en
Feedback
Aung San Shar

Aung San Shar

Open in Telegram

communication

Show more
747
Subscribers
No data24 hours
No data7 days
+2030 days
Posts Archive
တောင်ကြာအင်းရဲစခန်းမှ စကစ အလောင်းများအား မီးသင်္ဂြိုလ်ပေးခြင်း" - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ ဂဠုန်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းအား (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီအချိန်တွင် စတင်ထိုးစစ်ဆင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ရက်နေ့ ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် သိမ်းဆည်းနိုင်ခဲ့သည်။ - (၂၉.၁၂.၂၀၂၃) ရက်နေ့တွင် ရန်သူ့စခန်းရှိ မိုင်းနှင့် လက်နက်ခဲယမ်းများအား ရှင်းလင်းရေးဆောင်ရွက်စဥ် သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားအလောင်းများကို တိုက်ပွဲတွင်း စစ်စည်းကမ်းများအတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ  ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့ပါသည်။ (Admin / ဇန်နဝါရီလ ၄ ရက်)

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ------------------------------ ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြို့တွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကျူးကျော်အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များမှ (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင်​တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ပါသည်။ ၄င်းစစ်ဆင်ရေးအတွင်း ရန်သူဘက်မှ သေဆုံးသူ (၁၄) ဦးရှိပြီး လက်နက်ချအညံ့ခံသူ (၁၁) ဦး၊ လက်နက်မျိုးစုံ (၂၈) လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြည်သူ့ရဲဘော် (၁) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်စစ်​တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း အထူးစစ်ဆင်ရေးတာဝန်များကို ကြိုးစားဆောင်ရွက်လျှက်ရှိပြီး တိုက်ပွဲသတင်းများအား အခါအားလျော်စွာ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။ ပြန်ကြား​​ရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသ၊ MOD

photo content
+1

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ------------------------------ နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃။ ၁။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော တောင်ကလေးရဲစခန်းအား နိုဝင်ဘာ(၁၂)ရက်နေ့မှ နိုဝင်ဘာ(၂၈)ရက်နေ့အထိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် federal wing ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ ဒရုန်း၊ လက်နက်ကြီးများဖြင့် (၃၉) ကြိမ်၊ ဗုံးသီး ၁၀၉ လုံး ထိရောက်စွာ ကျဲချနိုင်ခဲ့သည်။ ၄င်းတိုက်ပွဲအတွင်း ရန်သူ (၁၁) ဦး 6သဆုံးပြီး (၆) ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။ ၂။ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးရဲစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၂၂)၊ တပ်မ(၄၄)၊ အမှတ်(၄) တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသား အကြမ်းဖက်စစ်သားများနှင့် အကြမ်းဖက်လက်အောက်ခံ နယ်ခြားစောင့်တပ် ပူးပေါင်းစစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် Federal Wings ပူးပေါင်းအဖွဲ့၊ နဂါးနီစစ်ကြောင်းတို့ပူးပေါင်း၍ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ ဗိုလ်ကြီး(၁)ဦး နှင့် နယ်ခြားစောင့်တပ်၊တပ်နယ်(၄)၏ စစ်ကြောင်းမှူး အပါအဝင် (၁၁)ဦး 6သဆုံးပြီး (၄) ဦး လက်နက်ချ အညံ့ခံခဲ့သည်။ လက်နက်မျိုးစုံ (၁၅) လက်သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။ (တိုက်ပွဲမှတ်တမ်းများအား အောက်ပါ telegram နှင့် youtube link များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ telegram👇 https://t.me/sof220211 youtube 👇https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP ) ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ချောင်းနှစ်ခွကျေးရွာအနီး ဖက်ထေးကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ -၂၂ လက်အောက်ခံ ၊ ခလရ ၈၁ အင်အား ၅၄ ဦးပါသည့် ရန်သူ့စစ်ကြောင်းမှ KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းထံ အကျအဆုံးများစွာဖြင့် လက်နက်ချအညံ့ခံသည့် ရုပ်သံမှတ်တမ်း။ Record - S.O.F

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ------------------------------ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက် နေ့တွင် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ (၁၁) ရက်နေ့ ည ၁၂း၀၀ နာရီ အချိန်တွင် ၄င်းစခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ - ၂၂ လက်အောက်ခံ ခလရ - ၈၁ ရန်သူ့စစ်ကြောင်းနှင့် S.O.F စစ်ကြောင်း (၂) တို့ ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၃)ဦး သေဆုံးပြီး (၇)ဦး ဒါဏ်ရာပြင်းထန်ရခဲ့ကာ ခဲယမ်းကျည်များ သိမ်းဆည်းရမိခဲ့သည်။ နိုဝင်ဘာလ (၁၂) ရက်နေ့၊ မနက် ၈း၃၀ နာရီမှစကာ ဘုရားကုန်းအနီးတွင်နေရာယူထားသော အင်အား (၅၄) ဦးရှိ ရန်သူစစ်ကြောင်းနှင့် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦး ပေါင်း (၂)ဦး စနိုက်ပါထိမှန်၍ သေဆုံးခဲ့သည်။ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၁း၄၅ နာရီ အချိန်တွင် ရန်သူဘက်မှ အကျအဆုံးများစွာဖြင့် လက်နက်ချ အညံ့ခံခဲ့သည်။ ဗိုလ်မှူး(၁)ဦး၊ ဒုဗိုလ်(၂)ဦး အပါအဝင် ရန်သူ (၁၄) ဦး သေဆုံးခဲ့ပြီး (၂၈) ဦး အရှင်ဖမ်းမိခဲ့ကာ (၁၂)ဦး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ နိုဝင်ဘာလ (၁၅) ရက်နေ့ညတွင် ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား ထပ်မံပိတ်ဆို့ရှင်းလင်းခဲ့ပြီး ရန်သူ (၅) ဦး သေဆုံးကာ လက်နက်များထပ်မံ သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲ (၆) ရက်တာအတွင်း ရန်သူသေဆုံး (၂၂) ဦး၊ လက်နက်ချအညံ့ခံသော အရှင် (၂၈) ဦး၊ လက်နက်မျိုးစုံ (၅၅) လက်ရရှိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ရဲဘော် (၃) ဦး ​တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး (၁၀) ဦးထိခိုကိဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။ (တိုက်ပွဲမှတ်တမ်းများအား အောက်ပါ telegram နှင့် youtube link များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ telegram 👉https://t.me/sof220211 youtube 👉https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP ) ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD

"ရဲဘော်သီဟအား အမိန့်ပြန်ခြင်း" အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၁)၊ တပ်ခွဲ (၁) မှ တပ်ခွဲတပ်ရေးဗိုလ် ရဲဘော်သီဟ (ကိုယ်ပိုင်အမှတ် P29999017) သည် (၂၊၁၁၊၂၀၂၃) ရက်နေ့ ကွီလုံတိုင်တိုက်ပွဲတွင် ရှေ့တန်းမှ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပါသည်။ ရဲဘော်သီဟအား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အမိန့်ပြန်ခြင်းကို (၃၊ ၁၁၊ ၂၀၂၃) ရက်နေ့တွင် တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ၄င်း၏ ဘာသာရေးဆိုင်ရာ ထုံးတန်းစဥ်လာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်မှတ်တမ်းများကိုလည်း စနစ်တကျသိမ်းဆည်းကာ ဂုဏ်ပြုခြင်းအစီအစဥ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ရဲဘော်သီဟအတွက် တပ်ဖွဲ့မှ များစွာစိတ်မကောင်းဖြစ်ရပြီး တပ်ဖွဲ့၏ အာဇာနည်သူရဲကောင်းအဖြစ် အလေးအမြတ် ဂုဏ်ပြုဦးညွှတ်လိုက်ရပါသည်။ ရဲဘော်သီဟ ကောင်းရာသုခတိ ရောက်ရှိပါစေ။ ပြန်ကြားရေးတာဝန်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD

(2.11.2023) ကြာအင်းဆိတ်ကြီး မြို့တွင်းတိုက်ပွဲ မှတ်တမ်းရုပ်သံ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံး တို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၂) စစ်ကြောင်းမှုးဦးဆောင်သော တပ်ဖွဲ့ ၊ lion battallion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့မှ နေရာစုံတပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုအတွင်း ရန်သူ (၁၁) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့်ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့သည်။

အဇင်းတိုက်ပွဲ S.O.F တိုက်ပွဲမှတ်တမ်းရုပ်သံ အောက်တိုဘာလ ၂၆/၂၇ ရက်နေ့များတွင် ၊ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ၊ အကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၈ / ၅၅၈၊ ခလရ ၅၆၁ / ၅၅၇ အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဦးဆောင်သောတပ်ဖွဲ့ နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဇင်းကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည်။ ၄င်းတိုက်ပွဲအပြီး စကစ စစ်ကြောင်းမှ (၃၀) ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ------------------------------ နိုဝင်ဘာလ (၅) ရက်၊ ၂၀၂၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (၉၉၉၉/အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေးတာဝန်များကို ဆက်တိုက် အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျှက်ရှိပါသည်။ ၁။ အောက်တိုဘာလ (၂၆/၂၇) ရက်နေ့များတွင် ၊ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ၊ အကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၈ / ၅၅၈၊ ခလရ ၅၆၁ / ၅၅၇ အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဦးဆောင်သောတပ်ဖွဲ့ နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဇင်းကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည်။ ၄င်းတိုက်ပွဲအပြီး စကစ စစ်ကြောင်းမှ (၃၀) ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ၂။ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံး တို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၂) စစ်ကြောင်းမှုးဦးဆောင်သော တပ်ဖွဲ့ ၊ lion battallion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့မှ နေရာစုံတပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုအတွင်း ရန်သူ (၁၁) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့်ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့သည်။ ၃။ နိုဝင်ဘာလ (၂) ရက်နေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့မှုးဦးဆောင်သောစစ်ကြောင်း ၊ federal wings၊ SOG၊ Cloud wings ဒရုန်းတပ်ဖွဲ့များမှ စခန်းအတွင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မနက် ၇း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ရန်သူလေးဦးသေဆုံးကာ အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသည်။ ၄င်းတိုက်ပွဲများအတွင်း ရန်သူအများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိခဲ့သလို S.O.F နှင့် ပူးပေါင်းအဖွဲ့များမှလည်း ရဲဘော်အချို့ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။ youtube linkမှလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ youtube 👉https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP ) ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ ( ၉၉၉၉/အထူးတပ်ဖွဲ့) SPECIAL OPER
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ ( ၉၉၉၉/အထူးတပ်ဖွဲ့) SPECIAL OPERATION FORCE - S.O.F ၏ တပ်ဖွဲ့အမှတ်အသားတံဆိပ် (logo) ဖြစ်ပါသည်။ ၉၉၉၉ (ကိုးလေးလုံး) သည် အထူးတပ်ဖွဲ့ကုတ် (P2 - 9999) ဖြစ်ပါသည်။