en
Feedback
ကျောက်စိမ်းပညာ (Channel )

ကျောက်စိမ်းပညာ (Channel )

Open in Telegram

ပို့စ်ပ်ုင်ရှင်ဆရာများအားလုံးကို လေးစား ဦးညွှတ် ဂါဝရပြုပါတယ်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Show more
2 709
Subscribers
-124 hours
-47 days
-1630 days
Posts Archive
#ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲ#အပိုင်း(1)(2)(3)(4)(5)(6)(7)(8) ပုဒ်တွဲ၍ တင်ပေးပါတယ်ရှင့် စာဖတ်ရအဆင်ပြေစေရန် ********* ကျောက်စိမ်းလောကကို စတင်ဝင်ရောက်လာသူတွေများအဖို့ လူမျိုးစုံရှိလာပါတယ်။ 1။ အရင်းနှီးတော့ရှိတယ် ကျောက်စိမ်းထွက်ရာနယ်မြေ ကျောက်စိမ်းရောင်းဝယ်ရာနယ်မြေနှင့်လဲဝေးတော့ သိဖို့ တတ်ဖို့ သင်ယူဖို့ခက်ခဲနေတယ် မိမိပတ်ဝန်းကျင်မှာလဲ လက်တွဲခေါ်ပြတဲ့သူမရှိ လုပ်ကိုင်သူလဲမရှိ အဲတော့ အရင်းနှီးရှိပြီ ကျောက်ဝယ်ရအောင်လဲ ဝယ်တိုင်းရှုံးမှာပဲ သူများဖြတ်တာမြင်အားကျ ဝယ်သမျှလိုက်ဖြတ် ဖြတ်သင့်တယ် မဖြတ်သင့်တယ်မတွေး မိမိဖြတ်လိုက်တဲ့ကျောက် အစိမ်းရောင် (အရည် ချွမ်ကာလာ အရောင်လှတာတစ်ခုခု)မပါတော့ မအောင်ဘူးထင်ပြီ ဖြတ်ခုံမှာပစ်ထားခဲ့တယ်သူ တော်တော်များမယ်ထင်တယ် တချို့ကလဲ ကျောက်သားသက်သက်အောင်နေတဲ့ကျောက်ကို မသိတော့ အခြားကျောက်ဖြတ်စပုံထဲရောပစ်တတ်ပေါ့။ အဲဒီလိုဖြစ်တဲ့အကြောင်းတရားက မိမိလဲမသိ မိမိအနားမှာသိတဲ့သူလဲမရှိ အဲဒါကြောင့်ဖြစ်တာ အဲဒါနဲ့ ကျောက်စိမ်းသင်တန်းတွေ တက်ပြန်ရော တတ်လာပါတယ် အရင်ဘာမှမသိတာနဲ့စာလျှင် မလှပတဲ့ကျောက်တွေ မျိုးနုတွေကို ခွဲခြားတတ်လာတယ် ဒါပေမဲ့ ကျောက်စျေးကွက်မှမနိုင်တာ သင်တန်းဘယ်လောက်တက်တက် ကျောက်တစ်လုံး၏ အကြမ်းဖျင်းသတ်မှတ်စျေးမှမသိတာ မဲမဲမြင်ဝယ်(ပြောနေကျ နပ်ပေါက်ပေါ့နော်)စိမ်းစိမ်းမန်းအားကောင်းဝယ်ပြန်ရော စျေးကွက်မတွက်တတ်တော့ သိန်း30လောက်ပေးခေါင်းရမဲ့ကျောက် သိန်း80/100 ပေးခေါင်းရပြန်ရော့(သင်တန်းမတက်ခင်ကတော်သေး သိန်းပိုင်းကျောက် သောင်းပိုင်းကျောက်ဝယ်တဲ့အခြေနေမှ ဆယ်ပိုင်း ရာပိုင်း ပြောင်းကိုင်လာတော့ ဘာဖြစ်မယ်ထင်လဲ စျေးကွက်မသိ ခေါင်းကြေးတွေပိုမြင့်ပေးရ ရှူံးပြန်ရင် ပုံမှန်ရှူံးသင့်တဲ့ သိန်း30ထက် သိန်း80/100 ဆိုတော့ ပို၍ ပို၍ အရှုံးဇာတ်ဖြစ်သွားတယ်၊ ဟိုဆရာအားကိုးမရ(ဘယ်အားကိုးရမလဲ ဘယ်သူမှ မိမိအကျိုးမရှိရင်(ငွေကြေးပြည့်စုံနေသူတွေကလွဲလို့ ငွေကြေးအဆင်ပြေနေသူ ဝင်ငွေကောင်းသူအတွက် ကူညီလို့ရပါတယ် သူအတွက်ပူစရာနည်းတာကို ငွေကြေးအဆင်မပြေသူအတွက်တော့ သူတပါးကို ကူညီဖို့နေနေသာ မိမိဘဝ မိမိ ရဲ့မိသားစုဘဝ ချမ်းသာဖို့မတွေးနှင်​့ စားရေးသောက်ရေးအဆင်ပြေဖို့ကို ရောင်းလိုက် ဝယ်လိုက် ရှုံးလိုက် မြတ်လိုက်နှင့် သံသရာလည်လို့။ ရေစုန် ကမ်းကုန်ကူညီမယ်သူ လိုက်မရှာနဲ့ကိုယ်ကျိုးမရှိရင် စကားတစ်လုံးမှပြန်ပြောမှာမဟုတ်ဘူး အဲတော့ပြောချင်တာ ကျောက်စိမ်းမှာ စတင်ဝင်ရောက်လာသူများအတွက် အရင်းအနှီးရှိတဲ့သူ ရှုံးလျှင် များများရှုံးမယ် (ငွေအားကောင်းတော့ သောင်းကျောက် သိန်းကျောက်ဆို ကျောက်ကိုမထင်တဲ့သူဖြစ်ရော အကျွတ် အကျွတ်ဆိုတာနှင့် ရာငွေပေးဝယ် လူလုပ်ကျွတ် ယမ်းကျွတ်တွေကို ရာငွေပေးဝယ်ရ ပြန်ရောင်းတော့ ရောင်းမထွက်) 1။ကျောက်စိမ်းအမျိုးအမည်သိရမယ် 2။ကျောက်စိမ်း၏ အကြမ်းဖျင်းတန်ဖိုးရုပ်ဂုဏ်အားသိရမယ် 3။ ကျောက်၏အရွယ်အစားနဲ့ တန်ဖိုးအ​ခြေနေအကြမ်းဖျင်း ပေါင်းစပ်တွေးတတ်ရမယ် 4။ ကျောက်စိမ်းစျေးကွက် ကျောက်စိမ်းထွက်ရာ ကျောက်စိမ်းဝယ်ရောင်းပြုရာ(နေရာဒေသ)နဲ့ အမြဲထိတွေ့နေရမယ် 5။ မိမိက ဒီလောက်ဝယ်သင့်လို့ဝယ်တယ် ဝယ်ပြီးရင်ဒီလောက်ရမယ်ထင်လို့ဝယ်လိုက်တယ် အဲလို့ကမရှိ 6။ ဝယ်ပြီးတဲ့ကျောက် စျေးများပါက လုပ်တတ် ကိုင်တတ်ရမယ်(ဖြတ်ပါကွမ်ပါပြောတာမဟုတ်ပါ မိမိဝယ်တဲ့ကျောက် စျေးကွက်ထိုးသင့်ရင်ထိုး ) အပိုင်း(2) မျှော်ပါရှင့် Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲအပိုင်း(2) ******** ကျောက်စိမ်းလုပ်ငန်းဆိုတာ ငွေအရင်းအနှီးရှိတိုင်း လုပ်ရတကယ်မလွယ်ဘူးဆိုတာ တကယ်လုပ်နေကြသူတွေ လုပ်ကြည့်ကြသူတွေ ကောင်းကောင်းသိပြီထင်ပါတယ် ။ ကျောက်ဝယ်တာနဲ့ရှုံးဖို့များနေပြီဆိုတာကို(တကယ်အကြောင်းအရင်းက ဘာများဖြစ်မယ်ထင်သလဲ?) .