en
Feedback
မြန်မာစာတန်းထိုး နိုင်ငံခြားကားများ

မြန်မာစာတန်းထိုး နိုင်ငံခြားကားများ

Open in Telegram

🚩 Channel was restricted by Telegram

Show more
2 871
Subscribers
No data24 hours
-277 days
-12430 days
Posts Archive
Bharat Ane Nenu (2018) ======================= ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာနိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲနေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .တစ်နည်းပြောရရင်သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်းဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . .မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။

Lagaan: Once Upon a Time in India (2001) ================================== ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါ၀င်သရုပ်ဆောင်ထားပြီး IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ (Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအ၀င်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။ မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့ မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖ်ို့ စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန် ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံး ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန် ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan) လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟု မြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍ သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည် ရှုံးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။ ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန် ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/ ဘဟူဘန်ရှုံးနိမ့်မည်ဟု မှတ်တွက်ထားသော ရာဆယ်လ်တို့ကြား ကစားနည်းဟာ ရွာသားတွေအတွက်တော့ကြီးမားတဲ့ မျှော်လင့်ချက်ကြီးပါပဲ။ဒီဇာတ်ကားလေးမှာတော့စိန်ခေါ်ခြင်းတွေရဲ့ရလဒ်တရားကရော မည်သို့ဖြစ်လာအံ့နည်း။ဘဟူဘန် ရဲ့ကြမ္မာကရော မည်သို့နည်း။ခရစ်ကတ်ဆော့ မတတ်သောသူအား ကံတရားက မည်သို့ မျက်နှာသာပေးအံ့မည်လော။ဘဟူဘန်အပေါ် ရွာသားတွေရဲ့ သဘောထားကရော ဘယ်လိုဘယ်ပုံရှိအံ့နည်း။ခရစ်ကတ်ကစားနည်းအတွက်ကူညီမယ့်သူရော ပါ၀င်လုပ်ဆောင်မည့်သူရော ရှိလာနိုင်မည်လော။ဘဟူဘန် ရဲ့အချစ်ရေးတစ်စိတ်တစ်ပိုင်းကရော မည်သို့ဖြစ်လာအံ့နည်း။ဒီဇာတ်ကားလေးမှာတော့ အားကစားအတွက်ပဲကြည့်သူ ဘဟူဘန်အတွက် ဇာတ်နိမ့် ဇာတ်မြင့် စွမ်းရည်နည်းခြင်း မနည်းခြင်း စတဲ့ အချက်တွေပေါ် လျစ်လျူခဲ့ပြီး ကြိုးစား စည်းလုံး အောင်မြင်ကြောင်းကိုသာလမ်းပြပေးနိုင်ခဲ့သည်။မီးမာင်းထိုးပြခဲ့သည်။လူတစ်ယောက်ရဲ့အားနည်းချက်ကို အားသာချက်အဖြစ်ရှုမြင်တတ်သူ ဘဟူဘန်က မည်သို့သော နည်းလမ်းများဖြင့်စွမ်းဆောင်နိုင်မည်ကိုလည်း ပုံဖော်ပေးခဲ့သည်။ဤဇာတ်ကားလေးမှာ အဓိပ္ပါယ်အသွယ်သွယ်..ချစ်ခင်လေးစားဖွယ် အသွယ်သွယ်တို့အတုယူလေ့လာစေခဲ့သည့်အတွက် ဇာတ်ကားကောင်းတစ်ခုဟု ဆုံးဖြတ်နိုင်ခဲ့သည်။ကဲ… သင်သာ ဘဟူဘန်ဖြစ်ခဲ့လျှင် မကစား မကျွမ်းကျင်သာအလုပ်အား စိန်ခေါ်ဝံ့မည်လော။မည်သို့သော အစီအစဉ် များဖြင့်အောင်မြင် အောင်လုပ်ဆောင်မည်လော။ဖြေကြည့်ဖို့အတွက်တော့ Lagaan ဇာတ်ကားမှာအဖြေညှိ သိနိုင်ပါပြီ။

