မြန်မာစာတန်းထိုး နိုင်ငံခြားကားများ
Open in Telegram
2 871
Subscribers
No data24 hours
-277 days
-12430 days
Posts Archive
This message couldn't be displayed on your device due to copyright infringement.
ပြန်လည်ရှင်သန်လာသော နီကျား
Nezha: Return Of The Magic Boy (2024)
================================
ဇာတ်လမ်းအညွှန်း.....
နဂါးဘုရင်က ချန်ထန်ကွမ်းကို ရေလွှမ်းအောင်လုပ်ပြီး Nezha ကို ထုတ်ပေးဖို Li Jing ကို ဖိအားပေးခဲ့ပေမဲ့ Nezha က သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့သလို Nezha ရဲ့ မူလဝိညာဥ်ဟာ ရှင်သန်ခွင့်ရဖို မျှော်လင့်ချက်နဲ့ လင်းလုံရတနာမျှော်စင်ထဲ ဝင်သွားခဲ့ပါတယ်။
သားဖြစ်သူကို မူလဝိညာဥ်ပျက်စီးပြီး ပျောက်ကွယ်သွားမှာ မမြင်ချင်တဲ့ LiJing ဟာ လင်းလုံရတနာမျှော်စင်ထဲလိုက်ဝင်သွားခဲ့တဲ့ နောက် ပုံရိပ်ယောင်တွေ ပေါ်လာပြီး ရန်သူဟာ ပုံရိပ် ယောင် တွေကြားထဲကနေ ထွက်ပေါ်လာပါ တော့တယ်။
နောက်ဆုံးမှာ Nezha တိုသားအဖ ၂ ယောက် သူတိုကြားက အာဃာတတွေကို ခဝါချပြီး နဂါးမင်းကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ အားပေးကြပါဦး
ဒဏ္ဍာရီထဲက ဓားငှားသူ
She Dao Ren (2024)
====================
ဇာတ်လမ်းအကျဉ်း........
သိုင်းလောကမှာ ဓားငှားသူတွေနဲ့ပတ်သတ်ပြီး ဒဏ္ဍာရီတွေရှိခဲ့ကြတယ်
ဓားငှားသူက တုပသွန်းလုပ်ထားတဲ့ ဒဏ္ဍာရီလာ မှော်လက်နက်ဖြစ်တဲ့ ကျန့်လုဓားကို ဒီဓားနဲ့ ကံကြမ္မာရေစက်ရှိတဲ့လူငယ်လေးထံ ငှားပေးခဲ့တယ်
ဒီလူငယ်လေးက ကျန့်လုဓားနဲ့အတူ သိုင်းလောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံး ဓားရူးသွပ်သူ တစ်ယောက်ဖြစ်လာခဲ့တယ်
၃နှစ်ကြာပြီးတဲ့နောက်မှာတော့ ဓားငှားသူဟာ ထွက်ပေါ်လာပြီး ကျန့်လုဓားကို ပြန်လည်ရယူလိုပေမဲ့လည်း ကျန့်လုဓားကိုစွဲလမ်းနေပြီဖြစ်တဲ့ လူငယ်က သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်
အဲဒီအတွက်ကြောင့် ဓားငှားသူက "ကျန့်လုဓားက မင်းချစ်ရတဲ့သူတွေကို သတ်လိမ့်မယ်" လိုဟောကိန်းထုတ်ခဲ့တယ်
ဓားရူးသွပ်သူက တကယ်ပဲ ချစ်ရသူတွေကို ဆုံးရှုးရမလား...
ဒီဟောကိန်းကနေရော လွတ်မြောက်နိုင်ပါ့မလား...
သူစွဲလမ်းသွားတဲ့ ကျန့်လုဓားကိုရော လက်လွှတ်နိုင်မလား...
ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်
Mulan (2020)
=================
ဒီမူလန်ကားကတော့ တရုတ်ကားဆိုပေမယ့် English စကားပြော Disney ရဲ့ရုပ်ရှင်ဖြစ်ပါတယ်။မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) ကအကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်…Mulan ဇာတ်ကောင်ဆိုတာ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလိုခနခန Live Action တွေ ပြန်ရိုက်လဲပရိတ်သတ်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇာတ်ကောင်တစ်ခုပါတရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေယောင်္ကျားသားတွေကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့အခါမကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် ကယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီးစစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်..
The Battle: Roar to Victory(2019)
=============================
ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကို
အခြေပြုရိုက်ကူးထားတာပါ…..
ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးက
ရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်….
သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ
တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်…
ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကို
ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ….
ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေ
ကိုအသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို
အားရစရာကြီးတွေပါ…
ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ….
ပြောက်ကျားစစ်ဟန်တွေရယ်…အရေးကြီးခေါင်းဆောင်တွေကို
စနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ …ဂျပန်စစ်ခေါင်းဆောင်တွေနဲ့
စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့….