အဖြေ။ အဓိကအကြောင်းအရင်းက ဝယ်သမျှကျောက်ဖြတ်နေလို့ပါရှင့် ပြန်မေးမဲ့သူတွေ မေးခွန်းထုတ်မှာပေါ့ ဝယ်တဲ့ကျောက်မဖြတ်လို့ ဘာလုပ်ရမှာလဲပေါ့( ဘာလုပ်ရမယ်မှန်းမသိပဲနဲ့ဝယ်မိတာက ပထမအမှား ဒုတိယအမှားက ဝယ်သမျှကျောက်ဖြတ်နေလို့ ငွေပြန်ရတဲ့ကျောက်နည်းတာ ကောင်းကောင်းပြန်မပါလာတာ ကျောက်မအောင်တာပေါ့ အောင်မဲ့ကျောက်၌ လိုက်ပြီး ဝယ်၍ဖြတ် အဝစားကြံရင် အိမ်တိုင်ပါပျောက်နိုင်မယ်ရှင့်) အဲဒီတော့ ရှုံးရတဲ့အကြောင်းအရင်း 2ချက်သွားတွေ့တယ် 1။ မိမိဝယ်တဲ့ကျောက် ဘာလုပ်ရမှန်းမသိပဲ ဝယ်တဲ့သူရယ် 2။ ဝယ်သမျှကျောက် ဖြတ်နေတဲ့သူရယ်ဆိုပြီ ထပ်တွေ့တယ် အဆိုးဆုံးကတော့ တွေ့သမျှကျောက် လိုက်ဝယ်နေသူက အဆိုးဆုံးပါပဲရှင် အပိုင်း(3)မျှော် Ohnmar Tun #ကျောက်လောကသို့ ဘယ်ကစဝင်မလဲအပိုင်း(3)# ********* ငွေအရင်းအနှီးရှိတိုင်း ကျောက်လုပ်ရမလွယ်ပါဘူး မိမိတို့မသိရှိ မကျွမ်းကျင်တဲ့ ကျောက်စိမ်းအလုပ်ကို လုပ်နေလျှင် များများဝယ်ပြီးလုပ်တဲ့သူက များများရှုံးမှာပဲ နည်းနည်းဝယ်ပြီးလုပ်တဲ့သူက နည်းနည်းရှုံးမှာပဲ။

#ကျောက်သားပျက် ညံ့နိုင်သော ယမ်းများ# ၁။ယင်တောင်ယမ်း ၂။ရှင်းယမ်း ၃။မာယားယမ်း ၄။ခွေးရိုးယမ်း ၅။ယမ်းပြား ၆။ယမ်းချောင်း ၇။သဲယမ်း ၈။ယမ်းလုံးကြီး ၉။ယမ်းကျဲ ၁၀။ယမ်းကြမ်း ၁၁။ယမ်းပွ ၁၂။ယမ်းပျက် ပန်းများ### ၁။ရှင်းပန်း ၂။လန့်ပန်း ၃။ကန်ဇွန်းပန်း ၄။ပဲပန်း ၅။ချွမ်ပန်း ၆။အရည်ပန်း ၇။ချွမ်ပန်း ၈။ငချိတ်ပန်း ၉။နှင်းပန်း အပွေးများ ##### ၁။ အကျွတ်ပွေး ၂။ လန့်ပွေး ၃။အရည်ပွေး ၄။ချွမ်ပွေး ၅။ငချိတ်ပွေး ၆။ ယမ်းပွေး ၇။ အသားအန်ပွေး ၈။မန်းပွေး ၉။အရည်ပွေး ၁၀။ခုန့်ပွေး Crd #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း)

1။ရေခွံကြောရေခွံကျောက်အမျိုးအစားဟုခေါ်၍ ရေကြောရေစပ် ချောင်းကြောချောင်းထဲ၌ (ချောင်းအနီးဝန်းကျင်)တွင် ထွက်ရှိကာ ကျောက်ခဲရိုင်းများကဲ့သို့ လုံးချောပုံစံများအတွေ့များကာ ကုန်းခွံများနှင့်မတူညီသောကွဲပြားချက်မှာအခွံမျက်နှာပြင်ချောမွတ် ပြောင်ချောကာကျောက်ယမ်းပုံစံများသည်လည်း ကုန်းခွံကဲ့သို့ ထင်ရှားပေါ်လွင်ခြင်းမရှိ ယမ်းကပ်ယမ်းဝပ်ပိပြားသောယမ်းပုံစံအများအားဖြင့်ဖြစ်တည်ပါသည်။ 2။ ကုန်းကျောက်ကုန်းခွံကျောက်အမျိုးအစားဟုခေါ်၍ သိသာထင်ရှားသော ချော်ကပ်ငြိတွယ်မှုတည်ရှိကာ အခွံ ပုံစံ ကျောက်ယမ်း ပုံစံ များသည် ရေခွံကျောက်အမျိုးအစားနှင့်မတူ ဖြစ်တည်ပါသည်။ 3။ ငုတ်ကျောက်အမျိုးအစား ကျောက်စိမ်း များသည် ရေခွံကုန်းခွံကဲ့သို့အလုံးသိုက်ပုံစံမလာပဲ ကျောက်စိမ်း ကြောအချပ်လိုက်အလွှာလိုက်ပင်မသိုက်ပုံစံဖြင့်လာကာ ရေခွံကုန်းခွံနဲ့မတူ သိသာခွဲခြားရတဲ့အချက်မှာ အခွံမပါခြင်းဖြစ်သည်။ မည်သည့်ကျောက်စိမ်းမှော်အမျိုးအစားကပဲထွက်ရှိနေပါစေကျောက်စိမ်းမှန်လျှင် ကျောက်ယမ်း ကျောက်ဝိတ်အလေးချိန် ပါရှိရမည်။ ရေခွံနှင့်ကုန်းခွံ တူညီစွာ ကျောက်စိမ်း ၌ပါရှိတတ်သောအချက်များမှာ 1။ ကျောက်ယမ်း ပါရှိခြင်း 2။ကျောက်ခွံပါရှိခြင်း 3။ကျောက်ဝိတ်ကျောက်အလေးချိန်ပါရှိခြင်း 4။ကျောက်အထိုင်ပါရှိခြင်း တို့ဖြစ်ပါသည်။ မှတ်ချက်။ ရေခွံကျောက်များထက် ကုန်းခွံကျောက်များသည် ကျောက်ထောင့်အနား ပီပြင်စွာပါရှိမှုပိုပါသည်။ လူသိများသောကျောက်ထွက်ရှိရာမှော်တချို့အမည်များမှာ မှော်စီဆာ ၊ မှော်ဝမ်း၊မှော်မောင်းလျံ၊မနဘစံ၊ဝေခါ၊အောင်ဘာလေ၊ဆန်ခါ၊နမ္မချီ၊တာမခံ၊ခန္တီးတို့လူသိများသောမှော်ကြီးများဖြစ်၍ ထိုမှော်တချို့၏အဓိကမှော်သန္ဓေအဖြစ်အပျက်များမှာ မှော်စီဆာ ကျောက်ဆိုလျှင် ကျောက်ယမ်းဆော့ခြင်း ကျောက်ယမ်း ကြမ်းခြင်းအထူးကြောက်ရ၍ အဝါချိတ်အဝါငြိ များသည်လည်း အသစ်အဆန်းအကြွပ် များတွင် ပါရှိက ကျောက်စျေးရနည်းတတ်သည်။ ဝေခါကျောက်များတွင် အနာများတတ်ခြင်း ဖြစ်ပေါ်တတ်ပြီး ကျောက်မျိုးဖောက် ကျောက်မျိုးတိမ်း ပုံစံ ခဲစလင်းညှပ်ခြင်း ပလွန်ရောခြင်းများကို အထူးသတိထားရမည်။ အောင်ဘာလေကျောက်များတွင် အပွေးအတက်ပုံစံ အသားအန်တက်ခြင်းကို အကြွပ်ပွေး ဆန်းပွေးများသဖွယ်မှားတတ်၍ အမြှုပ်အဆံကျောက်အငြိကြောပျော်လွယ်တတ်သည်။ မနဘဆံကျောက်များတွင် ကျောက်အခွံ ပုံစံ များသည် အနုအရင့်ဆင်တူယိုးမားရှိခြင်းကြောင့် ကျောက်မျိုးနုခြင်းငျောက်မျိုးရင့်ခြင်းကိုခွဲခြားရအနည်းငယ်ခက်စေပြီး အတွင်းဆန်းအကာဆန်းပုံစံများအဖြစ်များသည်။ မှော်ဝမ်းဆိုလျှင်တခြားမန်းများထက်မန်းဖြူကပိုအောင်လွယ်သည် မှော်ဝမ်းကျောက်တွင်ကြိုးပတ်ကြိုးမန်းပုံစံတွေပိုကောင်းသည်။ ကျစ်လစ်သောကြိုးဖြစ်ရမည်။ တာမခံကျောက်များတွင် ခုန့်ခွမ့်ရစ်များ အခွံရစ်သဖွယ်တည်ရှိတတ်ခြင်းကြောင့် အခွံချက် ကွမ်ချက်ဖော်ခြင်းကကျောက်ဖြတ်မှုထက်အများစုသာပါသည်။ နမ္မချီကျောက်သည် အနာများတတ်၍ ချင်း ကြောက်ရသည် ချွမ်ဖောက်တာကြောက်ရသာသည် အတွင်းဆန်းအကာဆန်းများအဖြစ်များသည်။ ခန္တီးကျောက်သည် အနာများခြင်းကြောင့် ပယ်ထု တွက်ရခက်ပြီး ခန္တီးအရည်ဆိုလျှင်မည်းရိပ်မည်းအားပါ ရှိက အရည်ကျွမ်းမှာကြောက်ရပါသည်။ ချွမ်မီးဖြူထောက် အိမ်တိုင်ပျောက်တတ်သည်။ ခွံဖြူပဲကပ် ပဲပန်းဆက် အရောင်လွင့်ခြင်းကြောင့် မှားဝယ်တတ်သည်။ အမြှုပ်အဆံပျော်သောကျောက်သားအပွင့်ရခဲသည်။ အရွယ်ကသေး ထုကပါး လက်ကောက်မလိုက်နှင့်။ ပြချက်မပါယမ်းမလှ ယမ်းဆော့နေပါကမဖြတ်နှင့်။ ကျောက်မျိုးနုသည်ရင့်သည်မသိ မီးပေါက်ယုံနှင့်မဝယ်နှင့်။ ကျောက်မျိုးမညီကျောက်မျိုးမကောင်း မှော်ကောင်းတိုင်းလည်းမဝယ်နှင့်။ ပဲရည်စိမ်းရည်ပြရည် မျိုးရည် မခွဲခြား စိမ်းရိပ်မြင်တိုင်းမဝယ်နှင့်။ ကျောက်မျိုးမသိလို့မှားတတ်သည်။ တန်ဖိုးမသိလို့ကားတတ်သည်။ #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း)

ဆိုးခြင်းလက္ခဏာများမှာ ၁။ယမ်းမလှခြင်း ၂။အခွံမကောင်းခြင်း ၃။အထိုင်မကောင်းခြင်း ၄။အရွယ်ငယ်၍ အနာများခြင်း ၅။အပြစ်အနာဆာ များခြင်း ၆။အလင်းပေါက်အားမကောင်းခြင်း ၇။ပြစ်ချက်များပါရှိခြင်း ၈။မှော်မကောင်းခြင်း ၉။ဝိတ်အားနည်းခြင်း ၁၀။ပြစ်ချက်များ များပြားစွာပါရှိခြင်း ၁၁။ကျောက်ဆီငတ်ခြင်း ၁၂။ ကျောက်မျိုးတန်းနုခြင်းတို့ဖြစ်ပါသည် #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) *မှော်ဂုဏ်၏ အဓိပ္ပါယ်* ***** *ကျောက်စိမ်းအကြောင်း ပြောရရင် *ကျောက်စိမ်းထွက်ရှိတဲ့ *မှော်အမည်တွေကိုအစွဲပြု၍ မှော်ဂုဏ်ကို ထည့်သုံးကြပါသည်။ ‌ကျောက်တစ်လုံး၏ အဖြစ် အပျက် ၊ ‌ကျောက်၏ အရည်အချင်း ကောင်းသည် ဆိုးသည် ထိုအရာတွေနဲ့ အတူ ဖြစ်လေ ဖြစ်ထ ရှိတတ်တဲ့ ကျောက်၏ ဖြစ်တည်မူ သန္ဓေတို့ ရောင်းခြင်း ၀ယ်ခြင်း၌ ကျောက်၏အရည်အချင်း မှော်ဂုဏ်ထည့်သုံးကြပါသည်။ ကျောက်စိမ်း၏ အသားကောင်းခြင်း ကျောက်ဆီကျောက်သား ကြည်လင်မူ ၊အမြုတ်အဆံကင်းမူ ၊ အရောင်တက် မှတ်တက်မူတွေကို အခြားမှော်များထက် အားသာခြင်း ရှိတဲ့ *ကျောက်ကြောသက်တန်းရင့် ကျောက်သက်တန်းရင့် ကျောက်သားကောင်းများနဲ့ အမည်ကြီးရာ(အခြားမှော်များထက်)။ အသားကောင်းဘုရင် #မှော်စီဆာဟုဆိုလိုက်လျှင် မြန်မာပြည်တွင်း ကျောက်စိမ်းလုပ်သူများတင်မက " တရုတ်ပြည်ထိ ကျောက်စိမ်းလုပ်ကိုင်သူများ၏ ပြောစမှတ်ပြုရာ အသိအမှတ်ပြုရာ * မှော်စီဆာထွက် ကျောက်များဖြစ်ပါသည်။ အခြားမှော်များထက် ကျောက်ကောင်းပိုထွက် ဈေးကောင်းပိုရတဲ့ ကျောက်အမျိုးအစားများမှာ ဘောလီ၊အကျွတ်၊အဆန်းများ အမည်ကြီးပါသည်။။ မှော်ဆီစာ ဘောလီ၊အကျွတ် အဆန်းများသည် ကျောက်ဆီကျောက်သားမြင့်ခြင်းနဲ့အတူ အမြုတ်အဆံကင်းခြင်းကြောင့် အသားကျောက်များ ဖြစ်ပေမဲ့ "ဈေးကောင်းရတဲ့ အပွင့်အဆင့်ထိသို့ ရောက်ရှိခြင်း ထုတ်ယူသုံးစွဲလို့ ရခြင်း‌‌ကြောင့် လူကြိုက်များ ဈေးကောင်းရကြပါသည်။(မှတ်ချက်။ ဘောလီ၊ အကျွတ်၊အဆန်း ဘယ်လောက်မြင့်မြင့် အမြုတ်အဆံ အပြစ်အနာအဆာ ပါရှိက အပွင့်မထုတ်ကြပါ။ ကျောက်သားမြင့် ကျောက်ဆီအဘယ်မျှ ပြည့်နေပါစေ အမြုတ်အဆံပါရှိလျှင် ဈေးကွက်တန်း၀င်း အပွင့်မမှီခြင်းကြောင့် ၊အမြုတ်အဆံပါတဲ့ကျောက်ထက် အမြုတ်အဆံကင်းတဲ့ကျောက်က ဈေးကောင်းပိုပေး ပိုတန်သည်ဟု ဆုံးဖြတ်ကြပြန်သည်။ ၁။ အမြုတ်အဆံမပါတဲ့ကျောက် ၂။အမြုတ်အဆံပါတဲ့ကျောက် ထို၂ခုအရွယ်တူ ရှိနေလျှင်လဲ အမြုတ်အဆံမပါတဲ့ကျောက်က ဈေးပိုရပါမည်။ အပွင့်ထုတ်ဖို့ အဆင်ပြေပါမည်။ ********* ကျောက်စိမ်းထွက်ရှိရာ ‌ကောင်းမွန်သော ဖားကန့်တဝိုက်ရှိ လူသိများတဲ့ မှော်များမှာ ၁။ မှော်စီဆာ(အသား) ၂။ မှော်၀မ်း(အရည်) ၃။ ဝှေခါ(အရည် ချွမ်) ၄။ မန(အသား ) ၅။ ဘဇ ၊ဗလခ တောင်ပြို မှော်မောင်းလျှံ(အသား။ ကာလာ) ၆။ မလောင် ၇။ ကထန် ကုဋေ ဆန်ခါ(အသားမှော် အလုံးကြီးကောင်းများသည် အခြားမှော်များထက် ဈေးကောင်းပိုရ ပိုပေးခေါင်းရသော မှော်ဖြစ်ပါသည်။ ၈။ နမ့်မှော်တဝိုက် တို့ဖြစ်၍ အနိမ့်ဆုံးမှော် အောင်ဘာလေနဲ့ ကျန်ဂတ်မှော်/( ရန်ပြိုမှော်) တို့ဖြစ်ကြပါသည်။ ကျောက်၀ယ်ယူ ခေါင်းတဲ့အခါ အသားခေါင်းဈေးထက် အရည်ခေါင်းဈေးက ဈေးပိုပါသည်။ အရည်ခေါင်းဈေး ကျောက်တစ်လုံး၏ အဖြစ်အပျက်သည် အသားကျောက်ထက် ပိုလွန်သော အဖြစ်အပျက် အရှုံးအမြတ် ကြမ်းပါသည်ဗျာ။ ကျောက်မျိုးမနိုင်ခြင်း မှော်မခွဲတတ်ခြင်း တန်ဖိုး နားမလည်ခြင်း၊ ကျောက်ရဲ့အရည်အခြင်း မသိမြင်က မည်သည့်မှော်ထွက်ဖြစ်ပါစေ *မှော်ဂုဏ်အစွဲပြု၍လဲ မ၀ယ်သင့်ပါ။ ဘယ်မှော်က ကျောက် ဘာကောင်းသည် ဘယ်မှော်ကကျောက် အသားကောင်းသည် အရည်ကောင်းသည်ဟု ဆိုချင် ဆိုကြပါမည်။ ကောင်းမွန်စွာ တည်ရှိတဲ့ မှော်ဖြစ်နေပါစေ တန်ဖိုးနိမ့် ကျောက်ညံ့များက ရှိနေဆဲပါ။ ကျောက်စိမ်းလုပ်ငန်းသည် တစ်လုံးနဲ့ တစ်လုံး မတူညီခြင်းကြောင့် အစွဲပြုခြင်း ပုံသေသတ်မှတ်၍ လုပ်ကိုင်လို့မရပါ။ မိမိလက်ထက် ရောက်ရှိလာတဲ့ ကျောက်အခြေနေကိုသာ ကြည့်၍ လုပ်သင့် လုပ်ထိုက်တာ လုပ်မှ အဆင်ပြေကြပါမည်ဗျာ။ #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) ကျောက်စိမ်းနှင့်မှော်သန္ဓေ ################# ကျောက်စိမ်းထွက်ရှိရာမှော်ဒေသတွေများပြားခြင်း​ကြောင့် ကျောက်ထွက်ရှိတဲ့မြေဆီလွှာမြေကြောများမတူညီကြခြင်းကြောင့် ကျောက်စိမ်းပုံစံအဖြစ်အပျက်များသည်လည်း အကြီးအသေးအရွယ်အစားမတူညီခြင်း ကျောက်ယမ်းတည်ဆောက်ပုံကွဲလွဲမှုရှိခြင်း ၊အခွံထူအခွံပါး ခွံရောင်များမတူညီခြင်း ၊ကျောက်တည်ဆောက်ပုံအထိုင်ကွဲလွဲခြင်း၊ကျောက်၌ကပ်ငြိတွယ်ရာ အညစ်အကြေးချော်အရောင်များကွဲလွဲခြင်းများရှိခြင်းကြောင့် မှော်မတူကြမှုအပေါ် လိုက်၍ ကျောက်စိမ်းတုံး၏ အတွင်း အသား အရည် အဖြစ်အပျက်တို့သည်လည်း ကွဲလွဲတတ်ခြင်းရှိသဖြင့် ကျောက်စိမ်း တုံးများကိုခန့်မှန်းသုံးသပ်ရာ၌ လွန်စွာအရေးကြီးသော မှော်သန္ဓေတို့ကိုထည့်သုံးကြပါသည်။ ကျောက်စိမ်းထွက်ရှိရာပင်မကျောက်ကြောအမျိုးအစားကြီး(3)မျိုး ရှိပါသည်။

#မှော်ခွဲခြင်း/မှော်ဂုဏ်/မှော်သန္ဓေ/# ၃ပုဒ်တွဲ၍တင်ပေးပါတယ်ဗျာ။ ***** # ကျောက်စိမ်း၌ မှော်ခွဲပုံ# ******* ကျောက်စိမ်းများသည် ထွက်ရှိသော *မှော်အမျိုးအစားကွဲပြားခြင်း/ ထွက်ရှိသော မြေကြောအမျိုးအစားကွဲပြားခြင်း/ အပေါ်ကြော၊အောက်ကြောကွဲပြားခြားနားမူများကြောင့် *ကျောက်စိမ်းတို့သည် ရုပ်အခံအဂ်ရပ်၊ မှော်သ‌‌န္ဒေ အဖြစ်အပျက်များ မတူညီ ခြားနားကွဲပြားကြပါသည်။ ထိုအရာတွေ *ကွဲပြားစွာ ဖြစ်တည်မူကြောင့် ထပ်ဆင့်၍ * ကျောက်ယမ်း၊ကျောက်ချော်၊ကျောက်အခွံ၊ ကျောက်အထိုင်များ *တစ်မှော်နှင့် တစ်မှော် မတူညီကြပါ။ *ကျောက်စိမ်းဖြစ်တည်ရာ၌ ကျောက်စိမ်းတုံးအဖြစ် သိသာတဲ့ အချက်များမှာ ၁။ ကျောက်ယမ်း ၂။ကျောက်ချော် ၃‌။ကျောက်အထိုင်(ရုပ်ဖြစ်တည်ပုံ) ၄။ကျောက်ဝိတ်(အလေးချိန်) ၅။ကျောက်အခွံ ထို၅ချက်ဖြင့် *အလွယ်ခွဲနိုင်ပါသည်* ******* # ကျောက်စိမ်းတို့သည် တစ်လုံးနဲ့ တစ်လုံး ပုံစံမတူညီ ဖြစ်ပေါ်ခြင်း၊ ကျောက်၏ရုပ်အားနဲ့ အဖြစ်အပျက်အားတွေ မတူညီခြင်းကြောင့် ကျောက်တို့၏ အဖြစ်အပျက်အကြောင်းတရားများသည်လည်း * ထွက်ရှိသော "မှော်၊မြေကြော၊ မတူညီခြင်းကြောင့် " ရေမဆေးကျောက်ရိုင်းနှင့် ဆေးပြီးသားကျောက်များကို " ရောင်းကြ၊၀ယ်ကြရာတွင်ဖြစ်စေ( ခေါင်းခြင်း၊ဆေးခြင်း၊ဖြတ်ကွမ်ဖောက် ပြုလုပ်ရာတွင်ဖြစ်စေ) ၁။ထွက်ရှိသည့်မှော်နဲ့ ၂။ထွက်ရှိသော မြေကြောများကို ထည့်တွက်ပြီး * ကျောက်တစ်လုံးကို စတင်ကြည့်ရာတွင် ***မိမိတို့ လက်ရှိမြင်တွေ့တဲ့ကျောက်သည် ဘယ်မှော်ထွက်ဖြစ်မည်၊ဘယ်လိုမြေကြောအမျိုးအစားထွက်သည့်လို့ ခန့်မှန်းကြည့်ရှုကာ (အဓိက အားဖြင့် ထွက်ရှိမှော်ကို ထည့်တွက်၍) ရောင်း၀ယ်ကြပါသည်။ (ရောင်း၀ယ်ရေး၌ ကျောက်တစ်လုံး၏ ထက်ရှိတဲ့ မှော်ဂုဏ်သည်လဲ လွန်စွာ အရေးပါရှိသည်) ကျောက်တစ်လုံးအား စတင်မြင်ကြပြီဆိုလျှင် ဘယ်မှော်က ထွက်သော ကျောက်အမျိုးအစားလဲ? ထိုသို့ အရင်ကြည့်ကြပါသည်။ ကျောက်ထွက်ရှိတဲ့မှော်တွေ၏ အဖြစ်အပျက်များက ဖြစ်ပုံ ပျက်ပုံ ကျောက်တစ်လုံး၌ အကျိုးသက်ရောက်မူတွေ မတူညီခြင်းကြောင့် *မှော်သန္ဒေ*ဆိုတဲ့ စကား(မှော်ဂုဏ်) ‌ထည့်သုံးပြီး မှော်တွက်ခြင်း၊မှော်ခွဲခြင်း ရောင်း၀ယ်ကြပါသည်။ ကျောက်စိမ်းတစ်လုံး၌ ‌မှော်တွေခွဲတဲ့အခါ(ကျောက်တစ်အားကြည့်ပြီး ဘယ်မှော်ထွက်ဖြစ်သနည်း ?ကြည့်ယူရတဲ့အချက်များမှာ) ရေမဆေးတွင်းထွက်ကျောက်ဆိုပါက ၁။ချော်( ဥပမာဆိုပါဆို ဆန်ခါခွံဖြူ၊ မနခွံဖြူ ရေမဆေးဘ၀မှာတင် ခွံဖြူအမျိုးအမည်တူပေမဲ့ ချော်တည်ဆောက်ပုံ(ကျောက်၌ ချော်ပုံစံ အရောင်အဆင်း၊ ချော်ပုံစံ လားရာ လုံး၀ မတူညီပါ၊ ‌ချော်ပုံစံအခြေနေကို ကြည့်ယုံနှင့် ချက်ခြင်းခွဲလို့ လွယ်ကြပါသည်။( အတွေ့အကြုံအားတွေ လိုပါသည် ။အတွေ့အကြုံအားနည်းခြင်းကြောင့် စာဖြစ်၊နှုတ်ဖြင့် ပြောပြရေးပြရန်ခက်ပါသည်) ဥပမာ အမဲကြောဆိုလျှင်လဲ တစ်မှော်နှင့်တစ်မှော် ‌အမဲကြောအမျိုးအမည် ရေမဆေးဖြစ်နေရင်လဲ ချော်ပုံစံ အရောင်အဆင်း၊ ချော်လားရာ ပုံစံမတူညီခြင်း ၊ကပငြိတွယ်တဲ့ မေါက်၊ချော်၊ သဲမှုံမြေမှုံများကအစ မတူညီခြင်းကို ကြည့်၍ ခွဲနိုင်ပါသည်။ (ချော်ရောင်ဆင်ခြင် ဆင်နိုင်ပါသည်။ ချော်တည်ဆောက်ပုံ တစ်မှော်နဲ့ တစ်မှော် သိသာစွာ ကွဲပြားသည်ဟူ မှတ်ယူပါ) ၂။ ယမ်းနဲ့အထိုင်(တစ်မှော်နဲ့ တစ်မှော် ကျောက်ယမ်း ကျောက်အထိုင် ဖြစ်တည်ပုံတွေလဲ ကွဲပြားစွာရှိခြင်းကြောင့် ကျောက်တစ်လုံးကိုကြည့်ယုံနဲ့ ယမ်း၊အထိုင်ကြည့်ယုံနဲ့ ခွဲလိုရပါသည် ။ ၃။ အခွံ(အခွံပုံစံအခြေနေ တစ်မှော်နဲ့ တစ်မှော် သိသာစွာ ကွဲပြားတဲ့ အခြေအနေရှိ၍ အခွံပုံစံကြည့်ယုံနဲ့ မှော်ခွဲလို့ရပါသည်။) ဆေးပြီးသား ကျောက်ဆိုလျှင် ယမ်း၊အထိုင်၊ အခွံ ၊ ထို၃မျိုးပေါင်းစပ်၍ မှော်ခွဲရလွယ်ပါသည်။(ထို၃မျိုးသည် တစ်မှော်နဲ့ တစ်မှော် မတူညီစွာရှိကြပါသည်။) အဓိကအားဖြင့် ပြောရလျှင် ကျောက်စိမ်းတို့သည်ကျောက်စိမ်းအရိုင်းတုံး ဘ၀တွင်(မဖြတ်၊မတောက်၊ မကွမ်မချွတ်၊ အချော်ထည်အဆင့်၊ဖြတ်သားအဆင့်မရောက်ခင် တစ်မှော်နဲ့ တစ်မှော် *ကျောက်ရုပ်*(ကျောက်ပုံစံတွေ သိသာစွာကွဲပြားကြပါသည်) #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) #ကျောက်စိမ်းရိုင်း လုံးစွတ်၏ ကောင်းခြင်း၊ဆိုးခြင်းလက္ခဏာများမှာ# ********** ကျောက်စိမ်းရိုင်း လုံးစွတ်၏ ကောင်းခြင်း လက္ခဏာများမှာ ၁။ ယမ်းကောင်းခြင်း ၂။အခွံကောင်းခြင်း ၃။အထိုင်ကောင်းခြင်း ၄။ အရွယ်ကောင်းခြင်း ၅။ အပြစ်အနာဆာ နည်းခြင်း ၆။အလင်းပေါက်‌ေကာင်းခြင်း ၇။ ပြချက်အလှပါရှိခြင်း(အရည်၊ပန်း၊မန်း၊ကြိုး၊ပွေး၊ချွမ်၊ ခုန့်၊ခွမ့်၊ ကာလာ၊ကျောက်သားညှို့ခြင်း) ၈။မှော်ကောင်းခြင်း ၉။ဝိတ်ကောင်းခြင်း ၁၀။ပြချက်အား ပီပြင်မူရှိခြင်း(အကြိုအထောက်ပါရှိခြင်း ၁၁။ကျောက်ဆီခံကောင်းခြင်း ၁၂။ကျောက်မျိုးကောင်းခြင်း တို့ဖြစ်သည်။ ****** ကျောက်စိမ်းရိုင်းလုံးစွတ်၏

