ထူသောကျောက် (Intense Color) → အထူ 5-7 mm (အရောင်ပိုထွက်စေရန်) · အရည်အသွေးနိမ့်ကျောက် → အထူ 8 mm+ (အရောင်ထွက်အောင်နှင့် ခိုင်ခံ့အောင်) ၃. ပုံစံဒီဇိုင်း · ဂန္ထဝင်ဝိုင်းပုံ → တစ်ပတ်လုံး အထူတူ (Uniform Thickness) · ပြားချပ်ပုံ (Flat) → အလယ်အထူနည်း၊ အနားပိုထူ · ခုံးပုံ (Dome) → အပေါ်မျက်နှာပြင်ခုံးပြီး အနားပါး ---အကျဉ်းချုပ် အကြံပြုချက် သင်ဘာအတွက်သုံးမလဲ အကြံပြုအချင်း အကြံပြုအထူ လက်ကောက်တွဲ (Beads နဲ့တွဲ) 10 mm - 12 mm 2 mm - 3 mm လည်ဆွဲကြိုးနဲ့တွဲ 12 mm - 15 mm 3 mm - 5 mm တစ်ခုတည်းဆွဲသီး (Pendant) 25 mm - 35 mm 5 mm - 7 mm စုဆောင်းရန်/ရင်းနှီးမြှုပ်နှံရန် 38 mm+ 6 mm - 8 mm ---သတိပြုရန် · အထက်ပါအတိုင်းအတာများသည် ဈေးကွက်အတွင်း တွေ့ရှိရသော ယေဘုယျအတိုင်းအတာများဖြစ်သည် · လက်လုပ်လက်စားလက်ရာမွန်များအတွက် စိတ်ကြိုက်အတိုင်းအတာများ ပြုလုပ်နိုင်သည် · အထူတူညီသော်လည်း ကျောက်စိမ်းအရောင်နှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအဆများစွာ ကွာနိုင်သည် ကျောက်စိမ်းဝါရှာဝယ်ယူမည်ဆိုပါက အသုံးပြုမည့်ပုံစံ (လက်ကောက်/လည်ဆွဲ/ဆွဲသီး) နှင့် သင်နှစ်သက်သော လေးလံပေါ့ပါးမှုကို အခြေခံ၍ အရွယ်နှင့်အထူကို ရွေးချယ်သင့်ပါသည်။

✅ကျောက်စိမ်းလောကမှာ “အရည်ဖမ်းခြင်း” နဲ့ “ကာလာဖမ်းခြင်း” ဆိုတာ ကျောက်ရဲ့ တန်ဖိုးနဲ့ လှပမှုကို အဆုံးအဖြတ်ပေးတဲ့ အရေးကြီးဆုံး အနုပညာရပ်တွေ ဖြစ်ပါတယ်။ ဒါတွေက ကျောက်ရဲ့ သဘာဝအလှကို အသားပေးပြသဖို့အတွက် လုပ်ဆောင်ရတဲ့ နည်းလမ်းတွေပါ။✅ 👇​အသေးစိတ်ကို အောက်မှာ ရှင်းပြပေးထားပါတယ် - ​၁။ အရည်ဖမ်းခြင်း ​အရည်ဖမ်းတယ်ဆိုတာ ကျောက်ရဲ့ ကြည်လင်မှုနဲ့ အလင်းပေါက်မှု ကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်တာပါ။ ကျောက်တစ်လုံးဟာ အသားကျစ်ပြီး ရေဓာတ်ပြည့်ဝနေမှ "အရည်ကောင်းတယ်" လို့ ခေါ်ကြပါတယ်... ​အဓိကအချက်❇: ကျောက်သားထဲကို အလင်းဝင်ရောက်မှု ကောင်းအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ​ဘယ်လိုဖမ်းသလဲ: ဖြတ်တောက်တဲ့အခါ ကျောက်ရဲ့ အသားအနုအရင့်ကို ကြည့်ပြီး အလင်းပြန်မှု အကောင်းဆုံးဖြစ်မယ့် မျက်နှာပြင် (Facet) နဲ့ အဝိုင်း (Cabochon) ပုံစံတွေကို ပညာသားပါပါ ထုတ်ယူရပါတယ်။✅ ​အကျိုးသက်ရောက်မှု: အရည်ကောင်းကောင်း ဖမ်းထားနိုင်ရင် ကျောက်ထဲမှာ ရေလှိုင်းလေးတွေ ပါနေသလိုမျိုး (Watery effect) ဝင်းလက်တောက်ပနေပါလိမ့်မယ်။ ​၂။ ကာလာဖမ်းခြင်း ​ကာလာဖမ်းတယ်ဆိုတာ ကျောက်ရဲ့ အစိမ်းရောင် (သို့မဟုတ်) တခြားအရောင်တွေကို အထင်ရှားဆုံး၊ အလှဆုံးနေရာမှာ ပေါ်လာအောင် ချိန်ညှိတာ ဖြစ်ပါတယ်။ ​အဓိကအချက်: ကျောက်ထဲမှာရှိတဲ့ "အရောင်ကြောကို အလယ်ဗဟိုမှာ ကျရောက်အောင် ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ​ဘယ်လိုဖမ်းသလဲ: ကျောက်သားကို မဖြတ်ခင်မှာ အရောင်ဘယ်နားမှာ အထိုင်များလဲဆိုတာကို မီးနဲ့သေချာထိုးကြည့်ပြီးမှ (Orientation) ကို ဆုံးဖြတ်ရပါတယ်။ အရောင်ရင့်တဲ့နေရာကို မျက်နှာပြင်အပေါ်ဘက် တည့်တည့်မှာ ထားခြင်းအားဖြင့် ကျောက်တစ်လုံးလုံး အရောင်တက်လာအောင် လုပ်ဆောင်တာပါ..... #ကျောက်စိမ်းဗဟုသုတ #jadeknowledge #highlightseveryone #ShareThisPost

