5 791
Subscribers
No data24 hours
-4467 days
-1 09930 days
Posts Archive
5 791
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်-အောင်ချိမ့် တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ ငါ စောင့်ခဲ့တယ်။ မီးလျှံလို ကြိုးတန်းမှာ လိမ်ညှစ်လှမ်းထားတဲ့ အဝတ်လို ပျောက်ဆုံးသော အရာလို ငါ စောင့်ခဲ့တယ်။ ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ်။ ကိုယ်ကသာ ပြောစရာရှိပြီး သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို ငါ ချိန်းခဲ့ပါတယ်။ ငါ စောင့်ခဲ့တယ်။
5 791
မီးနီနေရင်ကပ်ကွေ့လို့မရပါဘူး
ကိုယ့်နေရာလေးမှာကိုယ် ရပ်နေမှရပါမယ်
မီးစိမ်းနေတိုင်းလဲ မသက်ဆိုင်တော့ရင် စာသွားပို့လို့မရပါဘူး
ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်အောင်နေရပါတယ် ။
5 791
ကျွန်တော်တို့ သတိမပြုမိခင်မှာတင်
အရာရာတိုင်းဟာ ကျွန်တော်တို့ဆီက
တိတ်တဆိတ်ထွက်ခွာသွားဖို့
ပြင်ဆင်နေခဲ့ပါပြီ ။
-ဂန္ဓမာ
5 791
တစ်ယောက်တည်းနေချင်တယ်ပြောပြီး
တယောက်ယောက်ကို
မျှော်နေတာမျိုးလဲ ဖြစ်နိုင်တာပဲ
ဘယ်သူ့အပူမှ မလိုချင်ဘူးပြောပြီး
ချောင်ခိုစရာတွေ့တိုင်း
ပြေးငိုချင်နေတာမျိုးလဲ ရှိတာပဲ
ဘယ်သူ့ဘဝတွေမှ
ထင်သလောက်မငြိမ်းချမ်းပါဘူး ။
- ချာန်
5 791
လက်ကလေးတစ်စုံ
လွှတ်ပေးလိုက်နိုင်ရင်တောင်
မှတ်ဉာဏ်နဲ့ အမှတ်တရတွေက်ိုတော့
ငါတို့မလွှတ်ချနိုင်ခဲ့ဘူး ။
5 791
ဘာမှမစွမ်းလို့ပေါ့ အချစ်ရယ်
တစ်ခုခုသာစွမ်းခဲ့ရင်
ဘုရားတားလဲ
မင်းကိုပဲ အနားပြန်ခေါ်ထားတယ် ။
-မောင်ခက်လူ
5 791
စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့ ငါစောင့်ခဲ့ပါတယ်။ ဒါဟာရေခဲကို နေလှမ်းပြီး ရေခဲခြောက်ဖြစ်လာမလားလို့ မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လိုပေါ့
-လင်းချမ်းလွန်း
5 791
ဘယ်သူ့ကို စောင့်နေတာလဲမေးရင်
ကျွန်တော့်မှာ အဖြေမရှိဘူး
တစ်ခုတော့ ပြောလို့ရတာပေါ့
ကျွန်တော် ဆေးလိပ်သောက်ရင်း
ရပ်နေမိတာမျိုးပါပဲ ။
ဘယ်သူ့ကိုမှလည်း မစောင့်ပါဘူး
ဘယ်သူမှလည်း လာတော့မယ် မထင်ပါဘူး ။
- မောင်ဆောင်းခ
5 791
ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိတော့သော
ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ် ...။
ငါစောင့်ခဲ့ပါတယ် ...။
-အောင်ချိမ့်
5 791
အခြားလူကို ပန်းပေးရင်
အရင်ဆုံး ကိုယ့်လက်မှာ ရနံ့တွေ ကျန်ရစ်သတဲ့...
ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။
-နိုင်းနိုင်းစနေ
5 791
ကိုယ်ဟာ ကမ္ဘာပေါ်မှာ
အမှတ်တရတွေ အချမ်းသာဆုံး လူသားပါပဲ ။
ပြီးတော့ ကမ္ဘာပေါ်မှာ
အထီးအကျန်ဆုံးလူသားလည်း ဖြစ်ပါတယ် ။
-ဂန္ဓမာ
5 791
ဘဝမှာအရာရာပြီးပြည့်စုံနေခဲ့ရင်တောင်
ချစ်ခြင်းမေတ္တာ
ငတ်မွတ်ခေါင်းပါးမှုဟာ ရှိနေဆဲ ။
-ဂန္ဓမာ
5 791
ကမ္ဘာကြီးကိုမယူချင်ဘူး
မင်းကိုအပိုင်လိုချင်တယ်
မင်းဆိုတာလည်း
ကမ္ဘာကြီးနဲ့ညီမျှတယ်
- ဆန်းကျော်စွာဝင်း
5 791
နှစ်တွေအကြာကြီး လူတစ်ယောက်နဲ့အတူ အသက်ရှင်ခဲ့ပြီးမှ ပြန်ကွဲကွာခဲ့ရတယ်ဆိုတာ အဲ့ဒီနှစ်တွေကို ဖြုန်းတီးလိုက်တဲ့သဘော မဟုတ်ဘူးလား ။ ဟင့်အင်း အဲ့ဒီတစ်ယောက်သာ မရှိခဲ့ရင် အဲ့ဒီနှစ်တွေမှာ အသက်ရှင်ချင်မှ ရှင်နေနိုင်မှာပေါ့
- ဆပ်ရိပ်
5 791
ငါမင်းကိုကြည့်မရတော့ဘူးခွန်းသစ္စာ။
ငါဘယ်လိုကြည့်ကြည့်
မင်းဘ၀ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ
ငါပါခွင့်မရတော့ပါလား။
-ကြည်စိုး
5 791
သံသရာတထောင့်မှာ ကိုယ်စောင့်နေမှာပေါ့။
တက်တူးဆင်တူထိုးဖို့
Allstar ဖိနပ်ကလေးဆင်တူစီးဖို့
ကော်ဖီတခွက်နဲ့ တိတ်တိတ်လေးထိုင်
Supernatural ဇာတ်လမ်းတွဲတွေ အတူတူကြည့်ဖို့။
- စစ်ငြိမ်း
5 791
ချစ်ခဲ့တာလည်း အတည်
မဖြစ်တော့ဘူးဆိုတာလည်း အတည်
ဘယ်အရာမှ ရယ်စရာမဖြစ်ပါဘူး။ ။
-စိုင်းဝင်းမြင့်
