Cloud Wings
Open in Telegram
5 594
Subscribers
No data24 hours
-127 days
-10930 days
Posts Archive
5 594
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်းစစ်စခန်းသိမ်း တိုက်ပွဲများအတွင်း KNLAဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းများ ပါဝင်တိုက်ခိုက်။
====================
မေလ ၁၁ရက်၊ ၂၀၂၄ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး ( KNU ) တပ်မဟာ-၆နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့၊ အနန်းကွင်းကျေးရွာအနီးရှိ အနန်းကွင်းဗျူဟာကုန်း၊ တောင်စွန်းကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားတဲ့ တောင်စွန်းစခန်းသိမ်း တိုက်ပွဲတို့ကို KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းများ ပျံသန်းတိုက်ပွဲဝင်ခဲ့ပါတယ်။
စစ်ဆင်ရေးကာလ ဧပြီလ၂ရက်နေ့မှ မေလ၃ရက်နေ့အတွင်း ၁၂၀မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်းများစွာကို ဗျူဟာကုန်း၊ စခန်းကုန်းများပေါ်သို့ အကြိမ်ရေပေါင်း ရာပေါင်းများစွာ ပျံသန်းကြဲချတိုက်ခိုက်ခဲ့ပါတယ်။
တောင်စွန်းစစ်စခန်းအား မေလ(၃)ရက်နေ့နံနက်ပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားခဲ့ပေမယ့် ဒရုန်းတချို့လည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
KNLA ဦးဆောင်မှု၊ ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ နောက်ထပ်စစ်စခန်းများထံသို့ ဆက်လက်ပျံသန်းတိုက်ပွဲဝင်ရန် အမြဲကြိုးစားလျှက်ရှိပြီး Cloud Wings ဒရုန်းတွေရဲ့ လှုပ်ရှားမှုပုံရိပ်များကို ပြည်သူလူထုသိရှိစေရန် လေးစားစွာဖြင့် တင်ပြလိုက်ပါတယ်။
ကိုငြိမ်း
တာဝန်ခံ၊ Cloud Wings
5 594
တောင်စွန်းစခန်းကို Lion Battalion၊ SOF တို့အပြင် ပူးပေါင်းစစ်ကြောင်း၊ တပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းများ ပါဝင်သိမ်းပိုက်ခဲ့ ❤️
၂၀၂၄ခုနှစ်အတွင်း တတိယအကြိမ်မြောက် ပူးပေါင်းပါဝင်သိမ်းယူရရှိခဲ့တဲ့ စခန်းဖြစ်ပါတယ်
ပထမက မယ်သရောထစခန်း၊ ဒုတိယက ရေတံလျောက်စခန်းပါ
တခြားစစ်ကူစစ်ကြောင်း၊ စခန်းနှင့် ဗျူဟာကုန်းတို့ကိုလည်း ဆက်လက်ပါဝင်တိုက်ခိုက်နေစဲပါ
အောင်မြင်မှုတွေရှိသလို ပေးဆပ်ဆုံးရှုံးမှုတွေလည်း ရှိပါတယ်
သတင်းကို ခြေမှုန်းရေးတပ်ဖွဲ့၊ စစ်ကြောင်းတွေ ထုတ်ပြန်လာပါလိမ့်မယ်နော်
ကျနော်တို့လည်း နောက်ကျရင် လှုပ်ရှားမှုဓါတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပေးပါ့မယ်
သတင်းကောင်းလေးမို့ အမျိုးတို့ထံ အရင်ပါးပေးထားတာပါနော် 💙
#CloudWings
5 594
ပယ်မှန်းတော့ သိပါတယ်
အနာနဲ့ဆိုမှတော့
ပယ်ပါ ။
ဆက်လက်
နာသွားရုံပါ ။ ။
#ဝင်းမြင့်
#CloudWings
