en
Feedback
ကျောက်စိမ်းပညာ (Channel )

ကျောက်စိမ်းပညာ (Channel )

Open in Telegram

ပို့စ်ပ်ုင်ရှင်ဆရာများအားလုံးကို လေးစား ဦးညွှတ် ဂါဝရပြုပါတယ်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Show more
2 710
Subscribers
-124 hours
-47 days
-1530 days
Posts Archive
#ကျောက်စိမ်းတုံး၌ မည်သည့်ပြချက်ပါရှိစေ မျိုးတန်းမကောင်းခြင်း၊မျိုးတန်းနု၊မျိုးတန်းပျော့လျှင်၊ ဈေးကောင်းမရနိုင်သလို ဖြတ်၊ကွမ်မခံပါဗျာ။ "ကျောက်သားမရ၊ ကျောက်သားမကောင်းလျှင် အခြားအရာတွေပါရှိပေမယ့် ‌ဈေးတန်းနိမ့် ဈေးကွက်နိမ့်ဖြင့်သာ ၀င်ပါမည်# #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) # ရေမဆေးကျောက်ခွဲခြားနည်းများ# ရေမဆေးကျောက်အား လွယ်ကူစွာ ခွဲခြားသောနည်းများမှာ ၁>>> ကျောက်ချော်အရောင်နဲ့ ကျောက်ကြော ၂>>>ကျောက်၏အထိုင်တည်ဆောက်ပုံ ၃>>>စိန်တူ ခေါက်ချက် ၄>>>စိန်တူ ခေါက်သံ ၅>>>စိန်တူခေါက်သောအခါ ထိတွေ့ခံစားမူ ၆>>>ကျောက်၏ယမ်း ၇>>>ကျောက်၏ခွံရောင် ၈>>>ကျောက်၏အလေးချိန်* ဝိတ်* ၉>>>မှော်အမျိ ုးအစား ထို ၉ချက်က ရေမဆေးကျောက်ဟု ခွဲယူရ လွယ်ကူ ရိုးရှင်းသော နည်းများသာဖြစ်ပါသည်။ ၁။# ကျောက်ချော်အရောင်နဲ့ ကျောက်ကြော#= မြေစာပုံကားသွန်သည်ဖြစ်စေ ကျောက်ကျင်းတူးသည်ဖြစ်စေ ကျော်ချော်ပါသော ကျောက်များကို ခွဲခြား စစ်ယူရပါသည်။( ကျောက်ချောမပါသော ချောပါးသော မှော်ကွဲတွေလဲ ရှိပါသည် ကျောက်ချော်ပါးသော ကျောက်ခွံပါးသော ကျောက်ကြောအမျိ ုးစားတွေ၌ ကျောက်ချော်မပါရှိတတ်ပါ ချော်အထူအပါး ကျောက်အခွံပေါ်၌ ပါရှိခြင်း မရှိခြင်းက မှော်ကွဲ ကျောက်ကြောအခြေနေများလဲ ကွဲပြားတာတွေ ရှိပါသည်)သို့သော်လည်း မှော်အများစုက ကျောက်များ ကျောက်အခွံပေါ်၌ ချော်ပါရှိတတ်သည်။ ကျောက်ချော်အမျိ ုးအစားအရောင်ခွဲယူတဲ့အခါ ကျောက်ကြောအခြေနေနဲ့တွဲ၍ ခွဲယူရပါသည်။ ဥပမာ အမဲကြောဆိုလျှင် ချော်မဲများ (သပိတ်အရောင် သပိတ်ချော်များ များသောအားဖြင့် ထွက်ပါသည်) ခွံဖြူ ကြောဆိုလျှင် ဖရောင်းချော်ဖြူ အဖြူရောင်ဆန်သော ချော်အရောင် အဝါဘက်ဆန်သော ချော်အရောင် နို့နစ်ရောင်များ အစိမ်းရောင်ငွေ့ပါသော ချော်စိမ်းများ ကျော်ခွံပေါ်၌ တည်ရှိတတ်သည်(ခွံဖြူ ကျောက်ကြောသည် ရေမဆေးကျောက်ဟု လွယ်ကူစွာခွဲခြားနိုင်ကာ ရှာဖွေရ သိတတ်လွယ်သော ကျောက်ကြောဖြစ်ပါသည်။ ) ကျောက်ကြောများစွာရှိ၍ ကျောက်ကြောအခြေနေပေါ်မူတည်၍ ကျောက်ချော်အရောင်များ မတူညီကွဲပြားပါသည်။ ကျောက်ကြော၏အရောင်ပေါ်ကိုလိုက်၍ ကျောက်ချော်အရောင်များပါ ဆင်တူသောအရောင်သဖွယ် ချော်ရောင်များ ကျောက်အခွံပေါ်များ၌ ဖြစ်ပေါ်တတ်ပါသည်။ ချော်အရောင်နဲ့ ကျောက်ကြောအလုံးစုံ ရှင်းပြလျှင် စာအလွန်ရှည်တော့မည်။ လွယ်ကူစာ နားလည်မြင်သာအောင် ရေမဆေးကျောက်ခွဲယူတဲ့အခါ ကျောက်ကြောအခြေနေနဲ့ ကျောက်ချော်မပါမဖြစ်ဟု သတ်မှတ်ပါ) ကျောက်ချော်ပါယုံတစ်ချက်ထဲနဲ့ ကျောက်မျိ ုးပါဟု ပြောမရပါ (ကျောက်မဟုတ်သော မျိ ုးနွယ်စုတွေ၌လဲ ချော်ပါရှိတတ်သည်။ ကျောက်စိမ်း၌ကျောက်ချော်ပါတတ်သည်ဟုသာ ဆိုလိုသည်။ ကျောက်ဖြစ်သည်ဟု အခြားအချက်လက်တွေနဲ့ပါ ပေါင်းစပ်အဖြေထုတ်ရပါသည်။ ၂=#ကျောက်တည်ဆောက်ပုံအထိုင် ပုံစံ# ကျောက်စိမ်းသည် တည်ဆောက်ပုံအခြေနေများကာ ကျောက်ခဲတုန်း ကျောက်ရိုင်းတုန်းများ ခဲကျောက် နဲ့ ဖြစ်တည်မူပုံစံမတူပါ ကျောက်စိမ်း၌ ကိုယ်ပိုင်တည်ဆောက်ပုံ မျက်နာပြင်ရုပ်ပိုင်းဆိုင်ရာများ ဖြစ်ပေါ်တည်ရှိသည်။ ကျောက်စိမ်းတုံး၏ တည်ဆောက်ပုံအထိုင် လက္ခဏာနာရပ်များမှာ ကျောက်၌ ထောင့်အနားသပ်များ ထောင်ချို့များ အနားတစ်ဖက်အနားနစ်ဖက် မျက်နာပြင်ဘေးမှ အနားများ ပုံစံများပါရှိတတ်သည်။ ထောင်ချိ ု့အနားများ အနားတစ်ချက်မှ အနားဘက်ပေါင်းစုံပါရှိတတ်သည်။( ထောင်ချိ ု့အနားများသည် တစ်ဖက်နဲ့ တစ်ဖက် အတိုအရှည် အတိမ်းအစောင်း မတူညီပါ အနားထောင့်ချိ ု့များ အရှည်အတို အတိမ်းအစောင်း ကွာတတ်ပါသည်။ )(ကျောက်အထိုင်အနားမပါသော လုံးဝန်းသော ပြားသော အနားသပ်များထောင့်မကျပဲ လုံးဝန်းပုံစံ ကွေ့ကောက်ပုံစံ ရှိသော ကျောက်စိမ်းများလဲ ရှိပါသည်။ ထိုကျောက်များသည် ကျောက်သားအားမကောင်းတတ်သလို့ ကျောက်အထိုင် အနားထောင့်ကျမပါရှိတည်ဆောက်ပုံမကောင်းသောကျောက်များသည် ချင်းတုံးများ အသားနုများ ကျောက်သားသိပ်သည်းဆနည်းသော ကျောက်ညံ့ဖြစ်တတ်ပါသည်။) ကျောက်၏ တည်ဆောက်ပုံအထိုင်များကို မြင်သာအောင်ပြောရလျှင် သံသေတ္တမှ ထောင်အနားသဖွယ် စမူဆာမုန့်မှ ထောင်အနားသဖွယ်များ ပါရှိခြင်းကိုဆိုလိုသည်။ ထောင့်အနား အတိုအရှည် ပမာဏ ညီနေသော ကျောက်အလုံပေါင်း တစ်သိန်းမှာ တစ်လုံးတွေ့ခဲပါသည်။ ကျောက်၏တည်ဆောက်ပုံအား အနှစ်ချ ုပ်လျှင် ကျောက်စိမ်းတုံးအများစုသည် ထောင့်အနာများပါရှိခြင်းဟုမှတ်ယူပါ။( ကျောက်ပုံစံအထိုင်နဲ့ တူညီသော ကျောက်မျိ ုးမဟုတ်သော ကျောက်များလဲ ရှိပါသည် ထိုအရာများမှာ ကျီးကန်း ပလွမ် မေါက်ခဲ မေါက်သားတုံးများသည် ကျောက်တည်ဆောက်ပုံအထိုင်နဲ့ တူညီတတ်သည်။ ကျောက်မျိ ုးအားခွဲတဲ့အခါ ကျောက်အထိုင်တည်ဆောက်ပုံ တစ်ချက်ထဲနဲ့ ကျောက်ပါဟု ပြောရမလွယ်ကူပါ။ ကျောက်စိမ်းဟု အခြားအချက်အလက်တွေနဲ့ပေါင်းစပ်၍ အဖြေရှာရပါသေးသည်)

မိမိတို့ကျောက်ကို တစ်စုံတစ်ခု ဖြတ်မည်၊ ကွမ်မည်၊ အခွံချွတ်မည်ဆိုလျှင် နားလည်သူများ လက်သို့သာ အပ်နှံခြင်း၊ အကြံညဏ်ယူခြင်း လုပ်သင့်ပါသည်။ တန်ဖိုးမြင့် ဈေးပေး၀ယ်တဲ့ ကျောက်‌တွေ ပို၍ ဂရုစိုက်သင့်ပါသည်။(နားမလည်ပဲနှင့် လုံး၀ လျှောက်မလုပ်ဖို့ပါ) ကျောက်နားမလည်လျှင် မသိတာ‌တွေ များနေခြင်းကြောင့် * အရှုံးတွေက ဆုံးရှုံးမူမများသင့်ပဲ ပို၍ များနေပါအုံးမည်ဗျာ*** ဒီစာကို ဖတ်ပြီးတဲ့အခါ လူကြီးမင်းလက်ထဲ ကျောက်ဘယ်နှစ်လုံးခန့် လျှောက်လုပ်ပြီးပြီလဲ? နောက်ကို မလုပ်ရန် သတိထားပါနော်* #ကျောက်ဆိုတာ မကိုင်တတ်ရင် ပျက်ပါသည်။ # ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) #ကျောက်လောကသုံး ကွဲပြားသော စကားလုံးများအကြောင်း# ********** ကျောက်စိမ်းလောက၌ ကျောက်စိမ်းနှင့်သက်ဆိုင်သော စကားလုံးဆင်တူ အမည်များ လွန်စွာ ရှိပါသည်။ ကျောက်စိမ်းနဲ့ သက်ဆိုင်၍ သုံးလေ့ သုံးထ စကားလုံးများကို အမြဲ လုပ်ကိုင် နေသူများအတွက် အခက်အခဲမရှိ၊ သို့သော် လက်ရှိ စတင်၀င်လေ့လာ၀င်လာသူများအတွက်တော့ ၊ နားမရှင်းသော စကားလုံးများနှင့် အမှတ်မှား၊ အယူဆမှား မှတ်ယူမိတာ များလာပါသည်။။ ထိုသို့ဖြစ်လာခြင်းကြောင့် အကွဲအလွဲ မှတ်ယူမူ‌တွေ ထိခိုက်လာနိုင်ပါသည်။ * ကျောက်စိမ်းလုပ်ငန်း၌ စာစု စကားလုံးတွေ * ဆင်တူညီသလို ရှိသော်လည်း အဓိပ္ပါယ်အရာ * ကွဲလွဲပြန်ပါသည်* ကျောက်စိမ်းလောက၌ အသုံးများသော စကားလုံးများမှာ*** *********** 1။။ ကျောက်မျိုး ။ ။ *ကျောက်မျိုး*လို့ စကားလုံး နှစ်လုံးခန့်သာ သုံးပြီဆိုလျှင်၊ ထိုစကား၏ အဓိပ္ပါယ် ရည်ညွန်းခြင်းမှာ၊ ( ကျောက်စိမ်းမျိုး၊ ကျောက်စိမ်းကိုသာ ရည်ညွန်းပါသည်၊ (အခြား အသား အရည် ကောင်းသည်၊ ဆိုးသည်၊ ကျောက်၏ ကောင်းခြင်း၊ ဆိုးခြင်းကို ဆိုလိုသည်မဟုတ်၊ ကျောက်စိမ်းဖြစ်ကြောင်း ကျောက်စိမ်းမျိုးနွယ်စု အဖြစ်၊ အတိုစကားအရ ,ကျောက်မျိုးဟုသာ နှစ်လုံးထဲ သုံးပါသည်) (ဥပမာ၊ အသီးများနှင့် နှိုင်းယှဉ်ပြပါမည်။ သရက်မျိုး။ သရက်ပင်မျိုးနွယ်အုပ်စု မာလကာမျိုး ။ မာလကာပင်မျိုးနွယ်အုပ်စု ဟုဆိုလိုသလို ကျောက်မျိုးလိုဆိုပါက ကျောက်စိမ်းမျိုး အုပ်စုကိုသာ ဆိုလာပါသည်ဗျာ) ကျောက်မျိုးနဲ့ တွဲဆက်ကာ ကျောက်မျိုး၏ နောက်၌ စကားအဆက်တစ်ခုပါရှိလျှင် ထိုစကားစုနှင့်အတူ တဖန်ပြန်တွဲပြီး အဓိပ္ပါယ်ပြန်ယူရပါသည်) ကျောက်မျိုးနှင့် တွဲဆက်ပြီး အသုံးများသော စကားစုများမှာ။ ကျောက်မျိုးမှန်သည်၊ ကျောက်မျိုး‌‌ေလျာ့သည်၊ ကျောက်မျိူးတင်းသည်၊ ကျောက်မျိုးလှသည်၊ ကျောက်မျိုးခိုင်သည်၊ကျောက်မျိုးကောင်းသည်၊ ကျောက်မျိုးတိမ်းသည်၊( ထိုစကားများကြားပါက၊ နားမလည်သူများအနေဖြင့် ပို၍ ရှုပ်ထွေသလိုထင်ရမည်၊ အမြဲလုပ်ကိုင်နေသူများအတွက်တော့ ကျောက်စိမ်းနှင့်ဆက်စပ်၍ သုံးသော စကားကို ကြည့်ယုံနဲ့ ဘယ်အရာကို ဆိုလိုပြီး ဘယ်လိုအဓိပ္ပါယ် သက်ရောက်ခြင်း ရှိသည်ကို နားလည်ကြပါသည်။ ကျောက်မျိုးမှန်သည်( ကျောက်မျိုးမမှန်သည်) ထိုစကား၏ အဓိပ္ပါယ်မှာ ။ ကျောက်စိမ်းစစ်ခြင်း၊ ကျောက်စိမ်းမစစ်ခြင်း၊ကိုသာ ရည်ညွန်းပါသည်၊ (ကျောက်မျိုးမှန်ခြင်းနှင့် ကျောက်မျိုးမမှန်ခြင်းပါ)##( ကျောက်ကောင်းခြင်း။ ကျောက်သားကောင်းခြင်းကို ရည်ညွန်းနေခြင်းမဟုတ်ပါ၊ ကျောက်စိမ်းမျိုး၊ ဟုတ်ခြင်း/မဟုတ်ခြင်းကို သာ ဆိုလိုမူသာဖြစ်ပါသည်) ကျောက်မျိုးလှသည်၊ကျောက်မျိုးတင်းသည်၊ကျောက်မျိုးရင့်သည်၊ ကျောက်မျိုးစွာသည် ကျောက်မျိုးခိုင်သည်၊ကျောက်မျိုး‌ေကာင်းသည်ဟု ဆိုလိုပြောလာလျှင်၊*( ကျောက်၏ အရည်အချင်း ကောင်းမွန်ကြောင်းနှင့် ကျောက်မျိုးသက်တမ်းကို ပါ ထည့်သုံးခြင်းဖြစ်သည်) ကျောက်မျိုး‌ေလျာ့သည်၊ကျောက်မျိုးနုသည် ဆိုလာလျှင်။ ။ ကျောက်စိမ်းမျိုးမှန်သော်လည်း ကျောက်စိမ်းအညံ့၊ ကျောက်သက်တမ်းနည်းသည်ဟု ကျောက်အညံ့ကို ညွှန်းဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ * ကျောက်မျိုးမှန်တယ်၊ ကျောက်မျိုးရတယ် * (ထိုစကားများသည် ကျောက်သားကောင်းပါသည်၊ ကျောက်သားရပါသည်ဟု ဆိုလိုခြင်း * မဟုတ်ပါ ကျောက်စိမ်းမျိုး ကျောက်စိမ်းအစစ်ဖြစ်သည်ကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်) ကျောက်မျိုးတိမ်း၊ ။ ။ ထိုစကားသည် ကျောက်စိမ်းမဟုတ်ခြင်းနှင့် ကျောက်စိမ်းကဲ့သို့ တူညီသလိုရှိကာ , ကျောက်စိမ်းမျိုးမဟုတ်သော ကျောက်ပုံစံတူ မျိုးဖောက်၊ ကျောက်စိမ်းမျိုးစပ်၊ ကျောက်စိမ်းတုံး မမှန်ကန်ခြင်းကိုသာ ရည်ညွှန်းပါသည်။( ကျောက်မျိုးတိမ်းဆိုလျှင် ကျောက်စိမ်းမဟုတ်ဟု သတ်မှတ်ပါ) မျိုးတန်း။ ။ ကျောက်စိမ်းတုံး၏ သက်တမ်းအနု၊ အရင့်ကို ဆိုလိုသော စကားဖြစ်ပါသည်။ မျိုးတမ်း‌ေလျာ့ခြင်း၊ မျိုးတမ်းနုခြင်း၊ ဆိုလိုလျှင် ကျောက်စိမ်းတုံး ‌မှန်ပေမယ့်၊ ကျောက်သားညံ့ ကျောက်ညံ့ဖြစ်နိုင်သည်ဟု ဆိုလိုသော စကားများသာဖြစ်သည်။ မျိုးတန်းရင့်၊မျိုးတန်းခိုင်၊ မျိုးကောင်း။ ဆိုလိုပါက။။ ကျောက်၏ သက်တမ်းမြင့်လာသည်၊ ကျောက်သား၊ကျောက်စိမ်း ကောင်းမွန်သော ရုပ် ရှိလာသည်ဟု ဆိုလို ရည်ညွှန်းခြင်းဖြစ်ပါသည်။ # ကျောက်၀ယ်တဲ့ နေရာနှင့် ကျောက်ဖြတ် ကျောက်ကွမ်သော နေရာများ၌ ကျောက်မျိုးတန်းကို ကြည့်၍ လုပ်ကိုင်ကြပါသည်#

