Cloud Wings
Open in Telegram
5 594
Subscribers
No data24 hours
-127 days
-10930 days
Posts Archive
5 594
အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်
အပြစ်ကင်းစင်တဲ့ လှေကလေးတစ်စင်းနဲ့
ဟိုတစ်ဖက်ကမ်းကို ကူးချင်ရဲ့ ။ ။
#၀င်းမြင့်
#CloudWings
5 594
လူငယ်ဘဝလို
လွှတ်တင်လိုက်တဲ့ တိုက်ခိုက်ရေးဒရုန်းလို
နေ့များညများ၊ ရဲရင့်သော လွတ်လပ်ခြင်းများ
ငါ့အမှန်တရားလို့ ပိုအော်နိုင်လေ
ဓားရောင်က ပိုလက်လက်ထလေ
ငယ်ရွယ်ရူးနှမ်းခြင်းများလည်း
ထပ် မရတော့ဘူး
သင်္ဘောဟာ ထွက်ခွာသွားပါပြီ
အာဏာရှင်ညှီနံ့စွဲနေတဲ့ တိုင်းပြည်မှာ ငါ ကျန်ရစ်ခဲ့
ကမ်းက လမ်းလို ကြမ်းလို့
မီးရောင်အောက်က ပြဇာတ်မင်းသားလိုလို
မိတ်ကပ်အဖွေးသားနဲ့ ဒီမိုကရေစီနတ်မှာ ပူဇော်ပသပြီး
ဥာဏ်ပညာဆုကို ငါတောင်းတယ်
ထပ် မရတော့ပါဘူး ။ ။
#ကေဇဝင်း
#CloudWings
5 594
ငါတို့ဟာ ကွဲကြေနေတဲ့
ဖန်သား ဖြစ်ခဲ့ရင်တောင်
ငါတို့ရဲ့အစအနတွေ ဘယ်အရာကိုမှ
မဖိတ်စင်အောင် နေတတ်ရမယ် ။ ။
#အောင်ခိုင်မြတ်
#CloudWings
5 594
ပျော်ရွှင်မှုဆိုတာ
မျှော်လင့်ချက်တွေနဲ့ ဒွန်တွဲနေတတ်တယ်
မျှော်လင့်ချက်ကတော့
နာရီလက်တံလို တရွေ့ရွေ့သွားနေပေါ့
လောလောဆယ်မှာတော့
ပျော်ရွှင်မှုက
ဘာမှ မရေးရသေးတဲ့ စာရွက်အလွတ်တစ်ရွက် ။ ။
#လှသန်း
#CloudWings
5 594
ကျွန်တော်တို့ အကောင်းတွေချည်း
မမျှော်လင့်ပါဘူး
ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း
ဘာလုပ်မှာလဲ ။ ။
#အောင်ချိမ့်
#CloudWings
5 594
မင်းပင်ပန်းနေတဲ့အကြောင်း
ဘယ်သူ့ကိုမှ ပြောပြခွင့်မရှိတာ
ပိုပင်ပန်းရပါတယ် ။ ။
#ဂန္ဓမာ
#CloudWings
5 594
လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ ✈️
မတွေ့သေးတဲ့ အမျိုးတွေအတွက် ဇူဇူချီးမြှင့်တဲ့ တိုက်စစ်မှူးတွေအတွက် ဆုတော် (ဘောနတ်စ်)အကြောင်း ဒီမှာရှင်းပြပေးထားပါတယ်ခင်ဗျာ
https://www.facebook.com/100094777681444/posts/pfbid02x3sGecQ4gGnehK2otvcr5XqPhHwUEGtEjrzwxEcYmjDsmEmPGaPpb7avybyEPBkSl/?
#CloudWings
5 594
Facebook သုံးရင်း တိုက်စစ်မှူးတွေနဲ့အတူ ပျံသန်းနိုင်ပြီနော်
အဲဒါကဘာလဲဆိုတော့ Cloud Wingsက တင်တဲ့ပိုစ့်တွေကို မြင်တာနဲ့ ကျော်မသွားဘဲ ပိုစ့်တွေကို Like, Comment, Share ပေးဖို့ပါ ( များများလေးတဲ့နော် )
အဲလိုများများ ရှဲပေး၊ များများ ကွန့်မန့်ပေးတာနဲ့ တပြိုင်နက် ပေးတဲ့အပေါ်မူတည်ပြီး ဇူဇူက ဘောနတ်စ်တွေ ချပေးမာပါတဲ့ခင်ဗျာ ( ဒီနေ့ မတ်လ၂၆ရက်နေ့ ကနေ ဧပြီလ၂၆ရက်နေ့ အထိပါဘဲတဲ့ )
အမျိုးတို့ရေ အားကိုးမယ်နော် 🧡 ဘာပဲတင်တင် ဝန်းရံပေးကြမယ်ဟုတ် ?
Facebook Page 👇🏻
https://www.facebook.com/share/zyvayPxgSGjci28J/?mibextid=WC7FNe
#CloudWings
5 594
လက်မလည်ရအောင် အော်ဒါတွေတင်ပြီးမှ အပြေးကြမ်းသွားတယ်တဲ့လားကွာ
ပုံ - Cloud Wings ထူးရှယ်မွင်းခါးဆိုင် 😁
#CloudWings
5 594
KNU တပ်မဟာ-၆၊ ကျိုက်ဒုံမြို့၊ ပိုင်ခလန်ကျေးရွာရှိ မယ်သရောထစခန်း၊ ရေတံလျှောက်စခန်းသိမ်း တိုက်ပွဲများအတွင်း KNLAဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းများ ပါဝင်တိုက်ခိုက်။
====================
မတ်လ ၂၀ရက်၊ ၂၀၂၄ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး ( KNU ) တပ်မဟာ-၆နယ်မြေ၊ ကျိုက်ဒုံမြို့၊ ပိုင်ခလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မယ်သရောထစခန်း၊ ရေတံလျှောက်စခန်းတို့ကို KNLA ဦးဆောင်မှုနှင့်အတူ Cloud Wings ဒရုန်းများ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။
စစ်ဆင်ရေးကာလ မတ်လအတွင်း ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်းများစွာကို စခန်းကုန်းများပေါ်သို့ အကြိမ်ရေပေါင်းများစွာ ပျံသန်းကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မယ်သရောထစခန်းမှ စစ်ကောင်စီတပ်အင်အား၅၀ခန့်သည် ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားခဲ့ပေမယ့် Cloud Wings ဒရုန်းနှစ်စီးလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
Cloud Wings ဒရုန်းများသည် KNLA ဦးဆောင်မှု၊ ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ နောက်ထပ်စစ်စခန်းများထံသို့ ဆက်လက်ပျံသန်းတိုက်ပွဲဝင်နေလျှက်ရှိပါတယ်။
Cloud Wings ဒရုန်းတွေရဲ့ ကနဦးလှုပ်ရှားမှု ပုံရိပ်သတင်းများကိုသာ တင်ပြထားခြင်းဖြစ်ပြီး စစ်ဆင်ရေးသတင်းများကို ထပ်မံအသိပေးတင်ပြပေးသွားပါမယ်။
လေးစားစွာဖြင့်
ကိုငြိမ်း
တာဝန်ခံ၊ Cloud Wings
