en
Feedback
Myat Tun Oo

Myat Tun Oo

Open in Telegram

Political Commentator and supporter of NLD

Show more
4 650
Subscribers
No data24 hours
-257 days
-8130 days
Posts Archive
စာရေးသူအထင်ကတော့ မြောက်ပိုင်းကတိုက်ပွဲတွေက တရုတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မထင်ပါ။ တရုတ်က ဖိအားပေးလို့ အတိုင်းအတာတစ်ခုအထိ ရနိုင်ပေမယ့် တရုတ်အနေနဲ့လဲ သူတောင်းထားတာကို မအလက တစ်ခုမှမလုပ်ရင် ဖိအားပေးမယ်မထင်ပါ။ ဒီနေရာမှာ မအလက ကျောက်ဖြူထိုးကျွေးတာ ဘာညာနဲ့ တရုတ်ကို မျက်နှာလုပ်ရင်တောင် အဆိုပါဒေသတွေက မအလထိန်းချုပ်မှုအောက်မရှိလို့ တရုတ်ဟာ သက်ဆိုင်ရာအဖွဲ့တွေနဲ့ စကားပြောရမှာပါ။ မအလကလဲ တရုတ်တောင်းတဲ့ သယံဇာတ ပေးနိုင်ပေမယ့် DASSK နဲ့တွေ့ဖို့ သူဆင်းဖို့ကတော့ မီးနီပါ။ ယခုက အဆိုပါမီးနီကို တရုတ်က ဖြတ်ဖို့ ကြိုးစားနေပါတယ်။ မြန််မာပြည်မှာ မတည်ငြိမ်ရင် အပေါ်ယံမှာ တရုတ်အမြတ်ထွက်နိုင်ပေမယ့် ယခုလောက် ဇတ်မျောနဲ့ ဆီးရီးယားလိုဖြစ်ရင်တော့ တရုတ်အိမ်နောက်ဖက်ကို အမေရိကန်ကရောက်လာနိုင်သလို သူ့ရင်းနှီးမြုပ်နှံမှုတွေလဲ စိတ်မချရလို့ သူမကြိုက်တာ သေချာပါတယ်။ ဟိုသီပေါမင်းကြီးလဲ အင်္ဂလိပ်တောင်းဆိုတာမပေးဘဲ သူ့ကျွန်မခံပြီဆိုပြီး ခံချခဲ့သလို မအလကလဲ ခံချချင် ခံချမှာပါ။ ပြည်သူတွေက ချင်းနဲ့ ရှမ်းကို သင်ခန်းစာယူပါ။ စစ်ကိုင်းနဲ့ မကွေးမှာ NUG ကလွဲလို့ အခြားအဖွဲ့တွေကို မထောက်ခံမိပါစေမဲ့။ မဟုတ်ရင် ဗိုလ်များပြီး ၁၉၄၉၈ သံသရာလည်နိုင်လို့ပါ။ သတင်းတွေကို နှစ်ဖက်နားထောင်ပါ။ ပြည်သူတွေ၊ NUG နဲ့ PDF ကတော့ လက်ရှိ အခြေအနေကို မိမိအကျိုးရှိအောင် အသုံးချပြီး နယ်မြေချဲ့ထွင်ရမှာပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်သွားမှာပါ။ https://www.myattunoo.com/post/အဘ-မ-န-ဖ-တ-မ-င-သ-တရ-တ

အဘ၏ မီးနီဖြတ်မောင်းသော တရုတ် ယခုရှမ်းမြောက်မှာ အတိုက်ခံရတာကို ဘောမတွေက တရုတ်ကို မဝံ့မရဲလေး အပြစ်တင်နေကြတာ အားလုံးသတိထားမိမှာပါ။ အဆိုပါကိစ္စ မတိုင်ခင်ကတော့ ဒီမိုတွေက မအလကို သင်္ဘောလှူလို့ တရုတ်ကို ဆဲခဲ့ပြီးပါပြီ။ တရုတ်ကတော့ ဒါက DASSK လက်ထက်က စာချုပ်ချုပ်တာကို လှူတယ်ဆိုပြီး ပြောပါတယ်။ ဒီမိုတွေက ပေါ်တင်ဆဲရဲခဲ့ပါတယ်။ ယခုက တရုတ်ဟာ ဘောမတွေရဲ့ ခိုးဆဲတာ ခံရတာပါ။ ဒါဆို ဘောမတွေက ဘာကြောင့် တရုတ်ကို ဆဲတာလဲ? အားလုံးသိတဲ့အတိုင်း တရုတ်သံလာတာက DASSK မွေးနေ့မတိုင်ခင်ပါ။ တမင်လာတာလားတိုက်ဆိုင်တာလား စာရေးသူ သေချာမသိပါ။ သိတာက အနောက်နိုင်ငံ သံရုံးအချို့က Facebook မှာ DASSK မွေးနေ့မှာ ပန်းတင်တာလောက်နဲ့သာ မျက်နှာယူနေချိန်မှာ တရုတ်က DASSK နဲ့ တွေ့ဖို့ ထပ်တောင်းဆိုတာပါ။ ဘယ်အနောက်နိုင်ငံကမှ သူမမွေးနေ့မှာ သူမနဲ့ တွေ့ခွင့်ရဖို့ မတောင်းဆိုခဲ့ပါ။ ဒါက အရှိတရားပါ။ မတွေ့ခင်ကလဲ တွေ့လိုကြောင်း သံရုံးကတဆင့် ပြောခဲ့ပါတယ်။ သူက မအလရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ချိန် ထပ်တောင်းဆိုခဲ့တာပါ။ ထုံးစံ DASSK ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း သူမက မြန်မာ့နိုင်ငံရေးမှာ အရေးပါသူဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ တရုတ်က ဝင်မစွက်ရေးမူအရ အသံအကျယ်ကြီး မအော်ပေမယ့် အာရှသဘောအရ ပြင်းထန်ပါတယ်။ မအလဟာ အဆိုပါကိစ္စမတိုင်ခင်ကထဲက တရုတ်မှာလုပ်မယ့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးညီလာခံကို သူ့မဖိတ်လို့ စိတ်ခုနေသူပါ။ နောက် တရုတ်ကြောင့် သူစစ်ရှုံးလို့လဲ တင်းနေတာပါ။ မအလက တရုတ်ကိုမုန်းကြောင်း တရုတ်ကြောင့် သူစစ်ရှုံးကြောင်းကိုတော့ တပ်တွင်း အစည်းအဝေးမှာ ခဏခဏ ပြောလေ့ရှိပါတယ်။ဒါကြောင့် တရုတ်ကို DASSK နဲ့ ပေးမတွေ့ဘဲ လုံခြုံတဲ့နေရာမှာရှိကြောင်း ကျန်းမာကြောင်းလောက်သာ ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။ မအလဟာ ရေရှည်မူဝါဒကိုချရာမှာ ရုရှားနဲ့ စစ်ရေးအရ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှသာ တရုတ်ကို တန်ပြန်နိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ရုရှားထံက ဆီးရီးယားပြန် စစ်ရေးကျွမ်းကင်သူတွေက နေပြည်တော်မှာ အနီးကပ်သင်တန်းပေး ပံ့ပိုးပေးနေပါတယ်။ ဒါပေမယ့် မအလမှာ မရှိတာက ဆီးရီးယားမှာလို အာဆတ်ဘက်က ဝင်တိုက်ပေးမယ့် ဟစ်စဘိုလာတွေ မရှိတာပါ။ ဒါကို ပျူတွေ၊ တပ်သားသစ်တွေနဲ့ သွေးသစ်လောင်းဖို့ ကြိုးစားနေတာပါ။ ယခုလဲ အီရန်ထံ လေ့လာရေးလွှတ်ဖို့ ပြင်နေပါတယ်။ ဒါတွေမဖြစ်ခင် တရုတ်ကိုယ်စားလှယ် လက်ဗလာနဲ့ ပြန်အပြီးမှာ ရှမ်းမြောက်စစ်က တိုက်တိုက်ဆိုင်ဆိုင်ထဖြစ်လို့ ဘောမများက တရုတ်ကို တိုးတိုးလေးဆဲနေကြတာပါ။ သူတို့က ယခုလိုတိုက်တာဟာ သူတို့က တရုတ်ကိုယ်စားလှယ်ကို DASSK နဲ့ ပေးမတွေ့လို့ ဖိအားပေးတယ်ဆိုတာကို ပြောလိုပေမယ့် ပေါ်တင် မပြောရဲကြပါ။ ဒီကိစ္စက တကယ်ဟုတ် မဟုတ် စာရေးသူမသိပေမယ့် တရုတ်ကို ဒါကြောင့်ဖိအားပေးတိုက်တယ်ဆိုပြီး မအလအတွင်းကနေ ကောလဟာလဖြန့်နေတာကတော့ တပ်တွင်းမှာ အသေအချာပါ။ ဒါ့အပြင် တရုတ်ဟာ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပေါ်တင်မြှောက်ပေးတာ၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ဆုပေးပြီး မြှောက်ပေးတာ၊ မအလဆရာတွေနဲ့တွေ့ပြီး မြန်မာ့အရေးမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လက်ရှိလမ်းကြောင်းကနေပြောင်းဖို့ ဖိအားပေးတာတွေက မအလကို အင်မတန် ဒေါသဖြစ်စေခဲ့ပါတယ်။ ဒါဆို တရုတ်က ဘာတွေ တောင်းဆိုနေလဲ? ဖယ်ဒရယ် ဒီမိုကရေစီတွေဘာတွေ တောင်းဆိုနေတာ မဟုတ်ပါ။ အမေရိကန်လို ဒီမိုကရေစီပေးဖို့ တောင်းဆိုနေတာမဟုတ်ပါ။ သူကလာရင် DASSK နဲ့ တွေ့ခွင့်တောင်းတာ၊ မြန်မာ့အရေးကို သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့ကို အကူအညီတောင်းရင် ကူပေးမယ်လို့ မအလကို ပြောတာ၊ DASSK ကျန်းမာရေးကို စိုးရိမ်တယ်ပြောတာ၊ မအလဆရာတွေကတဆင့် လက်ရှိမအလသွားနေတဲ့ လမ်းကြောင်းကို ပြောင်းဖို့တိုက်ရိုက်ပြောတာတွေက မအလအတွက် မီးနီတွေကို တရုတ်က ဖြတ်လာနေတာပါ။ မအလက တရုတ်ကပြောတဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံရာမှာ ကူညီမယ်ဆိုတာကို DASSK အတွက်မသုံးဘဲ မြောက်ပိုင်းနဲ့သာ အကူအညီတောင်းပြီး အသုံးချတာပါ။ ယခင်က တရုတ်ဖိအားကြောင့် မအလတပ်ထဲက ခေါင်းဆောင်ပိုင်းကို ဖမ်းရတာတွေရှိလာနေပြီး ယခု မြှားဦးက မအလထံ မရည်ရွယ်လဲ ရောက်လာနေသလိုပါ။ ယခုရက်ပိုင်းမှာ မအလတုန့်ပြန်တဲ့အပေါ်မူတည်ပြီး တရုတ်က မြောက်ပိုင်းသုံးဖွဲ့ကို ဖိအားက ရှိလာနိုင်ပါတယ်။ မအလက သိန်းစိန်ကတဆင့် ဘာပြောသလဲမသိပေမယ့် DASSK ကို သမ္မတ ဦးဝင်းမြင့်နဲ့ ပေးတွေ့မလား ပြီးရင် NLD CEC နဲ့ ပေးတွေ့မလားဆိုတာကနေ မအလဘယ်လမ်းဆက်သွားမလဲ မှန်းဆနိုင်မှာပါ။

သံတွဲမှ ကြေးနန်စာ လူအများက တိုက်ပွဲသတင်းကို မေးလေ့ရှိကြပါတယ်။ ဒါပေမယ့် စာရေးသူလဲ အချို့ကိစ္စတွေ အမှန်အတိုင်းမသိပါ။ မအလတောင် အမှန်အတိုင်း ဘယ်လောက်အထိသိလဲ မသေချာပါ။ သူသိတဲ့အချိန်ဟာ သူ့သားသမီးတွေသိပြီး သူ့မိန်းမကိုပြောလို့သိတာနဲ့ သူကိုယ်တိုင် ဘယ်အချိန် Facebook ကနေ သိလာတဲ့အချိန်မှာသာ သိတာပါ။ ယခင်က စစ်ထောက်လှမ်းရေးက တိုင်းမှူးအောက်မဟုတ်လို့ ခင်ညွန့်လက်ထက်က အချို့ကိစ္စတွေမှာ ထောက်လှမ်းရေးကတဆင့် အမှန်အတိုင်း အထက်က သိနိုင်ပေမယ့် ယခုအချိန်မှာ စရဖက တိုင်းမှူးအောက်မှာမိုလို့ မသိပါ။ အချို့ကိစ္စက မအလကသိပေမယ့် ရူးချင်ယောင်ဆောင်နေတာလဲ ရှိတတ်ပါတယ်။ ဥပမာ ကယား/ကရင်နီကိစ္စ။ မြေပြင်မှာ လွိုင်ကော်က ဘယ်သူ့လက်ထဲမှာလဲဆိုတဲ့မေးခွန်းပေါ့။ ခေတ်သစ်ကိုမေးရင် ERO လက်ထဲပြောပေမယ့် တပ်ထဲသတင်းပို့ရာမှာတော့ လွိုင်ကော်မြို့ကြီးကို ပြန်ထိန်းချုပ်နိုင်ပြီဆိုပြီး သတင်းပို့ထားပါတယ်။ ဒကစ လွိုင်ကော်ကလူတောင် ရာထူးတိုးစာရင်းထဲ ပါနေပါပြီ။ ထို့အတူပါဘဲ ရခိုင်မှာလဲ စခန်းတွေကျနေတယ်လို့ သတင်းတွေတက်ပေမယ့် အထက်ကိုတက်တာက စစ်တွေ၊ အမ်း၊ မောင်းတောမကျအောင် ဘယ်လိုခုခံထားနိုင်တယ်ဆိုတာပါ။ သံတွဲဆိုလဲ ဘယ်လိုမှ ထိမရအောင် ကာကွယ်ထားတယ် ဘာညာပေါ့။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက သံတွဲကနေ ခွါစစ်ဆင်ခွင့်ပြုဖို့ မအလဆီ ရဲရဲဝံ့ဝံ့ အမိန့်တောင်းတာကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အဆိုပါတောင်းသူက ယခု AA အဖမ်းခံထားလိုက်ရပြီ ထင်ပါတယ်။ ဒုချုပ်က မအလထံတင်ပြခဲ့ပြီး မအလက အကြောင်းမပြန်ခဲ့ပါ။ ဆိုလိုချင်တာက အသေခံတိုက်ဆိုတာပါ။ သံတွဲနဲ့ ငပလီက မအလသားသမီးနဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေရှိလို့ မအလကို အထိနာတာ အမှန်ပါ။ စာရေးသူအနေနဲ့ AA ထံက တော်လှန်ရေးအတွက် သိပ်မမျှော်မှန်းထားပါ။ ဒါပေမယ့် AA ဟာ အမ်းဌာနချုပ်နဲ့ စစ်တွေကို သူ့ကိုယ်ပိုင်နိုင်ငံအတွက် သိမ်းရမှာပါ။ သိမ်းခဲ့ရင် တပ်တွင်းမှာလဲ မအလထံ ရိုက်ခတ်မှုက ယခုထက်ပိုရှိလာမှာပါ။ ဘာထူးမလဲဆိုတော့ ယခုစုထားတဲ့ လူသစ်၊ မောင်းသူမဲ့လေယာဉ်နဲ့ ရှမ်းမြောက်မှာ မအလက အောက်ကတင်ပြထားသလို ဝ ကအစ ပစ်ကူမပေးနိုင်အောင်ပစ်ပြီး ထိုးစစ်ဆင်နိုင်ခဲ့ရင် မအလနိုင်သွားနိုင်သလို ထိုးစစ်ပြန်မဆင်နိုင်ခဲ့ဘဲ ရခိုင်နဲ့ ကချင်မှာ အလုံးစုံ စစ်ရှုံးခဲ့ရင် မအလဟာလဲ ထိုးဆင်းသွားမှာပါ။ ယခုက မေလကုန်မှာ AA က အပြီးနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ယခုအချိန်အထိ အချိန်ကြာနေသေးတာက မအလက ခံချနေသေးတယ်ဆိုတာကို ပြပေမယ့် မအလဟာ ရှုံးနေတယ်ဆိုတာကတော့ မပြောင်းလဲသွားပါ။ ပြည်သူကတော့ ဗမာဒေသမှာ NUG အောက်က တပ်တစ်ခုထဲ မူဝါဒနဲ့ NUG ရဲ့ PDF ကိုသာ PRF က တဆင့် ထောက်ပံ့ပေးပါ။ ရှမ်းနဲ့ ချင်းမှာ အဖွဲ့ကွဲတာကို သင်ခန်းစာယူပါ။ ရခိုင်ကို အတုယူပါ။ စည်းလုံးညီညာရင် အောင်ကြောင်းဖြာပါမယ်။ https://www.myattunoo.com/post/သ-တ-မ-က-နန-စ

ရာထူးတက်သူတွေပျော်လား? ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေပါတယ်။ ရာထူးတက်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်လောက်သာ ပျော်သူရှိပါတော့တယ်။ အများစုက ခိုးလိုသူများပါ။ အခြေအနေက ခိုးသားငါးရာကနေ ခွေးသားငါးရာဖြစ်နေပါပြီ။ နည်းပြရော၊ ကန်သူပါ မကောင်းတဲ့အသင်းက ရှုံးပွဲဆက်နေမှာပါ။ ယခုဆိုရင် တပ်ထဲက ခိုးထားသူတွေတောင် NUG Pay က ငွေလွှဲနှုန်းကြည့်လွှဲနေရတာ NUG ရဲ့ SDB ဘဏ်မှာ ငွေစုထားတာတွေလုပ်နေတာတွေ့ရ၊ သိရ၊ ကြားရလို့ မအလရဲ့ ဗဟိုဘဏ်က ဘာမှဦးဆောင်မှုမရှိတာဟာ မအလအတွက် ဒုက္ခအကြီးကြီးပါ။ မအလက ရှေ့သို့ချီတက်နေပေမယ့် နောက်မှာက သူခိုးနဲ့ခွေးသာ ကျန်ပါတော့တယ်။

မအလကို အင်တာနက်ပိတ်ဖို့ ဘယ်သူကူညီလဲ? မအလက အင်တာနက်ပိတ်ဖို့ အာဏာသိမ်းအပြီးထဲက ကြိုးစားနေတာပါ။ တရုတ်ကုမ္ပဏီတွေကို ကန်ထရိုက်ပေးတာရှိပါတယ်။ ဒါပေမယ့် အစိုးရချင်း ချိတ်ဆက်တာမဟုတ်ပါ။ ဒရုံးလဲ ထို့အတူပါဘဲ။ တရုတ်အဖွဲ့တွေ ပြည်ထဲရေးမှာ ရှိပြီး အများစုက ကျားဖြန့်ကိစ္စပါ။ မအလကို ကူညီနေတာက ရုရှားက အင်တာနက်ပိတ်နိုင်အောင်နဲ့ ဒရုံးကိစ္စတွေကို ကုမ္ပဏီရော အစိုးရအချင်းချင်းရော ကူညီနေပါတယ်။ ဒါ့အပြင် အိန္ဒိယကလဲ ကူပါတယ်။ ဒရုံးရော အင်တာနက်ရောပါ။ နောက်ပြီး အီရန်ကလဲ ဒရုံးရောင်းတာနဲ့ ကူညီပါတယ်။ သိအောင်ပြောပြတာပါ။

ယခုပြည်သူအားလုံးသိထားဖို့က ယခုစစ်ပွဲမှာ Y 12 နဲ့ ဗုံးကြဲတာကအစ ရုရှားက ဆီးရီးယားမှာလုပ်တာကို အခြေခံပြီး မအလတပ်ကို သင်ပေးတယ်။ ရုရှားလေယာဉ်တွေနဲ့ လက်နက်၊ ဗုံးဖြည့်တယ်။ သင်္ဘောနဲ့ လိုအပ်တာဖြည့်တယ်။ နေပြည်တော်မှာ ရုရှားပညာရှင်တွေရှိတယ်။ ဒရုံးဖျက်နည်းပညာကိုလဲ ရုရှားနဲ့ အီရန်ကို အားကိုးတယ်။ ဘာလို့လဲဆိုတော့ တရုတ်ဒရုံးပစ်က မကောင်းလို့ ရှမ်းမြောက် စစ်ရှုံးတာလို့ မအလက ခံယူထားလို့။ လိုရင် မြောက်ကိုရီးယားနဲ့ အီိရန်က နည်းပညာထောက်ပံ့တယ်။ ဒါက လက်ရှိတပ်တွင်းအခြေအနေဘဲ။

ဒါဆို အမေရိကန်ကရော? ၂၀၂၂ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ထရမ့်က သူ့ပါတီအတွက် မဲဆွယ်ပေးခဲ့ပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ အမတ်အချို့ကို ပါတီတွင်း ရွေးကောက်ပွဲကနေ ထုတ်ပယ်တာ ခံခဲ့ရပါတယ်။ ထရမ့်ကြောင့် အောက်လွှတ်တော်မှာ အမတ်အများစုနိုင်ခဲ့ပေမယ့် ထရမ့်ကြောင့် အထက်လွှတ်တော်က အမတ်နေရာအချို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအချို့လဲ လက်လွတ်ခဲ့ရပါတယ်။ ထို့အတူ အမေရိကန်မှာ နယူးယောက်က ရှေ့နေချုပ် Letitia James ၊ Alvin Bragg နဲ့ ဂျော်ဂျီယာပြည်နယ်က ခရိုင် ရှေ့နေချုပ် Fani Willis တို့က ထရမ့်ကို တရားစွဲပေးမယ်ဆိုလို့ မဲနိုင်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေမှာ ရှေ့နေချုပ် အရွေးခံခဲ့ရပါတယ်။ သူတို့ကလဲ သူတို့ကတိအတိုင်း ထရမ့်ကို တရားစွဲပါတယ်။ ဒါပေမယ့် ထရမ့်ထောက်ခံသူတွေကလဲ ဂျော်ဂျီယာပြည်နယ်က ထရမ့်ကိုတရားစွဲသူ ခရိုင်ရှေ့နေချုပ် Fani Willis က ထရမ့်ကိုစုံစမ်းဖို့ သူမခန့်ထားတဲ့ ရှေ့နေ Nathan Wade နဲ့ ဖောက်ပြန်တာကို ဖော်ထုတ်လို့ ပြဿနာပြန်တက်ခဲ့ပါတယ်။ ဒါကို မီဒီယာက ဖော်ထုတ်တာမဟုတ်ဘဲ ထရမ့်ထောက်ခံသူများကသာ ဖော်ထုတ်သွားခဲ့တာပါ။ သူမဟာ သူများမျက်ချေးမြင်ပြီး ကိုယ့်မျက်ချေးမမြင် ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် သူမဟာ ရှေ့နေလိုင်စင် အသိမ်းခံသင့် မသင့် အမှုရင်ဆိုင်နေရပါတယ်။ ထို့အတူ ထရမ့်ကိုဝေဖန်တဲ့ သတင်းသမားတွေရဲ့ မတရားလုပ်တာ ဒါမှမဟုတ် အောက်ကွက်တွေကို ဖော်သွားတာကလဲ ထရမ့်ထောက်ခံသူ ပြည်သူတွေပါ။ ဒါကြောင့် ဒီမိုကရက်တွေက ထရမ့်ကို တရားဝိုင်းစွဲတာက နိုင်ငံရေးအရ ထရမ့်ကို နာမည်ကြီးစေသလို ဖြစ်နေပြီဆိုပြီး CNN မှာလုပ်တဲ့ လက်ဝဲဘက်ယိမ်းတဲ့ သတင်းမသား Fareed Zakaria ကတောင် ထပြောနေရပါပြီ။ နိုင်ငံရေးမှာ သူ့အောက်ဖဲလှန်၊ ကိုယ့်အောက်ဖဲလှန်က ကမ္ဘာမှာရှိသလို မြန်မာမှာလဲ ရှိမှာပါ။ အမေစုကိုဝေဖန်ရင် NLD ကို ဝေဖန်ရင် မိမိကလဲ ပြန်ဝေဖန်တာ ခံရမှာက မြန်မာမှာတင် ကွက်ဖြစ်နေတာမဟုတ်ဘဲ ကမ္ဘာမှာလဲ ဖြစ်နေတယ်ဆိုတာကို သတင်းသမားများ မဲရှုံးပါတီများ၊ မဲမရဘဲ အာဏာလိုချင်တဲ့ အာဏာရေးသမားများ၊ ပြည်ပအထောက်အပံ့ခံ NGO များ CSO များ ဗဟုသုတအနေနဲ့သိအောင် တင်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူများကလဲ အိန္ဒိယကပြည်သူများလို အင်္ဂလန်က ပြည်သူများလို အမေရိကန်က ပြည်သူများလို ပါတီခေါင်းဆောင်ရော ပါတီကိုပါကြည့်ပြီး မဲပေးတာပါလို့ ပြောပါရစေ။ မိမိမဲမရတာကို DASSK ကြောင့်လို့ ဆွဲမထည့်ပါနဲ့။ မြန်မာပြည်သူတွေက ကမ္ဘာ့ပြည်သူတွေလိုသာ မဲပေးတာပါလို့ ပြောပါရစေ။ စာရေးသူပေးထားတဲ့ ဥပမာကလွဲနေရင် ထောက်ပြပေးကြပါ။ https://www.myattunoo.com/post/ပ-တ-က-င-လ-အမ-စ-က-င-လ-ထရမ-က-င-လ