*ကျောက်တစ်လုံး၌ ပါရှိရာ *ခွံပေါ် တွင် ကောင်းစွာသော *ကျောက်ယမ်းတည်ရှိခြင်း *မျိုးတန်းအားကောင်းခြင်း *ခွံကောင်းခြင်း၊ *အရည်မန်းပါရှိက ပီပြင်ခြင်း၊ *မှော်ကောင်းခြင်း *အကြွတ်ဆန်းကြောပါရှိက ပီပီပြင်ပြင်ပါရှိခြင်း ပီပီပြင်ပြင် လှပါသော ပြချက်ပါမှသာ အကြို အထောက်၊ ဘက်စုံကောင်းမှ ကျောက်ကောင်းတစ်လုံး ဖြတ်အောင်နိုင်ပါသည်ဗျာ။ မ၀ယ်လျှင်လဲမသိပါ။ ၀ယ်မည်ဆိုလျှင်လဲ မိမိတို့ အဆုံးအရှုံးခံနိုင်သော ငွေပမာဏကိုသာ တွက်ချက်၍(ပိုလျှံသောငွေ) ဖြင့် လုပ်ကိုင် ၀ယ်ယူသင့်ပါသည်။ မှတ်ချက်။ ကျောက်နားမလည်သူများသည် ကျောက်အား အခွံကို ချွတ်ပစ်ထားများပါသည် ထိုသို့ လုံး၀(လုံး၀) မလုပ်ပါနှင့် အခွံချွတ်ထားတဲ့ကျောက် အသားလှ အရည်လှနေရင်တောင် ဈေးကောင်းမရတာပါ။(ဥပမာဆိုရလျှင် သိန်းရာငွေ ရမဲ့အခြေနေမှ ဆယ်ပိုင်းလောက်နှင့်သာ အရောင်းအ၀ယ်ဖြစ်တတ်ပါသည်) နားမလည်သူများ၏ အခွံချွတ်ထားသောကျောက်အား ၀ယ်လက်များ အကြိုက်နည်းတတ်ပါသည်။ အခွံချွတ်မည် ကွမ်မည် ဖြတ်မည်ဆိုပါက နားလည်သူများနှင့်သာ တိုင်ပင်၍ လုပ်ဆောင်ပါဗျာ။ ရေမဆေး ဆေးထားသော ကျောက်များ ကာလာပေါက် မီးထိုးပေါက် ပြချက်များ ပါရှိကာ ကျောက်ရုပ်လှနေမည်ဆိုလျှင် ထိုကျောက်တွေကို ကျောက်ဆီ ကျောက်သား မခမ်းချောက်အောင် ရေထဲသို့သာ ထည့်ထားသင့်ပါသည်။( နားမလည်သူများ အက်စစ် လုံး၀ မစိမ်ရပါ။ အက်စစ်စိမ့်တဲ့ကျောက် အသုံးမချတတ်ပါက ခွံပျက်ကာ ‌ဈေးမရ ဖြစ် ကျောက်ပျက်တတ်ပါသည်။) စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။ စာ၌ နားမရှင်းတာများ ပါရှိလျှင် ဖုန်းဆက်၍ မေးနိုင်ပါသည်။ # ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) # ကျောက်စိမ်းနှင့် အရှုံး# ******** *ကျောက်စိမ်းရတနာသည် အဖိုးတန်ရတနာ စရင်း၀င်ပါသည်။ သို့သော် ကျောက်စိမ်းအလုံးတိုင်း အဖိုးတန်နေခြင်းမဟုတ်ပါ။ * ကျောက်စိမ်းတုံး၏ အရည်သွေး ကောင်းခြင်း/ညံ့ခြင်း ပေါ်မူတည်၍ တန်ဖိုးမြင့်၊ တန်ဖိုးနိမ့် ခွဲခြားကြပါသည်။ • ကျောက်စိမ်းလုပ်ငန်းသည် ကျယ်ပြန့်ကာ • မာယာများပါသည်။ * မာယာအလွန်များသော ခေါင်းကျောက်( ဘာမမြင် ညာမမြင် အတွင်း‌အခြေနေကို မြင်မြင်ထင်ထင် မသိရှိပဲ ခေါင်းရသောကျောက်ကို ခေါင်းကျောက်များဟု ဆိုနိုင်ပါသည်) မဆိုထားနှင့် မျက်မြင် ဖြတ်ပြီးသား/ ကွမ်ပြီးသား ဖော်ချက် ဖြတ်ချက်ပါ၊ ‌ကျောက်တွေကိုရောင်း၊ ၀ယ်ယူနေသူတိုင်း "တိတိကျကျ" သတ်မှတ်နှုန်းများဖြင့် ၀ယ်ယူနေရသည်မဟုတ်ပါ။ မိမိတို့ ကျောက်အပေါ် မြင်နိုင်အား ၊ မျက်စီအမြင်၊ပညာအမြင်၊လုပ်ချက်အမြင်၊ ဈေးကွက်အမြင်‌တွေနဲ့သာ သင့်တော်သလို လုပ်ကိုင်နေကြရပါသည်။ အမြဲလုပ်ကိုင်နေသူတွေလဲ ရောင်း၀ယ်ပြုနေတဲ့ ကျောက်အလုံးတိုင်း မြတ်နေသည်မဟုတ်ပါ။ ရှုံးတဲ့အခါလဲ ရှုံးနေပါသည်။( ကျောက်နားမလည်သူ စတင်လုပ်ကိုင်သူတွေဆို ရှုံးနေတာမဆန်းပါ" သိနေသူတွေကို မှားနေသေးရင် မသိတဲ့သူတွေက ပို၍ အမှားများပါမည်) ( ကျောက်သမားမှန်ရင် အမှားနှင့်မကင်းပါ ကျောက်လောကမှာ ၀ယ်ရောင်းလုပ်လို့ မရှုံးဖူးတဲ့ ကျောက်သမား တစ်ယောက်မှ မရှိပါဗျာ) ကျောက်လောကနှင့် အမြဲထိတွေ့ လုပ်ကိုင်သူ‌တွေလဲ ထိုသို့ရှိပါသည်။ • ကျောက်လောက စတင်၀င်လာသူများအနေဖြင့် * ကျောက်စိမ်းနှင့် ဆက်စပ်သောအရာတွေ လုံး လုံးမသိခြင်းကြောင့် ရှုံးဖို့များလာသည်။ * စတင်၀ယ်မဲ့သူသည် *လောဘအားကြောင့်ဖြစ်စေ၊ ပညာလိုအပ်သည်ကြောင့်ဖြစ်စေ၊ ကျောက်စိမ်းလုပ်ကိုင်ကြည်မယ်ဟူတွေး၍ *ဖြစ်စေ ဘယ်လိုအကြောင်းနှင့် ၀ယ်၀ယ် မိမိ၀ယ်လိုက်တဲ့ကျောက်* *ကျောက်ပုံစံ ဘာမှန်းမသိ *ကျောက်အမျိုးအမည် ဘာမှန်းမသိ * ဘယ်မှော်က ထွက်လို့ ထွက်မှန်းမသိ * မိမိ၀ယ်တဲ့ငွေနှင့် ကျောက်ပုံစံ ပေးရနှုန်းတန်သလားဆိုတာမသိ* * ကျောက်တန်ဖိုးမသိ အရည်သွေးမသိ/အနိမ့်၊အမြင့်* * ကျောက်က ဘာပြန်လုပ်လို့ရမှာလဲ အသားကျောက်လား၊အရည်ကျောက်လား? *အရည်ရမှာလား?အသားရမှာလား? *လုပ်ချက်+ ပညာ+ဈေးကွက်၊ နားမလည် ထိုအချက်တွေမှ မသိရှိကာ လုပ်ကိုင်နေရင် မှားပါမည်။ #################### မိမိတို့ ၀ယ်ယူတဲ့ကျောက်ကို ဘာလုပ်လို့ လုပ်ရမှန်းမသိ( ကျောက်၀ယ်သူတွေ ငွေရှိရင် မည်သည့်အရပ်မှဖြစ်ပါစေ ၀ယ်ယူရလွယ်ပါသည်။ သို့ပေမဲ့ ကျောက်တော့ ၀ယ်ကြပါသည်။ ကျောက်၀ယ်ပြီးတဲ့အခါ ဘာပြန်လုပ်ရမှန်းမသိတာနှင့် တိုင်ပတ်နေကြပါသည်။ ဘယ်နေရာရောင်းရမလဲ?ကျောက်က ဘယ်လောက်တန်နေလဲ? ကျောက်နဲ့ ပတ်သက်ရာ မသိရှိခြင်းတွေကြောင့် တိုင်ပတ်နေသည်။ တချို့က ‌မသိပဲနှင့် ကျောက်၀ယ်သည်။ ၀ယ်ပြီးတဲ့အခါ နားမလည်ပဲ မိမိတို့ စိတ်ထင်ရာ ကျောက်ကို လျှောက်ကလိကြပါသည်။ ဖြတ်သည်၊ ကွမ်သည်၊ အခွံချွတ်သည်၊ **†****"**** ဖြတ်ကွက်မမှန်၊ကွမ်ချက်မမှန်၊ အခွံချွတ်တာ ရုပ်အဆိုးဆုံးပါ( ကျောက်နားမလည်သူ လက်ထဲမှ ကျောက်သည် မသိရှင်လျှင် ကျောက်ကို လျှောက်မကလိပါနဲ့ နားမလည်ပဲနှင့် လျှောက်ကလိရင် ကျောက်ပျက်တတ်၍ ဈေးကွက်ထိုးဖို့ ကျောက်ရုပ်မထွက်သလို ဈေးကောင်းလဲ ရလာမှာမဟုတ်၊ ကျောက်ရုပ်ပျက်အောင် ဈေးကွက်မရအောင် မိမိလုပ်ဆောင်ချက်ကြောင့် တစ်ခါ ပြန်မှားတတ်ပါသည်) ကျောက်နားမလည်သူတွေ လက်ထဲမှ လျှောက်ကလိထားတဲ့ကျောက် ၀ယ်လက်မကြိုက်၊ ဈေးကွက်မ၀င်၊ ရောင်းပေါက်မလှဖြစ်တတ်ပါသည်။

*ကျောက်ကို ချစ်မြတ်နိုးလို့ ဖြစ်စေ၊ စုဆောင်းသိမ်းချင်သည်ဖြစ်စေ၊ ငွေအင်အားပေါများခြင်းကြောင့် ဖြတ်ကွမ် ဖေါက်လိုသည့်ဖြစ်စေ၊ရောင်းပေါက်ရောင်းဈေးကွက်သိထားခြင်းကြောင့်ဖြစ်စေ ၀ယ်နိုင်ပါသည်ဗျာ။)။ #တစ်ခုတော့ မေးပါ *မိမိ၀ယ်တဲ့ကျောက် နားမလည်ပါက ရောင်းသူအား သေချာစွာ ရှင်းပြခိုင်းပါဗျာ။ထိုမှသာ နားလည်သူ၏ လမ်းညွန်ချက်နှင့်အတူ လုပ်ဆောင်လို့ရပါသည်။) # ဘယ်နေရာ ဘယ်ဒေသကပဲ ရောင်းရောင်း ကျောက်ရောင်းသူတွေကို *၀ယ်ယူသူဘက်မှ အပစ်မြင်စရာ ရှိလာပါသည်# ဥပမာ,ဆိုကြပါတော့ ၀ယ်ယူသူမှ ရောင်းသူအပေါ်အမြင်, သူက ငါကို ကျောက်ရောင်းပေးတယ်၊ အပွင့် အချပ်၊ အထည်၊ပန်းပု ရနိုင်တယ်တဲ့၊ သူကိုယ်တိုင် မဖြတ်ပဲ ဘာကြောင့် ငါကို ရောင်းသလဲ ၊ မကောင်းလို့ ရောင်းတာလား၊ သူက နားလည်ပြီး မဖြတ်ဘူးဆိုရင် ၊သူရှုံးမယ်မှန်းသိလို့ နေမှာပါ၊(ကျောက်အားဖြတ်တဲ့အခါ မအောင်ခဲ့ပါက ရောင်းသူကို ပို၍ အပြစ်မြင်လာကြပါသည်။ ) ဖြတ်လို့ အောင်ခြင်း/ မအောင်ခြင်းသည် ရောင်းသူနှင့် သက်ဆိုင်သော အရာမဟုတ်ပါ။ သို့ပေမဲ့ ၁သောင်းတန်သောကျောက်ကို တစ်သိန်းရောင်းလျှင် အပစ်ပါ။ တစ်သိန်းတန်တဲ့ကျောက် ဆယ်သိန်းရောင်းရင်အပစ်ပါဗျာ။ အဘယ်ကြောင့်ဆိုသော? #ကျောက်တစ်လုံးအား ဖြတ်လို့ အောင်မယ်ဆိုပြီ ထင်ထားသူများ ဖြစ်ပါက၊ လူကြီးမင်းတို့ကို ရောင်းနေမည်မဟုတ်ပါ။# သူတို့၏ ၀ယ်ရင်းဈေးထက် အမြတ်အနည်းငယ်သာ ၀ယ်ယူခ ပုံစံ ရောင်းပေးသူများထံမှ ယုံကြည်မူဖြင့် ၀ယ်လို့ရပါသည်။ # ကျောက်နားမလည်သေးရင် လူကိုခေါင်းပါ လူကိုခေါင်းပြီးမှ ကျောက်၀ယ်ပါ။။ ၀ယ်ယူပြီးတဲ့ကျောက်ကို ဘာလုပ်သင့်လဲလို့မေးပါ???? # ကျောက်စိမ်းကို ဘာတွေ ကြည့်၀ယ်သင့်သနည်း# ၁။ နယ်ဝေးမှ သူဆိုလျှင် မျက်မြင်မဟုတ်ပါက တန်ကြေးမြင့်ကျောက်ကို မည်သူထံမှ မ၀ယ်သင့်ပါ။(သိန်းကြီးအထက်ကျောက်များ အားလုံးကို ဆိုလိုသည်)၀ယ်မည်ဆိုလျှင် / ၁။ကျောက်အရည်အချင်း၊၂။ လုပ်ချက်ပညာ၊၃။ လုပ်လို့ရသော အစိတ်အပိုင်းတစ်ခု၊ ၄။ ပြန်ရောင်းပေါက် ဈေးကွက်၊ ထို၄ချက်နှင့် နားလည်နေမှ ၀ယ်ယူသင့်သည်။ အဓိက ကျောက်တစ်လုံး၏ အရည်အချင်းနှင့်အတူ တန်ဖိုးဖြစ်နိုင်ချေ ခန့်မှန်းနှုန်း သိထားရပါမည်။ (ကျောက်၀ယ်ယူပြီး ဘာမှ ပြန်မလုပ်တတ်ရင် အဲဒါနဲ့တင် လမ်းဆုံးကာ အရှုံးများပါမည်) ၂။ ကျောက်တစ်လုံး၏ ရုပ်ထွက်မူအခြေနေကို ကြည့်တတ်ရပါမည်။ ကျောက်ရုပ်ဆိုသည်မှာ။ သောင်းကျောက်ရုပ်ကို သောင်းထပ်‌၊အဖြစ်မြင်ပေးလို့ရသည်။ သောင်းကျောက်ရုပ်ကို သိန်းကျောက်အဖြစ်မြင်လို့မရပါ။ ထိုနည်းအတိုင်းသာ သိန်းကျောက်ရုပ်အား ဆယ်ကျောက်အဖြစ် မြင်၍ မရပါ။ထို‌သို့ သောင်းရုပ်၊ သိန်းရုပ်၊ ဆယ်ရုပ်၊ရာရုပ်၊ ထောင်ရုပ်၊ အနည်းဆုံး ခန့်မှန်းပုံစံဖြင့် သိထားမှသာ မည်သူထံက ၀ယ်၀ယ်၊ ၀ယ်ပျော်ပါသည်။ သို့မဟုတ်ပါက ကျောက်၏ ရုပ်အားကို မခွဲတတ်ပဲ ငွေပေါတိုင်း လုပ်နေလျှင် အမှားသာ ကြုံတွေ့ရပါမည်။ ၃။ ကျောက်နားလည်မှ ၀ယ်ပါ။ နားမလည်လျှင် ၀ယ်လိုအားလျှော့ပါ။ ငွေအားသိပ်မသုံးရန် လိုအပ်သည်။ ကျောက်၀ယ်မှ ကျောက်အကြောင်းသိလာမည်။ သို့ပေမဲ့ မိမိတို့ ဆုံးရှုံးခံနိုင်သော ငွေပမာဏလောက်သာ လုပ်ကိုင်သင့်သည်။ ပညာသင်ဆိုပါက နည်းနည်းနှင့် များများ ရနိုင်သော နေရာများမှာ ၀ယ်ယူပါ။(။ ကျောက်အောင်လိုစိတ်ထက် ပညာရဖို့သာ ဦးစားပေးပါ။။ ကျောက်သည် ဆန်းကြယ်ခြင်းကြောင့် မအောင်နိုင်ပါဟု အတတ်မပြောနိုင်ပါ။ ‌ငွေနည်းနည်းနဲ့ ရင်းလျှင် နည်းနည်းသာ အောင်နိုင်ပါသည်။ ကျောက်ဆိုသည်က များများရင်းမှ များများအောင်တာပါ။ များများအောင်ဖို့ဆိုလျှင် အောင်နိုင်ခြေများသော ကျောက်ရုပ်ပေါက်တဲ့ကျောက်များ ဈေးကောင်းပေးမှသာ ရမည်။ ဈေးများများပေး၍ ကျောက်ရုပ်မပေါက်လျှင် အောင်နိုင်ခြေနည်းပါမည်။ #ကျောက်တစ်လုံး၏ ဖြစ်တည်မူသည် ကျောက်၏ခွံနှင့် ယမ်း ထိုအပြင် ပါရှိရာ ပြချက်များက စကားပြောပါသည်။ #အောင်သောကျောက်၏ လက္ခဏာများ# ခွံကောင်းခြင်း၊ ယမ်းကောင်းခြင်း၊ မန်းကောင်းခြင်း(ပီပြင်သောမန်း)၊အရည်ကောင်းခြင်း၊အရည်ကြိုးပတ်၊ အပွေးဆန်းကြော ပီပြင်အားကောင်းခြင်း၊ အလင်းပေါက်အားကောင်းခြင်း၊ မှော်ကောင်းခြင်း၊ ချွမ် ,ပဲ၊ပန်း၊ ကောင်းခြင်း၊အမြုတ်အဆံမထိုးခြင်း၊အဖျက်မပါခြင်း၊ အပြစ်အနာဆာ နည်းခြင်း၊ ထိုအရာများ ပီပီပြင်ပြင်ပါရှိပါက ကျောက်အောင်နိုင်ပါသည်။ (ထိုသို့ ကောင်းမွန်ပီပြင်စွာ အောင်နိုင်ခြေများသော ကျောက်ကိုလဲ တစ်သိန်း ၉သောင်းနှင့် ၀ယ်လို့မရနိုင်ပါ။ အောင်သောကျောက်အများစု မျက်မြင်ဆေးပြီးသားကျောက်ဖြစ်နေပါက ဆယ်ကြီးရာကျောက်အဆင့် အနည်းဆုံးတည်ရှိပါသည်။( တချို့ကျောက်နားလည်ကြပါသည်။ ရင်းနှီးငွေ အရင်းခံငွေ မရှိခြင်းကြောင့် ကျောက်ကောင်းမှန်းသိလျှက်နှင့် ၀ယ်ခွင့်မရ ဖြတ်ခွင့်မရခြင်းကြောင့် ကျောက်အောင်ခွင့်မရပါ။ ကျောက်အောင်သောသူ အများစုသည် ငွေအားနှင့်ပါ ဆက်စပ်နေပါသည်။) • ကျောက်လောက၌ အပြည့်အောင်ခြင်းသည် • ကျောက်ဖြတ်ခြင်းဟု ဆိုကြပါသည်။ • သိုသော် အမြင်၌ မဖြတ်ခင် ရာပိုင်း ထောင်ပိုင်း • ရောင်းစားရပေမဲ့ ဖြတ်တဲ့အခါ ရှုံးချင် ရှုံးပါသည်။ ထိုသို့မဖြစ်ဖို့ဆိုလျှင်