#ချွမ်အကြောင်း# ******* ကျောက်စိမ်းရဲ့ ကာလာအလှအပများဖြင့် လာတတ်တဲ့ ကျောက်အမည်မှာ *ချွမ်*လို့ခေါ်ပါတယ်(ချွမ်ကျောက်) ချွမ်ဆိုတာ ကာလာနှင့်ပတ်သက်ပြီး ရှိတတ်သော ကျောက်စိမ်းအရောင်များကို အစွဲပြု၍ *ချွမ်ရောင် (ချွမ်ကျောက် ချွမ်ရည်)လို့ခေါ်ကြပါတယ်။ ချွမ်အဖြစ် လာတတ်သော ချွမ်ကာလာများမှာ(ချွမ်ကျောက် ချွမ်ရည် ခေါ်နိုင်တဲ့အရောင်များ) 1။ ခရမ်းရောင်ဖြစ်လာ၍ ခရမ်းရောင်စွဲဝင်တဲ့ကျောက်ကို *ခရမ်းချွမ်*ရောင်(ခရမ်းချွမ်ဟု ခေါ်ပါသည်။ 2။မရမ်းရောင်အဖြစ်လာ၍ မရမ်းရောင်စွဲဝင်တဲ့ကျောက်ကို *မရမ်းချွမ်*ရောင်(မရမ်းချွမ်ဟုခေါ်ကြပါသည်) 3။ ဗေဒါရောင်အဖြစ်လာ၍ ဗေဒါရောင်စွဲဝင်တဲ့ကျောက်ကို *ဗေဒါချွမ်*ရောင်(ဗေဒါချွမ်ဟုခေါ်ပါသည်) 4။ ပန်းဆီရောင်အဖြစ်လာ၍ ပန်းဆီရောင်စွဲဝင်တဲ့ကျောက်ကို *ပန်းဆီချွမ်ရောင်*(ပန်းဆီချွမ်ဟုခေါ်ပါသည်) 5။အပြာရောင်အဖြစ်လာ၍ အပြာရောင်စွဲဝင်တဲ့ကျောက်ကို *ချွမ်ပြာရောင်*(ချွမ်ပြာဟုခေါ်ပါသည်) မှတ်ချက်။ ။ တိမ်ခိုးသား အသားဆန်းမြင့်များလည်း အပြာရိပ်ပုံစံစွဲဝင်တတ်ပြီ ချွမ်ပြာနဲ့မှားတတ်ပါတယ်။ ချွမ်ပြာဆိုတာက အရောင်အားဖြစ် အပြာရောင်ဘက်အားသန့်စွာ ဖြစ်တည်ပါတယ်။ 6။ တိမ်ခိုးရောင်အဖြစ်လာ၍ တိမ်ခိုးရောင်မှာ အပြာနှောများ၍ စွဲဝင်တဲ့ကျောက်ကို တိမ်ခိုးချွမ်ဟုခေါ်ပါသည်) 7။ ပဲအစိမ်းရောင်ကဲ့သို့ ပဲစိမ်းရောင်စွဲဝင်ပြီး အပေါ်၌ ပြခဲ့သော ခရမ်း/မရမ်း/ပန်းဆီ/ဗေဒါ/အပြာ/အနီ တစ်စုံတစ်ခုအရောင်(ချွမ်ရောင်ထဲမှတစ်ခုခု) ပဲစိမ်းရောင်နဲ့အတူ ကျောက်သားပေါ်၌ အရောင်2ခု ရောပါနေသောကျောက်ကို *ပဲချွမ်*ဟုခေါ်ပါသည်။ 8။ အနီရောင်အားစွဲဝင်ပြီ အနီရောင်တည်ရှိသောကျောက်ကို *ချွမ်နီ*ဟုခေါ်ပါသည်။ မှတ်ချက်။ ။ခုန့်ခွမ်၌ အနီရောင် နီညိုရောင် နီဝါရောင် ပုံစံများဖြင့် *ချွမ်နီအရောင် မတူပါ အရောင်အားဖြင့်ကွဲလွဲပါတယ်။ ချွမ်အဖြစ်မလာတတ်တဲ့ အရောင်တွေများမှာ 1။ အစိမ်းရောင်နှင့် ပတ်သက်တာ အနုအရင့် တစ်ရောင်မှမလာပါ 2။စိမ်းပြာရောစပ်တဲ့အရောင်မလာပါ 3။အဝါရောင်မလာပါ အနုအရင့်တစ်ရောင်မှမလာပါ 4။အနက်ရောင် အမဲရောင်မလာပါ အနုအရင့်မလာပါ 5။နီဝပ်စပ်မလာပါ အနုအရင့်မလာပါ အနီနဲ့ပတ်သက်၍ လာတတ်သောအရာများမှာ 1။ခုန့်ခွမ် 2။ကွမ်းသွေး 3။ချွမ်နီ 4။ကြက်သွေး တို့ဖြစ်၍ အစိမ်းရောင်နှင့်လာတတ်သောအရာများမှာ 1။ အရည် 2။အရည်ပန်း 3။ပန်း 4။ ရှင်းပန်း 5။ ထုံ(ထုံရှင် ထုံသေ) 6။ ထည်လုံစိမ်း 7။ ကြက်တူရွေးစိမ်း 8။ ကာလာ(အစိမျးကာလာ) 9။ တီပေါက် တီစက် 10။ ပဲရည် ပဲကာလာ 11။ ချော်စိမ်း(ဖယောင်းချော်စိမ်း) 12။လန့်စိမ်း 13။လန့်ပန်း 14။ပဲစိမ်းသား 15။ရှင်းစိမ်း 16။အရည်မန်းများ အဲဒါတွေကတော့ အစိမ်းရောင်နှင့် ဆက်စပ်၍ လာတတ်သောအရာတွေပါ ပုံစံအားဖြင့်တစ်ခုနဲ့တစ်ခုကွဲလွဲပါတယ် အပြာရောင်နှင့်ပတ်သက်၍ လာတတ်တဲ့အရာတွေက 1။ တိမ်ခိုးသား 2။ချွမ်ပြာ 3။ကန်ဇွန်းပန်း 4။ အခွံပြာ 5။ဘိလပ်ခွံ(အဂ်တေခွံ) တို့ဖြစ်ပြီ ပုံစံအားဖြင့်မတူညီပါ အဝါရောင်နှင့်ပတ်သက်၍လာတတ်တာတွေက 1။အဝါသား 2။ပဲဝါသား 3။အဝါဆီ 4။ခုန့်ခွမ် 5။ ခွံဝါ 6။မြေမှန်ကျောက်များ 7။အခွံဝါ 8။ကုဋဝါ 9။ဝါဖြူ 10။ခုန့်သား ခွမ့်သား 11။အဝါညှိ 12။အကာဝါ တို့ဖြစ်ပါသည်။ တစ်ခုနှင့်တစ်ခု ပုံစံအားဖြင့်မတူညီပါ အမဲရောင်(အနက်ရောင်)အဖြစ်လာတတ်သောအရာများမှာ 1။ အသားဆန်း(အသားမှိုင်း) 2။ခဲဘောလီ 3။ငချိတ်ငွေ့ ငချိတ်ပွေး ငချိတ်သား 4။ ရှင်းမဲ 5။မောက်ကွက် 6။မောက်သား(အသားမှိုင်း) 7။မှဲ့ ၊မှဲ့ပြောက် အမဲစက် 8။ အမဲခွံ 9။အမဲကြော(မြေပုံစံ) 10။ချော်အမဲ 11။ဘလက်ဂျိတ် (လန့်ဂျိတ်) 12။မန်းမဲ တို့ဖြစ်ပြီး တစ်ခုနဲ့တစ်ခုမတူညီပါ အပြစ်အနာများ 1။အနာကြီး 2။အနာကြေ 3။မိုင်းနာ 4။ရို့နာ 5။အနာတို 6။ဖျက်နာ 7။မြင်းမြှီးရိုက်နာ 8။အသားကြေ 9။ ရိုက်ဖဲ့ 10။ဝါလုတက်အပဲ့ 11။နတ်ဖဲ့ 12။ကျင်းပဲ့ 13။ ကြေနာ 14။ထပ်နာ တို့ဖြစ်ကြပါတယ် ပို့စ်ပိုင်ရှင်OhnmarTun(ကျောက်စိမ်းရောင်းဝယ်ရေး) အား လေးစားစွာ ခရက်ဒစ်ပေးပါတယ်။