ပါတီကြောင့်လား၊ အမေစုကြောင့်လား၊ ထရမ့်ကြောင့်လား? မြန်မာပြည်မှာ ပါတီတွေက မဲရှုံးတဲ့အခါ သူတို့မဲရှုံးရတာဟာ DASSK ကြောင့် ဖြစ်ကြောင်း သူတို့က NLD အမတ်တွေထက် ပိုတော်ကြောင်း ပိုဘွဲ့ရကြောင်း ဘာညာဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါမျိုးကို ဖွတ်ပါတီက ပြောလေ့ရှိသလို ကိုကိုကြီးကအစ အခြား ကွန်မြူနစ်ပါတီတွေ ဆိုရှယ်လစ်ပါတီတွေကလဲ သံယောင်လိုက် ပြောလေ့ရှိပါတယ်။ ထို့အတူပါဘဲ အမေစုကိုဝေဖန်တဲ့ သတင်းသမားတွေကို ပြည်သူက ဆိုရှယ်မီဒီယာပေါ်မှာ ပြန်တိုက်ခိုက်ရင်လဲ သူတို့ကို တိုက်ခိုက်သူအား အစွန်းရောက်သမားလို အမေစုကိုကြိုက်တာကို ဘုရားလိုကိုးကွယ်သလို ဘာညာဆိုပြီး ပြည်သူတွေကို နီပိတ်ဘာညာဆိုပြီး ရေးလေ့ရှိကြပါတယ်။ ဒီနေရာမှာ အဆိုပါလူများ သိလို့ရေးရေး မသိလို့ရေးရေး ဒီမိုကရေစီထွန်းကားတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်မှာရော ပါတီကြောင့် မဲပေးလား၊ ပါတီခေါင်းဆောင်ကြောင့် မဲပေးလား၊ သူတို့ကြိုက်သူပါတီခေါင်းဆောင်ကိုရေးရင် ပြည်သူက ဘယ်လိုတုန့်ပြန်လဲဆိုတာကို သတင်းသမားများရော၊ အခြားမိမိကိုယ်ကို အင်မတန် ပညာတတ်တယ်လို့ ထင်နေသူ ပါတီခေါင်းဆောင်တွေရော၊ သာမန်ပြည်သူတွေအတွက်ပါ ဗဟုသုတအနေနဲ့ ရေးပြလိုပါတယ်။ ယခုအချိန်မှာ ရေးပြရတာက တော်လှန်ရေးနိုင်ဖို့ အရိပ်အယောင် မြင်လာရချိန်မှာ အာဏာကို အချောင်လိုချင်သူ ပြည်သူကို ကိုယ်စားမပြုတဲ့ အဖွဲ့များစွာက တော်လှန်ရေးကို မောင်ပိုင်စီးဖို့ NUCC မှာ ကြိုးစားလာတာကို တွေ့နေရလို့လဲ ရေးပြတာပါ။ ကမ္ဘာပေါ်မှာ ပါတီတွေဖွဲ့ပါတယ်။ သူတို့မှာ မူဝါဒတွေရှိပါတယ်။ ကြိုက်ရင် အဆိုပါ ပါတီထဲကို ဝင်ကြပါတယ်။ NLD က စစ်အာဏာရှင်ဖြုတ်မယ့်ပါတီဆို ကြိုက်လို့ဝင်သူရှိနိုင်ပါတယ်။ ထို့အတူ အနောက်နိုင်ငံတွေမှာက လက်ဝဲ၊ လက်ယာမူဝါဒအပေါ်မူတည်ပြီး ပါတီဖွဲ့ကြပါတယ်။ အချို့ကလဲ လူမျိုးခြားဝင်တာမကြိုက်လို့ ပါတီဖွဲ့တာရှိပါတယ်။ ဒါဆို DASSK အပေါ် NLD ပါတီအပေါ်သာ မူတည်ပြီး မဲပေးတာ မြန်မာပြည်သူတွေပဲလား? အိန္ဒိယမှာ ယခင်က လွတ်လပ်ရေးအတွက်တိုက်ခဲ့တဲ့ ဂန္ဒီမျိုးဆက်က နာမည်ကြီးပါတယ်။ သူ့မျိုးဆက်တွေ ဦးဆောင်တဲ့ Indian National Congress ပါတီက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြပါတယ်။ ၂၀၁၄ မှာ မိုဒီဦးဆောင်တဲ့ BJP ပါတီကနေ မိုဒီတက်လာခဲ့ပါတယ်။ သူက မူစလင်ဆန့်ကျင်ရေးမိုလို့ အစပိုင်းမှာ အနောက်အုပ်စုက သူ့ကို ဗီဇာပိတ်ခဲ့ပါတယ်။ အမေရိကန်လဲပါခဲ့ပါတယ်။ နောက်ပိုင်း မိုဒီက အိန္ဒိယပြည်ကို တိုးတက်အောင်လုပ်နိုင်ခဲ့လို့ သူ့ကိုမဲပိုပေးခဲ့ကြပါတယ်။ အိန္ဒိယရဲ့ စျေးကွက်ကကြီးလို့ သူ့ကိုစပိတ်ခဲ့တဲ့ အင်္ဂလန်က ဗီဇာပိတ်တာကို ပြန်ရုတ်သိမ်းခဲ့ရပါတယ်။ ယခုအိန္ဒိယမှာ ရွေးကောက်ပွဲလုပ်နေပါတယ်။ ဧပြီ ၁၉ ကနေ ၂၀၂၄ ဇွန် ၁ ရက်အထိ ရွေးကောက်ပွဲပါ။ မိုဒီနိုင်ဖို့များပါတယ်။ သူ့ကို သူ့သတင်းစာဆရာတွေ သတင်းသမားတွေက မကြိုက်ကြပါ။ သူ့ပြည်သူတွေအများစုက ကြိုက်ပါတယ်။ သူ့ကိုကြိုက်တာမိုလို့ သူရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူက မဲပေးပါတယ်။ မိုဒီကြောင့်ပါ။ နောက်ဥပမာက အင်္ဂလန်မှာပါ။ အဓိကပါတီ နှစ်ခုရှိပါတယ်။ ဥရောပကခွဲထွက်ဖို့ ပြည်သူအများစုက မဲပေးခဲ့ပါတယ်။ သတင်းသမားများနဲ့ အထက်တန်းလွှာက မကြိုက်ခဲ့ပါ။ ဥရောပကခွဲထွက်ဖို့ ဥပဒေကို သူတို့က ကန့်ကွက်မဲပေးခဲ့ကြပါတယ်။ နောက်ပိုင်း ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ သူတို့က ကွန်စားဗေးတစ်ပါတီနဲ့ လေဘာပါတီက ခွဲထွက်ပြီး သီးသန့်ပါတီ ထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဂျွန်ဆင်က ပြည်သူ့မဲကို ၂၀၂၀ မှာ အပြတ်အသတ်နိုင်ခဲ့ပါတယ်။ အဆိုပါ အင်အားကြီးပါတီနှစ်ခုထဲက ခွဲထွက်သူတွေ၊ ဘီဘီစီက သတင်းသမား Gavin Esler ထောင်ခဲ့တဲ့ Change ပါတီက ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ ဒါက ပါတီလား လူလားဆိုတာကို ဂျွန်ဆင်က ပြသွားခဲ့တာပါ။ ဒါပေမယ့် သူ့ကို သူ့ပါတီက သူ့ကြောင့်မဲရခဲ့တဲ့ လွတ်တော်အမတ်တွေက ကျေးဇူးကန်းပြီး ဖြုတ်ချခဲ့ပါတယ်။ ယခုအချိန်မှာ သူ့ကြောင့် အပြတ်အသတ်နိုင်ခဲ့တဲ့ သူ့ ကွန်စာဗေးတစ်ပါတီဟာ မဲနိုင်အောင် လုပ်ပေးသူကို ဖြုတ်ချခဲ့လို့ ယခုလာမယ့် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးမယ်လို့ အကြိုစစ်တမ်းတွေက ပြနေပါတယ်။ သူ့ကို ခေါင်းဆောင်အဖြစ်က ဖြုတ်ခဲ့တဲ့ လွှတ်တော်အမတ်တွေဟာ အမတ်နေရာရှုံးတာ၊ အရွေးပြန်မခံတော့ဘူးလို့ ဆုံးဖြတ်ရတာတွေ ဖြစ်လာနေပါပြီ။ ဒါကလဲ ပါတီရော၊ ပါတီခေါင်းဆောင်လူပါ အရေးကြီးတယ်ဆိုတာကို ဒီမိုဘိုးအေနိုင်ငံကြီးက ပြနေတာပါ။ အမတ်တွေက ပါတီနဲ့ သူ့ခေါင်းဆောင်ကိုလူကြိုက်လို့ မဲရတာကို ဒီမိုဘိုးအေကြီးက ပြနေပါတယ်။

ရခိုင်ဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အလုံးစုံနီးပါး ရောက်ရှိနေပါပြီ။ ရခိုင်ဟာ NUG အောက်မှာ မရှိနေပါ။ အမေရိကန်က အကူအညီတွေကို ဘင်္ဂလာဒေ့ရှဒ်ကနေ ဂါဇာမှာလုပ်သလို အများကြီး ဒုက္ခသည်တွေအတွက် ရိက္ခာပို့ပေးလိုက်ရင် ရိုဟင်ဂျာတွေလည်း အဆင်ပြေမှာပါ။ ဒီလိုကူညီရာမှာ အမေရိကန်နဲ့ ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာကိုသာ ကွက်ကူညီရင်တော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားရာ ရောက်ပါလိမ့်မယ်။ အမေရိကန်မူဝါဒကို ထင်ဟတ်မှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်အမေရိကန်နဲ့အနောက်အုပ်စုဟာ ရခိုင်မှာ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုးတွေ အခြားချင်းလူမျိုးတွေ အခြားလူမျိုးတွေကိုလည်း ကူညီရပါမယ်။ ဒီကိစ္စဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအတွက် ကူညီချင်တယ်ဆိုရင် တကယ်ကို အခွင့်အရေးတစ်ရပ်ပါတယ်။ လက်နက်မပေးချင်ရင်တောင်မှ ဆေးဝါးနဲ့ ရိက္ခာများကို ထောက်ပံ့နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ချင်ရင် မအလကလည်း အမေရိကန်ရဲ့ ရိက္ခာယဉ်တန်းကို ဗုံးကြဲရဲမယ်မထင်ပါ။။ ယခုမေးလိုတာက အမေရိကန်ဟာ လူကြားကောင်းအောင် မိမိထောက်ပံထားတဲ့ အရပ်ဖက် အဖွဲ့စည်းတွေ သတင်းဌာနတွေကနေ အော်နေမယ့်အစား တကယ်စေတနာရှိရင် ရိုဟင်ဂျာအတွက်သာမဟုတ်ဘဲ ရခိုင် ချင်းစစ်ကိုင်းက ဒုက္ခသည်တွေပါ ထောက်ပံပေးပါလို့ တောင်းဆိုပါရစေ။ မဟုတ်ရင်တော့ အမေရိကန်ဟာ တရုတ်ကို ဟန့်တားဖို့သာ လေနဲ့ လုပ်နေတယ်လို့ မှတ်ယူရပါလိမ့်မယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေးဌာနက NGO ထက်တော့ စာထုတ်တာထက်ပိုတဲ့ အလုပ်ကို လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တကယ်စေတနာ ရှိခဲ့ရင်ပေါ့။ ပြည်သူတွေအနေနဲ့လဲ အမေရိကန်က NUG ကို မကူညီတာက NUG ရဲ့ မစည်းရုံးနိုင်တဲ့ အပြစ်မဟုတ်ဘဲ သမ္မတာ ဘိုင်ဒင်လက်အောက်က အမေရိကန်နိုင်ငံရဲ့ မူဝါဒကြောင့်သာလို့သာ ပြောပါရစေ။ လာခြင်ရင် အနီးလေးပါ။ မလာခြင်လို့သာ ခရီးဝေးနေတာပါ။ https://www.myattunoo.com/post/အပ-မဟ-တ-ဘ-ဘ-င-ဒင-ရခ-င-မ-က-မ-လ