(မှတ်ချက်။ ။မန်းနေရာကို ပွတ်တံ သံလွှာစားနှင့် မပွတ်ပါနှင့် မကျွမ်းကျင်လျှင် မန်းနေရာ မန်းကြိုးနေရာ ပျက်ပါမည်ဗျာ။ အရည်မန်း၊ အရည်ကြိုးပါလျှင် ထိုနေရာကို ပွတ်တံ သံလွှာစားနှင့် သုံးချင်ပါက နားလည်သူနှင့် တိုင်ပင်ပြီးမှသာ လုပ်စေချင်သည်။ သို့မဟုတ်ပါက မန်းပျက် အရည်ပျက်၍ ရသင့်တဲ့ငွေ မရတတ်ပါ။ ကျောက်များကို ဆေးပြီးတဲ့အခါ အစိုပုံစံဖြင့်ထားရပါမည် အခြောက်ပုံစံ မထားရပါ။ ရေထဲသို့ ဆေးပြီးသား ကျောက်များထည့်ထားရပါမည်။ ထိုမှသာ ကျောက်ဆီ ကျောက်သား ခမ်းခြောက်ခြင်းမှ ကာကွယ်ပါသည်။ ဆေးပြီးသား ကျောက်အား အခြောက်အတိုင်း ထားလျှင် ကျောက်ဆီ ကျောက်သားခန်းခြောက်ခြင်း မီးပေါက်ကိပ် လျှော့နည်းခြင်း၊ ချော်ရိပ် ပြန်တက်လာခြင်း ဖြစ်တတ်ပါသည်။(တချို့ကျောက်တွေ ဆေးပြီးတဲ့အခြေနေနှင့် ဆေးပြီးလို့ ရက်ကြာသွားတဲ့အခြေနေ ကွာတတ်ခြင်း ပြောင်လဲမူ ဖြစ်ပေါ်ခြင်း ဖြစ်ပါမည်။မီးပေါက်အားပါ လျှော့နည်းတတ်ပါသည်။ နုရိပ်သန်းနိုင်သောကျောက်များ မျိုးတန်းလျှော့သော ကျောက်များကို ခွံရောင်ဖွေးတဲ့အထိ ပြောင်နေအောင်မဆေးရပါ။ ချော်ခံရိပ်အနည်းငယ်ကျန်မှ နုရိပ် အခံကို အကာကွယ်ပုံစံဖြစ်၍ ဈေးပြန်နိုင်ပါသေးသည် မီးပေါက်ဂုဏ်ဖြင့် ရောင်းစားကမည်။ သို့မဟုတ်ပါက မီးပေါက်ပေမဲ့ ဆေးချက်လွန်ခြင်းကြောင့် မီးပေါက်ပေမဲ့ ဈေးမရတတ်ပါ။ ကျောက်ဆေးနည်းသည် ပုံသေ အလွန်ပြောရခက်ပါသည်။ ‌အသားကျောက်ကို တစ်မျိုး အရည်ကျောက်ကို တစ်မျိုး ပုံစံမတူ ဆေးရတာ ရှိပါသည်။ ထိုနည်းလိုပဲ ချော်ပါးတာနှင့် ချော်ထူတာ ဆေးရတာ ကွဲပြန်ပါသေးသည်။ ကြက်သွေးကြောများဆေးတဲ့အခါ အတတ်နိုင်ဆုံး ရေမသုံးပဲ ပုဂံဆေးစတီးပတ်နှင့် ကျောက်ကို ရေမဆွတ်ပဲ အခြောက်အတိုင်း ပွတ်တိုက်ရပါမည်။ ပြီးလျှင် ပြန်ကြည်ပါ နုပေါက် နုရိပ်သန်းနေလျှင် ရေချယုံသာ ရေချပါ။ ကျောက်မျိုးရင့် ကျောက်မျိုးတန်းအားကောင်းမှ ရေနဲ့ ဆက်လျှက်ဆေး သံပဒပ်၊အဆင့်ဆင့်သုံး ဆားကျောက်သုံးရပါသည်။ ရေမဆေးကျောက်တစ်လုံး၏ ဆေး၍ ရောင်းကွက်သည်လဲ ဆေးချက်နှင့် ဆိုင်ပါသည်။ တချို့ ဆေးချက်ကြောင့် ကျောက်လှသလို တချို့ဆေးချက်ကြောင့် ကျောက်ပျက်တတ်ပါသည်‌ဗျာ။ အပွေး အတက်ပါသော ကျောက်များကို စက်ပဒပ် မခပ်ရပါ။ အပွေးအတက်ပါသော ကျောက်အား ‌စိန်တူနှင့် ခေါက်မဆေးရပါ။ အပွေးအတက်များ ကြိုး၍ ကျောက်ပျက်တတ်သည်။ ထိုနည်းတူစွာ အရည်၊ပဲ၊ပန်း၊မန်း၊ တစ်ခုခု ခွံပေါ်၌ တွေ့လျှင် ထိုနေရာကို လုံး၀ စိန်တူနှင်ြ မခေါက်ကပါ။ စိန်တူ ရိုက်အားကြောင့် အပွေးအတက်၊ပဲ၊ပန်း၊အရည်၊မန်း၊များ ပျက်ပါမည်။ ကျောက်ခေါက်‌ဆေးတဲ့အခါ ကျောက်ခွံ ၊ကျောက်ယမ်း၊ ခွံ၌ ပါတတ်သော လှချက်တစ်စုံတစ်ခုကို ထိမိခိုက်မိအောင်မဆေးရပါ။ စတင်လေ့လာသူများအနေဖြင့် စက်ပဒပ်နှင့်မဆေးပဲ လက်ဖြင့်သာ ဆေးပါ။ ထိုမှသာ ချော်၏ သဘော ကျောက်ခွံ၊ ကျောက်ယမ်း ထိ‌ေတွ့မှတ်မိလှပါမည်။ ကျောက်တစ်လုံးကို အလှဆုံးနေရာမှ ရှာ၍ ဖောက်ဆေး၊ ဆေးရပါသည်။ တွေ့တဲ့နေရာ စတင်ဆေးလို့မရပါ။ စဦးစွာ ဆေးတဲ့နေရာလှပါက ထိုနေရာလေး‌ တစ်ကွက်ဖြင့် ပြချက်ပုံစံအခြေနေ ဖော်ရှိုး လုပ် ရောင်းနိုင်ပါသည်။ ကျောက်များကို ပွတ်တိုက်ဆေးတဲ့အခါ သံပဒပ်၊ ဆူးခြစ်များ အနာလမ်းကြောင်းများပေါ် ကန့်လန့်ဖြတ် အပေါင်း(+)ပုံစံ ဆေးရပါမည်။ အနာလမ်းကြောင်းအတိုင်း မဆေးရပါ။ ကျောက်ဆေးတဲ့အခါ မျဉ်းဖြောင့် ပုံစံအတိုင်းသာ ဆွဲရပါသည်။ ကျောက်မဆေးတတ်လျှင် ယမ်းပျက်မည် ကျောက်ခွံပျက်မည် ပြချက်လှချက်ပါရှိက ပျက်မည် #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) # ကျောက်စိမ်းအား ဘာကြောင့် ၀ယ်မည်နည်း# ######################## * ကျောက်စိမ်းလုပ်ငန်း ပြည်တွင်းမှာတင် * ဖွံ့ဖြိုး တွင်ကျယ်စ ပြုလာပါသည်။ ပြည်တွင်းမှာ * ကျောက်စိမ်းအရိုင်း ကုန်းကြမ်း အရိုင်းတုံးတဆင့် အချောထည်အဆင့် သို့ အဓိက ထားလုပ်ကိုင်သော မြို့မှာ မန္တလေးဆိုလျှင်မမှားပါ# # အမြဲ ရောင်း၀ယ်နေကြ လူအများအတွက် ကျောက်စိမ်းလုပ်ငန်းဆိုတာ အခက်အခဲနည်းနိင်ပေမဲ့ * စတင်ပြီး လုပ်ကိုင်လိုချင်သူများအတွက်* အခက်အခဲများစွာ ရှိလာပါသည်။ # ကျောက်စိမ်းအား နားမလည်ရင် မ၀ယ်ပါနှင့်။ သို့ပေမဲ့ နားလည်လိုစိတ် သိလိုစိတ်ကြောင့် ၀ယ်သင့်ပြန်သည်။ ၀ယ်ယူမှ ကျောက်စိမ်းနှင့် ထိတွေ့ခွင့်ရှိမည် ထိုမှသာ ကျောက်စိမ်း၏ သဘောတရား ပညာများ အတွေ့အကြုံတွေ သိမြင်လာပါမည်။ # ကျောက်စိမ်းကို မိမိတို့ နိုင်သလောက် အဆုံးအရှုံးခံနိုင်တဲ့ ပမာဏပုံစံဖြင့် ၀ယ်ယူလေ့လာရပါမည်။( ၁သိန်းထက် ကျော်လွန်သော ကျောက်များကို ၀ယ်ယူမည်ဆိုလျှင် ဆုံးရှုံးမူ ပို၍ များလာနိုင်ပါသည်။ ✍️✍️✍️သိန်းထပ်ကျောက် ဆယ်ကျောက်၊ ထောင်ကျောက်များ (ငွေမည်မျှ ပေါနေပါစေ) ကျောက်စိမ်း၏ တန်ဖိုး အရည်အသွေး ရောင်းဈေးကွက်၊ ၀ယ်ဈေးကွက်၊ လုပ်ချက်ပညာ အသားတန်း၊အရည်၊ ဘာဆို ဘာမှ မသိပါက တန်ဖိုးမြင့် ကျောက်များကို (လုံး၀)မ၀ယ်ယူသင့်ပါဗျာ။ (တစ်ခုတော့ရှိပါသည် အမြတ်အနည်းစား၍ မှန်မှန် ကန်ကန် လုပ်ကိုင်သူများထံမှ

၁။မေါက်ကပ်သော ရေမဆေးကျောက်များကို ဆေးတဲ့အခါ မေါက်ကပ်အလွှာလေးအား စိန်တူ (or) အမာခံ အချွန်အမာပါ တစ်ခုခုနဲ့ ထုရိုက်ခွါ၍ မောက်အလွှာလေးကွာအောင် ထုရပါသည် ။ အမာခံတစ်ခုခု မရှိပါက အိမ်သုံးသံရိုက်တူ ၊ ကျောက်ဖြတ်သားများနှင့် မေါက်အလွှာ ချော်အလွှာ အား ခေါက်လို့ရပါသည်ဗျာ။ ။(အားအနည်းသုံး၍သာ ထုရပါမည်။ အားအင်များပါက ကျောက်ပဲ့ခြင်း၊ ကျောက်အခွံ၊ယမ်း ထိခိုက်နာခြင်း၊ ‌ ကျောက်အခွံပေါ်၌ လှပချက် ပြချက် တစ်စုံတစ်ခုပါရှိက ထိခိုက်မိ၍ ကျောက်ပျက်ကာ ဈေးမရခြင်း(ရသင့်တဲ့ တန်ဖိုး မရခြင်း၊ ဖြစ်တတ်ပါသည်။ ကျောက်မဆေးတတ်လျှင် ကျောက်ပျက်တတ်ပါသည်။ ဈေးတန်းတစ်ခု ထွက်ရမဲ့ ကျောက်* ကျောက်ဆေးချက်ညံ့ခြင်း၊ ကျောက်ဆေးချက်လွန်ခြင်းကြောင့် ရသင့်ရထိုက်သော တန်ဖိုးငွေ မရတတ်ဖြစ်ကာ လူကြိုက်နည်းပါသည်။ ကျောက်ဆေးတဲ့အခါ *ကျောက်မပျက်အောင် ဆေးဖိုးနဲ့ လှပနိုင်သော ကျောက်ရုပ်ရှိပါက ကျောက်ဆေးသူကြောင့် ကျောက်ရုပ်ပျက် ကျောက်ရုပ်ပျောက်ကာ ဈေးတန်းမရ ဖြစ်ပါမည်။ မလှပသော ကျောက်ကို ဆေးလို့ပျက်တာ အကြောင်း မဟုတ်ပေမဲ့ ဈေးကောင်းစွာ ရနိုင်သော ကျောက်အား ဆေးချက်လွန်၊ ဆေးနည်းမကျခြင်းကြောင့် ကျောက်လှပမူ လျှော့နည်းတတ်ခြင်း ဖြစ်တတ်ပါသည်။ မလှမပ ဆေးထားတဲ့ ကျောက် အတော်အသင့် ရောင်းစားမဲ့ ရုပ်ပါရင်တောင် ဆေးနည်းမကောင်းရင် ဈေးမရနိုင်ပါ။) ၂။မေါက်ကပ်အလွှာ ပြီးရင် ချော်အလွှာကို ချော်ထူပါက ဆေးရခက်သော ချော်ပုံစံဖြစ်ပါက အပေါ်ကအတိုင်း ချော်နေရာလေးတွေကို စိန်တူ/အိမ်သုံသံရိုက်တူ၊အချွန်ပါသော အမာခံတစ်ခုခု၊ ကျောက်ဖြတ်သား၊ တစ်ခုခု အဆင်ပြေသလို သုံးကာ ချော်နေရာများကို ဖြေး‌ဖြေးအားအနည်းငယ်သုံး၍ ကျောက်ခွံစပ်၊ယမ်းနေရာတွေကို မထိခိုက် မနာကျင်အောင် ခေါက်ရပါမည်။ ဆေးရခက်သော ချော်အား သံပဒပ်ကြမ်း၊ ဆူးခြစ်နဲ့ လျှောက်ပွတ်နေပါက အတော်ကို ကြာအောင်ဆေးရပါမည်။ တစ်စုံတစ်ခုနှင့် ခေါက်၍ ချော်အလွှာများ အမှုန့်ပုံစံ၊ ထိုမှ ပြားပိသွားတဲ့အခါမှ ဆူးခြစ်ဖြင့် တိုက်ရပါမည်။(ဆူးခြစ်အကြမ်းသုံးပါ ဆေးရခက်သော ချော်အမျိုးအစားဆိုလျှင်၊ ဆေးရလွယ်ကူသော ချော်အမျိုးအစားဖြစ်ပါက၊ ဆူးခြစ် သုံးရန်မလိုပါ၊ သံပဒပ်ကြမ်းဖြင့် တိုက်ယုံဖြင့် ရပါသည်။ ဆေးရခက်သော ချော်အမျိုးအစားဖြစ်ပါက ဆူးခြစ်အကြမ်းသုံးပါ ပြီးမှ ဆူးခြစ်အနုသုံးပါ၊(ဆူးခြစ် အကြမ်း/အနု တစ်ခုထဲ ရှိပါက၊ ထိုတစ်ခုနှင့်သာ ချော်အလွှာများကို အားအနည်းသုံး ဖိပွတ်ဆေးရပါမည်။ ပြီးမှ သံပဒ်အကြမ်းသုံး/ပြီးရင် သံပဒပ်အနုသုံးပါ၊ နောက်ဆုံး ကျောက်ခွံနှင့် ကျောက်ယမ်း ပြန်လှဖို့အတွက် ယမ်းဖော်ပုံစံ အလှဆေး ဆားကျောက်နှင့် ပွတ်ဆေးရပါမည်။(လက်ထဲသို့ထည့်၍ ပွတ်ဖိဆေးလျှင်လဲရပါသည်၊ သို့မဟုတ်ပါ လက်နှင့်ဆေးလို့ လက်ကို "ချ"ဆူးကဲ့သို့ အသားထဲ ပေါက်၀င်တတ်သည် တစ်စုံတစ်ခုထဲ ထည့်၍ လက်နှင့် ကျောက် ကြားခံတစ်ခုထား၍ ဆေးလျှင် လက်ထိခိုက်မူ မရှိနိုင်ပါ။ ဆားကျောက်နှင့်ဆေးပြီးတဲ့အခါ ပြီးပါပြီ။(ချော်ပြောင်ရပါမည်။ ကျောက်အခြေနေကို ကြည့်ရပါမည်၊ ကျောက်သည် ချော်ရိပ်ခံဖြင့် မီးပေါက်ကာလာပါနေလျှင် ချော်ပြောင်အောင်မဆေးရပါ ချော်ရိပ်ချန်ဆေးရပါသည်။ ချော်ရိပ်အား ပြောင်နေအောင်ဆေးလို့ ကာလာအစစ်မဟုတ်ပဲ ချော်ကာလာမီးပေါက်ဖြစ်နေလျှင် ‌အပြောင်ဆေးခြင်းကြောင့် ဖြူဖွေး နုရိပ်သန်း နုပေါက်ပုံစံ ခွံမရင့်တော့ပဲ ခွံနုတတ်သည်။ ကျောက်အခွံပုံစံကိုလဲ သိထားဖို့လိုပါသည်။) ကျောက်ဆေးပစ္စည်းများကိုင်တဲ့အခါ စိန်တူ‌ခေါက်လို့ မိမိတို့လက် ပြန်ထိထုမိတတ်ပါသည်။ ဆူးခြစ်ကိုင်ရင်လဲ ဆူးခြစ်မှ သံဆူးလေးများ မိမိလက်ကို ပြန်ထိမိတတ်ပါသည်။ သံပဒပ်ကြောင့်လဲ အန္တာရာယ်ဖြစ်တတ်သည်။ ကျောက်ဆေးတဲ့အခါ အန္တာရာယ်မဖြစ်အောင် အထူးသတိထား၍ ဆေးပါ။ ကျောက်ဆေးနည်းကို ပုံသေပြောလို့မရပါ။ ကျောက်ချော်ပါးခြင်း၊ ကျောက်ချော်ဆေးရလွယ်ကူသော ကျောက်ကြောအမျိုးအစားများ၌ သံပဒပ်ကြမ်း၊ သံပဒပ်နု၊ ဆားကျောက် ၃ခုသုံးယုံဖြင့် အဆင်ပြေပါသည်။(မှော်ဆီစာကြောထွက်တွေကို စိန်တူ၊ ဆူးခြစ် မသုံးပါနှင့်၊ သံပဒပ်ကြမ်း၊သံပဒပ်နု၊ ဆားကျောက် သုံးယုံနဲ့ အဆင်ပြေပါသည်။) စိန်တူနှင် (တစ်စုံတစ်ခုဖြင့်ခေါက်တဲ့အခါ) ရေထဲမချပဲ ခေါက်လို့ရပါသည်။ ဆူးခြစ်၊ သံပဒပ်အကြမ်း၊သံပဒပ်အနု၊ဆားကျောက်သုံးမှသာ ရေထဲတွင်လည်းကောင်း ရေနဲ့ထိတွေ့၍ လည်းကောင်း ဆေးကပါမည်။ အစိုပုံစံဆေးရသည် ၊ အ‌ေခြာက်ပုံစံမဆေးရပါ) ကျောက်ဆေးတဲ့အခါ ချော်ပါးခြင်းကတစ်မျိုးဆေးရ၍ ၊ချော်ထူ မေါက်ကပ်သော ကျောက်များအား ပုံစံတစ်မျိုးဆေးရပါသည်။ ချော်ပါးသော ကျောက်အား ကျောက်၏အခွံနှင့် အလွန်နီးနီးကပ်ကပ် ရှိနေတာကို တွေ့ရပါမည်။ ချော်ထူပါက ကျောက်၏အခွံကို နီးနီးကပ်ကပ် မြင်တွေ့ဖို့မလွယ်ပါ။ ဆားကျောက်အစား (ဆားကျောက်မရှိလျှင်) အိမ်သုံးဆားကို အသုံးပြုနိုင်ပါသည်။ ကျောက်ခွံပေါ်၌ ပန်း၊ ပဲ၊အရည်၊ချွမ် တွေ့ပါက ထိုနေရာများကို သံပုရာသီးနှင့် အိမ်သုံးဆား ရော၍ ဖိပွတ် ထပ်ခါ ထပ်ခါဆေးပါ။ အရည် ကာလာ၊ပန်း၊ပဲ အရောင်များ ပို၍ တောက်ပ စိုပြေလာပါမည်။(ပို၍ ရွှင်မြူးလာပါမည် အရည်ကျောက်ဆေးနည်းဟု မှတ်ပါဗျာ။)

# ကမ္ဘာအရည်သွေးအကောင်းဆုံး မြန်မာ့*ကျောက်စိမ်း💎💎💎အကြောင်း# ********* • ပြည်တွင်း၌ *ကျောက်စိမ်းဟုဆိုတာနှင့် • ကချင်ပြည်နယ် "ဖားကန့်"ကိုသာ ပြေးမြင်ကြပါသည်။ ( ဖားကန့်ရတနာ‌မြေတစ်ခုထဲ သာ *ကျောက်စိမ်း*ထွက်ရှိခြင်းမဟုတ်ပါ။ အခြားနေရာဒေသတွေလဲ *ကျောက်စိမ်းထွက်ရှိပါသည်*(အောက်၌ ဆက်လျှက်ဖော်‌ပြပါမည်) ကမ္ဘာနဲ့ မြန်မာ၌ သိသာကျော်ကြားထင်းရှာသော *ဖားကန့်သည် အဘယ်ကြောင့် အမည်ပေါက်သလဲ ဆိုရလျှင်* အကြောင်းအရင်းခံ ၂မျိုးရှိပါသည်။ ၁။ ဖားကန့်မှ ထွက်ရှိသော *ကျောက်စိမ်းသည် မြန်မာတွင်မက "ကမ္ဘာ၌ပါ အကောင်းဆုံး အ‌ရည်သွေးမြင့်မားသော (ဂျေဒိုက်ကျောက်စိမ်း) တန်ဖိုးမြင့် ထွက်ရှိခြင်းကြောင့် ကျောက်စိမ်းနှင့် ပတ်သက်လျှင် *ဖားကန့်ဟု လူသိများခြင်းဖြစ်ပါသည်* ၂။ မြန်မာပြည်၌ *ကျောက်စိမ်းထွက်ရှိတဲ့ ကျောက်ကြောလွှာ အကြီးဆုံးကို *ဖားကန့်အနီးတဝိုက်၌ တွေ့ရှိခြင်းကြောင့် လုပ်ကိုင်သူများခြင်း ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့ပေမဲ့ မကုန်သေး ပေါများနေခြင်းတို့ကြောင့် * ယနေ့ထက်တိုင်* ဖားကန့်ဟု လူသိများရခြင်းဖြစ်ပါသည်။ ********** ✍️✍️✍️ မြန်မာပြည်မြောက်ပိုင်း ၁၃ရာစု အချိန်ကာလတစ်ခုတွင် *ယူနန်*ကုန်သည်(လားကုန်သည်) မှ စတင်တွေ့ရှိပါသည်။ (သမိုင်းအစစ်ပါ💎💎💎) ********** • မြန်မာပြည်၌ * ကျောက်စိမ်းအဓိက ထွက်ရှိသော နေရာဒေသကြီး (၃)ခုသာ ရှိပါသည်။ *မှော်ဒေသကြီးအမည်များမှာ ၁။ "ဖားကန့်ရတနာနယ်မြေ ၂။ မော်လူး မော်ဟန် ရတနာမြေ(နမ္မချီ) ၃။ ခန္တီးရတနာမြေ တို့ ဖြစ်ပါသည်။ *၁။ဖားကန့်ရတနာမြေကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊လုံးခင်းဖားကန့်ရတနာနယ်မြေ လည်းကောင်း ၂။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊နှင့် စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူး၊ မော်ဟန် ရတနာနယ်မြေလည်းကောင်း ၃။စစ်ကိုင်းတိုင်း၊ခန္တီးမြို့နယ်၊ ခန္တီးရတနာနယ်မြေ လည်းကောင်း ‌ ကျောက်ကြောကြီးများကို တွေ့ရှိပါသည်။ *********** • ကမ္ဘာပေါ်၌ ကျောက်စိမ်းကို အဓိက သုံးစွဲသော နိုင်ငံမှာ *တရုတ်နိုင်ငံဖြစ်၍* တရုတ်လူမျိုးတို့သည်လဲ ကျောက်စိမ်းရတနာအား နန်းစဉ်သုံး • တော်၀င်ရတနာအဖြစ် မြတ်မြတ်နိုးနိုး၀တ်စဉ်သုံးစွဲပြီး *ဘုရားက ပေးသော ရတနာတစ်ပါးအဖြစ် ယုံကြည်ပြီး ပြင်းပြင်းပြပြ မက်မောစွာ • တန်ဖိုးထား သုံးကြပါသည်။(တရုတ်လူမျိုးများသည် ကျောက်စိမ်းကို အခြားရတနာများထက် အဓိပတိ အချုပ်အချာ ထိပ်ဆုံးရတနာအဖြစ် သတ်မှတ်ယုံကြည်ကြပါသည်။ • *********** ကမ္ဘာပေါ်၌ ဂျေးဒိုက်အကောင်းဆုံး ၇၀% ကို မြန်မာပြည်မှ ထွက်ရှိပါသည်။ ********** • တရုတ်တို့ ယူဆ ယုံကြည်သော • ကျောက်စိမ်း၏ အကြောင်း။ ကျောက်စိမ်းရတနာအား ၀တ်ဆင်သူတိုင်းသည် ၁။ သဒ္ဒါတရား ရက်ရောခြင်း ၂။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံခြင်း ၃။တရားမျှတသော စိတ်ရှိခြင်း ၄။ မိမိကိုယ်ကို နှိမ့်ချသော "နိဝါတ"စိတ်ရှိခြင်း ၅။အသိလိမ္မာ ညဏ်ပညာကြီးမာခြင်း ၆။ဘေးအန္တာရယ်ကင်းခြင်း ၇။စီးပွားဥစ္စာ တိုးပွားခြင်း ၈။ ဘုန်းတန်းခိုး၊ ရာထူးအာဏာကြီးမြင့်ခြင်း ၉။အသက်ရှည် ကျန်းမာခြင်း ဟူသော ဂုဏ်အဂ်ါရပ် (၉)ရပ်နှင့် ပြည့်စုံသည်ဟု ယုံကြည်ကြပါသည်။ ********** ကျောက်မျက်ရတနာတို့၏ ထင်ရှားသော အကြောင်းတရားမှာ။ ၁။ လှပခြင်း ၂။ကြာရှည်ခံခြင်း ၃။ရှားပါးခြင်း တို့ဖြစ်ပါသည်။ ******** *ကျောက်စိမ်းသည် * အစိမ်းရောင်း တစ်မျိုးထဲမဟုတ်ပဲ အရောင်မျိုးစုံဖြင့် ‌တည်ရှိနေပါသည်။ *############################ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များကို ဦးညွှတ်လျှက် တဆင့်ပြန်ရေးသားပေးပါသည်။ #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) #ရေမဆေးကျောက် ဆေးနည်းတချို့ သိကောင်းစရာ# ********** *ရေမဆေး‌ကျောက်ဆိုတာ သဘာကျောက်စိမ်းမြေကြောမှ ထွက်ရှိလာတဲ့အခါ ကျောက်၏ ခွံပေါ်၌ ဖုံးအုပ်လွှာပုံစံ အလွှာတစ်ထပ် ပါရှိသည်။။ ထိုအလွှာအား ချော်အလွှာဟု ခေါ်ပါသည်။ *ရေမဆေးကျောက်မှန်လျှင် ချော်အလွှာပါရှိရပါမည်* (ရေမဆေးကျောက်၏ တန်ဖိုးသည် *ကျောက်ကြောနှင့်၊ မှော်၊ ချော်ပုံစံ အခြေနေပါရှိမူပေါ် မူတည်၍ ဈေးနှုန်းတန်ဖိုးများ ကွဲပါသည်။။ ကျောက်၏ တန်ဖိုးအား ပုံသေမှတ်မရပါ။) ရေမဆေးကျောက်ဆိုလျှင် မေါက်မကပ်သော ကျောက်ကြောမှ ထွက်ရှိပါက *ချော်အလွှာတစ်ခုသာ ပါရှိပြီး ‌၊ ပထမဆုံး မြင်‌တွေ့ရမှာ ကျောက်၏ ချော်အလွှာ သာဖြစ်ပါသည်။ ချော်အလွှာ၏ အောက်၌ ကျောက်၏အခွံနှင့် ကျောက်ယမ်းအား တွေ့ရှိရပါမည်။) အချို့ မေါက်ကပ်ကြောမှ ထွက်သော ရေမဆေးကျောက်များ၌ တစ်တုံးလုံးဖြစ်စေ အနည်းငယ်ဖြစ်စေ မေါက်ကပ်လျှက် ပါရှိတတ်ပါသည်။ ထိုမေါက်ကပ်သော ကျောက်များ၌ ချော်လွှာအထက် မေါက်ကပ်‌နေပါသည်။ ဦးစွာ မြင်ရမှာ မေါက်ကပ်အလွှာဖြစ်၍ မေါက်ကပ်လွှာအောက်က ချော်လာပါမည်။ ချော်အောက်မှ အခွံ၊ယမ်းတွေ့ကပါမည်။ ၁။မေါက်အလွှာ(ပထမ) ၂။ ချော်အလွှာ(ဒုတိယ) ၃။ အခွံနဲ့ ယမ်း(နောက်ဆုံး) ထိုသို့ တွေ့ရှိပါမည်ဗျာ။