အသားတန်းအဆင့်သတ်မှတ်ချက်တွေက ကျနော်လက်လှမ်းမီသလောက်ပြောရရင် အရင်ခေတ် ကျောက်သမားကြီးတွေက နံပါတ်နဲ့ မမှတ်ကြဘူး။ ကျီးကန်းသား ပိန်းဥသား ငချိတ်သား အသားပျက် မောက်သား နို့နှစ်သား အသားရိုး ခါးအောက်သား ခါးသား ဖရုံသား ဖ​ယောင်းသား ညက်ချောသား ခါးသန် ခါးသန်သန် အသားဆန်း ရေခဲသား ဘော်ဒီတစ်ပတ်ကျ ဖန်သားမှန်သား(ပေါ့လိ) ဆိုပြီးပဲ ကျောက်သားရဲ့ လက္ခဏာ အဆိုးအကောင်းကို ပဲ ယေဘုယျ မှတ်ကြတာ။ တရုတ်တွေလဲ ပင်းကျုံး ပေါ့လိကျုံးပဲ။ ဒါပေမယ့်ကျောက်သမားကြီးတော်တော်များများက အသားတန်းကို ဒါကရေခဲသား ဒါကပေါလိဆိုပြီး စာသိပ်မဖတ်ကြဘူး။ ကျောက်သားမြင့်တယ် ကျောက်သားစွာတယ် ကျောက်သားကျတယ် ကျောက်သားမရဘူး မျိုးလေးလှတယ် ကျောက်မျိုးလျော့တယ် ကျောက်သားချွဲတယ်/ပိတ်တယ် ဒီလောက်ပဲ။ ဒီဘက်ခေတ်ကျ Texture Scale အရ One to Ten ပေါ့ဗျာ။ ကျနော်ကတော့ ဒီလိုမှတ်ထားတယ် အခြေခံအဆင့်မှာ ကျောက်ရဲ့ အလင်းပေါက်အား ကြည်လင်မှု အနည်းအများကိုကြည့်ခွဲတယ်။ ကျဲတာသိရမယ်၊ စေ့တာသိရမယ်။ ခါးသားကို နိုင်အောင်မှတ် ခါးသားသိရင် ခါးအောက်ကိုသိတယ် ခါးအပေါ်ကို သိမယ် ခါးသား နဲ့ ခါးသား အပေါ်ဆို စ အလုပ်လုပ်လို့ရတဲ့ကျောက်သားအဆင့်ပေါ့။ မြင့်လေကောင်းလေ။ အောက်တော့ဆင်းကြည့်မနေပါနဲ့။ ခါးသားမှာ ဘာစလုပ်လို့ရမလဲ သိအောင်လုပ် ခါးသားပေမယ် ကာလာ တို့ အရည်တို့ မပါဘူးဆိုရင် အလုပ်လုပ်လို့ရပေမယ့် အကျိုးအမြတ် အရမ်းကြီးမရှိနိုင်ဘူး။ သူ့လောက် ဒါမှမဟုတ်သူ့ထက် မြင့်မယ် ခုန ပြောတဲ့ ကာလာ အရည် ပန်း စတာတွေ ပါရင် Plus ပဲ။ အကျိုးအမြတ်ကောင်းကောင်းဖြစ်နိုင်တယ်။ ဝယ်စျေးတော့ ချိန်ရမယ်။ အသားတန်းဘယ်လောက်မြင့်မြင့် သူ့မှာပါနေတဲ့ Inclusion လေးတွေ အနာတွေက ဘယ်လိုင်းဆို လက်ခံတယ် ဖျောက်လို့ရတယ်။ ဘယ်လိုင်းဆို လက်မခံဘူးဆိုတာ ထပ်မှတ်ထားနိုင်ရင်တော့ အလုပ်လုပ်လို့ရတဲ့ကျောက် ဘယ်ကျောက်နေနေ အဆင်ပြေပါပြီ။ မူရင်းရေးသားသူကိုcredit ပေးပါတယ်။

#ခေါင်းလိုင်းဆိုတာနဲ့ ကျောက်လုပ်စလူအတော် များများက ဝယ်တယ် ဖြတ်တယ်ပဲ ပြေးမြင်ကြပါတယ်။ ခေါင်းတယ်ဆိုတာ ခန့်မှန်းတာပါပဲ။ ငါးသောင်းလောက်ကြိုက်ပေမဲ့ ခြောက်သောင်းထိစျေးလိုက်ပေးရင် တစ်သောင်းက ထင်လို့ ပေးလိုက်ခေါင်းလိုက်တာပါပဲ။ အသားကျောက်မှာ ယမ်း၊အထိုင်၊မီးပေါက်ချက်ကြည့်ပြီး ခေါင်း​ကြပါတယ်။ဘာမှခက်ခဲတဲ့ပညာသိပ်မပါ ပါဘူး။ ဒါပေမဲ့..... အရည်ကျောက်မှာတော့အရမ်းကာရော ဖြတ်ချင်ခေါင်းချင်လို့မရပါဘူး။ဖြတ်မှအရှုံးအမြတ်သိရတာမျိုးလည်းမဟုတ်ပါဘူး။ ဆေးအောင်၊ကွမ်အောင်တွေလည်းရှိပါတယ်။ အရင်အနှီးကြီးတာမို့ ဖြတ်ဖို့ ဝန်လေးပါတယ်။ အရည်ရောက်တော့လည်း အသားရော့လေမလား၊အပြင်ကန်နေတဲ့ပြချက်ကစိမ်းပေမဲ့ အတွင်းမှာတိမ်းသွားမလား စသည်ဖြင့်ရှုပ်ထွေးပါတယ်။ အရည်ပြချက်တွေ ကြောင့် စျေးကောင်းကောင်း ပေးရပါတယ်။သို့သော် ပြချက်အတိုင်းဖြစ်မဖြစ်က ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ပြီးပြည့်စုံအောင်သိတဲ့လူလဲ မရှိပါဘူး။ ကျောက်ပညာအတွေ့အကြုံနဲ့ အနီးစပ်ဆုံးပဲ ခေါင်းနိုင်ပြောနိုင်ပါတယ်။ ဒီလိုခက်ခဲတဲ့ အလုပ်ကို ဘာကြောင့်စိတ်ဝင်စားကြတာလည်းဆိုရင် သွားကြားထိုးတံတစ်ထုစာ ကျောက်ခေါင်းခြင်းပညာကြောင့် ဘဝပြောင်းသွားနိုင်လို့ပါပဲ။ အောင်ကျောက်များနဲ့ တည့်တည့်တိုးကြပါစေ## Crd #Photo ##Natural #Jade

