cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

𝘽𝙊𝙇𝙇𝙔𝙒𝙊𝙊𝘿 ( 2023 )

🚩 Channel was restricted by Telegram

Show more
Advertising posts
36 441
Subscribers
-7024 hours
-3787 days
-1 71530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from N/a
Vadakkupatti Ramasamy (2024) အသစ်စက်စက် ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးကို တောင်ပိုင်းဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဟာသကားဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာက ဘာသာရေးကိစ္စဖြစ်လို့ ပညာပေးဟာသကားလို့ပြောရင်လဲ မမှားပါဘူးဗျာ ရွာတစ်ရွာမှာ ရာမာဆာမီဆိုတဲ့ ဘုရားမယုံတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူတို့ရွာမှာကိုးကွယ်တဲ့ သာနာကာနတ်သမီးရဲ့ကျောင်းဆောင်ဟာ ရေကြီးလို့ ပျက်စီးသွားပါတယ်တဲ့ ... အဲ့အချိန်မှာ ရာမာဆာမီက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာသာရေးကိုခုတုံးလုပ်ရမယ်လို့ ဆုံးဖြတ်လိုက်ပြီး နတ်သမီးကပဲ သူ့ဆီကိုကြွလာတဲ့ပုံနဲ့ သူ့ခြံထဲမှာ ဘုရားကျောင်းဆောက်ပြီး ဂွင်ဖန်နေပါတော့တယ်.... တစ်နေ့မှာတော့ သူတို့ရွာကို အရာရှိအသစ်ရောက်လာတဲ့အခါမှာ ဒီလိုဘာသာရေးအကြောင်းပြဂွင်ဖန်နေတာကို ဘယ်လိုဆက်လုပ်မလဲ ဂေါပကလေးရာမာဆာမီတစ်ယောက် ရွာသားတွေကို ဘယ်လိုဂျင်းထည့်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရီရီမောမောနဲ့ ဆက်အားပေးရမှာပါ.... Movie Link 🎦👇👇 https://t.me/movieclub211/378 https://t.me/movieclub211/378 Credit
Show all...
Repost from N/a
Prohibited content
]Nasha (2013) ဆယ်ကျော်သက်အရွယ် မှီးကောင်ပေါက်စကောင်လေးတစ်ယောက်နဲ့ ၃၀ဝန်းကျင် ရင့်ကျက်နေတဲ့ လှလှပပ ဆရာမလေးတို့ကြားက မေတ္တာတရားကိုချပြထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ တချို့အချစ်တွေကျမစွဲလန်း သင့်ဘူးဆိုတာကို နည်းနည်းပညာပေးထားတာတွေလဲပါတော့ပေါ့ဗျာ ဆာဟေးတို့ဆိုတာ သူတို့မြို့ရဲ့ကောလိပ်မှာသိပ်ဆိုးတဲ့ ကျောင်းသားလေးတွေစစနောက်နောက်နဲ့ လုံးဝမျက်နှာပိုးမသတ်လို့ကျောင်းအုပ်ကြီးခဏခဏဒဏ်ပေးရတဲ့လူဆိုးအဖွဲ့ပေါ့ တနေ့ကျ သူတို့ရဲ့နွေရာသီကျောင်းပိတ်ရက်လှုပ်ရှားမှုအတွက် အနီတာဆိုတဲ့ဆရာမလေး တစ်ယောက် ရောက်လာပါတယ် အနီတာက မိန်းမလှပေါ့ မနက်ဆိုဘောင်းဘီတိုနဲ့ပုံမှန်ပြေးတယ် ခန္ဓာကိုယ်အဆစ်အပေါက်ကလဲပြောစရာမရှိတော့ ကျောင်းက ဆာဟေးတို့အဖွဲ့ငမ်းကြတာပေါ့ဗျာ ဒါပေမယ့်ဆာဟေးကတော့ စည်းတခုကျော်မိသွားတယ် အဲဒါကတော့ အဲ့ဒီဆရာမကို တဏှာစိတ်အပြင်ချစ်စိတ်ဝင်မိသွားတာပါပဲ သူနဲ့ဆရာမဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားစေချင်ပါတယ် MOVIE LIKE 🎦👇👇 https://t.me/movieclub211/361 https://t.me/movieclub211/361 Credit
Show all...
👍 3
Repost from N/a
Prohibited content
Theeviram 2020 မဆူဒ်နဲ့ အဗာစ်ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် အချိန်အတော်ကြာမှ ပြန်တွေ့ကြလို့ စကားလက်ဆုံကြနေကြတယ် မဆူဒ်က စိတ်ပညာရှင်တစ်ယောက် အဗာစ်က ကွန်ပြူတာနည်းပညာသမား ရယ်ရယ်မောမောပြောဆိုနေကြရင်းနဲ့မှ အဗာစ်က သေးသေးမွှားမွှားကိစ္စလေးတွေနဲ့ဒေါသထွက်လွယ် ပေါက်ကွဲလွယ်လာတဲ့အခါ မဆူဒ်ဟာ အဗာစ်အပေါ် သင်္ကာမကင်းဖြစ်လာပါတော့တယ်။ စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အလျောက် သူငယ်ချင်းဖြစ်သူကို ကူညီချင်တဲ့စိတ်နဲ့ အတင်းအကြပ်မေးမြန်းစုံစမ်းမိလိုက်တဲ့အခါ အဗာစ်ဟာအကြမ်းဖက်သမားတွေနဲ့ အချိတ်အဆက်ရှိနေပြီး သူကိုယ်တိုင်ကလည်းအကြမ်းဖက်သမားတစ်ယောက် ဖြစ်နေတဲ့အပြင် လတ်တလော ဗုံးခွဲဖို့ အစီအစဉ်တစ်ခုရှိနေကြောင်းကိုပါ သိလိုက်ရပါတော့တယ် ဒီလိုနဲ့ မဆူဒ်နဲ့ အဗာစ်ဆိုတဲ့ ဒီသူငယ်ချင်းနှစ်ယောက် ကိုယ်မှန်တယ်ထင်တဲ့အယူအဆနဲ့ပတ်သက်ပြီးတစ်ယောက်နဲ့ တစ်ယောက် သူနိုင်ကိုယ်နိုင် ဘယ်လိုအားပြိုင်စွမ်းဆောင် ကြမလဲ ဗုံးခွဲအကြမ်းဖက်မှုကိုကော တားနိုင်ပါ့မလားဆိုတာကို တော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါ MOVIE LIKE 🎦👇👇 https://t.me/movieclub211/359 https://t.me/movieclub211/359 Credit
Show all...
👍 1
Repost from N/a
Mr. Airavata [2015] 2015 ‧ Action/Romance IMDb 5.5/10 အကျင့်ပျက်ရဲအရာရှိ အနည်းငယ်၏ နှိပ်စက်မှုကိုခံခဲ့ရသော လယ်သမားတစ်ဦး သည် ကိစ္စရပ်များကို သူ့လက်ထဲသို့ယူရန် ဆုံးဖြတ်ပြီးမှားယွင်းသော နည်းများဖြင့်ရဲတပ်ဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ Movie Link 🎦👇👇 https://t.me/movieclub211/357 https://t.me/movieclub211/357 Credit
Show all...
👍 5
Repost from N/a
Jab Harry met Sejal [2017]
Show all...
👍 5🥰 1
Repost from N/a
မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး   အနွတ်ရ်ှကာရှားမားတို့က ခေါင်းဆောင်  ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ  ခံစားကြည့်ရှုရမှာပါ။ ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။   ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။ နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။ နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး  ဟယ်ရီလည်း သူ့အလုပ်သူ   ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။ ဆီဂျယ်က  အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ Movie Link 🎦👇👇 https://t.me/movieclub211/347 https://t.me/movieclub211/347 Credit
Show all...
👍 5🥰 1
Repost from N/a
Prohibited content
Marjaavaan (2019) IMDB (4.0/10) ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက်ကြီး ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါ ရာဂူးကတော့ အန်နားဘိုင်ရဲ့ မွေးစားသားတစ်ယောက်ဖြစ်ပြီး အန်နားဘိုင် အားကိုးရတဲ့ လက်ရုံးဆိုရင် ပိုမှန်မယ် တစ်ဖက်မှာတော့ အန်နားဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး..အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ် တစ်ဖက်ကလည်း လူသတ်မှု့တွေအတွက် ရဲတွေဟာ အန်နားဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်နေတယ် ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့အချစ်ဇာတ်လမ်းလေးတခု ဖြစ်ပေါ်ခဲ့ပါတယ် လူဆိုးလူမိုက်တွေကြားက အချစ်နဲ့ အက်ရှင်အလန်းလေးကို ခံစားကြည့်လိုက်ကြပါဦး MOVIE LIKE 🎦👇👇 https://t.me/movieclub211/339 https://t.me/movieclub211/339 Credit
Show all...