အပြောမဟုတ်ဘဲ ဘိုင်ဒင်ရခိုင်မှာ ကူမှာလား? ဒီနေရာမှာ စာရေးသူက AA ဘက်က ခုခံပြောကြားမှာမဟုတ်သလို ရိုဟင်ဂျာဘက်ကလည်း ပြောမှာမဟုတ်ပါ။ ယခုဖြစ်ပျက်နေတာတွေကိုသာ  တင်ပြမှာဖြစ်ပါတယ်။ စာရေးသူရခိုင်က ဘူးသီးတောင်မှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိသေးပါ။ ဒါကြောင့် ဘာ “We Stand” မှ မလုပ်ပါ။ စာရေးသူ အမှန်သုံးချက်ကိုတော့ သိပါတယ်။ ပထမအချက်က စရဖဟာ ရိုဟင်ဂျာလက်နက်ကိုင်အချို့ကို မတည်မငြိမ်ဖြစ်အောင် ARSA၊ RSO နဲ့ ဖွတ်ရိုတွေကတဆင့် လက်နက်ထောက်ပံ့ခဲ့တယ်ဆိုတာပါ။ ဒုတိယအချက်က ခေါင်းဖြူဌေးအောင်ကို မအလတက်အပြီး အာရပ်နိုင်ငံအချို့ကို လွှတ်ခဲ့ပြီး OIC က မအလကို ICJ မှာ အမှုရုတ်ပေးရင် ရိုကို နိုင်ငံသားပေးမယ် အများစုကို ပြန်လက်ခံမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါကို သတင်းတွေမှာ မတွေ့ခဲ့ရပါ။ တတိယအချက်က ရိုရွာတွေ ယခုစစ်ပွဲမှာ မီးရှို့ခံခဲ့ရတာပါ။ မြန်မာပြည်မှာ မင်းအောင်လှိုင်ကို တော်လှန်တိုက်ခိုက်ချိန်ကစပြီး ပြည်သူတွေ သိန်းသန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာ သေကြေပျက်စီးနေတာ ဗုံးကြဲခံရတာ အားလုံးမြင်တွေ့ပြီးဖြစ်ပါတယ်။ အနောက်အုပ်စုကလည်း ရံဖန်ရံခါ စိုးရိမ်ကြောင်း ကုလကလည်း စိုးရမ်ကြောင်း စာထုတ်လေ့ရှိပါတယ်။ ဒီအခေါက်က အမေရိကန်နဲ့ အနောက်အုပ်စုက စာထုတ်တာ အင်မတန်မြန်တာတွေ့ရပါတယ်၊ ၁၉၅ ဖွဲ့ကလဲ စာထုတ်တာမြန်ပါတယ်။ မြေပြင်ကသတင်းတွေကို စာရေးသူထက် အမေရိကန်ထောက်လှမ်းရေးက ရနိုင်တာမြန်တာ ဖြစ်နိုင်ပေမယ့် ၁၉၅ ဖွဲ့က အတိအကျသိတာက CIA ကများ သတင်းလှမ်းပေးလို့ သိတာလား မေးခွန်းထုတ်စရာရှိပါတယ်။ သူတို့ကတော့ စာရေးသူထက်မြန်တာက မေးခွန်းထုတ်စရာပါ။ အမေရိကန်ဟာ အကူအညီများကို မြန်မာပြည်သူထံ အထူးသဖြင့် အညာဒေသကပြည်သူများထံ တစ်ပြားမှ မထောက်ပံ့ခဲ့ပါ။ အမေရိကန်က အရပ်ဖက်အဖွဲ့ဆိုသူများ media များကိုတော့ ငွေအနည်းငယ် ထောက်ပံ့ပါတယ်။ အခြားလူ့အခွင့်အရေးအဖွဲ့များကိုလည်း အနည်းငယ်ထောက်ပံ့ပါတယ်။ အမေရိကန် အကူအများစုက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားပါတယ်။ ထိုင်း-မြန်မာနယ်စပ်က စခန်းအချို့ကို သွားနိုင်ပါတယ်။ ၈၀:၂၀ လောက်သာပါ။ ဒါပေမဲ့ ပြည်သူ့အစိုးရ NUG ကိုတော့ဝန်ကြီးတွေကို ခေါ်တွေ့ပြီး ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ပြောတာကလွဲလို့ လက်နက် ရော လက်နက်မဟုတ်တဲ့ အခြားအထောက်အပံ့ ရောယခုအချိန်အထိ တစ်ပြားမှ မပေးခဲ့ပါ။ ပိုဆိုးဝါးတာက အမေရိကန်ထောက်ပံ့တဲ့အဖွဲ့များမှ NUG အားဘာလုပ် ဘာညာလုပ်ပါဟု အမေရိကန်ထောက်ပံ့သော media များမှတဆင့် ပြောကြားလေ့ရှိတာပါ။။ သူတို့က အမေရိကန်က ဘိုင်ဒင်မထောက်ပံ့တာဟာ အမေရိကန်ရဲ့ မူဝါဒကြောင့်လို့ အမှန်တရားအတိုင်းမပြောဘဲ NUG က ဘာမလုပ်သေးလို့ ညာမလုပ်သေးလို့ဆိုပြီး NUG ကိုသာ ပြည်သူက အပြစ်မြင်အောင် အမေရိကန်ထောက်ပံ့တဲ့ မီဒီယာကတဆင့် ဂျင်းထည့်ပြီး ပြန်ပြောတာပါ။ သူဆို့ကို အတိတ်မေ့မှာစိုးလို့ ဥပမာလေးတွေ ပြောပြပါ့မယ်။ အမေရိကန်ဟာ သူထောက်ပံ့လိုသူ အီရတ်အတိုက်အခံတွေကို သူ့ပြည်သူက မထောက်ခံလဲ ထောက်ပံ့ခဲ့ပြီး ဗင်နီဇွဲလားက ဂီဒိုဖွဲ့တဲ့ စင်ပြိုင်အစိုးရကိုလဲ သူ့အောက်မှာ ဘာတပ်မှမရှိ ဘယ်သူမှမရှိပေမယ့် ထောက်ပံ့ခဲ့ပါတယ်။ အမေရိကန်က NUG ဝန်ကြီးတွေ မြန်မာပြည်က ထင်ရှားသူတွေကို နိုင်ငံရေး ခိုလှုံခွင့်ပေးပေမယ့် ဒီအရေအတွက်ဟာ ဆီးရီးယားနဲ့ အာဖဂန်က ဒုက္ခသည်တွေနဲ့ ယှဉ်ရင် ဟိုက လူတစ်ထောင်ခိုလှုံခွင့်ပေးရင် မြန်မာပြည်က လူတစ်ယောက်တောင် မပေးပါ။ ၁၀၀၀:၁ ပါ။ အမေရိကန်က NUG နဲ့ ဖော်ရွှေတွေ့ပြလို့ တရုတ်ကလည်း NUG ကို သံသယရှိပါတယ်။။ ဒါကြောင့် တရုတ်နဲ့ မကင်းတဲ့အဖွဲ့အစည်းတွေက NUG ကို စစ်မြေပြင်မှာ စစ်ကို ပြောင်းလဲစေနိုင်တဲ့ လက်နက်အများအပြား မပေးကြပါ။ အမေရိကန်ကလည်း လက်နက်မပေးဘဲ သူထောက်ပံ့ထားတဲ့ NGO, CSO နဲ့ media များက တရုတ်မကောင်းကြောင်း ပုံမှန်ပြောလို့ ပြည်သူအများစုကလည်း တရုတ်ကိုမုန်းပါတယ်။ ဒါကြောင့် NUG ကလဲ တရုတ်နဲ့ တအားသွားဆက်ဆံလို့မရပါ။။ ဒါကြောင့် NUG က ပြည်သူ့တရုတ်အမုန်းနဲ့ တကယ်မထောက်ပံ့ဘဲ လော်ဘီအားကောင်းတဲ့ အမေရိကန်ထောက်ပံ့ခံ မီဒီယာ၊ NGO/CSO ကြား ကြားညှပ်နေပါတယ်။ ရလာဒ်က တော်လှန်ရေးဟာ တရုတ်အကူအညီလဲမရ အမေရိကန် အကူအညီလဲမရဘဲ ကြာနေတာပါ။ ယခုရခိုင်ကိစ္စမှာ ဘယ်သူကဘာဆိုတာ အမှန်တရားကို စာရေးသူ မသိနိုင်ပါ။ သေချာတာကတော့ မအလရဲ့ စရဖဟာARSA တို့လို အကြမ်းဖက်အဖွဲ့စည်းတွေနဲ့ ရခိုင်မှာ လူမျိုးရေးဖြစ်အောင် မီးမွေးခဲ့တယ်ဆိုတာပါ။ ဒါကြောင့် ဘယ်သူဘာလုပ်တယ်ဆိုတာ မပြောနိုင်ပေမယ့် ရိုဟင်ဂျာတွေ ထွက်ပြေးနေရတယ်ဆိုတာကလည်း အမှန်တရားပါ။ ဒီနေရာမှာ ရိုဟင်ဂျာတွေအတွက် အရမ်းကိုစိုးရိမ်နေတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်ဦးဆောင်တဲ့ နောက်အုပ်စုဟာ တကယ်ကူညီချင်တယ်ဆိုရင် ဝမ်းနည်းတာ စိုးရိမ်တာမဟုတ်ဘဲ ရခိုင်မှာ တကယ်ကူညီလို့ ရနေပါပြီ။ 

We need the leadership from President Biden rather than statements from the State Department and its allies NGOs and CSOs group. There is no need for special ship like in Gaza to help Rohingya. All we need is the will and there will be a way to do it. Of Course, US may need permission from AA but I don’t think they will deny it. US can talk via the NUG for this humanitarian assistance if it wants to provide it without any discrimination against any race or religion or it can talk to AA directly. I hope that the State department can show leadership under President Biden and will do more than NGOs’s job. I think that this is the only way for Democrats to get vote from Muslim and the socialist by showing doing something in the Arakan state rather than lip service. I do remember that the candidate Biden criticised then State Counsellor Daw Aung San Suu Kyi for not standing up to the military junta at that time. It is now time for the hypocrite to stand up to the tiny military junta and provide aids to Burma not only to the Rohingya but all in need of help. I think real Leadership needs action more than empty statements because statements without action will do nothing more than lip service.  https://www.myattunoo.com/post/time-for-hypocrite-to-act-in-the-arakan-state

Time for hypocrite to act in the Arakan state First of all, I am not going to take sides in the conflict. The truth is that I don’t know what is happening in Rohingya area. However, I know three things. One is that Myanmar army intelligent unit collaborated with ARSA and other groups before they lose their basement in the Rohingya area. I also know that Myanmar army had sent some unofficial missionary led by U Htay Aung to some Arab States and promised to give citizenship to Rohingya in exiles if OIC (Organisation of Islamic countries) withdraw its case against the junta in ICJ(International Court of Justice). I also know that some Rohingya houses were burnt down. Aftermath of this massive fire, UN, US and the West rightly expressed their concern about the situation in Arakan State. However, I would like to point out that these killings and burning of villages are also happening in the central Burma as well. I noticed that there was a massive delay in the State Department in US and also in UN when issuing any statements for the majority Burmese people. So far, US didn’t provide any help to the proper Burma. All US aids go to some media and NGO via USAIDs. They spent on luxury houses and cars for high-ranking NGO officers. In return, those NGO and CSO who received aids from US and the West issue statements which are aligned with the interest of the US and the West. However, no aids flow to the majority Barman population. Most aid goes to the Rohingya refugee camps in Bangladesh and may be some selected aid goes to the refugee camps near Thai-Burma border. This is the bitter truth we are facing. Some US representatives met with some NUG (the National Unity Government of Burma) ministers and said few warm words and tried to patronise what they need to do. However, no money goes to the NUG or the PDF(People Defence Force) under the NUG. I am not talking about any weapons assistance like in Ukraine here. The US and the West are not providing even the humanitarian aids to the Sagaing or other conflict areas rather than Rohingya. Although the US is not providing any help, its media and the NGOs and CSO which are funded by the US and the West are forcing the NUG to align with the West and tried to undermine the NUG. In public, these group will say that the NUG failed to convince the US to get any help. It is not the fault of the NUG but it is the US policy under Biden’s administration which is not providing any help to the NUG. When the US wants to help, it helps the exiled Iraqi’s group and also Juan Guaidó opposition government of Venezuela where there is no ground troops to support Guaidò. So it is more of the US policy who failed to provide any help to the NUG rather than the weakness of the NUG. On the other hand, China is very apprehensive of the NUG because of US’s lip service and also the statements of the NGOs and CSOs funded by the West. As a result, The NUG is caught between public hostility towards China and pressure from pro-Western media and NGOs. It is more difficult to get any help from China for the NUG because China thinks the NUG has close ties to the US. As a result, this revolution is taking longer than it should. In this case, there are no troops under the NUG in Arakan State and it is under AA which is led by General Twan Mrat Naing. I do understand that the US and the UN may need permission from the junta to provide any humanitarian assistance to Burma in the past. Now, AA(Arakan Army) controls nearly all of the Arakan state and also the border between Bangladesh and Burma. In addition, Chin Army controls some border crossing between India and Burma as well. If US really wants to help, it can provide humanitarian aid to the Arakan and the Chin state via Bangladesh and India. US will not need permission from the junta. I am confident that the US can stop Burmese airforce’s attack on its humanitarian supply as well. The caveat is that US must provide aids not only to Rohingya but also to the people who live in the Arakan state and the Chin state as well.

Elon Musk ကဲ့သို့ ကာဝန် ယခုသတင်းတွေကို သတိထားမိလား။ အညာမှာ မအလတပ်ကို ပစ်ပြေးမဟုတ် ပြန်ခံတိုက်တဲ့အထိ ဖြစ်လာကြပြီ။ ယခင်က မရေးပေမယ့် ယခုကာဝန်လုံခြုံရာရောက်ပြီမို့ ရေးလိုက်ပါ့မယ်။ အချို့က ကာဝန်စစ်ကိုင်းမဆင်းရင် မဆင်းလို့ ဖောင်းထုတယ်။ ဆင်းပြန်တော့လဲ ကဗျာနဲ့ တတိယပါတီ ခွေးတစ်ကောင်က ဖောင်းထုတယ်။ သူက ဟိုနေ့က AA ကို ကန့်ကွက်ရာမှာ နာမည်ပါသူ။ AA က သူ့ကို ယခင်က အစ်ကိုထွန်းကကြိုက်တယ်။ ယခုတော့ ကြိုက်တော့မည်မထင်ပါ။စစ်ကိုင်းက ရဲဘော်အချို့ဆို ဝန်ကြီးနဲ့တွေ့ရလို့ မျက်ရည်ကျ ဝမ်းသာရတယ်လို့ ပြန်ပြောပြတယ်။ စာရေးသူက အညာဆိုတော့ အချို့က ဟုတ်တယ်ဆရာဆိုပြီး NUG ကို ဖောင်းထုချင်သူက ဝိုင်းပြောတယ်။ စာရေးသူက NUG က ပေးနိုင်တဲ့အချိန်မှာ မှပြောတာ။ အချို့က နဂါးလို ဖွတ်ကိုမတွေ့လို့ဆိုပြီး အပြစ်တင်သူလဲရှိပါတယ်။ သုတို့က ဝန်ကြီးကို နဂါးကတဆင့် သေအောင်လုပ်နေသလိုပါ။ယခု ကာဝန်က မေမြို့၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ မကွေး နေရာစုံ လွတ်လပ်စွာ လျှောက်သွားပြီး သူတွေ့သင့်သူ သူ့အောက်က တပ်တွေနဲ့ တွေ့ခဲ့တာပါ။ ဒါကြောင့် တော်လှန်ရေးက နိုင်ကိုနိုင်မှာလို့ ယုံကြည်ပါတယ်။ စစ်ရေးမှာ အချို့က ကာဝန်လာရင်လာလို့ အပြစ်ပြောသူရှိသလို မလာရင်လဲ မလာလို့ အပြစ်တင်သူရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာမှာ Elon Musk လို လျှပ်စစ်ကားအောင်မြင်အောင် တီထွင်ပြရတာ ခက်ပေမယ့် Greta Thunberg လို ဆန္ဒပြကန့်လန့်တိုက်ရတာက လွယ်ပါတယ်။ နာမည်ကြီးတာချင်းက အတူတူပါဘဲ။ ဆန္ဒပြရတာ အမေရိကန်ကဆုယူ အထောက်အပံ့ယူရတာ NUG ကို ဝေဖန်ရတာ အမေစုကို ဝေဖန်ရတာက ပိုလွယ်ပါတယ်။ စာထုတ်ရတာ ကဗျာရေးရတာက အလွယ်ဆုံးပါ။ ဟိုတယ်ကနေ အိမ်လေးကိုရွေ့ပေးလဲ ဝေဖန်လို့ ပိုကောင်းသွားတာပေါ့။သင်က ဘယ်လိုလူစားမျိုးဖြစ်ချင်လဲ သင့်ဖာသာ ဆုံးဖြတ်ရမှာပါ။ မြန်မာ့တော်လှန်ရေးမှာ လိုအပ်နေတာက Elon Muskလို ကာဝန်တွေပါ။ https://www.myattunoo.com/post/elon-musk-က-သ-က-ဝန