အောင်ဘာလေမှော်ဟာ လုံးခင်းမြို့အရှေ့မြောက်ဘက်မှာတည်ရှိပါတယ်။ အောင်ဘာလေမှောမှာ အကြွတ် အဆန်း ချွမ် အရေ အမျိုးမျိုးထွက်ကြပါတယ်​။ဒီမှော်ရဲ့အားနည်းချက်ကအကြွတ်တွေတောင်အသားမစိတာ အသားကျဲတာ အသားချွဲတတ်တာပါ။အောင်ဘာလေအကြွတ်ဆို ဝယ်လက်က မကြိုက်ကြတာပါ။ အားသာချက်က ချွမ်ပါ အောင်ဘာလေချွမ် ဆိုရင်တော့လူကြိုက်များပါတယ်။ ချရေ ကောင်းပီးကျောက်သားစိပါတယ်။ အောင်ဘာလေကြောက အလုံးကြီးဆို ကျောက်သားပျက်တာများပါတယ် အကြောင်းကတော့ကုဋေမှော် ဆန်ခါကြောနဲ့ ဆက်စပ်နေလို့ပါ Crd

ကျောက်ဆီ ကျောက်သား ကျောက်မျိုးဆိုတာ ကျောက်လုပ်ငန်းလုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ နက်နဲတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ် တစ်ချို့ကျောက်တေဟာ ကျောက်ဆီကောင်းတယ် ကျောက်သားနုတာ ။ တစ်ချို့ကျောက်တေက ကျောက်သားကောင်းပီး ကျောက်ဆီလိုနေတာ။ တစ်ချို့ကျောက်တေကျပြန်တော့ ကျောက်မျိုးမရတာဆိုပီးအမျိုးမျိုးရှိကြပါတယ်။ အခုမှကျောက်စိမ်းလုပ်ငန်းကိုစတင်လုပ်ကိုင်မယ့်လူတေအနေနဲ့ သတိကြီးကြီးထားပီး ဒီ၃မျိုးကို သင်ယူပီးမှသာကျောက်စိမ်းလုပ်ငန်းကိုလုပ် စတင်လုပ်ကိုင်သင့်ပါတယ်။ ၁၊ #ကျောက်ဆီ ကျောက်ဆီဆိုတာ ဖြတ်သားကိုအရောင်တင်လိုက်ချိန်မှသာပ်ိုမိုသိသာထင်ရှာတာဖြစ်ပီး လုံးစွတ် ​နဲ့ ရိုးရိုးဖြတ်သားအဆင့်မှာ ကျောက်ဆီ ပါမပါ ဆန်းစစ်ဖို့ အလွန်ခက်ခဲလှပါတယ် ကျောက်လုပ်သက်ရင့်လာမှသာ လုံးစွတ်ကိုကျောက်ဆီပါ မပါသိနိုင်လာမှာဖြစ်ပါတယ်။ ကျောက်သားမည်သိုပင်ကောင်နေစေကာမူ ကျောက်ဆီနည်းနေရင် ကျောက်ဟာ အသား​မွဲခြောက်နေတတ်လို့ကျောက်ဆီဟာ အရေပါလှပါတယ် ၂၊#ကျောက်သား ကျောက်သားဆိုရာဝယ် တစ်ချို့ အသားတန်း၁/၂/၃/၄ စသည်ဖြင့်သတ်မှတ်ကြပီး တချို့ကတော့ အသားကို ပေါလိ ၊ရေခဲ ၊ အသားဆန်း ၊ညက်ချော ၊ ခါးသားစသဖြင့်သတ်မှတ်ကြပါတယ်။ ကျောက်ဆီဘယ်လောက်ပါပါ ကျောက်သားမရရင်လဲ ရောင်းတန်းမဝင်ပါဘူး ဒါ​ကြောင့်ကျောက်သာကောင်းဖြစ်ဖို့အရေးကြီးလှပါတယ်။ ၃၊#ကျောက်မျိုး ကျောက်မျိုးရဖို့ ကျောက်မျိုးမှန်ဖို့ဆိုတာ မှော်မှန်ဖို့ မှော်သိဖို့နဲ့ မှော်သန္ဓေကအရေပါလာပြန်ပါတယ်။ ကျောက်မျိုးမှာကျောက်မျိုးနုတာ၊ ကျောက်မျိုးမရတာ၊ ကျောက်မျိုးမမှန်တာ၊ကျောက်မျိုးရင့်တာ စသည်ဖြင့် ခွဲခြားတတ်မှသာ အရှုံးသက်သာပါလိမ့်မယ်လို့ အကြံပြုရင်း ရန်ကုန်မှာပညာဒါနသင်တန်းလေးဖွင့်ထားပါတယ်ဆိုတဲ့အကြောင်းသတင်​းကောင်းပါးအပ်ပါတယ် လေးစားလျှက် Crd jade suu zan

မှော်သန္ဓေ ကျောက်သမားတိုင်းသိထားသင့်တဲ့ ပညာရပ်ပါ။ တစ်ချို့သောကျောက်လောက သင်တန်းဆရာများကိုယ်တိုင်မှော်သန္ဓေဟာ အရေးမကြီးဘူးပြောဆိုနေကြတာတွေ့ရမြင်ရတော့ စိတ်မသက်မသာဖြစ်ရတယ်။ postတစ်ခုမှာ သင်တန်းသားက သူ့ဆရာဖြတ်သားပိုင်းလေးဝယ်တာကို ဘာမှော်လဲဆရာ မှော်သန္ဓေကရောဘယ်လိုလဲမေးတော့ အဲ့သင်တန်းဆရာဆိုသူက မှော်တေ သန္ဓေတွေကအရေးမကြီးပါဘူးကွာတဲ့။ အံ့သြမိသွားတယ် အရမ်းအရေးကြီးပါတယ် ဖြတ်သားပဲဝယ်ဝယ် ၊ လုံးစွတ်ပဲဝယ်ဝယ် ၊နောက်ဆုံးအချောထည်အထိကို မှော်သန္ဓေကအရေးပါပါတယ်။ ဥပမာ။။ အတစ်စ လေး တစ်စဝယ်မယ်ဆိုပါတော့ အရေက စိမ်း ရေ လှတယ် ။ ဘာမှော်မှန်းမသိတာနဲ့ တိုင်ပါတ်ပီ။ အဲ့ဒါမှော်သန္ဓေပါ။ဘာလို့လဲဆို အဲ့အတစ် စ က ခန္တီးမှော်ဆိုပါစို့ အမြင်မှာစိမ်းရေ ၊ သွေးလိုက်ရင် မှတ်တက်တဲ့သဘောကြောင့် ကျောက်က အပွင့်သွေးရင်စိမ်းရေကို တရေတက်တော့ ပြာတာ မဲတာတေဖြစ်ပီးစျေးမရတောတာမျိုးပေါ့။ အဲ့အတစ်စက ဝေခါမှော်ဆိုရင် စိမ်းရေကနေ အဝါရေဖြ၀်နိုင်လို့ စျေးပိုရနိုင်တာပေါ့။ဒါကြောင့်မှော်သိမှ မှော်သန္ဓေကိုသိမယ်လေ၊ နောက်ထပ်ဥပမာအနေနဲ့ မန်းအားကောင်းတဲ့လုံးစွတ်တစ်လုံးဝယ်မယ်ဆိုပါစို့ မန်းကအထိုင်ရဲ့အပေါ်ကဝင်လား အောက်ကဝင်လား ဘာမှော်ဆိုရင် အရေအသားဟာဘယ်လိုဝင်တယ်ဆိုတာသိထားမှ လောဘကိုအရှိန်ထိမ်းနိုင်မှာပါ။ ဒါ့ကြောင့် ကျောက်သမားတိုင်းမှော်သန္ဓေကိုလေ့လာထားသင့်ပါကြောင်း Crd jade suu zan