(ကျောက်ယမ်းကြမ်းလျှင် ကျောက်သားကြမ်းမည်။ ယမ်းဆော့လျှင် ကျောက်သ းပျက်မည်။ ယမ်းပြား အဖျက်ယမ်းပါလျှင် ကျောက်သားမလှတတ်ပါ)မေါက်သားဖြစ်ခြင်း/ကျီးစပ်ခြင်း/ စလင်းစပ်ခြင်း/ ကျောက်မျိုးတိမ်းခြင်း/ပလွန်စပ်ခြင်း/ကျီးကန်းသားဖြစ်ခြင်း/အသားပိတ်၍ ပြာခြင်း/အသားမှိုင်းခြင်း/အသားပိတ်/ အသားမှောင်ခြင်း/ ကျောက်သားမကြည်ခြင်း တို့ဖြစ်သည်။ Crd #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း)

အသားတန်းမြင့်ကျောက်ပြင်ပပုံစံနှင့် အသန်းတန်းနိမ့်ကျောက် ပြင်ပပုံစံများ ********* #အသားတန်းမြင့်ကျောက်များ၏ ပြင်ပ ပုံစံများ# ############### မူရင်းရေးသူ>>>#ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) ၁။ယမ်းကောင်းခြင်း ညီညာသော"ယမ်း" /ယမ်းညက်ခြင်း/ ယမ်းစိခြင်း /ယမ်းချောခြင်း/ယမ်းဖွေးခြင်း/ယမ်းညို့ခြင်း/ ယမ်းခေါင်းမဲခြင်း/ဖျက်ယမ်းမပါခြင်း/ယမ်းကြမ်းမပါခြင်း/ ယမ်းမဆော့ခြင်း/ ယမ်းငြိမ်ခြင်း/နပ်ပေါက်ပါခြင်း/ဆန်းပွေးပါခြင်း/ဆန်းကြောပါခြင်း/ ကျွတ်ပွေးပါခြင်း/ အကျွတ်ကြောပါခြင်း/အသားမန်းပါခြင်း/အကာခံခြင်း/အမြုတ်အဆံကင်းခြင်း အပြစ်အနာဆာ အဖျက်လက္ခဏာများ ကင်းရှင်းခြင်း/မီးရောင်မဆော့ခြင့်/မီးလိုက်အားကောင်းခြင်း/ အခွံပါးခြင်း/ အခွံရောင်ညီခြင်း/ ခွံရောင်ရင့်ခြင်း/မြေကြောကောင်းခြင်း(ကျောက်ကြောမြေ) ချော်ပါးခြင်း/ခွံရောင်မရောထွေခြင်း ခံွရောင်မစပ်ခြင်း/ ဝိတ်အားကောင်းခြင်း(အလေးချိန်စီးခြင်း)/အထိုင်လှခြင်း(ထေင့်အနားများပါခြင်း) တို့ဖြစ်ပါသည်။ ထိုအချက်များစွာကို ကြည့်၍ ကျောက်၏ မီးပေါက်ပုံကို ခွဲခြားယူကာ မီးပေါက်ပုံဖြစ်ပေါ်မူများနဲ့ ယှဥ်တွဲကြည့်ပါသည်။ မီးပေါက်ပုံများ ဖြူပေါက် ဝါပေါက် အကြည်ပေါက် ဆန်းပေါက် ကာလာပေါက် မီးဆော့ပေါက် နုပေါက် ကျဲပေါက် မီးဝပ်ပေါက် တို့နဲ့အတူ အခြေနေများကိုပါ ကြည့်၍ ကျောက်၏အတွင်းသားအခြေနေနဲ့ ကျောက်၏အသားရောင် ဖြစ်ပေါ်မူကိုပါသိမြင်နိုင်ပါမည်။ ရောင်းတန်းဝင်သော ကျောက်သားမြင့်များ သို့မဟုတ် စျေးကွက်ဝင်သော ကျောက်သားမြင့်အဆင့်သတ်မှတ်ပုံ ၁။ခါးသား ၂။ခါးကျော် ၃။ညက်ချော ၄။အသားဆန်းတပတ်ကျ ၅။အသားဆန်းရိုးရိုး ၆။အသစ်ဆန်းမြင့် ၇။ပေါလီသား တပတ်ကျ ၈။ပေါလီ (ဖန်သား /မှန်သား ကဲ့သို့ ရှင်းလင်းသော ပေါလီသားဖြစ်နေပါက လွန်စွာအဖိုးထိုက်တန်ပါသည်) ကျောက်သားအမြင့်များ၌ ပန်း/အရည်/ကာလာအမျိုးမျိုး(အရောင်တစ်ခုခု) စွဲဝင်မူအပေါ်ကြည့်၍ ကျောက်၏တန်ဖိုးသတ်မှတ်ကြပါသည်။ အမြင့်အသားတန်း ကျောက်၂ လုံး အသားတန်းအခြေနေ တူညီနေမယ်ဆိုရင် ကာလာ/ပန်း/အရည်/ တစ်စုံတစ်ခု စွဲဝင်နေသော အသားတန်းက စျေးကောင်းပိုရ စျေးမြင့်အဖိုးတန်ပါသည်။ စာဖတ်သူများ နားလည်လွယ်ရန်သာ ကျောက်စိမ်းစာများကို ရေးပေးပါသည်။ #ကျောက်စိမ်းမြင့်မိုရ်#(လုံးခင်း) #ကျောက်စိမ်း အညံ့သား(ရောင်းတန်းမဝင်သောအသား)တို့၏ ပုံစံအခြေနေများ# ၁။ ကျောက်ယမ်းမလှခြင်း/ ကျောက်ယမ်းကြမ်းခြင်း/ယမ်းဆော့ခြင်း/ယမ်းပြားခြင်း ယမ်းချောင်းရှည်ထိုခြင်း/ ယမ်းမညီခြင်း/ယမ်းမငြိမ်ခြင်း/ယမ်းကပ် ယမ်းဝပ်ခြင်း/ယမ်းအရောင် မွဲခြောက်ခြင်း(ဖြူဖွေးခြင်းမရှိ)ယမ်းမွဲခြင်း/ အပြစ်အနာဆာ ခွေးရိုး / ကွမ်းသွေး/ ငချိတ်/ ချင်း/မေါက်ကွက်/နို့ကွက်/ဖြူကွက်/ ချွမ်နုကွက်/အခြား အဖျက်လက္ခဏာ အပြစ်အနာဆာများပါခြင်း/ဆန်မြုပ်ထိုးခြင်း/ ဖြူကြောပါခြင်း/စလင်းကပ်ခြင်း/ဖားမြုပ်ဆံမှဲ့ပျောက်ကပ်ခြင်း/အမဲစက်ထိုးခြင်း တို့ဖြစ်သည်။ အထိုင်။ ထောင့်အနားများမလှခြင်း/ လုံးဝန်းခြင်း/ ပြားခြင်း/ စက်ဝိုင်းပုံစံ အနားမျဥ်းများပါခြင်း/ထောင်မကြခြင်း(အထိုင်မလှခြင်း) အခွံ။ အခွံရောင်နုခြင်း/ အခွံမလှခြင်း/ အခွံစပ်ခြင်း/ ခွံရောင်မညီခြင်း/ခွံရောင်စပ်ခြင်း/ခွံရောင်ညစ်ခြင်း/ခွံခြောက်ခြင်း တို့ဖြစ်သည်။ ဝိတ်အလေးချိန်။ အလေးချိန် လျှော့နည်းခြင်း အလေးချိန်ဟာနေခြင်း/ ချော်။ ချော်ရောင်မွဲခြင်း/ ချော်ထူခြင်း/ ချော်မလှခြင်း/ ချော်ဇင်ကြားဖြစ်ခြင်း/ ချော်ပွခြင်း/ ချော်ထူ မေါက်ထူဖြစ်ခြင်း/ မေါက်ထူခြင်း/ ခဲမေါက်ကပ်ခြင်း(သဲမေါက်ကပ်ခြင်းက. အသားရတတ်ပါသည်။ သဲမေါက် ခဲမေါက်၌ သဲမေါက်ကပ်ခြင်းက. ကျောက်အတွက် သက်တန့်ရင့် မာခြင်းအဆင့်ကို ကူညီသည်ဟု ဆိုနိုင်ပါသည်။) မီးရောင်။ မီးရောင်ဆော့ခြင်း/ မီးရောင်မငြိမ်ခြင်း/မီးရောင်ဝင်ရောက်မူနည်းခြင်း/ မီးပေါက်ဝပ်ခြင်း/ မီးရောင်လိုက်အားနည်းခြင်း/နုပေါက်ခြင်း/ကျဲပေါက်ခြင်း/ ကျဲလင်းခြင်း/အလင်းမဲ့ခြင်း/ မီးလုံးဝ မပေါက်ခြင်း/ မီးအနည်းငယ်သာ ပေါက်ခြင်း /ကျဲပေါက်ခြင်းတို့ဖြစ်သည်။(ကျဲလင်း။ကျောက်သားမစိကျောက်သားကျဲတတ်သည်။ နုပေါက်=ကျောက်သားနုကျောက်မျိုးနုတတ်သည်။ မြေကြော ကျောက်ကြော။ ခွံဖြူကြောများ၌ နုကြည်/ နုပေါက် / ကျဲလင်း/ ကျဲပေါက်များကို အများဆုံးတွေ့ရှိ ထွက်ရှိသော မြေကြောအမျိုးအစားဖြစ်ပါသည်။ ခွံဖြူကြောသည် ကျောက်စိမ်းမျိုးနွယ်ထွက်ရှိရာ မြေကြောပေါင်းစုံ၌ ခွံဖြူထွက်သော ကျောက်ကြောအမျိုးအစားများသည် ကျောက်ရှာဖွေသူတို့အတွက် အလွယ်တကူ ကျောက်ဟု သိလွယ်သော ကြောဖြစ်ပါသည်။ ခံွဖြူကြော၌ ကျောက်နဲ့အနီးစပ်ဆုံးတူသော တောင်ဆန်နဲ့ ပလွန်အား တခါတရံ ခွဲခက်အောင် အများဆုံးထွက်တတ်ပါသည်။ . ကျောက်သားများ။ နုခြင်း/နုကြည်ခြင်း/ ကျောက်သားမညီခြင်း/ ကျောက်သားပိတ်ခြင်း/ ကျောက်သားအား အလင်းလိုက်အားနည်းခြင်း/ ကျောက်သားအားအလင်းလိုက်အားရှိပေမဲ့ နုခြင်း နုကြည်ခြင်း ကျောက်သားကျဲခြင်း/ ကျောက်ဆီကျောက်သား လျှော့နည်းခြင်း/အမြုုတ်အဆံပါခြင်း/ အသားပိတ်၍ ကာလာဖြူသားဖြစ်ခြင်း/အသားပွင့်၍ အသားမှောင်ခြင်း/မေါက်ဆန်ခြင်း/ ပိန်းသားဖြစ်ခြင်း/ ကျောက်ဆီမရှိခြင်း/ အသားမကောင်း မညီညာ၍ ကာလာမညီခြင်း/

ပန်း၊ အရည်၊မန်း၊ ကာလာ၊ မီးအလင်းပေါက်အား၊ အလင်းပိတ်၊အလင်းဝင်၊ အလင်းနည်း၊ အလင်းပေါက်ကျဲ၊အလင်းရိပ်ညီ၊အလင်းဆော့(မီးဆော့) မီးရိပ်မငြိမ်၊ နုပေါက်၊ဆန်းပေါက်၊ကျဲပေါက်၊ မှော်ထွက်၊မြေကြောထွက်တို့ပါ လုံးစွတ်ကျောက်၌ ပါရှိရာတို့ကိုကြည့်ပြီးခွဲရပါတယ်ရှင့်။ ကျောက်စိမ်းတစ်လုံးကို ကြည့်တဲ့အခါ(လုံးစွတ်ဆိုလျှင်) 1။ ကျောက်ယမ်းပါလားကြည့်ရမယ်(ကျောက်ယမ်းပါမှ ကျောက်စိမ်းဖြစ်တယ် ကျောက်ယမ်းမပါလျှင် ကျောက်စိမ်းမဟုတ်ပါရှင့်။ ကျောက်စိမ်းယမ်းတွေကို ပိုင်နိုင်မြင်လာပြီဆိုလျှင် ကျောက်စိမ်းမျိုးဟုတ်တယ်/မဟုတ်တယ် ခွဲခြားသိမြင်လာပါပြီရှင့် ။ နောက်တဆင့်ဆက်တက်ရမှာက သူတို့၏ ရုပ်ဂုဏ်နှင့်အတူ တန်ဖိုးအရည်အသွေးကိုခွဲခြားသိမြင်ဖို့ ပြင်ပအခွံ၌ပါရှိရာကိုကြည့်ခြင်း၊ မီးထိုး၍ကောင်းစွာကြည့်ခြင်းတို့ဖြစ်ပါတယ်ရှင့်။(ကျောက်ကောင်းတယ် မကောင်းတယ်ဆိုတာ ကျောက်ကြည့်ဓာတ်မီးဖြင့်ကြည့်ယုံနှင့် သိနိုင်လား? ကျောက်စိမ်းလောကနှင့် ထိတွေ့လုပ်ကိုင် အသားကျနေသူများအတွက်တော့ အကြမ်းဖျင်းပြောရလွယ်မယ်ရှင့်။ ကျောက်လောကသို့စတင်ပြီးဝင်လာသူများအတွက်တော့ ဓာတ်မီးနှင့်ထိုးကြည်ယုံနဲ့ မီးပေါက်တိုင်း ကောင်းတယ်ထင်မရပါရှင်။ မီးပေါက်တဲ့ကျောက်တိုင်း ကောင်းသလား? မီးပေါက်တဲ့ကျောက်တိုင်းမကောင်းပါရှင့် နုပေါက် အလင်းပေါက်ကျဲ ကျဲပေါက်တွေအများအပြားရှိတာမို့ပါ။ဒါပေမယ့် ကျောက်ကောင်းတော်တော်များများက မီးပေါက်တာတွေရှိပါတယ်။ ဥပမာ။ အကျွတ်အဆန်း ဘောလီဖန်သားမှန်သားပေါ့ရှင့်။ ကျောက်စိမ်းတစ်လုံးရဲ့အရေးပါမူက မီးပေါက်ချက်နှင့်ပါ သက်ဆိုင်တယ်လို့ ကျောက်အခြေနေကြည့်ပြီးမှသာ ပြောလိုရတာမျိုးပါရှင့်။ မီးမပေါက်တဲ့ကျောက်မကောင်းဘူးလား? မီးမပေါက်တဲ့ကျောက်တိုင်း မကောင်းဘူး​ပြောမရပါရှင့် အခွံထူခြင်း အကာခံခြင်းရှိပါက မီးမပေါက်တတ်ပါ။ထိုကျောက်တွေလဲ ကျောက်သားမြင့်ဖြစ်တတ်ပါတယ်ရှင့်။ ခွံထူတာ ကောင်းသလား ခွံပါးတာကောင်းသလား? အခွံထူတာထက်စာလျှင် အခွံပါးတာကောင်းပါတယ်။ဒါပေမယ့် မိမိမျက်မြင်ရှေ့ရောက်လာတဲ့ကျောက်က အခွံထူပြီးကောင်းတဲ့မျိုးဖြစ်နေမယ်ဆိုလျှင် မှားရောင်းမှားဝယ်ဖြစ်တတ်ပါတယ်။ခွံပါးတိုင်းကောင်းတယ်ထင်ပြန်ရင်လဲ အခွံပါးထွက်တဲ့ ကျောက်တွေဆိုလျှင် မီးပေါက်အားကောင်းတတ်လို့ လုဝယ်ကြအုံးမယ်ရှင့်။ ကျောက်စိမ်းလုပ်ငန်းဆိုတာ အတွေ့အကြုံကသာ အဓိကအခြေခံဖြစ်ပြီး မျက်မြင်ရှေ့ကြုံဖူးသမျှ ဆုံဖူးသမျှတွေနှင့် မိမိတို့၏ အရည်အချင်းအား၊ ငွေအရင်းအနှီးအား ရောင်းပေါက် ဝယ်ပေါက်တွေနှင့်သာ လုပ်ကိုင်သွားကြပါတယ်ရှင့်။ ယမ်းညက် ယမ်းညီတိုင်း ကျောက်သားကောင်းနိုင်လား? ယမ်းညက် ယမ်းညီတိုင်းကျောက်သားမကောင်းနိုင်ပါ။ဒါပေမယ့် ကျောက်သားကောင်းတာတွေကတော့ ယမ်းညီယမ်းညက် ယမ်းကောင်းမှဖြစ်ပါတယ်ရှင့်။ ယမ်းကြမ်းရင်တော့ သေချာပေါက် အသားကြမ်းမယ် ပျက်မယ်ပေါ့နော် ကျောက်စိမ်းမှာ အဓိကအကျဆုံးအရာမှာ.ကျောက်ယမ်းဖြစ်တယ်လို့ဆိုရပါမယ်။ ကျောက်ယမ်းသိမှ ကျောက်စိမ်းမျိုး ဟုတ်မဟုတ် အတုအစစ်ခွဲခြားလွယ်ကူလာပါမယ်ရှင့် အပိုင်း(10)မျှော် Crd Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး)