အကျဉ်းချုပ်ရရင် စာရေးသူတို့ဟာ အိမ်ထောင်ပြုသလို နှစ်ဦးသဘောတူ ပေါင်းစပ်တဲ့ ပြည်ထောင်စုတွေသာ လိုအပ်ပါတယ်။ မိမိနဲ့ မပေါင်းလိုသူကို အတင်းပေါင်းခိုင်းလို့မရပါ။ ထို့အတူ အိမ်ထောင်မကွဲအောင်လို ပြည်ထောင်စု မပြိုကွဲအောင်ဆိုပြီး အောက်ကျခံပြီး အလျှော့ပေးစရာလဲ မလိုပါ။ အသွင်တူ သဘောတူမှ နှစ်ဦးသဘောတူပေါင်းသင့်ပါတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ ပြည်ထောင်စုထဲမှာနေဖို့ တောင်းပန်နေစရာမလိုပါ။ မိမိတို့လုပ်ရပ်က ကောင်းနေရင် မိမိတိုင်းပြည် ချမ်းသာနေရင် ပေါင်းလိုသူတွေများမှာပါ။ မအလလိုကောင် အုပ်ချုပ်နေရင်လဲ ဘယ်သူကမှ အဖက်လုပ်မှာမဟုတ်ပါ။ ပြည်နယ်တစ်ခုက ပေါင်းလိုရင်လဲ အခြားပြည်နယ်တွေက အင်္ဂလန်လုပ်သလို သူ့ပြည်နယ်ထဲပါသူအပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါလို့ ပြောပါရစေ။ ဖြစ်သင့်တာက စာရေးသူတို့ NUG စစ်ကြေညာခဲ့တာက အမေရိကန် လွတ်လပ်ရေးကြေညာခဲ့သလိုဖြစ်ပြီး စာရေးသူတို့ ပြည်ထောင်စုကိုလဲ အမေရိကန် ပြည်ထောင်စုလို သဘောထားတူသူ တန်ဖိုးတူသူတွေနဲ့သာ စုဖွဲ့နိုင်ပါစေ။ https://www.myattunoo.com/post/အ-မ-ထ-င-မ-သည-ပ-ည-ထ-င-စ-ဆ-သ-from-the-marriage-to-the-union

အိမ်ထောင်မှသည် ပြည်ထောင်စုဆီသို့ (From the marriage to the Union) ကမ္ဘာဦးက စစ်ပွဲတွေမှာနိုင်ရင် သူ့မိန်းမသိမ်း သားသမီးသိမ်းရှိခဲ့ကြပါတယ်။ တိရစ္ဆာန်လောကမှာ ရှိနေဆဲပါ။ လူ့ယဉ်ကျေးမှုတိုးတက်လာတဲ့အခါ စာချုပ်နဲ့ လက်ထက်ပေါင်းသင်းလာခဲ့ကြပါတယ်။ အာရှမှာ မိဘပေးစားလို့ယူတာ၊ ပိုက်ဆံရှိလို့ ယူတာတွေရှိပေမယ့် အနောက်မှာတော့ အများစုက အသွင်တူမှ ပေါင်းသင်းကြတယ်လို့ ဖတ်ရပါတယ်။ လိင်ကိစ္စနဲ့တင် လက်မထပ်ကြပါ။ ဥပမာ မိန်းမက မိမိအရက်သောက်တာမကြိုက်၊ ဆေးလိပ်သောက်တာမကြိုက်ရင် လက်ထပ်အောင် အရက်ဖြတ်၊ ဆေးလိပ်ဖြတ်ပြရတာမျိုးပေါ့။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုမှာ ယောင်္ကျားက နှိပ်စက်ရင်၊ စိတ်သဘောထားချင်း မတူရင်၊ မိန်းမရှုတ်ရင်လဲ၊ ယောင်္ကျား ရှုတ်ရင်လဲ လမ်းခွဲ ကွဲလိုက်ကြပါတယ်။ ဆူးပေါ်ဖက်ကြဖက်ပေါက်တာတွေ ဘာညာမရှိပါ။ ဒါက မျိုးဆက်မတူရင် အမြင်မတူနိုင်ပါ။ ဒီနေရာမှာ သူတို့က မကောင်းတဲ့ယောင်္ကျား၊ မိန်းမ စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် အောင့်အင်းသီးခံပြီး ပေါင်းမနေပါ။ သူတို့က မိမိယောင်္ကျားဖောက်ရင် မိမိယောင်္ကျားကိုသာ အပြစ်တင်ပြီး အခြားမိန်းကလေးတွေကိုအပြစ်မတင်ပါ။ ထင်ရှားတဲ့ မိန်းမနဲ့ကွဲခဲ့သူတွေက လက်ရှိကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း Boris Johnson တို့ပါ။ သူတို့မိန်းမတွေက ကြားလူကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် မြန်မာမှာက ကြားကမိန်းကလေး ခံရသူကို အပြစ်တင်တာ (victim blaming) ရှိကြပါတယ်။ ထို့အတူပါဘဲ ရှေးယခင်က နိုင်ငံငယ်တွေကိုသိမ်း၊ မီးရှို့ပြီး မိမိအင်ပါယာကို ချဲ့ခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ လက်နက်နဲ့ နိုင်ငံတည်ထောင်တာက သိပ်ခေတ်မစားတော့ပါ။ ပထမဥပမာက အမေရိကန်ပြည်ထောင်စုပါ။ သူ့ရဲ့ ပြည်နယ် ၁၃ ခုက ၁၇၇၆ ဇူလိုင် ၄ ရက်မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ အစမှာ ၁၃ ပြည်နယ်သာ ပါခဲ့တာပါ။ NUG က စစ်ကြေညာခဲ့သလိုပေါ့။ ၁၇၈၇ ဒီဇင်ဘာမှာ သုံးပြည်နယ်နဲ့စပြီး ပြည်ထောင်စု ကြေညာပါတယ်။ အခြားပြည်နယ်တွေက နောက်ပိုင်းမှာ ပါလာခဲ့ကြရာက နောက်ဆုံးပြည်နယ် ဟာဝိုင်ယီက ၁၉၅၉ မှာပါလာခဲ့ပါတယ်။ ဒီကြားထဲမှာ ၁၈၆၁-၁၈၆၅ အထိ အချို့ပြည်နယ်တွေက ကျွန်ကိစ္စ အများသဘောတူတာ မလိုက်နာလို့ ပြည်တွင်းစစ်ဖြစ်လိုက်ပါသေးတယ်။ သူတို့က အမေရိကန် အခြေခံဥပဒေကို လိုက်နာမယ်လို့ ခံယူလက်မှတ်ထိုးမှသာ ၁၈၆၅ နောက်ပိုင်းပြည်နယ်တွေကို ပေးအဝင်ခံခဲ့တာပါ။ ဒါဟာ ပြည်နယ် ၅၀ ပါတဲ့ အမေရိကန် ပြည်ထောင်စုဖြစ်ဖို့ ဘယ်လောက်ကြာတယ်ဆိုတာကိုပြတာပါ။ ဒါတောင် ပေါတိုယီကို Puerto Rico က ပြည်နယ်အဆင့် အမေရိကန်မှာ မရသေးပါ။ ထို့အတူ ဥရောပသမဂ္ဂကလဲ ဝင်ခြင်တိုင်း ဝင်မရပါ။ ဥရောပသမဂ္ဂထဲကိုမဝင်ခင် စီးပွါးရေးပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ တပ်ပြောင်းလဲမှုတွေ၊ ဥပဒေပြောင်းလဲမှုတွေပြုလုပ်ပြီး သူ့စည်းကမ်းလိုက်နာမှ အဝင်ခံပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂထဲက ဂျာမနီက ဆီးရီးယားက ဒုက္ခသည်တွေကို အတိုင်းအဆမရှိ လက်ခံချိန်မှာ အင်္ဂလန်က ထိုဒုက္ခသည်တွေကို သူ့တိုင်းပြည်ထဲ အဝင်မခံလိုလို့ ဥရောပသမဂ္ဂကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ထိုကိစ္စ ဦးဆောင်ခဲ့သူ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ကို လက်ဝဲသမားနဲ့ မူစလင်နိုင်ငံများက လူမျိုးရေး၊ ဘာသာရေးခွဲခြားသူဆိုပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူ့မူဝါဒနောက်ကိုလိုက်ဖို့ နယ်သာလန်၊ ဟမ်ဂေရီတို့က လိုက်လုပ်နေပါတယ်။ အရှေ့ဥရောပနိုင်ငံတွေက ဥရောပ သမဂ္ဂထဲမှာ ဝင်လိုပေမယ့် ဒုက္ခသည်ကို လက်ခံဖို့ ငြင်းနေကြလို့ ဥရောပမှာ ပြဿနာတက်နေပါတယ်။ ထို့အတူ ထရမ့်ဟာလဲ သူတက်ချိန်မှာ မူစလင်နိုင်ငံတွေကို ဗီဇာပိတ်လို့ အပြောခံခဲ့ရပါတယ်။ ဒါက ပြည်ထောင်စုတွေဟာ အသွင်(value) တူရတယ်ဆိုတာကို ပြောပြတာပါ။ ဒါက ဘာကိုပြောချင်တာလဲဆိုတော့ တိုင်းရင်းသားတွေဟာ သူတို့တွေ ပြည်ထောင်စုထဲမှာ ဆက်ပါချင်လား မပါချင်လား သူတို့ဖာသာ ဆုံးဖြတ်ရမှာပါ။ သူတို့ပါတာကို ခွင့်ပြုမှာလားဆိုတာလဲ အရင်ဖွဲ့ထားတဲ့ ပြည်ထောင်စုက ဆုံးဖြတ်ရမှာပါ။ ပြည်ထောင်စုဖြိုခွဲသူ ဒို့ရန်သူ ဆိုတာတွေက ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ အဖေနဲ့သားများလို သွားလုပ်လို့ ယခုခေတ်မှာ မရတော့ပါ။ ထို့အတူပါဘဲ အနာဂတ်နိုင်ငံတော်မှာ ပါလိုသူများကလဲ သူတို့ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့နေမှ ပြည်ထောင်ချင်း ပေါင်းစုလို့ရမှာပါ။ ဥပမာ ပြည်နယ်တစ်ခုက တစ်ပါတီအာဏာရှင်၊ အခြားပြည်နယ်တွေက ဒီမိုကရေစီဆိုရင် ပေါင်းရခက်မှာပါ။ ပြည်နယ်တစ်ခုက အစွန်းရောက်တယ်ဆိုရင် လူမျိုးရေးခွဲခြားတယ်ဆိုရင်(racist) ဆိုရင် ပေါင်းရခက်မှာပါ။

