en
Feedback
ကျောက်စိမ်းပညာ (Channel )

ကျောက်စိမ်းပညာ (Channel )

Open in Telegram

ပို့စ်ပ်ုင်ရှင်ဆရာများအားလုံးကို လေးစား ဦးညွှတ် ဂါဝရပြုပါတယ်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Show more
2 710
Subscribers
-124 hours
-47 days
-1530 days
Posts Archive
ကျောက်စိမ်း၌အကောင်းဆုံးသောအရာများ ######################## မှော်တွေထဲမှာ အကောင်းဆုံးမှော် မှော်စီဆာ(သက်တမ်းရင့် ကျောက်စိမ်း အသားကျောက်ကောင်း ဘော်လီ အသစ်အဆန်းများထွက်ရှိရာမှော်) အသားမှာမှော်စီဆာ အရည်တွေထဲမှာအကောင်းဆုံးမှော်ကတော့ မှော်ဝမ်းနဲ့ဝေခါ(အရည်မှာဝေခါလို့ဆိုတယ်) ကျောက်စိမ်းကာလာတွေထဲမှာအကောင်းဆုံးနဲ့လူကြိုက်အများဆုံးကာလာ အစိမ်းရောင်(ထိုကြောင့် အရည်ကို လူကြိုက်များတယ်) ကျောက်စိမ်းပန်းတွေထဲမှာ ပဲကန်စွန်းကအမြင့်ဆုံး အပွေးအကျွတ်တွေထဲမှာ ကာလာကျွတ်ကအမြင့်ဆုံး ဘော်လီတွေထဲမှာတော့ ချွမ်ဘော်လီအမြင့်ဆုံးတဲ့ ခုန့်တွေထဲမှာ ပျားရည်ခုန့်ကအမြင့်ဆုံး ခုန့်ပါတဲ့ကျောက်တွေမှာ အရည်စွဲရင် ခုန့်ကြာလုဟုခေါ်၍ စျေးကောင်းရတတ်တယ် ခုန်ရယ်ချွမ်ရယ် ကျောက်သားတစ်ခု၌ ကျောက်သားမြင့်၍ထိုကာလာနှစ်ခုဆွဲနေလျှင် ရှားပါးဖြစ်စဉ်မို့ စျေးကောင်းရတတ်တယ် ချွမ်တွေထဲမှာအမြင့်ဆုံးက ဗေဒါချွမ်ပါရှင့် ခွံဖြူထဲမှာအကောင်းဆုံးထွက်တဲ့မှော်က မနမှော်နဲ့ဆန်ခါတောက်ပကြယ် ချွမ်တွေမှာအကောင်းဆုံးထွက်တတ်တာ အောင်ဘာလေနဲ့ဝေခါ(ချွမ်ငွေ့ဖျော့ရင်အပျက်များတာနမ္မချီ) ခန္တီးက အရည်ကျွမ်းတတ်တယ် မှော်စီဆာ က မှတ် တက်တယ် ဝေခါကအရည်ဖြောင့်တယ် ရုန်းချို​မှော်က ငုတ်ထယ်လုံးစိမ်းက အရည်ချိုတယ် မြေမှန်အချိန်တစ်ရာနှစ်ရာဖြစ်ရင် သတိထားရမယ့်မှော်က ရန်ပြိုမှော် အရွယ်သေးမြေမှန်ဆို သတိထားရမှာက အောင်ဘာလေနဲ့ကြန်ခတ်မှော် ရေခွံမှာ တာမခံအကောင်းဆုံး အကာမှာ(အကာမျိုး) မှာ ကာဖြူနဲ့ဆင်သရေခွံအကောင်းဆုံး မန်းမှာ မန်းဖြူအကောင်းဆုံး အရည်မှာ ဒေါင်းမြှီးရည်ဟုခေါ်သော ဒေါင်းမြှီးရည်အကောင်းဆုံး အမြင့်ဆုံးအသားက ဘောလီ ဖန်သားမှန်သား အရည်ဖြစ်စေ အသားဖြစ်စေ ကြည်လင်သန့်ရှင်းမှုအမြှုပ်အဆံပပြစ်အနာအဆာကင်းမှု အရောင်ညီညာစိုပြေမှုက အကောင်းဆုံး စံနေစံထားသုံး ကျောက်စိမ်းအတိုင်းအတာ မှတ်ချက်။ ကျောက်စိမ်း၏အရည်အချင်း အမျိုးအမည် လုပ်ချက်ပညာများကို အတတ်ပညာရှင်များထံ၌ သင်ယူလို့ရပေမယ့် စျေးကွက်ပညာကျောက်စိမ်းအရောင်းအဝယ်၌ အတတ်ပညာရှင် များတွင် ရေကုန်ကမ်းကုန် သင်ယူဖို့မလွယ် မိမိကိုယ်တိုင် ကျောက်စိမ်းစျေးကွက်အရောင်းအဝယ်ပြုသောနေရာများဖြစ်တဲ့ မန္တလေး ဖားကန့် နေရာမျိုးမှာ မှ မဟုတ်ရင် စျေးကွက်အကြောင်း ကောင်းစွာသိဖို့ခက်ခဲခြင်းကြောင့် ထိုနေရာမျိုး၌ များစွာ သောကျောက်စိမ်းများဖြင့် မျက်မြင်လက်တွေ့ မြင်ကြားထိတွေ့မှု ကြိမ်ဖန်များစွာ တည်ရှိများမှ အနည်းဆုံး အချိန်တနှစ်မှသုံးနှစ်အထိ နီးစပ်မှသာလျှင်အရောင်းအဝယ်စျေးကွက်ကိုလုပ်ကိုင်သင့်ပါတယ်ရှင် ထိုမှမဟုတ်လျှင် အတွေ့အကြုံ အားနည်းပါက အင်တာနက်လိုင်းပေါ်မဆိုထားနှင့် မျက်မြင်အပြင်မှာဝယ်ရင်ကို စျေးပိုများစွာပေးခြင်း မမှန်ကန်သောကျောက်တုဝယ်ယူခြင်း မှော်မမှန်ခြင်း မသိမမြင်ဖူးသော ကျောက်အမျိုးအစားကို လှသည်အထင် အာရုံ မှား၍ အကြီးကြီးမှားတတ်ပါတယ် မူရင်းရေးသားသူအားလေးစားစွာ Crd ပေးပါသည် ပြန်လည်ကူးယူမျှဝေခြင်း #jade knowledge sharing

မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ် အရည်အသွေးပိုင်းကွာသလား? မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ် အရည်အသွေးပိုင်းမှာ တော်တော်ကွာပါတယ်။ မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့တန်ဖိုးအားနှိုင်းယှဥ်မူကွာသလား? မြန်မာဂျိတ်နဲ့ဂွါတီမာလာဂျိတ်တို့သည်တန်ဖိုးအားဖြင့် သိသာကွဲပြားစွာကွာပါတယ်။ ဥပမာပြောရရင်။ တစ်ကျပ်သားခြင်းတူရင်တောင် ရွှေတစ်ကျပ်သားစျေးနဲ့ ကြေးတစ်ကျပ်သားစျေးကွာသလိုကွာတာပါရှင့်။ ဂွါတီမာလာကျောက်သည်အသားဆန်းအပွေးအကျွတ်ကဲ့သို့ကျောက်တွေ၌လဲ မြန်မာဂျိတ်အခေါ်တိမ်ခိုကာလာကဲ့သို့ ပိုလာတာများဖြင့် တိမ်ခိုကာလာအားဖြင့် ပိုသာနေမယ် အပြာရိပ်ခံပိုအားများနေတတ်ပါတယ် သူတို့ကျောက်ကကာလာပိုတောက်နေတတ်ပါတယ်ရှင့်။ မြန်မာပြည်တွင်းစျေးကွက်သို့ ဂွါတီမာလာကျောက်ဝင်လာခြင်းသည် ကောက်ညှင်းဆန်ထဲ ဆန်ကြမ်းရောသလိုပါ ဆန်တော့ဆန်ပါပဲ ဆန်စျေးခြင်းမတူညီပါ ကောက်ညှင်းဆန်ထဲဆန်ကြမ်းအရောများရင် ကောက်ညှင်းစျေးပါပျက်ပါတယ် ထိုသို့ပုံစံမျိုးဖြင့် အဓိကအားဖြင့် တရုတ်တို့မှ မြန်မာကျောက်စိမ်းစျေးကွက်ကိုအားလျှော့အောင်လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်ထွက်ကျောက်ကောင်းများကို စျေးအကျ စျေးနိမ့်၍ဝယ်ကောင်းအောင်ဖန်တီးသောလှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။ ကျမတို့ ကျောက်စိမ်းလောကသားတွေကလဲ ဂွါတီမာလာကျောက်လုံးစွတ်များကို အတော်အသင့်သိကြပြီဆိုလျှင် ရောင်းခြင်းဝယ်ခြင်းဂရုစိုက်၍ ဂွါတီမာလာကျောက်ဆိုလျှင် အရောင်းအဝယ်ပြုမူမလုပ်ပဲရှောင်သူများလာပါက ဂွါတီမာလာကျောက်လုံးစွတ်က လုံးလုံးကြီးမပပျောက်သွားရင်တောင် စျေးကွက်ထဲနေရာယူခြင်းနဲ့ မြန်မာဂျိတ်စျေးကွက်ကိုပါထိခိုက်မူအားနည်းသွားလိမ်မယ်လို့ထင်မိတယ်။ ဂွါတီမာလာဂျိတ်သည် အရိုင်းတုံးအဆင့်မှာ အမြဲလုပ်ကိုင်နေသူများအဖို့ခွဲရလွဲပေမဲ့ အချောထည်အဆင့်ရောက်သွားလျှင် စစ်ချက်ထုတ်တဲ့နေရာကတောင် မြန်မာဂျိတ်/ဂွါတီဂျိတ် တိတိကျကျထုတ်ပေးနိုင်မူအားနည်းသောကြောင့် အခက်အခဲကတော့ရှိနေအုံးမှာပါ။ အပွင့်အထည်အရောင်းအဝယ်၌လဲ A- JADE ဖြစ်ယုံနဲ့ မလုံလောက်တဲ့အနေအထားတွေကြောင့် (အဓိကထွက်ရှိသောနိုင်ငံကြောင့် စျေးကွက်ဂယက်ရိုက်နေအုံးမယ်)ခက်ခဲမူကရှိနေပါအုံးမယ်။ လုံးစွတ်မှာတော့ ဂွါတီမာလာကျောက်တွေ အလာများသော အခွံရောင်တွေကိုပြောရမယ်ဆိုပါက။ 1။ အဝါရောင် 2။ဝါနီစပ်အရောင် 3။ ဝါဖြူစပ် ထိုအရောင်ပါသောကျောက်တွေကိုသတိထားရပါမယ်ရှင့် အချွဲခံရှိမယ် ကာလာကြောင်မယ် အသားပြစ်မယ် အဲသဘောတော့ရှိပါတယ် ဖယောင်းကော်ကဲ့သို့အသားမျိုးလဲလာတတ်ပါတယ်ရှင့်။ ကျမလဲတတ်နိုင်သလောက်တော့ရေးပေးထားပါတယ်ရှင့် အောက်ကပုံတွေထဲမှာတော့ မြန်မာဂျိတ်ထက်ကာလာပိုသော တိမ်ခိုကာလာသန်းအား(အပြာခံအရိပ်)များသော ဂွါတီမာလာ ကျောက်များကိုရှင်းလင်းကွဲပြားစွာမြင်တွေ့ကြမှာပါ Crd #Ohnmar Tun(ကျောက်စိမ်းရောင်းဝယ်ရေး)

"လူပြောများနေသော ဂွါတီမာလာကျောက်စိမ်းအကြောင်း" ****** ယခုနောက်ပိုင်း မန်းဝိုင်းစျေးကွက်မှာရော မှော်ထဲနှင့်ပြည်တွင်း၌ အရောင်းမှား/အဝယ်မှားယုံမက ပြည်တွင်းထွက်မြန်မာပြည်ကျောက်စိမ်းစျေးကွက်ကိုပါ ဂယက်ရိုက်တဲ့ထိဖြစ်စေသော ဂွါတီမာလာကျောက်အကြောင်းလေး အစုံအလင်ကြီးမဟုတ်ခဲ့ရင်တောင် တော်တော်များများနားလည်လွယ်အောင် ပြောပြပေးပါမယ်ရှင့် ကျမတို့ကတော့ လုံးစွတ်လိုင်းမို့ လုံးစွတ်နှင်ဆက်စပ်၍ မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့ ဆင်တူသလိုနဲ့ကွဲပြားသောအချို့အချက်တွေရှိပါတယ်ရှင့် No(1)ကျောက်ယမ်း (ကျောက်ယမ်းကြည့်၍ခွဲရခက်မယ် နားမလည်သူအတွေ့အကြုံနည်းပါက ခက်ခဲပါမယ်) No(2)ကျောက်ဝိတ် အလေးချိန်(ဝိတ်အလေးချိန်အားဖြင့်လဲ ခွဲရခက်ပါတယ် ) No(3)အထိုင် (အထိုင်အားဖြင့်လဲ ခွဲရခက်ပါတယ်) ဤ(3)ချက်အားဖြင့် အကြမ်းဖျင်းခွဲရခက်ပါတယ် (တစ်ခုတော့ အမြဲလုပ်ကိုင်နေသူအတွက်တော့ခွဲရလွယ်ပါတယ် ယမ်း အထိုင် ဝိတ် သိသိသာသာတူညီတာမျိုးမဟုတ်သောကြောင့် မသိမသာလေးကွာဟမူအနည်းငယ်လေးသာရှိသောကြောင့် ခွဲရနိုင်ပါတယ်) မြန်မာဂျိတ်နဲ့ ဂွါတီမာလာဂျိတ်တို့ လုံးစွတ်၌ ဘယ်အချက်တွေက မတူညီကွဲပြားသိသာစေသလဲ? No(1)=အခွံ (ကျောက်ခွံရောင်ကိုကြည့်၍ ခွဲလို့ရတယ် ကျောက်ခွံရောင်သည် မြန်မာကျောက်စိမ်းကဲ့သို့လာတတ်ပေမဲ့ အရောင်အသွေးပုံစံသည် တအားသိသာခြင်းမျိုးမဟုတ်ပေမဲ့ မျက်မြင်ထိတွေ့ရပါက ခွဲရလွယ်စေပါတယ်)(အရောင်အားဖြင့် ကွဲပြားပါတယ်) No(2)# အခွံကြော (အခွံကြောသည်လဲ ဆင်တူသလိုထင်ရပေမဲ့ ထိုကျောက်ပုံစံများသည် အခွံကျပ်ပုံစံများ အများစုလာတတ်မယ် အခွံကျပ်မယ်အခွံပါးမယ် အခွံကြောတင်းတယ်လိုဆိုရမယ်) No(3)မီးပေါက်အား အလင်းပမာဏ(မီးပေါက်ပုံမှာလဲ မြန်မာဂျိတ်ကဲ့သို့ မီးပေါက်ပုံမျိုးမဟုတ်ပဲ အလင်းကျစ်မယ် အလင်းပျစ်မယ် အလင်းစုမယ် အချွဲခံပေါက်သလိုပေါက်မယ် မြန်မာဂျိတ်ကဲ့သို့ (ကျောက်ကောင်းပုံစံမျိုး အပွေးတွေ ဆန်းပွေးတွေ ကျွတ်ပွေးတွေ ဆန်းကြောကျွတ်ကြောတွေပါရင် မြန်မာဂျိတ်ဆိုလျှင် မီးပေါက်အား မီးပွင့်အား မီးကန့်အား ကောင်းတတ်ပြီး အလင်းကားမယ်(အလင်းပြန့်) ထိုကျောက်တွေကအလင်းစုမယ် အလင်းပြန့်နှုန်းနည်းတယ် မီးပေါက်အားထိုင်းထိုင်းမှိုင်းမှိုင်း မီးပေါက်ဝပ်တဲ့သဘောရှိပါမယ်ရှင့်။ အမြဲလုပ်ကိုင်နေသူများအတွက်ကတော့ မီးထိုးကြည့်ယုံနဲ့သိကြတယ် =မှတ်ချက်=အပွင့်အထည်အချောလိုင်းကိုမဆိုလိုပါ) No(4)ဆန်းပွေး ကျွတ်ပွေး ဂျိတ်ပွေး အရည်ပွေး မန်းတို့သည် မြန်မာဂျိတ်ကဲ့သို့လာတတ်ပေမဲ့ ပုံသဏ္ဍန်ဖြစ်ပေါ်မူအခြေနေမတူညီပါ မြန်မာကျောက်စိမ်းထက်ပိုသော ပီပီပြင်ပြင် ပို၍ထင်ပေါ်သော အပွေးအတက်ပုံစံမျိုးလာတတ်ပြီး အပွေးကြောတွေ ဆန်းကြော ဂျိတ်ကြောတွေဆိုရင်လဲ သေးသေးသွယ်သွယ်ပုံစံမျိုးမလာပဲ မြန်မာဂျိတ်ထက်အပွေးအား ဆန်းကြောအားတွေသာလွန်စွာကြီးတာမျိုးလာတာများတယ် အပွေးရုပ်တွေကလဲ ချောမွေ့သောမျက်နာပြင်ပုံစံ ပြူးပြူးပြောင်ပြောင်လာပါတယ်။ အပွေးအားမီးရိပ်တွေ၌လဲ အချွဲခံပေါက်သလိုပေါက်နေမယ်။ No(5)#ကာလာအားဖြင့်လဲ မြန်မာဂျိတ်ထက် ကာလာကြောင်ခြင်း ကာလာမဖျောင့်ခြင်းမျိုးပိုလာပါတယ်ရှင့်။ ကျောက်ဆီကျောက်သားအမြင့်ပုံစံလာပေမဲ့ အမြဲလုပ်ကိုင်နေသူများအတွက်တော့ မခက်ခဲပဲခွဲနိုင်ကြတယ်။ ##################### အဲတော့ ဂွါတီမာလာကျောက်ပုံစံနဲ့ဆင်တူပေမဲ့ကွဲပြားတဲ့အချက်တွေရှိသလို အထူးသတိထားရန်လိုအပ်သောအခြေနေတစ်ခုရှိပါတယ်။ ဂွါတီမာလာကျောက်သည် မြန်မာဂျိတ်ကဲ့သို့ အရည် ပဲ ချွမ် ဂျိတ် အကျွတ် ခုန့်ခွမ့်အကုန်လာပါတယ်။ ဒါပေမဲ့ လက်ရှိအများစုမြင်တွေ့နေရတဲ့ဂွါတီမာလာကျောက်တွေသည် မြန်မာဂျိတ်ကဲ့သို့အခွံပေါင်းစုံမတွေ့ရသေးပါ။ လက်ရှိအများမြင်တွေ့နေကျ ဂွါတီမာလာအခွံရောင်များမှာ အပေါ်ကြောထွက်သောအခွံကြောပုံစံအများစုလာတယ်။ ဂွါတီမာလာကျောက်အများစုလာတတ်သော အခွံရောင်နှင့်မြန်မာဂျိတ်ကဲ့သို့ဆင်တူသော အခွံအုပ်စုများမှာ။ 1။ မြေမှန်ခွံအုပ်စုအဖြစ်လည်ကောင်း 2။ တာမခံအုပ်စု သနားခါးခွံ အားလူးခွံ ကဲ့သို့လည်ကောင်း 3။ မြေမှန်သံဂျေးခွံကဲ့သို့လည်ကောင်းလာတတ်တယ်။ မြေမှန်ခွံ/သနားခါးခွံ/အားလူးအဝါခွံ/ခွံဝါ မြေမှန်သံဂျေးခွံ(ဝါနီစပ်ခွံ)အလာများပါတယ်။ အပေါ်ကဖော်ပြသော ကျောက်အခွံရောင်/ပုံစံမျိုး မိမိတို့မျက်စီရှေ့တွေ့လျှင် ပစ္စည်းလှနေပါက ပြချက်ကောင်းသော အရည် ပဲ/ ချွမ်/ဂျိတ် လန့်ဂျိတ် ဘလက်ဂျိတ်တို့အပွေးဖြစ်စေတစ်ခုခုလှရာပါရှိက စက်နဲ့ပွတ်ထားသကဲ့သို့ညီညာသောအပွေးမျက်နာပြင်မျိုးလဲလာတတ်တယ် အထူးသတိထားရမည်။အပေါ်ကအခွံပုံစံမျိုးဆိုသတိထားပါ မြန်မာပြည်ကျောက်လား ဂွါတီမာလာကျောက်လားဆိုတာကို အကယ်၍ မိမိကမသိရှိသည်ဖြစ်စေ ဝေဝါးနေသည်ဖြစ်စေ ရောင်းသူပြလက်အား မေးခွန်းတစ်ခုတော့မေးသင့်ပါတယ်။ ထိုမေးခွန်းကတော့ အရောင်းအဝယ်ပြုမူမှာ တစိတ်တပိုင်းကအရေးပါလာနိုင်တယ်။ မေးခွန်း????= မြန်မာဂျိတ်လား? ဂွါတီမာလာလားလို့?မေးရပါမည် ဂွါတီမာလာဖြစ်လျှက်နဲ့ မြန်မာဂျိတ်လို့ပြောရောင်းပါက အကယ်၍တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ထိုစကားတစ်ခုနဲ့တင် အစအဆုံးပြန်လိုက်လို့ရပါသေးသည်။ (တရုတ်ပြည်မှာဆိုလျှင် ဂွါတီမာလာကျောက်ကိုဂွါတီမာလာကျောက်လို့ပြောင်းရောင်းသော အရောင်းနေရာများရှိပါသည် သူစျေးကွက်နဲ့သူ ရှိနေပါတယ်)