👍 6
Repost from N/a
Thimiru Pudichavan ( Police Power ) (2018) Action/Drama ‧ 2h 36m IMDb::5,4/10 မိခင်ကျန်းမာရေးအတွက် ၄၅ ရက်သူတောင်းစားပာန်ဆောင်လုပ်ခဲ့ရတဲ့ မီလျံနာ သူဋ္ဌေးသား အဖြစ်တစ်ဖန် အောင်မြင်လာခဲ့တဲ့ မင်းသား Vijay Antony ရဲ့ဇာတ်ကားပါပဲ... ကဲ  အညွှန်းလေးကတော့ လိုရင်းတိုရှင်းလေးပါပဲဗျာ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေကို ဒုစရိုက်မူ့တွေကျူးလွန်ဖောက်ဖျက်ခိုင်းတဲ့ နောက်ကွယ်ကကြိုးကိုတဲ့ဂိုဏ်းချုပ်ကိုအမြစ်ဖြုတ်ဖော်ထုတ်ရှင်းလင်းမဲ့ အထူးရဲအရာရှိ အက်ရှင်ဇာတ်ကြမ်းသစ် ဘယ်လိုမျိုးလှည့်ကွက်တွေနဲ့ ဘယ်လိုအက်ရှင်အကွက်ဆန်းတွေနဲ့ဆိုတာတော့ သိချင်ရင်တော့ဒေါင်းသာကြည့်ပါတော့လို့ပဲ ညွှန်းလိုက်ပါရစေ... (အသက်မပြည့်သေးတဲ့ကလေးတွေဒုစရိုက်ကျူးလွန်လျှင် ထောင်ဒဏ်အပြစ်နည်းသောကြောင့်... ဒုစရိုက် ဂိုဏ်းချုပ်အကြိုက်ဖြစ်ပေတော့သည် ထိုလိုလူမျိုးကံဆိုးချင်တော့ တကယ့်ဖိုက်တာရဲ နဲ့မှထိပ်တိုက်တွေ့လေသောအခါ.... MOVIE LIKE 🎦 👇👇 https://t.me/movieclub211/337 https://t.me/movieclub211/337 Credit
Show all...
👍 1
Repost from N/a
Prohibited content
Rashtra Kavach Om (2022) ====================== ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော အာဒစ်သယားရွိုင်းကပူး (Malank မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ် ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့် လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်.. အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့... နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို သစ္စာဖောက်သွားခဲ့ပါတယ်... အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့ နိုင်ငံတော်က တာဝန်ပေးလိုက်တယ်.. ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် MOVIE LIKE 👇👇 https://t.me/movieclub211/328 https://t.me/movieclub211/328 Credit
Show all...
👍 5🎉 1
Repost from N/a
Kusum Manohar Lele [2020] ဒီတစ်ခါမှာတော့ Kusum Manohar Leleဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်။ ဆူဂ်ာတာဟာ အရင်ခင်ပွန်းဟောင်းရဲ့ အကျင့်ဆိုးတွေကြောင့် ကွာရှင်းခဲ့ပြီးနောက်အိမ်ထောင်ထပ်ပြုဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မာနိုဟာလီလီဆိုတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ ဆူဂျာတာနဲ့ မာနိုဟာက အရမ်းကိုချစ်ခဲ့ကြပါတယ်။ ဒါပေမဲ့မာနိုဟာ့ဘက်က လုံးလုံးမကွာရှင်းရသေးပါဘူး အဲ့တော့သူတို့ကလက်မထပ်သေးပဲအတူတူနေခဲ့ကြပါတယ် နောက်ပြီး သားလေးတစ်ယောက်လည်း မွေးခဲ့ပါတယ်။ သားလေးအသက်၃လပြည့်တဲ့ရက်မှာ ဆူဂျာတာဟာကံကြမ္မာဆိုးကြီးနဲ့ကြုံခဲ့ရပါတယ်။ အရင်အိမ်ထောင်ရေးမှာကံမကောင်းခဲ့တဲ့သူမဟာနောက်အိမ်ထောင်သစ်မှာရော ကံကောင်းပါ့မလားသူ့ရဲ့ကံဆိုးမှုတွေကဘယ်အထိ သွားမှာလဲဆိုတာကိုရင်နင့်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်တဲ့ဇာတ်ကားလေး ဖြစ်တဲ့အတွက်မလွတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါ Movie Link 👇👇 https://t.me/movieclub211/326 https://t.me/movieclub211/326 Credit
Show all...
👍 4
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.