ကျောက်လောကသို့ စတင်ဝင်ရောက်လာသူအများစု အဓိက ရှုံးစေသောအကြောင်းတရားမှာ ဝယ်တဲ့ကျောက်ကို ဖြတ်နေခြင်းက. အဓိကအချက်ကျပါတယ်။ ကျောက်အမှားဝယ်တာတွေ ထားအုံးစို့ မိမိတို့ဝယ်တဲ့ကျောက် ဖြတ်ဖို့ခေါင်းဖို့အတွက် ရည်ရွယ်ပြီးဝယ်လျှင် အရှုံးအမြတ် အဖြစ်အပျက်ကို ခံနိုင်လောက်တဲ့အခြေနေ အင်အားရှိမှ ဖြတ်ခုံပေါ်တင်ပိုင်းပါရှင်။ အဖြစ်အပျက် အရှုံးအမြတ်ခံနိုင်အားနည်းသူများ ရောင်းဝယ်မူဆိုင်ရာများ​နှင့် သွားသင့်သွားထိုက်တဲ့လမ်းမှာ မိမိတို့ဝယ်တဲ့ကျောက် မိမိလက်ထဲရောက်လာလျှင် ဖြတ်ဖို့ကို နောက်ဆုံးအခြေနေတစ်ခုအဖြစ်ထားတွေးရမယ်။ ပထမဦးဆုံးရောက်လာတဲ့ကျောက်ကို ဆေးချက်ကျန်လား? မကျန်လား?ကြည့်ပါရှင့် ဆေးချက်ကျန်တဲ့ကျောက်ဆိုလျှင် (ချော်တွေကျန်မယ် အခွံစပ်မှာ ကျောက်ဂျေးတွေရှိနေမယ် မိမိထပ်ဆေးလို့ ပိုမီးပွင့်အားကောင်းလာမယ် ဆေးချက်ကြောင့် မူရင်းဝယ်စထက် ပိုလှတဲ့ရုပ်ဖြစ်လာလျှင် မိမိဝယ်ရင်းစျေးထက် မြတ်နိုင်သွားပါပြီရှင့် တစ်ခုတော့ရှိတယ် အလွန်စျေးကျွံထားသောကျောက် စျေးမြင့်အများကြီးပေးပြီးဝယ်ထားတဲ့ကျောက်ဆိုလျှင် အမြတ်မပြောနှင့် အရင်းပြန်ရဖို့မလွယ်။ အဲဒါကြောင့် ကျောက်ဝယ်တဲ့နေရာမှာ လူခေါင်းပါလို့ ဆိုရခြင်းဖြစ်သည်။ မိမိဝယ်ယူတဲ့ ရောင်းချသူမှာ ကျောက်လဲမကျွမ်းကျင်(အောင်ခြင်း မအောင်ခြင်းကိုမဆိုလိုပါ ရောင်းချသူသည် ကျောက်အတော်အသင့် သိကျွမ်းထားသူဖြစ်ရပါမယ်ရှင့် အဲလိုမဟုတ်လျှင် ရောင်းချသူကိုယ်တိုင်မှ မကျွမ်းကျင်ပဲ ထင်ရာစျေးခေါ်ပြီး ရောင်းသူထံမှဆို မှားနိုင်တယ်ရှင့်) ရောင်းချသူသည် ကျောက်ရုပ်နှင့် မလိုက်သောစျေးတန်းနှင့်ယုံချနေသူထံမှ မဝယ်ရပါ ခေါင်း​ကြေးမတန်တဆ ပိုမြင့်၍ပေးရခြင်းကြောင့် နည်းနည်းရှုံးမဲ့ငွေ များများရှုံးနိုင်ပါတယ်ရှင့်။ ကျောက်ဝယ်ပြီးလျှင် ပထမ ရောက်လာတဲ့ကျောက်ကို ပိုလှပအောင် ဆေးချက်ကျန်လျှင်ဆေးပါ။ ဆေးချက်မကျန်လျှင်လဲ အနည်းငယ်ဆေးရပါမယ်ရှင့် ။ ပြီးလျှင် ရေ1ရက်ခန့်စိမ့်ပါ။ ​ ဒုတိယ နီးစပ်ရာ လူများဖြစ်စေ(ကျောက်စိမ်းလုပ်ကိုင်နိုင်တဲ့သူမျိုးပေါ့) ကျောက်စိမ်းရောင်းဝယ်ရာနေရာဖြစ်စေ ကျောက်ပြရမယ်။ မိမိမပြတတ်လျှင် ကျောက်ပွဲစားရှာပါ။ ကျောက်၏ထွက်စျေး နားစွင့်ပါ။ မိမိကြိုက်တဲ့စေးျမဟုတ်ရင်တောင် မိမိရောင်းလို့ရတဲ့အခြေနေရောက်လျှင် ရောင်းပါ။ ကျောက်က တစ်ကျပ်တစ်ပြားမှ မထွက်မှ ​ကျောက်၏ခွံပေါ်၌ လှမယ်ထင်သောနေရာကိုကွမ်ပါ ချွတ်ပါ။ ကွမ်ချွတ်ပြီးလို့ လှလျှင် စျေးကွက်ထိုးခြင်းပြုလုပ်ပါ။ ထွက်စျေးမကြိုက်ခြင်း စျေးမထွက်ခြင်းရှိမှ နောက်ဆုံးဖြတ်ပါရှင့်။ အရည်မန်း အပွေးအတက်ပြချက်မပါပဲ ရိုးရိုး သာဖြစ်နေလျှင် လက်သန်းလုံးခန့် ကျောက်ထုယူ၍ အဖုံးဖွင့်ဖြတ်ပါရှင့် ကျမရေးတဲ့စာများ၌ မိမိတို့နှင့် တိုင်ဆိုင်မူများရှိလျှင် နားလည်ပေးစေလိုပါတယ်ရှင့်။ ကျမသည်ကျောက်စိမ်းစတင်ဝင်ရောက်လာသူများအတွက် ရေးသားမူ​​သာဖြစ်ပြီး မည်သူကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ အပိုင်း(9) ဆက်လျှက်ဖော်ပြမည်မျှော် Ohnmar Tun. (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲအပိုင်း(9)# ********** ကျောက်စိမ်းလောကကိုစတင်ဝယ်မဲ့သူများအနေဖြင့် ကျောက်စိမ်းအတုအစစ်ခွဲခြားတတ်ခြင်းနဲ့ ကျောက်စိမ်းတို့၏ရုပ်လက္ခဏာကိုကြည့်ပြီး အရည်ကျောက်လား?အသားကျောက်လား?ခွဲခြားစွာသိမြင်ပြီးလျှင် ကျောက်၏ရုပ်ထွက်အတိုင်း ရှူမြင်ပြီး သောင်းကျောက်ရုပ်လား?သောင်းလေးထပ်ရုပ်လား?သောင်းကြီးထပ်ရုပ်လား?သိန်းရုပ်လား?သိန်းလေးထပ်ရုပ်လား?သိန်းကြီးထပ်ရုပ်လား?ဆယ်ကျောက်ရုပ်လား?ဆယ်လေးပိုင်းရုပ်လား?ဆယ်ထပ်ပိုင်းရုပ်လား?ဆယ်ကြီးပိုင်းရုပ်လား?ရာကျောက်ရုပ်လား?ရာလေးပိုင်းရုပ်လား?ရာကြီးပိုင်းလား?ထောင်ပိုင်းရုပ်လား?ထောင်လေးပိုင်းရုပ်လား?ထောင်ကြီးပိုင်းရုပ်လား? ထောင်ကြီးပိုင်းမှ သိန်းသောင်းပိုင်း သောင်းထပ် အစားစားပေါ့ရှင့် ကျောက်တစ်လုံးကို မိမိတို့မြင်ပြီဆိုတာနှင့် ငွေတစ်သောင်းတန်လောက်မှစ၍ သိန်းသောင်းပိုင်းထိ ကျောက်၏ မျက်နာပြင်၌ တည်ရှိမူ ဖြစ်တည်ချက် ပြရုပ်ဂုဏ်အား ပါရှိရာ ကျောက်စိမ်းဆိုင်ရာ အလှအပများ နည်းနည်းပါခြင်း များများပါခြင်း မပီမပြင်ပါရှိခြင်း ပီပြင်စွာပါရှိခြင်းတို့နှင့် ဆက်စပ်ပြီးလျှင် အကြိုအထောက် ကောက့်ရော့ အရည်ပြချက် အသားပြချက်မန်းအား အပွေးအတက် ဆန်းကြော အရွယ်အစား အကြီးအသေး ပါရှိတတ်သော အနာတို အနာကြီး၊ မြင်းမြှီးရိုက်အနာ၊ကျန်ဖတ်နာ၊ရို့နာ၊ အနာအနည်းအများ၊အသားကြေ၊ ဖျတ်နာ၊ ရိုက်ဖဲ့ လျိုပဲ့ ဝါးလုတက်၊ မိုင်းနာ၊ နတ်ဖဲ့ ၊ အမြုတ်များ၊ဖြုတ်ချေး၊ ကွမ်းသွေး၊ငကျင်းကွက်၊စလင်းညှပ်၊အကြည်ထိုး၊ ဖားမြုတ်ဆံ့၊အသားကြေ၊အသားဆွေး၊ အခွံကြေ အသားကြေ၊ ငချိတ်၊ရှင်း၊ ခွေးရိုး၊ ဖားဥစွဲ၊ မှဲ့ပါ၊ ယမ်းမွဲထိုး၊ ယမ်းဖတ်ကြမ်း၊ယမ်းကြမ်းယမ်းဆော့၊ ထုပြားအထိုင်ငတ် အရွယ်သေးအနာများ၊ မှော်တိမ်းတောင်ဆန်၊ပလွန်၊ပလွန်ဖောက်၊ ကျီးကန်း ပိန်းဥ၊မောက်ခြောက်၊မောက်စိမ်းတုံး၊လိပ်စပ်၊လိပ်ကျောက်၊ ပထော့စလင်း၊

11။ မျိုးတန်းမနိုင်ခြင်း 12။ ကျောက်၌ပါရှိတတ်ရာ အရောင်ဖြစ်စေ ပန်းချွန်အရည် မန်း တစ်စုံတစ်ခုကို အထင်ကြီး၍ဝယ်ယူခြင်း။ 13။မှော်စွဲထားခြင်း 14။ ကျောက်စိမ်းမဟုတ်တဲ့အရာများကို ကျောက်စိမ်းအထင်ဖြစ်ဝယ်ယူမိခြင်း။ 15။ကျောက်စိမ်းလောကအထာ မှော်အထာများမသိပဲဝယ်ယူခြင်း။ 16။ရောင်းလိုသူ၏ ပြောသောစျေးအတိုင်း ဝယ်ယူမိခြင်း။ ရောင်းလိုသူခေါ်စျေးအတိုင်း ကျောက်ရုပ်ကိုအကဲမခတ်တတ်ပဲ စျေးပေးကျွံလိုက်ဝယ်နေခြင်း။ 17။ သင်တန်းလဲတတ်ယုံနဲ့တတ်ပြီအထင်နှင့် ယုံကြည်မူလွန်ကဲပြီးဝယ်ယူမိခြင်း။ (အတွေ့အကြုံမရင့်ကျက်လျှင် အမှားကြုံရမယ်) 18။ ငွေရှိတိုင်း ဝယ်ယူနေမိခြင်း။ 19။ ကျောက်ရုပ်နဲ့ တန်ဖိုးမတိုင်းတာတတ်ခြင်း။ 20။ မိမိနဲ့လိုင်းမကိုက်ရာကျောက်ကိုဝယ်ယူမိခြင်း။ 21။မိမိမကျွမ်းကျင်တဲ့ မှော်အမျိုးအစား ဝယ်ယူမိခြင်း။ 22။ ကျောက်ဝယ်ယူပြီး ပြန်မရောင်းတတ်ခြင်း၊ လုပ်ချက်မသိခြင်း လုပ်ချက်လွန်ထားသောကျောက်ဝယ်ယူမိခြင်း အမှားများသောကျောက် ပစ်ချက်အားများသောကျောက်ဝယ်ယူမိခြင်း 23။လုပ်ချက် ပညာ စျေးကွက် ကျောက်ရုပ် မတိုင်းတာတတ်ခြင်း။ 24။အတွေ့အကြုံအားနည်းခြင်းကြောင့် ဝယ်ယူမူ၌ အမှားများနေခြင်း။ 25။နုသည် ရင့်သည်မသိ နုကြည် နုပေါက် ကျဲလင်း ကျဲပေါက်မသိမီးပေါက်အားကောင်းပြီး ကာလာပါလျှင်ကို ကြိုက်တတ်ပြီး အားရုံမှားဝယ်ခြင်း။ 26။ဝယ်ယူတဲ့နေရာ ဝယ်ယူတဲ့လူ ဝယ်ယူတဲ့အချိန် မပေးသင့် မဝယ်သင့်တဲ့ စျေးမြင့်ပေးပြီး ရောင်းသူပြောတဲ့အတိုင်း စျေးဆစ်မဝယ်တတ်ခြင်းတို့ဖြစ်ပါတယ်ရှင့် OhnmarTun (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်လောကသို့ဘယ်ကစဝင်မလဲအပိုင်း(8)# ********* ကျောက်စိမ်းလောကဆိုတာ နယ်ပယ်များစွာကျယ်ပြန်ခြင်းကြောင့် ရှုပ်ထွေးသောကျောက်သုံးစကားအသုံးအနှုန်းအခေါ်အဝေါ်များ ပုံ​သေသတ်မှတ်ချက်စျေးနှုန်းမရှိသောရတနာအမျိုးအစားဖြစ်ခြင်းကြောင့်စတင်ဝင်ရောက်လာသူများအတွက် မည်သို့ပင်ကြိုးစားအားထုတ်နေစေကာမူ တိုတောင်းသောအချိန်ကာလ အတွင်း မညိသည့်ဆရာ မည်သည့်သင်တန်း တက်တက်အရောင်းအဝယ်ဆိုင်ရာကဏ္ဍမျိုးသို့ ချက်ချင်းဝင်ရောက်ရန်ခက်ခဲနေအုံးမှာပါ သို့ပေမယ့် ကျောက်စိမ်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုချင်သူ ကျောက်စိမ်း ရောင်းဝယ်မှုဖြင့် စီးပွားရှာလိုသူများအတွက် တကယ်ကောင်းမွန်သော သင်တန်းဆရာများထံ၌ ပညာမှီဝဲခြင်းက ရေရှည် လုပ်ကိုင်သွားမည့်လမ်းခရီးအတွက်တော့ အထောက်အပံ့ကောင်းဖြစ်ပါသည်။ ဒါပေမယ့်ရှင့် မနေ့တနေ့ကနေ ကျောက်လောကသို့စတင်ဝင်လာပြီး အတွေ့အကြုံ အားမရှိပဲ နှင့် အမှားပါနိုင်သော ကျောက်စိမ်းဆိုင်ရာ ပို့ချချက်အမှားများဖြင့် တဆင့်ပြန်လည်ဖြန့်ဝေနေသူထံ ပညာမှီငြမ်းခြင်း မှတ်သားနာခံခြင်းပြုနေသော စတင်ဝင်ရောက်လာသူများ အမှားကြီးနိုင်ပါသည်။ ကျောက်စိမ်းလောက၌ ကျောက်ဝယ်ယူယုံနှင့်ရှုံးနေခြင်းမက ဆရာတင်မှား၍လည်းအရှုံးများနိုင်ပါသည်။ ကျောက်စိမ်းလောကနယ်ပယ်များခြင်းကြောင့် မိမိဝင်ရောက်မယ့်နယ်ပယ်တစ်ခုကို အဓိကထားပြီးလေ့လာသင့်ပါတယ်ရှင့် အဲ့လိုမှမဟုတ်ပဲ အရိုင်းလုံးစွတ်သမားနှင့်တွေ့တော့ လုံးစွတ် ခေါင်းကျောက်နောက်ကိုလိုက်ပြန်တယ် အချောသမားနဲ့တွေ့ အချောသမားနောက်လိုက်ပြန်တယ်။ ဥပမာ။ ခေါင်းကျောက်သမားနဲ့တွေ့ ခေါင်းကျောက်နောက်လိုက် ဖြတ်သားသမားနဲ့တွေ့ ဖြတ်သားသမားနောက်လိုက် ပန်းပုသမားနဲ့တွေ့ ပန်းပုသမားနောက်လိုက် ပွတ်ချွတ်သမားနဲ့တွေ့ ပွတ်ချောနောက်လိုက် အများကြီးပေါ့ရှင့် တစ်စ လက်ရာ အပွင့် ပန်းပု လက်ကောက် ပုတီး အများကြီးပဲ လိုင်းတွေတူသလိုနှင့် အများကြီးကွဲပါတယ်ရှင့်။ လိုင်းအများကြီးကွဲခြင်းကြောင့် မြင်သမျှ တွေ့သမျှ လိုက်နေလျှင် အဲဒါမှ ရွာလည်တာပါပဲရှင့်။ ခေါင်းကျောက်မှာလဲ ခေါင်းကျောက်စျေးနှင့် သွားရပြီ မျက်မြင်ဖြတ်သား (အခြားဖြတ်စမှ ပန်းပု ပုတီး အပွင့် အစားစား) စျေးသတ်မှတ်ချက် ရောင်းဝယ်ပုံတွေမတူညီကြပါရှင့်။ ခေါင်းကျောက်သမားဖြစ်ချင်လျှင် ခေါင်းကျောက်သမားနောက်ကိုလိုက်မှ ခေါင်းကျောက်ပညာတွေကိုလေ့လာမှာ ခေါင်းသင့်တဲ့ကျောက်တွေကို ဝယ်တတ်လာမယ်ခေါင်းတတ်လာမယ် အရောင်းအဝယ်ပြုတတ်လာပါမယ်ရှင့် အဲလိုမှမဟုတ်ပဲ မိမိသင်နေတာက ဖြတ်သားလိုင်းအပွင့်အချပ်ပန်းပုတီး ဖြစ်နေပြီး ခေါင်းကျောက်ဝယ်ရောင်းပြုဖို့ကခက်အုံးမယ်။ ငယ်ငယ်က ခလေးတွေကို ဆိုသလိုပြောရလျှင် ဟိုပင် ဒီပင်မကူးရဘူးရှင့်။ ခေါင်းကျောက်မှာဆိုလျှင်လဲ ခွဲခြားရတဲ့အရာတွေများပြားလွန်ခြင်းကြောင့် အလွန်ရှုပ်ထွေပါတယ်။ အတွေ့အကြုံအားနည်းလျှင် မိမိလက်ထဲရောက်လာတဲ့ကျောက် ဘယ်မှော်ထွက်မှန်းမသိ ဘာအမျိုးအစားလဲမသိ မိမိဝယ်တဲ့စျေး မြင့်သွားသလား၊အတုလားအစစ်လား အများကြီးပါပဲ ကျောက်ခွဲခြားရ မှော်ခွဲခြားရ ခက်တယ်ရှင့်။ ကျောက်လောကသို့ စတင်ဝင်လာပြီး မဖြစ်မနေကျောက်ဝယ်ယူလိုသူများသို့ ဘယ်ကျောက်ကိုဝယ်ပါ ဘယ်စျေးနှင့်ဝယ်ပါဆိုပြီ မည်သူမှ အတတ်ပြောနိုင်စွမ်းမရှိပါ။ ဒါပေမဲ့ရှင့် ပြောလို့ရတဲ့အရာတွေရှိပါတယ် အရှုံးမများအောင် အမှားနည်းလာအောင် ဖြစ်သင့်တဲ့အရာများနှင့် လုပ်တတ်ကိုင်တတ် ရောင်းဝယ်တတ်လာအောင်။