သတိထားစေချင်တာလေးတွေပါ... . . မှော်စီဆာက ယမ်းဆော့တာနဲ့ ယမ်းကြမ်းတာကိုသတိထားရတယ်၊ ယမ်းလုံးနဲ့လာတာများပြီး ယမ်းအနေအထားက ခိုင်ဖို့ ညီဖို့ လင်းဖို့လိုတယ်၊ အကျွတ်အဆန်း ဖြစ်နေပေမဲ့လဲ အဝါဂျိုး အဝါညှိ့ များနေရင်စျေးကွက်မှာ စျေးမရတတ်တာမျိုးဖြစ်တတ်ပါတယ်... . အောင်ဘာလေကျောက်တွေက တချို့ကျောက်သားမို့မောက်နေပြီး ကျောက်သားအန်နေတာကို အကျွပ်အဆန်းမျိုးထင်ပြီးအဝယ်မှားတတ်တယ်၊ အမြှုပ်အဆံများတတ်တဲ့ကျောက်မျိုးလဲဖြစ်ပါတယ်... . မနနဲ့ဘဆံကျောက်တွေမှာ အခွံ ရောင်အနေအထားက သက်တမ်းနုတဲ့ကျောက်မျိုးနဲ့ ရင့်တဲ့ကျောက်မျိုး အမြင်မကွဲပြားတတ်တာကြောင့် ကျောက်မျိုးအနု့အရင့်ကိုခွဲခြားရခက်ခဲတတ်တယ်... . တာမခံကျောက်တွေမှာ ခုန့်၊ ခွမ့် အလွှာ​တွေက အခွံအောက်မှာရှိနေတာကြောင့် တခါထဲဖြတ်မပစ်ပဲ အကောင်းဆုံးအခွံနေရာပေါ်ကနေကွမ်ချက်ဖော်ပြီးစျေးကွက်အရင်ထိုးကြည့်သင့်ပါတယ်... . မှော်ဝှမ်းကျောက်တွေမှာက မန်းဖြူပြချက်ပါလာခဲ့ရင် ပုံမှန်မှော်ဝှမ်းကျောက်တွေထက် အောင်ဖို့ရာခိုင်နှုန်းပိုမြင့်ပါတယ်၊ မန်းကြိုးကျစ်လစ်ပြီး ကြိုးပတ်မန်းပုံစံမျိုးက အောင်ဖို့မျှော်လင့်ချက်ပိုများပါတယ်... . နမ္မချီကျောက်ကအနာများတတ်လို့သတိထားရမယ်၊ အတွင်းဆန်း အကာဆန်း ဖြစ်တတ်တာများတယ်... . ဝေခါကျောက်တွေမှာကလဲအနာများတတ်တယ်... ကျောက်မျိုးဖောက်တာ၊ ကျောက်မျိုးရောတာ၊ ပလွန်ရောတာတွေဖြစ်တတ်တာကြောင့်အဝယ်မမှားဖို့အထူးဂရုပြုသင့်ပါတယ်... . ခန္တီးကျောက်မှာကလဲအနာများတတ်တဲ့အတွက်ကြောင့် လုပ်ချက်ကိုရှာမယ်ဆိုရင် ပယ်ထုတွက်ရတာခက်ပြီး အရည်မြင်တယ်ဆိုရင်လဲ ပြချက်မှာမည်းနေတဲ့အနေအထားမျိုးဆိုရင် အရည်ကျွမ်းနေတတ်ပါတယ်... . . မဂ်လာအောင်ကျောက်တွေပိုင်ဆိုင်နိုင်ကြပါစေ...🙏🙏🙏 Crd #koyejadebusiness #jade #Myanmar6

အကာမျိုး_ဖြတ်ချင်တိုင်းဖြတ်_မြတ်တယ် " အကာ " ဆိုတာလေး ကျွန်ုပ် သိသလောက်လေး ပေးပါရစေဗျာ။ မှတ်ချက်။ ကျွန်ုပ် အမြင်သက်သက်ပါ လွတ်လွတ်လပ်လပ် သဘောထား ကွဲလွဲနိုင်ပါတယ်။ အကာ ကို မပြောခင် လျှို ပဲ့တွေ အကြောင်း အရင် ပြောပါရစေ လျှိ ု ပဲ့ တွေမှာ သဘာဝ တရားရဲ့ ပြင်ပ လေဟာနယ် ထိတွေ့ မှူ့ တွေခံရပါတယ် ။ အဲ့ မှာ အရောင်တွေ ပြောင်းကုန်တယ် ကျွန်ုပ် သိသလောက် လျို ပဲ့တွေ မှာ အဖြူ ရောင် အမည်း ရောင် မြေမှန် အရောင် တွေ တွေ့ဖူးပါတယ်။ အဲ့လို လျို ပဲ့တွေ မှာ အဖြူ ရောင်သာလျှင် အသား ကောင်းတာများပါတယ်။ မှော်စီဇာ ဖက်က ကျောက်တွေမှာ အတွေ့ရများတယ် ။ တခြား မှော်တွေ မှာလည်း ရှိပါတယ် နည်းတယ်။ ကျောက်စိမ်းတုံး တခုက မြေကြီးထဲ မှာ နှစ်သန်းပေါင်းများစွာ နေရတာပါ။ အနာရှိရင် အနာအတိုင်း စိမ့်ဝင် ကုန်တာပါ။ ယမ်းတွေ စုစည်း ကျစ်လစ်တဲ့ ကျောက်တွေမှာ စိမ့်ဝင်နိုင်မှူ့ နည်းပါတယ်။ အကာ ကို ဆက်ပြောမယ် အဲ့လို ပြင်ပ သဘာဝ တရားရဲ့ ထိတွေ့ မှူ့ ကြောင့် ဓာတ်ပြု ခြင်းတွေ ဖြစ်ကြတယ် ။ ဥပမာ ... ခိ ပေါ့ ဖြတ်ခါစမှာ နည်းတယ် ကြာလာ များလာတာ ပါ။ အဲ့လို ပင်မ မြေကြီးထဲ နေတဲ့ ကျောက်က အပြင် ရောက်လာရင် ပြောင်းလည်းတာတွေဖြစ်ကုန်ပါတယ်။ မူလ ကိုက ကျောက်က ကောင်းနေရင်ကို အပြင်မှာ ချထားရင် အစိုဓာတ်ရှိနေတယ် မခြောက်ဖူး။ အကာ ဆိုတာ ကလည်း ယမ်း နဲ့ ကမ္ဘာ မြေကြီး တို့ရဲ့ ကြားက ဖြစ်ပေါ်လာတဲ့ တုန့်ပြန်ချက် တခုလို့ ယူဆပါတယ် ။ အကာ ပါ ရင် ကျောက် က ကောင်း တာများတယ် ။ အကာ ပါ ရင် အကောင်း ဖက်ကို အဖြစ်များတယ် ။ အကာ ကို ဘယ်လို သိနိုင်မလည်း ဆို ရင် လျို ပဲ့ အဖြူ ပါရင် အကာ ပါဖို့များတယ် အသား ကောင်းတယ် လျိုပဲ့ နေရာမှာ ဖြစ်ပေါ် နေတဲ့ အရောင်တွေ ကို ကျောက်အခေါ်မှာ ဝလုတက်တာ လို့ ခေါ်ကြတယ်။ အကာ ပါ ရင် ယမ်းတွေ က ကြည်လင်ပြီး သန့်နေတယ်။ အကာ ခံ နေရင် မီး ပေါက်အား ပြောင်းလဲတယ်။ မီး ပေါက်အား ကို ကြည့်တာ အတွေ့အကြုံ နဲ့ ဆိုင်ပါတယ် ။ လက်တွေ့ မို့ စာလို မရှင်းတတ်တာ နားလည်ပေးပါ ။ အကာ မှန် သမျှ အဖြူ ရောင်ပဲ ရှိပါတယ်။ ကျွန်ုပ် သိသမျှ အကာ ကို အတွေ့အကြုံ အတိုင်း မျှ ဝေ လိုက်ပါတယ်။ လိုအပ်ချက်တွေ ရှိရင် နားလည်ပေးပါ ။အကာ ပုံတွေ ပါ မူရင်းရေးသားသူကိုcredit ပေးပါတယ်