နဂါးမြို့တော်မှ ဖြစ်ရပ်ဆန်း Dragon City Mystery (2024) ======================== ဇာတ်လမ်းအကျဉ်း...... ကန်းလုမင်းခေတ်အစပိုင်းမှ
နဂါးမြို့တော်မှ ဖြစ်ရပ်ဆန်း Dragon City Mystery (2024) ======================== ဇာတ်လမ်းအကျဉ်း...... ကန်းလုမင်းခေတ်အစပိုင်းမှာ တိုင်းပြည်ဘုရင်လုံအောက်ထျန်းဟာ ရောဂါအပြင်းအထန်ဖြစ်ပြီး အမှောင်တပ်ဖွဲ့ဒုခေါင်းဆောင် လုရှားလည်း အလစ်တိုက်ခံခဲ့ရပါတယ် မြို့တော်အတွင်းမှာ မငြိမ်မသက်မှုတွေ အများကြီးဖြစ်လာစေပြီး နိုင်ငံရေးကိုလည်း ထိခိုက်လာစေခဲ့ပါတယ် ဒါတွေကိုတားဆီးဖို့ ဘုရင်လုံအောက်ထျန်းဟာ အိမ်ရှေ့စံကို ဒီဖြစ်ရပ်တွေ အမှုစစ်ဆေးရေးပါရမီရှင် အန်းရှောင်းရှောင်းနဲ့အတူ ဖြေရှင်းဖို့ စေလွှတ်ခဲ့ပါတယ် သူတို့နှစ်ယောက်အတူ ပူးပေါင်းပြီး ဘယ်လိုအဖြေထုတ်ဖြေရှင်းခဲ့လဲဆိုတာ သမိုင်း၀င်ဖြစ်ရပ်တစ်ခုဖြစ်လာစေခဲ့ပါတယ်

ရှုံးနိမ့်သူ၏ ကလဲ့စား Once Upon A Time In Asia (2024) ============================= ဇာတ်လမ်းအကျဉ်း.... ၁၉၉၀ ပြည့်နှစ်အလယ်ပိုင
ရှုံးနိမ့်သူ၏ ကလဲ့စား Once Upon A Time In Asia (2024) ============================= ဇာတ်လမ်းအကျဉ်း.... ၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းကာလက သုန်းပေစီးပွားရေးလောကရဲ့ လုပ်ငန်းရှင်ကြီး Xie Wen Dong ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ အိမ်ခြံမြေလုပ်ငန်းနဲ့ လျှင်မြန်စွာ တိုးတက်ဖွံဖြိုးလာခဲ့တယ် ဒါပေမဲ့ မသမာသူလူတစ်စုရဲ့ အကောက်ကြံပြီး လိုက်လံသတ်ဖြတ်မှုကိုခံရတာကြောင့် လွှတ်မြောက်အောင်ရှောင်ရှားဖိုရာ အမေ့ကိုခေါ်ပြီး သုန်းပေက သစ်ခွဲရုံဆီ ရုပ်ဖျက်ကာထွက်ပြေးတိမ်းရှောင်ခဲ့တယ် ရုပ်ဖျက်ပြီးနေထိုင်ခဲ့ပေမဲ့လည်း လူဆိုးဂိုဏ်းတွေဆီက အနိုင်ကျင့်ခံရပြီး သူ့ရဲ့ရန်သူတွေကလည်း အဆက်မပြတ်လိုက်လံရှာဖွေတာကိုခံရတယ် ဒီလိုအခြေအနေတွေ ဆက်တိုက်ဖြစ်နေတော့ Xie Wen Dongဟာ သူ့အမေနဲ့ သူ့ကိုသဘောကျတဲ့သုန်းပေကမိန်းကလေး Wang Zihan အတွက် အရှေ့တောင်အာရှ လက်စားချေမဲ့ လမ်းပေါ် ရောက်ရှိသွားတဲ့အခါ....

Brightburn (2019) ================= ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကိုအ
Brightburn (2019) ================= ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကိုအာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ့အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်ကဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ဒီမှာ ကြည့်ရမှာပါ။စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။စောင့်ကြည့်ဖို့မမေ့ပါနဲ့။အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။

Security (2017) =============== ဒီကားလေးကတော့အမေရိကန်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်ဒီနှစ်ထွက်ကားကောင်းလေးပါ။ အဓိကကတော့ဂျိမ်းဆိ
Security (2017) =============== ဒီကားလေးကတော့အမေရိကန်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်ဒီနှစ်ထွက်ကားကောင်းလေးပါ။ အဓိကကတော့ဂျိမ်းဆိုတဲ့ကောင်မလေးကနေဒီဇာတ်လမ်းအစပြုလာတာပါပဲ။ အက်ဒီဟာမရိန်းစစ်သားဗို်လ်ကြီးဟောင်းတစ်ယောက်ပါ။သူ့ရဲ့ကြမ်းတမ်းတဲ့နေ့ရက်တွေကိုကျော်ဖြတ်ပြီးနော်စစ်တပ်ကနေအနားယူပြီး မိသားစုစား၀တ်နေရေးအတွက်ဈေး၀ယ်စင်တာတစ်ခုမှလုံခြုံရေးအရာရှိ၀င်ရောက်လုပ်ကိုင်လိုက်ပါတယ်။တစ်ညမှာတော့သူတို့အဖွဲ့အတွက်တကယ်ညတာရှည်ညတစ်ညဖြစ်စေမယ့်ကံကြမ္မာကို ဂျိမ်းဆိုတဲ့ကောင်မလေးကယူဆောင်လာတဲ့နောက်မှာတော့…အက်ရှင်အကြမ်းအတမ်းတွေကြိုက်တဲ့သူတွေအတွက် စိတ်ကြိုက်ဇာတ်ကွက်လေးလာပါတော့တယ်။ဂျိမ်းဟာဘယ်လိုရောက်လာတာလဲ။ ဘာအတွက်ကြောင့်ပြသနာတွေပေါ်လာတာလဲ။ နောက်ဆက်တွဲမှာရောအားလုံးမျှော်လင့်သလိုအဆုံးသတ်နိုင်ပါ့မလားဆိုတော့ ရင်တမမနဲ့ကြည့်ရမယ့်Action/Thriller ကားလေးတစ်ကားဖြစ်ပါတယ်ဗျာ။ အက်ရှင်ကြိုက်သူများအားလပ်ချိန်စိတ်အပန်းဖြေစေနိုင်မှာပါ။