*ကျောက်စိမ်းရှာဖွေရင်း ကျောက်ကောင်းရလျှင် ချမ်းသာမည်။ အတော်အသင့် ဆယ်ကြီးပိုင်း ရာပိုင်းလောက်ရလျှင် အရင်းအနှီးတစ်ခုရပြီ။ အဲလိုတော့မျှော်လင့်လို့ရပါတယ်ရှင့် ဒါက အကောင်းကိုပြောတာပါ။ အဆိုးတွေက ဘာလာမလဲ အများကြီးပါပဲရှင့် ကျောက်စိမ်းရှာဖွေခြင်း ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းတွေက ထိမိခိုက်မိတဲ့အခြေနေမှ အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေနေထိ ဖြစ်နိုင်ပါတယ်။ # လူဘဝမှာ လူကံတို့ အဖြစ်အပျက် အပြောင်းအလဲနိုင်ဆုံးနေရာက ကျောက်စိမ်းထွက်ရာနယ်မြေတွေဖြစ်ပါတယ်ရှင့်။ အကောင်းကနေ အဆိုးဆုံးအ​ေခြအနေဖြစ်သွားတတ်သလို အဆိုးဆုံးအခြေနေမှလဲ အကောင်းဆုံးအခြေနေကို ကျောက်စိမ်းလေးတစ်လုံးနှင့်အများကြီးပြောင်းလဲသွားနိုင်ပါတယ်ရှင့်။ အရင်းအနှီးမရှိသူတွေအတွက် မှော်ထဲကလောပန်းများအိမ်မှာ ရေမဆေးကျင်းသားအဖြစ် နေလို့ရပါက ကောင်းပါတယ် မိမိမှာအဆက်အစပ်ရှိလျှင် အဲလိုမှမိမိရဲ့ အဆက်အစပ်က. ကျောက်စိမ်းတွင်းဒေသတွေမှမရှိလျှင် လောပန်းအိမ်မှာ ရေမဆေးကျင်းသားအဖြစ် နေဖို့မလွယ်ပါရှင့်။ အရင်းအနှီး တစ်ကျပ်တစ်ပြားမှမရှိလျှင်တော့ တော်တော်ခက်မယ်။ အရင်းအနှီး10သိန်းမှ 15သိန်းခန့်ရှိလျှင် မှော်ထဲ၌ ကိုယ်ပိုင်အခန်းငယ်လေးတစ်ခု၌ ကိုယ်တိုင်ချက်ပြုတ်စား ကိုယ်တိုင်ကျောက်စိမ်းရှာဖွေမယ်ဆိုပိုကောင်းမယ်။ အစတော့ ဘယ်သူမှချက်ခြင်းလက်ငင်းတတ်မှ မဟုတ်ပါ။ တစ်လတန်သည့် နှစ်လတန်သည့် နေထိုင်ချိန်များလာလျှင် ကျောက်စိမ်းမျိုးဟုတ် မဟုတ် ခွဲခြားကောက်တတ်လာပါမယ်ရှင့်။ ဘဝဆိုတာ အဆင်မပြေသူတွေမပြောနှင့် ကြွယ်ဝချမ်းသာနေသူများတောင် အခက်အခဲနှင့် ရင်ဆိုင်ရတာတွေရှိပါတယ်။*ဘဝဆိုတာ အဆင်သင့်နင်းလျှောက်ဖို့ ဖဲမွေ့ယာ ခင်းထားတာမျိုးမရှိပါ။ * ကောင်းစွာ ညှင်သာစွာ ဖဲမွေ့ယာပေါ် * နင်းလျှောက်ချင်တယ်ဆိုလျှင် ကိုယ်တိုင်ခင်း ပြီးလျှောက်ရတာပဲရှင့်။ *ဖြစ်ချင်နေတာပဲ သိတယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖားကန့်တော့တက်ချင်တယ် ကျောက်စိမ်းထွက်တဲ့မြေတွေမှာ ကျောက်ရှာချင်တယ်။ ဘယ်ကနေ စပြီ လုပ်ရမလဲဆိုပြီ တွေးနေကြသူများမှာ။ တကယ်လုပ်ချင်တဲ့သူတွေအတွက်တော့ လုပ်သင့် လုပ်ထိုက်တာတွေကို ကျမတို့ရဲ့ မှော်နေသက်အတွေ့အကြုံများဖြင့် ရေးသားပေးနေပါတယ်။(ကျမတတ်နိုင်သလောက် စာရေးပေးတယ် အဲဒီထက် ပိုပြီးကျွန်တော်ကိုကူညီပါ မှော်ထဲမှာကျောက်လာရှာချင်လို့။ ကျွန်တော်ကိုကူညီပါ မှော်ထဲမှာအလုပ်လာလုပ်ချင်လို့။ ကျမပြောမယ်နော် ကျမတတ်နိုင်တာကူညီရေးသားပြီးပြီ။ ကျမမတတ်နိုင်တဲ့အပိုင်းအတွက် ကူညီပေးမည်မဟုတ်ပါရှင့်။) ကျောက်လောကကို အရင်းအနှီးရှိ၍ စဝင်မဲ့သူများ အကောင်းဆုံးအရာတစ်ခုတော့ရှိပါတယ်။ အချိန်ပေးနိုင်ရမယ် ငွေကုန်ကျခံနိုင်ရမယ်။ မှော်ထဲက လုံးခင်းကျောက်ဝိုင်းလို့နေရာမျိုးမှာ ပြင်ပ လက်တွေ့ကျောက်လောကပညာသင်အဖြစ် ရောင်းဝယ်မူတွေကို လာရောက်ကြည့်နိုင်မယ်ဆိုလျှင် အဆင်ပြေမယ်။ ဒါမှမဟုတ် မန္တလေးလို ကျောက်ဝိုင်းမျိုးမှာသင်ပါ မန္တလေးက ကျောက်ပညာပိုဆုံပါတယ်။ ခေါင်းကျောက်ပညာသင်ချင်လျှင်တော့ ခေါင်းကျောက်အများဆုံးလုပ်ကိုင်သော မှော်ထဲ၌သာ လာရောက် လက်တွေ့မျက်မြင် အချိန်ပေး၍ မိမိတို့အမြင်အားများကနေ သိတတ် တိုးပွားလာမှာပါ။ ရေခွက်ထဲ ရေတစ်ပေါက်ချင်းကျသကဲ့သို့ နည်းနည်းချင်းသိလာမှာပါရှင့်။ * သိဖို့အတွက်တော့ သူတပါးထံမှ လေ့လာပညာသင်ရပါတယ် နာခံမှတ်သားရမယ်။ တတ်ဖို့အတွက်ကြတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မူမပါပဲဖြစ်လာမည်မဟုတ်ပါ။ ကိုယ်တိုင်ကြိုးစားအားထုတ်မူ လက်တွေ့ပါရမယ်ရှင့်။ * ဘယ်ပညာမဆို *သိ*ယုံလေးတော့ သိတယ် တတ်လားဆိုတော့မတတ်။ သိတော့ သိတယ် တကယ်လုပ်ကိုင်ခဲ့သော အတတ် မရှိလျှင် အသိတရားက လက်​တွေ့မှာအဆင်မပြေပါ။ ကျောက်စိမ်းလုပ်ငန်းဆိုတာ သိနေယုံနှင့်ရပါ တတ်ဖို့လိုပါတယ်။ တတ်ဖို့အကြောင်းတရားက. ပန်းပုထုတတ်မှ ကျောက်ဖြတ်တတ်မှ အပွင့်သွေးတတ်မှ အတတ်လို့ခေါ်တာတင်မဟုတ်ပါ။ အရောင်းအဝယ်လောက၌ တကယ်ရှင်သန် လုပ်ကိုင်လာမှသာ အတတ်ဆိုတာဖြစ်လာမှာပါရှင့်။ အနှစ်ချုပ်ရလျှင်တော့ # လုပ်ချက် ပညာ စျေးကွက် အရောင်း အဝယ်# တွေသိဖို့ဆိုလျှင် လက်တွေ့ကျကျ ထိတွေ့မူများလာလေ ဒီရေကဲ့သို့ တိုးပွားလာလေ အမှားနည်းလာလေ အမှားများစွာကိုသိပြီ လုပ်သင့်လုပ်ထိုက်တာများကို မိမိတို့ရဲ့ ပင်ကိုယ်သိစိတ်နှင့် လုပ်တတ် ကိုင်တတ် လာပါမည်ဖြစ်ကြောင်း။ Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) # ကျောက်လောကသို့ ဘယ်ကစဝင်မလဲ အပိုင်း(7)# ******* ကျောက်ဝယ်ယူတဲ့နေရာမှာ ဘာကြောင့်မှားသလဲ? 1။မိမိမကျွမ်းကျင်ပဲ လုံးဝမသိရှိပဲဝယ်ယူခြင်း 2။ ကျောက်အတု ဝယ်ယူမိခြင်း။ 3။ စျေးကျွံပေး၍ဝယ်ယူမိခြင်း(ဥပမာဆိုပါတော့ ကျောက်က တစ်သိန်းမှ သုံးသိန်းဝန်းကျင်သာ ပေးဝယ်သင့်တဲ့ကျောက်ရုပ်ကို ဆယ်သိန်းဆယ်ငါးသိန်း စျေးပေးများဝယ်မိခြင်း။ 4။ လုပ်ချက်မှားခြင်း 5။ဖြတ်ကွက်မှားခြင်း 6။ ဝယ်သမျှကျောက်ဖြတ်နေခြင်း 7။ လောဘကြီးခြင်း အာရုံတက်ခြင်း 8။ နည်းနည်းရင်း၍ အမြတ်ကြီးမြတ်မယ် ဆေးသည်ဖြစ်စေ ဖြတ်သည်ဖြစ်စေ ကျောက်အောင်မယ်လို့ထင်ခြင်း။ 9။မှော်မှားခြင်း။မှော်မမှန်ခြင်း ရောင်းသူပြောတဲ့မှော်ကို အမှန်ဟုယုံကြည်ခြင်း မှော်မခွဲတတ်ခြင်း။ 10။လိမ်ညာသူ အမြတ်ကြီးတင်ရောင်းသူ ထံမှ ဝယ်ယူမိခြင်း။

( မိမိလုပ်ကိုင်နေကြ ကျောက်အမျိုးအစား၊ မှော်ထွက်မဟုတ်ရင်__ **အာရုံမှား၊ ဈေးတွက်မှား၊ ကျောက်ပေါ်မြင်မိသော အသိ မှား၍ ရှုံးနေကြခြင်းကြောင့် ဖြစ်သည်။(ဥပမာဆိုပါက အရည်ကျောက် အမြဲလုပ်ကိုင်နေသူသည် "အရည်ကျောက်လိုင်း အရည်ကျောက်အမျိုးအစားတွေသာ လုပ်ကိုင်၀ယ်ယူကြပါသည်။ အရည်ကျောက်အမြဲလုပ်ကိုင်သူအား အသားကျောက်သွားပြပါက *အကြွတ် အဆန်း ဖြစ်နေရင်တောင် မိမိလုပ်နေကြမဟုတ်ခဲ့ရင် ဈေးဖွင့် ၀ယ်မည်မဟုတ်ပါ။ **၀ယ်မည် ဈေးဖွင့်မည်ဆိုလျှင်လည်း *သူ့အတွက် သေချာမြတ်နိုင်တဲ့ တန်‌ရာ တန်ကြေးထက် ဈေးနိမ့်ပေး၍ ၀ယ်မည်သာ ဖြစ်မည် ။ Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲအပိုင်း(6)# ######################### #ကျောက်စိမ်းလောကသို့ စဝင်ပြီး စီးပွားရေးလုပ်ဖို့ စိတ်ပါဝင်စားနေသူများ အထွေထွေရှိသောကြောင့် အရင်းအနှီးအင်အားကောင်း၍ ဝယ်ရောင်းလုပ်ချင်တဲ့သူရယ် အရင်းအနှီးအားမရှိ ကျောက်စိမ်းလုပ်ငန်းနှင့် စီးပွားရှာခြင်သူရယ် 2မျိုး2စားကနေ ထပ်ကွဲထွက်မှာပဲရှင့်။ အရင်းအနှီးအင်အားရှိသူအတွက် ကျောက်စိမ်းလုပ်ငန်းနားမလည်လျှင် ငွေရှိတိုင်းလုပ်ရအဆင်မပြေပေမဲ့ အတော်အသင့်လောက်သိလျှင်ဖြင့် စီးပွားအဖြစ်ပါ လုပ်သင့်တဲ့ လုပ်ငန်းအမျိုးအစားဖြစ်ပါတယ်။ အရင်းအနှီးမရှိသူအတွက် နားလည်တတ်ကျွမ်းသူထံ တပည့်ခံပညာသင်မလား?(အဲဒါမျိုးကလဲ အဆက်အသွယ် မိမိနဲ့သိရာ လူရင်းရှိမထားလျှင် မည့်သူမှလက်ခံမှာမဟုတ်ပါ) ပန်းပုပညာလား ပုတီးထုတ် အချပ်အတစ် အပွင့်အသွေး လက်ကောက် အစားစားပေါ့ မိမိရဲ့အဆက်အစပ် ဒီနယ်ပယ်ထဲမှ လုပ်ကိုင်နေသူမှမရှိပါက လက်မူပညာသင် အရောင်းအဝယ်ပညာသင်ဖို့ခက်မယ်။ အရင်းအနှီးမရှိသူအတွက် မိမိနယ်ပယ်ထဲမှ ကျောက်ဝယ်ရောင်းလုပ်ကိုင်နေသူရှိလျှင်သူရဲ့အဆက်အစပ်ဖြစ် နီးစပ်ရာ *ပွဲစားနောက်လိုက်အဖြစ်* စသင့်ပါတယ် ဒါလဲအပြောပဲရှိတာပါ လက်တွေ့ကျကျဟုတ်နေပေမဲ့ ထိတွေ့မယ် မျက်မြင်ဖြစ်မယ် တတ်တော့တတ်လွယ်မယ်။ ကျောက်ပေးကိုင်တဲ့သူတွေဆိုတာက မိမိတို့ယုံကြည်ရတဲ့သူ မိမိတို့ကျောက်အား စျေးထွက်အောင် ပွဲတိုက်ပေးတဲ့ ပွဲစားကိုသာ လိုချင်ကြတာပါ။ ဒီနေရာမှာ ဘာမှမသိတဲ့သူ၏ ရိုးသားမှုအဘယ်မျှရှိနေပါစေ ဒီကောင်လေး ဒီလူရိုးသားပါတယ်ဆိုပြီး ကျောက်ပေးပွဲကိုင်ကြတာမျိုးမဟုတ်ပါ။ ကျောက်စိမ်းလုပ်ငန်းဘာမှမသိတဲ့သူကို ကျောက်ပေးကိုင်လျှင် ကျောက်စျေးမရဖြစ်တတ်တာမို့။ ကျောက်နားလည်ပြီး ကျောက်ပွဲအမြဲတိုက်နေတဲ့အထဲမှ မိမိတို့အတွက် အဆင်ပြေမယ်ထင်မှ ပေးကိုင်ကြတာပါ။ အရင်းအနှီးမရှိသူအတွက် *ကျောက်ပွဲတိုက်ဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်သွားတယ်။ အရင်းအနှီးမရှိသူအတွက် အလုပ်သင့်ဆုံးအရာက ဘာများလဲ? အရင်းအနှီးမရှိသူအတွက် နေ့စဥ် မိမိတို့နေထိုင်ရာ ရန်ကုန်ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ် ကျောက်စိမ်းရောင်းဝယ်ရာနေရာမျိုး၌ နေ့စဥ်ထိတွေ့ အမြင်အားကနေ ပညာသင်ရအောင်လဲ အဲ့လောက် အချိန်ကုန်ခံပြီး ဝင်ငွေကောင်းစွာမရှိပဲ ကြာကြာရပ်တည်ဖို့မလွယ်။ ငွေအရင်းအနှီးအတော်အသင့်မှ အဆင်ပြေသောအခြေနေထိ လူတန်းစားမျိုးကဆိုလျှင် ပုံမှန်ဝင်ငွေတစ်ခုခုရှိနေမဲ့သူမျိုး ကျောက်ရောင်းဝယ်ရာနေရာများသို့ အချိန်ဖဲ့ပေးလို့ရလျှင် မိမိတို့ပေးနိုင်သလောက် အမြဲ ဖဲ့ပေးပြီး သွားရောက်လေ့လာနိုင်မယ်ဆိုလျှင် မြင်ပါများတော့သိ ထိပါများတော့ တတ် လာပါမယ်။ အမြဲအရောင်းအဝယ်ပြုရာနေရာများ၌ အချိန်များစွာပေး၍ မြင်လာ ထိတွေ့ပြီဆိုလျှင် #ဘယ်ကျောက်က အသား #ဘယ်ကျောက်ကအရည် #ဘယ်ကျောက်က ဘယ်မှော်ထွက် #မန်းက အသားမန်းလား?အရည်မန်းလား? မန်းကောသန့်လား မန်းကပီပြင်လား? မန်းအုံး မန်းပြင်လား?ကြိုးပတ်မန်းလား? ဗျိုင်းချီးမန်းလား?ကျားကိုက်မန်းလား?ကောက့်ယော့မန်းလား?ခေါင်းပေါင်းမန်းလား? ကပ်မန်းလား?ဆိုက်မဲ့မန်းလား? တကယ်အတွင်းထဲသို့ ကစားနိုင်ချေများတဲ့မန်းလား? (မန်းအကြောင်းရေးရင်ကုန်မယ်မထင်) #ဘယ်ကျောက်က ဘယ်စျေးတန်းရှိတယ် #ဘယ်ကျောက်မှာ ဘာပါလို့ ဘယ်လိုစျေးပေး စျေးထွက်နေကြတယ်။ #ဘယ်ကျောက်က ဆေးချက် လုပ်ချက်ကျန်တယ် #ဘယ်ကျောက်က ဘယ်စျေးနှင့် ဝယ်သင့်တယ်။ #ဘယ်ကျောက်မျိုး ဘယ်ကျောက်ပုံစံက လက်ရှောင်သင့်တယ်။ #ဘယ်ကျောက်မျိုးက ဖြတ်ခေါင်းသင့်တယ်။ #ဘယ်ကျောက်က ဘယ်သူပိုကြိုက်တယ် စျေးပိုရနိုင်တယ် # ဒီကျောက်မှာ ပါတဲ့အရာက ကျွတ်ပွေးဆန်းပွေးလား? ဘောလီပွေးအဆင့်ရှိလား?ကာလာပါသလား?အရည် ပန်းစွဲလား?ဘာအရောင်ဘက်ကိုသွားတဲ့အပွေးလဲ? ပန်းလား?ပဲလား?အရည်လား?ရှင်းလား?ငချိတ်လား? ကန်ဇွန်းလား? လန့်လား? ချွမ်လား?ခရမ်းလား ဗေဒါလား မရမ်းလား? ခွေးရိုးလား? ကွမ်းသွေးလား? (ရေးရရင် အများကြီးပါရှင့် အကြမ်းဖျင်းရေးလိုက်တာပါ။ အဓိက ကျောက်စိမ်း၌အမျိုးအမည်တွေဖြစ်လာခြင်းမှာ အရောင်တွေကိုအခြေခံပြီးခေါ်ကြပါတယ်ရှင့် ဖြစ်တည်တဲ့ပုံစံပါတွဲ၍) သူတပါးတို့ ရောင်းဝယ်ပုံစံကို အမြဲမြင်နေကျဖြစ်လာပါက တစ တစ လက်တွေ့အရောင်းအဝယ်ပညာ ပွဲတိုက်ပညာ အစားစား ရောင်းပုံ ဝယ်ပုံတွေသိလာမှာပါရှင့်။ အရင်းအနှီးမရှိသူအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုကတော့ ကျောက်စိမ်းထွက်ရာနယ်မြေမှာ သွားရောက် ကျောက်စိမ်းရှာဖွေခြင်းနှင့် အရောင်းအဝယ်ပညာတွေကို သင်ယူရင်အကောင်းဆုံးပါ။

*ကျောက်စိမ်းနှင့် အရောင်း/အ၀ယ် ဆိုသော စကားသည် စကားစု အရ လွယ်ကူပေမယ့် အရောင်း/အ၀ယ်၊ ဆိုင်ရာ လုပ်ကိုင်ပုံများသည် တစ်ဦးနှင့် တစ်ဦး မတူညီ(ကျောက်စိမ်းပုံစံ အမျိုးအမည်၊ လုံးစွတ်၊ဖြတ်သား၊ အသားလိုင်း၊အရည်လိုင်း၊ အတစ်အချပ်၊အပွင့်အထည်၊ပုတီး၊ပန်းပု၊ မတူညီသော ကျောက်စိမ်းလိုင်းများစွာ) ရှိခြင်းကြောင့် မိမိတို့ နိုင်ရာ ကျွမ်းကျင်ရာသာ လုပ်ကိုင်ကြပါသည်။ *ကျောက်စိမ်း၊အရောင်း/အ၀ယ် ကို ဘယ်လိုင်းကို ပုံသေကိုင်၊ ပုံသေမြတ်ပါမည်၊ ပုံသေအဆင်ပြေမည်ဟူ အတိအကျ ပြောမရပါ။ ** ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်၊ ရောင်း၀ယ် သူများသည်၊ မိမိတို့၏ ကျောက်ပညာ၊အရင်းအနှီး၊ငွေအား အနည်းအများ၊လုပ်ချက်၊ ၀ယ်ပေါက်၊ ရောင်းပေါက်၊‌ ဈေးကွက်‌ တွေနှင့်သာ လုပ်ကိုင်ကြပါသည်။ * ကျောက်စိမ်းလုပ်ငန်းသည် အခြားလုပ်ငန်းများနှင့်မတူညီပါ၊ ကျောက်စိမ်းလုပ်ငန်းနှင့် နီးစပ်ထိ‌တွေ့သူ၊ ကျောက်စိမ်းအကြောင်း လေ့လာနားလည်ထားသူ၊ ကျောက်စိမ်းဈေးကွက် ခန့်မှန်းနိုင်သူတွေသာ လုပ်ကိုင်ရ အဆင်ပြေပါသည်။ * * * ကျောက်စိမ်းအကြောင်း အထိအတွေ့နည်းသူ * ကျောက်အမျိုးအစားမခွဲတတ်၊(မိမိလက်ထဲရောက်လာတဲ့ကျောက်က ဘယ်လိုပုံစံ ၊ဘယ်လိုအမျိုးအမည်မသိ၊ ) မျိုးတန်း၊အသားတန်းမသိ၊ * * * မှော်မသိ၊ ကျောက်ဆီကျောက်သားနားမလည် ထိုသို့ ကျောက်စိမ်း၏အခြေနေပေါ်ကြည့်၍ မသိခြင်းများစွာနှင့် "၀င်တိုး ရောင်း၀ယ်မူပြုလျှင် အမြတ်ထက် ၊အရှုံးကသေချာပါသည်။ ကျောက်စိမ်းတစ်လုံးအား ၀ယ်ပြီးလျှင် "အသုံးချနိုင်တဲ့ အခြေနေရှိမှ" ၀ယ်သင့်ပါသည်။ ဥပမာ။ ခေါင်းကျောက်၀ယ်မည်ဆိုလျှင်လည်း ခေါင်းစရာအချက် ကျောက်၌ "ဘာပါရှိလည်း ကြည့်၍ ခေါင်းရပါမည်။ ခေါင်းချက်မပါရှိသောကျောက်ကို ၀ယ်ယူ၊ ဆေး၊ဖြတ်၊ကွမ်နေမည်ဆိုလျှင် ဘာမှ ရမည်မဟုတ်ပါ။ ရေမဆေးဆိုလျှင်လည်း ကျောက်၌ ကျောက်မျိုးမှန်ခြင်းနှင့် ချော်လုံ၊ မောက်လုံကျန်ရှိ ပါရမည်။ * ကျောက်တစ်လုံးအား မ၀ယ်မှီ စဉ်းစားရပါသည်။ ၀ယ်ယူပြီးမှ စဉ်းစားလို့မရပါ ။ * * ကျောက်ကို ၀ယ်ယူပြီးမှ "ဘာအတွက် ၀ယ်မှန်းမသိ၊ ဘယ်နေရာ အသုံးတည့်မှန်းမသိ၊ဘယ်လိုင်းနှင့် ကိုက်ညီလဲ၊ ထိုသို့ ‌အကြောင်းတရားတွေ မသိရှိစွာနှင့် " စတင်ကျောက်စိမ်း၀ယ်ယူသူတွေ အရှုံးများဖို့ သေချာပါသည်။ * (ကျွမ်းကျင် ရောင်း၀ယ်ပြုသူများလဲ ကျောက်တစ်လုံးအား မ၀ယ်မှီ မစဉ်းစားဘဲ ၀ယ်ယူခြင်း * မဟုတ်ပါ၊ မိမိတို့ ကျောက်ကို ၀ယ်ယူပြီးတဲ့အခါ * ပြန်ခေါင်းဖို့လား၊ ပြန်ရောင်းဖို့လား ကြည့်၍သာ ၀ယ်ကြပါသည်။) မိမိတို့ ၀ယ်ယူတဲ့ကျောက်အခြေနေကို အနီးစပ်ဆုံး အခြေနေတစ်ခုထိ ခန့်မှန်းတွက်ချက်နိုင်သူများအတွက် အဆင်ပြေပါသည်။ ကျောက်တစ်လုံးအား၀ယ်ပြီးရင် ကွဲပြားသော အဖြေတစ်ခုကို သိရှိရပါမည် ။ မိမိ၀ယ်တဲ့ကျောက်သည် ၁။*ခေါင်းဖို့၀ယ်တဲ့ကျောက်လား?( ဖြတ်မည်၊ကွမ်မည်၊ဆေးမည် ထိုအတွက်၀ယ်ယူခြင်းကို ခေါင်းဖို့၀ယ်သည်လို့ ဆိုရပါမည်) ၂။ ရောင်းဖို့၀ယ်တဲ့ကျောက်လား?( ကျောက်ကို ၀ယ်ယူပြီးတဲ့အခါ ၊တဆင့်ပြန်ရောင်းဖို့သာ ရည်ရွယ်ခြင်းကို ဆိုလိုသည်) ထို၂ချက်နှင့် ကွဲကွဲပြားပြားသိရှိနေရပါမည်။ • စတင် ကျောက်စိမ်းလုပ်ကိုင်သူများအနေနှင့် • • မိမိတို့ ဘယ်ကျောက်ကို ဘယ်လိုစတင် ၀ယ်ရ • ရောင်းရမယ်မသိရှိကြပါ။ မိမိတို့နီးစပ်ရာ အနီးနားနှင့် ကွန်ယက် ဖုန်းများထဲမှာ ကြည့်၍ ၀ယ်ယူကြရသည်။ *မိမိပေး၀ယ်ရသော ငွေနှင့် ကျောက်အခြေအနေ တန်သည်/မတန်သည် မသိ စိမ်းစိမ်းမြင်တိုင်း( ကျောက်၌ မီးထိုးချက် ကာလာမြင်တိုင်း၊ မီးပေါက်ရိပ်ပါတိုင်း လှသည်ဟူ ထင်နေခြင်း) တွက်နှုန်း ကျောက်အခြေနေကို မသိရှိခြင်းက အမှား၌သာ ကျရှုံးနေပါမည်။ • အဓိက ရောင်း၀ယ်ခြင်းဆိုသည်မှာ • ကျောက်တစ်လုံး၏ ရုပ်ခံအားပေါ်မူတည်ပြီး • တန်ဖိုးသတ်မှတ်ကာ ဈေးကွက်၊လုပ်ချက်၊ပညာ၊ • နှင့် လုပ်ကိုင်ကြပါသည်။ * ကျောက်စိမ်းရောင်း၀ယ် လုပ်ကိုင်ရာတွင် * * မိမိတို့၏ ငွေအရင်းအနှီး နိုင်သမျှ (သောင်းကျောက်၊သိန်းကျောက်၊ရာကျောက်၊ သိန်းထောင်ကျောက်၊ မိမိတို့နိုင်ရာငွေနှင့် လုပ်ကိုင်သော * ကျောက်တန်ဖိုး အနေအထားများ) * * မိမိတို့ ကျောက်ကျွမ်းကျင်ရာ လိုင်းများနှင့်သာ * တွဲစက်၍ လုပ်ကိုင်ပါသည်။ * • ကျောက်စိမ်း ရောင်း၀ယ်ခြင်းသည် • • မကျွမ်းကျင်မသိရှိပါက အရင်းအနှီးငွေ • ဆုံးရှုံးနိုင်ပါသည်။ ‌ကျောက်တစ်လုံးအား • • ၀ယ်မည်ဆိုလျှင် ၀ယ်ပေါက်၊ရောင်းပေါက် • ကောင်းစွာ သိရှိထားမှ လုပ်ကိုင်သင့်ပါသည်။ • *ကျောက်လောက အမြဲလုပ်ကိုင်နေသူတွေလည်း *ကျောက်တွေ့တိုင်း ၀ယ်ယူနေခြင်း မဟုတ်ပါ၊(နားမလည်သူ၊ စတင်လုပ်ကိုင်လာသူတွေက ထိုသို့မဟုတ် "ကျောက်မြင်တာ တွေ့တာနှင့် ၀ယ်ဖို့အတွက်သာ ချောင်းနေပါသည်။" အမြဲလုပ်ကိုင်နေသူတွေသည် မိမိတို့ မျက်မြင် လက်‌တွေ့ ကြည့်နေရသော ကျောက်ကိုတောင် ဘယ်ဈေး ဘယ်မျှ တန်နေပါစေ၊ ကျောက်လှနေပါစေ "မိမိတို့ လုပ်ကိုင်နေကြ ကျောက်အမျိုးအစား မဟုတ်ပါက ဈေးမပေးကြသလို ၀ယ်ယူ ပြန်ရောင်းချဖို့လည်း မတွေးကြပါ။

