en
Feedback
Ei Chaw Po

Ei Chaw Po

Open in Telegram
668
Subscribers
-224 hours
-47 days
-2830 days
Posts Archive
စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) စင်ကာပူနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတိုင်ကြားချက်တွေ မြင့်တက်လာတာကြောင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို ဆေးဝါးသုံးပြီး လိင်စိတ်ဓာတ်ကျစေတဲ့ နည်းလမ်း  အသုံးပြုဖို့ စစဉ်းစားနေပါတယ်။ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်မှာ မတော်မတရားပြုကျင့်မှု  ပေါင်း ၁,၅၃၁ မှုရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်က ၁,၄၂၇ မှုနဲ့ ယှဉ်ရင် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ ဒီကိစ္စကို ဒီအပတ် ပါလီမန်မှာ မေးခွန်းထုတ်ခဲ့ကြပြီး လွှတ်တော်အမတ်တွေက အသက်မပြည့်သေးသူတွေအတွက် အကာအကွယ်တွေနဲ့ ပြစ်ဒဏ်တွေကို ပိုမိုတင်းကြပ်သင့်သလားဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ပြည်ထဲရေးဝန်ကြီး ကေ.ရှန်မူဂန် ကတော့ ရာဇဝတ်မှုနှုန်းကို လျှော့ချနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား တွေရှိရင် ဆေးဝါးသုံးပြီး လိင်စိတ်ဓာတ်ကျစေတဲ့  ဆေးဝါးတွေ သုံးစွဲဖို့ အစိုးရအနေနဲ့ လမ်းဖွင့်ပေးထားဆဲ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ "ဒါပေမဲ့ အခုထိတော့ ဒီအပေါ်မှာ ခိုင်လုံတဲ့ အထောက်အထား မရသေးပါဘူး" လို့ စာဖြင့်ရေးသားထားတဲ့ ပါလီမန် အကြောင်းပြန်ကြားချက်မှာ ပြောထားပါတယ်။ဆေးဝါးသုံးပြီး လိင်စိတ်ဓာတ်ကျစေတဲ့ နည်းလမ်း ဆိုတာ တက်စတိုစတီရုန်းဟော်မုန်းကို လျှော့ချပေးပြီး လိင်စိတ်ဆန္ဒကို လျှော့ချပေးတဲ့ ဆေးဝါးတွေကို သုံးစွဲတာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီး အင်္ဂါဖယ်ရှားတာမျိုးနဲ့ မတူဘဲ ဆေးဝါးသုံးစွဲတာကို ရပ်တန့်လိုက်တာနဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။စင်ကာပူ မှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သဘောတူညီချက်မပါဘဲ အသက် ၁၄ နှစ်အောက် ကလေးသူငယ်ကို မုဒိမ်းကျင့်တာ ဒါမှမဟုတ် အင်္ဂါဇာတ်အတွင်း ထိုးသွင်းပြုကျင့်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ထောင်ဒဏ် ၈ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက် ရိုက်နှက်ခံရမှာဖြစ်ပါတယ်။ဇူလိုင်လက စတင်အသက်ဝင်ခဲ့တဲ့ ပြစ်ဒဏ်စီရင်ရေး စနစ်သစ်အရ ပြစ်မှုထပ်မံကျူးလွန်ဖို့ စိုးရိမ်ရတဲ့ အနီးစပ်ဆုံး အန္တရာယ်ရှိသူလို့ ယူဆရတဲ့ ပြင်းထန် ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို သူတို့ရဲ့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၂၀ ကျခံပြီးနောက်မှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး ပိုမိုကျယ်ပြန့်တဲ့ ငြင်းခုံဆွေးနွေးမှုတွေဟာ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ကို မတော်မတရားပြုကျင့်မှုနဲ့ အာမခံနဲ့ လွတ်မြောက်နေစဉ်အတွင်း ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေ ထပ်မံကျူးလွန်ခဲ့တဲ့ သူ့ကိုယ်သူ ဘာသာရေးဆရာ/လမ်းပြအဖြစ် ခံယူထားသူတစ်ဦးရဲ့ ဖြစ်စဉ်အပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။  REF: RT#Myanmar #News

photo content

သက်ငယ်မုဒိမ်းသမားတွေကို ပန်းသေဆေးထိုးဖို့ စင်ကာပူလွှတ်တော်မှာ ဆွေးနွေး https://www.mmnationalpost.com/2026/09/blog-post_181.html

စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) ဝါရှင်တန်နဲ့ တီဟီရန်တို့က ဟော်မုဇ် ရေလက်ကြား တဝိုက်မှာ ကုန်တင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို အပြန်အလှန် တိုက်ခိုက်နေကြစဉ်အတွင်း အမေရိကန်အနေနဲ့ အီရန် ရေနံတင်သင်္ဘော "၉ စီးနီးပါး" ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သလို "နောက်ထပ် အများကြီး" ကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဘက်က အမေရိကန် စစ်သင်္ဘောတွေကို ဘာလစ်စတစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနှစ်ခုမှာ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၈ စီး (စက်တင်ဘာ ၅ ရက်နေ့မှာ ၃ စီးနဲ့ အင်္ဂါနေ့မှာ ၅ စီး) ကို ဖျက်ဆီးခဲ့တယ်လို့ လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။"ကျနော်တို့ သူတို့ရဲ့ ဆီတင်သင်္ဘော ၉ စီးလောက်ကို မီးဟုန်းဟုန်းတောက်အောင် လုပ်ပစ်လိုက်ပြီ" လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပြီး "နောက်ထပ်လည်း ဒါထက်အများကြီး မြင်တွေ့ရဦးမှာပါ" လို့ ဆိုပါတယ်။သမ္မတက ဘယ်လို ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်မယ် သို့မဟုတ် ဘယ်အချိန်မှာ ထပ်မံတိုက်ခိုက်မယ် ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကတော့ တီဟီရန်ဘက်က အမေရိကန် ရေတပ်သင်္ဘောတွေကို ပစ်မှတ်ထားနေသမျှ ကာလပတ်လုံး သူတို့ရဲ့ ဆီတင်သင်္ဘောတွေ ဆက်လက် ဆုံးရှုံးနေရဦးမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။"သူတို့ မနေ့ညက နောက်ထပ် ၅ စီး ထပ်မံ ဆုံးရှုံးခဲ့ရတယ်။ ၄ စီး ပျက်စီးသွားပြီး ၁ စီးကတော့ မြုပ်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီအတွက် ပေးဆပ်မှုတွေကို ဆက်လက်ကြုံတွေ့နေရဦးမှာပါ" လို့ ၎င်းက ပြောကြားခဲ့ပြီး ဝါရှင်တန်အနေနဲ့ တပြိုင်နက်တည်းမှာပဲ "သူတို့ကို စီးပွားရေးအရ ဆက်လက် အသက်ရှူကျပ်အောင် လုပ်သွားမယ်" လို့ ဆိုခဲ့ပါတယ်။ အီရန်ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ် ရေလက်ကြားအနီးရှိ အမေရိကန် ရေတပ်စစ်သင်္ဘော ၂ စီးနဲ့ ရေနံတင်သင်္ဘော ၈ စီး အပါအဝင် သင်္ဘော ၁၀ စီးကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒါပေမဲ့ CENTCOM ကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာမရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်လမ်းကြောင်းတစ်ခု ပိုမို အနှောင့်အယှက်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြစဉ်အတွင်း အခုလို ရေကြောင်းဆိုင်ရာ ထိတွေ့တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်လာတာကြောင့် ဘရန့် ရေနံစိမ်းဈေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည်မြင့်တက်သွားခဲ့ပါတယ်။ REF: RT#Myanmar #News

photo content

အမေရိကန်က အီရန်ရေနံတင်သင်္ဘောတွေကို တစ်စီးပြီး တစ်စီး ဖျက်ဆီးပစ်နေ https://www.mmnationalpost.com/2026/09/blog-post_785.html

မိုးညှင်း၊ စက်တင်ဘာ ၁၀ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍  ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။မွန်းလွဲ(၁)နာရီတွင် ဟိုပင်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့်နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ #News #Myanmar

photo content

မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး https://www.mmnationalpost.com/2026/09/blog-post_10.html

နေပြည်တော်၊ စက်တင်ဘာ ၉မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ် - နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။ကွင်းဆက်စစ်ဆေးချက်အရ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားရွာမှ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာသို့ သယ်ဆောင်ခိုင်းသူများဖြစ်ကြသည့် နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် အား မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်)ရပ်ကွက်ရှိဟိုတယ်၌ HONDA INSIGHT ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်း ၁၁၅ မိုင်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်စီမံခန့်ခွဲသူ ကျော်သာ(ခ)အောင်ကျော် နှင့်အတူ ကိုစိုး၊ ယုယုမော် တို့ ၃ ဦးအား စိတ်ကြွဆေးပြား ၁၉၄ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၈ သိန်း)၊ မြန်မာငွေ ၉,၁၇၁,၅၀၀ ကျပ်၊ GRAND TIGER ယာဉ် ၁ စီးတို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။၎င်းတို့၏ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၅ ရက်နေ့တွင် ရဲမင်းအောင်(ခ)ပါးသိုင်း အား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားကျေးရွာရှိ နေအိမ်၌လည်းကောင်း၊ အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်သူ မိုးအောင်(ခ)ဆလိုင်းမိုးအောင် အား ပြည်မြို့၊ ပြည်သာယာရပ်ကွက်တွင် NISSAN VANETTE ယာဉ် ၁ စီးနှင့်လည်းကောင်း၊ နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် မှ စိတ်ကြွဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PAJERO ယာဉ်အား မိတ္ထီလာမြို့နယ်၊ ကွေ့ကြီးရွာအနီးတွင် လည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နေ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော် ၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင်(ခ)ဆလိုင်းမိုးအောင်၊ ရဲအောင်(ဖမ်းဆီးရန်ကျန်)နှင့် ကိုဦး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရပါသည်။စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်ပါဝင်သည့် ကျော်သာ(ခ)အောင်ကျော် နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ်၊ မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ်သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Myanmar #News

photo content

photo content

AA အကြမ်းဖက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ https://www.mmnationalpost.com/2026/09/aa.html

နေပြည်တော်၊ စက်တင်ဘာ ၉နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက် ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ #News #Myanmar

photo content

photo content

photo content

photo content

photo content

တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ https://www.mmnationalpost.com/2026/09/blog-post_138.html