ရဲသွေးနီလူငယ်လေးများ KungFu Youth (2024) ===================== ဇာတ်လမ်းအကျဉ်း ချန်ကျန်းဟာ မိဘနှစ်ပါးနဲ့ ညီမလေးဖြစ်သူ ချန်ကျွမ
ရဲသွေးနီလူငယ်လေးများ KungFu Youth (2024) ===================== ဇာတ်လမ်းအကျဉ်း ချန်ကျန်းဟာ မိဘနှစ်ပါးနဲ့ ညီမလေးဖြစ်သူ ချန်ကျွမ်းကို ဆုံးရှုံးလိုက်ရပြီး လမ်းပေါ်မှာလေလွှင့်ငတ်ပြတ်ကာ အနိုင်ကျင့်ခံရချိန်မှာ သိုင်းဆရာဟော့ယွမ်ကျာက ကယ်တင်ပေးခဲ့ပါတယ် ဒီလိုနဲ့ ချန်ကျန်းလည်း ဟော့ယွမ်ကျာကို ဆရာတင်တာ သိုင်းပညာသင်ကြားပြီး ဟော့သုန်းကယ်၊ဟော့သုန်းချင်းတို့နဲ့အတူ စာပေပညာလည်း သင်ယူခဲ့ပါတယ် ချန်ကျန်းတစ်ယောက် အမှတ်ကောင်းကောင်းရလို့ ဂျပန်ပြည်မှာ ကျောင်းတက်နေစဉ် ဆရာဖြစ်သူ ဟော့ယွမ်ကျာ အဆိပ်ခတ်လုပ်ကြံခံရလို့ သေဆုံးသွားမှန်းသိလိုက်ရပါတယ် မခံချင်စိတ်ရှိတဲ့ ချန်ကျန်းဟာ အဖြစ်မှန်ကို စုံစမ်းပြီး တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ် တရုတ်သိုင်းပညာဟာ အလကားဟန်ပြသိုင်းမဟုတ်ကြောင်း ဂျပန်တွေကို အနိုင်ယူပြီး သက်သေပြရင်း ဆရာဖြစ်သူအတွက် ကလဲ့စားချေဖို့ လူငယ်တွေပေါင်းစုကာ ဘယ်လိုအစွမ်းကုန်ကြိုးစားကြမလဲ

မေ့လျော့ခြင်းမြစ်မှ အမျိုးသမီးငယ် The Legend of Meng Po (2024) =========================== ဇာတ်လမ်းအကျဉ်း နဂိုတုန်းက မုန့်၀မ်
မေ့လျော့ခြင်းမြစ်မှ အမျိုးသမီးငယ် The Legend of Meng Po (2024) =========================== ဇာတ်လမ်းအကျဉ်း နဂိုတုန်းက မုန့်၀မ်အာဟာ ကောင်းကင်မင်းကြီးရဲ့သမီးဖြစ်ပါတယ် ဒါပေမဲ့ ရှေးနတ်စစ်သူကြီးဆယ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ရှစ်ချာကို ကြိုက်နှစ်သက်မိတာကြောင့် လူ့ဘ၀အခက်အခဲကို ပညာယူစေဖို့ လူ့ပြည်ကို ဆင်းခိုင်းခဲ့ပါတယ် သို့သော်လည်း မုန့်၀မ်အာဟာ ရှစ်ချာကို စွဲလမ်းနေပြီး လက်မလွှတ်ချနိုင်ခဲ့ပါဘူး နောက်ဆုံးမှာတော့ သူ့ကို ဘ၀ကူးနိုင့်ဟယ်တံတားမှာ သေသူတွေ နောက်ဘ၀လူမ၀င်စားခင် လက်ရှိမှတ်ဉာဏ်တွေ မေ့ပျောက်စေဖို့ မုန့်ဖော်ဟင်းရည်တိုက်ဖို့ တာ၀န်ပေးလိုက်တဲ့အခါ...

Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" ============================ လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။ Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။

Weapon (2024) "စူပါလူသား" ========================= ၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။ တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖို့ကတိပေးခဲ့တယ်။ ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့ စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။ ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖို့ကမ်းလှမ်းပေမဲ့ အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲက စူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီး အိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။ အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲ လုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှို့ဝှက်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် သားဖြစ်သူ အသက်ဆုံးရှုံးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။

Bloody Ishq (2024) =================== ဒီနေ့မှာတော့ horror ဆန်ဆန်ဘောလိဝုဒ်ကားလေးအလှည့်ကျလာပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတ
Bloody Ishq (2024) =================== ဒီနေ့မှာတော့ horror ဆန်ဆန်ဘောလိဝုဒ်ကားလေးအလှည့်ကျလာပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နေဟာဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်။ မှတ်ဉာဏ်တွေမရသေးပေမဲ့ ဆေးရုံကသက်သာလို့ ဆင်းလာပြီးတဲ့နောက် သူမရဲ့အမျိုးသားနဲ့အတူ သူတို့နေထိုင်ခဲ့တဲ့ စကော့တလန် ကျွန်းပေါ်က သူတို့အိမ်တစ်အိမ်ပဲရှိတဲ့ အိမ်ကြီးကို ပြန်လာနေခဲ့ပါတယ်။ အမျိုးသားဖြစ်သူကလည်း သူ့ဇနီးကို သိပ်ဂရုစိုက်တာပေါ့။ နေဟာကတော့ သူမ အတိတ်က သူတို့ရဲ့အကြောင်းတွေကို ဘာဆိုဘာမှ ပြန်မခံစားရလို့ အတော်လေးထိတ်လန့်လို့နေတာပေါ့။ ဆိုတော့ တကယ်ဖြစ်တာရော ဟုတ်ရဲ့လား။ သူမ မတော်တဆဖြစ်တဲ့ကိစ္စကရော သွေးရိုးသားရိုးဟုတ်ရဲ့လား သူမ ယောက်ျားကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။

အမတအမြုတေရဲ့ လျှိဝှက်ချက် Dragon Seeking Coffin (2024) ============================ ဇာတ်လမ်းအကျဉ်း ရှေးယခင် ဧကရာဇ်ယွီလက်ထက်တေ
အမတအမြုတေရဲ့ လျှိဝှက်ချက် Dragon Seeking Coffin (2024) ============================ ဇာတ်လမ်းအကျဉ်း ရှေးယခင် ဧကရာဇ်ယွီလက်ထက်တော်အခါက ကောင်းကင်မှ အမတအမြုတေကို မတော်တဆရရှိခဲ့တယ် အဲဒီအမတအမြုတေကို ကျွိလုမြိုပြင်က လျှိဝှက်ဂူထဲမှာ ကျိန်စာနဲ့တကွ ချိပ်ပိတ်ထားတယ်လို ကောလာဟလများစွာ ထွက်ပေါ်လာခဲ့တယ် အဲဒါကြောင့် မျိုးနွယ်ရဲ့ လျှိဝှက်ချက်ကိုအမွေဆက်ခံလာတဲ့ Liu Xu ကသူ့ရဲ့သမီးနေမကောင်းတာကို ကုသဖိုရန်နဲ့ မြိုတော်က လူချမ်းသာမိသားစုရဲ့သမီး Lu Yu Shan ဟာလည်း သူ့အဖေကိုအသက်ကယ်ဖိုရာ အမတမြုတေကို ရှာဖွေဖို ခရီးထွက်လာကြတယ် ဒါပေမဲ့ ဒီခရီးဟာအန္တရာယ်များလွန်းတာကြောင့် နှစ်ဦးသားပူးပေါင်းခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ အမတအမြုတေကိုဦးတည်ပြီးလာတဲ့ အဖွဲတစ်ဖွဲလည်းရှိနေပါတယ် လျှိဝှက်ဂူထဲက မိစ္ဆာတွေနဲ့ အစောင့်အရှောက်တွေရဲ့ အန္တရာယ်တွေကို ကျော်လွှားပြီး နောက်ဆုံးမှာ အမတအမြုတေကို ဘယ်သူတွေက ရရှိသွားမလဲ.. https://t.me/chinese353/6

The Arctic Convoy (2023) ====================== ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ
The Arctic Convoy (2023) ====================== ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။