အရင်းအနှီးမရှိသူတွေများအတွက် ကျောက်စိမ်းလက်မှုပညာသင်ချင်ရင် မန္တလေးလိုနေရာမျိုးမှာသင်ပါ။ အဲဒါမှမဟုတ် ကျောက်စိမ်းအရောင်းအဝယ်နှင့် ခေါင်းကျောက်မှစိတ်ဝင်စားလျှင်တော့ *ကျောက်စိမ်းအဓိကထွက်ရှိရာ (ကျောက်ဝိုင်းစျေးကွက်တစ်ခုလဲရှိရာမြေ)ဖားကန့်နှင့်လုံးခင်းတဝိုက်ကို တကယ်တတ်ချင်လျှင် ကျောက်စိမ်းလုပ်ငန်းစိတ်ဝင်စားလျှင် မဖြစ်မနေလာရမယ်ရှင့်။ ပြောကြမှာပေါ့ရှင့် ငွေအရင်းအနှီးကလဲမရှိ လူရင်းလူခံလဲမရှိ ဖားကန့်လုံးခင်းတက်ဖို့ဘယ်ဖြစ်နိုင်မှာလဲပေါ့။ အဲတော့ တကယ်လက်တွေ့ဘဝနှင့် ဖားကန့်လုံးခင်းမှာ ငွေအရင်းအနှီးကောင်းစွာမရှိ လူရင်းလူခံမရှိပဲ ဒီနေ့ချိန်ထိ ရပ်တည်ပြီး ကျောက်စိမ်းလုပ်ငန်းနှင့် ချမ်းသာလာတဲ့သူတွေ ဖားကန့်လုံးခင်းမှော်မှာအများကြီးပါပဲရှင့်။ သူတပါးကိုအကူအညီတောင်းလိုတဲ့စိတ်တွေ​ဖျောက်ပါဘဝဆိုတာ ကိုယ်တိုင်သာ တိုက်တဲ့တိုက်ပွဲမို့ ဘယ်လိုကစလုပ်သင့်လျှင် ဘယ်လိုဖြစ်မယ်ဆိုတာ တွေးတော ​ကြိုးစားကြပါရှင့်။ ဖားကန့်ကျောက်စိမ်းမြေအကြောင်းတွေ ကျောက်စိမ်းအ​ေကြာင်းတွေ အတော်အသင့် သိရလွယ်ကူပါတယ် အင်တာနက်စာမျက်နာများပေါ်တွင်လဲ မိမိတို့အတွေ့အကြုံတွေမျှဝေရေးသားနေသူတွေရှိလာတဲ့အတွက်ကြောင့် ဖတ်ရ မှတ်ရလွယ်ကူစေပါတယ်။ အရင်ခေတ်ကလူတွေဆိုလျှင် ဘာမသိ ညာမသိနဲ့ အရဲစွန့်ပြီးတက်ကြပါတယ်ရှင့် ဖားကန့်ဆိုတာ မြန်မာပြည်တွင်းထဲမှာပဲရှိတာမို့ နိုင်ငံခြားအလုပ်အကိုင်သွားလုပ်နေသူတွေထက်စာလျှင် များစွာတော်ပါတယ်ရှင့်။(ဆိုလိုတာက အလုပ်အကိုင်ကောင်းတာကိုပြောတာမဟုတ်ပါ။ သွားရလာရလွယ်ကူစေတာကိုပြောတာပါရှင့်) အရင်းအနှီးရှိသူနှင့် မရှိသူတွေအတွက် တကယ်လိုအပ်ဆုံးအရာက ကျောက်စိမ်းစျေးကွက်ပါပဲရှင့် ကျောက်စိမ်းစျေးကွက်ကိုသိမှ ကျောက်အရောင်းအဝယ်ပြုရလွယ်ကူကြမှာပေါ့ရှင့် စျေးကွက်သိဖို့ဆိုလျှင် စျေးကွက်အရောင်းအဝယ်ပြုရာနေရာနှင့် အချိန်များစွာ ကြိမ်ဖန်များစွာ ထိတွေ့မူကသာလျှင် ကျောက်စိမ်းစျေးကွက် ကျောက်စိမ်းတန်ဖိုး ကျောက်စိမ်းအမျိုးအစားတွေကိုခွဲတတ်လာမှာပါရှင့်။ ယခုခေတ်ကလူတွေအတွက် ကျောက်စိမ်းရဲ့ အထိုင်တွေ ယမ်းတွေဖတ်ယုံနဲ့တော့စျေးကွက်ကိုသိလာမည်မဟုတ်ပါရှင့်။ အပိုင်း(6) Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) ##ကျောက်စိမ်းအကြောင်းနှင့်## ရောင်း၀ယ်ပုံ ကျောက်စိမ်းရောင်း၀ယ်ရာတွင် *ကျောက်စိမ်းအမျိုးအမည်ပုံစံအခြေနေပေါ်မူတည်၍ မိမိတို့ လုပ်ကိုင်ရောင်း၀ယ်ရာနှင့် နီးစပ်ကိုက်ညီတဲ့ အနေအထားတွေကို ကြည့်၍ ၀ယ်ကြပါသည်။ ကျောက်စိမ်းများသည် လိုင်းကွဲများစွာ ရှိခြင်းကြောင့် မိမိတို့လုပ်ကိုင်ရာ "ကျောက်စိမ်းလိုင်းကိုသာ ဦးစားပေးလုပ်ကိုင်ကြပါသည်။ အဓိက အားဖြင့်__ ၁။ လုံးစွတ်လိုင်း ၂။ဖြတ်သားလိုင်း ပင်မထို၂ခုအခြေခံကာ ၁။ လုံးစွတ်လိုင်းတွင် မြင်သာအောင် ထပ်ဆင့် သီးခြားခွဲရာ၌ ၁။ ရေမဆေးကျောက်များ(သဘာ၀ ကျောက်ကြောထွက်ရုပ်များ) ၂။ အမြင်ဆေးပြီးသားကျောက်များ ၃။ ဖောက် ကွမ် ချွတ် ထားသော ကျောက်များ ထို၃ မျိုးသည် လုံးစွတ်ကျောက်လိုင်းတွင် ပါ၀င်ပြီး ၁။ဖြတ်သား၊ ဖြတ်စ၊တစ်စများသည် ခွဲခြမ်းစိတ်ဖြာထားတဲ့ ကျောက်များသည် လုံးစွတ် ကျောက်လိုင်းတွင် မပါ၀င်ကာ ဖြတ်သားလိုင်းဟူ၍ ထိုလိုင်းတွင်ထည့်သုံးရပါမည်။ # လုံးစွတ်လိုင်းများတွင် *ကျောက်အမျိုးအစားနှင့်တကွ ကျောက်ထွက်ရာ "မှော်"၊ ကျောက်ထွက်ရာ အကြော တွေပါထည့်သုံး ရောင်း၀ယ်ကြပါသည်။ လုံးစွတ်ကျောက်လိုင်းများသည် အများအားဖြင့် *ခေါင်းကျောက်*အဆင့်တွင်သာ ရှိသောကြောင့် * ခေါင်းကျောက် အဖြစ် ရောင်း၀ယ်ယူရာ၌ ထည့်သုံးတွက်ချက် ကြည့်ရှူရတဲ့ အချက်များမှာ( ခေါင်းယူရတဲ့အချက်များမှာ) ၁။ ကျောက်ထွက်ရှိရာ *မှော်* ၂။ ကျောက်ထွက်ရှိသော မြေကြောအလွှာ ၃။ ချော်( ကျောက်ချော်အခြေနေ) ၄။ ယမ်း(ကျောက်ယမ်းအခြေနေ) ၅။အထိုင်( ကျောက်၏တည်ဆောက်ပုံသဏ္ဍန်) ၆။အခွံ( အခွံရောင် အခြေနေ) ၇။ မျိုးတန်း( ကျောက်မျိုး အနု အရင့်အခြေနေ) ၈။ မီးပေါက်သောအခြေနေပမာဏ(မီးပေါက်ပုံ) ၉။ ပြချက်(ကျောက်အခွံယမ်းနှင့်တကွ လှပသော ကောင်းခြင်းဆိုင်ရာ ပြချက်တစ်စုံ တစ်ခု) ၁၀။ ပြစ်ချက်( ကျောက်အခွံယမ်းနှင့်တကွ အပြစ်အနာဆာ အဖျက်လက္ခဏာ တစ်စုံ တစ်ခု) ၁၁။ လူခေါင်းခြင်း ၁၂။ ကျောက်၏အနေအထား အလုံးအစုံနှင့်အတူ ကျောက်တန်းဖိုး ၀ယ်ယူသင့်တဲ့ ဈေးတန်း နှိုင်းယှဉ်မူ) ၁၃။အပေါ်မှာ ၁၂ချက်နှင့်အတူ တွက်ဆခြင်း တို့ဖြစ်ပါသည်။ 🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️ #ကျောက်စိမ်း အရောင်းအ၀ယ် 🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️ ကျောက်စိမ်းနှင့် သက်ဆိုင်သော လုပ်ငန်းများစွာရှိပါသည်။ ၁။ ကျောက်စိမ်းရှာဖွေ တူးဖော်ပုံ ၂။ ကျောက်စိမ်း ရောင်း/၀ယ် ပြုလုပ်ပုံ ထိုမှတဆင့် မိမိတို့နှင့် နီးစပ်ရာများတွင် လုပ်ကိုင်ကြပါသည်။

5။ မှော်မမှန်တာဝယ်မိခြင်း အကျွတ်ရုပ်က တအားလှနေတော့ မှော်မခွဲတတ်ပဲ အောင်ဘာလေအကျွတ်ကို မှော်စီဆာထွက်အကျွတ်ဟု အထင်မှားဝယ်မိလျှင် (အောင်ဘာလေအကျွတ်က အောင်ဘာလေအကျွတ်စျေးသာရှိပြီ မှော်စီဆာအကျွတ်စျေးနှင့်တော်တော်ကွာပါတယ်ရှင့် ကျမအသိတစ်ယောက် လွန်ခဲ့သော 5နှစ်ခန့်က အောင်ဘာလေအကျွတ်မှန်းသိပါတယ် သိန်း320ဖြင့် ဝယ်ခဲ့တယ် သူဝယ်တုန်းကအမြင်မှာ သိန်း320ဝယ်ပြီး သိန်း500အထက် သိန်းရာကြီးပိုင်ထိ ဖြစ်မယ်လို့တွေးမိပြီးဝယ်လာတာ သူအမြဲလုပ်နေကျက မှော်စီဆာကျောက်ပါရှင့် အောင်ဘာလေကျောက်ကလဲလှပြန် မှော်စီဆာလုပ်နေကျသူဆိုတော့ အကျွတ်ကို အကျွတ်စျေးသာပြန်မြင်ပြီဝယ်မိခဲ့တာ လုံးခင်း ဘက်ပြန်ရောက် ကျောက်ကိုပြန်ပြ စျေးက သိန်း80သာထွက်နေတယ် သိန်းရာငွေမကျော် အထပ်ထပ်ပြ နေရာတော်တော်များများပြ နောက်ဆုံး.သိန်း100နှင့် ရွာလည်ပြီ(ကျောက်အား လူကြည့်များနေခြင်းကို ရွာလည်ကျောက်ဟုခေါ်သည်)သိန်း220အရှုံးခံပြီရောင်းလိုက်ရတယ် ဖြတ်လျှင်မသေချာတော့မဖြတ်ရဲဘူးလေ အပွင့်မရ အသားတန်းလျော့သွားမယ်ဆို 15သိန်း20ဖြစ်သွားနိုင်တယ်လေ) ကျောက်စိမ်းလုပ်ငန်းဆိုတာ ပုံသေနည်းမရှိသော အယူအဆတွရှိနေတာမို့ ဘယ်ကျောက်ကိုဝယ်ပါ ရောင်းပါလို့ပြောမရပါ တစ်ခုတော့ရှိပါတယ်။ လုံးဝမဝယ်သင့်တဲ့အရာများတော့ရှိပါတယ် အဲဒီအရာတွေသိထားလျှင် စာဖတ်သူတို့နောက်ဝယ်မိမှာမဟုတ်ပါ။ 1။ ကျောက်စိမ်းမဟုတ်တဲ့အရာတွေ လုံးဝမဝယ်သင့်ပါ မိမိဝယ်တဲ့ကျောက် ကျောက်စိမ်းမျိုးမမှန်လျှင် သေချာပေါက်ရှုံးမယ် ပလွန်၊ကျီးကန်း၊တောင်ဆန်၊ပထော့၊လိပ်ကျောက်၊စလင်း၊ တို့ဖြစ်ပါတယ် ကျောက်စိမ်းနှင့်ဆင်တူပေမဲ့ ကျောက်စိမ်းမဟုတ်သောကြောင့်ရှုံးပါမယ်ရှင့် 2။ ကျောက်အတု မဝယ်ရပါ။ အရည်တု အရည်သွင်း ဖြတ်စက် ခွံပြင် ကော်ကပ်၊ 3။ကျောက်စိမ်းမျိုးမှန်ပေမဲ့ ကျောက်မျိုးနုခြင်း၊ ငချိတ်တုံး.ရှင်းတုံး ယမ်းကြမ်း၊ယမ်းကြီး၍ဆော့သောယမ်း၊ ယမ်းပြားများခြင်း၊ ယမ်းချောင်းတွေ လားရာမတူ ယမ်းချောင်းကြီး၍ အခွံပေါ်၌ သိသာမြင်လွယ်ခြင်း၊ ငချိတ်ကွက်များခြင်း ရှင်းအလွန်များပြီး ပန်းအရည်မပါခြင်း၊ မသိရှိတဲ့မှော်ထွက်ဖြစ်ခြင်းများကိုမဝယ်သင့်ပါရှင့် 4။ နယ်ဝေးလို့ အင်တာနက်ပေါ်မှဝယ်လျှင် ဝယ်တဲ့ကျောက် မိမိလက်ထဲရောက်လာလို့ ရှုံးတာ မြတ်တာ နောက်မှထား ကျောက်တကယ်မပို့ပေးနိုင်တဲ့သူထံမှ မဝယ်ရခြင်း။ အဲဒါလေးတွေ ဂရုစိုက်ရပါမယ် နောက်များမှ ထပ်ရေးပေးပါမယ်ရှင့် အပိုင်း(5)မျှော် Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်လောကသို့ ဘယ်ကစဝင်မလဲ အပိုင်း(5)# ********** အပိုင်း1မှအပိုင်း4ထိ အရင်းအနှီးရှိသူများအတွက် အခြေခံပြီးရေးခဲ့တယ် ငွေအရင်းအနှီးရှိသူပဲဖြစ်ဖြစ် ငွေအရင်းအနှီးမရှိသူပဲဖြစ်ဖြစ် ကျောက်လောကသို့စဝင်မယ်ဆိုရင် *အဓိကအကျဆုံးအရာမှာ "အချိန်" နဲ့ နေရာ ဖြစ်ပါတယ်ရှင့် မိမိအတွက် ငွေအရင်းအနှီးရှိသည်ဖြစ်စေ ငွေအရင်းအနှီးမရှိသည်ဖြစ်စေ ကျောက်စိမ်းလုပ်ငန်းအတွက်သီးသန့်အချိန်မှ မပေးနိုင်လျှင် မလွယ်ပါဘူးရှင့် ကျောက်စိမ်းလောကနယ်ပယ် မျက်မြင်ထိတွေ့မူ ကြိမ်ဖန်များမူကတဆင့် ပညာဆိုတာရလာတဲ့အရာပါရှင့် တချို့ကထင်ကြတယ် *ကျောက်စိမ်းသင်တန်းတက်ပြီး ကျောက်စိမ်းလုပ်ငန်းလုပ်စားလို့ရပြီထင်နေကြတယ်* *ကျောက်စိမ်းသင်တန်း1လ2လ3လတက်ယုံနှင့် ကျောက်စိမ်းအရောင်းအဝယ်လုပ်စားမရသေးပါရှင့်(သင်တန်းတက်ပြီး *လုပ်စားနေကြသူတွေမှာလဲ မိမိကိုယ် မူလကတဲ့မှ နားလည်နေသူ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးတစ်ယောက်ကတွဲခေါ်လိုသာ အဆင်ပြေချင်ပြေမယ်။ အဲဒီလိုလက်တွဲခေါ်သူမရှိလျှင် *သိတော့ သိတယ် တတ်သလားဆိုတော့မတတ်ပါပြန်ဖြစ်နေအုံးမယ်*(ကျောက်စိမ်းလက်မှုပညာရပ်တွေကိုမဆိုလိုပါ ကျောက်စိမ်းအရောင်းအဝယ်ပြုမယ်သူများသာ ပြောပြခြင်းပါရှင့်) (1)အချိန် နေရာ ကျောက်စိမ်းလုပ်ငန်းစတင်လုပ်ကိုင်မဲ့သူများအတွက် အရေးအကြီးဆုံအရာက အချိန်ပါပဲရှင့် အချိန်ဆိုတာ 1လ2လလောက်ပေးယုံနှင့်မရပါရှင့် တကယ်တတ်ချင်ရင် တကယ်တတ်နိုင်တဲ့အခြေအနေဖြစ်ဖို့ အချိန်တော်တော်များများ ကျောက်စိမ်းထွက်ရှိရာနယ်မြေ (or) ကျောက်စိမ်းစျေးကွက်ပြုရာနေရာဒေသက အရေးကြီးဆုံးဖြစ်ပါတယ်။ တချို့ကပြောကြတယ် အရင်းအနှီးမရှိသူတွေအတွက် ကျောက်ပွဲစားကစသင်တယ်တဲ့ (အဲဒီစကားလက်မခံဘူးရှင့် စတင်ဝင်ရောက်လာသူအတွက် မိမိနဲ့ မသိကျွမ်းတဲ့အရပ်(ကျောက်ဝိုင်းစျေးကွက်နား ကျောက်အရောင်းအဝယ်ပြုရာနေရာမျိုး)နေရာမျိုးမှာ မိမိအတွက်လွန်စွာခင်မင်ရင်းနှီးသူမှမရှိရင် ဘယ်လိုမှမဖြစ်နိုင်ဘူးရှင့် ပွဲစားလုပ်ဖို့ဆိုတာ တကယ်မလွယ်ပါ ကျောက်ပိုင်ရှင်တွေကလဲ မိမိမသိတဲ့သူကိုကျောက်ပေးပွဲတိုက်ဖို့မဖြစ်နိုင်သလို ကျောက်ပွဲမတိုက်ဖူးသူကိုလဲ ကျောက်ပေးမကိုင်ပါရှင့်။အနည်းဆုံးအခြေနဲ့ပြောရရင် သိန်းကျောက် ဆယ်ကျောက်ပွဲကိုင်ဖို့မပြောနဲ့အုံး သောင်းထပ်ကျောက်လောက်တောင် ဘယ်လိုယုံကြည်မူမျိုးနှင့်ပေးကြမှာလဲရှင့် အဲတော့ အရင်းအနှီးမရှိသူတွေအတွက် မိမိနေတဲ့မြို့မှာ ကျောက်စိမ်းအရောင်းအဝယ်မရှိလျှင် ကျောက်ပွဲတိုက်ဖို့လဲမဖြစ်နိုင် ကျောက်စျေးကွက်သိဖို့ဆိုတာက ပိုဝေးသွားပြီ။