ဒီနေရာမှာ စာရေးသူတို့ ဗမာတွေအနေနဲ့ လူမျိုးကြီးဝါဒကို စွန့်ရပါမယ်။ ရခိုင့်အရေးမှာ ဘယ်လိုဖြေရှင်းမယ် ဘာညာဝင်မပြောဘဲ ရှောင်ရပါမယ်။ ရခိုင်ဟာ လွတ်လပ်တဲ့နိုင်ငံပါ။ ထိုလွတ်လပ်တဲ့နိုင်ငံမှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုယှဉ်တွဲနေထိုင်မလဲ၊ ရခိုင့်နိုင်ငံသား ပေးမလား မပေးဘူးလား ဒါတွေကိုလဲ ကိုထွန်းမြတ်နိုင်/ ရခိုင့်နိုင်ငံရေးသမားတွေ ရိုဟင်ဂျာ နိုင်ငံရေးသမားတွေက ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့က သူတို့ကို ရခိုင်မှာနေခွင့် ပေး/မပေးပြောတာက လူမျိုးနှစ်ရပ်စလုံးကို သွားစော်ကားသလို ဖြစ်မယ်ဆိုတာကို NUG မမေ့ပါနဲ့။ ရခိုင့်နိုင်ငံရေးခေါင်းဆောင်တွေကသာ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်မလား ဒါမှမဟုတ် ကွန်ဖယ်ဒရိတ်ထက်နိမ့်တဲ့ ဖယ်ဒရယ်နဲ့ မြန်မာနိုင်ငံထဲပါမလား သူတို့ကသာ ဆုံးဖြတ်ရမှာပါ။ ထိုအချိန်မှာတော့ မြန်မာနိုင်ငံကြီးက ရခိုင်ကို ဖယ်ဒရယ်အနေနဲ့ လက်ခံမလား ဆုံးဖြတ်ရမှာပါ။ အရေးကြီးတာက ရခိုင်ကပြဿနာကို ရခိုင်နဲ့ ရိုဟင်ဂျာကသာ ဖြေရှင်းရမယ်ဆိုတာ မမေ့ပါနဲ့။ အစပိုင်းမှာ မအလမွှေးခဲ့တဲ့မီးက ရှိနေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုထွန်းမြတ်နိုင်က အဆိုပါကိစ္စကို နာမည်ကြီး ရခိုင့်နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ပေါင်းပြီး ဖြေရှင်းနိုင်မှာပါ။ ယခုချိန်မှာတော့ NUG ဟာ ရခိုင်ကို လွတ်လပ်တဲ့နိုင်ငံလို့ မှတ်ယူထားပြီး ဆရာလုပ်တာကို ရှောင်ဖို့လိုမှာပါ။ ရခိုင် AA က အမေရိကန်ဖိအားကို တုန့်ပြန်နိုင်မလား? AA ဟာ NUG အောက်မှာ မရှိသလို တန်းတူဆက်ဆံရေးသာရှိပါတယ်။ AA ရဲ့ လက်ရှိစီးပွါးရေးက အမေရိကန်ကို မမှီခိုပါ။ AA က ရခိုင်မြို့အားလုံးကို သိမ်းနိုင်ခဲ့ရင်လဲ တရုတ်ဟာ AA ရဲ့ အဓိက ကုန်သွယ်နိုင်ငံပါ။ တရုတ်ဟာ အမေရိကန်ကြောင့် AA နဲ့ ရခိုင်ကို မပိတ်ဆို့နိုင်ပါ။ နောက် AA ရဲ့ လက်နက်က အမေရိကန်ထံက ရတာမဟုတ်လို့ AA က အမေရိကန်ကို ပြုံးနေမှာပါ။ နောက် AA ရဲ့ ဝင်ငွေလမ်းကြောင်းကလဲ NUG လို ပြည်ပက သူ့လူမျိုးတွေထံကမဟုတ်လို့ AA က ပြုံးနေမှာပါ။ အမေရိကန်က အစ္စရေးကို ဖိအားပေးလို့မရလို့ မူစလင်လူမျိုးတွေရဲ့ ဆန္ဒမဲကို ဘိုင်ဒင်ကမရနိုင်ပါ။ ဒါကြောင့် ဘိုင်ဒင်ဟာ ရခိုင်မှာတော့ တစ်ခုခုလုပ်ပြနိုင်ပါတယ်။ ထို့အတူ သတင်းသမားတွေဟာလဲ သူ့ထမင်းရှင်ကို မလွန်ဆန်နိုင်လို့ အစ္စရေးကိစ္စမှာ မူစလင်ကမ္ဘာနဲ့ ဆန့်ကျင်ရပေမယ့် ရခိုင်ကိစ္စမှာတော့ ဆန့်ကျင်မှာမဟုတ်ပါ။ ဒါကြောင့် AA ကို ပြောမရရင် NUG ကို သူဖွဲ့ထားတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ သူ့လက်အောက်က သတင်းဌာနတွေကတဆင့် ဖိအားပေးမှာပါ။ ဒီနေရာမှာ NUG အနေနဲ့ မိမိဩဇာမရှိတာကို ရိုးသားစွာ ဝန်ခံဖို့လိုပါတယ်။ ဒါဆို ဒီမိုတွေက ဘာဆက်လုပ်ရမလဲ? ရခိုင်မှာ ပြဿနာတွေဖြစ်နေပါတယ်။ ဒါပေမယ့် စာရေးသူတို့ဟာ လူမျိုးကြီးကဲ့သို့ပြုမူပြီး ရခိုင်ကို ဘာလုပ်ပါ ညာလုပ်ပါ ပြောတာကို ရှောင်ရပါမယ်။ လူမျိုးကြီး ဝါဒကို ရှောင်ရပါမယ်။ ရခိုင်ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်နေပြီဆိုတာ စာရေးသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အရှိတရားအတိုင်း လက်ခံရပါမယ်။ သူတို့လူမျိုးအချင်းချင်း အမုန်းမပွါးအောင် ကြားစကားကို လျှော့ရပါမယ်။ ဘက်လိုက်ခြင်း ကင်းရပါမယ်။ ရိုဟင်ဂျာကို ရခိုင့်နိုင်ငံသားပေး မပေးက ရခိုင်မှာနေသူတွေ ရခိုင့်နိုင်ငံသားတွေကသာ လွတ်လပ်စွာဆုံးဖြတ်ပါစေ။ သူက ပြည်မနဲ့ ကွန်ဖယ်ဒရိတ်မဟုတ်ဘဲ ဖယ်ဒရယ်အနေနဲ့ ပေါင်းလိုမှသာ ပြည်မက ဆွေးနွေးပါ။ အားလုံးမမေ့ဖို့က ယခင်အမေစုလက်ထက်ကပြဿနာရော ယခုပြဿနာပါ မအလလုပ်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သမိုင်းကို သင်ခန်းစာယူပါ။ NUG လဲ သမိုင်းကို သင်ခန်းစာယူပါ။ ဘက်မလိုက်ပါနဲ့။ ရခိုင့်အရေး ရခိုင်တွေသာ ဆုံးဖြတ်ပါစေ။ NUG အနေနဲ့ NUCC ကို သွားတာလျှော့ပါ။ ရခိုင့်နိုင်ငံတော်ကိစ္စက အစ်ကိုထွန်း၊ အစ်ကိုနေဆန်းလွင်တို့က ယခင်ကထက် အများကြီးကောင်းအောင် ကိုင်တွယ်နိုင်မှာပါ။ ဒီမိုလော်ဘီတွေ၊ အမေ့သားသမီးတွေက သမိုင်းကို သက်ခန်းစာယူပါ။ (Disclaimer: စာရေးသူ ရခိုင်လူမျိုးမဟုတ်ပါ။) https://www.myattunoo.com/post/ဂ-ဇ-မ-သည-ရခ-င-အထ-သတ-ထ-ရမည-nug

ဂါဇာမှသည် ရခိုင်အထိ သတိထားရမည့် NUG ဒီကိစ္စက မရေးလိုပေမယ့် ရေးသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာဖြစ်နေပါတယ်။ အစ္စရေးကို ထိုးစစ်ရပ်ဖို့ အမေရိကန်၊ အင်္ဂလန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ နေ့စဉ်ဆန္ဒပြနေကြပါတယ်။ မူစလင်တွေ၊ လက်ဝဲသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ပါလက်စတိုင်းဘက်က ဆန္ဒပြပြီး အနောက်နိုင်ငံ ကုမ္ပဏီနဲ့ သတင်းဌာနတွေကတော့ အစ္စရေးဘက်ကပါ။ အစ္စရေးကို ဆန့်ကျင်ပြောဆိုတဲ့ ပါချုပ်တွေ၊ ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေ အလုပ်ဖြုတ်ခံခဲ့ရတာလဲ သတင်းတွေမှာ ကြားနေခဲ့ရပါတယ်။ ကုလက အစပိုင်းမှာ ပါလက်စတိုင်းဘက်က အော်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုလလက်အောက်ခံ The United Nations agency for Palestinian refugees (UNRWA) က သူ့ဝန်ထမ်းတွေက အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါခဲ့တဲ့ဆိုတဲ့ အစ္စရေးရဲ့ အထောက်အထားနဲ့ စွပ်စွဲမှုအပြီးမှာ သူ့ကိုထောက်ပံ့တာတွေကို အနောက်အုပ်စုက ရပ်ခဲ့ပါတယ်။ ထိုအချိန်ကစလို့ ကုလက အသံကျယ်ကျယ် မအော်ရဲတော့ပါ။ အစ္စရေးဟာ Al-Jazeera အသံလွှင့်ဌာနကိုလဲ ဘက်လိုက်လို့ဆိုပြီး သူ့တိုင်းပြည်ထဲက နှင်ထုတ်ခဲ့ပါတယ်။ ယခုကမ္ဘာပေါ်မှာ ၂၀၂၄ မှာ ရွေးကောက်ပွဲကြီးတွေဖြစ်နေပါတယ်။ အိန္ဒိယမှာ မိုဒီက မူစလင်ပေါ်မဲကအခြေမခံလို့ သူ့ကိုဆန့်ကျင်လဲ မိုဒီအတွက်ဘာမှမဖြစ်ပါ။ ရုရှားကလဲ ပူတင်တစ်ယောက်ထဲပြိုင်လို့ အေးဆေးပါ။ ဒါပေမယ့် အင်္ဂလန်နဲ့ အမေရိကန်က ပါတီအချို့မှာက ပြဿနာရှိနေပါတယ်။ အင်္ဂလန်မှာ လက်ဝဲယိမ်း လေဘာပါတီက လူ့အခွင့်အရေးသမား၊ မူစလင်များက ကြိုက်တဲ့ပါတီပါ။ ဒါပေမယ့် အဆိုပါပါတီခေါင်းဆောင်က အပစ်ရပ်ရေးကို မအော်လို့ အမေစု ရိုအရေးမှာ မအော်လို့ အပြောခံရသလိုမျိုး အပြောခံနေရပါတယ်။ အချို့မဲဆန္ဒနယ်တွေမှာ မူစလင်တွေက ဂါဇာကိစ္စအပေါ်မူတည်ပြီး မဲပေးရင် လေဘာက ထိုဒေသတွေမှာ မဲရှုံးနိုင်ပါတယ်။ လက်ယာပါတီကတော့ ထိစရာမရှိပါ။ ထို့အတူ အမေရိကန်မှာလဲ သမ္မတရွေးကောက်ပွဲရှိပါတယ်။ လက်ရှိသမ္မတဘိုင်ဒင်ဟာ တပ်အခံမရှိတဲ့ အမေစုကို ရိုကိစ္စမှာ ရိုဘက်က မရပ်တည်လို့ ဝေဖန်ခဲ့သူပါ။ ယခုသူဟာ အမေရိကန်သမ္မတနဲ့ စစ်ဦးစီးချုပ်ပါ။ ဒါပေမယ့်သူက ဂါဇာမှာ လူတွေသေနေတာကိုရပ်ဖို့ အစ္စရေးကိုမပြောလို့ သူ့ပါတီထဲက လက်ဝဲအမတ်တွေ၊ မူစလင်အမတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံနေရပါတယ်။ သူတို့က စိတ်ဆိုးပြီး မဲထွက်မပေးခဲ့ရင် သူသမ္မတရေါးကောက်ပွဲမှာ ထရမ့်ကို ရှုံးမှာပါ။ ထရမ့်ကတော့ နဂိုကထဲက အစ္စရေးထောက်ခံသူမိုလို့ သူ့ကို မဲမပေးသူက ယခုပေးစရာလဲမရှိပါ။ ယခု အမေရိကန်က အရေးမယူလို့ ICC ရှေ့နေချုပ်က အစ္စရေးဝန်ကြီးချုပ်ရယ် အကြမ်းဖက်ခေါင်းဆောင်ရယ်ကို တန်းတူ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေပါပြီ။ အကြမ်းဖက်သမားကို ပြန်တိုက်လို့ဆိုတဲ့ဆင်ခြေနဲ့ မရတော့တာကို ပြတာပါ။ ဒါက ကမ္ဘာပေါ်မှာ ဖြစ်နေတာကို ပြည်သူတွေသိအောင် ပဏာမ ရှင်းပြတာပါ။ ဒါကရခိုင်နဲ့ ဘယ်လိုဆက်စပ်နေသလဲ? စာရေးသူတို့ သိထားရမှာက ရခိုင်မှာ PDF မရှိပါ။ AA တပ်မတော်သာရှိပါတယ်။ AA မတိုင်ခင်က မအလတပ်ပါ။ ရခိုင်မှာ အုပ်ချုပ်ရေးက အများဝေဖန်တဲ့ ‘ပ’ သုံးလုံးမဟုတ်ပါ။ AA ရဲ့ ရခိုင့်ပါတီ ကိုထွန်းမြတ်နိုင်က အုပ်ချုပ်ပါတယ်။ ဒါကြောင့် NUG အနေနဲ့ ရခိုင်မှာ မိမိဩဇာမရှိဘူးဆိုတာကို ရိုးသားစွာ ကမ္ဘာသိ ဝန်ခံဖို့လိုပါတယ်။ NUG ဝန်ကြီးအဖွဲ့ထဲမှာလဲ AA ကို ကိုယ်စားပြုပြီး တစ်ယောက်မှ မပါပါ။ ဒါကလက်ရှိအခြေအနေပါ။ ဒါကို NUG အနေနဲ့ ရိုးသားစွာ ချပြဖို့လိုပါတယ်။ ယခင်က ပဋိပက္ခမှာ စာရေးသူတို့တွေ ကြားညပ်ပြီးပါပြီ။ ရခိုင်ဟာ တကယ်ပြန်တွေးရင် ကွန်ဖယ်ဒရိတ်ထက်မြင့်တဲ့ လွတ်လပ်တဲ့ နိုင်ငံနဲ့ ထိုက်တန်တဲ့ နိုင်ငံပါ။ သူတို့မှာ သူတို့စစ်တပ်ရှိသလို သူတို့စစ်ဦးစီးချုပ် ကိုထွန်းမြတ်နိုင်လဲရှိပါတယ်။ ရခိုင်က ကုန်းဘောင်မင်း ဝင်မသိမ်းခင် ၁၇၈၄ အထိ လွတ်လပ်တဲ့နိုင်ငံဆိုတာ မမေ့ပါနဲ့။ ထို့အတူပါဘဲ ဘကြီးတော်က ရခိုင်ကိစ္စနဲ့ မိမိတပ်ကိုအထင်ကြီးပြီး အင်္ဂလိပ်နဲ့ သွားချရာက လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတာကိုလဲ မမေ့ဖို့လိုပါတယ်။ ရခိုင်မှာ အင်မတန်တော်တဲ့ ဦးအေးမောင်၊ ဦးဖေသန်း၊ ဦးဦးလှစော၊ ဒေါ်အေးနုစိန်တို့လို နိုင်ငံရေးသမားတွေလဲ ရှိပါတယ်။ ထို့အတူ အမေရိကန်က Steven Sanyu တို့လို၊ VOA မြန်မာအယ်ဒီတာ ဦးကျော်ဇံသာတို့လို ပညာတတ်တွေ ပေါက်ရောက်သူတွေလဲ ရှိပါတယ်။