ကျောက်ဝယ်ရင် ကျောက်သားအရင်ကြည့် ​ကျောက်တစ်လုံးရဲ့ တန်ဖိုးဟာ "အရည်" ထက် "အသား" ပေါ်မှာ အခြေခံပါတယ်။ ကျောက်သားကောင်းရင် ဘယ်ကာလာဝင်ဝင် ဈေးကွက်ဝင်ပါတယ်။ ကျောက်သားအဆင့်ကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။ ​၁။ ခါးအောက်သား (အောက်ထပ်သားများ) ​ဒါဟာ အသားမရနိုင်တဲ့၊ ဖြတ်လိုက်ရင် လစ်ထွက်သွားနိုင်တဲ့ အဆင့်ပါ။ မောက်သား၊ ပိန်းသား၊ ပဲသား တွေ ပါဝင်ပါတယ်။ ​သတိထားရမယ့် အချက်များ: ကျောက်ဝိတ်ပေါ့ခြင်း၊ အထိုင်မလှခြင်း (ထောင့်ချိုးမပါ)။ ​အခွံနဲ့ ချော်: အခွံခြောက်၊ အခွံညစ်၊ ချော်ထူ၊ ချော်အရောင်ရောစပ်နေခြင်း။ ​အဖျက်လက္ခဏာ: ရှင်းဖြူ/ရှင်းမဲ များခြင်း၊ ငချိတ်ပါခြင်း၊ နို့ကွက်၊ ဖြူကြော၊ ဖားပြုတ်ဆံ၊ မှဲ့ နှင့် ယမ်းကြမ်း/ယမ်းဆော့ခြင်း။ ​မီးရောင်: မီးဝင်နည်းပြီး မီးရောင်မငြိမ်ခြင်း။ ​အကျိုးဆက်: ကျောက်ဆီခန်းပြီး အသားပျက်တတ်ပါတယ်။ ​၂။ ခါးသား (ညက်ချောသား) ​ဒါကတော့ ဈေးကွက်တည့်ပြီး အသားရပြီလို့ ပြောလို့ရတဲ့ အဆင့်ပါ။ ​အဓိကအချက်: ယမ်းမှုန်၊ ယမ်းညက်ပြီး ယမ်းညီရပါမယ်။ ​အပြင်ပန်း: အခွံရောင်ညီရမယ်၊ ချော်ပွ/ချော်ကြွဖြစ်ပြီး အထိုင်လှရမယ်။ ​ထူးခြားချက်: ဝိတ်ကောင်းရမယ်၊ အဖျက်လက္ခဏာ (ရှင်းဖြူ/ရှင်းမဲ) အနည်းဆုံးသာ ပါရပါမယ်။ ​မီးရောင်: မီးထိုးရင် တစ်ပြင်လုံး ညီညာစွာ လင်းရပါမယ်။ ​၃။ ခါးသားအထက် (အဆင့်မြင့် အသားဆန်းများ) ​ကျောက်လောကရဲ့ ထိပ်တန်းအဆင့် အသားဆန်း၊ တိမ်ခိုးသား၊ ရေခဲသား နဲ့ ဘော်ဒီသား တို့ ဖြစ်ပါတယ်။ ​ယမ်းအနေအထား: ယမ်းပျောက်သည်အထိ မှုန်ညက်နေခြင်း (မှန်ဘီလူးဖြင့်ကြည့်မှ မြင်ရသည့်အဆင့်)။ ယမ်းခေါင်းညို့/မဲပြီး စုစည်းနေခြင်း။ ​အကျွတ်နဲ့ အမန်း: ချော်ပါး၊ ချော်ကျွတ်၊ ဆေးကျွတ်၊ အကျွတ်ပွေး/အကျွတ်ကြော ပါဝင်ခြင်း။ ​လက္ခဏာ: ခြစားပေါက်၊ ကြက်ဆိတ်ပေါက် ပါရင် ပိုပြီးမျိုးရင့် ကျောက်သားမြင့်ပါတယ်။ ​အရည်အသွေး: ကျောက်ဆီ ပြည့်လျှံနေရမယ်၊ ဝိတ်အတော်လေး ကောင်းရမယ်။ အဖျက်လက္ခဏာ လုံးဝ (သို့) အနည်းငယ်သာ ပါရပါမယ်။ ​ ​အမြင်မှန်ဖို့လိုရင်း: ခါးအောက်သား လက္ခဏာတွေပါတဲ့ကျောက်ကို ဝယ်ပြီးမှ ရေခဲသား/အသားဆန်း မျှော်လင့်လို့ မရပါဘူး။ ​သဘောတရားကို နားလည်ပါ: စာကို အလွတ်ကျက်တာထက် ကျောက်ရဲ့ သဘောတရားကို တွေးခေါ် မြင်အောင်ကြည့်ပါ။ ​ပညာရှာပါ: သင်တန်းတွေတက်ပါ၊ ဆရာတွေဆီက အာရုံပညာယူပါ။ ​"မိမိတတ်တဲ့ပညာနဲ့ မိသားစုကို သမာအာဇီဝကျစွာ ငွေရှာပေးနိုင်ရင် သင်ဟာ လူတော်တစ်ယောက်ပါပဲ။" သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို🙏🙏🙏 မူရင်းရေးသားသူဆရာကိုလည်းcreditပေးပါတယ်ခင်ဗျာ...