သိန်း500ရင်းလို့ တစ်လက်ထပ်သိန်း500မြတ် သိန်းတစ်ထောင်ရောင်းစားရလျှင်ကျေနပ်ပါပြီ။ အလကားအကူအညီမတောင်းပါ အောင်ကျောက်ဖြတ်ပေး ဝယ်ယူခ ကျောက်ရောင်းပြီး သိန်းတစ်ရာပြန်ပေးဖို့လက်တွန့်နေမှာမဟုတ်ပါ။ဒါကတော့ စာဖတ်သူတို့မြင်သာအောင် ပြောပြခြင်းသာဖြစ်ပါတယ်ရှင့်ကျောက်စိမ်းအကြောင်း နားလည်တိုင်း အတွေ့အကြုံများတိုင်း ချမ်းသာနေကြမည်မဟုတ်ပါ) ဒါပေမဲ့ အတော်အသင့်မိမိတို့အတွေ့အကြုံအားတွေနှင့်သာ မိမိတို့ရှေ့ရောက်လာတဲ့ကျောက်တွေကို ဖြတ်သင့်မယ်ထင်မှ ဖြတ်တာမျိုးတွေပါ။ ဒါလဲဖြစ်နိုင်ချေ များမယ်ထင်မှဖြတ်တာမျိုးပါ။ အရင်းအနှီးကလဲစကားပြောပါတယ်ရှင့် အရင်းအနှီးအားမကောင်းသူအတွက် ဖြစ်မလား?ပျက်မလားဆိုပြီး စွန့်စားရဲလောက်တဲ့ ငွေကြေးမရှိခြင်းကြောင့် ဆယ်ကျောက်လဲဖြတ်ခွင့်မရ ရာကျောက်လဲဖြတ်ခွင့်မရ သိန်းထောင်ဆို စကားအဖြစ်ကိုပြောစရာမရှိ ဖြတ်ရဲမှ ကျောက်အောင်တာမှန်ပေမဲ့ဖြတ်လို့မရတဲ့အခြေနေရှိသူတွေအတွက် သိန်းကျောက် သောင်းကျောက်ဖြတ်ယုံနှင့် သိန်းထောင်ပိုင်း သိန်းသောင်းပိုင်းအောင်ဖို့မလွယ်. ဆယ်ကျောက် ဆယ်ထပ်ကျောက် ဆယ်ကြီးကျောက်လောက်တော့ အောင်နိုင်ပါမယ်။ ကျောက်စိမ်းလုပ်တဲ့နေရာမှာ သိတတ်ကျွမ်းကျင်နေယုံနှင့်မပြီး အရင်းအနှီးကလဲ တကယ်လိုအပ်တဲ့အရာတစ်ခုဖြစ်လာပါတယ်။ ငွေကြေးရှိသူများအတွက်တော့ ကျောက်စိမ်းကို မသိရှိ နားမလည်လျှင်ဆုံးရှူံးမူများပေမဲ့ သိရှိနားလည်ပါက အရင်းအနှီးအားကောင်းသူတွေအတွက်တော့ လုပ်သင့် လုပ်ထိုက်တာတွေကို လောဘမကြီးပဲ ပညာ ဥာဏ် နဲ့အတူ စျေးကွက်နိုင်ပြီး ကျောက်ဝယ်တတ် ရောင်းတတ်(ဝယ်ပေါက် ပေးစျေးမမြင့် စျေးပေးမကျွံပဲဝယ်တတ်ခြင်း ရောင်းပေါက် ဝယ်သောကျောက်ကို ပြန်ရောင်းတဲ့အခါ အမြတ်ထွက်အောင်ပြုလုပ်ရောင်းနိုင်ခြင်း) ရှိလျှင် သိန်းထောင်ငွေရင်းလို့ သိန်းရာပိုင်းမြတ်ဖို့ဆိုတာ လွယ်သွားပါတယ်။ ငွေအရင်းအနှီးအဆင်မပြေသူများအတွက်တော အမြတ်ငွေ 10000(ကျပ်)လေးမြတ်ဖို့တောင် နေပူစပ်ခါးမှာ အနိုင်နိုင်ရယ်ပါရှင့် အပိုင်း(4)မျှော် Ohnmar Tun (ကျောက်စိမ်းရောင်းဝယ်ရေး) #ကျောက်စိမ်းလောကသို့ ဘယ်ကစဝင်မလဲ အပိုင်း(4)# ********** *ကျောက်သမားဖြစ်လာလျှင် ဆုံးဖြတ်ချက်မြန်ဖို့ထက် ဆုံးဖြတ်ချက်မှန်ဖို့က အလွန်အရေးကြီးပါတယ်* ကျောက်ရောင်း ကျောက်ဝယ်တဲ့နေရာမှာ စိတ်ဆုံးဖြတ်တွေ မလောရပါဘူး(သေချာပေါက် မြင်တဲ့ကျောက်ဆိုလျှင်တော့ ဝယ်သင့်လျှင် အမြန်ဝယ်ရပါမယ် ရောင်းသင့်တဲ့စျေးဆို အမြန်ရောင်းရပါမယ်။ သို့မဟုတ်က10သိန်းဝယ်လို့ သိန်း30လောက်ပြန်ရနိုင်ချေများနေပြီဆိုလျှင် လေးငါးသိန်းသွားစစ်မနေနဲ့ မိမိဘက်ကလဲ ပြန်ရောင်းရင် သိန်း30အနည်းဆုံးမြင်ထားတာမို့ ကျောက်မလွတ်အောင် ဆုံးဖြတ်ချက်မြန်အောင်ချရပါမယ်* ကျောက်ဆိုတာ မိမိတို့မျက်စိရှေ့၌ မြင်တွေ့ရတာမျိုးတွေ ကျောက်လောကဝင်လာလျှင် ကြုံတွေ့ရတတ်မှာပါ။ မိမိလက်ထဲကလွတ်သွားတဲ့ကျောက်တစ်လုံးကို အမြတ်များမဲ့ကျောက်ဖြစ်နေပါက *ဖြစ်နိုင်တဲ့စျေးအထိ ပေးပြီးဝယ်တာကောင်းပါတယ်* သို့သော် မြတ်မလား? ရှုံးမလား? ဝေခွဲရခက်နေတဲ့ကျောက်ဆိုလျှင် (အရှုံးဘက်သို့ ဖြစ်နိုင်ချေများတဲ့ကျောက်ဆိုလျှင် စိတ်မလောရပါ အနည်းဆုံးမိမိပေးနိုင်တဲ့စျေးမှမရပါက လက်လွတ်သင့်တာအကောင်းဆုံးပါ) ကျောက်လောကဆိုတာ ဘယ်အရာမှပုံသေတွက်ရတာမဟုတ်ပါ။ မိမိတို့မြင်တွေ့နေရကျောက်တွေအပေါ်ဆုံးဖြတ်တဲ့အခါ *ဆုံးဖြတ်ချက်အမြန်ချ၍ယူသင့်တဲ့ကျောက်ရှိလျှင် ယူရပါတယ်။ တခါတလေ ဆုံးဖြတ်ချက်မြန် အားရုံမှားခြင်းကြောင့် ကျောက်အတု ကျောက်အမှားနှင့်ကြုံတတ်ပြန်တယ်။ ဥပမာဆိုပါတော့ အကျွတ်ရုပ်တွေ အရည်ရုပ်ပါတဲ့ကျောက်တွေရှိပါမယ် ရောင်းစျေးက. တအားချိုနေလျှင် ပစ္စည်းနှင့် ခေါ်စျေးတန်ဖိုး ချိုနေတယ် (ကျောက်က သိန်းတစ်ရာခန့် မြင်တဲ့ကျောက်ဆိုလျှင် ကျောက်လာရောင်းသူက သိန်း20သာ စျေးဆိုနေပါက အထူးဂရုစိုက်ရမယ် ဘာဖြစ်လို့ဆိုတော့ ဖြစ်နိုင်တဲ့အခြေနေထက် လွန်စွာကွာဟမူများလျှင် အဲဒီကျောက်အမှားများပါလေသလား? ကျောက်အစစ်ဓမ္မစစ်ဖြစ်သလားခွဲရပါမယ်ရှင့်။ တချို့ အာရုံမှားခြင်းကြောင့် ကျောက်အတု အရည်တု ဖြတ်စက်တု အခွံတု အခွံပြင်တင်မဟုတ် ကျောက်စိမ်းမဟုတ်တဲ့ ချွမ်ကာလာကဲ့သို့ အခြားကျောက်တုံးတွေပါ အဝယ်မှားတာတွေ ရှိလာကြပါတယ်။ အဝယ်မှားခြင်းမှာ 1။ ကျောက်၏လှပပုံမှာ ခေါ်စျေးထက်ပို၍ လှပတန်ဖိုးမြင့်မားနေသည်ဟု အာရုံတက်မိခြင်း 2။ ကျောက်လှပပုံထဲ၌ စိတ်မျောနေ၍ အတုလား? အစစ်လား?မတွေးမိပဲ ဝယ်မိလိုက်ခြင်း(တကယ်အတွေ့အကြုံများတဲ့သူတွေတောင် ဒါမျိုးဖြစ်တတ်ပါတယ်ရှင့် ကျောက်စိမ်းဆိုတာ စိတ်အာရုံတွေနှင့်အလုပ် လုပ်ရတာမို့ လူစိတ်တစ်ချက်အတွေးမှားယုံ/ တွေ့သင့်တဲ့အရာ မတွေးဖြစ်ခြင်းက ကျောက်အမှားဝယ်မိတတ်ခြင်းရဲ့ အဓိကအချက်ဖြစ်စေပါတယ်။ 3။ လူယုံလွယ်ခြင်း မိမိကိုယ်ကိုအထင်ကြီးခြင်း 4။အဓိကတော့ လောဘပါပဲရှင့် သိန်း20လောက်နဲ့ချယူပြီ သိန်းတရာကျော်အသာလေးရောင်းရမှာပဲလို့ မြင်မိစေခြင်းက လောဘ၏နောက်လိုက်စေရာအမှားပါပဲရှင့်

ကျောက်လောကသို့ စတင်ဝယ်ယူသူများအတွက် အဘယ်ကြောင့် ဆုံးရှုံးမူများသနည်း။ 1။ ကျောက်၏အရည်အချင်းနဲ့ တန်ဖိုးရုပ်ဂုဏ်အားမသိလို့ စျေးကြီးပေးဝယ်မိခြင်း ခေါင်းကြေးများစွာပိုဝယ်မိခြင်း 2။ လုပ်ချက် ပညာမသိပဲ ဝယ်သမျှကျောက်ဖြတ်နေခြင်း 3။ ဝယ်ပြီးတဲ့ကျောက်ပြန်ရောင်းစားလို့ရတဲ့အခြေနေရှိနေတာကို မိမိမသိမကျွမ်းကျင်ပဲ ကွမ်ချွတ် ပွတ်ချွတ်ပစ်လိုက်လို့ ကျောက်ရုပ်ပျက်သွား၍ ရောင်းမစားရခြင်း 4။ သူတပါးအပြော၌ ယုံကြည်လွယ်ခြင်း 5။ ကျောက်အမှားဝယ်ခြင်း(ကျောက်အတု အသားအတု အရည်အတု ဖြတ်ဆက် ခွံပြင် မျိုးနု ကျောက်မျိုးမမှန်သောအရာများဝယ်မိခြင်း) 6။ သူတပါးပြောတဲ့ကျောက်စျေးနှင့်ဝယ်ယူခြင်း(စျေးစစ်မဝယ်ခြင်း ကျောက်စိမ်းဆိုတာမည်သူကပဲရောင်းရောင်း တစ်ခွန်းစျေးသတ်မှတ်မူမျိုးနှင့် ပြောရောင်းလို့ရတာမဟုတ်ပါ ရောင်းသူပြောတဲ့အတိုင်း စျေးပေးနေစရာမလိုပါ ခေါင်းကျောက်ဆိုလျှင် စျေးမဆစ်ပဲ ဝယ်မိလို့ ခေါင်းကြေးပိုတတ်သည်) 7။ မိမိကလဲမကျွမ်းကျင် ကျွမ်းကျင်သူကလဲ အားမပေး မိမိမှာငွေရှိတိုင်း လုပ်လို့ရတယ်ဟူ မာန် မာနကြောင့် ဝယ်ယူမှားခြင်း။ 8။ ကျောက်ရောင်းသူ၏ ကျောက်အပေါ် လှချက်ဖော် ပြချက်ကိုသာကြည့်၍ အပစ်အနာဆာ မျိုးတန်းမသိမှားခြင်း 9။ ဝယ်ယူပြီးတဲ့ကျောက် စျေးကွက်မထိုးပဲ အဝစားကြံပြီးဖြတ်ခြင်း 10။ ဝယ်ယူပြီးတဲ့ကျောက် ပြန်ပြတဲ့အခါ အမြတ်နည်းလို့ လောဘအားဖြင့်ဖြတ်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ကျောက်စိမ်းလုပ်တယ်ဆိုတာ *ဝယ်လဲ ဝယ်တတ်ရပါတယ်*(ပိုက်ဆံရှိတိုင်းကျောက်ဝယ်တတ်ခြင်းကို မဆိုလိုပါ ပစ္စည်းနှင့် သူ၏ရုပ်ဂုဏ်အားတန်ဖိုးအကြမ်းဖျင်း နှုိင်းယှဥ်တွက်တာမျိုး ဥပမာ ဆယ်သိန်းကျောက်ဝယ်တဲ့ထားပါဆို့ အပြင်မှာပြန်ပြကြည့်လို့အနည်းဆုံး 5သိန်း6သိန်း7သိန်း8သိန်းထွက်နေရင် အရှုံးငွေပြပေးမဲ့ ဆယ်သိန်းဝယ်တဲ့ကျောက် 5သောင်း 1သိန်းပဲထွက်တဲ့ဆိုရင်တော့ အကြီးကြီးမှားတယ်လို့ ပြောရပါမယ်ရှင့် ဆယ်သိန်းနှင့်ဝယ်တဲ့ကျောက် အနည်းဆုံး 5သိန်းတန်ဖြစ်နေရမယ်။ မြတ်ရင် 1သိန်း2သိန်းမှ 5သိန်း10သိန်း(တစ်လက်ထက်အမြတ်ပေါ့) ကျောက်တစ်လုံးကိုမဝယ်ခင် စဥ်းစားပါ မိမိဝယ်မဲ့ကျောက် မိမိပေးစျေးထက် ပိုမြင်သော ကျောက်စျေးကွက်အမြင်ရှိလျှင်ဝယ်ပါ။ သို့မှမဟုတ်ပဲ သင့်တော်တယ်ဟု မိမိအမြင်နိုင်မှဝယ်ပါ။ ကျောက်တစ်လုံးရဲ့ တန်ရာတန်ဖိုးကို(ခေါင်းကျောက်တွေဆိုလျှင်) မည်သူမှ အတိအကျသတ်မှတ်လို့မရပါ မိမိတို့အမြင်အား စျေးကွက် ပညာ လုပ်ချက် အရင်းအနှီး ဝယ်ပေါက် ရောင်းပေါက် မြင်တတ်လျှင် လုပ်ကိုင်ပါ ဖားကန့်ကကျောက်ကို ရန်ကုန်က လှမ်းဝယ်တဲ့ထားပါဆို့ မိမိဝယ်တဲ့ကျောက်က မိမိပေးတဲ့စျေးနှင့် အဆင်ပြေမလား? ဝယ်ပြီးတဲ့အခါ ဘယ်သူကိုပြန်ရောင်းမယ် ဘယ်နေရာမှာ ရောင်းမယ်ဆိုသောအမြင်မျိုးရှိရင်လွယ်ပါတယ်။ အဲဒါမဟုတ် မိမိကိုယ်တိုင်ခေါင်းမယ် ဖြတ်မယ် ကွမ်မယ်ဆိုလျှင်တော့ အဖြစ် အပျက်ခံနိုင်ရမယ် ပစ္စည်းမှန်ရမယ်(ပစ္စည်းကောင်းရမယ်ဟုဆိုလိုတာမဟုတ်ပါ တစ်သောင်းတန်ခေါင်းကျောက်က တစ်သောင်းတန်ရုပ်ထွက်ပြီး တစ်သိန်းပေးခေါင်းရမဲ့ကျောက်က သောင်းကြီးသိန်းရုပ်ပေါက်နေရမှာမျိုးပေါ့ မတန်တဆ ဆယ်သိန်း ဆယ်ငါးသိန်းဝယ်ခေါင်းတဲ့ကျောက် မခေါင်းမဖြတ်ခင် 5သောင်းလောက်ပဲတန်နေသော ကျောက်ရုပ်ရှိနေရင် ကျောက်အမှားဝယ်မိတာခေ​ါ်တယ် *ဘယ်ကျောက်ကို ဘယ်စျေးနှင့်ဝယ်ဝယ် ဖြတ်လို့မအောင်တိုင်း ရောင်းသူတွေကိုလဲအပစ်ပြောမရပါ။ ဖြတ်လို့အောင်မယ်ထင်လျှင် ရောင်းသူတွေကိုယ်တိုင်ဖြတ်နေကြမှာပါ* ကျောက်စိမ်းခေါင်းကျောက်ဆိုတာ အလွန်တွက်ရခက်ပါတယ်။ ဆရာ ဆရာကြီးတွေတောင် ကျောက်တစ်လုံးအောင်မယ်လို့ ဘယ်သူအတတ်မသိပါ။ သိနေလျှင် ကမ္ဘာကျော်သူဌေးတွေတောင် ထိုင်ငိုသွားရမယ်။ကျောက်ဖြတ်တယ်ဆိုတာ အကြမ်းဖျင်းအတွေ့အကြုံအားတွေနှင့်လုပ်ရတာမို့ ခန့်မှန်းချက်တွေ အလွဲအချော်ဖြစ်နိုင်ပါတယ်။ သိန်းကျောက် သောင်းကျောက်အလွဲအချော်ဖြစ်တာ အတော်အသင့်မပြောပလောက်သော်ငြားလဲ သိန်းထောင်ကျောက် ရာကြီးကျောက်တွေမှာဆိုလျှင်တော့ ငွေကိန်းဂဏန်းမြင့်မားလာတာမို့ အတော်ကိုစွန့်စားရဲလောက်တဲ့ ငွေဓနအင်အားတွေရှိမှသာလုပ်ကိုင်ရဲကြတယ် ကျောက်စိမ်းခေါင်းကျောက်ဆိုတာ စျေးနည်းလျှင် အဖြစ်နည်းပြီး အပျက်များနိုင်သလို စျေးတန်းမြင့်လာပါက အဖြစ်လဲကြီးလာနိုင်သလို အပျက်လဲကြီးပါမယ်ရှင့်။ ကျောက်ဝယ်ဖြတ်လို့ အသားရမှဖြစ်မယ်လို့ထင်လျှင် ဖြတ်သားအမြင်သာဝယ်ပါ။ ခါးသားရမယ် ခါးကျော်မယ်ဆိုပြီး သိန်းကျောက် သောင်းကျောက်လောက်ကိုမဆိုထားနှင့် ဆယ်ကျောက် ရာကျောက်တောင် ငချိတ်သား အသားပိတ်ဖြစ်သွားနိုင်ပါတယ်ရှင့်။ မအောင်နိုင်တဲ့ကျောက်ကိုသာ အတော်အသင့်ခန့်မှန်းရလွယ်ချင်းလွယ်နိုင်တယ် အောင်ကျောက်ကိုတော့ အောင်ရမယ်လို့ မည်သူမှအတတ်မပြောနိုင်ပါ။(အတတ်ပြောနိုင်သူရှိလျှင်ခေါ်ခဲ့လိုက်ပါ ကျမကိုယ်ကျောက်ဝယ်ပေးပြီး အာမခံချက်နှင့်ဖြတ်ပေးပါ သိန်း500တန်လောက် ဝယ်ဖြတ်ချင်လို့ပါ အများကြီးအောင်စရာမလိုပါ