လျှပ်စစ်မီးမှပြောသော နိုင်ငံရေး ယခုအချိန်မှာ စစ်ခွေး၊ ဘောမနဲ့ ကြားခွေးတတိယအုပ်စုတွေပြောလေ့ရှိတာက ယခင်ကဆို ဝန်ကြီးတွေက ပညာမတတ်ဘူး၊ ဝန်ကြီးချုပ်တွေက ဘွဲ့ကြီးကြီးတွေမရဘူး၊ အမတ်တွေက ဘွဲ့လွန်မရဘူး ဘာညာဘာညာပါ။ ခွေးတွေက အင်မတန် ဟောင်ခဲ့ပါတယ်။ ဟောင်နေဆဲပါ။ အချို့ခွေးများကဆို သက်သက်ခိုင်လေးက ပညာတတ်တယ် DASSK က သူမကို ဝန်ကြီးမပေးရင်တောင် တိုင်းပြည်ပျက်မလို ရေးခဲ့လော်ခဲ့ကြပါတယ်။ အချို့ကလဲ တပ်ခွေးတွေက ဘွဲ့ရပြီး လွှတ်တော်ထဲမှာ သူတို့က ဘွဲ့လွန်တွေအများကြီးဆိုပြီး ခွေးလော်ဘီတွေက ပြောပြိး ခွေးအချင်းချင်း ဂုဏ်ယူခဲ့ကြပါတယ်။ ဒီနေရာမှာ ယခုလျှပ်စစ်မီးဥပမာကနေ နိုင်ငံရေးက လျှပ်စစ်မီးအတွက် အရေးကြီးတာကို ပြည်သူတွေသိအောင်ပြောပြလိုပါတယ်။ NLD အစိုးရ စတက်ချိန်မှာ မီးသိပ်မမှန်ခဲ့တာ အားလုံးသတိထားမိမှာပါ။ ဒါပေမယ့် ဒုတိယနှစ်လောက်ကစပြီး မီးမှန်လာတာလဲ အားလုံးမှတ်မိမှာပါ။ နောက်ပိုင်း အာဏာမသိမ်းခင်အထိ မီးပျက်တယ်ဆိုတာ ရှားလာသလို နယ်တွေအထိပါ မီးမှန်လာတာ အားလုံးသတိထားမိမှာပါ။ မီးကမှန်ရုံတင်မဟုတ် မီးအားပါပြည့်လို့ မီးအားမြှင့်စက်တွေ ဘက်ထရီသုံး အင်ဗက်တာတွေတောင် မသုံးတာကြာလို့ အချို့ဆို ရောင်းတာ လွှင့်ပစ်တာတွေတောင်ရှိလာခဲ့ပါတယ်။ မီးစက်တွေလဲ ရောင်းမကောင်းခဲ့ကြပါ။ စက်ရုံတွေလဲ မီးမှန်လို့ ပို့ကုန်တွေ ထိုးတက်လာခဲ့ပါတယ်။ ဒါတွေဟာ ယခုအချိန်မှာ ကမ္ဘာခြားခဲ့ပြီဆိုတာ စာရေးသူတို့လို တိုင်းပြည်ထဲနေသူတိုင်း သိကြပါတယ်။ မအလဝန်ကြီးတွေအားလုံးဟာ ဖွတ်၊ ဘောမ၊ စစ်ခွေး၊ ကြားတတိယခွေးအုပ်စုအဆိုအရ ဘွဲ့ရတွေပါ။ အားလုံးလော်ခဲ့တဲ့ သက်သက်ခိုင်ကြီးကလဲ ဝန်ကြီးပါ။ နိုင်ငံခြားဘွဲ့တွေတောင်ရခဲ့တယ်ပေါ့။ မအလကလဲ MA(Defence) ပေါ့။ ဒါဆို ဘာမှားသွားလဲ? DASSK က ပြည်သူကရွေးကောက်တင်မြောက်ခဲ့တဲ့ အစိုးရပါ။ ပြည်သူက ချစ်သူပေါ့။ ပြည်သူ့မေတ္တာရသူပေါ့။ သူ့ကို ပြည်သူကလေးစားလို့ နိုင်ငံခြားကလဲ လေးစားရပါတယ်။ ရိုဟင်ဂျာအရေးအပြီး ဥရောပသမဂ္ဂက စီးပွါးရေးပိတ်ဖို့ အထည်ချုပ်ပိတ်ဖို့ ရာဇသံပေးချိန်မှာတောင် အာရှ၊ တရုတ်နိုင်ငံများက ဆက်ထောက်ပံ့ခဲ့ကြပါတယ်။ အချို့သူဌေးတွေအပြောအရ အချို့စီမံကိန်းတွေဟာ DASSK ကို အောင်မြင်စေလိုလို့ အချို့အစိုးရ ကုမ္ပဏီတွေက အလွန်သက်သာတဲ့စျေးတွေနဲ့ လုပ်ပေးတယ်ဆိုတဲ့အထိကို ပြောကြတာ ကြားခဲ့ရပါတယ်။ သူမကိုချစ်လို့ မီတာခတက်သွားတာတောင် ပြည်သူက လမ်းပေါ်ဆန္ဒထွက်မပြခဲ့ပါ။ ဒါက နိုင်ငံရေးသိက္ခာ(political capital) ကြောင့် သူမက အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်ခဲ့တာပါ။ သူမကြောင့် ငွေစျေး၊ ဒေါ်လာစျေး၊ ရွှေစျေးက တည်ငြိမ်ခဲ့လို့ မီးပေးတဲ့သင်္ဘောကနေ မီးပေးနိုင်ခဲ့တာပါ။ ဒါက နိုင်ငံရေးကနေစပြီး အိမ်မှာလျှပ်စစ်မီးမှန်တာကို ဥပမာအနေနဲ့ ရေးပြတာပါ။ သူမရဲ့ နိုင်ငံရေးအားကောင်းမှုက ဝန်ကြီးဘယ်သူခန့်ခန့် မီးကမှန်နေခဲ့တာကို ပြတာပါ။ ဝန်ကြီးအောက်က ညွှန်ချုပ်အင်ဂျင်နီယာကတော့ လျှပ်စစ်အကြောင်းသိသူဖြစ်ရမှာပါ။ ယခုအချိန်မှာ မအလက ပြည်သူမကြည်ဖြူဘဲ အာဏာသိမ်းပြီး တက်လာခဲ့တာပါ။ ယခုသက်သက်ခိုင်က သူကိုင်ခဲ့တဲ့ ဝန်ကြီးဌာနတွေမှာ ဘာကောင်းအောင်လုပ်နိုင်ခဲ့ပါပြီလဲ? မအလဆက်အုပ်ချုပ်ပြီး ကိုကိုကြီးကို ဝန်ကြီးချုပ်နေရာ အုပ်ချုပ်ခိုင်းရင်ရော အဆင်ပြေသွားမယ်ထင်ပါသလား? နောက် ဟိုကိုကိုကြီးပါတီက အောက်စဖို့ဒ်က ဘွဲ့ရလေးကို လျှပ်စစ်ဝန်ကြီးလုပ်ခိုင်းရင်ရော မီးမှန်မယ်ထင်ပါသလား? ဒါက နိုင်ငံရေးမှာ ပြည်သူ့ရွေးကောက်ခံက နိုင်ငံရေးသမားက အရေးကြီးတာကို ပြောပြတာပါ။ တော်လှန်ရေးအစပိုင်း ဘယ်သူမှ မလုပ်ရဲခင်မှာ NUG က ပအဖတွေကို လုပ်ရဲသူ၊ ပြည်သူ့ကိုယ်စားလှယ်အချို့ကို ပအဖအနေနဲ့ စခန့်ခဲ့ရပါတယ်။ ယခုနယ်မြေစိုးမိုးလာချိန်မှာ ယခင် အချောင်သမားတွေက ထိုပအဖက ပညာမတတ်၊ ပြည်သူကိုယ်စားမပြုဆိုပြီး ဖြုတ်ဖို့ကြိုးစားလာတာက မအလမတက်ခင် သက်သက်ခိုင်လို ဒလန်ကို စန္ဒာမင်းလို ဒလန်ကို မြှောက်ပေးခဲ့တာကို သွားသတိရစေပါတယ်။ ဒီအချိန်မှာ ကမ္ဘာပေါ်မှာ လျှပ်စစ်အတော်ဆုံး သိပ္ပံပညာရှင်ကို မြန်မာပြည်မှာ လျှပ်စစ်ဝန်ကြီးခန့်လဲ မီးကပြန်မမှန်တာ သေချာပါတယ်။ ဒါကြောင့် အကျဉ်းချုပ်ရရင် ပညာတတ်ဟာ သူ့နေရာနဲ့သူ အရေးကြီးတာမှန်ပေမယ့် ရွေးကောက်ခံနိုင်ငံရေးသမားကသာ အရေးကြီးဆုံးပါ။ ရွေးကောက်ခံနိုင်ငံရေးသမား ပြည်သူရွေးသူက အုပ်ချုပ်ရင် အဆိုပါတိုင်းပြည်က မီးမှန်မှာပါ။ မဟုတ်ဘဲ မအလလိုခွေးတွေက သေနတ်နဲ့ တပ်ချုပ်ဆိုပြီး တက်အုပ်ချုပ်ရင်တော့ မီးမမှန်ဘဲ နွေအပူမှာ ရင်အပူအပြင် လူပါပူမှာပါ။ ဒါကြောင့် ပြည်သူက ရွေးကောက်ခံအစိုးရအုပ်ချုပ်နိုင်အောင် လက်နက်ကိုင်တွေ ရွေးကောက်ခံအစိုးရအောက်နေအောင် NUG ကို ဝန်းရံပေးပါလို့ပြောပါရစေ။ စာရေးသူ NUG ကိုထောက်ခံတာက NUG ကို ပြည်သူကတင်တဲ့ CRPH က ရွေးထားလို့ပါ။ စာရေးသူက NUG ကို ထောက်ခံတာမဟုတ်ဘဲ ပြည်သူကို ထောက်ခံတာပါ။ NUG မဟုတ်ဘဲ ပြည်သူ့အစိုးရအမိန့်မနာခံတဲ့ တပ်တွေကိုအားပေးရင်တော့ မအလပြုတ်ရင်တောင် နွေအပူမှာ မီးမလာတာက ဆက်ဖြစ်နေမှာပါလို့ ပြောပါရစေ။ https://www.myattunoo.com/post/လ-ပ-စစ-မ-မ-ပ-သ-န-င-င-ရ