ရေမဆေးကျောက်ဝယ်နည်း ==================== ရိုးရိုးလေးပါ ဆန်းဆန်းပြားပြားလျောက်တွေးမနေနဲ့ ရေမဆေးဝယ်ဖြတ်လို့အောင်နိုင်တာက အကာမျိုးပဲရှိတယ်။ ဘယ်လိုရွှေးဝယ်ရမလဲဆိုတော့ ၁။အနာ နည်းတာရွှေး ၂။အထိုင်လှ ထောင့်အနားပါတာရွှေး ၃။ဝိတ်စီးတာ ဝိတ်လေးတာရွှေး ၄။မီးထိုးမပေါက်တာရွှေး (မီးထိုးမပေါက်မှ အကာခံအောင်နိုင်မည်) ၅။ယမ်းမြင်ရရင် ယမ်းမူန် ယမ်းညက်တာရွှေး ၆။ခွံရောင်ညီတာရွှေး ၇။ ချော်ပွတာရွှေး ဒီ၇ချက်နဲ့သာရွှေးဝယ်ပါ။ Crd #koyejadebusiness #jade #Myanmar

#ကျောက်စိမ်းလောကစ၀င်လိုသူများအတွက် အရေးကြီးဆုံး(၁၀)ချက် ########################## ကျောက်စိမ်းလောကစ၀င်လိုသူများအတွက် တကယ်သိသင့်သာ လေ့လာသင့်သာ သင်ယူသင်သာ အချက်များကို ရှင်းပြပါမယ် ၁#ကျောက်စိမ်း အစစ် အတု ခွဲခြားနည်း ဘယ်လိုင်းပဲ ဖြစ်ဖြစ် အရိုင်းတုံးမှစ၍ ဖြတ်သား အပွင့်အဆုံးထိ အတု အစစ် သိဖို့ က အရေးကြီးဆုံးပါ။ ၂# ကျောက်စိမ်းနဲ့ ပတ်သက်ရင် အဓိကဆုံးအရာက အသားတန်းသိဖို့လိုပါ ၃# ကျောက်ဆီ ပြည့်၀မူ ကျောက်ဆီအားပါဝင်မှုရှိ မရှိ သိရပါမယ် ၄#ကျောက်စိမ်း၌ ပါ၀င်သာ အရောင်များကိုသိရပါမယ် ကျောက်စိမ်းအရောင်က အစိမ်းရောင် တမျိုးထဲမဟုတ်ပဲ အရောင်အမျိုးမျိုးရှိပါတယ် ၅#ကျောက်စိမ်းအရောင်နှင့် ပတ်သက်၍ အရောင်ကို ကိုယ်စားပြု၍ ခေါ်ဆိုသာ အချက်အလက်များကို သိရပါမယ် ၆#ကျောက်စိမ်း၏ အနိမ့်ဆုံးအသားတန်းမှ အမြင့်ဆုံးအသားတန်းထိ လေ့လာမှတ်သားဖို့ လိုပါတယ် ၇# ကျောက်စိမ်းတစ်လုံး၏ လုံးစွတ်အရိုင်းမှစ၍ ဖြတ်သားအထည် အပွင့်အဆုံးထိ တန်ဖိုး သတ်မှတ်ပုံ အကြမ်းအားဖြင့်သိရပါမယ်။(ကျောက်စိမ်းတစ်လုံး၏ သတ်မှတ်တန်ဖိုးသည် အတိအကျဟူ၍မရှိပါ ရွှေကဲ့သို့ ပေါက် ဈေးဖြင့်သွားသည်မဟုတ်ပါ။ ၈#လုံးစွတ်ဆိုရင်တော့ အခွံ ယမ်း အထိုင် ဝိတ် မှော် ချော် ပေါက်ချက် မျိုးတန်း ကာလာတန်း သိဖို့လိုပါတယ်(ကျောက်ယမ်းပုံစံအမျိုးမျိုး အထိုင်ပုံစံအမျိုးမျိုး အခွံရောင် အခွံပုံစံအမျိုးမျိုး ကျောက်ဝိတ်အယူအဆ မျိုးတန်း အနုအရင့် မီးပေါက်ချက် အခြေနေ နုပေါက် ကျဲပေါက် ဆန်းပေါက် ချော်အမျိုးမျိုး သိဖို့လိုပါတယ်) ၉# ကျောက်စိမ်းပညာက ချက်ခြင်းသိလွယ်သော အရာမဟုတ်ပါ အတွေ့အကြုံအားအများကြီးလိုပါတယ်။ ၁၀#ကျောက်စိမ်းလုပ်ကိုင်နေသော အရောင်းအ၀ယ်ပြုနေသာ နေရာ ဒေသမျိုးနဲ့ သို့မဟုတ် အရောင်းအ၀ယ်ပြု‌ေန‌ေသာ လူများနှင့် ရင်းနှီးဖို့လိုပါတယ် အမြဲထိတွေ့ လေ့လာနေဖို့လိုပါတယ် ထို၁၀ချက်ကို သင်ယူပြီးရင်တော့ သင့်အတွက် ကျောက်စိမ်းလောကမှာ ရပ်တည်နိုင်ဖို့ အခွင့်အလမ်းများလာပါလိမ့်မယ် Crd Ohnmar Htun ကျောက်စိမ်းရောင်း၀ယ်ရေး ်််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််

#အတွင်းဆန်းအကြောင်း# ********** အတွင်းဆန်းဆိုတာ ပြင်ပကျောက်၏မျက်နှာပြင်ခွံပေါ်တွင် ကောင်းစွာမပြရှိပဲ ထူးခြားစွာ ကျောက်၏အတွင်းထဲတွင်ဖြတ် ကွမ်ဖောက်တဲ့အခါ မမျှော်လင့်မထင်ထားလောက်အောင် ကျောက်သားကောင်း ကျောက်သားမြင့် အသားဆန်း ရရှိခြင်းကိုဆိုလိုသည်။ ထပ်မံ၍ရှင်းပြရလျှင် ကျောက်၏အခွံမျက်နှာပြင်၌ ဆန်းပွေး ဆန်းကြော ကျွတ်ပွေး ယမ်းခေါင်းမဲခြင်း မီးကောင်းစွာပေါက်ခြင်း မီးရိပ်ဆန်းပေါက်ပါခြင်း ထိုသို့ ကျောက်သားဆန်း ကျောက်သားမြင့်နိုင်သောအချက်များမပါပဲ ဖြတ် ကွမ်တဲ့အခါ အသားဆန်းခေါ် အတွင်းဆန်းဖြစ်တာဟုခေါ်သည်။ အတွင်းဆန်းတွေကဘယ်လိုပုံစံမျိုးနှင့်အများစုလာတတ်သလဲ? 