Cloud Wings
Open in Telegram
5 594
Subscribers
No data24 hours
-127 days
-10930 days
Posts Archive
5 594
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှ အလကားမရဘူး
ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး …
#မောင်ချောနွယ်
#CloudWings
5 594
ပျော်ရွှင်မှုဟာ
မီးပွင့်အောင်သွေးယူရတဲ့ ဓါးပဲလို့
အဆိုးဘက်က မြင်ပါတယ်။ ။
#ကြည်ဇော်အေး
#CloudWings
5 594
အနာဂတ်မှာ ဖိနပ်အသစ်တွေရှိတယ်
ငါတို့ မစီးရလည်း
နောက်လူတွေ စီးပါစေပေါ့
မဆုံးသေးတဲ့ ခရီးလေ
ငါ့ကိုယ်ငါ ပေးထားတဲ့ ကတိနဲ့
သိက္ခာရှိရှိ နေထိုင်မယ် ။ ။
#လှသန်း
#CloudWings
5 594
ပျော်ရွှင်မှုဆိုတာ
မျှော်လင့်ချက်တွေနဲ့ ဒွန်တွဲနေတတ်တယ်
မျှော်လင့်ချက်ကတော့
နာရီလက်တံလို တရွေ့ရွေ့သွားနေပေါ့
လောလောဆယ်မှာတော့
ပျော်ရွှင်မှုက
ဘာမှ မရေးရသေးတဲ့ စာရွက်အလွတ်တစ်ရွက် ။ ။
#လှသန်း
#CloudWings
5 594
ကျွန်တော်တို့ အကောင်းတွေချည်း
မမျှော်လင့်ပါဘူး
ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း
ဘာလုပ်မှာလဲ ။ ။
#အောင်ချိမ့်
#CloudWings
5 594
တိုက်စစ်မှူးတွေ ထပ်မံတိုးချဲ့ဖို့ရယ်
ပျက်ဆီးဆုံးရှုံးခဲ့တာတွေ ပြန်ဖြည့်ဆည်းဖို့အတွက်ရယ်ဆိုပြီး
အစီအစဉ်တစ်ခု လုပ်ချင်တာ
လောလောဆယ်တော့ ဘယ်ကဘယ်လိုစလုပ်ရမှန်း မသိသေးလို့
အကြံဥာဏ်ပေးနိုင်သူ၊ ချိတ်ဆက်ပေးနိုင်သူ၊ ဝိုင်းကူပေးနိုင်သူတွေ ရှိရင်လည်း ပြောပေးပါနော်
အစီအစဉ်ဖြစ်ခဲ့ရင် အားပေးကြမယ်မလား အမျိုးတို့ ❤️
#CloudWings