တော်တော်ကြီးကို မိုက်ပါတယ်…
နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို
ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်က ဓားချက် သေနတ်ချက်အောက်
မှာ အသက်ပျောက်သွားတဲ့ ဂျပန်တွေရဲ့ပုံကိုလည်း ထင်သာမြင်သာအောင်
ပြထားတာက အားရစရာကြီးတွေပါပဲ…….
ခံစားကြည့်လိုက်ပါဦး…
သရုပ်ဆောင်တွေက နာမည်ကြီးသရုပ်ဆောင်တွေကြီးပါတဲ့အပြင်
ပြသချိန် ၂ နာရီကျော်မှာလည်း အီသွားတာကိုမရှိသလောက်ပါပဲ…
Hijack 1971 (2024)
====================
ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့
1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့
လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့
ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း.........
ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ
ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ
တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။
ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း
ဂင်ယုံးဒယ်လိုခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို
ခံရပြီး မြောက်ကိုးရီးယားသို ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။
အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်
တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို
ဖြစ်လာတဲ့အခါမှာတော့....
တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖိုရာ တစ်ဖက်နိုင်ငံအစိုးရရဲ့
ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လိုမရပါဘူး..
အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို အသင့်ပြင်နေတဲ့
တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..
မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့
မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..
ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..
သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့
မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်
မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့
လေယာဥ်မှူးအဖြစ် မင်းသားကြီး Sung Dong-il တိုက ပါဝင်အားဖြည့်ထားပါတယ်
Mulan: Rise of a Warrior (2009)
==========================
တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။…
နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်…ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်…တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်…တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်…ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်…ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ရရှိခဲ့ပါတယ်…Rating 6.8 ရရှိထားပြီး တရုတ်နိုင်ငံအမျိုးသမီးစစ်သူကြီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့Mulan 2009 ဟာတရုတ်ပြည်သူများအပြင်တခြားနိုင်ငံကလူများကပါအထူးနှစ်သက်ခဲ့ကြတဲ့တရုတ်အက်ရှင်ကားကောင်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်….။
Yevadu(2014)
=================
ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး
မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။
ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင ့်မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်လက်စားချေပုံများကို အိနိ္ဒယဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။
Manikarnika – The Queen Of Jhansi (2019)
================================
၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။
တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊
နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ နရဆင်းမဟာရက်ဒီရဲ့ အတ္ထုပတ္တိကို ပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်ကားထဲမှာတော့ အင်္ဂလိပ်တွေ သိမ်းပြီးစ အိန္ဒိယအခြေအနေကို မြင်ရပြီး အခွန်တွေ တင်းကြပ်ကောက်ခံရမှ ဘုရားပေးဆုလာဘ်ဖြစ်တဲ့နရဆင်းမဟာရက်ဒီဟာ စတင် ပုန်ကန်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ပုံတွေကို မြင်ရမှာပါ။ပထမဦးစွာ မြင်ရတဲ့ စစ်တပ်ကတော့ ဘုရင်မ မာနီကာနီကာရဲ့ ဂျန်စီစစ်တပ်ပါ။ဂျန်စီတပ်တစ်ခုလုံး အင်အားနည်းလာတဲ့အခါ စိတ်ပျက် အားလျော့နေချိန်တစ်ခုပေါ့။(Manikarnika: The Queen of Jhansi 2019 ကြည့်ဖူးကြမှာပါ)———————————————————–သမိုင်းဝင် တိုက်ပွဲအကြောင်းတွေတင်မကဘဲ သနားစရာ အချစ်ဇာတ်လမ်းလည်း ပါနေပါသေးတယ်။တောင်ပိုင်းဇာတ်ကားတို့ အများစုအတိုင်း အကတွေနဲ့ အိုဗာအက်ရှင်တွေ ပါဝင်နေပါတယ်။အကတွေကတော့ သမီးရည်းစားချစ်ကြိုက်လို့ ကကြတာမျိုး မဟုတ်ဘဲ စီရင်စု ပေါင်း ၆၁ခုက အုပ်ချုပ်သူတွေ ပေါင်းစည်းတွေ့ဆုံရေး ပွဲတော်မှာ ဖျော်ဖြေမှုအနေနဲ့ပါ။ဒါကလည်းတော်တော်လေး ကြည့်ကောင်းပါတယ်။IMDb Rating – 8/10Duration – 2hrs47minsGenere – Drama/Action/Historyကဲ…. ကိုယ်တိုင်သာ ခံစားကြည့်ဖို့ အချိန်ရောက်ပါပြီ။ခုတစ်ပတ်အတွင်း ဇာတ်ကားကောင်းတွေ ဆက်တိုက်တင်ဆက်ပေးသွားမှာမို့ မျက်ခြည်မပြတ် စာင့်ကြည့်ထားဖို့ ပြောချင်ပါတယ်။
Exhuma (2024)
================
EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ
စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင်ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ
စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမကBox Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်..နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့(Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်….ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါသူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ….ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး….
The Revenant (2009)
===================
နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ်ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်…