ယခုတော်လှန်ရေးမှာ လူတိုင်းက အကျင့်တွေပြင်ရမှာပါ။ ပထမ လူမျိုးကြီး ဝါဒကို ဖျောက်ရမယ်လို့ တိုင်းရင်းသားတွေက ပြောလေ့ရှိပါတယ်။ ပြီးရင် အသားအရောင်၊ လူမျိုး၊ ဘာသာခွဲခြားမှုပေါ့။ အဲ့ဒါတွေထက် အရေးကြီးတာက လက်နက်ကိုင်တွေရဲ့ အကျင့်ကို ယခုတော်လှန်ရေးကာလမှာကထဲက ပြင်ရမှာပါ။ ယခုကောင်းတာက စစ်သည်ကျင့်ဝတ်နဲ့ တော်လှန်ရေးတပ်အများစုက စလိုက်နာနေကြလို့ ဒါကအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် NUG အောက်မရှိတဲ့ တပ်ချုပ်တွေက မိန်းမများစွာယူတာ၊ သင်တန်းမှူးအမျိုးသမီးနဲ့ မယုဘဲ အိပ်တာတွေက နေဝင်းနဲ့တူနေပါတယ်။ ဒါတွေကို ဘယ်သတင်းသမားကမှ မထောက်ပြပါ။ သူတို့က NUG ပအဖလောက်သာ ထောက်ပြပြီး အချိန်ကုန်နေပါတယ်။ ဒါထက်ဆိုးတာက အလွှာပေါင်းစုံက ပညာရှင်များက ရွေးကောက်ခံနိုင်ငံရေးသမားကို လေးစားဖို့နဲ့ အထူးသဖြင့် လက်နက်ကိုင်များက ရွေးကောက်ခံ နိုင်ငံရေးသမား အမိန့်ကိုနာခံဖို့ပါ။ သူတို့တွေက မအလစောက်ချိုးကို ဆက်မချိုးဖို့ အင်မတန်လိုပါတယ်။ မဟုတ်ရင် မအလကိုဖြုတ်ချနိုင်လဲ နောက်မအလ လက်နက်ကိုင်တွေ တက်လာမှာပါ။ ဒါဆို ရွေးကောက်ခံ နိုင်ငံရေးသမားက မမှားနိုင်ဘူးလား? သူ့ကို သူ့ပါတီက ဆုံးမမှာဖြစ်ပြီး မဆုံးမရင်လဲ သူ့ကို မဲပေးပြီး ရွေးကောက်ပွဲကြရင် ဖြုတ်ချလို့ရပါတယ်။ ဥပမာ ဘိုင်ဒင်လုပ်တာကို သူ့ဆန့်ကျင်ဖက်ပါတီက မကြိုက်နိုင်ပါ။ ဒါကို မိမိမူဝါဒကို ချပြ မဲဆွယ်စည်းရုံးပြီး မဲရုံကနေ မူဝါဒပြောင်းရမှာပါ။ သူ့ထက်မြင်သာတဲ့ ထင်ရှားတဲ့ ဥပမာက ဂါဇာမှာဖြစ်နေတာပါ။ ဒီကိစ္စကို အစ္စရေးတပ်ထဲက တပ်ဖွဲ့ဝင်တိုင်း သဘောတူချင်မှ တူမှာပါ။ ဒါပေမယ့် သူတို့ဟာ ဒီမိုရွေးကောက်ခံအစိုးရအမိန့်ကို နာခံပြီး အလုပ် လုပ်ရပါတယ်။ မတရားတဲ့အမိန့်ဆိုပြီး မလိုက်နာလို့မရပါ။ ဒါက ထင်ရှားတဲ့ ဥပမာပါ။ ဒါကို ဗမာပြည်ထဲက ကွန်မြူနစ်ဝါဒရှိသူ၊ ဘာသာစွဲရှိသူ၊ လူ့အခွင့်အရေးဆိုပြီး အလွန်အော်သူ NGO ဖွဲ့တဲ့တပ်က မတရားတဲ့အမိန့်ဆိုပြီး မနာခံလို့မရပါ။ သူတို့မကြိုက်ရင် လက်ရှိဝန်ကြီးချုပ်ကိုဖြုတ်နိုင်အောင် ရွေးကောက်ပွဲ(သို့) နိုင်ငံရေးအရ ဖိအားပေးပါ။ ရွေးကောက်ခံနိုင်ငံရေးသမားမဟုတ်တာလုပ်ရင် ထရမ့်နဲ့ ကလင်တန်လို လွှတ်တော်ကသာ တရားစွဲပြီး အပြစ်ရှိ မရှိ ဆုံးဖြတ်ရတာပါ။ အကျဉ်းချုပ်ရရင် တော်လှန်ရေးမှာ အဆုံးသတ်ကောင်းဖို့ ပြည်သူတွေက NUG အောက် အမိန့်နာခံတဲ့ တပ်တွေပေါ်လာအောင် မွေးထုတ်ပေးပါ။ မွေးခါစကလေး လေးဘက်သွားတာကောင်းပေမယ့် သုံးနှစ်မှာ အမိန့်နာခံ လမ်းလျှောက်တတ်အောင် သင်ပေးပါ။ ဂဏန်းလေးတွေ မဖြစ်ပါစေနဲ့။ ကွန်မြူနစ်ကို သတိထားပါ။ ပြည်သူက အဆိပ်ပင်ရေလောင်းပြီး တပ်တော်နောက်လိုက်ရင်တော့ မြန်မာပြည်ဟာ မအလပြုတ်ရင်တောင် ၁၉၄၈ ကို ပြန်ရောက်သွားနိုင်ပါတယ်။ ပြည်သူက အမျှော်အမြင်နဲ့ ပံ့ပိုးပေးနိုင်ပါစေ။ အကောင်းဆုံးက PRF အစီအစဉ်ပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်သွားမှာပါ။ https://www.myattunoo.com/post/ရ-က-က-ခ-န-င-င-ရ-သမ-ဒ-မ-တပ-န-င-ပည-ရ-င-politicians-professional-army-and-professionals

ရွေးကောက်ခံနိုင်ငံရေးသမား၊ ဒီမိုတပ်နှင့် ပညာရှင် (Politicians ၊ Professional Army and Professionals) စာရေးသူတို့ဟာ နေဝင်းစစ်ခွေးအုပ်ချုပ်ချိန် မဆလအောက်မှာလူဖြစ်လာသူနဲ့ ဘရွှေ၊ ဘစိန်လက်ထက် လူဖြစ်လာသူက အများစုပါ။ ထိုစနစ်က စာရေးသူတို့အများစုရဲ့ ခေါင်းထဲထည့်ပေးထားတာက နိုင်ငံရေးသမားကထောင်ထွက် ပညာမတတ်ဆိုတာပါ။ ဒါ့အပြင် အချို့ပညာရှင်ဆိုသူက နိုင်ငံရေးသမားက ငါတို့ကို လာမစွက်နဲ့ဆိုပြီး မာန်ထခဲ့တာပါ။ DASSK ဆရာဝန်တွေအကြောင်း ပြောချိန်ကဆို တပ်ကမိုးညိုတို့လဲ DASSK ကို ဖောင်းထုခဲ့ကြပါသေးတယ်။ အချို့ကလဲ လက်နက်ကိုင်တပ်က ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်လို့ပြောရင် သူက မဟုတ်တဲ့အမိန့်ပေးရင် ဘယ်လိုလုပ်မလဲဆိုပြီး စောဒကတက်တာလဲ တွေ့ဖူးကြားဖူးပါတယ်။ ဒီနေရာမှာ မဟုတ်တဲ့အမိန့်ကို ဘယ်လိုဆုံးဖြတ်မှာလဲလို့ ပြန်မေးစရာကလဲ ရှိပါတယ်။ ကိုယ်နဲ့အမြင်မတူတာကို မဟုတ်တဲ့အမိန့် မတရားတဲ့အမိန့်လို့ ယူဆမလားပေါ့။ အဆိုပါ မဟုတ်တဲ့အမိန့်လို့ သုံးသပ်တဲ့ စစ်သားက ကွန်မြူနစ်ဆိုရင် ဒီမိုအစိုးရက ပြောသမျှကို မတရားတဲ့အမိန့်လို့ ထင်မှာပါ။ ထို့အတူ အဆိုပါစစ်သားက လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်ဆိုရင်လဲ သူက အမိန့်အချို့ကို မတရားတဲ့အမိန့်လို့ ထင်နိုင်ပါတယ်။ ဒီနေရာမှာ စာရေးသူက လက်နက်ကိုင်တွေက ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်ဆိုတာက ဒီမိုစနစ်ရဲ့ အခြေခံပါ။ ယခုစာရေးသူတို့ တော်လှန်ရေးလုပ်နေတယ်ဆိုတာက လက်နက်ကိုင် မအလက ဒီမိုအစိုးရအမိန့်ကို မနာခံလို့ ယခုလို တော်လှန်နေရတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ မအလနဲ့ ဖွတ်ပါတီက သူတို့မဲရှုံးတာကို မတရားမဲရှုံးတယ်လို့ ထင်နေတာပါ။ ဒါကြောင့် သူက DASSK အမိန့်ကို မနာခံဘဲ အာဏာသိမ်းခဲ့တာပါ။ သူ့အတွက်က မတရားတဲ့ အမိန့်ပေါ့။ LPDF အချို့ဟာ NUG မပေါ်ခင်ပေါ်လာတယ်ဆိုတာ လက်ခံပါတယ်။ တန်ဖိုးလဲထားပါတယ်။ သူတို့က အစပိုင်းမှာ မအလကို ရရာလက်နက်နဲ့ တိုက်ခိုက်တာကလဲ ဂုဏ်ယူစရာပါ။ မွေးခါစကလေးက လေးဖက်ထောက်စသွားတာဟာ မိဘအတွက် ဂုဏ်ယူစရာပါ။ ဒါပေမယ့် ယခုအချိန်မှာ စစ်အရှိန်က ပြောင်းသွားခဲ့ပြီး NUG တပ်က PDF ပေါ်လာခဲ့ပါပြီ။ စာရေးသူတို့ဟာ စခန်းသိမ်းတဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။ ဒါကြောင့် ယခင်က လေးဖက်ထောက်သွားတဲ့ LPDF ဟာ ယခုအချိန်မှာ လမ်းလျှောက်၊စကားပြောတဲ့ NUG အောက် အမိန့်နာခံတဲ့ PDF တပ်ရင်း ဖြစ်ရပါမယ်။ ယခုအချိန်မှာ LPDF က NUG နဲ့ မပူးပေါင်းဘဲ ကန့်လန့်လုပ်နေရင်တော့ သူက သုံးနှစ်ပြည့်ပြီး လမ်းမလျှောက်တတ်တဲ့ ကျပ်မပြည့်တဲ့ နဂါးလေးဖြစ်သွားမှာပါ။ အချို့ပြည်သူကလဲ ဘုံရန်သူကိုတိုက် ကျန်တာပြီးမှ ညှိယူမယ်ဆိုသူများလဲရှိပါတယ်။ လွတ်လပ်ရေးမရခင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကလဲ ယခုလို ပြောခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် အာဏာကို ဖဆပလနဲ့ မဲရုံမှာ အဖြေရှာရမယ့်အစား လက်နက်ကိုင်တိုက်ခဲ့လို့ ခွေးနေဝင်းစစ်တပ်ကို အားကောင်းသွားစေခဲ့တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ သမိုင်းဆိုတာ မအအောင်သင်တာပါ။ ယခု ဒီမိုစနစ်ကို ပြန်သွားပါ့မယ်။ ဒီမိုစနစ်မှာ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရတွေနဲ့ သူတို့အုပ်ချုပ်ရတဲ့ အုပ်ချုပ်ခံ ပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ အမြဲသဘောထား မတိုက်ဆိုင်တတ်ပါ။ ဥပမာ ဗီယက်နမ်စစ်ပွဲကိုကြည့်ပါ။ အမေရိကန် အစိုးရက တိုက်ပေမယ့် သူ့ပြည်သူနဲ့ စစ်သားအချို့က မတိုက်လိုပါ။ ဒါပေမယ့် သာမန်ပြည်သူက ဆန္ဒပြလို့ရပေမယ့် အမေရိကန်စစ်သားတွေက စစ်ထဲဝင်တိုက်ခဲ့ရပါတယ်။ ဒီစစ်ပွဲကို ကျူးကျော်စစ်မိုလို့ မတိုက်ချင်သူရှိမှာပါ။ ဒါပေမယ့် ရွေးကောက်ခံသမ္မတအမိန့်အရ တိုက်ရပါတယ်။ ယခု တောင်ကိုရီးယားမှာ ဆရာဝန်များစွာ မွေးထုတ်ဖို့ အစိုးရကလုပ်တာကို ဆရာဝန်တွေက ကန့်ကွက်ပါတယ်။ ဒါပေမယ့် အစိုးရက ပြည်သူလိုအပ်ချက်အရ ဆက်လုပ်ပါတယ်။ ဆရာဝန်ပြောတာကို ပညာရှင်ဆိုပြီး အကုန်မနားထောင်ပါ။ အနည်းငယ်တော့ ညှိမှာပါ။ ထို့အတူ ပြင်သစ်သမ္မတက ၂၀၁၇ အာဏာရအပြီးမှာ သူ့ဝန်ထမ်းတွေ ပင်စင်ယူရနိုင်တဲ့ အသက်ကို ၆၂ ကနေ ၆၄ နှစ်ကိုပြင်လို့ ဝန်ထမ်းတွေ တစ်နိုင်ငံလုံး ဆန္ဒပြခဲ့ကြပါတယ်။ သူက ပြည်သူ့အသံဆိုပြီး အလျှော့ပေးခဲ့ပါ။ သူက သူ့မူဝါဒကို ဆက်လုပ်ခဲ့ပါတယ်။ သူ့တိုင်းပြည်က ပြည်သူအများစုက ထိုပင်စင်ယူရမယ့် အသက်ကိုပြင်ဖို့ သဘောတူပြီး ရွေးကောက်ပွဲမှာ ရွေးခဲ့တာပါ။ ယခု ၂၀၂၂ ရွေးကောက်ပွဲမှာ သူပြန်အရွေးခံခဲ့ရပါတယ်။ သူက စစ်စားရိတ်လျှော့မယ်ပြောချိန် သဘောမတူတဲ့ စစ်ဦးစီးအရာရှိချုပ် Gen Pierre de Villiers လဲ ရာထူးက ထွက်ခဲ့ရပါတယ်။ အချို့တိုင်းပြည်မှာ ရဲ၊ စစ်တပ်ကို ဆန္ဒမပြရဆိုပြီး ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ဥပမာ ဒီမိုဘိုးအေ အင်္ဂလန်မှာပါ။ လက်ရှိအမေရိကန် ပြည်ထောင်စုကိုကြည့်ပါ။ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုပြီး တပ်က အာဏာမသိမ်းခဲ့ပါ။ သူကလဲ မတရားတဲ့အမိန့်ဆိုပြီး ပြောချင်ရင် ပြောလို့ရပါတယ်။ ထရမ့်ကို ဒီမိုကရတ်ရှေ့နေချုပ်တွေက အမှုများစွာနဲ့ဆွဲလဲ အားလုံးက သူ့ကို လူထုကြိုက် မကြိုက် မဲရုံကနေသာ အဆုံးအဖြတ်ပေးဖို့ ဖြစ်လာနေပါတယ်။ ငါပညာရှင်ဆိုပြီး လုပ်ချင်တိုင်း လုပ်မရပါ။