1။ အကာခွံ ကာဖြူ မန်းကာ အခေါက်အကာ အဲ့လိုပုံစံ မျိုးဖြင့်လာတတ်ခြင်းကြောင့် အကာခွံ အကာခံ တဲ့ကျောက်တွေ ဖြတ်အောင်တာများခြင်းကြောင့် အကာမျိုးဆိုလျှင် လူကြိုက်အများဆုံးဖြစ်သည်။အကာခွံနှင့်ပတ်သတ်လျှင် ဆင်သားရေခွံသည် အကောင်းဆုံးနဲ့အောင်နိုင်ချေအများဆုံးဖြစ်ပါသည်။ဆင်သားရေခွံကျောက်အား အကာခွံစာရင်းထဲသွင်းနိုင်ပါသည်။ 2။ ထုံးခွံ သည် လည်း ဖြတ်အောင်တာ များကြသည်။ ထုံးခွံ အားလည်း မီးပေါက်အားနည်းခြင်း လုံးလုံးမီးမပေါက်ခြင်း တည်ရှိပါက ထိုကျောက်အကာခံတတ်ပြီး အသားဆန်း အမြင့်မှ ဘော်လီရေခဲသား ဖန်သား မှန်သားထိရတတ်ပါသည်။ ထိုမျိုးကိုလည်းအကာမျိုးလို့ခေါ်၍ ပြင်ပပြချက်ထက်ထူးခြားစွာဖြတ်အောင်ခြင်းကြောင့် အတွင်းဆန်းမျိုးများဟုခေါ်ပါသည်။ 3။ ကျောက်ယမ်း ကျောက်ခွံ သည် ပိပြားညီညာချောမွေ့စွာဖြင့် မီးပေါက်ချက်လုံးဝမပေါက် အခွံကျပ် ယမ်းကျပ် ပုံစံ ဖြင့်လာ၍ ဖြတ်ကွမ် ဖောက်တဲ့အခါ အတွင်း ဆန်း အသားဆန်းမြင့် ကျောက်သားကောင်းအောင်တတ်ပြန်သည်။ သိုပေမယ့် ကျောက်စိမ်းတို့၏သဘောတရားများသည် ကောင်းမွန်သောကျောက်သားရရှိပုံနဲ့ မကောင်းမွန်သောကျောက်သားရရှိပုံ မီးမပေါက်ခွံကျပ်ပုံခြင်း ဆင်တူပြန်သည်။ တချို့က မီးမပေါက်တဲ့ကျောက်ဖြတ်တဲ့အခါ အခွံကျပ်မီးလင်းယမ်းမပါခြင်းကြောင့်ကျောက်သားပိတ်ကျောက်သားပျက်များဖြစ်တတ်သည်။ တချို့က မီးမပေါက်သောကျောက်ဖြတ်တဲ့အခါ အတွင်းဆန်းဖြစ်၍အသားကောင်းရကြပြန်သည်။ ထိုနှစ်ချက်ကွဲလွဲမှုက အခွံနဲ့ယမ်း အထိုင်ကွဲလွဲမှုကြောင့်လိုထင်ပါသည်။မီးအနည်းငယ်မှမပေါက်ပဲ အထိုင်အလွန်လှနေတဲ့ကျောက် ထောင့်ကျကျအထိုင်များ ဖြတ်လျှင်အသားပိတ်အသားပျက်တာများပါသည်။ အဲ့ဒီ တော့ မီးမပေါက်လို့ပစ်ထားသော စျေးချိုစွာနဲ့မီးမပေါက်၍ရောင်းချသော ဆေးချက်ကျန်ကျောက်များနှင့် ကုမ္ပဏီ တွေမှရောင်းချတဲ့ ပိဿာချိန် ကျောက်မျိုးများထဲမှ အတွင်းဆန်းဖြတ်အောင်ကျပါသည်။ မီးမပေါက်တဲ့ကျောက်အများစုအသားပျက် အသားပိတ်နိုင်တယ်လို့ယူဆပါကလည်းမမှားပါ သို့ပေမယ့် မီးမပေါက် တဲ့ကျောက်မှ အတွင်းဆန်းကျောက်သားကောင်းကျောက်သားမြင့်ရတတ်တာကိုလည်း ဂရုစိုက်စေချင်ပါသည်။မီးမပေါက်၍အတွင်းဆန်းဖြစ်တဲ့အခွံများမှာ ကျောက်ယမ်း ကျောက်ခွံ ပိပြားချောမွတ်ညီညာစွာဖြစ်နေလျှင် ထိုကျောက်မျိုးအောင်တတ်ပါသည်ရှင့် Crd Ohnmar Tun (ကျောက်စိမ်း ရောင်းဝယ်ရေး)

အကြောင်းများတော့ ရှင်းမပြတော့ပါ စာအလွန်ရှည်တော့မည်။ ၈=ကျောက်၏အလေးချိန် ဝိတ်( ကျောက်စိမ်းတုံး၌ ပါရှိသော အလေးချိန် ဝိတ်အားသည် သာမှန်ကျောက်ခဲတုံး ကျောက်မဟုတ်သော အတုံးများတွေထက် အလေးချိပိုပါသည်။ ကျောက်စိမ်းတုံး ဟုတ်မဟုတ် လက်က #မ # နှိုင်း ဆ ကိုင်ကြည့်ယုံနဲ့ သိသာပါသည်။ ပလွမ်နဲ့ ကျောက် ပုံစံတူသောလဲ အလေးချိန်သဘောသဘာဝ တစ်ချက်နဲ့ကို ခွဲခြားသိမြင်သည်။ ကျောက်စိမ်းတုံး၏ ဝိတ် အလေးချိန်သည် အရွယ်တူ ဆိုက်တူ အခြားအရာများနဲ့ နှိုင်းဆလျှင် ကျောက်စိမ်း၏ အလေးချိန်က သိသာစွာ ပိုနေမှန်း အလေးချိန်စီးနေမှန်း သိနိုင်ပါမည်။ ကျောက်မျိ ုးခွဲတဲ့အခါ ဝိတ်အလေးချိန်ကလဲ အက္ခရာကျပါသည်။ မှော်စီဆာ ကျောက်များသည် စိန်တူခေါက်ချက်မလိုပဲ ကျောက်နဲ့တူသော ပုံစံတွေကို လက်နဲ့ကောက်ကြည့်ယုံနဲ့ လွယ်ကူစွာ သိနိုင်သည်။ ဝိတ်အလေးချိန်နဲ့ ကျောက်မျိ ုးခွဲတဲ့အခါ အချိန်၁၅ပိသာအောက်က ကျောက် မည်သည်မှော်ထွက်ကျောက်ဖြစ်ပါစေ အလေးချိန်နဲ့တင် သိသာစွာ ခွဲလို့ရသည်။ သိုသော်လဲ ဝိတ်အလေးချိန်နဲ့ ကျောက်တိုင်းခွဲမရပါ အဘယ်ကြောင့်ဆိုသော အချိန်၁၅ပိသာထက် ကျော်လျှင် တစ်ဦးထဲ ကျောက်အား ကိုင် မ ဖို့ ခက်လာခြင်းကြောင့် ဖြစ်ပါသည်။(အလုံးကြီးလိုင်း ကျောက်တွေ ဝိတ်တန်း တစ်ဦးထဲ ခွဲဖို့ ဘယ်လွန်မှမဖြစ်နိုင်ပါ တန်နဲ့ချီ၍ ထွက်ခြင်းကြောင့်ဖြစ်သည် သို့သော်လည် မည်သည် ကျောက်စိမ်းမှော်ဖြစ်ပါစေ ကျောက်၏ သိပ်သည်းဆ အားကြောင့် ဝိတ်အလေးချိန်တွေကတော့ သာမှန်ကျောက်တွေထက် သာပါသည်။ ပလွမ်နဲ့ ကျောက် မျိ ုးခွဲတဲ့အခါ ဝိတ်အလေးချိန်ကလဲ အက္ခရာ တစ်ခုဖြစ်သည် ။ ပလွမ်ယမ်းသည် ကျောက်ယမ်းလိုမဖြူဖွေးပါ ယမ်းကညစ်တစ်တစ်အရောင်နေတတ်သည်။ ပလွမ်အခွံပေါ်က ယမ်းအား လက်နဲ့ပွတ်ကြည့်လျှင် နည်းနည်းလက်ထဲ၌ ချောနေသလို ခံစားရပါမည်။ ပလွမ်ယမ်းသည် ယမ်းအိပ် ယမ်းလုံး ဖြစ်တတ်သည်။ ကျောက်၏ ယမ်းလုံး ယမ်းအိပ်ပုံနဲ့ မတူပါ။ ကျီးကန်းယမ်းသည် အပြာနှောသော အရောင်ဖြစ်သည်။ ကျီးကန်းယမ်းသည် ယမ်းထပ် ယမ်းကွက်လေးများ သေးသွယ်သော ထောင့်အနားပါသော့ လေ့ထောင့်ပုံစံရှိတတ်သည်။ မှန်ဘီးလူးဖြစ် သို့မဟုတ် မျက်လုံးဖြင့် သေခြာစွာ ကြည့်တတ်လျှင် မြင်ရပါမည်။ ၉။ မှော်အမျိ ုးအစား( မိမိရောက်ရှိသော နေရာဒေသ မှော်အမျိ ုးအစားကိုလဲ သိရပါမည်။ ကျောက်အထွက်များ သောပုံစံအရောင် ချော် ခွံရောင်များကို သိရပါမည် ။ အလုံးကြီးလိုင်းလား အသေးလိုင်းလား ချော်ထူလား ချောပါလား ချောပြောင်လား ခွဲတတ်ရပါမည်။ ကျောက်စိမ်းရေမဆေး ခွဲခြားရခက်သော ကျောက်ကြောမှာ အမည်းကြော(အမဲကျော)သာဖြစ်သည်။ အမဲကြောသည် ကျောက်နဲ့ပုံစံတူသော ကျီးကန်း ပလွမ် မေါက်ခဲတုံးများ ကျောက်ပုံစံအထိုင်များ အလွန်များပြားခြင်းကြောင့် ကျောက်ကျွမ်းကျင်သူတွေတောင်တစ်ခါတစ်ရံ ကျောက်ကို ခွဲရခက်စေပါသည်။ သို့သော်လည့် မည်သည်ကျောက်ကြောဖြစ်ပါစေ ကျောက်ယမ်းပိုင်လျှင် ကျောက်ခွဲရ လွဲကူပါမည်။ ရေမဆေးကျောက်အားလုံးဝမသိသေးသောသူများ ရေမဆေးကျောက်ရှာဖွေမယ်ဆိုလျှင် မှော်ကျောက်ရှာသက် မှော်နေသက်များသူတွေနဲ့ တွဲ၍ ရှာမယ်ဆိုလျှင် ကျောက်မျိ ုး ခွဲတတ်ဖို့ အမြန်တတ်လွယ်ပါမည်။ တစ်ခုတော့ရှိပါသည် ကျောက်စိမ်းပညာ လိုင်းအများကြီးရှိပါသည်။ မည့်သည် ကျောက်စိမ်းလိုင်းဖြစ်နေပါစေ စိတ်ပါဝင်စားစွာ လေ့လာသင်ယူသူက သာမှန်သင်ယူသူထက် ပို၍ တတ်လွယ်ပါမည်။ ပါရမီဆိုတာ မွေးရာပါ လက္ခဏာမဟုတ်ပါ အပတ်တကုတ်စိတ်ပါဝင်စားမူ အာရုံစူးစိုက်မူ ကြိုးစားလေ့လာ သင်ယူ မှတ်သား နာခံသူအတွက် ထူးခြားသော ပါရမီ ရရှိမှာဖြစ်ပါမည်။ ရေမဆေးကျောက်ရှာဖွေရန်အတွက် လိုအပ်သော ပစ္စည်းများ ၁။ စိန်တူ(ကျောက်ကိုခေါက်၍ ကျောက်မျိ ုးနွယ် စစ်ဆေးရသော အသုံးဆောင်ပစ္စည်း စိန်တူသွားပါ တုတ်တံ ) ၂။ ပွိင့်ဖိနပ်( ကျောက်ရှာသောအခါ မြေစာပုံကားသွန်မှာရှာခြင်း ကျောက်တူးခြင်း မျောတိုက်ခြင်း ကျောက်ရှာဖွေသော လုပ်ငန်းများ၌ သွားရေး လာရေးလွယ်ကူရန် အတက်အဆင်းများ ခြေကုတ်အား ပြေးရ လွှားရ ကျောက်ရှာဖွေတဲ့အခါ အဆင်ပြေရန် သုံးစွဲရ၍ ပွိုင့်ပါသော ဖိနပ်) ၃။ ကျောက်ရှာဓာတ်မီး သို့မဟုတ် ကျောက်ကြည့်ဓာတ်မီး( နေ့ဖက်ကျောက်ရှာခြင်း ဓာတ်မီးအား ကျောက်မျိ ုးရတဲ့အခါမှသာ လိုအပ်ပေမဲ့ ညဘက်အခါ ကျောက်ရှာမည်ဆိုလျှင် ဓာတ်မီးကမသုံးမဖြစ်ပါ။ နေ့ဖြစ်စေ ညဖြစ်စေ ဓာတ်မီးရှိထားသင့်ပါသည်။) ၄။ လွယ်အိပ် ( မိမိ၌ပါသော လူသုံးဆောင်ပစ္စည်း ဖုန်း ဆေးလိပ် ကွမ်း ငွေ များထည့်ဖို့ လွယ်ကူရန်နဲ့ ကျောက်ရသောအခါ ထည့်ဖို့ လွယ်အိပ်တစ်လုံးတော့ ပါရှိသင့်သည်) မြေစာပုံ၌ ကျောက်ရလွယ်အောင် ကျောက်ချော်ပုံစံပါသော ကျောက်များနဲ့ ကျောက်အထိုင်ပါသော ကျေက်များကို ဦးစားပေး စိန်တူခေါက်ရှာပါ ကျောက်ရဖို့နီးစပ်ပါသည်။ ကျောက်ရှာခြင်းသည် အမြင်အာရုံ အကြားအာရုံ အထိအတွေ့အာရုံ ထို၃ပါး ပေါင်းစပ်၍ ရှာဖွေယူရပါကြောင်း မှတ်ချက်။ ဝါသနာပါလျှင် အသေးစိတ်သိရန် ၂ကြိမ် ခန့် ပြန်ဖတ်ပါ စာဖတ်သူအားလုံးကို အထူးလေးစားလျှက် Crd #ကျောက်စိမ်းမြင့်မိုရ်# (လုံးခင်း)

၃= စိန်တူခေါက်ချက်( စိန်တူဖြင့် ကျောက်ဟုထင်သောအရာများကို ဖြစ်စေ အခြားအရာတွေကို ဖြစ်စေ စိန်တူဖြင့်ခေါက်သောအခါ စိန်တူ၏အသွားအရာများ ကျန်ရှိတတ်သည် အတိမ်အနက် အခြေနေများကို ကြည့်၍ တွက်ယူရသည်။ ကျောက်စိမ်း၌ ကျောက်ချော်အထူ အပါး ကျောက်အခွံအထူအပါး ပေါ်မူတည်၍ ခေါက်ချက်ရာ အတိမ်အနက်ပြောင်းလဲတတ်သည်။ စိန်တူဖြင့် ခေါက်ယူသောအခါ ကျန်ရှိသော ခေါက်ချက်အရာများသည် ကျောက်စိမ်းမဟုတ်သော အရာများနဲ့ ကွဲပြားစွာ သိသားပါသည်။( ခေါက်ချက်ပုံစံ တူညီဆင်တူသယောင်ကျန်ရှိတတ်သော အခြားအရာများမှ ပလွမ် တောင်ဆန် မှော်တိမ်း ကျီးကန်း မေါက်သား မေါက်တုံးများဖြစ်ပါသည်။ ခေါက်ချက်အကျယ်အကျင်း အတိမ်အနက်တွေတော့ သေခြာစွာ ကြည့်လျှင် ကွဲပြားပါသည်။ စိန်တူခေါက်ချက်အရာကို ကြည့်၍ ကျောက်ကိုအကြမ်းဖျင်း ခွဲခြားယူပါသည်။ သို့သော်လဲ စိန်တူ ခေါက်ချက် တစ်ခုထဲနဲ့ ကျောက်စိမ်းပါဟု အခိုင်အမာပြောမရပါ ကျောက်စိမ်းဟုဆိုနိုင်ဖို့အတွက် အခြားအချက်အလက်တွေပါထည့်ပေါင်းရပါသေးသည်။ ကျောက်စိမ်းခွဲခြားသိမြင်တတ်ဖို့ စိန်တူခေါက်ချက် ပါရှိသည်ဟုသာ သတ်မှတ်ပါ။ ၄။ စိန်တူ ခေါက်သံ( ကျောက်ခဲဖြစ်စေ ခဲတုံးများ ကျောက်မျိ ုးနွယ်မဟုတ်သော ခဲတုံးများနဲ့ ကျောက်စိမ်းမျိ ုးအား စိန်တူဖြင့် ခေါက်လျှင် ထွက်ပေါ်လာသော အသံများသည် လွန်စွာကွဲပြားပါသည်။ ကျောက်စိမ်းမဟုတ်သော မျိ ုးနွယ်များ စိန်တူခေါက်သံနဲ့ ကျောက်စိမ်းဟုတ်သော စိန်တူခေါက်သံ ထွက်ပေါ်လာသော အသံများရဲ့ အသံနေ အသံထား လွန်စွာကွဲသည်။ ကျောက်စိမ်းခေါက်သံအား စာဖြင့် (တဝင်ပူ* တ*သံ တပ် တပ် တပ် မာသံထွက်ပါသည်) ကျောက်မဟုတ်သော အသံများကတော့ အသံ အမျိ ုးမျိ ုးရှိပါသည် ကျောက်နဲ့တူညီသော အသံက ပလွမ် ကျီးကန် မေါက်တုံးများ အသံတူ ဆင်တတ်ပါသည် စိန်တူခေါက်သံ အသံဆွာသော ကျောက်ခဲတုံးများမှ အများစု ကျောက်သံ အက္ခရာ * တ*အသံနဲ့ ဆင်တူသလိုကွဲသော အသံမှာ တန် တန် တန် ဒန် ဒန် ဒန် ထပ် ထပ် ထပ် ကပ် ကပ် ကပ် ခွပ် ခွပ် ခွပ် အခြားအက္ခရာသံများလဲ ထွက်တတ်သည် #တ#အက္ခရာသံ တပ် တပ် တပ် ဟု နား၌ ကြားလျှင် ကျောက်အသံဟုသာ နား၌ မှတ်ပါ။ ကျွမ်းကျင်သော ကျောက်ရှာဖွေသော သူများအတွက် စိန်တူခေါက်သံ နားနဲ့ ကြားယုံနဲ့ ကျောက်မှန်းအတပ်သိပါသည်။ မကျွမ်းကျင်သူများအတွက်တော့ အကြမ်းဖျင်းသာ မှတ်ယူပါ အသံပုံစံတွေ ဆင်တူရိုးမှား အသံအနိမ့်အမြင့် အသံဆွာ အသံဝပ် အသံကပ်များ ခွဲခြားတတ်ဖို့လဲ လိုသေးသည်။ ကျောက်အားခွဲယူတဲ့အခါ စိန်တူခေါက်ချက်အသံနဲ့လဲ ခွဲယူနိုင်ပါသည်။ ၅= စိန်တူခေါက်သော အထိအတွေ့ (စိန်တူနဲ့ ကျောက်စိမ်းဖြစ်စေ ကျောက်မဟုတ်တာ ဖြစ်စေ ခေါက်သောအခါ လက်ထဲ၌ ဖြစ်ပေါ်သော တုန်ခါ ငြိမ်သက် ခါယမ်းမူးတွေမတူညီပါ လက်ထက်၌ စိန်တူကိုင်ကာ ခေါက်သောအခါ လက်ထဲက အထိအတွေ့ဖြစ်ပေါ်မူနဲ့လဲ ကျောက်ကိုခွဲခြားနိုင်ပါသည်) ၆=ကျောက်၏ယမ်း ကျောက်ယမ်း( ကျောက်မျိ ုးဟုတ်မဟုတ် ကျောက်ယမ်းကြည့်တတ်ယုံနဲ့ အတိအကျ ကျောက်စိမ်းပါဟု ပြောနိုင်သော အရာဖြစ်ပါသည်။ ကျောက်အား စိန်တူခေါက်တဲ့အခါ ဖြူဖွေးသော ကျောက်ယမ်းများကို တွေ့နိုင်ပါသည်။ ကျောက်မဟုတ်သောအရာတွေ တစ်ချိ ု့ ဖြူဖွေးသော ကျောက်ယမ်းပုံစံတွေလဲ ရှိတတ်ပါသည်။ သို့သော်လဲ ကျောက်ယမ်းဖွေးသော လက္ခဏာနဲ့ အခြားကျောက်မဟုတ်သော စိန်တူခေါက်ရာ ဖြူဖွေးမူပုံစံ မတူညီပါ အရောင်ပုံစံက ကွဲလွဲပါသည်။ စိန်တူနဲ့ ခေါက်၍ ယမ်းဟုထင်ရာသောအရာ ဖွေးနေလျှင် ကျောက်ယမ်းဟုတ် မဟုတ် လက်သဲဖြင့်ကုတ်ကြည့်ပါ လက်သဲထိပ်၌ ရှ တတ အထစ်အငှော်လေးတွေ ကြုံ တွေမူ သို့မဟုတ် လက်ဖျားထိပ်သားပွတ်ကြည့်ပါ လက်သား၌ ရှ တတ အထစ်အငှော် ဖြစ်နေလျှင် ကျောက်ယမ်းဖွေးခြင်း အထစ်အငှော့်ဖြစ်ခြင်းကြောင့် ကျောက်ဖြစ်ဖို့များသည်။ ကျောက်ယမ်း၏ အနီးကပ် မြင်အောင်ရှာဖွေကြည့်ပါ ယမ်းချောင်း ယမ်းလုံး ယမ်းပြား တစ်ခုထက်ပိုသော ယမ်းအစိုင်အခဲလေးအများစုကို တွေ့မှသာ ကျောက်ယမ်းဖြစ်၍ ကျောက်စိမ်းဖြစ်ပါသည်။(ကျောက်ယမ်းသည် ပုံစံအမျိ ုးမျိ ုးရှိပါသည် ဥပမာ အချိ ု့မှုန့်ချောင်းထက်သေးငယ်သော ယမ်းချောင်းငယ်များ ယမ်းမှုန်ငယ် ယမ်းခေါင်င်များ စုစည်းမူ ပုရွက်ဆိတ်အုံသဖွယ် ယမ်းငယ်များ စုဝိုင်းဖွဲ့နေတာတွေ့ရလျှင် ကျောက်ယမ်းဖြစ်၍ ကျောက်စိမ်းမျိုးဟု သတ်မှတ်ပါ) ကျောက်ယမ်းကို ကောင်းကောင်းသိမယ်ဆိုလျှင် ကျောက်ယမ်းတစ်ချက်ထဲကို ကြည့်၍ ကျောက်မျိုးဖြစ်ကြောင်း အတိအကျသိနိုင်ပါသည်။ ကျောက်စိမ်းမျို ုးဖြစ်ကြောင့် ကျောက်ယမ်းတစ်ချက်ထဲနဲ့အတိအကျ ခွဲခြားနိုင်ပါသည်။ ၇=ကျောက်၏ ခွံရောင်( ကျောက်တစ်လုံး၏ အခွံအနေအထားအရောင်ကိုကြည့်၍ အကြမ်းဖြင်းခွဲနိုင်ပါသည်။ သို့သော်လဲ ထိုတစ်ချက်ထဲနဲ့လဲ မတိကျပါ အခြားအချက်လက်တွေပါ ပေါင်းစပ်အဖြေရှာရပါမည်။ ကျောက်၏ ခွံရောင်များမှာ ဝါဖတ်ခွံ မှုံထုခွံ ဖွဲ့နုခွံ ဖွဲ့လတ်ခွံ ဖွဲ့ကြမ်းခွံ သစ်တောခွံ ကုဋေဝါခွံ ရုံသီးခွံ အင်္ဂတေခွံ သလဲခွံ ဖွတ်ချီခွံ ဖယောင်းခွံ ဖရုံခွံ အုပ်ခွံ မြေခွံ ရေခွံ မြေမှန်ခွံ သံဂျီခွံ ကြက်သွေးခွံ အားလူးခွံ အုန်းဆံခွံ သပိတ်အင်္ဂတေစပ်ခွံ အမဲခွံ ခွံဖြူ ခွံဝါ ပြာစပ်ခွံ ပြာဝါစပ်ခွံ များဖြစ်ပါသည်) အခွံ၏